← Chapters

အခန်း ၁၅၄၁

Vol. 103 Ch. 1541

အခန်း ၁၅၄၁

Vol. 103 Ch. 1541

Chapter 1541 နှိုးလိုက်လေ

ပြင်းထန်အုံကြွနေသော အစီအရင်အား မမြင်ရသော လက်တစ်ဖက်က ချော့မြူလိုက်သကဲ့သို့ ငြိမ်ကျသွားသည်။ လွန်ခဲ့သော စက္ကန့်ပိုင်းက တစ်ဟုန်ထိုး ထွက်ပေါ်နေသော လူသတ်လိုသည့် အငွေ့အသက်နှင့် ဓားချီစွမ်းအင်ဖြင့် ရှုပ်ယှက်ခတ်နေသော အင်မော်တယ် သုတ်သင်ခြင်း အစီအရင်သည် ရေသေအလား ငြိမ်သက်နေလေသည်။ မသိလျင် ဘာမှမဖြစ်ခဲ့သလိုပင်။

ယဲ့ဖန် ခြေဆောင့်လိုက်တာက အင်မော်တယ် သုတ်သင်ခြင်း အစီအရင်တစ်ခုလုံးကို သက်ရောက်စေတာလား*

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

“မဖြစ်နိုင်ဘူး လုံးဝ မဖြစ်နိုင်ဘူး”

ရင်ချန်ဖုန်း ရုတ်တရက် ထအော်လာပြီး သူ့အသံတွင် ထိတ်လန့်ဟန်က ပြင်းစွာ ရောပြွမ်းနေ၏။

တစ်ဖက်လူက သူတို့ ရင်မိသားစု၏ အင်မော်တယ် သုတ်သင်ခြင်း အစီအရင်ကို ထိန်းချုပ်နိုင်စွမ်း ရှိသည်တဲ့လား၊ သူ ထင်ယောင်ထင်မှားများ ဖြစ်နေလေသလား။

သူ ထပ်၍ မမောက်မာနိုင်တော့ပါ။ သူ မာနမကြီးနိုင်တော့ချေ။ သူ့မျက်လုံး၊ မျက်နှာနှင့် စိတ်နှလုံးတို့၌ ထိတ်လန့်မှုသာ စိုးမိုးနေ၏။ ဤသည်က စိတ်ကူးယဉ်အိပ်မက်လိုပင်။

ယင်းသည် မိမိတို့ ဘိုးဘေးထံမှ လက်ဆင့်ကမ်းလာခဲ့သော သတ်ဖြတ်ခြင်း အစီအရင်ဖြစ်ပြီး မိမိတို့ ရင်မိသားစုမှလွဲ၍ မည်သူမှ မထိန်းချုပ်နိုင်ပါ။

*ဒီကောင် ဘယ်လိုလုပ်လိုက်တာလဲ*

ဘေးနားမှ ရင်မိသားစုဝင်များလည်း မှင်တက်နေကြသည်။ အင်မော်တယ် သုတ်သင်ခြင်း အစီအရင်အား ထိန်းချုပ်နိုင်သည့် အပြင်လူကို သူတို့ ယခုမှ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်လေသည်။ ဤမြင်ကွင်း၌ သူတို့ နားမလည်နိုင်သော မယုံနိုင်သည့် ထူးဆန်းမှုတစ်ခု ရှိနေ၏။

*အင်မော်တယ် သုတ်သင်ခြင်း အစီအရင်က အလုပ်မဖြစ်ပါလား*

ရှေးဟောင်း သားရဲများလည်း အံ့ဩနေကြသည်။ ထောင်ချီသော စစ်သည်များကို တစ်ချက်တည်းဖြင့် ရှင်းနိုင်သော အင်မော်တယ် သုတ်သင်ခြင်း အစီအရင်က အလုပ်မဖြစ်ဘူးတဲ့လား။

“သူ သူ သူ …”

ကြက်ကတုံးသည် ယဲ့ဖန်အား လက်ညှိုးထိုး၍ ပိုင်ရွှယ်အား အမူအရာများ လုပ်ပြနေသော်လည်း စကားတစ်ခွန်းကို ဆုံးအောင် မပြောနိုင်ချေ။

သူ၏ အမူအရာက တစ်ဆိတ်ကို တစ်အိတ်လုပ်နေဟန် ပေါ်နေကာ လေသံကလည်း ထူးဆန်းနေ၏။ သူ့ပုံစံက မယုံကြည်နိုင် ဖြစ်နေသည့်ပုံပင်။

သို့သော် ပို၍ ကြောက်စရာကောင်းသော အဖြစ်အပျက်က ရောက်မလာသေးချေ။

“ဒီအင်မော်တယ် သုတ်သင်ခြင်း အစီအရင်ထဲမှာ မင်းက အရှင်သခင်လား”

ယဲ့ဖန် ထပ်မေးလိုက်သည်။ သို့သော် ယခုတစ်ခေါက်တွင်တော့ သူ စတင် လှုပ်ရှားလာသည်။ လက်ဝါးတစ်ဖက်အား မြေကြီးထံ ဖိချလိုက်သောအခါ သူ့လက်ထဲတွင် သိသာထင်ရှားသော နဂါးသဏ္ဌာန် အငွေ့အသက်တစ်ခု ဖြစ်ပေါ်လာသည်။

အင်မော်တယ် သုတ်သင်ခြင်း အစီအရင် ထပ်မံ၍ ဂနာမငြိမ် ဖြစ်လာသည်။ ယခုအခါတွင်မူ ၎င်းသည် ယခင်ထက် ပို၍ ပြင်းထန်ကြမ်းကြုတ်လာသည်။

ထိုစွမ်းအင်က နတ်ဘုရားမြို့တော် တစ်ခုလုံးကို တစ်စစီ ဆုတ်ဖြဲနိုင်ပုံရပြီး လူတစ်ယောက်၏ နှလုံးသားနှင့် စိတ်ဝိညာဉ်ကို ခွဲသွားအောင် လုပ်နိုင်သော ကြမ်းကြုတ်မှုမျိုး ပေါ်လွင်နေသည်။

ကြမ်းကြုတ်လှသော အဖျက်စွမ်းအင်ပင်။

လက်ရှိအချိန်တွင် လူတိုင်း ထိတ်လန့်နေကာ ကြက်သီးမွေးညင်း ထနေကြသည်။ ကြောက်ရွံ့သော အကြည့် များစွာက ယဲ့ဖန်ပေါ် ကျရောက်လာသည်။

*အံ့ဩစရာ ကောင်းလိုက်တာ*

*ကြောက်ဖို့ကောင်းတယ်*

*ဒီကောင်က အင်မော်တယ် သုတ်သင်ခြင်း အစီအရင်ရဲ့ သတ်ဖြတ်ချင်တဲ့ အငွေ့အသက်ကို ငြိမ်အောင် လုပ်နိုင်ရုံတင် မကဘဲ ပြန်လည်း နိုးထစေနိုင်တာလား*

“မဖြစ်နိုင်ဘူး လုံးဝ မဖြစ်နိုင်ဘူး၊ ဖြစ်ကိုမဖြစ်နိုင်တာ”

ရင်ချန်ဖုန်း၏ မျက်လုံးများ ပြူးကျယ်နေပြီး သေမတတ် ကြောက်လန့်နေ၏။ သူ တာအို စည်းတံဆိပ်ကို ဖိချေ၍ မန္တန်ရွတ်ကာ အင်မော်တယ် သုတ်သင်ခြင်း အစီအရင်ကို ပြန်ထိန်းချုပ်နိုင်ရန် ကြိုးစားသော်လည်း မအောင်မြင်ချေ။

အင်မော်တယ် သုတ်သင်ခြင်း အစီအရင်က အထိန်းအချုပ် မဲ့သွားလေပြီ။ ၎င်းက ကျူးလုံ ဧကရာဇ်၏ မျိုးဆက်ထံမှ ထိန်းချုပ်မှု ကင်းလွတ်သွားသည်။ ၎င်းအား အခြားပြင်ပလူက ထိန်းချုပ်သွားနိုင်ပြီဟု ဆိုရပေတော့မည်။

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

သူ့ကိုယ်ပိုင်ပစ္စည်းက အခြားသူ၏ အသုံးပြုခြင်း ခံနေရသည်ကို သူ လက်မခံနိုင်ချေ။ သို့သော် သူ များများစားစား တွေးချိန် မရလိုက်ချေ။

လေဟာနယ် စုတ်ပြဲလာပြီး မိုးကောင်းကင် တုန်ခါလာသည်။ သုတ်သင်လိုသော အငွေ့အသက်တစ်ခုက တာအို အဖျက်စွမ်းအင်သဖွယ် ကောင်းကင်အနှံ့ ပျံ့နှံ့လာပြီး ဥပဒေသကို ဖျက်ဆီးလာကာ ကပ်ဘေးတစ်ခု ဖြစ်ပေါ်လာသည်။

ထိုစွမ်းအင်က ရင်ချန်ဖုန်း ထုတ်ဖော်ခဲ့စဉ်ကထက် အဆတစ်ရာ၊ တစ်ထောင်မက ပို၍ ပြင်းထန်သည်။ ထိုစွမ်းအင်က တစ်လောကလုံးကို ဆုတ်ဖြဲနိုင်ပုံ ရသည်။

ဓားချီစွမ်းအင်က ပြင်းထန်စွာ ပျံ့လွင့်လာပြီးနောက် ၎င်းက ငွေရောင်ချိတ်ပုံပေါ်ကာ အသွင်အပြင်က လက်ရေးလှနှင့် တူသည်။ သို့သော် ၎င်း၌ ပို၍ ပြင်းသော လူသတ်လိုသည့် အငွေ့အသက်များ ပါဝင်နေ၏။

ယင်းသည် ကျူးလုံ ဧကရာဇ်က လက်ရေးလှပေါ် အခြေခံ၍ ဖန်တီးခဲ့သော သတ်ဖြတ်ခြင်း အစီအရင် ဖြစ်ပေသည်။ အသွင်အပြင်ကိုလည်း လက်ရေးလှအတိုင်း ဖွဲ့စည်းထားခြင်း ဖြစ်သည်။

ဖန်တီးထားသော ဓားချီစွမ်းအင်က ပြင်းထန်ပြီး ဤအစီအရင်နှင့် ပေါင်းစပ်လိုက်သောအခါ ပို၍ ပြင်းထန်သွားသည်။

ဤအင်မော်တယ် သတ်ဖြတ်ခြင်း အစီအရင်က မည်မျှ အားကောင်းသလဲ ဆိုသည်ကို ယဲ့ဖန် တစ်ယောက်တည်းသာ သိသည်။ ၎င်း၏ စွမ်းအင်အစစ်ကို သူသာလျင် မည်သို့ အသုံးပြုရမလဲ သိပေ၏။

ထိုစဉ် ယဲ့ဖန်က တယောမှ ကြိုးများကို တီးခတ်လိုက်သကဲ့သို့ လက်ချောင်းများကို လှုပ်ခါလိုက်သည်။ ချက်ချင်းဆိုသလိုပင် ကြောက်စရာကောင်းသော ဓားစွမ်းအင်က မုန်တိုင်းထန်သော ပင်လယ်အလား ပျံ့လွင့်လာသည်။

ထောင်ချီသော ဓားချီစွမ်းအင်က ရင်ချန်ဖုန်းထံ အားဖြင့် ဦးတည်တိုက်ခိုက်လာ၏။ ယင်းအရှိန်အဝါက ကြောက်စရာ ကောင်းလှသည်။

ရုတ်တရက်ဆိုသလိုပင် ရင်ချန်ဖုန်း၏ ခန္ဓာကိုယ်မှ သွေးများ ငေါက်ခနဲ ထွက်လာသည်။ နတ်ဘုရင် အဆင့်ဖြစ်သော သူတောင်မှ ဤအစီအရင်၏ စွမ်းအင်ကို မခုခံနိုင်ဘဲ လက်မောင်းတစ်ဖက် ပြတ်ထွက်များ သွေးများ အဆက်မပြတ် ပန်းထွက်လာလေသည်။

“အား…”

ရင်ချန်ဖုန်း အသည်းအသန် အော်ဟစ်နေပြီး မျက်နှာတွင် ကြောက်စိတ်များ ပြည့်နှက်နေသည်။ သူ သတိလစ်မတတ် ဖြစ်နေ၏။

*ဘာလို့ ဒီလို ဖြစ်ရတာလဲ*

*ဘာလို့ အင်မော်တယ် သုတ်သင်ခြင်း အစီအရင်က ဒီလူရဲ့လက်ထဲမှာ ပိုပြင်းထန်တဲ့ ဓားစွမ်းအင်ကို ထုတ်ဖော်နိုင် ရတာလဲ*

သူ ထုတ်ဖော်ခဲ့သော ဓားချီစွမ်းအင်က မြစ်တစ်စင်းစာမျှ ရှိသည်ဆိုလျင် ယဲ့ဖန် ထုတ်ဖော်လိုက်သော ဓားချီစွမ်းအင်က ပင်လယ်တစ်မျှ ရှိလေသည်။ ထို့အပြင် ပို၍ ကြောက်စရာလည်း ကောင်းပေသည်။

ရင်ချန်ဖုန်း ကြက်သေ သေနေ၏။

“အင်မော်တယ် သုတ်သင်ခြင်း အစီအရင်ထဲမှာ မင်းက အရှင်သခင်လား”

ယဲ့ဖန် ထပ်မေးလာသည်။ သူ့အသံတွင် အထင်သေးမှုနှင့် ကြမ်းကြတ်မှုတို့ ပြည့်နှက်နေသည်။ တစ်စုံတစ်ရာကို အတည်ပြုနေသလိုပင်။ ထို့နောက် ရင်ချန်ဖုန်း ပြန်ဖြေသည်ကို မစောင့်ဘဲ ထပ်မံ၍ လက်ကို လှုပ်ရှားလိုက်သည်။

ထောင်ချီသော ဓားချီစွမ်းအင်က ထပ်မံ၍ တိုက်ခိုက်လာပြန်သည်။ ရင်ချန်ဖုန်း ကိုယ်လက်အင်္ဂါ မစုံမလင် ဖြစ်လာပြီး အသားစများက မြေကြီးပေါ် ပြုတ်ကျလာသည်။

*သွေးထွက်သံယို များလိုက်တာ*

*ကြောက်စရာကြီး*

ရင်မိသားစုဝင်တိုင်း မျက်လုံးပြူးကာ မျက်လုံးအိမ်တွင် အလွန်အမင်း သွေးပျက်ဟန် ပေါ်နေ၏။ သူတို့ ရင်မိသားစု ဂုဏ်ယူနေရသည့် မဟာအစီအရင်က အခြားသူ၏ အသုံးချခြင်း ခံရကာ သူတို့ကို သတ်နေသည့် လက်နက်တစ်ခု ဖြစ်နေသည် မဟုတ်ပါတကား။

*ဒါက …*

တစ်ခဏကြာသော် ရင်ချန်ဖုန်း၏ ခန္ဓာကိုယ်က ပြန်လည်ဖွဲ့စည်းလာသည်။ သူ့မျက်နှာက ပြာနှမ်းနေပြီး မုန်းတီးစိတ်ကြောင့် ရူးမတတ် ဖြစ်နေ၏။ အကြိမ်ကြိမ် အသတ်ခံနေရခြင်းက သူ့အတွက် ကြီးမားသော အရှက်ရမှုပင်။ ရင်ချန်ဖုန်း သွက်သွက်ခါအောင် ရူးပေတော့မည်။

“မင်း သိုင်းအဆင့်က ငါ့ထက် မြင့်တော့ရော ဘာဖြစ်လဲ၊ မင်း ငါ့ကို မသတ်နိုင်ဘူး မဟုတ်လား၊ ငါ့အစ်ကို ရောက်လာတဲ့အချိန်ကျရင် ငါတို့နှစ်ယောက် ပေါင်းတိုက်မယ်ဆို မင်း သေချာပေါက် သေမှာပဲ”

ရင်ချန်ဖုန်းက ဂုဏ်ယူစွာ ပြုံးနေသည်။ သူ့အစ်ကို ရောက်လာသည်အထိ သူ အချိန်ဆွဲထားနိုင်လျင် ယဲ့ဖန်ကို သတ်နိုင်မည့် အခွင့်အရေး ရလာမှာပင်။

အင်မော်တယ် သုတ်သင်ခြင်း အစီအရင်သည် သူ့ခန္ဓာကိုယ်နှင့် ပေါင်းစပ်ထားသည်မှာ ကြာလှပြီ ဖြစ်သည်။ အင်မော်တယ် သုတ်သင်ခြင်း အစီအရင် မပျက်စီးသရွေ့ သူ သေမည် မဟုတ်ပါ။

“မင်း … အဲ့အချိန်ထိ မခံနိုင်ဘူး”

ထိုစကားအဆုံး၌ ဓားချီစွမ်းအင် ထပ်မံ၍ ထွက်ပေါ်လာပြီး ရင်ချန်ဖုန်းအား တိုက်ခိုက်လာပြန်သည်။ သူ ထပ်မံ၍ တစ်စစီ ဖြစ်သွားလေသည်။

တစ်ခဏကြာသော် ရင်ချန်ဖုန်း ပြန်လည်၍ ရှင်သန်လာပြီး သူ့မျက်နှာတွင် မသိမသာ ပို၍ အထင်သေးဟန် ပေါ်နေသည်။

“အရူး အစီအရင် မပျက်စီးသရွေ့ ငါ မသေနိုင်ဘူးလို့ ငါ ပြောခဲ့သားပဲ၊ မင်းမှာ အစွမ်းရှိရင် ဒီအစီအရင်ကို ဖျက်ဆီးလိုက်စမ်းပါ ဟားဟားဟား”

သို့သော် ယဲ့ဖန်က တိတ်ဆိတ်နေကာ အင်မော်တယ် သုတ်သင်ခြင်း အစီအရင်ကို နှိုးဆွလိုက်သည်။ လက်ရှိအချိန်၌ ယဲ့ဖန်သည် ဤအင်မော်တယ် သုတ်သင်ခြင်း အစီအရင်၏ အရှင်သခင် ဖြစ်နေပုံ ပေါ်ကာ လှုပ်ရှားမှုတိုင်းက အစီအရင်တစ်ခုလုံး၏ စီးဆင်းမှုကို သက်ရောက်စေနိုင်သည်။

လူသတ်လိုသော အငွေ့အသက်က ပွက်ပွက်ဆူနေပြီး ဓားစွမ်းအင်က ပြင်းထန်နေသည်။ ထို့နောက်တွင်မူ ရင်ချန်ဖုန်း၏ ခန္ဓာကိုယ်က အဆက်မပြတ် ပြန်ဖွဲ့စည်းလိုက်၊ အသတ်ခံရလိုက် ဖြစ်နေသည်ကို လူတိုင်း ကြောက်လန့်တကြား မြင်တွေ့နေရသည်။ သွေးများက နေရာအနှံ့ လွင့်စဉ်နေ၏။

တစ်ကြိမ်၊ ဆယ်ကြိမ်၊ အကြိမ်တစ်ရာ။ ယဲ့ဖန်သည် အလွန် စိတ်ရှည်ပုံရပြီး ကျေကျေနပ်နပ်ကြီး သတ်နေ၏။

“သောက်မျိုးမစစ်ကောင် ငါ့အစ်ကို ရောက်လာခဲ့အခါကျရင် မင်းကို ဓားတစ်ထောင်နဲ့ သတ်ပစ်မယ်ကွ”

ထိုစဉ် ရင်ချန်ဖုန်းက ကျယ်လောင်စွာ အော်ဟစ်လာသည်။ သူ ရူးသွပ်နေလေပြီ။ သူ အကြိမ်တစ်ရာ အသတ်ခံရပြီး ပြန်ပြန်၍ ရှင်သန်လာသော်လည်း တစ်ချက်ကလေးမှ ပြန်တိုက်နိုင်ခွင့် မရလိုက်ပေ။ သူ လုံးဝ ဖိနှိပ်ခံထားရသည်။

ရှက်စရာ ကောင်းလိုက်လေခြင်း။ လူတိုင်း နားဝေတိမ်တောင် ဖြစ်နေကြသည်။

*ရင်ချန်ဖုန်းက တကယ်ကြီး ယဲ့ဖန်ရဲ့ လက်ထဲမှာ အကြိမ်တစ်ရာ အသတ်ခံနေရတာလား*

“နေဦး မင်း ဘာလုပ်လိုက်တာလဲ၊ သောက်ကျိုးနည်း မင်း ဘာလုပ်လိုက်တာလဲ”

ထိုစဉ် ရင်ချန်ဖုန်းက တစ်စုံတစ်ရာကို သတိပြုမိသွားပုံရပြီး သူ့အသံတွင် အလွန် သွေးပျက်ဟန်များ ပြည့်နှက်နေ၏။

အကြောင်းမှာ အင်မော်တယ် သုတ်သင်ခြင်း အစီအရင်၏ စွမ်းအင်က ယဲ့ဖန်ထံ၌ တဖြည်းဖြည်း စုဝေးသွားပုံ ရပြီး သူ့နတ်ဘုရားစွမ်းအင်က ဖြည်းဖြည်းချင်း ဆုံးရှုံးလာသည်ကို သတိထားမိလိုက်သောကြောင့်ပင်တည်း။

သူ ပြန်ရှင်လာသည့်အကြိမ်တိုင်း အားနည်းသထက် နည်းလာသည်က အံ့ဩစရာ မဟုတ်တော့ချေ။ လှည့်ကွက် လုပ်နေသော ထိုလူကြောင့်ပင်။

တစ်ခဏကြာသော် သူ အံ့ဩမှင်တက်လာသည်။ ဤသို့သာ ဆက်ဖြစ်နေပါက သူ သေချာပေါက် သေသွား ပေလိမ့်မည်။

“ခွေးမသား ရပ်စမ်း၊ ရပ် ရပ်လိုက်စမ်း”

သူ့မျက်နှာတွင် ထီမထင်ဟန်နှင့် လှောင်ပြောင်ဟန်တို့ မရှိတော့ဘဲ ကြောက်လန့်ဟန်သာ ပေါ်နေသည်။ သူ၏ ကံဆိုးမှုကို သူ သတိပြုမိသွားလေပြီ။

သို့သော် ယဲ့ဖန်က မကြားသယောင်ပြုကာ ထပ်မံ၍ ခံစားချက်ကင်းမဲ့စွာ တိုက်ခိုက်လေသည်။ ထိုအခိုက်တွင် လေပြင်းမုန်တိုင်း တိုက်ခတ်လာပြီး ဓားစွမ်းအင် ထပ်မံ၍ ထွက်ပေါ်လာကာ ရင်ချန်ဖုန်းအား တစ်စစီဖြစ်အောင် သတ်ဖြတ်ပြန်သည်။

ယဲ့ဖန်သည် ရင်ချန်ဖုန်းကို သတ်ရန် ဆုံးဖြတ်ထားပြီး ဖြစ်သဖြင့် မည်သူမှ ရင်ချန်ဖုန်းကို မကယ်နိုင်ပါ။

“တောက် တောက်”

ယခုတစ်ခါ ပြန်ရှင်လာချိန်တွင် ရင်ချန်ဖုန်း၏ ခန္ဓာကိုယ်က အပြည့်အစုံ မဟုတ်တေ့်ဘဲ လက်မောင်းတစ်ဖက် ပြတ်နေ၏။ ထိုပြတ်နေသော လက်မောင်းမှ သွေးများ အဆက်မပြတ် စီးကျနေသည်။ အလွန် ကြည့်ရဆိုးလှသည်။

“ကောင်းပြီလေ မင်းက ငါ့ကို ဖိအားပေးနေတာပဲ”

ရင်ချန်ဖုန်း၏ မျက်လုံးများက မီးဝင်းဝင်း တောက်နေပြီး ရူးသွပ်သွားလေသည်။ သူ့မျက်လုံးမှ ပြင်းထန်သော လူသတ်လိုစိတ်များ တောက်လောင်နေ၏။

ထို့နောက် သူသည် ဟောင်းနွမ်းနေသော ရှေးစာလိပ်တစ်ခုကို ထုတ်လိုက်သည်။ ထိုရှေးစာလိပ်ကို မြင်သည်နှင့် ရင်မိသားစုဝင်များ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

“ဒုတိယဦးလေး မလုပ်ပါနဲ့”

“ခင်ဗျား အဲ့စည်းတံဆိပ်ကို ဖျက်ဆီးလို့ မဖြစ်ပါဘူး၊ အဲ့ဒါ လွတ်လာတာနဲ့ ချင်ဧကရာဇ် သင်္ချိုင်းဂူတစ်ခုလုံး ရှင်းလင်းခံရပါလိမ့်မယ်”

“အဲ့မိစ္ဆာကောင်ရဲ့ အစွမ်းက ကျွန်တော်တို့ ထိန်းချုပ်နိုင်တဲ့အရာ မဟုတ်ပါဘူး၊ အဲ့ကောင် စည်းတံဆိပ်ကနေ လွတ်လာရင် အင်မော်တယ် သုတ်သင်ခြင်း အစီအရင်နဲ့ နဂါးကိုးကောင် ပေါင်းရင်တောင် အဲ့ဒါကို ဖမ်းနိုင်မှာ မဟုတ်ပါဘူး”

“အဲ့ကောင်ရဲ့ ကျွန်တော်တို့ ရင်မိသားစုအပေါ် မုန်းတီးနေပုံနဲ့ဆို ကျွန်တော်တို့အားလုံး အသတ်ခံရမှာ သေချာပါတယ်၊ ဒုတိယ ဦးလေး ပြန်စဉ်းစားပါဦး”

“ပါးစပ်ပိတ်ထား သူက ငါ့အသက်ကို လိုချင်နေမှတော့ ငါ သူနဲ့အတူ အသေခံလိုက်ရုံပေါ့”

ရင်ချန်ဖုန်းက ဒေါသတကြီး အော်လိုက်သည်။ သူ့မျက်လုံးတွင် ရက်စက်မှုတို့ဖြင့် ပြည့်နှက်နေ၏။

“ဟေ့ကောင် မင်း ကြားတယ်မလား၊ ငါ့လက်ထဲက စာလိပ်ထဲမှာ ပြိုင်ဘက်ကင်းအောင် ကြမ်းကြုတ်တဲ့ မိစ္ဆာကောင်ကို ချိပ်ပိတ်ထားတယ်၊ သူ့ကို နှိုးလိုက်မိတာနဲ့ ချင်ဧကရာဇ် သင်္ချိုင်းဂူတစ်ခုလုံး သုသာန် ဖြစ်သွားပြီး အသက်ရှင်သူ တစ်ယောက်မှ ရှိတော့မှာ မဟုတ်ဘူး”

“မင်း ငါ့ကို ဆက်သတ်နေမယ်ဆိုရင် မင်းပါ ငါနဲ့အတူ သေရမယ်”

ထိုစကားတွင် အလွန် ပြင်းထန်သော လူသတ်လိုစိတ်တို့ ပါဝင်နေသည်။ ရှေးဟောင်း သားရဲများလည်း ကြောက်ရွံ့သွားကြသည်။

*နိုးလာတာနဲ့ ချင်ဧကရာဇ် သင်္ချိုင်းဂူတစ်ခုလုံးက သက်ရှိတိုင်းကို သတ်နိုင်တာလဲ၊ အဲ့စာလိပ်ထဲမှာ ဘယ်လို ကြောက်စရာကောင်းတဲ့ အရာမျိုးကို ပိတ်လှောင်ထားတာလဲ*

*ဒါ တကယ် ပြောနေတာလား၊ လိမ်နေတာလား*

လူတိုင်း စိုးရိမ်သော အမူအရာများ ဖြစ်လာကြသည်။ ရင်ချန်ဖုန်း၏ စကားသာ အမှန် ဖြစ်နေပါက သူတို့သည်လည်း သူနှင့်အတူ သေရမည် မဟုတ်ပါလော။

ထိုအခိုက်တွင် ယဲ့ဖန်သည် ထီမထင်ဟန်နှင့် မောက်မာမြဲ မောက်မာပုံ ပေါ်နေကာ ရွှတ်နောက်နောက် အပြုံးမျိုး ပြုံးနေ၏။

“နှိုးလိုက်လေ”

ရိုးရှင်းသော စကားတစ်ခွန်း ဖြစ်သော်လည်း လူတိုင်းကို ကြက်သီးထသွားစေ၏။

*အရူး*

*ဒီလူက စိတ္တဇသမားပဲ*

*သူ လုံးဝ ဂရုမစိုက်ဘူးလား*

*မောက်မာတယ်*

*မောက်မာလွန်းတယ်*

*တစ်ချက်ကလေးမှ မတွေဝေဘဲ ရင်ချန်ဖုန်းကို သူ တန်းငြင်းလိုက်တာလား*

*ဘာ*

ထိုအခိုက်တွင် ရင်ချန်ဖုန်းတောင်မှ မအံ့ဩဘဲ မနေနိုင်အောင် ဖြစ်သွားရသည်။ ယဲ့ဖန်က သူ့ကို အလွန် ပြောင်ပြောင်တင်းတင်း ငြင်းလိမ့်မည်ဟု သူ မျှော်လင့်ထားပုံမရပေ။ ဤမျှ မောက်မာသောလူတစ်ယောက်ကို သူ ယခုမှ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။

*ငါ့စကားက အမှန်ဖြစ်နေမလားဆိုတာကို လုံးဝ စိုးရိမ်ပုံ မပေါ်ဘူး၊ ဒီလူ သေမှာကို မကြောက်ဘူးလား*

“နှိုးလိုက်လေ …”

ထိုစဉ် ယဲ့ဖန် ထပ်ပြောလာသည်။ သူ့မျက်လုံးများက ပို၍ နက်ရှိုင်းကာ အေးစက်လာ၏။

“မဟုတ်ရင် မင်း သေရမယ်”

All Chapters