အခန်း ၁၅၂၂
Vol. 102 Ch. 1522
Chapter 1522 ငါ သူ့ကို မသွားစေချင်ဘူး
ယဲ့ဖန်က သူမ၏ သားနှစ်ယောက်လုံးကို သတ်ခဲ့သဖြင့် သူမ ယဲ့ဖန်ကို မုန်းတီးသည်။ ယဲ့ဖန်နှင့် ပတ်သက်သော လူတိုင်းကို သူမ ဓားတစ်သောင်းဖြင့် ထိုးခုတ်၍ နုတ်နုတ်စင်းချင်နေသည်။
“လာအသေခံတာ”
ပိုင်ရွှယ်က တည်ငြိမ်သော အမူအရာနှင့် ပြောလာသည်။ မသိလျင် သေရတော့မည့်လူက သူမ မဟုတ်သလိုပင်။ ထိုစကားကို ကြားသော် ပိုင်ကျန့်ချင်းနှင့် မြေအောက်လောက ဘုရင်မ ဧကရီမင်ဟို့တို့ အံ့ဩမှင်တင်သွားသည်။
*လာအသေခံတာ*
*ဒီကောင်မလေး ရူးနေတာလား*
*မတွေးတတ်ဘူးလား*
ချက်ချင်းဆိုသလိုပင် ဧကရီ မင်ဟို့လည်း စိတ်ဝင်စားသွားပြီး အပြုံးဖြင့် မေးလိုက်သည်။
“ဘာလို့လဲ”
“ဘာလို့လဲဆိုတော့ ဒါတွေအားလုံးက ကျွန်မကြောင့်ပဲ၊ ကျွန်မ ဒီမှာ ကိုယ့်ကိုယ်ကိုယ် အသေခံချင်တာမို့ ယဲ့ဖန်ကို လွှတ်ပေးဖို့ ရှင့်ကို တောင်းဆိုပါတယ်”
ပိုင်ရွှယ်က ဧကရီမင်ဟို့ရှေ့၌ ဒူးထောက်ကာ လေးနက်သော အသံဖြင့် ပြောလာသည်။
“ကျေးဇူးပြုပြီး သူ့ကို လွှတ်ပေးပါ”
ယဲ့ဖန်က သန်မာသော်လည်း ရန်ဘက်က အင်မော်တယ် ဧကရာဇ်အဆင့်ဖြစ်သည်။ နတ်ဧကရာဇ်ဖြစ်သော ဧကရာဇ် ယွီရှန်သည် လောကတွင် ကျော်ကြားပြီး ပြိုင်ဘက်ကင်းသည်။ သူ နာမည်ကျော်လာပြီးကတည်းက တစ်ခါမှ မရှုံးဖူးသေးချေ။
သူက အသက် အငယ်ဆုံး အင်မော်တယ် ဧကရာဇ်ဟုပင် ပြောကြသေးသည်။ သူသည် ရင်မိသားစု ပြန်ဦးမော့လာရေး၏ မျှော်လင့်ချက်ဟုလည်း လူသိများသေးသည်။ သူ့အား ဒုတိယ ဧကရာဇ် ကျူးလုံဟုပင် သတ်မှတ်ကြသည်။
ထို့အပြင် ရင်မိသားစု၌ မရေတွက်နိုင်သော နောက်လိုက်များ ရှိပြီး အားလုံးက သန်မာသူများပင်။ ရင်မိသားစု၏ အင်အားက သူတို့ မှန်းဆနိုင်သော အရာ မဟုတ်ချေ။
သူတို့လက်အောက်၌ ခြေလျင်စစ်သားနှင့် မြင်းစစ်သည် တစ်သန်းပါသော စစ်တပ်လည်း ရှိသေးသည်။ ဤစစ်တပ်နှင့်တင် အရာအားလုံးကို ရှင်းလင်းရန် လုံလောက်နေလေပြီ။
အင်မော်တယ် ဧကရာဇ်အဆင့်တောင်မှ ယင်းစစ်တပ်နှင့် မယှဉ်နိုင်ပါ။ တစ်ခါ ဝိုင်းတိုက်ခံရသည်နှင့် သေချာပေါက် သေပေလိမ့်မည်။
ထိုကဲ့သို့ ဖြစ်ခဲ့လျင် ယဲ့ဖန်တွင် သေခြင်းတရားဟူသော အဆုံးသတ်သာ ရှိလေသည်။ ထို့ကြောင့် သူမက သူမအသက်နှင့် ယဲ့ဖန်၏ အသက်ကို အလဲအလှယ် လုပ်ရန် ကြံစည်ထားခြင်း ဖြစ်သည်။ ဤသည်မှာ သူမ လုပ်နိုင်သော တစ်ခုတည်းသော အရာ ဖြစ်သလို သူမ လုပ်ချင်သည့် တစ်ခုတည်းသော အရာ ဖြစ်လေသည်။
သူမ၏ အပြုအမူကိုမြင်ပြီး ပိုင်ကျန့်ချင်း မျက်လုံး ပြူးသွားသည်။ အကြောင်းမှာ သူ သိသလောက်ဆိုလျင် ပိုင်ရွှယ်က မည်သူ့ကိုမှ ဒူးထောက်ခြင်း မရှိသောကြောင့်ပင်။ သူ့ကိုတောင်မှ ဒူးမထောက်ခဲ့ပါ။ သို့ရာတွင် ယခု သူမက ယောက်ျားတစ်ယောက်အတွက် ဒူးထောက်ရန် ရွေးချယ်သတဲ့လား။
*ခွေးမ စောက်ကောင်မ*
ပိုင်ကျန့်ချင်း၏ အမုန်းတရားက ပိုပို၍ တိုးလာ၏။ သူမက ဖခင်ဖြစ်သူကို မလေးမစား လုပ်သော်လည်း ယဲ့ဖန်အတွက်နှင့် သူမအသက်ကို လိုလိုလားလား ပေးနေသည်။
*ဒီမိန်းမပျက် သေသင့်တယ်*
ချက်ချင်းဆိုသလိုပင် ပိုင်ကျန့်ချင်းက မထီမဲ့မြင် ရယ်မောလာ၏။
“အရူးမ မင်း သေသွားရင် မင်းအသက်နဲ့ ယဲ့ဖန်ရဲ့ အသက် အေးချမ်းအောင် အပေးအယူ လုပ်နိုင်မယ်လို့ ထင်နေတာလား၊ မင်း ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်း မနေဘူးလား”
“ယဲ့ဖန်က ဧကရီ မင်ဟို့ရဲ့ သားနှစ်ယောက်လုံးကို သတ်ခဲ့တာ၊ သူ သေချာပေါက် သေမှာပဲ၊ သူ့ကို ဘယ်သူမှ မကယ်နိုင်ဘူး”
“အဲ့နှစ်ယောက်ကို သတ်ဖို့ ကျွန်မ ယဲ့ဖန်ကို ခိုင်းလိုက်တာလို့ ကျွန်မ ရှင့်ကို ပြောမယ်ဆိုရင်ရော”
ပိုင်ရွှယ်က အပြုံးနှင့် ပြောလိုက်သည်။ ရေခဲတမျှ အေးစက်သော အငွေ့အသက်တစ်ခုက ပိုင်ရွှယ်ကို ချက်ချင်း လွှမ်းခြုံလာ၏။
ဧကရီမင်ဟို့က ကြမ်းကြုတ်မှုများ ပြည့်နှက်နေသော အကြည့်ဖြင့် ပြောလာသည်။
“နင် ထပ်ပြောစမ်း”
“ရှင့်အငယ်ဆုံးသားက ကျွန်မကို အတင်းအကြမ် သိမ်းပိုက်ချင်နေတာ၊ အဲ့ဒါကြောင့် ကျွန်မက ယဲ့ဖန်ကို သူ့ကို သတ်လိုက်ဖို့ တိုက်တွန်းလိုက်တာ၊ ရှင့်သားအကြီးက သူ့အတွက် လက်စားချေချင်တာလေ၊ အဲ့ဒါကြောင့် ကျွန်မ ယဲ့ဖန်ကို သတ်ခိုင်းလိုက်တာ”
ပိုင်ရွှယ်က အသာအယာ ပြောလိုက်သည်။
“အားလုံးကို ကျွန်မလုပ်တာ၊ ယဲ့ဖန်က ကျွန်မရဲ့ လူသတ်စက် သတ်သတ်ပဲ”
သို့သော် သူမစကားအဆုံး၌ ဧကရီမင်ဟို့က သတိဝင်လာပြီး လှောင်ရယ်လိုက်သည်။
“ပြောစမ်းပါဦး၊ ချစ်ရသူအတွက် အသက်ပေးချင်စိတ်ရှိတဲ့ မိန်းမတစ်ယောက်က သူ့အတွက် နောက်ထပ် သေနိုင်မယ့် အကြောင်းအရာ တစ်ခု ထပ်တိုးလာမှာကို အရေးစိုက်မတဲ့လား”
ပိုင်ရွှယ် တောင့်ခနဲ ဖြစ်သွားသည်။ ဧကရီမင်က ရယ်လေသည်။
“ဒီလောကထဲမှာ နင်တစ်ယောက်ကပဲ ဉာဏ်ကောင်းတဲ့လူ မဟုတ်ဘူး၊ နင်က ငါ့သားကို သတ်သွားတဲ့အတွက် ငါ့ရဲ့ အမုန်းတရားတွေကိုကို နင့်အပေါ် ရောက်အောင် လုပ်ချင်တာပဲ၊ ငါ အဲ့လောက်ထိ စိတ်မလွတ်သေးတာက စိတ်မကောင်းစရာပဲ”
“အဲ့တော့ နင်လည်း သေရမယ်၊ ယဲ့ဖန်လည်း သေကိုသေရမယ်”
ပိုင်ရွှယ်၏ အမူအရာက ချက်ချင်း ပျက်ယွင်းသွားသည်။ သူမ ခေါင်းမော့ကြည့်လာသောအခါ မျက်ရည်လည်ရွဲ ဖြစ်နေလေပြီ။
“ကျေးဇူးပြုပြီး၊ ကျေးဇူးပြုပြီး သူ့ကို မသတ်ပါနဲ့၊ သူ့ကိုသာ လွှတ်ပေးမယ်ဆိုရင် ကျွန်မ ဘာမဆို လုပ်ပါ့မယ်”
“ကျေးဇူးပြုပြီးတော့”
“ဒုန်း”
တစ်ကြိမ်တောင်းပန်တိုင်း ကြမ်းပြင်နှင့် ဦးခေါင်းကိုတိုက်၍ တောင်းပန်လေသည်။
“ဟားဟား ငါ့ကို ခွေးလိုနေတယ်ဆိုပြီး ရယ်ခဲ့တယ် မဟုတ်လား၊ ပိုင်ရွှယ် မင်းလည်း အခု ခွေးနဲ့တူမနေဘူးလား၊ မတူတာက မင်း မကြာခင် ခွေးသေတစ်ကောင် ဖြစ်လာမှာလေ”
ပိုင်ကျန့်ချင်းက အားပါးတရ ရယ်မောနေသည်။ ပိုင်ရွှယ်၏ နဖူးက သွေးတတောက်တောက် ကျနေသော်လည်း သူမက ဆက်၍ နဖူးနှင့် ကြမ်းပြင်တိုက်ကာ ဧကရီမင်ဟို့ကို တောင်းပန်နေဆဲပင်။ ယဲ့ဖန်သာ အသက်ရှင် နိုင်မည်ဆိုလျင် သူမ ဘာမဆိုလုပ်မည်ပင်။
*ယဲ့ဖန် ရှင်က ကျွန်မ အဆုံးရှုံးမခံနိုင်တဲ့ တစ်ဦးတည်းသောလူပါ*
“ရှင် ဘယ်သူ့ကိုမဆို သတ်နိုင်ပါတယ်၊ ဒါပေမဲ့ ယဲ့ဖန်ကိုတော့ လွှတ်ပေးပါ၊ သူက တကယ် အပြစ်ကင်းပါတယ်၊ ဒါတွေအားလုံးက ကျွန်မ အမှားပါ၊ ကျွန်မ သူ့ကို သတ်လိုက်တာပါ”
ပိုင်ရွှယ်၏ မျက်နှာတွင် မျက်ရည်များဖြင့် ပေကျံနေသည်။ သူမကြောင့်သာ မဟုတ်လျင် ယဲ့ဖန်က ဝမ်ကောဖူသို့ ဝင်ပြီး ဧကရီမင်ဟို့၏ သားနှစ်ယောက်ကို သတ်ရန် မဆိုထားနှင့် သူမကိုခေါ်၍ ရှုကျိုးသို့ ထွက်ပြေးမည် မဟုတ်ပါ။
လက်ရှိတွင် သူမသည် ကျိုးကြောင်းမဆင်ခြင်နိုင်တော့ဘဲ အပြစ်အားလုံးကို သူမအပေါ်သို့သာ ပုံချနေ၏။
“ပါးစပ်ပိတ်ထား”
ဧကရီမင် အော်ငေါက်၍ ဒေါသတကြီး ရိုက်ထုတ်လိုက်သည်။ ပိုင်ရွှယ် လွင့်ထွက်သွားပြီး ပါးစပ်မှ သွေးအန်ကာ မျက်နှာတစ်ပြင်လုံး ဖြူရော်လာ၏။
“အရှင်မ ဘာလို့ သူ့ကို မသတ်လိုက်တာလဲ”
ပိုင်ကျန့်ချင်းက မကျေမနပ် မေးလာသည်။ သူသည်လည်း ပိုင်ရွှယ်တစ်ယောက် ဧကရီမင်ထံ၌ အသက်ခံရမည်ကို မျှော်လင့်နေမိသည်။ အဘယ်ကြောင့် ဧကရီမင်က သူမကို ဒဏ်ရာရရုံမျှသာ လုပ်ရသနည်း။
ဧကရီမင်ဟို့က ထူးဆန်းစွာ ပြုံးလိုက်ပြီး မျက်လုံးတွင် ခက်ထန်သော အရိပ်အယောင်များ ပေါ်လာ၏။
“အခု သူ သေလို့မရသေးဘူး၊ ဘာလို့လဲဆိုတော့ ယဲ့ဘုရင်ကို သူ့မိန်းမ ဆိုးဆိုးရွားရွား သေရတာကို ငါ မြင်စေချင် သေးတယ်”
“အမိန့်ထုတ်လိုက်၊ ဒီနေ့ကစပြီး သူ့ကို နန်းတော်ရဲ့ မြို့နံရံမှာ ချိတ်ထားပြီး လေဒဏ် နေဒဏ်ကို ခံခိုင်းထား၊ ဘာမှ မကျွေးနဲ့၊ ရေလည်း မတိုက်နဲ့၊ တစ်နာရီပြည့်တိုင်း သူ့ခန္ဓာကိုယ်ကို ဓားတစ်ချောင်း ထိုးစိုက်လိုက်၊ သုံးရက်နေလို့မှ ယဲ့ဖန် မလာရင် သူ့ကို မုဒိမ်းကျင့်ခံခိုင်းပြီးမှ သတ်ပစ်လိုက်”
သူ့စကားကိုကြားသော် ပိုင်ကျန့်ချင်းသည် ပထမ၌ အံ့ဩနေပြီးမှ ရက်စက်သော အပြုံးမျိုး ပြုံးလိုက်သည်။
“အရှင်မက တကယ် ရည်ရွယ်ချက်ကောင်းတာပဲ၊ ဒါ လူ့စိတ်ကို သတ်တာပဲ”
ယဲ့ဖန် မလာလျင် တစ်လောကလုံး၏ လှောင်ပြောင်ခံ ဖြစ်လာလိမ့်မည်။ မိမိအသက်နှင့် မိမိမိန်းမကို အလဲအလှယ် လုပ်သူ၊ မနိုင်နိုင်သောကြောင့် မိမိလူကို စွန့်ပစ်ခဲ့သဖြင့် ယဲ့ဖန် မျက်နှာပျက်ရပေမည်။
ယဲ့ဖန် လာလျင် သေရပေလိမ့်မည်။ မလာလျင်လည်း လှောင်ရယ်ခံရမည်။
ထို့နောက်တွင်မူ သတင်းများက နိုင်ငံအနှံ့သို့ ချက်ချင်း ပျံ့နှံ့သွားသည်။
“ယဲ့ဖန်က တော်ဝင်မြို့တော်ကို ကျူးကျော်ပြီး ထီးနန်းကို ကမောက်ကမ ဖြစ်အောင်လုပ်ဖို့ ကြံစည်နေပြီ”
“နတ်ဆိုးစစ်သည် တစ်သိန်းပါတဲ့ စစ်တပ်ကြီး ချီတက်လာပြီး မိုင်ထောင်ချီကို သိမ်းပိုက်လိုက်ပြီ ကျန်းပေကို ဖြတ်ပြီး တစ်ရက်အတွင်း ကျန်းနန်ကို ရောက်လာတော့မယ်၊ တော်ဝင်မြို့တော်ကို ရောက်ဖို့ တစ်ရက်လောက်ပဲ လိုတော့တယ်”
အင်ပါယာတစ်ခုလုံး အုတ်အောင်သောင်းနင်း ဖြစ်လာသည်။ အဘယ်ကြောင့်ဆိုသော် စစ်ပွဲတစ်ပွဲ ဖြစ်ပေါ်လာ တော့မည်ဟု လူတိုင်း ရိပ်မိလိုက်သောကြောင့်ပင်။
ယဲ့ဖန် တကယ် လှုပ်ရှားလာလေပြီ။ သို့သော် မကြာခင်မှာပင် ခနဲ့သံများနှင့် သတ်ချင်သော အသံများလည်း ထွက်ပေါ်လာ၏။
“ယဲ့ဖန်က ရူးနေတာလား၊ ရင်မိသားစုက သူတို့နေရပ်ကနေ ထွက်လာမှန်း သိတာတောင် တော်ဝင်မြို့တော်ကို သွားပြီး အသေခံရဲတာလား”
“အရူး၊ သူ့စစ်တပ်က သုံးစားမရတဲ့ဟာတွေ၊ ဧကရာဇ် ယွီရှန်က တစ်ချက်တည်းနဲ့ ရိုက်သတ်လို့တောင် ရတယ်၊ တုံးလိုက်တာ”
“ကောင်းတယ်၊ နောက်ဆုံးတော့ ယဲ့ဘုရင် သေတော့မှာပဲ၊ သူ သေတာနဲ့ အင်ပါယာက အေးချမ်းသာယာ လာတော့မှာ”
“ကျန်းကျန့်ရန်က လူငါးသောင်းကိုခေါ်ပြီး ယဲ့ဖန်နဲ့ သွားပူးပေါင်းတယ်၊ ဒါပေမဲ့ ယဲ့ဖန်က သူ့လူတွေကို အမြောက်ဆံ လုပ်လိမ့်မယ်လို့ သူ ထင်ထားမှာ မဟုတ်ဘူး၊ အခုလောက်ဆို သူ နောင်တရနေလောက်ပြီ ဟားဟားဟား”
“ယဲ့ဘုရင်က နန်းတော်ဆီ မရောက်ခင် ရင်မိသားစုက လူတွေကြောင့်ပဲ အသတ်ခံရမယ်ထင်တယ်၊ ဒီလူ မြောက်ကြွမြောက်ကြွ လုပ်နေတာ တော်တော်ကြာပြီ၊ သူ သေဖို့အချိန်တန်ပြီ”
ထိုအချိန်တွင် ဟွာရင်းချန်သည်လည်း တော်ဝင်မြို့တော်သို့ ပြန်ရောက်နေ၏။ ယဲ့ဖန်က ယဲ့ဘုရင်ဖြစ်ကြောင်း သူ သိထားပြီးသဖြင့် သတင်းများကို ကြားရသောအခါ အပျော်လွန်သွားလေသည်။
“အဲ့အရူးက တကယ် မြို့တော်ကိုလာပြီး အသေခံရဲတယ်လား၊ ကောင်းတယ်၊ သိပ်ကောင်းတယ်”
ဟွာရင်းချန်က သူ၏ ပြတ်သွားသော လက်မောင်းကို တစ်ချက်ကြည့်ပြီး ကျိတ်၍ အမုန်းတရား တိုးလာသည်။ ထို့နောက် သူက သူ့မိသားစုကို ပြောလိုက်သည်။
“အဖေ အဘိုး ဒါ ကျွန်တော်တို့ နာမည်ရအောင် လုပ်နိုင်မယ့် မဟာအခွင့်အရေးကြီးပဲ၊ ယဲ့ဘုရင်ကို အတူတူ တိုက်ရအောင်”
သူ့စကားကို ကြားသော် သူ့အဖေက အေးစက်စွာ ခနဲ့လေသည်။
“အဲ့သောက်ယဲ့ဖန်က ငါ့သား ပါရမီရှင်ရဲ့ ဘဝကို ဖျက်ဆီးပြီး ငါ့ဟွာမိသားစုရဲ့ အနာဂတ်ကို ဖျက်ရဲတယ်၊ သေကို သေရမယ်၊ ဒီတစ်ခါ ငါတို့ လှုပ်ရှားပြီး သူ့ကို သွေးနဲ့ ပြန်ပေးဆပ်ခိုင်းမယ်”
သူ့အဘိုးကလည်း ခက်ထန်သော မျက်လုံးများနှင့် ပြောလာသည်။
“ယဲ့ဘုရင်ရဲ့ မိန်းမတွေ၊ မိတ်ဆွေတွေနဲ့ ဆွေမျိုးအားလုံး ငါတို့ ဟွာမိသားစုရဲ့ ကျေးကျွန် ဖြစ်လာရမယ်၊ တစ်သက်လုံး အရှက်ကွဲပြီး အပြစ်အတွက် ပေးဆပ်ရမယ်”
*ယဲ့ဖန်ကို သတ်ပြီး ရင်မိသားစုရဲ့ ခြေသလုံးကို ဖက်နိုင်မယ်၊ သူတို့ ဘာလို့ အဲ့လို မလုပ်ဘဲ နေရမည်နည်း*
*ပြီးတော့ ယဲ့ဖန် မြို့တော်ထဲ ဝင်လာတာနဲ့ သေချာပေါက် သေမှာ*
*ပြိုင်ဘက်ကင်းတဲ့ ဧကရာဇ် ယွီရှန်က လက်တစ်ဖက်တည်းနဲ့ အင်ပါယာတစ်ခုလုံးကို ဖျက်ဆီးနိုင်တာ*
*အဲ့လိုလူမျိုးအတွက် ယဲ့ဖန်ကို သတ်တာက လွယ်မနေဘူးလား*
*ဒါက ကောင်းကင်ကနေ ရတနာ ကျလာသလိုပဲ*
“အဘိုး ယဲ့ဖန်ဆီမှာ ကျုံးလီအာဆိုတဲ့ မိန်းမ ရှိတယ်၊ အဘိုး သူ့ကို ကျွန်တော့်အတွက် ချန်ကိုချန်ထားရမယ်၊ အဲ့ခွေးမက ကျွန်တော့်ကို အခါခါ ငြင်းခဲ့တာ၊ သူ့ကြောင့် ကျွန်တော် ဒီလိုဖြစ်ရတာ၊ ကျွန်တော် သူ့ကို မသေမချင်း နှိပ်စက်ပြီး အရှက်ခွဲမယ်”
ဟွာရင်းချန်၏ မျက်လုံးတွင် အကြောက်တရားများ ပေါ်နေသည်။
“ဒါ ဘယ်လိုဖြစ်ရတာလဲ၊ အဲ့လူ ရူးနေတာလား”
ထိုစဉ် စုမြောင်ရန်သည်လည်း သတင်းကြားပြီး မျက်နှာ အကြီးအကျယ် ပျက်သွားသည်။
*တစ်ရက်ပဲ ရှိသေးတာကို ယဲ့ဖန်က ဘာလို့ မြို့တော်ကို သွားတာလဲ*
*အခု အဲ့နေရာက ရင်မိသားစုရဲ့ စခန်းလို ဖြစ်နေတာ၊ ယဲ့ဖန်က ဒီလို သွားထိုးဖောက်မလို့လား*
သူမမျက်နှာတွင် စိုးရိမ်ပူပန်မှုများ စိုးမိုးနေ၏။ တစ်ချိန်တည်းမှာပင် လင်းလန်သည်လည်း သတင်းကြားကာ မျက်နှာ ဖြူရော်သွားသည်။ သူမ ဆိုဖာပေါ် အားပျော့စွာ လဲကျသွားပြီး စိုးရိမ်နေသော မျက်နှာနှင့် ရေရွတ် လေသည်။
“ရှင် ဘာလို့ သေတွင်း တူးရတာလဲ၊ ရှင် ဘာလို့ ဒီလို သေတွင်းတူးရတာလဲ”
ချက်ချင်းဆိုသလိုပင် သူမမျက်လုံးတွင် နာကျင်သော မျက်ရည်များ ဝေ့တက်လာ၏။ ဘာကြောင့်မှန်း မသိသော်လည်း သူမ သတင်းကြားသည်နှင့် ရင်ကွဲရသည်။ မသိလျင် သူမဘဝ၏ အရေးအပါဆုံးအရာကို ဆုံးရှုံးလိုက် ရသလိုပင်။ သို့ရာတွင် သူမတို့က နှစ်ကြိမ်သာ တွေ့ဖူးသေးသည် မဟုတ်ပါတကား။
ဝမ်ကောဖူအတွင်း၌ ထန်ပုခူသည် မြစ်ငယ်လေးဘေး၌ ရပ်နေပြီး ညတွင်းချင်း လုပ်ထားသော မီးအိမ်များကို ဘေးချင တစ်ခုချင်း မြစ်ထဲ မျှောနေ၏။
“ထန်ပုခူ နင် ဘာလုပ်နေတာလဲ”
ကျုံးဝမ်က မေးလာသည်။ ထန်ပုခူက မချိပြုံးပြုံး၍ ကျုံးဝမ်ဘက် လှည့်ကြည့်ကာ ပြောလိုက်သည်။
“မီးအိမ်တွေက ဆုတောင်းပြည့်တယ်လို့ ငါ့အမေ ပြောဖူးတယ်၊ မီးအိမ်မှာ စောင့်မျှော်နေတယ်ဆိုတဲ့ အဓိပ္ပာယ် ရှိတယ်တဲ့၊ မီးအိမ်ကို မြစ်ထဲမျှောပြီး ကိုယ်ချစ်ရတဲ့လူကို တွေးရင် အဲ့လူက သေချာပေါက် ပြန်လာတယ်တဲ့”
သူမစကားကိုကြားသော် ကျုံးဝမ် ရင်ထဲ နာကျင်သွားရပြီး သူမကို ဖက်ထားလိုက်သည်။
“အရူးမလေး”
ထန်ပုခူ မထိန်းနိုင်တော့ဘဲ ချက်ချင်း မျက်ရည်များ ကျလာပြီး ငိုလေတော့သည်။
“ကျွန်မ သူ့ကို မသွားစေချင်ဘူး၊ ကျွန်မ သူ့ကို လုံးဝ မသွားစေချင်ဘူး”
သူမသည် လက်နှစ်ဖက်ဖြင့် ကျုံးဝမ်၏ အဝတ်အစားကို တင်းနေအောင် ဆုပ်ကိုင်၍ နာကျင်စွာ အော်ဟစ် လေသည်။
သူမ ယဲ့ဖန်ကို မသွားစေချင်သော်လည်း သွားခိုင်းလိုက်ရသည်။ အမျိုးသားများ၏ ညီအစ်ကိုသဖွယ် ခင်မင်မှုကို အမျိုးသမီးများ နားမလည်သကဲ့သို့ အမျိုးသမီးများ၏ ဟန်ဆောင်ကောင်းမှုကို အမျိုးသားများ နားမလည်နိုင်ပါ။
သူမစကားကြောင့် ကျုံးဝမ်သည်လည်း နှာခေါင်းလေး ရှုံ့ကာ ငိုစပြုလာသည်။
“ငါ နားလည်ပါတယ်၊ ငါ နားလည်တယ်၊ ဘာလို့လဲဆိုတော့ ငါလည်း နင့်လိုပဲ သူ့ကို မသွားစေချင်ဘူး”
*ယဲ့ဖန် ရှင် ကြားတယ်မဟုတ်လား*
*ကျွန်မတို့အားလုံး ရှင့်ကို စောင့်နေတယ်*
*ကျွန်မတို့ ရှင် ဘယ်အချိန် ပြန်လာမလဲ မသိပင်မယ့် အားလုံး စောင့်နေကြတယ်၊ တစ်သက်လုံးဆိုရင် တောင်မှပေါ့*
*ရှင် ပြန်မလာရင် ကျွန်မ ဒီမှာတင် သေလိုက်မှာ*