← Chapters

အခန်း ၁၅၃၇

Vol. 103 Ch. 1537

အခန်း ၁၅၃၇

Vol. 103 Ch. 1537

Chapter 1537 ချင်ခေတ် ပြန်ရောက်ပြီ

“အမေ ကျူးလုံ ဧကရာဇ်က ဘယ်သူလဲဟင်”

“ကလေး သူက စိတ်ဖောက်နေတဲ့ နတ်ဆိုး၊ အမေတို့ ရှေးဟောင်းသားရဲတွေကို အစားအစာလို သဘောထား စားသောက်တဲ့လူပေါ့၊ ရှေးဟောင်းသားရဲ အများကြီးကို ဟင်းတစ်ခွက်ချက်ပြီး စားခဲ့တဲ့သူ၊ အမေတို့ ပြေးမှရမယ်”

ထိုစဉ် ကြက်ကတုံးသည်လည်း အလွန် အံ့အားသင့်နေ၏။

“ဘာဖြစ်တာလဲ၊ ကျူးလုံ ဧကရာဇ် ပြန်လာတယ် ဟုတ်လား၊ ဒီမြေနီရောင် စစ်သည်တော်တွေ ဦးနှောက်ချောင် သွားတာလား၊ သေတာ ကြာနေတဲ့လူကို အလောင်းတောင် ချော်ဖြစ်နေပြီလား မသိတာကို၊ ဖုတ်ကောင်လို ပြန်လာတာလား၊ ဒါမှမဟုတ် အရိုးစုကြီးက ပြန်လာတာလား”

“ဖြောင်း”

ထိုစဉ် သူ့နောက်စေ့ကို ပိုင်ရွှယ်က ဖြတ်ရိုက်လေသည်။

“မင်း”

ကြက်ကတုံး ဒေါသထွက်သွားသည်။ မနာသော်လည်း အရှက်ရစရာပင်။

*ငါ့ကိုယ်ငါ ဖီးနစ်မျိုးနွယ်က ချောမောတဲ့ ယောက်ျားသားပါလို့ ဘယ်လို ပြောရတော့မလဲ၊ မင်း ငါ့ကို ထပ်ခါထပ်ခါ အရှက်ခွဲနေတဲ့ များလွန်းနေပြီ မဟုတ်ဘူးလား*

“မင်း စကားမပြောရင် မပြောနဲ့၊ မဟုတ်တမ်းတရားတွေ ထပ်ပြောရဲလို့ကတော့ သတိထား၊ ငါ မင်းပါးစပ်ကို ဆွဲဖြဲပစ်မယ်”

နဂါးကိုးကောင်၏ အရှိန်အဝါက တဖြည်းဖြည်း တိုးမြင့်လာပြီး ကြက်ကတုံးကို လွှမ်းခြုံလာသည်။

“နားလည်မှု လွဲတာပါ၊ နားလည်မှုလွဲတာပါ၊ အစ်ကိုကြီးကလည်း ဘာလို့ စိတ်ကြီးနေတာလဲ”

ကြက်ကတုံး အလျင်အမြန် ပြုံးပြလိုက်ပြီး ထပ်၍ မမောက်မာရဲတော့ချေ။ သူ့ရင်ထဲ၌ အောင့်သက်သက် ဖြစ်နေ၏။

*လူသားတိုင်းက စိတ်ပြောင်းလွယ်တာလား၊ ယဲ့ဖန်လည်း ဒီလိုပဲ၊ ဒီကလေးမလေးလည်း အတူတူပဲ၊ သူ အားနေ ဒေါသထွက်နေတာပဲ၊ သူတို့ ဘာလို့ ဒေါသထွက်နေလဲ ငါ သိတောင် မသိဘူး*

*ငါ ဘာမှကို မပြောရဲတော့ဘူး*

….

တစ်ချိန်တည်းမှာပင် နတ်ဘုရားမြို့တော်၏ တော်ဝင် ရာဇဝတ်ရုံး၌ အဘိုးအိုတစ်ယောက်သည် ကျောက်တိုင် တစ်တိုင်အောက်၌ တုပ်နှောင်ခံထားရသည်။

သူသည် ဆံပင်ရှည်လျား ရှုပ်ပွနေပြီး ဖိုသီဖတ်သီ ဖြစ်နေကာ တစ်ကိုယ်လုံးမှ ချဉ်စူးစူး အနံ့ထွက်နေကာ ရေမချိုးရသည်မှာ အတော်ကြာနေလေပြီ။

ခန္ဓာကိုယ်က ပိန်ပါးပြီး ရွတ်တွနေကာ အရေပြားက ဖြူဖပ်ဖြူရော် ဖြစ်နေပြီး အရိုးနှင့်အသားက ကပ်နေသောကြောင့် ခြောက်သွေ့နေသော အလောင်းတစ်ခုနှင့် တူနေ၏။

သူသည် ဤနေရာ၌ အကျဉ်းချခံထားရသည်မှာ နှစ်ပေါင်း ထောင်ချီနေပြီ ဖြစ်သည်။ သူသည် နေ့တိုင်း လေဒဏ် နေဒဏ်ကို ခံစားရပြီး မစားမသောက်ဘဲ နေထိုင်ခဲ့ရသည်။

သူ မပေးချင်သော စိတ်တစ်ခုကြောင့် ဤသို့ ခံနေရခြင်း ဖြစ်သည်။ ရင်မိသားစုထံ၌ အညံ့မခံလိုစိတ်၊ ဧကရာဇ် ယွီရှန်ထံ၌ မခစားလိုစိတ် ရှိသောကြောင့် ဤနေရာ၌ ခွေးတစ်ကောင်သဖွယ် ချည်နှောင်ခံထားရသည်။

သူ့အရှေ့တွင် လူတစ်ယောက်က စဉ်းလဲသော အပြုံးမျိုး ပြုံး၍ ပျက်ရယ်ပြုနေသည်။

“နှစ်တွေ ဒီလောက် ကြာနေပြီ၊ ပင်လယ်တော်တော်များများတောင် မြေပြန့် ဖြစ်နေပြီ၊ ဒါပေမဲ့ မင်းလို အဘိုးကြီးကတော့ ရှေးခေတ်မှာ ကျန်ခဲ့တုန်းပဲ …”

ထိုလူသည် ရင်မိသားစု၏ ဒုတိယ ဦးလေးဖြစ်သလို ဧကရာဇ် ယွီရှန်၏ ညီအစ်ကိုဖြစ်သူ ရင်ချန်ဖုန်း ဖြစ်လေသည်။

နတ်ဘုရားမြို့တော် တည်ဆောက်ခြင်း၏ ကိစ္စကြီးသေးမဆိုကို သူ ထိန်းချုပ်ထားသည်။ လက်ရှိတွင် ရင်ချန်ဖုန်းသည် သူ့အရှေ့မှ အဘိုးအိုအား အေးစက်စွာ ကြည့်နေပြီး ငေါက်ငမ်းနေသည်။

“ရှုဖူ မင်း ခေါင်းမာနေဦးမှာလား”

ဤအဘိုးအိုသည် ချင်ခေတ်မှ အင်မော်တယ် ဆေးဆရာ ရှုဖူပင်။ ဆေးပညာနှင့် ယှဉ်လာလျင် ယဲ့ဖန်တောင်မှ သူနှင့် ယှဉ်မရပ်နိုင်ပါ။

ဆေးရည်ဖန်တီးရှင်။ မူလက မဟာချင်ခေတ်တွင် သူသည် ထောင်သောင်းချီသော လူများ၏ အထက်တွင် ရှိသူ ဖြစ်ပြီး သူ့အထက်၌ လူတစ်ယောက်သာ ရှိသည်ဟု ဆိုနိုင်ပေသည်။ သို့သော် ယခုအခါ၌ သူသည် ခွေးတစ်ကောင်သဖွယ် ထိန်းသိမ်းခံထားရသည်။

ထိုစကားကိုကြားသော် ရှုဖူက ဖြည်းဖြည်းချင်း ခေါင်းမော့လာပြီး ရင်ချန်ဖုန်းအား စူးရှသော မျက်လုံးတို့ဖြင့် စိုက်ကြည့်လာကာ ထိုအကြည့်တွင် အထင်သေးသော အရိပ်အယောင်တို့ ပါဝင်နေ၏။

“ရင်ချန်ဖုန်း မင်း ထပ်အချိန်ဖြုန်းမနေနဲ့၊ မင်း ဘယ်လောက် လျှာစောင်းထက်ထက် ငါ မင်းတို့ ရင်မိသားစုအတွက် ဘယ်တော့မှ ဆေးရည် မဖော်ပေးဘူး”

ရှုဖူကို သူတို့အတွက် ဆေးရည် ဖော်စပ်ခိုင်းရန်အတွက် ဧကရာဇ် ယွီရှန်က ရှုဖူကို အင်မော်တယ် အဆိပ်ခပ်ခဲ့ပြီး သူ၏ သွေးကြော ရှစ်ခုကို ပျက်စီးစေကာ ရှုဖူအား အင်မော်တယ် ဧကရာဇ်အဆင့်မှ ဈာန်ဝင်စားခြင်းအဆင့်သို့ လျှောကျစေခဲ့ပြီး ခြံမွေးတိရစ္ဆာန်သဖွယ် ချုပ်နှောင်ထားခဲ့သည်။

ဧကရာဇ် ယွီရှန်နှင့် သူ၏ ညီအစ်ကို ရင်ချန်ဖုန်းတို့က နှစ်ပေါင်းများစွာ ရှုဖူကို သိမ်းသွင်းစည်းရုံးကာ ဆေးရည် ဖော်စပ်စေရန် ကြိုးစားခဲ့သော်လည်း နှစ်ယောက်လုံး ရှုဖူ၏ ငြင်းဆန်ခြင်း ခံခဲ့ရသည်။

“နှစ်တွေလည်း ကြာနေပြီ၊ မင်းလည်း အိုနေပြီ၊ ဒါကို မင်းက မာန်ထားနေတုန်းလား၊ မင်း သိအောင် ပြောလိုက်မယ်၊ ကျူးလုံ ဧကရာဇ်က သမိုင်းဖြစ်သွားပြီ၊ အခု ဧကရာဇ်ယွီရှန်က မင်းရဲ့ အရှင်သခင်ပဲ”

“မင်း ဘယ်လောက် ချီးမြှောက်ခံရမလဲဆိုတာကို မသိဘူးဆိုရင် ငါတို့ ရင်မိသားစုက မင်းအပေါ် ရိုင်းပျတယ်လို့ အပြစ်မတင်နဲ့”

ရင်ချန်ဖုန်း အလွန်အမင်း ဒေါသထွက်နေကာ သူ့ရင်ထဲ၌ နက်ရှိုင်းသော အမုန်းတရားတစ်ခု တောက်လောင်နေ၏။

အကြောင်းမှာ ရှုဖူ၏ တန်ဖိုးကို သူ သိနေသောကြောင့်ပင်။ သူသည် နတ်ဘုရင်အဆင့်၌ တန့်နေသည်မှာ အချိန်အတော်ကြာပြီ ဖြစ်သည်။ သို့သော် ရှုဖူကသာ သူ့အတွက် ဆေးရည် ဖော်စပ်ပေးလျင် သူ နတ်ဘုရင်အဆင့်ကို ချိုးဖောက်၍ အင်မော်တယ် ဧကရာဇ်အဆင့်သို့ ဝင်ရောက်နိုင်မည်မှာ အသေအချာပင်။

ဤလူအိုကြီးသည် အင်မော်တယ် ဆေးရည်ကို သောက်ထားသောကြောင့် အသက်ထောင်ချီ၍ ရှင်သန်နေခြင်း ဖြစ်သည်။ သူ၏ ပုံစံကလည်း ထည်ဝါခမ်းနားလျက် ရှိပြီး ပြောင်းလဲခြင်း မရှိချေ။

အကယ်၍ ရင်မိသားစုသာ ရှုဖူ၏ အကူအညီကို ရနိုင်ခဲ့မည်ဆိုလျင် သေချာပေါက် အဆပေါင်း ရာချီ၍ တိုးတက်လာမည် ဖြစ်သည်။

ထို့ကြောင့် ဧကရာဇ် ယွီရှန်၊ ရင်ချန်ဖုန်းနှင့် ရင်မိသားစုဝင်များအားလုံးက ရှုဖူကို သတ်ရန် ဝန်လေးနေကြသည်။ ဤလူအိုကြီးသည် ပုန်းကွယ်နေသော ဆေးရည် သိုလှောင်ရည်ကြီးပင်။

နှစ်ပေါင်းများစွာ ကြာနေသည့်တိုင်အောင် သူတို့ မည်သို့ ဆွဲဆောင်ဆွဲဆောင် ရှုဖူက သူတို့အတွက် ဆေးရည် ဖော်စပ်ရန် ငြင်းဆန်သည့် အချက်တစ်ချက်သာ ရှိသည်။

နောက်ဆုံးတွင် သူသည် ချင်ဧကရာဇ်၏ သင်္ချိုင်းဂူမှ ထွက်သွားရန်ပင် ကြံစည်ခဲ့သဖြင့် ဧကရာဇ် ယွီရှန် ဒေါသထွက်သွားခဲ့သည်။ ရှုဖူ အဆိပ်မိထားပြီးသားမှန်း ဧကရာဇ် ယွီရှန် သိသောကြောင့် ဤနေရာ၌ ချုပ်နှောင်ထားခဲ့သည်။

ကျူးလုံ ဧကရာဇ်၏ အဖွဲ့ဝင်ဟောင်းများ လာကယ်မည်ကို စိုးရိမ်ပြီး ရှုဖူ ထွက်သွားပြီဟူသော ကောလာဟလများကိုလည်း ဖြန့်ခဲ့သည်။

နှစ်တစ်သိန်း၊ ယခုဆိုလျင် နောက်ထပ် နှစ်တစ်သိန်း ကုန်သွားခဲ့ပြီ ဖြစ်သည်။

နှစ်တစ်သိန်းအတွင်း ရှုဖူ တော်ဝင် ရာဇဝတ်ရုံးမှ တစ်လှမ်းမှ မခွာခဲ့ချေ။ သူ စားလည်းမစား၊ သောက်လည်း မသောက်သလို အိပ်စက်ခြင်းလည်း မပြုရဘဲ နှိပ်စက်ခံနေရသည်။

သူ၏ အင်မော်တယ် ခန္ဓာကိုယ်နှင့် အသက်ရှည်စေနိုင်သော ဆေးရည်တို့ကြောင့်သာ မဟုတ်လျင် သူ အကြိမ်ပေါင်းများစွာ သေနေပြီးလောက်သည်။

ထိုစကားကိုကြားသော် ရှုဖူက ချက်ချင်း သရော်လေသည်။

“ဧကရာဇ် ယွီရှန် ဟုတ်လား၊ သူ့ကိုယ်သူ ခေါ်နေတာ မဟုတ်ဘူးလား၊ သူက ဧကရာဇ်လို့ ခေါ်ဖို့ ထိုက်တန်လို့လား”

“ရှုဖူ မင်း …”

တစ်ဖက်လူက သူ့ညီအစ်ကိုကို ဤသို့ ပုတ်ခတ်စော်ကားသည်ကို ကြားသောအခါ ရင်ချန်ဖုန်း ဒေါသထွက် လာသည်။

“ဝံပုလွေစိတ်နဲ့ တိရစ္ဆာန်ကောင်၊ ကျူးလုံ ဧကရာဇ်ရဲ့ အမွေအနှစ်ကို အရယူဖို့ သူ့အဖေနဲ့ အဘိုးကို သတ်ဖို့ ဝန်မလေးဘဲ ထီးနန်းကို လုယူခဲ့တဲ့ကောင်”

“ပြီးတော့ ကျူးလုံ ဧကရာဇ် ချန်ထားခဲ့တဲ့ အမွေအနှစ်ကို အရှက်မရှိ ကျင့်ကြံပင်မယ့် ကျူးလုံ ဧကရာဇ်ကိုလည်း ဖြုတ်ချချင်သေးတယ်”

ဧကရာဇ် ယွီရှန်ကို ရှုဖူ အလွန်အမင်း အထင်သေး စက်ဆုပ်ပါ၏။ ထိုလူသည် ကျူးလုံ ဧကရာဇ်၏ အမွေအနှစ်ကို ရခဲ့သောကြောင့်သာ နန်းတက်နိုင်စွမ်း ရှိခဲ့ခြင်း ဖြစ်သည်။ သူ နန်းတက်ပြီးသည်နှင့် ပထမဆုံး လုပ်သည့်အရာမှာ ကျူးလုံ ဧကရာဇ်၏ စည်းမျဉ်းများကို ဖြုတ်ချခဲ့သည်။

ကျူးလုံ ဧကရာဇ်နှင့် ပတ်သက်သော အရာရာတိုင်းကို ဖျက်ဆီးခဲ့သည်။ အကြောင်းမှာ ဧကရာဇ် ယွီရှန်သည် သူ၏ အောင်မြင်မှုက ကျူးလုံ ဧကရာဇ်ထက် မြင့်မားလိမ့်မည်ဟု တွေးထားခဲ့သောကြောင့်ပင်။ ရင်မိသားစု၏ နောက်မျိုးဆက်များ လေးစားကြည်ညိုခြင်း ခံရသူက ကျူးလုံ ဧကရာဇ် မဟုတ်ဘဲ သူသာလျင် ဖြစ်ချင်နေ၏။

ရှုဖူကို မသတ်ရသေးသည့် အဓိက အကြောင်းရင်းကလည်း သူ့ကို အလိုရှိနေသောကြောင့်ပင်။ ကျူးလုံ ဧကရာဇ်၏ လူယုံကို သူ၏ လက်ပါးစေ ဖြစ်စေချင်နေသောကြောင့်ပင်တည်း။

“ကောင်းပြီလေ”

ရင်ချန်ဖုန်းက ထိုသို့ပြောပြီးသည်နှင့် မျက်လုံးများက ရက်စက် ခက်ထန်လာ၏။

“မင်းက အရမ်း ခေါင်းမာနေတုန်းပဲဆိုတော့ ငါ့လူတွေ ရက်စက်တယ်လို့ အဆိုးမဆိုနဲ့တော့”

“ဘာလဲ မင်းက ငါ့ကို သတ်ချင်တာလား”

ရှုဖူက အထင်သေးသလို ပြန်ကြည့်နေသည်။ ကျူးလုံ ဧကရာဇ် လက်အောက်မှ လူဖြစ်သောသူသည် အဘယ်ကြောင့် လောဘကြီးပြီး သေခြင်းတရားအား ကြောက်ရမည်နည်း။

“မင်းကို သတ်တာလား၊ ငါက ဘယ်လိုလုပ် သတ်ရဲမှာလဲ”

ရင်ချန်ဖုန်းက ကသိကအောက် ရယ်သံဖြင့် ရယ်၍ ခပ်မာမာ ပြောလာသည်။

“ရှုဖူ ရုပ်တု ဆောက်ပြီးတာကို မင်း သိတယ် မဟုတ်လား”

ရုတ်တရက် ရင်ချန်ဖုန်း၏ စကားကို ရှုဖူ နားလည်သွားပြီး သူ့မျက်လုံးများ မီးဝင်းဝင်းတောက်လာ၏။

“မင်း ဘာလုပ်ချင်တာလဲ”

“ဟဲဟဲ ရုပ်တုရော မြို့တော်ပါ ဆောက်ပြီးပြီဆိုတော့ အဲ့တိရစ္ဆာန်ကောင်တွေက အသုံးမဝင်တော့ဘူး၊ သူတို့ကို စစ်မြေပြင် ပို့ပြီး ရင်မိသားစုအတွက် နယ်မြေချဲ့ထွင်ဖို့ အချိန်ကျပြီ”

ချင်စစ်သည် သုံးသိန်းကို အသေခံရန် စေလွှတ်မည်ဟု သွယ်ဝိုက်၍ ပြောဆိုနေခြင်း ဖြစ်သည်။

“မင်းတို့က တိရစ္ဆာန်လောက်တောင် မကောင်းတဲ့ကောင်တွေ”

ရှုဖူ၏ မျက်လုံးများ စူးလက်နေသည်။ သန်းချီသော ချင်စစ်သည်များက အစွမ်းကုန် ကြိုးစား၍ သူတို့၏ ခွေးလိုမြင်းလို ခစားခဲ့သော်လည်း ရင်မိသားစုဝင်များတွင် တစ်စက်ကလေးမှ ကျေးဇူးတင်လိုစိတ် မရှိချေ။

သူတို့က စစ်သည်များကို သတ်ပင် သတ်ချင်နေသေးသည်။ ရင်မိသားစုသည် ချင်စစ်သည်များ၏ သူတို့အပေါ် သစ္စာရှိမှုကို အခွင့်ကောင်းယူ၍ မဆင်မခြင် ပြုမူခဲ့သည်။ သွေးအေးလွန်းလှပေ၏။

“ဟားဟားဟား ရှုဖူ ဒါ မင်းရဲ့ နောက်ဆုံး အခွင့်အရေးပဲ၊ သူတို့ အသက်ရှင်နိုင်မလား၊ မရှင်နိုင်ဘူးလားဆိုတာ မင်းအပေါ် မူတည်တယ်”

ရင်ချန်ဖုန်းက ရယ်မောပြီး ပျော်ရွှင်နေလေသည်။ ခြိမ်းခြောက်ခြင်း၊ ပေါ်ပေါ်ထင်ထင် ခြိမ်းခြောက်ခြင်းပင်။

ရှုဖူ သေချာပေါက် သဘောတူလိမ့်မည်ကို ရင်ချန်ဖုန်းလည်း သိနေ၏။ ရှုဖူ၏ မျက်နှာတွင် ဒေါသစိတ်တို့ဖြင့် ပြည့်နှက်လာသည်။

“ငါ မင်းကို ပြောလိုက်မယ်၊ မင်း အမှားကြီးတစ်ခု လုပ်လိုက်မိပြီပဲ၊ အားလုံး ပြန်မလှည့်နိုင်တဲ့အထိ မဖြစ်ခင် မြန်မြန် ရပ်လိုက်တော့”

“အဲ့လူ ပြန်လာလိမ့်မယ်၊ မင်း ဘာလုပ်ထားခဲ့သလဲဆိုတာကို သူ သိသွားရင် … ကိုးပြည်နယ်လုံးက ရေနဲ့တောင် သူ့ဒေါသကို ငြှိမ်းနိုင်မှာ မဟုတ်ဘူး”

“ဒါကိုပဲ ပြောပြန်ပြီ …”

ရင်ချန်ဖုန်းက စိတ်မရှည်ဟန် ပြလာသလို မုန်းတီးဟန်လည်း ပေါ်လာကာ အေးစက်စက် ပြန်ပြောလိုက်သည်။

“ကျူးလုံ ဧကရာဇ် ပြန်လာလိမ့်မယ်လို့ မင်း ပြောနေတာ ဘယ်နှစ်နှစ် ရှိပြီလဲ၊ အခုထိ အဲ့လို ထင်ယောင်ထင်မှား ရှိနေတုန်းလား၊ သူ ပြန်လာတော့ရော ဘာဖြစ်လဲ၊ ငါ့အစ်ကိုရဲ့ လက်ရှိ ခွန်အားနဲ့ဆို သူ့ကို အသာလေး ယှဉ်လို့ရတယ်”

ရှုဖူ ခေါင်းခါလိုက်ပြီး ရင်ချန်ဖုန်းအား သနားကရုဏာသက်ဟန်ဖြင့် ကြည့်လိုက်သည်။ သူ၏ မောက်မာမှုကို ရှုဖူက လှောင်နေသလိုပင်။

*မွေးကင်းစ နွားပေါက်တွေက ကျားကို မကြောက်တတ်ဘူးဆိုတာ ဟုတ်နေတာပဲ*

*အဲ့လူ ဘယ်လောက် ကြောက်ဖို့ကောင်းလဲဆိုတာ မင်းတို့ ခန့်မှန်းတတ်လို့လား*

*ခေတ်အားလုံးရဲ့ ပထမ ဧကရာဇ်၊ ဘယ်သူမဆို အဲ့ဘွဲ့ကို ရနိုင်တယ်လို့ ထင်နေလား*

“ပြော မင်း သဘောမတူဘူးဆိုရင် ငါ အဲ့တိရစ္ဆာန်ကောင်တွေကို မနက်ဖြန် စစ်မြေပြင်ကို ပို့လိုက်မှာ”

ရင်ချန်ဖုန်းက အေးစက်စွာ ငေါက်ငမ်းလိုက်သည်။ ထိုစဉ် လေညင်းတစ်ချက် တိုက်ခတ်လာ၏။ ချက်ချင်းဆိုသလိုပင် ရှုဖူက ခေါင်းမော့၍ တော်ဝင် ရာဇဝတ်ရုံး အပြင်ဘက်သို့ လှမ်းကြည့်လေသည်။

*ဒီအရှိန်အဝါက ...*

တစ်ခဏအတွင်း သူ့အမူအရာက အေးစက်လာပြီး မျက်နှာတွင် မယုံနိုင်လောက်အောင် ထိတ်လန့်ဟန်များ ပြည့်နှက်လာသည်။

*မဖြစ်နိုင်ဘူး*

*လုံးဝ မဖြစ်နိုင်ဘူး*

သူ့ပုံစံက သရဲတစ္ဆေကို တွေ့လိုက်ရပုံနှင့် တူနေသည်။

*ဒီရင်းနှီးနေတဲ့ ခံစားချက်ကို ပြန်ရလာပြီပဲ*

*ပြီးတော့ အဲ့ဒါက နတ်ဘုရားမြို့တော်ထဲမှာ ပြန်ပေါ်လာတာ*

“သောက်အဘိုးကြီး ငါ မင်းကို ပြောနေတယ်လေ၊ မင်း မကြားဘူးလား”

ရင်ဖုန်းချူက ဒေါသတကြီး ငေါက်ငမ်းလာပြီး သူ့အပြုအမူက ပိုဆိုးလာသည်။

“ဟားဟားဟား ...”

သို့သော် ထိုအခိုက်တွင် ရှုဖူက အံ့အားသင့်နေရာမှ အားပါးတရ ရယ်မောလေသည်။ ဤအပြုအမူက ရင်ချန်ဖုန်းနှင့် အခြားသူများကို အံ့ဩသွားစေသည်။

*ဒီအဘိုးကြီး ရူးသွားပြီလား*

“ချင်ခေတ်ကလူတွေ မင်းတို့ လွတ်လပ်တဲ့လေကို ရှူနိုင်ပြီဟေ့”

ရှုဖူက ကောင်းကင်ကိုမော့ကြည့်၍ ကြွေးကြော်ကာ မျက်ရည်ကျနေ၏။ ထို့နောက်တွင်မူ ခပ်လှမ်းလှမ်းမှ အော်သံကို ကြားလိုက်ရပြီး အသံက နီးသထက် နီးလာကာ ကျယ်သထက် ကျယ်လောင်လာလေသည်။

“ဘိုးဘေး ကျူးလုံ ဧကရာဇ်”

“ဘိုးဘေး ကျူးလုံ ဧကရာဇ်”

“ဘိုးဘေး ကျူးလုံ ဧကရာဇ်”

အသံက ကြည်လင်ပြတ်သားလှပြီး ဝမ်းသာစိတ်များ ပြည့်နှက်နေ၏။ ယင်းက ရင်ချန်ဖုန်းကို မျက်နှာ မည်းမှောင်သွားစေသည်။

*အဲ့တိရစ္ဆာန်ကောင်တွေ ရူးနေပြီလား*

*နတ်ဘုရားမြို့တော်မှာ ဘယ်လိုတောင် ဆူဆူညံညံ လုပ်ရဲတာလဲ*

“ရင်ချန်ဖုန်း မင်းတော့ သွားပြီ၊ မင်းတို့ ရင်မိသားစု ဇာတ်သိမ်းပြီ”

ရှုဖူ၏ မျက်နှာတွင် လှောင်ပြောင်မှုတို့ဖြင့် ပြည့်နှက်နေ၏။ အကြည့်ကလည်း ထူးဆန်းနေပြီး မသိလျင် သေလူကို ကြည့်နေသလိုပင်။

ရုတ်ချည်းဆိုသလိုပင် ရင်ချန်ဖုန်းနှင့် အခြားသူများ မကောင်းသော ခံစားချက်ကို ခံစားလိုက်ရပြီး ရင်တုန်လာ၏။

“အပြင်မှာ ဘာဖြစ်နေသလဲ သွားကြည့်စမ်း”

ရင်ချန်ဖုန်းက သူ့လူများကို ချက်ချင်း အမိန့်ပေးလိုက်သည်။

“အဘိုးကြီး ဘာဖြစ်နေတာလဲ မင်း သိတယ် မဟုတ်လား”

ရင်ချန်ဖုန်း မေးလိုက်သည်။

“ဒါပေါ့ ငါ သိတယ်”

ရှုဖူ ဝမ်းနည်းစွာ ပြုံး၍ ပြောလိုက်သည်။

“သိုင်းပညာရှင်တွေရဲ့ ခေတ်သစ်တစ်ခု ရောက်လာပြီဆိုတာ ငါ သိတယ်၊ မင်းတို့ ပုရွက်ဆိတ်ကောင်တွေ ဘယ်လို သေရမလဲ ဆုံးဖြတ်နိုင်မှာတောင် မဟုတ်ဘူး”

“အရှင်မင်းမြတ် ကျွန်တော်မျိုး အရှင့်နောက်လိုက်ပြီး ခရီးသစ် စတင်ဖို့ အဆင့်သင့်ပါပဲ”

All Chapters