← Chapters

အခန်း ၁၅၂၆

Vol. 102 Ch. 1526

အခန်း ၁၅၂၆

Vol. 102 Ch. 1526

Chapter 1526 ဘုရင်လေးပါး

ယဲ့ဘုရင် ကြမ်းကြုတ်သည်၊ ရက်စက်သည်။ ဘုရင်အဆင့်၊ သူတော်စင်သခင်အဆင့်နှင့် နတ်ဘုရင်အဆင့်အား သတ်နိုင်သူ။ သူ သွားလာသည့် မည်သည့်နေရာ၌မဆို ဘာအပင်မှ မပေါက်ချေ။

သူသည် လောကသို့ ရောက်လာသော နတ်ဆိုး၏ ကိုယ်စားလှယ် မဟုတ်ဘဲ သူသည်သာ နတ်ဆိုး ဖြစ်နေ၏။

ကောင်းကျန့်ရှန်းသည် ယဲ့ဖန်အပေါ် သူ၏ အထင်သေးမှုကို အစွမ်းကုန် ပြသရန် ကြိုးစားသော်လည်း တကယ်တမ်း၌ ဤနတ်ဆိုးအား သူလည်း အလွန် ကြောက်ရွံ့ပါသည်။

သူ့အရှေ့မှလူက လောကကို တုန်လှုပ်ချောက်ချားအောင် လုပ်ခဲ့သော နတ်ဆိုးဖြစ်ကြောင်း သေချာသွားပြီးနောက် သူ ကြံရာမရ ဖြစ်လာသည်။

ထိုလူက တော်ဝင်မြို့တော်သို့ တကယ် လာရဲလိမ့်မည်ဟု သူ တစ်ခါမှ ထင်မထားမိချေ။ ပို၍ ကြောက်စရာ ကောင်းသည်မှာ ထိုလူက ယခု သူတို့ရှေ့၌ ရှိနေခြင်းပင်။

“မြန်မြန် လူမြန်မြန်ခေါ်”

ကောင်းကျန့်ရှန်းက အလွန် ကြောက်လန့်နေသော အကြည့်များဖြင့် ရုတ်တရက် ထအော်လာသည်။ ထိုအခါတွင်မှ အကြောက်လွန်နေသော ရဲမက်များ အသိဝင်လာပြီး သူတို့ထဲမှ တစ်ယောက်က အထူးသတင်းပို့သော ကိရိယာကို ဖိနှိပ်လိုက်သည်။

“အခု သူ့ကို တားလိုက်ပါ”

ကောင်းကျဲက ကြောက်လန့်တကြား အော်ပြောလေသည်။ သို့သော် ယဲ့ဖန်က မမြင်ချင်ယောင်ဆောင်၍ တစ်ဖက်လူအား အထူးသတင်းပို့စက်အား ခလုတ်နှိပ်လိုက်စေသည်။

အဘယ်ကြောင့်ဆိုသော် ဤသို့လာသော လူတိုင်း သေကိုသေရပေမည်။ တစ်ယောက်မှ ခြွင်းချက်မထားပါ။

“ဒုန်း”

ဆယ်စက္ကန့်အတွင်း လမ်းဆုံးမှ ခြေသံများ ထွက်ပေါ်လာပြီး ရဲမက်များ လျင်မြန်စွာ ချီတက်လာလေသည်။ လူတစ်ရာ၊ တစ်ထောင်၊ တစ်သောင်း။

မျက်တောင်တစ်ခတ်အတွင်း တစ်လမ်းလုံး၌ အေးစက်မှုတို့နှင့် ပြည့်နှက်နေသော တော်ဝင်ရဲမက်များနှင့် ပြည့်နှက်လာကာ အဝိုင်းခံရလေသည်။

ကောင်းကျဲ၏ ခန္ဓာကိုယ် မသိမသာ တုန်ယင်လာသည်။ ဤသည်က အစသာ ရှိသေးပြီး ပိုမိုများပြားသော တော်ဝင်ရဲမက်များ ရောက်လာလိမ့်မည်ကို သူမ ရိပ်စားမိနေသည်။

လက်ရှိတွင် သူမ ယဲ့ဖန်ကို စိတ်မပူဘဲ မနေနိုင်ပါ။ ယဲ့ဖန်က တော်ဝင်မြို့တော်ကို တစ်ယောက်တည်း ချိုးဖောက် ဝင်ရောက်လာသဖြင့် မဆင်မခြင် လုပ်ရာကျလွန်းလှသည်။

သူ ရင်ဆိုင်ရမည့် ရန်သူက များလွန်းလှသည်။ ပထမဆုံး တော်ဝင်ရဲမက်များ၊ ပြီးလျင် တော်ဝင်နန်းတော်။ ထို့နောက်တွင်မူ တော်ဝင်မျိုးနွယ်အား စောင့်ရှောက်သော သူတော်စင်သခင်အဆင့်များ၊ ရင်မိသားစု၏ နတ်ဘုရင်အဆင့်၊ နောက်ဆုံး၌ ဧကရာဇ် ယွီရှန်။

ယဲ့ဖန်က သူတို့တစ်ယောက်ချင်းစီကို သတ်မှရမည်။ သို့သော် အဘယ်ကြောင့် သူ တစ်ယောက်တည်း လာရသနည်း။

ထိုအခိုက်တွင် သူမ ယဲ့ဖန်အတွက် မတန်ဟု ခံစားမိနေ၏။ ယဲ့ဖန်က သူ့လက်အောက်ငယ်သားများအတွက် သူ့အသက်ကို စတေးလိုစိတ် ရှိသော်လည်း အဘယ်ကြောင့် သူတို့က ယဲ့ဖန်ကို တော်ဝင်မြို့တော်သို့ တစ်ယောက်တည်း လာခွင့် ပေးရသနည်း။

၎င်းကို လက်မခံနိုင်ပါ။ ဤသည်က ယဲ့ဖန်ကို လာအသေခံခိုင်းသလိုပင်။

“ယဲ့ဖန် မင်းက တကယ် သန်မာတာကို ငါ လက်ခံတယ်၊ ဒါပေမဲ့ မင်း ဒီလောက်များတဲ့ ဝံပုလွေတွေကို ထိန်းနိုင်မှာ မဟုတ်ဘူး၊ မင်း ဘယ်လောက် ကြာကြာ ခံနိုင်မှာလဲ”

ဤသည်ကိုမြင်သော် ကောင်းကျန့်ရှန်းသည် ကြောက်မနေတော့ဘဲ ထီမထင်သော အပြုံးဖြင့် ယဲ့ဖန်အား ရန်လိုသလို ကြည့်လာသည်။

“ဪ ငါ မှတ်မိပြီ၊ မင်းမိန်းမက တော်ဝင်မြို့နံရံမှာ ချိတ်ဆွဲခံထားရပြီးတော့ လေဒဏ်နေဒဏ် ခံနေရတာလေ၊ သူ့ကို တစ်နာရီပြည့်တိုင်း ဓားနဲ့ထိုးနေတာ၊ မင်း မြန်မြန် သွားရမှာပေါ့”

ကောင်းကျန့်ရှန်းက တမင်သက်သက် ယဲ့ဖန် ဒေါသထွက်လာအောင် ထိုအကြောင်းပြော၍ ဆွလေသည်။

“နောက်ကျသွားရင် မင်းမိန်းမ သွေးလွန်ပြီး သေသွားလိမ့်မယ်၊ ဟားဟားဟား”

ထိုစကားကိုကြားသော် ယဲ့ဖန်၏ မျက်လုံးတွင် အေးစက်စက် အလင်းတန်း ဖြတ်ပြေးသွားသည်။ သူ့မျက်နှာ၌ လူသတ်လိုသော အရိပ်အယောင် ပေါ်လာသည်။

သူ ဒေါသထွက်လာသည်။ သူ ထိန်းမရအောင် ဒေါသူပုန်ထလာရသည်။

“ငရဲနတ်ဆိုးစစ်တပ် ဘယ်မလဲ”

ယဲ့ဖန် ကြွေးကြော်၍ အော်မေးလိုက်သည်။ သူ့စကားကြောင့် ကောင်းကျန့်ရှန်း အကြီးအကျယ် မျက်နှာပျက် သွားသည်။

*ယဲ့ဖန်က စစ်တပ်ကိုပါ ဒီခေါ်လာတာလား*

ထိုစဉ် ယဲ့ဖန်၏ ဘေးသို့ လူတစ်ယောက်ပြီး တစ်ယောက် ရောက်လာ၏။ သူတို့အားလုံး အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ညတာသဖွယ် မည်းမှောင်၍ ငရဲမှထွက်လာသည်ဟု ထင်မှတ်မှားရပြီး အားလုံး နတ်ဆိုး ဝိညာဉ်တို့ဖြင့် ပြည့်နှက်နေသည်။

သူတို့အသွင်အပြင်က မကောင်းဆိုးဝါးနှင့် တူနေသည်။ သို့သော် လူဦးရေက တစ်ရာမျှသာ ရှိသည်။ တော်ဝင် စစ်တပ်တစ်ခုလုံးနှင့် ယှဉ်လျင် သူတို့က မပြောပလောက်ပေ။

ဤသည်ကိုမြင်သော် ကောင်းကျန့်ရှန်း တစ်ခဏမျှ အံ့ဩနေပြီးနောက် အားပါးတရ ထရယ်လေသည်။

“ဟားဟားဟား … ယဲ့ဖန် မင်း ဦးနှောက်မှာ ပြဿနာ ရှိနေတာလား၊ မင်းက ဒီလူတစ်ရာလေးနဲ့ မြို့တော်ကို လာရဲတယ်လား၊ မင်း ရှုံးမှာစိုးပြီး စိတ်လွတ်သွားတာလား”

“အခုတော်ဝင်မြို့တော်မှာ စစ်သည် ဘယ်လောက် ရှိလဲ မင်း သိလား၊ နယ်စစ်တပ်၊ မြို့တော်စစ်တပ်၊ နယ်စပ်စောင့် စစ်တပ်နဲ့ ကြေးစားတွေအားလုံး ဒီမှာ စုဝေးနေတာ စုစုပေါင်း သုံးသိန်း ရှိတယ်ကွ”

“မင်းဘက်က လူတစ်ရာလောက်လေးနဲ့ သေတွင်းတူးနေတာပဲ*

*သေပြီ*

*ဒီအရူးတွေ သေချာပေါက် သေပြီ*

အစက ကောင်းကျန့်ရှန်းသည် ယဲ့ဖန်က စစ်တပ်ကြီးတစ်ခုကို ခေါ်လာမည်ကို စိုးရိမ်ခဲ့သည်။ သို့သော် သူက လူတစ်ရာမျှသာ ခေါ်လာခဲ့သဖြင့် သွားကြားပင် ညပ်မည် မဟုတ်ပါ။

“တကယ်လား ဒါဆိုလည်း သူတို့ကို နတ်ဆိုးတွေရဲ့ ကြမ်းကြုတ်မှုကို မြည်းစမ်းခိုင်းရတာပေါ့”

နတ်ဆိုးများအားလုံး ရုတ်တရက် ပြေးတက်၍ တိုက်ခိုက်သတ်ဖြတ်လေသည်။ ထိုအခါ နတ်ဆိုးများ၏ ကြမ်းကြတ်မှုနှင့် ကြောက်စရာကောင်းပုံတို့ ပုံပေါ်လာ၏။

ဟွမ်နူက ရှေ့မှ ဦးဆောင်၍ တိုက်ခိုက်လေသည်။ သူ့ကိုယ်မှ အနက်ရောင် မြူခိုးငွေ့များ ထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ်က ရုတ်တရက် ကြီးထွားလာကာ မြေကြီးမှနေ၍ တောင်တစ်လုဂ ထွက်ပေါ်လာသကဲ့သို့ ဆယ်မီတာ မြင့်မားသော လူ့ဘီလူးတစ်ကောင်အဖြစ် ပြောင်းလဲသွားကာ အနက်ရောင် အလင်းတန်းတစ်ခုက သူ့ကိုယ်ကို လွှမ်းခြုံနေကာ ကြောက်စရာ ကောင်းလှသည်။

“ဂါး…”

သူ့ထံမှ မိုးပြိုလောက်သည့် ဟိန်းသံ ထွက်ပေါ်လာပြီး အနက်ရောင် နတ်ဆိုးစွမ်းအင်က ကြောက်မက်ဖွယ် လှိုင်းလုံး သဖွယ် ပြောင်းလဲကာ အရှေ့သို့ ရိုက်ခတ်လာသည်။

ထောင်ချီသောလူများ ချက်ချင်း စိစိညက်ညက် ကြေသွားပြီး ပွဲချင်းပြီး သေဆုံးကာ အရိုးတစ်ချောင်းပင် မကျန်ခဲ့ချေ။

“မဖြစ်နိုင်ဘူး၊ ဒါ လုံးဝ မဖြစ်နိုင်ဘူး”

ကောင်းကျန့်ရှန်း၏ မျက်နှာသည် ကြောက်စိတ်ကြောင့် ဖြူဖပ်ဖြူရော် ဖြစ်နေ၏။ တစ်ဖက်လူက လူတစ်ယောက်မျှသာ ဖြစ်သော်လည်း ထောင်ချီသော တော်ဝင်ရဲမက်များကို သတ်သွားခဲ့သည်။

ထိုလူများထဲတွင် ဈာန်ဝင်စားခြင်းအဆင့်၊ နဂါးအသွင်ပြောင်းခြင်းအဆင့်နှင့် ဘုရင်အဆင့်များပင် ပါဝင်လေသည်။ သို့သော် သူတို့အားလုံး ဟွမ်နူ၏ လက်ထဲ၌ သေသွားရသည်။

*ထောင်ချီတဲ့လူတွေ ချက်ချင်း ပြာဖြစ်သွားတယ်တဲ့လား*

*ဒါက မယုံနိုင်စရာ ကောင်းလိုက်တာ*

ဤသည်ကိုမြင်သော် တော်ဝင်ရဲမက်များအားလုံး ကြက်သီးမွေးညင်းထကာ မျက်နှာတွင် ကြောက်လန့်ဟန်များ ပေါ်လာ၏။ တစ်ဖက်က လူတစ်ယောက်တည်းဖြင့် သူတို့ဘက်မှ ထောင်ချီသော လူများကို သတ်ခဲ့သည်။ ဤသည်က ဖြစ်နိုင်ချေမရှိသော တိုက်ပွဲပင်။ လက်ရှိတွင် ငရဲခန်း ရောက်လာလေတော့သည်။

“နတ်ဆိုးနဂါး အော်သံ”

“သွေးပင်လယ်”

“အမှောင်နတ်ဘုရား သတ်ဖြတ်ခြင်း”

နတ်ဆိုးမျိုးနွယ်မှ လူများအားလုံး ရက်စက်သော တိုက်ကွက်များကို ထုတ်ဖော်၍ တိုက်ခိုက်လာသည်။ လက်ရှိသော တစ်ယောက်ပြီး တစ်ယောက် တစ်စစီ ဖြစ်ကာ အသတ်ခံနေရသည်။

သွေးများက မြစ်သဖွယ် စီးဆင်းလာပြီး မြင်ကွင်းက ကြောက်မက်ဖွယ် ကောင်းလှသည်။ ရဲမက်များ တစ်ယောက်ပြီး တစ်ယောက် လဲကျသွား၏။

ထို့အပြင် လူတိုင်းသည် ခန္ဓာကိုယ် ပေါက်ကွဲသွားသဖြင့် မည်သည့် အရိုးမှ မကျန်ခဲ့ဘဲ ပွဲချင်းပြီး သေဆုံးသွား ခဲ့ရသည်။

လျော့နည်းသွားသော လူဦးရေက လျင်မြန်သိသာလှသည်။ တော်ဝင်ရဲမက်များသည် ဤနတ်ဆိုးများ၏ တိုက်ခိုက်မှုကို တောင့်မခံနိုင်ပါ။ ထိပ်တိုက်ရင်ဆိုင်ရချိန်တွင် ထောင်နှင့်ချီပြီး သေကြေပျက်စီးရသည်။

သို့သော် ထိုသို့ထိခိုက်ရသော လူဦးရေက တိုးလာနေဆဲပင်။ ဤလူများ၏ လူတစ်ယောက်က တစ်ရာနှင့် ညီမျှ လေသည်။

“မဖြစ်နိုင်ဘူး ဟုတ်လား”

ယဲ့ဖန်က အပြုံးကြီး ပြုံးနေ၏။

“ငါ့နတ်ဆိုးတိုင်းက လူတစ်ထောင်ကို ယှဉ်နိုင်တာ သိလား”

“ငါ့နတ်ဆိုး စစ်သူကြီးက လူတစ်သောင်းကို ယှဉ်နိုင်တယ်”

“မင်းမှာ ရာထောင်မက သန်းချီတဲ့ စစ်တပ်ရှိတောင် ငါ့နတ်ဆိုးတွေက သတ်နိုင်တယ်”

ယဲ့ဖန် လက်ဝှေ့ယမ်း၍ အမိန့်ပေးလိုက်သည်။

“သတ်”

“သတ်ဟေ့”

လူတိုင်း ညာသံပေး၍ ကျယ်လောင်စွာ ကြွေးကြော်ကြသည်။ တော်ဝင်ရဲမက်များအားလုံး ချောက်ချား သွားလေသည်။ ကြောက်လန့်နေသည်။ သူတို့ အလွန်အမင်း ကြောက်လန့်နေ၏။

ကျန်နေသော ရဲမက်များသည် တိုက်ခိုက်ချင်စိတ် ပျောက်ဆုံးကာ ဦးတည်ရာမဲ့ ထွက်ပြေးကြလေသည်။ သူတို့သည် စစ်သားများ ဖြစ်ကာ လူသား ဖြစ်ပေသည်။ သူတို့သည် လူကိုသာ သတ်နိုင်ပြီး နတ်ဆိုးအား မသတ်နိုင်ပါ။

ကောင်းကျန့်ရှန်းသည် ရဲမက်များကြောင့် ဒယိမ်းဒယိုင် ဖြစ်သွားပြီး နောက်သို့ အနည်းငယ် ဆုတ်သွားပြီးနောက် မြေကြီးပေါ် လဲကျသွားသည်။

သူ နားဝေတိမ်တောင် ဖြစ်နေ၏။ နတ်ဆိုးစစ်တပ်၏ အမည်ဂုဏ်သတင်းကို သူသည်လည်း ကြားဖူးပါသည်။ သို့သော် ဤမျှအထိ ကြောက်စရာကောင်းလိမ့်မည်ဟု သူ ထင်မထားမိပါ။

*ဒါ သတ်ဖြတ်နေတာ*

*ရက်စက်လွန်းတယ်*

ဤမြင်ကွင်းက ကောင်းကျန့်ရှန်းကို ကြောက်ရွံ့သွားစေသည်။ သူ နောင်တရလာသည်။ သူ ယဲ့ဖန်၏ ရန်သူ မဖြစ်ခဲ့သင့်ပေ။ သူ ဘဝင်မြင့်မနေခဲ့သင့်ပါ။ သူ ကိုယ့်သေတွင်း ကိုယ်တူးမိလေပြီ။

လက်ရှိတွင် သူ မနေနိုင်ဘဲ ခေါင်းမော့၍ ယဲ့ဖန်ကို ကြည့်လေသည်။ ယဲ့ဖန်ကလည်း သူ့အား ကြည့်နေသည်ကို တွေ့လိုက်ရသည်။

“မင်း ငါ့ကို စော်ကားခဲ့တယ်၊ အဲ့အတွက် မင်းကို ငါ သတ်မယ်၊ မင်း သဘောမတူရင်လည်း ငါ မင်းကို သတ်မယ်”

ယဲ့ဖန် ကျယ်လောင်စွာ ပြောလိုက်ပြီး သူ့ကိုယ်မှ ကြောက်မက်ဖွယ် အနက်ရောင်လှိုင်းတစ်ခု ထွက်လာပြီး ကောင်းကျန့်ရှန်းအား ချက်ချင်း ရစ်ပတ်သွားသည်။

“မလုပ်နဲ့၊ ငါ မသေချင်ဘူး”

ကောင်းကျန့်ရှန်း ချက်ချင်း ထအော်လာပြီး သူ့ကိုယ်မှ အရေပြားတိုင်း စုတ်ဖြဲခံနေရသည်ဟု ခံစားမိကာ နာကျင်နေသည်။ မသိလျင် ထောင်ချီသော အပ်များဖြင့် ထိုးစိုက်ခံနေရသလိုပင်။

ထို့နောက်တွင်မူ သူ့ခန္ဓာကိုယ်က ယိုယွင်း ပျက်စီးစပြုလာသည်။ လက်မောင်း စုတ်ပြဲကာ ပေါင်ကျိုးသွားသည်။ ထို့နောက် ချက်ချင်းဆိုသလိုပင် အသားပြားသဖွယ် ဖြစ်လာသည်။ ကောင်းကျန့်ရှန်း၏ ဆိုးရွားသော အခြေအနေကိုမြင်ပြီး ကောင်းကျဲ မကြည့်ရက်တော့ချေ။ တကယ်တမ်းတွင် သူက သူမ၏ အစ်ကိုရင်း ဖြစ်နေသည် မဟုတ်ပါတကား။

သို့သော် ဤသည်က ကောင်းကျန့်ရှန်း၏ အမှားဖြစ်ကြောင်းလည်း သူမ သိပါသည်။ သူ့အား သနားရန် မထိုက်တန်ပါ။

“ရောက်လာတာနဲ့ အကုန်သတ်နေတာပဲ၊ ယဲ့ဘုရင် မင်းက တော်တော် ဟုတ်နေပါလား”

ရုတ်တရက် ကောင်းကင်ထက်မှ ကြောက်စရာကောင်းသော ဖိအားတစ်ခု ကျဆင်းလာပြီး ဒီရေအလား ပျံ့လွင့် လာ၏။

ကောင်းကင်မှနေ၍ နတ်ဘုရားနှင့်တူသော လူလေးယောက်က ဖြည်းဖြည်းချင်း ဆင်းလာပြီး ယဲ့ဖန်ရှေ့သို့ ရောက်လာလေသည်။

သူတို့သည် ရင်မိသားစု၏ ဘုရင်လေးပါး ဖြစ်သော လေ၊ မိုး၊ မိုးကြိုးနှင့် လျှပ်စီးတို့ ဖြစ်လေသည်။ အားလုံးက နတ်ဘုရင်အဆင့်များ ဖြစ်ကြသည်။

ဘုရင်လေးပါးသည် တစ်ကြိမ်က လွှမ်းမိုးအုပ်ချုပ်ခဲ့သော ပုဂ္ဂိုလ်များ ဖြစ်ခဲ့သည်။ ထို့နောက် ဧကရာဇ် ယွီရှန်ထံတွင် ရှုံးနိမ့်ခဲ့ပြီး အစေခံအဖြစ် ခစား၍ ရင်မိသားစုကို ထာဝရ သစ္စာစောင့်သိရန် ကြိုဆိုခဲ့သည်။

နှစ်ပေါင်းများစွာကြာပြီးနောက် သူတို့သည် ဧကရာဇ် ယွီရှန်၏ လမ်းပြမှုအောက်၌ သူတို့၏ ခွန်အားက ယခင်ထက် ကြမ်းကြုတ်၍ လွှမ်းမိုးလာလေသည်။

သူတို့ ရောက်လာသည်ကိုမြင်သော် ထွက်ပြေးနေသော တော်ဝင်ရဲမက်များသည် ရုတ်တရက် မျှော်လင့်ချက် ပြန်ပေါ်လာပီး တစ်ယောက်ပြီး တစ်ယောက် ဒူးထောက်လာ၏။

“အရှင်တို့ ကူညီပေးဖို့ တောင်းဆိုပါတယ်”

သို့သော် ဘုရင်လေးပါးက သူတို့ကို တစ်ချက်သာ ကြည့်လာ၏။ ထိုအကြည့်တွင် အထင်သေးမှုနှင့် ပျင်းရိမှုတို့ ပါဝင်နေသည်။

“သတ္တိမရှိတဲ့လူတွေက ငါတို့ဘက်ကလူတွေ ဖြစ်ဖို့ မထိုက်တန်ဘူး၊ မင်းတို့ သေသင့်တယ်”

လေဘုရင်က အေးစက်စွာ ပျက်ရယ်ပြုလိုက်ပြီး လက်ဝါးဖြင့် ဒေါသတကြီး ရိုက်ချလိုက်သည်။ ထိုအခါ မိုးကြိုးများ ပစ်ခွင်းလာပြီး ထိုရဲမက်များအားလုံး ပေါက်ကွဲ၍ သေဆုံးသွားလေသည်။

ထိုတော်ဝင်ရဲမက်များသည် သူတို့ ဖိတ်ကြားထားသည့် အကူအညီပေးမည့်သူများက သူတို့ကို ပြန်တိုက်ခိုက်၍ သုတ်သင်လိမ့်မည်ဟု တစ်ခါမှ ထင်မထားမိချေ။

ဤသည်ကိုမြင်သော် ကောင်းကျဲ မချိပြုံး ပြုံးလိုက်သည်။ ရင်မိသားစုက ဤပုရွက်ဆိတ်ကဲ့သို့သော လူများ၏ အသက်ကို အရေးမစိုက်ကြောင်း သူမ အချိန်အတော်ကြာစဉ်ကတည်းက ရိပ်စားမိသည်။

အင်ပါယာကို ရင်မိသားစုလက်ထဲ လွှဲပေးလိုက်ခြင်းက လူ့အသက်များကို ချိန်ခွင်လျှာပေါ် တင်လိုက်သလိုပင်။

ထို့နောက် ဘုရင်လေးပါးက ယဲ့ဖန်ဘက်သို့ လှမ်းကြည့်လာပြီး သွေးဆာရက်စက်သော အပြုံးမျိုး ပြုံးလာကြသည်။

“ယဲ့ဖန် မင်းက အရူးပဲ၊ မင်းက တော်ဝင်မြို့တော်ကို သေလမ်းရှာဖို့ တကယ် လာရဲတာပဲ၊ ဒီအမှိုက်တစ်သိုက်နဲ့ မင်း ငါတို့ ရင်မိသားစုကို ယှဉ်နိုင်ပြီလို့ ထင်နေတာလား”

“ယဲ့ဖန် မင်း ဘာကို စောင့်နေတာလဲ၊ ဘာလို့ မြန်မြန် လာအသေခံတာလဲ”

“ယဲ့ဖန် မင်းအရည်အချင်းကို လေ့လာဖို့ ငါတို့ လေးယောက် ရောက်လာပြီ”

သူတို့အရှေ့မှ လူလေးယောက်သည် ဧကရာဇ် ယွီရှန်၏ လက်အောက်မှ အသန်မာဆုံးသော လက်အောက်ငယ်သား လေးယောက် ဖြစ်လေသည်။

ထိုအခါ ယဲ့ဖန်က အထင်သေးသော အပြုံးမျိုး ပြုံးလာ၏။

“မင်းတို့ကလား … မင်းတို့က ငါ့ပြိုင်ဘက် ဖြစ်ဖို့ အရည်အချင်း မပြည့်မီဘူး”

ထိုစကားက လူအုပ်ကြားထဲ၌ ရုတ်ရုတ်သဲသဲ ဖြစ်သွားစေသည်။ အင်ပါယာမှ လူများအားလုံး အံ့ဩသွားကြသည်။

*ရင်မိသားစုရဲ့ ဘုရင်လေးပါးက ယဲ့ဖန်နဲ့ တိုက်ခိုက်ဖို့ အရည်အချင်း မပြည့်မီဘူး ဟုတ်လား၊ ဒါက အရမ်း လေကျယ်လွန်းနေတာ မဟုတ်ဘူးလား*

ထိုစကားကြောင့် ဘုရင်လေးပါး၏ မျက်လုံးတွင် ဒေါသရိပ်များ ပေါ်လာပြီး အလွန်အမင်း စိတ်တိုသွားကြသည်။

*ယဲ့ဖန်က ငါတို့ကို အထင်သေးရဲတယ်လား*

*လုံးဝ ခွင့်မလွှတ်နိုင်စရာပဲ*

ထို့နောက် ယဲ့ဖန်က ဟွမ်နူနှင့် အခြားသူများကို လှမ်းကြည့်၍ ရယ်ကျဲကျဲဖြင့် ပြောလိုက်သည်။

“မင်းတို့ သူတို့နဲ့ ကစားမှာလား”

“ပြောချင်နေတာ အဲ့ဒါပဲ”

“ကြက်ကလေးတွေကို သတ်ပြီး ဘာလုပ်မှာလဲ၊ ကျုပ်တို့နဲ့တင် လုံလောက်တယ်”

All Chapters