အခန်း ၁၅၂၃
Vol. 102 Ch. 1523
Chapter 1523 မင်း သေချင်နေပြီလား
ယဲ့ဖန် ယခုတစ်ခေါက် ပြန်မလာနိုင်ဟု လူတိုင်းနီးပါး တွေးထင်ထားကြသည်။ တကယ်တမ်းတွင် သူ ရင်ဆိုင်ရ မည့်လူက ဧကရာဇ် ယွီရှန် ဖြစ်နေသည် မဟုတ်ပါလော။
အင်မော်တယ် ဧကရာဇ်အဆင့်သည် လောကတွင် အသန်မာဆုံးနီးပါးဖြစ်သော သိုင်းအဆင့်။ ထိုအဆင့်ထဲတွင် ဧကရာဇ် ယွီရှန်သည် အတော်ဆုံး ဖြစ်သည်။ နှစ်တစ်သောင်းအတွင်း အမောက်မာဆုံးလူဟုလည်း ကျော်ကြားသည်။ အမြဲ ပြိုင်ဘက်ကင်း၍ တစ်ခါမှ မရှုံးဖူးချေ။
ဤသို့သော ပုဂ္ဂိုလ်မျိုးနှင့် ရင်ဆိုင်ရလျင် ယဲ့ဖန်တွင် ဘယ်လိုလုပ် နိုင်နိုင်သည့် အခွင့်အရေး ရှိပါမည်နည်း။
ထိုအခိုက်တွင် အင်ပါယာတွင်းမှ ခေါင်းဆောင်များအားလုံး တော်ဝင်မြို့တော်ကို အာရုံစိုက်လာကြသည်။ ပြည်ပမှ သတင်းထောက်များစွာကလည်း အင်ပါယာတွင်းသို့ တစ်ယောက်ပြီး တစ်ယောက် ရောက်လာလေသည်။
အကြောင်းပြချက်က ရိုးရှင်းပါသည်။ ယဲ့ဖန်၏ သေဆုံးကို မြင်ရရန် ဖြစ်ပြီး နာမည်ကျော် လူတစ်ယောက်၏ ကျဆုံးခန်းကို မျက်ဝါးထင်ထင် မြင်တွေ့ခံစားလို၍ ဖြစ်ပေသည်။
ထိုညတွင် ယဲ့ဖန်ကို ယုံကြည်သူ အယောက်နှစ်ဆယ်ကျော်မှ ကိုယ့်ကိုယ်ကိုယ် သတ်သေကြသည်။ သူတို့သည်လည်း ယဲ့ဖန် သေချာပေါက် သေလိမ့်မည်ဟု ထင်နေသည်။ ထို့ကြောင့် သူတို့ လုပ်နိုင်သည့်အရာဟူ၍ ယဲ့ဖန်နှင့်အတူ သတ်သေရန်သာ ရှိသည်ဟု တွက်ထားကြသည်။
“အရှင်ယဲ့ဘုရင် ခင်ဗျား … ခင်ဗျား ဘာလို့ ဒီလောက် မဆင်မခြင် လုပ်ရတာလဲ၊ တစ်ဖက်လူက ဧကရာဇ် ယွီရှန်လေ”
“အရှင်ယဲ့ဘုရင် ခင်ဗျားရဲ့ အရည်အချင်းနဲ့ဆို နှစ်တစ်ရာအတွင်း သေချာပေါက် သူ့ကို ယှဉ်နိုင်မှာပါ၊ ဘာလို့ အခု အလျင်စလို လုပ်ရတာလဲ”
“အရှင် ယဲ့ဘုရင် သေပြီ၊ ငါ ထပ်ပြီး အသက်မရှင်ချင်တော့ဘူး”
ယဲ့ဖန်ကို ယုံကြည်သူတိုင်း ဆောက်တည်ရာမရ ဖြစ်နေကြသည်။ လူတိုင်း ယဲ့ဖန် မနိုင်နိုင်ဟု တွေးနေ၏။ အကြောင်းမှာ ဧကရာဇ် ယွီရှန်က ကျော်လွှားမရနိုင်သည့် တောင်တစ်လုံးကဲ့သို့သူ ဖြစ်နေသောကြောင့်ပင်။
လူပေါင်းများစွာက သူ့ကို အနိုင်ယူရန် ကြိုးစားခဲ့သော်လည်း အားလုံး ကျရှုံးခဲ့ရသည်။ သို့သော် ယဲ့ဖန်၏ အမျိုးသမီးများက ဤသည်ကို သိသော်လည်း သူ့ကို သွားခွင့်ပေးလိုက်ရသည်။ ယဲ့ဖန်၏ ညီအစ်များက သေလမ်း ဆိုသည်ကို သိသော်လည်း သူနှင့်အတူ လိုက်လာခဲ့သည်။
သူတို့အားလုံးသည် သူတို့၏ ကိုယ်ပိုင်နည်းလမ်းများဖြင့် ယဲ့ဖန်ကို ပံ့ပိုးကြသည်။ တစ်ရက်ကြာပြီးနောက် ယဲ့ဖန်သည် အင်ပါယာသို့ အရင်ဆုံး ရောက်လာတော့၏။
မြင့်မားသော မြို့ကြီးရှေ့၌ ရပ်နေချိန်တွင် ယဲ့ဖန်၏ မျက်လုံးတွင်း၌ နက်ရှိုင်းသော လူသတ်လိုသည့် အရိပ်အယောင်များ ပေါ်လွင်နေ၏။
ထိုအချိန်တွင် ကြမ်းတမ်းစွာ စော်ကားပြောဆိုသော စကားသံက ယဲ့ဖန်၏ နားထဲသို့ တိုးဝင်လာ၏။
“ယဲ့ဖန်ရဲ့ အသုံးမကျတဲ့ ဦးနှောက်မရှိတဲ့လူတွေ မင်းတို့အားလုံး မြို့တော်က ထွက်သွားကြစမ်း၊ မဟုတ်လို့ကတော့ မင်းတို့အားလုံး သူတို့နဲ့အတူ သေရလိမ့်မယ်”
“လင်ကျစ် နင် ရူးနေလား၊ ဧကရီမင်ဟို့က အသက်ရှင်နေတဲ့လူတွေကို မိစ္ဆာကျင့်စဉ် ကျင့်ကြံဖို့ စတေးခံအဖြစ် သုံးနေတာကို နင် မကြားဘူးလား၊ ပိုင်ကျန့်ချင်းက သူတို့ကို အညံ့ခံလိုက်ပြီး ဒါတောင် နင်က သူတို့ဘက်က ပြောနေတာလား”
ဆယ့်ခုနစ်၊ ဆယ့်ရှစ်နှစ်အရွယ် ကောင်မလေးတစ်ယောက်က ဒေါသတကြီး ပြောဆို၍ သူမအရှေ့မှ လူများကို စူးစိုက်ကြည့်နေ၏။
ဤသည်မှာ ယဲ့ဘုရင်ချစ်သူများနှင့် ယဲ့ဘုရင်မုန်းသူများ ထိပ်တိုက် ရန်ဖြစ်နေခြင်းသာ ဖြစ်သည်။
“ဟီးဟီး အဲ့ဒါက ကောလာဟလတွေပါ၊ အမှန်မဟုတ်ဘူး၊ ယဲ့ဘုရင်ဆိုတဲ့ မျိုးမစစ်ကောင်က အင်ပါယာရဲ့ အရှင်သခင်ကို နာမည်ပျက်အောင် ဖြန့်တဲ့သတင်းလည်း ဖြစ်နေနိုင်တာပဲလေ”
လင်ကျစ်ဟူသော အမျိုးသားက ပျက်ရယ်ပြု၍ ပြန်ပြောလေသည်။
“အရှင်ယဲ့ဘုရင်ကို မစော်ကားနဲ့”
ထိုမိန်းကလေးက လင်ကျစ်ကို ငေါက်ငမ်းလိုက်သည်။
“ကောင်းကျဲ မင်း ဘာလို့ ဒီလောက် စိတ်လှုပ်ရှားနေတာလဲ၊ ဘာပဲဖြစ်ဖြစ် မင်းရဲ့ သောက်ယဲ့ဖန်က မကြာခင် သေခါနီးတော့မှာ၊ ငါ သူ့ကို စော်ကားဆဲဆိုတော့ ဘာဖြစ်လဲ”
လင်ကျစ်က စဉ်းလဲသော အပြုံးမျိုး ပြုံးလာသည်။
“ဟေ့ကောင်ကြီး မှန်းကြည့်စမ်း ယဲ့ဘုရင် ဘယ်နည်းနဲ့ သေမယ်လို့ ထင်လဲ၊ ရိုက်သတ်ခံရပြီး အသားပြား ဖြစ်သွားမလား ဒါမှမဟုတ် ခေါင်းကို လက်သီးနဲ့ ထိုးလို့ ခေါင်းပေါက်သွားမလား၊ ဒါမှမဟုတ် ဥကို အကန်ခံရလို့ ကုန်းကုန်း ဖြစ်သွားမလား၊ ဟေ …”
“ဟားဟားဟား ကုန်းကုန်း ကုန်းကုန်းပဲ ဖြစ်မှာပေါ့၊ ယဲ့ဘုရင် ကုန်းကုန်း ဖြစ်သွားပြီးရင် သူ့အနားက မိန်းမတွေ အစိုးမရ ဖြစ်သွားမှာပဲ၊ သူတို့အားလုံးက ပြိုင်စံရှား မိန်းမလှလေးတွေလို့ ငါ ကြားဖူးတယ်”
လင်ကျစ်က ချက်ချင်း ဝင်ပြောလိုက်သည်။
“ငါတို့ ရှိသေးတယ် မဟုတ်ဘူးလား၊ ယဲ့ဘုရင် သေသွားရင် ငါတို့ သူ့မိန်းမတွေကို သူ့အစား ဂရုစိုက်ပေးရမှာပေါ့၊ အဲ့သေချင်နေတဲ့ မိန်းမတွေကို ခေါ်ထားပြီး မရပ်မနား လုပ်ပစ်မယ်”
“ပါးစပ်ပိတ်ထား”
မျက်မှန်နှင့် ကောင်လေးတစ်ယောက်က ဒေါသတကြီး ပြေးလာပြီး လင်ကျစ်၏ မျက်နှာကို ထိုးရန် ပြင်လေသည်။ သူ့အရှေ့၌ အခြားသူများအား သူ၏ စံပြပုဂ္ဂိုလ်ကို စော်ကားခွင့် မပြုနိုင်ပါ။
“သေချင်နေတာပဲ”
လင်ကျစ်၏ မျက်လုံးတွင် စူးရှသော အလင်းတစ်ချက် ဖြတ်ပြေးသွားပြီး လက်ငါးချောင်းကို ကျစ်ကျစ်ပါအောင် ဆုပ်၍ တစ်ဖက်လူ၏ ဝမ်းဗိုက်ကို ပိတ်ထိုးလိုက်သည်။
“အု”
မျက်မှန်နှင့် ကောင်လေးသည် သွေးအန်လာပြီး ခန္ဓာကိုယ်က ပြုတ်ထားသော ပုစွန်သဖွယ် ကွေးသွားပြီး မျက်နှာ ပြာနှမ်းလာလေသည်။
“လင်ကျစ် နင် လွန်နေပြီနော်၊ ရှောင်ဟဲက ဘာကျင့်ကြံခြင်းမှ မရှိတဲ့ သာမန်လူလေ၊ နဂါးအသွင်ပြောင်းခင်းအဆင့် ဖြစ်တဲ့ နင်က တော်တော် ရက်စက်တာပဲ”
ကောင်းကျဲက လင်ကျစ်ကို ဒေါသတကြီး စူးစိုက်ကြည့်၏။
“ရက်စက်တယ် ဟုတ်လား၊ ဒါကိုမှ ရက်စက်တယ်လို့ခေါ်တာကွ”
လင်ကျစ်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီးနောက် မြေကြီးပေါ် လဲကျသွားသော ရှောင်ဟဲ၏ မျက်နှာကို နင်းချေသည်။
“ဂျွတ်”
ထိုအသံနှင့်အတူ ရှောင်ဟဲဟူသော ကောင်လေးသည် အားလုံး၏ ချောက်ချားနေသော အကြည့်အောက်၌ ဦးခေါင်း ကြေမွ၍ သေဆုံးသွားလေသည်။ ဆိုးရွားသော သေဆုံးခြင်းဖြင့် ပွဲချင်းပြီး သေဆုံးသွားတော့သည်။
ဤမြင်ကွင်းက ကောင်းကျဲနှင့် အခြားသူများအား လေးလံထိုင်းမှိုင်းသွားစေသည်။ လင်ကျစ်က အလွန် ရက်စက်ပြီး ရှောင်ဟဲကို တန်းသတ်လိမ့်မည်ဟု မယုံကြည်နိုင် ဖြစ်နေသည့်ပုံပင်။
“လင်ကျစ် နင် လူသတ်ရဲတယ်လား၊ နင် ရူးနေပြီလား”
ကောင်းကျဲ၏ အမူအရာက မှုန်မှိုင်းမှိုင်း ဖြစ်လာပြီး လင်ကျစ်အား မယုံနိုင်သလို ကြည့်နေသည်။
“ဟ မင်း မသိဘူးလား၊ နန်းတော်ထဲက သတင်း ရှိပြီးသား၊ ယဲ့ဘုရင်ရဲ့ နောက်လိုက်တိုင်းကို ဘာမှပြောစရာ မလိုဘဲ သတ်ခွင့်ရှိတယ်တဲ့”
လင်ကျစ်က ကောင်းကျဲနှင့် အခြားသူများကို အန္တရာယ်ပေးလိုသော အကြည့်ဖြင့် ကြည့်လာသည်။
“အဲ့တော့ ပြောရမယ်ဆိုရင် အခု ငါ မင်းကို သတ်မယ်ဆိုရင် ငါ အပြစ်ပေး မခံရရုံတင်မကဘဲ ဆုကြေးတောင် ရဦးမှာ”
ထိုသို့ပြောလိုက်ပြီးနောက် လင်ကျစ်နှင့် သူ့လူများက တစ်ယောက်ပြီး တစ်ယောက် ဓားများဆွဲ၍ သူတို့ထံ အန္တရာယ် ပေးတော့မည့်ပုံဖြင့် လှမ်းလာသည်။
သူက ရက်စက်ကြမ်းကြုတ်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
“ငါ စိတ်မကောင်းပါဘူး ကောင်းကျဲ၊ ဒီနေ့ မင်းတို့အားလုံး ဒီမှာ သေကိုသေရမယ်”
“မင်းတို့ ပြောနေတဲ့ ယဲ့ဘုရင်အကြောင်း ကြားနေရတာ ရွံဖို့ကောင်းတယ်၊ ဒါပေမဲ့ အခုချိန်ကစပြီး မင်းတို့ တစ်သက်လုံး ပါးစပ်ပိတ်သွားတော့မှာ ဟားဟားဟား”
“ချ”
ယခုအချိန်တွင် နောက်ဆုတ်နိုင်သည့်လမ်း မရှိတော့မှန်း ကောင်းကျဲ သိနေသဖြင့် ချက်ချင်း အဖွဲ့ကို ဦးဆောင်၍ တိုက်လေတော့သည်။
သို့သော် လင်ကျစ်နှင့် အခြားသူများ၏ သိုင်းအဆင့်က သူတို့ထက် မြင့်မားသဖြင့် သူတို့ထံမှ ကြောက်စရာ ကောင်းသော အရှိန်အဝါများ ထွက်လာကြသည်။
ထို့နောက်တွင်မူ သူတို့ တစ်ယောက်ပြီး တစ်ယောက်က ရက်စက်သော သတ်ဖြတ်နည်းတို့ဖြင့် ကောင်းကျဲတို့အား ဒေါသတကြီး သတ်လေ၏။
အစပိုင်း၌ ကောင်းကျဲတို့သည် နှစ်ဖက်အထိနာအောင် တိုက်စစ် ဆင်နိုင်ကြသည်။ သို့သော် တဖြည်းဖြည်းနှင့် သက်လုံ မကောင်းသောကြောင့် အားကုန်လာကြပြီး ခံစစ်သာ တိုက်နိုင်တော့သည်။
နောက်ဆုံးတွင်မူ သူတို့ အထိနာလေတော့သည်။ သူတို့၏ ခန္ဓာကိုယ်တွင် ဒဏ်ရာများ တစ်ခုပြီး တစ်ခု ပေါ်လာပြီး ကြည့်ရဆိုးလှသည်။ ထို့အပြင် အဆုံး၌ ဦးခေါင်းကိုပါ ဓားဖြင့် ခုတ်ဖြတ်ခံလိုက်ရသည်။
“မြန်မြန် … ပြေးကြဟေ့”
ချက်ချင်းဆိုသလိုပင် လူငယ်အချို့က ချောက်ချားသွားပြီး နောက်လှည့်ကာ ထွက်ပြေးသွားကြသည်။ သူတို့၏ မျက်နှာတွင် ကြောက်ရွံ့ခြင်းတို့ ဖုံးလွှမ်းနေ၏။
“ညီအစ်ကိုတို့ ငါတို့ ဆုကြေးတွေကို ထွက်ပြေးမခံနဲ့ဟေ့”
လင်ကျစ်က အပြုံးကြီးပြုံး၍ ရှေ့မှာ ဦးဆောင်ကာ လိုက်ဖမ်းလေသည်။ ထိုစဉ် ကောင်းကျဲက သူတို့ရှေ့၌ ရုတ်တရက် ပိတ်ရပ်ကာ အေးစက်သော မျက်လုံးတို့ဖြင့် သူတို့ကို ကြည့်လာသည်။
“နင် ငါ့မိတ်ဆွေတွေကို သတ်ချင်ရင် ငါ့ကို အရင်သတ်သွားမှပဲ ရမယ်”
“အရူးမ နင်က အခုထိ ခေါင်းမာနေတုန်းပဲ၊ အခုတော့ ငါတို့ နင့်ကို ပျော်ပျော်ကြီး ပေးမသေခိုင်းဘူး၊ နင် ငါတို့တွေကို အသုံးတော်ခံဖို့ အသင့်ပြင်ထားလိုက်”
လင်ကျစ်က ညစ်ကျယ်ကျယ် ရယ်မော၍ ဓားကိုဝင့်၍ ခုတ်ပိုင်းလေသည်။ သူ၏ ဓားက အရှိန်ဖြင့် ပြင်းထန်စွာ ကျဆင်းလာသည်။ အကန့်အသတ်မဲ့သော စွမ်းအင်များ ပါဝင်နေကြောင်း သိသာလှသည်။
ဤသည်ကိုမြင်သော် ကောင်းကျဲ၏ မျက်နှာ ဖြူရော်သွားသော်လည်း သူမ နောက်ဆုတ်၍ မရနိုင်တော့ကြောင်း သိလိုက်သည်။ သူမသည်လည်း ဓားရှည်ကိုမြှောက်၍ ရင်ဘတ်ရှေ့၌ ကာကာ ထိုဓားကို အတင်းအဓမ္မ ခုခံရန် ကြံရွယ်လေသည်။
သို့သော် တုန်နေသော လက်မောင်းက သူမ အကန့်အသတ်တော့ ရောက်နေပြီဖြစ်ကြောင်း ပြသနေ၏။ ထိုစဉ် အနက်ရောင် ဝတ်စုံနှင့် အမျိုးသားတစ်ယောက်က ခံစားချက်ကင်းမဲ့သော မျက်နှာထားနှင့်အတူ သူမနှင့် လင်ကျစ်ဘေးမှ ဖြတ်လျှောက်သွားသည်။ လမ်းလျှောက်ပုံက အသာအယာပင် ဖြစ်ပြီး အလျင်လိုခြင်း မရှိချေ။
“နင် … ဒီနေရာက ထွက်သွား”
ဤသည်ကိုမြင်သော် ကောင်းကျဲ၏ မျက်နှာ အမူအရာ အကြီးအကျယ် ပြောင်းလဲသွားပြီး ယဲ့ဖန်ကို အလျင်အမြန် အော်ဟစ်၍ သတိပေးလိုက်သည်။
သို့သော် ယဲ့ဖန်က သူမကို တစ်ချက်သာကြည့်ပြီး ရှေ့သို့ ဆက်လျှောက်သွားသည်။ ဤမြင်ကွင်းကြောင့် ကောင်းကျဲ စိတ်ဆိုးကာ ခြေဆောင့်လိုက်မိသည်။
*ဒီလူ ရူးနေတာလား*
*လင်ကျစ်က သတ်ဖို့ ဓားနဲ့လာနေတာကို မတွေ့ဘူးလား၊ ဘယ်လို ထွက်ပြေးရမလဲ မသိဘူးလား*
သူမသည် ကြင်နာတတ်ပြီး ယဲ့ဖန်ကို ဤနေရာ၌ အလကား မသေစေချင်ပါ၊ သို့သော် ယဲ့ဖန်က လုံးဝ ကျေးဇူး မတင်ချေ။
“သေချင်နေတာပဲ”
တစ်ခဏကြာသော် လင်ကျစ်က အော်ဟစ်၍ ယဲ့ဖန်ထံ ပြေးဝင်သွားသည်။
*ဒီကောင်က ငါ့ကို လျစ်လျူရှုရဲတယ်ပေါ့လေ*
*သေသင့်တယ်*
ဤမထုံတတ်တေး လူငယ်အား နာမည်ဆိုးနှင့် ကျော်ကြားသော ယဲ့ဖန်၏ လူမိုက်အဖွဲ့ဝင်ဟု ခေါင်းစဉ်တပ်လျင် ဆုကြေးအပို ထပ်ရနိုင်သဖြင့် ဘာကြောင့် မသတ်ဘဲ နေရမည်နည်း။
“သတိထား”
ကောင်းကျဲက အလျင်အမြန် ပြေးသွားပြီး ယဲ့ဖန်ရှေ့၌ ရပ်ကာ လင်ကျစ်၏ ဓားအား သူမဓားဖြင့် ခုခံလိုက်သည်။
“ဂျွတ်”
သို့သော် ချက်ချင်းဆိုသလိုပင် ကောင်းကျဲ၏ ဓားက အက်ကွဲလာသည်။
“ခွေးမ နင် ငါ့ကို ဘယ်နှစ်ကြိမ်တားနိုင်ပြီးမှ သေမလဲ ကြည့်ရသေးတာပေါ့”
လင်ကျစ်က အပြုံးကြီးပြုံး၍ အော်ငေါက်လိုက်သည်။ ထို့နောက် သူ ဓားကိုဝင့်၍ ထပ်ခုတ်လေသည်။ ပြင်းထန်သော လေတိုးသံနှင့်အတူ အေးစက်ထက်ရှသော ဓားသွားမှ လူသတ်လိုသော အရှိန်အဝါတစ်ခု ပေါက်ကွဲ ထွက်ပေါ်လာ၏။ ထိုအရှိန်အဝါက သူမတို့နှစ်ယောက်ကို လွှမ်းခြုံသွားလေသည်။
*သွားပြီ*
*ပြီးသွားပြီ*
ကောင်းကျဲ၏ မျက်နှာ ပြာနှမ်းသွားပြီး သူမခွန်အား အကုန် ဆုံးရှုံးနေပြီး ဤဓားချက်ကို မတားနိုင်တော့မှန်း သိလိုက်သည်။
ထိုစဉ် လက်တစ်ဖက်က ကောင်းကျဲ၏ ဦးခေါင်းကို ကျော်ပြီး တိုက်ခိုက်လာသော ဓားကို လှမ်းဖမ်းလေသည်။ ဤမြင်ကွင်းကိုမြင်သော လူတိုင်း အံ့အားသင့်သွားကြသည်။
*ဓားကို လက်နဲ့ တားမယ် ဟုတ်လား၊ ဒီကောင် ဦးနှောက်ချောင်နေတာလား*
“နင်…”
ကောင်းကျဲသည်လည်း အံ့ဩသွားပြီး စိတ်ပျက်သွားသလို ခံစားလိုက်ရသည်။ အတော်ကြာပြီးမှ တစ်ဖက်လူက အရူးမှန်း သူမ သိလိုက်ရသည်။ အရူးတစ်ယောက်ကို ကယ်ဖို့ သူမအသက်ကို ရင်းမိသည်တဲ့လား။
*သေလိုက်ပါတော့*
လင်ကျစ်၏ မျက်လုံးထဲမှ ခက်ထန်မှုက ပိုမို ဆိုးရွားလာပြီး ကျဆင်းလာသော ဓားက ပိုပို၍ တားဆီးမရနိုင် ဖြစ်လာလေသည်။
“ချွင်”
သို့သော် ထို့နောက်တွင်မူ ကျယ်လောင်သော ဆူညံသံတစ်သံ ထွက်ပေါ်လာပြီး လင်ကျစ်လက်ထဲမှ ဓားက ယဲ့ဖန်၏ လက်ငါးချောင်းပေါ် တန်း၍ ကျဆင်းသွားပြီး ရွေ့ပင်မရွေ့တော့ချေ။
အခြေအနေက ရုတ်တရက် တောင့်တင်းအေးစက်သွားသည်။ လူတိုင်းသည် ရုပ်ရှင်ထဲမှ ရေခဲရုပ်ထုများကဲ့သို့ ငြိမ်သက်ကာ ကြက်သေ သေနေ၏။
*တကယ် ရပ်သွားတယ်လား*
*ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
“…”
ကောင်းကျဲ မှင်တက်သွားသည်။
*လတ်စသက်တော့ ဒီလူက အရူး မဟုတ်ဘဲ ပညာရှင် ဖြစ်နေပါလား*
*သူက လင်ကျစ်ရဲ့ ဓားကို လက်တစ်ဖက်တည်းနဲ့ တားနိုင်တယ်၊ ဒီမြင်ကွင်းက ထူးဆန်းလွန်းတယ်*
သို့သော် ထိုမျှနှင့် ရပ်မသွားချေ။ ပို၍ ကြောက်စရာကောင်းသော အဖြစ်အပျက်က ဆက်လက် ဖြစ်ပေါ်လာသည်။
ယဲ့ဖန်၏ လက်ငါးချောင်းက တဖြည်းဖြည်း ကွေးလာပြီး ဓားကို အားဖြင့် ဖျစ်ညှစ်လိုက်သောအခါ သူ့လက်မှ စွမ်းအင်တစ်ခု ထွက်ပေါ်လာလေသည်။
“ဂျွတ် ဂျွတ််”
သူ့လက်ထဲမှ ထိုဓားသည် ချက်ချင်း အက်ကွဲပျက်စီးသွားလေသည်။ အဖြိုက်နက်ဖြင့် ပြုလုပ်ထားသော ထိုဓားက တစ်စစီ ဖြစ်ကာ မြေကြီးပေါ် ကျသွားတော့သည်။
လူတိုင်း ချောက်ချားကာ အံ့ဩသွားလေသည်။ အားလုံး ကိုယ့်မျက်လုံးကိုယ် မယုံနိုင် ဖြစ်နေကြသည်။ ဘေး၌ ရှိနေသော ကောင်းကျဲသည်လည်း တစ်ကိုယ်လုံး အခြေအနေ မကောင်းသလို ခံစားလိုက်ရသည်။
*ဓားကို လက်နဲ့ပဲ တားလိုက်တယ်တဲ့လား*
*ပြီးတော့ တစ်စစီ ဖြစ်အောင်တောင် လုပ်လိုက်သေးတယ်*
*ဒါ နောက်နေတာ မဟုတ်ဘူးမလား*
ထိုအခိုက်တွင် လင်ကျစ်တောင်မှ ယဲ့ဖန်ကို ကြောက်စိတ်နှင့် မကြည့်ဘဲ မနေနိုင်အောင် ဖြစ်သွားရသည်။ ထိုစဉ် ယဲ့ဖန်က လင်ကျစ်အား ကြောက်စရာကောင်းသော အကြည့်ဖြင့် ကြည့်လာ၏။
“မင်း သေချင်နေပြီလား”