အခန်း ၁၅၂၈
Vol. 102 Ch. 1528
Chapter 1528 ယဲ့ဘုရင် သေပြီ
မြေဆီလွှာ တုန်ခါလာ၏။ ထိုအခိုက်တွင် အခြားကမ္ဘာမှ ရောက်လာသည်ဟု ထင်ရသော စွမ်းအင်တစ်ခု စီးဆင်းလာသည်။
ချက်ချင်းဆိုသလိုပင် ထည်ဝါသော ဧရာမ တံခါးတစ်ချပ်က မြေကြီးထဲမှ တိုးထွက်လာပြီး ၎င်းသည် မည်းနက်၍ ခံ့ညားလှပြီး ပေတစ်သောင်းမျှမြင့်ကာ မိုးအထိ ထိုးတက်နေ၏။
ဤကြောက်စရာကောင်းသော မြင်ကွင်းကို တော်ဝင်မြို့တော်တစ်ခုလုံး မြင်လိုက်ရသည်။
*ဘာမှန်း မသိဘဲ နန်းတော်ထဲမှာ တိမ်တိုက်အထိ တိုးထွက်နေတဲ့ တံခါးအမြင့်ကြီး ပေါ်လာပါလား*
နန်းတော်၏ ကြမ်းပြင် ပျက်စီးသွားပြီး နန်းတော်သည် ကြီးမားသော ဧရိယာပမာဏအထိ ပျက်စီးသွားပြီး အဆောက်အဦးများ ပြိုကျသွားသည်။
*ချင်ဧကရာဇ်ရဲ့ သင်္ချိုင်းဂူ ဟုတ်လား*
ပိုင်ကျန့်ချင်း ထိတ်လန့်သွားသည်။
*အဲ့ဒါ ကျူးလုံ ဧကရာဇ်ရဲ့ သင်္ချိုင်း မဟုတ်လား*
*မြေအောက်လောကက ဧကရာဇ် ကျူးလုံရဲ့သင်္ချိုင်းဂူကို ဆင့်ခေါ်နိုင်တာလား*
“ယဲ့ဖန် ကျွန်မကို အဝေးကို ခေါ်သွားပါ၊ ကျွန်မ ဒီမှာ မသေချင်ဘူး”
ပိုင်ရွှယ်က ယဲ့ဖန်ကို ပြောလိုက်သည်။ ဤနေရာက သူမအတွက် အိပ်မက်ဆိုးဆန်သော အမှတ်တရများသာ ချန်ထားခဲ့သည်။
“မင်း မသေပါဘူး”
ချင်ဧကရာဇ် သင်္ချိုင်းဂူကို မြင်သောအခါ ယဲ့ဖန်၏ မျက်လုံးတွင် အတောမသတ်နိုင်သော ဝမ်းသာမှုများ ပေါ်လွင်လာသည်။
ချင်ဧကရာဇ် သင်္ချိုင်းဂူအား တမလွန်မှ အဝါရောင် စမ်းချောင်းနှင့် မင်မြစ်ကြား၌ ဖုံးဝှက်ထားသော အရာဖြစ်သည်။ ၎င်းအား လျှို့ဝှက်နည်းလမ်းဖြင့်သာ ဖွင့်နိုင်သည်။ ရင်မိသားစုက ဧကရီမင်ဟို့ကို လျှို့ဝှက်ချက်များ ပြောထားပြီးကြောင်း သိသာလှသည်။
ဧကရီမင်ဟို့က ဤလျှို့ဝှက်နည်းလမ်းကို ကျွမ်းကျင်လိမ့်မည်ဟု ယဲ့ဖန် ထင်မထားမိပါ။ ချင်ဧကရာဇ် သင်္ချိုင်းဂူကို ဖွင့်၍ သူ့အား ရင်ဆိုင်ချင်နေသေးသည်။
ချင်ဧကရာဇ်၏ သင်္ချိုင်းဂူအတွင်း၌ ထောင်ချီသော မသေမျိုးစစ်တပ်ထက်ပင် ပိုကြောက်စရာကောင်းသော ပုန်းအောင်းနေသော အရာ ရှိလေသည်။
ဤသည်ကိုမြင်သော် ပိုင်ကျန့်ချင်း၏ မျက်နှာတွင် နှစ်ထောင်းအားရ ဖြစ်ဟန် ပေါ်လာသည်။ ဧကရီ မင်ဟို့ ယခုတစ်ခေါက် တကယ် လှုပ်ရှားပြီဖြစ်ကြောင်း သူ သိလိုက်သည်။ ထို့အပြင် သူမက ယဲ့ဖန်ကို အပြီးတိုင် သတ်ပစ်ပေတော့မည်။
ချင်ဧကရာဇ်၏ သင်္ချိုင်းဂူ ပွင့်လာလျင် အင်မော်တယ် ဧကရာဇ်အဆင့်တောင်မှ ဒူးထောက်ရသည်။ အင်မော်တယ် ဧကရာဇ်အဆင့်တောင်မှ သေခြင်းကို မရှောင်တိမ်းနိုင်ပါ။
ရုတ်တရက် ခံ့ညားထည်ဝါပြီး လွှမ်းမိုးနိုင်သော ပုံရိပ်တစ်ခု ပေါ်လာ၏။ မမြင်ရသော ဖိအားတစ်ခုက လူအများထံ ပျံ့လွင့်လာသည်။
မိုးမြေသည် ဤအခြေအနေကြောင့် ပြောင်းလဲလာပြီး နတ်ဘုရား ပြစ်ဒဏ် ကျရောက်လာတော့မတတ် ဖြစ်ကာ ကောင်းကင်ယံ စုတ်ပြဲ၍ အသံများအားလုံး တိတ်ကျသွားသည်။
ထွက်လာသူသည် နေနှင့်လတို့ကိုပင် လွှမ်းမိုးပြီး နတ်ဘုရား ပဲ့ထိန်းဘီးကို ကိုင်ဆောင်ထားကာ တစ်ကိုယ်လုံး၌ နတ်ဘုရား သင်္ကေတများ လည်ပတ်နေ၏။ အသက်ရှူလိုက်တိုင်း တောက်ပသော အငွေ့များ ထွက်ပေါ်လာကာ တစ်ကြိမ် လှုပ်ရှားလျင် မိုင်ထောင်ချီ သွားလာနိုင်လေသည်။
သူသည် ချင်ဧကရာဇ်၏ သင်္ချိုင်းဂူတံခါးမှ နတ်ဘုရားတစ်ပါး လျှောက်လှမ်းလာသကဲ့သို့ ဖြည်ဖြည်းချင်း ထွက်လာပြီး မျက်လုံးတစ်စုံက စူးရှလင်းလက်နေ၏။
သူတို့ကိုမြင်လိုက်ရသည်နှင့် လူတိုင်း တုန်လှုပ်သွားကြသည်။ အင်ပါယာ တော်ဝင်မြို့တော် တစ်ခုလုံးကို ကြောက်မက်ဖွယ် စွမ်းအင်တစ်ခု လွှမ်းခြုံလာပြီး လူတိုင်း ပြိုင်တူ ဒူးထောက်ကာ အရိုအသေ ပေးလာကြသည်။ သူတို့အားလုံး၏ မျက်လုံးတွင် ကြောက်စိတ်များ ဖုံးလွှမ်းလာသည်။
“ဧကရာဇ်ယွီရှန်”
ဤသည်ကိုမြင်သော် ဧကရီမင်ဟို့၏ မျက်လုံးတွင် မျက်ရည်ပူများ စီးကျလာသည်။ သူမ စိတ်လှုပ်ရှားလွန်းသဖြင့် ချက်ချင်း ဒူးထောက်လိုက်သည်။
ပိုင်ကျန့်ချင်း အံ့ဩသွားသည်။
*ဒီလူက ဧကရာဇ် ယွီရှန်လား*
ဧကရာဇ် ယွီရှန်သည် ရှေ့သို့လှမ်းလာပြီး ကောင်းကင်ယံကို နင်းကာ ယဲ့ဖန်အား သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ကြည့်လာသည်။
“ငါ့မျိုးဆက်ကို သတ်တာ မင်းလား”
ထိုစကားသံက မိုးခြိမ်းသံသဖွယ် ထွက်ပေါ်လာပြီး လူတိုင်း နားစည်ကွဲမတတ် ခံစားလိုက်ရသည်။ သို့သော် ယဲ့ဖန်ကမူ သူ့ကို အရေးမလုပ်ဘဲ ပိုင်ရွှယ်ကို ပွေ့ပိုက်၍ ချင်ဧကရာဇ်၏ သင်္ချိုင်းဂူ ရှိရာဘက်သို့ ဖြည်းဖြည်းချင်း လျှောက်လာသည်။
ဤသည်ကိုမြင်သော် လူတိုင်း အံ့ဩသွားပြီး မယုံနိုင်သလို ဖြစ်နေကြသည်။
*ဒီလူက ချင်ဧကရာဇ်ရဲ့ သင်္ချိုင်းဂူထဲကို တကယ် ဝင်မလို့လား*
*သူ ရူးနေတာလား*
ချင်ဧကရာဇ်၏ သင်္ချိုင်းဂူထဲတွင် ခန့်မှန်းမရသော ဖွဲ့စည်းတည်ဆောက်ပုံ များစွာ ရှိသည်။ ရင်မိသားစုမှလွဲလျင် ခြေချသည့် မည်သူမဆိုအတွက် သေလမ်းသာ ရှိသည်။
*ဒီလူက သေလမ်း ရှာနေတာလား*
ချက်ချင်းဆိုသလိုပင် လူတိုင်း ကြက်သေ သေနေကြသည်။
*ယဲ့ဖန်က တကယ် ဒီလိုမျိုး သေတွင်းတူးနေတာလား*
ဧကရာဇ် ယွီရှန်သည်လည်း မျက်မှောင်ကြုတ်သွားသည်။ တစ်ဖက်လူက သူ့ကို မြင်သည်နှင့် သေခြင်းကို တိုက်ရိုက် ရွေးချယ်လိမ့်မည်ဟု သူ မျှော်လင့်ထားပုံ မရချေ။
ချက်ချင်းဆိုသလိုပင် သူ့မျက်နှာတွင် သရော်လှောင်ပြောင်ဟန် ပေါ်လာ၏။
“မင်းမှာ သေလမ်းပဲ ရှိတာကို သတိပြုမိလို့ သေဖို့ပဲ ရွေးချယ်လိုက်တာလား”
သူ့စိတ်ထဲတွင် ယဲ့ဖန်က မိမိ သေချာပေါက် သေရမည်ကို သိနေ၍ သေကြောင်းကြံရန် ရွေးချယ်လိုက်ခြင်း ဖြစ်ရမည်ဟု ထင်နေသည်။
“ဟားဟားဟား ယဲ့ဖန် မင်း ဒီနေ့ ဘာတတ်နိုင်သေးလဲ၊ အခု မင်း မယှဉ်နိုင်တဲ့ ပုဂ္ဂိုလ်နဲ့ တွေ့လိုက်ရတော့ ဘယ်လို ခံစားရလဲ”
ပိုင်ကျန့်ချင်းက အားပါးတရ ရယ်မောနေသည်။
*ယဲ့ဖန်က ဧကရာဇ် ယွီရှန်ကို တွေ့တာနဲ့ သေကြောင်းကြံဖို့ ရွေးချယ်တယ်တဲ့ ရယ်ချင်စရာ ကောင်းလိုက်တာ*
“မဖြစ်နိုင်လိုက်တာ၊ ယဲ့ဘုရင်က တော်တော် သုံးစားမရတာဘဲ၊ တစ်ဖက်လူနဲ့ တိုက်ရဲတဲ့ သတ္တိတောင် မရှိလို့ သေဖို့ ရွေးချယ်လိုက်တာလား*
“မင်း ဘာသိလို့လဲ တစ်ဖက်လူက ဧကရာဇ် ယွီရှန်ကွ၊ သူ့လက်ထဲ ရောက်သွားရင် သေတာထက်တောင် ဆိုးဦးမယ်၊ ယဲ့ဘုရင် သေကြောင်းကြံတာ ဖြစ်သင့်တဲ့ကိစ္စပဲ”
“ဟားဟားဟား သေမယ်ဆိုတာသိရင် ဘာလို့ တော်ဝင်မြို့တော်ကို လာအသေခံသေးလဲ၊ ဒီယဲ့ဖန်က တကယ့်ကို ဦးနှောက်မရှိဘူး၊ ဒါ ငါတို့ တော်ဝင်မျိုးနွယ်နဲ့ ရန်သူ ဖြစ်ရင် ကြုံရမယ့် အဆုံးသတ်ပဲ၊ နည်းတောင် နည်းသေးတယ်”
တော်ဝင်မျိုးနွယ်ဝင်များက စတင်၍ ပုတ်ခတ် လှောင်ပြောင်ကြပြီး ယဲ့ဖန်၏ သေဆုံးမှုကို မြင်ရတော့မည် ဖြစ်သဖြင့် သူတို့မျက်နှာတွင် ဝမ်းသာအားရ ဖြစ်ဟန်တို့ဖြင့် ပြည့်နှက်နေ၏။
“ဧကရာဇ် ယွီရှန် သူ့ကိုသတ်လိုက်ပါ၊ သူ့ကို မြန်မြန် သတ်လိုက်ပါ”
ထိုစဉ် ဧကရီမင်ဟို့က အသည်းအသန် အော်ပြောလေသည်။ သူမမျက်လုံးတွင် ရက်စက်ခက်ထန်မှုနှင့် ဒေါသတို့ ပြင်းထန်စွာ ပေါ်လွင်နေ၏။
သူမ ယဲ့ဖန်ကို ဘယ်လိုလုပ် လွယ်ကူစွာ သေခိုင်းနိုင်ပါမည်နည်း။ သူ ယဲ့ဖန်ကို ဖြည်းဖြည်းချင်း နှိပ်စက်ပြီး သူမသားများကို သတ်ခဲ့သည့်အတွက် ကြောက်စရာကောင်းသော တန်ကြေးကို ပေးဆပ်ခိုင်းစေချင်သည်။
သို့သော် ဧကရာဇ် ယွီရှန်က မလှုပ်မယှက် ဆက်ရှိနေပြီး အေးစက်စွာ သရော်သံပြုကာ အလွန် အထင်သေးစွာ ပြောလာသည်။
“ဒီလိုငကြောက်မျိုးက ငါ့လက်ထဲမှာ သေဖို့ မထိုက်တန်ဘူး”
သွေးကြောင်သောသူများက ရှက်စရာအကောင်းဆုံးသော လူများ ဖြစ်လေသည်။ ဧကရီ မင်ဟို့က အေးစက်စက် ပျက်ရယ် ပြုလာ၏။
“သူ့အတွက် ပေါ့ပေါ့တန်တန် ဖြစ်နေတာပဲ”
“သေပြီ ယဲ့ဖန် နောက်ဆုံးတော့ သေပြီ”
ပိုင်ကျန့်ချင်းက စိတ္တဇသမားသဖွယ် ပြုံးနေသည်။ လက်ရှိတွင် သူ ရူးသွပ်နေလေသည်။ သူ့ကို ညတိုင်း အိပ်မရအောင် လုပ်နေသော ထိုလူ သေတော့မည် မဟုတ်ပါတကား။
ထို့နောက် ယဲ့ဖန်နှင့် ပိုင်ရွှယ်တို့၏ ပုံရိပ်က တံခါးကိုဖြတ်သန်းပြီးနောက် ပျောက်ကွယ်သွားလေသည်။ ထိုအခါ ဧကရာဇ် ယွီရှန်က မိုးခြိမ်းသံပမာ ကျယ်လောင်စွာ အော်ပြောလိုက်သည်။
“ယဲ့ဘုရင် သေပြီ”
ကြောက်စရာကောင်းသော အသံလှိုင်းသည် မိုင်ထောင်ချီ ပျံ့နှံ့သွားပြီး ဤသတင်းစကားက အင်ပါယာ၏ ချောင်ကျိုချောင်ကြားမကျန် ပျံ့နှံ့သွားသည်။
တော်ဝင်မြို့တော်တစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်သွားပြီး လူတိုင်း၏ မျက်နှာတွင် မယုံနိုင်ဟန်များ ပြည့်နှက်လာ၏။
*ယဲ့ဘုရင် သေသွားပြီလား*
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
*အဲ့ပြိုင်ဘက်ကင်းတဲ့ နတ်ဆိုးကလေ*
ကြောက်လန့်တုန်လှုပ်ခြင်းဟူသော စကားနှင့်အတူ တွဲမြင်မိသော ထိုလူ။ ဖျက်ဆီးခြင်းနှင့် သတ်ဖြတ်ခြင်းကိုသာ လုပ်ဆောင်တတ်သည်ဟု ထင်ရသော တည်ရှိမှု။ သူနှင့် ရန်သူဖြစ်လျင် ဆိုးရွားသော သေခြင်းဖြင့်သာ အဆုံးသတ်ရသည်။
တဖြည်းဖြည်းနှင့် အင်ပါယာမှလူများအားလုံး အချက်တစ်ချို့ကို လက်ခံလာကြသည်။ ယင်းမှာ ယဲ့ဘုရင်က ပြိုင်ဘက်ကင်းသည်။ ယဲ့ဘုရင်က မသေဆုံးနိုင်။ သို့သော် ယနေ့ သူတို့၏ ထင်မြင်ချက်က လုံးဝ ပြောင်းလဲသွားပါတကား။
*ယဲ့ဘုရင်၊ သူက သေသွားပြီလား”
“မဖြစ်နိုင်ဘူး လုံးဝ မဖြစ်နိုင်ဘူး”
ထျဲမူထားနှင့် အခြားသူများအားလုံး နန်းတော်ရှိရာ အရပ်သို့ အလွန် ထိတ်လန့်သော မျက်နှာများဖြင့် ကြည့်လာကြသည်။
သူတို့ မယုံနိုင်ပါ။ သူတို့၏ ဧကရာဇ်က တကယ် သေသွားသည်တဲ့လား။ လုံးဝ မဖြစ်နိုင်ပေ။ သူတို့၏ ဧကရာဇ်သည် မသေမျိုး ဖြစ်သည်။
*သူက ကျူးလုံဧကရာဇ်လေ*
*သူက ချင်ဧကရာဇ်လေ*
*ဘယ်လိုလုပ် သူက သေနိုင်မှာလဲ*
“ဖန်ဆင်းရှင် မသေနိုင်ဘူး၊ သူ သေမှာ မဟုတ်ဘူး”
နေဘုရင်၏ မျက်လုံးများ ပြူးကျယ်နေပြီး မျက်နှာပေါ်သို့ မျက်ရည်များ စီးကျနေသည်။ ဤအချက်ကို သူတို့ လက်မခံနိုင်ပါ။
သူတို့မျိုးနွယ် ပြန်လည်ရှင်သန်နိုင်မည့် မျှော်လင့်ချက်ကို သူ ယခုမှ မြင်ခဲ့ရသည်။ သို့သော် ယခုအခါတွင်မူ သူ၏ မျှော်လင့်ချက် ပျက်ပြယ်သွားရသည်တဲ့လား။
“အတု ဒါ အတုပဲ ဖြစ်ရမယ်၊ ကျူးလုံ ဧကရာဇ်က ပြိုင်ဘက်ကင်းလေ၊ ကောင်းကင်ဘုံကတောင် သူ့ကို မသတ်နိုင်တာ၊ ဘယ်လိုလုပ် အင်မော်တယ် ဧကရာဇ်အဆင့်တစ်ယောက်ကြောင့် သူ ရှုံးမှာလဲ၊ ငါ မယုံဘူး”
ဟွမ်နူ၏ မျက်လုံးများက မီးဝင်းဝင်း တောက်နေပြီး သူ့မျက်လုံးတွင် အဆုံးအစမဲ့သော ဒေါသများ ဖြတ်ပြေး နေသည်။
“အရူးကောင်”
“ရှောင်ယဲ့”
နတ်ဆိုးနဂါ ဖုရှန်နှင့် အခြားညီအစ်ကိုများ အားလုံးသည် နန်းတော်ရှိရာ အရပ်သို့ ကြည့်နေကြပြီး လက်ရှိတွင် သူတို့၏ အမူအရာက ခက်ထန်နေကာ အံကြိတ်ထားကြသည်။
*တစ်ဖက်လူက ယုတ်ညံ့တဲ့နည်းလမ်းတွေသုံးပြီး ယဲ့ဖန်ကို အကွက်ချလိုက်တာပဲ ဖြစ်မယ်*
*မဟုတ်ရင် ယဲ့ဖန်က ဘယ်လိုလုပ် သေမှာလဲ*
*မဖြစ်နိုင်ဘူး*
*ဒါ လုံးဝ မဖြစ်နိုင်ဘူး*
လူတိုင်း ဤသတင်းကို လက်မခံနိုင်ပါ။ ယဲ့ဖန်သည် သူတို့၏ ယုံကြည်ရာဖြစ်ပြီး သူတို့၏ နတ်ဘုရား ဖြစ်သည်။ သူ၏ သေဆုံးမှုက သူတစ်ယောက်တည်း သေဆုံးသွားခြင်း မဟုတ်ပါ။ သူက လူတိုင်း၏ နှလုံးသားအား သေဆုံးသွားအောင် လုပ်ခဲ့သည်။
လက်ရှိတွင် နတ်ဆိုးမျိုးနွယ်များအားလုံး စိတ်ထိခိုက်ကြေကွဲပြီး ဒေါသထွက်ကာ ရူးသွပ်သွားကြသည်။
“သတ်၊ နန်းတော်ထဲဝင်ပြီး အရှင့်အတွက် လက်စားချေကြမယ်”
“ဒီကျေးကျွန် သေသင့်ပါတယ်၊ ဒီကျေးကျွန် သေသင့်ပါတယ်”
ထန်မင်လီ ယူကျုံးမရ ဖြစ်နေပြီး သူ့ခေါင်းကို မြေကြီးနှင့် ဆောင့်နေမိသည်။ သူ့ရင်ထဲ၌ နောင်တတရားတို့လည်း ပြည့်နှက်နေ၏။
သူတို့သာ ယဲ့ဖန်နောက်သို့ လိုက်သွားခဲ့လျင် ယဲ့ဖန် တစ်ဖက်လူ၏ အကွက်ချခြင်းကို အဘယ်ကြောင့် ခံရ တော့မည်နည်း။ ဤသည်က သူတို့၏ အမှားပင်။
“ဟားဟားဟား သောက်ချေး ယဲ့ဘုရင်၊ ဘာကို ပြိုင်ဘက်ကင်းလဲ၊ ဧကရာဇ် ယွီရှန်နဲ့ တွေ့တာနဲ့ မိနစ်ပိုင်းအတွင်း ဆိုးဆိုးရွားရွား သေဆုံးရတာပဲ”
“မင်းတို့ဘုရင် သေပြီ၊ မင်းတို့ မကြာခင် သူ့နောက် လိုက်ရတော့မှာ”
နတ်ဘုရင်အဆင့် လေးယောက်က လက်ရှိတွင် အားပါးတရ ရယ်မောနေကြသည်။ သူတို့ မျက်နှာတွင် အပြုံးက ဖုံးဖိ၍ပင် မရချေ။ ထို့နောက် အသိစိတ်လွတ်နေသော ဤလူများကို ရက်ရက်စက်စက် တိုက်ခိုက်လေတော့သည်။
“ရွှစ် ရွှစ်”
ချက်ချင်းဆိုသလိုပင် သတိလွတ်နေသော သူတော်စင်သခင်အဆင့်နှစ်ယောက် ဦးခေါင်း ကြေမွသွားသည်။ ထူးဆန်းသည်မှာ ထိုသူတော်စင်သခင်အဆင့် နှစ်ယောက်က တစ်စက်ကလေးမှ ခုခံလိုစိတ် မရှိခြင်းပင်။ သူတို့က တည်ငြိမ်စွာ သေဆုံးချင်နေသည့်ပုံပင်။
သူတို့ ယဲ့ဖန်နှင့်အတူ လိုက်သေရန် ကြံစည်နေခြင်းသာ။ သူတို့၏ ယုံကြည်ရာက သေဆုံးသွားပြီ ဖြစ်သဖြင့် သူတို့ ဘဝကလည်း အဓိပ္ပာယ် မရှိတော့ချေ။ ထို့ကြောင့် လိုက်သေလိုခြင်း ဖြစ်လေသည်။
“ရွှစ် ရွှစ်”
ထို့နောက်တွင်မူ လူပေါင်းများစွာက အဖမ်းခံရပြီး သေမည့်အချိန်ကို စောင့်နေကြသည်။ သေခြင်းတရား ရောက်လာသည်ကိုသာ အသာတကြည် စောင့်နေ၏။ သေသည်ထက် နာကျင်ရသော အရာက စိတ်နှလုံး ကြေကွဲခြင်းပင်။ လက်ရှိတွင် လူတိုင်း ရင်ကွဲနေကြသည်။
“အားလုံး အသိစိတ်ကပ်ကြစမ်း”
နတ်ဆိုးနဂါး ဖုရှန် ရုတ်တရက် ထအော်လိုက်ပြီး သူ့အရှေ့မှ အသိလွတ်နေသော လူများကို စူးစိုက်ကြည့်လေသည။
“မင်းတို့အမြင်မှာ ယဲ့ဘုရင်က အဲ့လိုသေသွားမယ်ထင်နေလား”
လူတိုင်း တစ်ခဏမျှ အံ့ဩသွားပြီး နတ်ဆိုးနဂါး ဖုရှန်အား တွေဝေစွာ ကြည့်လိုက်ပြီး နတ်ဆိုးနဂါး ဖုရှန်၏ ယုံကြည်ချက်က ဘယ်ကလာသလဲ သိချင်နေကြသည်။
*ခုနက စကားပြောလိုက်တဲ့လူက ဧကရာဇ် ယွီရှန်ဆိုတာကို သူ မကြားဘူးလား*
*ဘာလို့ မှားနိုင်ရမှာလဲ*
“ဟုတ်တယ် ကျူးလုံ ဧကရာဇ်က ဘယ်လိုနည်းနဲ့မှ သေမှာ မဟုတ်ဘူး၊ ဘာဖြစ်သွားလဲ ငါ မသိပင်မယ့် ငါ သူ့ကို ယုံတယ်”
ဟွမ်နူကလည်း လိုက်ပြောလာပြီး လူတိုင်းကို အော်ငေါက်လိုက်သည်။
“ထကြစမ်း၊ မျိုးမစစ်တွေ ခွေးမလို အော်ငိုနေလို့ အလုပ်ဖြစ်မလား”
“မင်းတို့ ဧကရာဇ်ကို မင်းတို့ ယုံကြည်ရမယ်လို့ ငါ ဟိုးအရင်ကတည်းက ပြောခဲ့တယ်”
“သူ တကယ် သေသွားရင်တောင်မှ ငါတို့ လုပ်ရမှာက လက်စားချေတာကွ၊ ဘာကို သတ်သေတာလဲ၊ မင်းတို့က အတွေးလွန်နေပြီ”
ဆူပူကြိမ်းမောင်းသော စကားက ခေါင်းကိုဖြတ်ရိုက်လိုက်သကဲ့သို့ အားလုံးကို အသိဝင်သွားစေသည်။
“ဟုတ်တယ် ငါတို့ လက်စားချေချင်တယ်”
“နတ်ဆိုးဧကရာဇ်က တစ်ဖက်လူရဲ့ အကွက်ချတာကို ခံရပြီး သေသွားတာ၊ ဒီအတွက် ငါတို့ နတ်ဆိုးမျိုးနွယ်က လက်စားချေကို ချေရမယ်”
“ဆုတ်ကြမယ်၊ နောက်ရက်အနည်းငယ်ကျရင် ငါ အောင်အောင်မြင်မြင် ပြန်လာပြီး ရင်မိသားစုကို နင်းချေမယ်”
“ရင်မိသားစုရဲ့ အိမ်တော်ကို ဖျက်ဆီးမယ်”
အမုန်းတရားနှင့် ကြောက်မက်ဖွယ်ကောင်းသော လူသတ်လိုစိတ်တို့ ပြည့်နှက်နေသော ကြုံးဝါးသံက ကောင်းကင်ယံ အနှံ့ ပျံ့နှံ့သွားသည်။
၎င်းက … ဧကရာဇ် ယွီရှန်၏ အော်သံထက်ပင် ပိုကြမ်းကြုတ်ကာ ပိုကျယ်ပြန့်သည်။ နတ်ဆိုးများ အဖွဲ့လိုက် အော်ဟစ်နေသလိုပင်။