← Chapters

အခန်း ၁၅၃၁

Vol. 103 Ch. 1531

အခန်း ၁၅၃၁

Vol. 103 Ch. 1531

Chapter 1531 ရှေးခေတ် သားရဲ

ချင်ဧကရာဇ်၏ သင်္ချုင်းဂူ။ သမိုင်းတွင် အထည်ဝါဆုံးသော ဧကရာဇ်၏ သင်္ချိုင်းဂူ၊ တည်ဆောက်ရန် နှစ်တစ်ထောင့်ငါးရာ ကြာခဲ့ပြီ မိုင်ပေါင်းထောင်ချီ၍ ကျယ်ဝန်းကာ တော်ဝင်မြို့တော် သုံးခုစာနီးနီး ကြီးမား၏။ သင်္ချိုင်းဂူက ရှေးဟောင်းပုံစံ ဖြစ်ကာ စတုရန်းကီလိုမီတာ သုံးသန်းနီးပါး ရှိလေသည်။

လက်ရှိတွင် ယဲ့ဖန်က နဂါးကိုးကောင် မီးလင်းဖိုကို လက်တစ်ဖက်ဖြင့် ကိုင်၍ ပိုင်ရွှယ်က လှဲရင်း ၎င်းကို ကျောမီထားသည်။ နဂါးကိုးကောင်၏ စွမ်းအင်ကြောင့် သူမအသက်က အချိန်အတိုင်းအတာ တစ်ခုအထိ စိုးရိမ်စရာ မလိုတော့ချေ။

ထိုအခိုက်တွင် ပိုင်ရွှယ်သည် တစ်ခါမှ မမြင်ဖူးသော သားရဲတစ်အုပ်ကို တွေ့လိုက်ရသည်။ တစ်ချို့က တောင်လုံးမျှ ကြီးမားပြီး ခြေလှမ်းများက ကြီးမားလေးလံပြီး မြေကြီးပင် တုန်ခါကာ တောင်များ အက်ကွဲရသည်။

တစ်ချို့တွင် ကောင်းကင်ယံကို အုပ်မိုးနိုင်သည့် တောင်ပံများ ရှိပြီး ဒေါသတကြီး ဟိန်းဟောက်နေကြသည်။ သူတိုရှေ့တွင် ယဲ့ဖန်တို့နှစ်ယောက်က ပုရွက်ဆိတ်သဖွယ် သေးသိမ်လှသည်။

ပိုင်ရွှယ် အလွန် ထိတ်လန့်လာသဖြင့် မျက်နှာ ဖြူရော်လာသည်။ ထိုသားရဲများ၏ ဝါးမျိုသွားခြင်း ခံရမည်ကို သူမ ကြောက်နေ၏။

“ယဲ့ဖန် အဲ့ဒါကြီးတွေက ဘာကြီးတွေလဲ”

“အဲ့ဒါက စွမ့်၊ ဟိုဟာက ဝူ၊ ဟိုဘက်က ပီဖန့်”

ယဲ့ဖန်က ပိုင်ရွှယ်ကို ရှင်းပြပေးနေသော်လည်း တစ်မိနစ်ကြာသော် ယဲ့ဖန် ခပ်ရှက်ရှက်ဖြင့် ခေါင်းကုတ်လေသည်။

“ဒီကောင်တွေအားလုံးက ရှေးခေတ်သားရဲတွေပဲ၊ အရင်က သူတို့အားလုံးကို ငါ ဖမ်းထားခဲ့ပြီးတော့ သူတို့ကို ငါ့သင်္ချိုင်းဂူထဲမှာ အတူတူ ဖိနှိပ်ထားခဲ့တာ၊ ဒါပေမဲ့ နှစ်တွေအများကြီး ကြာလာတော့ သူတို့တွေက ငါတောင် မသိတော့တဲ့ ပုံစံတွေကို ဆင့်ကဲ ပြောင်းလဲကုန်ပြီ …”

ရိုးရိုးစင်းစင်း ပြောရမည်ဆိုလျင် ဤရှေးဦးသားရဲများသည် နှစ်ပေါင်းများစွာကြာအောင် အချင်းချင်း မျိုးစပ်ခဲ့ ကြသဖြင့် ယဲ့ဖန်အတွက် မမှတ်မိနိုင်လောက်သည်အထိ ဖြစ်သွားခဲ့သည်။

“ရှင်က သူတို့ကို ဖမ်းထားပြီး ဘာလုပ်မလို့လဲ၊ ထူးဆန်းလိုက်တာ”

ပိုင်ရွှယ် တုန်ယင်သွားပြီး သူမတစ်ကိုယ်လုံး ကြက်သီးထသလို ခံစားလိုက်ရသည်။ ဤရှေးခေတ် သားရဲများသည် တစ်ချက် ကြည့်လိုက်ရုံနှင့် ရန်စရန် မလွယ်မှန်း သိသာကာ ရက်စက်ကြမ်းကြုတ်မှုတို့ဖြင့် ပြည့်နှက်နေ၏။

မီတာနှစ်ဆယ်ကျော် ရှည်လျားသော နတ်ငှက်သည် မီတာတစ်ရာမြင့်သော ဘီလူးထံ၌ ရိုက်သတ်ခံရကာ အရှင်လတ်လတ် စားနေသည်ကို သူမ မတတ်သာစွာ ကြည့်နေရသည်။ နတ်ငှက်၏ လည်ပင်းမှ သွေးများ ငေါက်ခနဲ ပန်းထွက်လာပြီး နေရာအနှံ့ စီးဆင်းလာ၏။

ပိုင်ရွှယ်သည် သူမကိုယ်သူမ ကမ္ဘာဦး အရိုင်းခေတ်ကို ရောက်သွားသည်ဟု ခံစားမိကာ ချောက်ချားလာလေသည်။ ယဲ့ဖန်က ရှက်ရွံ့စွာ ပြုံးနေ၏။

“လူတိုင်းမှာ ကိုယ်စီ ထူးဆန်းတဲ့ စရိုက်လေးတွေ ရှိတာပဲလေ၊ ငါ့မှာလည်း ဒီလို ထူးဆန်းတဲ့ အရာတွေကို စုဆောင်းတတ်တဲ့ အကျင့်လေး ရှိနေရုံလေးပါပဲ”

ထိုအချိန်တွင် ရှေးခေတ်သားရဲတစ်အုပ်က စုဝေး၍ စကားပြောနေကြသည်။ သို့သော် လူတစ်ယောက်က မီးလင်းဖိုတစ်ခုကို သယ်၍ သူတို့နားမှ ဖြည်းဖြည်းချင်း ဖြတ်လျှောက်သွားသည်ကို သူတို့ တွေ့လိုက်ရသည်။

ဤမြင်ကွင်းက သူတို့ကို အံ့ဩသွားစေသည်။ အကြောင်းမှာ ဤနေရာ၌ လူသားသည် မြင်ရခဲပြီး များသောအားဖြင့် ရင်မိသားစုသာ လာလေ့ရှိသည်။

သို့သော် ရင်မိသားစုမှလူများသည် ပို့ဆောင်သူများစွာဖြင့် ခြံရံ၍ လာလေ့ရှိသော်လည်း ယဲ့ဖန်နှင့် ပိုင်ရွှယ်ကဲ့သို့ ချင်ဧကရာဇ်၏ သင်္ချိုင်းဂူအား နှစ်ယောက်တည်း ခြေချရဲသူကို တစ်ခါမှ မမြင်ဖူးချေ။

*ဒီနှစ်ယောက် သေချင်နေတာလား*

*မင်းတို့ သားရဲတွေရဲ့ ဟင်းလျာဖြစ်မှာကို မကြောက်ဘူးလား*

*အရသာရှိတဲ့ လူ့အသားက ရှေးသားရဲတွေ အကြိုက်ဆုံးဆိုတာကို မသိကြဘူးလား*

*ပြီးတော့ အနူးညံ့ဆုံးပဲ*

တစ်ဖက်ကမူ သူတို့ကို ကြည့်ပင်မကြည့်ဘဲ အေးအေးလူလူ ဖြတ်လျှောက်သွားသည်။ သူတို့ကို လုံးဝ လျစ်လျူ ရှုထား၏။

*ငါတို့က ရှေးဟောင်းသားရဲလေကွာ*

*လူ့အသားကို စားရတာကြိုက်တဲ့အမျိုး၊ တစ်ချက်တည်းနဲ့ အသေသတ်တတ်တဲ့ အမျိုးပါကွ*

*ငါတို့ကို နည်းနည်းပါးပါး လေးစားသမှုလေး ပြပြီး ကြောက်ပြပါဦးလား*

ချက်ချင်းဆိုသလိုပင် သူတို့ ဒေါကန်သွားကြသည်။ ရှေးမိစ္ဆာလူဝံက ရှေ့သို့ လျှောက်လာ၏။ ၎င်းသည် မီတာ နှစ်ဆယ်ကျော်မြင့်ပြီး အမွေးက အဖြူရော်ရှိကာ တောင်တစ်လုံး ရွေ့နေသည်ဟုပင် ထင်ရသည်။ လက်ရှိတွင် ၎င်းက ယဲ့ဖန်ရှေ့ ပိတ်ရပ်နေသည်။

“ဟေ့ကောင် မင်းက ဧကရာဇ်ရဲ့ သင်္ချိုင်းဂူထဲကို ကိုယ့်ဘာသာကိုယ် လာရဲတယ်ဆိုတော့ သတ္တိကောင်း လှချည်လား”

“ငါ့ကို လျစ်လျူရှုပြီးတေ့ ငါတို့ကို ဖြတ်ကျော်သွားချင်တယ်ပေါ့လေ၊ မောက်မာလွန်းတယ်၊ ငါ မင်းကို တန်းစား ပစ်မယ်ကွ”

အခြားသော ရောင်စုံငှက်မိစ္ဆာကလည်း ဝင်ပြောလာ၏။ သားရဲတစ်သိုက်က ယဲ့ဖန်ကို ဝိုင်းလာပြီး မျက်လုံးတွင် ကြမ်းကြုတ်မှုတို့ဖြင့် ပြည့်နှက်နေသည်။

“ယဲ့ဖန် ကျွန်မတို့ ဘာလုပ်ကြမလဲ”

ပိုင်ရွှယ် စိုးရိမ်တုန်လှုပ်စွာ မေးလိုက်သည်။ ဤရှေးသားရဲများက တစ်ခုခုလုပ်ရန် ကြံစည်ထားပြီးမှန်း သိသာ လှသည်။

ဤရှေးသားရဲများသည် တစ်ကောင်ချင်းစီက အန္တရာယ်များပြီး သူမအတွက် အလွန် စိတ်မသက်မသာ ဖြစ်စေ၏။

ထိုအခိုက်တွင် ယဲ့ဖန် လမ်းလျှောက်နေရာမှ ရပ်သွားပြီး သူ့ကို ဝိုင်းထားသော သားရဲတစ်ချို့ကို မော့ကြည့်၍ အေးစက်စွာ ပြောလိုက်သည်။

“ထွက်သွားစမ်း”

သူ့စကားကိုကြားပြီး သားရဲများ မှင်တက်သွားပြီး ကြက်သေသေကာ မျက်လုံးတွင် မယုံနိုင်ဟန်တို့ဖြင့် ပြည့်နှက် လာ၏။

သူတို့အရှေ့မှ ဤလူသားက သူတို့ကို ယခုကဲ့သို့ ပြောရဲလိမ့်မည်ဟု မယုံနိုင် ဖြစ်နေသည့်ပုံပင်။ သူတို့သည် ရှေးဟောင်း သားရဲများဖြစ်ပြီး သူတို့ထဲမှ မည်သည့် အကောင်မဆိုက လွှမ်းမိုးဖိနှိပ်နိုင်သော ကြောက်စရာ ကောင်းသည့် သားရဲများ ဖြစ်ကြသည်။

*ဒါတောင်မှ အရှေ့က ဒီလူသားက ငါတို့ကို အထင်သေးရဲတာလား*

*သေချင်နေတာပဲ*

“မလောက်လေး မလောက်စားလေး သေလိုက်တော့”

ရှေးမိစ္ဆာလူဝံသည် ရုတ်တရက် ကြွေးကြော်လာပြီး တစ်ကိုယ်လုံးမှ ပြင်းထန်သော စွမ်းအင်တစ်ခု ထွက်ပေါ်လာကာ အမွေးများ ထောင်တက်လာပြီး ယဲ့ဖန်အား ဒေါသတကြီး နင်းချလေသည်။

ယဲ့ဖန် မျက်မှောင်ကြုတ်သွားပြီး ချက်ချင်း နောက်သို့ ဆယ်မီတာကျော် ခုန်ဆုတ်လိုက်သည်။

“ဒုန်း”

ခြေထောက်တစ်ဖက် ကျလာသောအခါ မြေဆီလွှာ အက်ကွဲသွားပြီး တောင်များ အမှုန့်ဖြစ်သွားသည်။ ထိုခြေနင်းချက်၏ အရှိန်က တောင်နှင့် မြစ်ချောင်းတို့ကိုပင် ပျက်စီးစေရန် လုံလောက်လေသည်။

ရှေးသားရဲများသည် သာမန်ညောင်ည သားရဲများ မဟုတ်ချေ။ သူတို့၌ ယှဉ်မရနိုင်အောင် သန်မာသော ခန္ဓာကိုယ်များ ရှိပြီး တစ်ကောင်ချင်းစီက သူတော်စင်သခင်အဆင့်နှင့် ညီမျှကြသည်။

“အဟွတ် အဟွတ် ….”

ပိုင်ရွှယ်သည် ဖုန်များကြောင့် ချောင်းဆိုးသွားပြီး မျက်နှာ ပြာနှမ်းလာသည်။ သူမကို ကာကွယ်ပေးနေသော နဂါးကိုးကောင် မီးလင်းဖို ရှိနေ၍ တော်သေးသည်။ သို့မဟုတ်ပါက အစောပိုင်းက စွမ်းအင်လှိုင်းနှင့်တင် သူမ သေသွားလောက်သည်။

ထိုအခါ ယဲ့ဖန်က ရှေးမိစ္ဆာလူဝံကို အေးစက်စွာ ကြည့်လာပြီး ကျောချမ်းဖွယ်ကောင်းလောင်အောင် ပြုံးလိုက်သည်။

“မင်းမျက်နှာကလည်း တော်တော် ကြည့်ရဆိုးတာပဲ၊ ဘယ်လိုတောင် မျိုးမစစ်တာလဲ”

*မျိုးမစစ်ဟုတ်လား*

ထိုစကားကြောင့် ရှေးဟောင်း သားရဲများအားလုံး ကြောက်လန့်သွားကြသည်။ ရှေးမိစ္ဆာလူဝံ အမုန်းဆုံးအရာမှာ အခြားသူများက သူ၏ သွေးမျိုးဆက်အကြော်း ပြောဆိုခြင်းပင်။ အကြောင်းမှာ သူသည် တကယ်ပင် မိစ္ဆာလူဝံ သွေးသန့်စစ်စစ် မဟုတ်သောကြောင့်ပင်။

သွေးမျိုးဆက်ပြဿနာကြောင့်ပင် သူ့မိဘများကိုတောင်မှ သူ ပြန်သတ်ခဲ့သည်။ ယခု ယဲ့ဖန်က သူ့သွေးမျိုးဆက်ကို ပြောလာသဖြင့် သူ လုံးဝ ဒေါပွသွားလေပြီ။

ထိုအခိုက်တွင် ရှေးဟောင်းသားရဲများ နောက်သို့ ဆုတ်သွားကြပြီး မျက်နှာတွင် ကြောက်လန့်ဟန်များနှင့် ပြည့်နှက်နေသည်။ ရှေးမိစ္ဆာလူဝံ ပေါက်ကွဲတော့မည်ဖြစ်ကြောင်း သူတို့ သိနေလေသည်။

တကယ်လည်း ထိုစကားကိုကြားပြီး ရှေးမိစ္ဆာလူဝံ ပေါက်ကွဲသွားသည်။ သင်္ချိုင်းဂူအတွင်းတွင် သူသည်လည်း အာဏာရှင်အဖြစ် သတ်မှတ်ခံရသူ ဖြစ်သည်။ သူက အဘယ်ကြောင့် ဤသို့ စော်ကားခံမည်နည်း။

“ငါ မင်းကို သတ်မယ်၊ ငါ မင်းကို သတ်မယ်ကွ”

ရှေးမိစ္ဆာလူဝံက အော်ဟစ်နေပြီး မျက်လုံးများ မီးဝင်းဝင်းတောက်ကာ ချက်ချင်း ပြေးတက်လာကာ ယဲ့ဖန်အား လက်သီးဖြင့် ထိုးလေသည်။ လက်သီးမှ ထိတ်လန့်ဖွယ် စွမ်းအင်လှိုင်း ထွက်ပေါ်လာပြီး ယင်းက ယဲ့ဖန်အား လွှမ်းခြုံလာသည်။

“ငါ ရှေးဟောင်း သားရဲတွေ အများကြီး စားဖူးပင်မယ့် အော်ရန်အူတန်လူဝံကိုတော့ မစားဖူးသေးဘူး၊ ဒီနေ့တော့ မင်းကို ငါ စားကြည့်ဦးမယ်”

ယဲ့ဖန်က အေးစက်စွာ ခနဲ့လိုက်ပြီး လွှားခနဲ ခုန်ကာ လက်ကို ကျစ်ကျစ်ပါအော် ဆုပ်လိုက်သည်။ လက်သီးတွင် အလင်းရောင်များ ဖြာထွက်လာပြီး ပြင်းထန်သော နတ်စွမ်းအင် စုစည်းလာ၏။

“ခွန်းလွန် တုန်လှုပ်ခြင်း”

ယဲ့ဖန်က ကျယ်လောင်စွာ ဟစ်ကြွေး၍ ဒေါသတကြီး ထိုးနှက်လိုက်သည်။ သူသည် ရှေးသားရဲတစ်ကောင်သဖွယ် ကြမ်းကြုတ်သော သူ့ခွန်အားအား ပြသနေသည်။

“ဒီလူသားရဲ့ ဦးနှောက်က ပုံမှန် မဟုတ်ဘူးပဲ၊ သူက ရှေးမိစ္ဆာလူဝံကို လက်သီးနဲ့ ထိုးဖို့ ကြံနေတယ်၊ သူ့ခေါင်းက ကောင်းရော ကောင်းသေးရဲ့လား”

“ဟားဟား အရူး သူ့ကိုယ်သူ ချင်ဧကရာဇ်များ မှတ်နေလား”

“ရှေးမိစ္ဆာလူဝံ သူ့ကို စိစိညက်ညက် ကြေအောင် မလုပ်နဲ့နော်၊ အဲ့လိုဆို စားမကောင်းတော့ဘူး”

ရှေးဟောင်းသားရဲတစ်အုပ်က ရုတ်တရက် အော်ပြောလာပြီး မျက်နှာတွင် ခက်ထန်မှုများနှင့် ပြည့်နှက်နေသည်။

ဧရာမ လက်သီးနှင့် သေးငယ်သော လက်သီးတို့ ထိပ်တိုက် တွေ့သောအခါ ကြောက်မက်ဖွယ် စွမ်းအင်လှိုင်း ပျံ့လွင့်လာသည်။

“ဂျွတ်”

အက်ကွဲသံ ချက်ချင်း ထွက်ပေါ်လာသည်။ ရုတ်တရက် သွေးများ ပန်းထွက်လာပြီးနောက် ရှေးမိစ္ဆာသားရဲ အော်ဟစ်ကာ နောက်သို့ ဘုန်းခနဲ လဲကျသွားသည်။

“ဘာ”

“ဒါ ဘယ်လိုဖြစ်တာလဲ”

ရှေးဟောင်းသားရဲများ အံ့ဩသွားပြီး သရဲသဘက်ကို တွေ့လိုက်ရသကဲ့သို့ ချောက်ချားသွားကြသည်။

*ရှေးမိစ္ဆာလူဝံက လူသားတစ်ယောက်ကြောင့် အထိနာသွားတာလား*

*ဒါက အိပ်မက်လိုပဲ*

သူတို့ကဲ့သို့ ရှေးဟောင်းသားရဲများ၏ ခွန်အားကို လူသားများ မယှဉ်နိုင်ပါ။ သူတို့ကဲ့သို့ သန်မာလိုလျင် သာမန်လူသားများသည် အနည်းဆုံး နှစ်တစ်သောင်းနီးပါး ကျင့်ကြံပါက သူတို့ကဲ့သို့ သန်မာလာနိုင်ချေ ရှိသည်။ ထို့အပြင် ရှေးမိစ္ဆာလူဝံသည် သူတို့ထဲတွင် အသန်မာဆုံး ဖြစ်သည်။

*သူတောင်မှ ဒီလူရဲ့ လက်သီးကို မခံနိုင်ဘူးလား*

ရှေးဟောင်းသားရဲများအားလုံး ယဲ့ဖန်ကို ကြောက်လန့်တကြား ကြည့်လာကြသည်။

*ဒီလူသားလေးက သေးပင်မယ့် သူ့ကိုယ်က တော်တော် သန်မာတာပဲ၊ လက်သီးတစ်လုံးက တာအိုစွမ်းအင်ကို တုန်လှုပ်နိုင်စွမ်း ရှိလောက်တယ်*

*ရှေးမိစ္ဆာလူဝံက ချက်ချင်း ရှုံးသွားပါလား*

*ဒါ တစ်ခါမှ မဖြစ်ဘူးတဲ့ ကိစ္စပဲ*

သူတို့သည် ရှေးသားရဲများ ဖြစ်သော်လည်း မျက်စိရှေ့မှ မြင်ကွင်းကြောင့် သူတို့ ကြောက်လန့်သလို ခံစားမိနေ၏။

ရှေးမိစ္ဆာလူဝံ၏ လက်တစ်ခုလုံး စုတ်ပြတ်နေကာ အရိုးများကိုပင် အထင်းသား မြင်နေရသည်။ သူ့လက်မောင်းက အဆက်မပြတ် တုန်ခါနေပြီး လက်ရှိတွင် အလွန် နာကျင်နေရသည်။

“ဒါ လုံးဝ မဖြစ်နိုင်ဘူး”

ရှေးမိစ္ဆာလူဝံ အံ့အားသင့်နေ၏။ သူသည် ရှေးဟောင်း သားရဲဖြစ်ပြီး ခွန်အားကြောင့် ကျော်ကြားသော မျိုးနွယ် ဖြစ်သည်။ သို့သော် သူက ဤလူသားနှင့် စတွေ့လျင်တွေ့ခြင်းမှာပင် ရှုံးရသည်တဲ့လား။

သူတို့ ဤနေရာ၌ အကျဉ်းကျနေသည့် အချိန်ကာလအတွင်း အပြင်လောကမှ လူသားများ၏ ခန္ဓာကိုယ်က သူတို့တောင်မှ မယှဉ်နိုင်သော အဆင့်သို့ ပြောင်းလဲသွားခဲ့လေသလား။ သူ့ဒဏ်ရာမှ သွေးများ စိမ့်ထွက်နေသည် ကိုကြည့်ပြီး သူ ချောက်ချားရသည်။

“ခဏစောင့် ပြီးရင် ငါ မင်းကို လူဝံသားကင် စားဖို့ ခေါ်မယ်”

ယဲ့ဖန်က ပိုင်ရွှယ်ကို အပြုံးဖြင့် ပြောလိုက်သည်။ ပိုင်ရွှယ်က စိတ်ပျက်သလို အကြည့်လွှဲ၍ ပြောလိုက်သည်။

“နေပါ အော်ရန်အူတန်သားက ချဉ်တယ် လုံးဝ အရသာမရှိဘူး ပြီးတော့ ရောဂါပိုးတွေလည်း အများကြီး ပါသေးတာ”

“တကယ်လား”

ယဲ့ဖန် ဒေါသထွက်နေသော မျက်နှာနှင့်အတူ မျက်မှောင်ကြုတ်သွားသည်။ ရှေးဟောင်း သားရဲများ အံ့အားသင့်သွားပြီး ယဲ့ဖန်အား မယုံနိင်သလို ကြည့်နေကြသည်။

*ဒီလူက ရှေးမိစ္ဆာလူဝံကို စားဖို့ ကြံနေတာလား*

ထိုအခိုက်တွင် သူတို့ ခေါင်းမူးလာသည်။

*ဒီခံစားချက်ကြီးက ထူးဆန်းလွန်းတယ်*

ရှေးခေတ်မှ လက်ရှိအချိန်အထိ လူသားများသာ ရှေးဟောင်း သားရဲများထံတွင် အစားခံရသူများ ဖြစ်ပြီး ရှေးဟောင်း သားရဲကို စားရဲသော လူသားဟူ၍ သူတို့ တစ်ခါမှ မကြားဖူးခဲ့ပါ။

“ရှင် စာမဖတ်ဘူးလား”

ပိုင်ရွှယ်က အထင်သေးစွာ ပြောလာ၏။

“ယီးပဲ မင်းက သုံးစားမရမှတော့ မြန်မြန် သေလိုက်တော့”

ယဲ့ဖန် ဒေါသတကြီး ပြောလိုက်သည။ သူ ရှေးဟောင်း သားရဲကို မစားရတာ ကြာနေပြီ ဖြစ်သဖြင့် ရှေးမိစ္ဆာလူဝံဖြင့် သူ့သွားကို ခံတွင်းလိုက်အောင် စားမည်ဟု ကြံထားသော်လည်း စား၍မရတော့ချေ။

ရှေးမိစ္ဆာ သားရဲ ဒေါသထွက်လာသည်။ သူ ထိန်းမရအောင် ဒေါကန်နေ၏။ သူ့အား အစာသဖွယ် သဘောထား၍ မည်သူမှ ဤသို့ မပြောရဲချေ။ လက်ရှိတွင် ရှေးမိစ္ဆာလူဝံ ဒေါသူပုန် ထနေလေသည်။

“သွေးဆူခြင်း”

ရှေးမိစ္ဆာလူဝံက ရုတ်တရက် ကြွေးကြော်လာပြီး သူ့မျက်လုံးတွင် အေးစက်စက် အလင်းတစ်ခု ဖြတ်ပြေးလာကာ ကြမ်းကြုတ်သော လူဝံဘုရင် ဝင်ပူးသကဲ့သို့ ကြောက်စရာကောင်းသည့် စွမ်းအင်ကို ပြသလာကာ တစ်ကိုယ်လုံး တဖြောက်ဖြောက် မြည်လာသည်။

ထို့နောက် သူ့ကိုယ်တွင် မှော်တာအိုသင်္ကေတများ ပေါ်လာပြီး သံချပ်ကာအသွင် ပြောင်းလဲကာ ခွန်အားက ထပ်မံ၍ ဝုန်းခနဲ တိုးတက်လာသည်။

ထို့နောက်တွင်မူ ဝုန်းခနဲ ခုန်၍ ယဲ့ဖန်အား လက်သီးဖြင့် ထပ်ထိုး၍ သတ်ဖြတ်လေသည်။ ထိုလက်မောင်းအားက ယဲ့ဖန်အား အသားပြားဖြစ်အောင် လုပ်ရန် လုံလောက်ပေသည်။

“ရှေးမိစ္ဆာလူဝံကို ဒီအခြေအထိရောက်အောင် တွန်းပို့နိုင်တာပါလား*

ရှေးဟောင်း သားရဲများအားလုံး ထိတ်လန့်သွားသည်။ မိစ္ဆာသွေးဆူခြင်းကို သုံးလိုက်သည့် အကြိမ်တိုင်း သူတို့၏ သက်တမ်း အကြီးအကျယ် ဆုတ်ယုတ်ရသည်။ သူတို့ သိသလောက်ဆိုလျင် ရှေးမိစ္ဆာ လူဝံ သုံးကြိမ်ထက်ကျော်၍ ယင်းကို အသုံးမပြုပါ။

ယခု ဤလူသားလေးက ထိုအတိုင်းအတာအထိ ဖိအားပေးနိုင်သဖြင့် အံ့ဩစရာ ကောင်းလှသည်။

*မိစ္ဆာသွေး ဟုတ်လား*

ယဲ့ဖန် အံ့ဩသွားပြီးမှ အထင်သေးသလို အကြည့်ဖြင့် ပြောလိုက်သည်။

“ဒါကို မိစ္ဆာသွေးလို့ ခေါ်တာလား*

“မင်းကို တကယ့် မိစ္ဆာသွေးက ဘာလဲဆိုတာ ပြရသေးတာပေါ့”

All Chapters