← Chapters

အခန်း ၁၅၄၂

Vol. 103 Ch. 1542

အခန်း ၁၅၄၂

Vol. 103 Ch. 1542

Chapter 1542 အဲ့လူကို ကျူးလုံဧကရာဇ်လို့ ခေါ်တယ်

*ဒါက*

ထိုစကားသံ ထွက်ပေါ်လာသောအခါ ဘေးပတ်လည်မှလူတိုင်း ကြက်သီးမွေးညင်း ထသွားကြသည်။

*ယဲ့ဖန်က တကယ်ကြီး ရင်ချန်ဖုန်းကို အဲ့ကြောက်စရာကောင်းတဲ့အရာကို နှိုးလိုက်ဖို့ ပြောနေတာလား*

ထိုစကားကိုကြားပြီး ရင်မိသားစုဝင်များအားလုံး ကြောက်လန့်သွားလေသည်။

*ဒီလူ အတည်ပြောနေတာလား*

ထိုအခိုက်တွင် ရင်ချန်ဖုန်းသည်လည်း မျက်နှာ အလွန် ကြည့်ရဆိုးနေပြီး ယဲ့ဖန်အား မာန်မဲလိုက်သည်။

“ငါ မင်းကို နောက်နေတယ်များထင်နေလား”

*ဒီကောင်က ငါ့စကားကို ဘယ်လိုတောင် သံသယ ဝင်ရဲတာလဲ*

သူ့စိတ်ထဲတွင် ယဲ့ဖန် အလွန် ဆုံးဖြတ်ချက် ပြတ်သားပြီး ခံစားချက် ကင်းမဲ့နေသည့် အကြောင်းရင်းက သူ လေလုံးထွားနေသည်ဟု ယဲ့ဖန် ထင်နေသောကြောင့်သာဟု ထင်နေလေသည်။

“ငါ နှိုးလိုက်လို့ ပြောနေတာလေ၊ ဒါ မင်း ငါ့ကို သတ်နိုင်မယ့် နောက်ဆုံး အခွင့်အရေးပဲ”

ယဲ့ဖန်က တည်ငြိမ်၍ ခံစားချက် ကင်းမဲ့နေကာ သူ့စကားတွင် ကြောက်မက်ဖွယ်ရာနှင့် လူသတ်လိုသော အငွေ့အသက်များ ပြည့်နှက်နေ၏။

ထိုစကားကိုကြားပြီး ရင်ချန်ဖုန်း အံကြိတ်၍ ကြုံးဝါးလိုက်သည်။

“ငါ မင်း သိအောင် ပြောလိုက်မယ်၊ ငါ မင်းကို လေလုံးထွားနေတာ မဟုတ်ဘူး၊ ငါ ဒါကို နှိုးလိုက်တာနဲ့ မင်းရော ငါရော သေမှာ”

သူ မလိုအပ်လျင် ဤသို့ မလုပ်ချင်ပါ။ အကြောင်းမှာ ဤမိစ္ဆာကို လွှတ်ပေးမိသည်နှင့် ချင်ဧကရာဇ် သင်္ချိုင်းဂူတစ်ခုလုံး ရှင်းလင်းခံရမည် ဖြစ်ပြီး သူသည်ပင် ခြွင်းချက် မဟုတ်သောကြောင့်ပင်တည်း။

“အရေးမပါတာတွေ ပြောတာ များလိုက်တာ၊ ဒါဆိုလည်း သေလိုက်တော့”

ယဲ့ဖန်က အေးစက်စက် ငေါက်ငမ်း၍ လက်ငါးချောင်းကို လှုပ်ခါလိုက်သည်။ ထိုအခါ ဓားချီစွမ်းအင်က ရင်ချန်ဖုန်းထံ တိုးဝင်သွားပြန်သည်။ အရှိန်က လျပ်စီးအလား လျင်မြန်လွန်းလှသည်။

ဤလှုပ်ရှားမှုက ရင်ချန်ဖုန်းကို လုံးဝ ဒေါသထွက်သွားစေပြီး ပြန်ငေါက်ငမ်းလေသည်။

“ကောင်းပြီလေ မင်းက သေချင်နေမှတော့ အားလုံး အတူတူ သေကြတာပေါ့”

ရုတ်တရက် သူသည် ရှေးစာလိပ်ကို အဝေးသို့ လွှင့်ပစ်၍ မန္တန်ကို ရွတ်ဆိုလိုက်သည်။ ရှေးစာလိပ်က ရုတ်တရက် တောက်ပလာပြီး ပြင်းထန်စွာ တုန်ခါလာ၏။

ရှေးစာလိပ်ထဲမှ မွန်းကြပ်၍ ကြမ်းကြုတ်သော အရှိန်အဝါတစ်ခု အဆက်မပြတ် ထွက်ပေါ်လာလေသည်။ တစ်စုံတစ်ရာက အချုပ်အနှောင်မှ လွတ်မြောက်လာတော့မည့်ပုံပင်။

ဤမြင်ကွင်းက လူတိုင်းကို ကြက်သေ သေသွားစေသည်။ အားလုံး ကိုယ့်မျက်လုံးကိုယ် မယုံနိုင်သည့် ဖြစ်နေကြသည်။

ထိုအခိုက်တွင် သူတို့သည် ကပ်ဆိုးနှင့် ဘေးအန္တရာယ်ကို ကိုယ်စားပြုနေသည့် ရှေးကျသော မိစ္ဆာ အငွေ့အသက်တစ်ခုကို ခံစားလိုက်မိပြီး အလွန် နေရခက်သော ခံစားချက်မျိုး ရလာကြသည်။

“သွားပြီ သွားပြီ ငါတို့တော့ သေပြီ”

“ငါတို့တင် သေမှာ မဟုတ်ဘူး၊ ရင်မိသားစုအားလုံး သေမှာ”

ဤနေရာ၌ ရှိနေသော ရင်မိသားစုဝင်များအားလုံး မျက်နှာပြာနှမ်းကာ ကြောက်စိတ်နှင့် ဆောက်တည်ရာ မရစိတ်တို့က မျက်နှာအပြည့် နေရာယူနေသည်။

ထွက်ပေါ်လာမည့်အရာကို အလွန် ကြောက်ရွံ့နေမှန်း သိသာလှသည်။ ရင်မိသားစုဝင်များ၏ အမူအရာကို မြင်ပြီး ရှေးဟောင်း သားရဲများလည်း မကြောက်ဘဲ မနေနိုင်ချေ။ ရင်မိသားစုကို ဖျက်ဆီးနိုင်သည့် တည်ရှိမှုတစ်ခု ရှိနေလိမ့်မည်ဟု သူတို့ မယုံနိုင်ပါ။

*ဧကရာဇ် ယွီရှန်တောင်မှ အဲ့ဒါကို မယှဉ်နိုင်ဘူးလား*

ဘေးလူများ ရုတ်တရက် စိတ်ဓာတ်ကျသွားပြီး နေရထိုင်ရ ခက်သဖြင့် အသက်မရှူနိုင် ဖြစ်သွားရသည်။ ထိုအချိန်တွင် ရင်ချန်ဖုန်း အားပါးတရ ရယ်မောလာသည်။ သူ့အခြေအနေက လုံးဝ ရူးသွားသည့် အခြေအနေပင်။

“သေလိုက်တော့ မင်း ငါ့ကို ဖိအားပေးခဲ့တာ၊ အခု အဲ့အတွက် ပြန်ပေးဆပ်ရမယ်”

“မင်းကို ပြောရဦးမယ်၊ အဲ့မိစ္ဆာကို ငါ့အစ်ကို ယွီရှန်တောင် မယှဉ်နိုင်တာ၊ မင်း … မင်းတော့ သေပြီ”

“ဂျွတ်ဂျွတ်”

ဤကြောက်စရာကောင်းသော ဖိအားကို မခံနိုင်သဖြင့် မြေဆီလွှာ အက်ကွဲလာသည်။ တောတောင်များ တုန်ခါလာပြီး မိုးကောင်းကင် မြည်ဟီးလာ၏။

လက်ရှိတွင် ဘေးပတ်လည်မှ အရာအားလုံး ပွက်ပွက်ဆူလာသည်။ ပျက်ကပ်ဆိုက်တော့မယောင်ပင်။ ဤမြင်ကွင်းကြောင့် လူတိုင်း ခေါင်းမွေးထောင်ကာ ကြက်သီးမွေးညင်း ထလာကြသည်။

*ဒါ ဘယ်လိုအရာမျိုးလဲ၊ မိုးမြေကိုတောင် ဒီလို ကြောက်ဖို့ကောင်းတဲ့ ပုံစံမျိုး လုပ်နိုင်စွမ်း ရှိတာလား*

*လောကကြီးက ပြိုလဲတော့မလိုပဲ*

“ဟားဟားဟား ငါ ထွက်လာပြီ၊ ငါ ပြန်ထွက်လာနိုင်ပြီ၊ ကျူးလုံ ဧကရာဇ် မင်း ငါ့ကို မတားနိုင်ဘူးကွ”

ထိုအခိုက်တွင် ကြမ်းကြုတ်သော ကြုံးဝါးသံက ပဲ့တင်ထပ်၍ ထွက်ပေါ်လာသည်။ ထိုအခါ လူတိုင်း သွားတဂတ်ဂတ် ရိုက်သည်အထိ တုန်လှုပ်လာကြသည်။

အထူးသဖြင့် ရင်မိသားစုဝင်များပင်။ ရင်းနှီးနေသော ပုံရိပ်၏ အသံကို ကြားလိုက်ရသောအခါ ခြေထောက်များပင် ပျော့ခွေသွားပြီး မြေကြီးပေါ် ဒုန်းခနဲ ညွတ်ကျသွားသည်။ အားလုံး နှင်းခဲခံလိုက်ရသကဲ့သို့ မလှုပ်တော့ချေ။

မည်သို့သော တည်ရှိမှုမျိုးက အမြဲ မောက်မာ၍ သွေးနားထင်ရောက်နေသော ရင်မိသားစုဝင်များအား ဤမျှ သွေးပျက်သွားအောင် လုပ်နိုင်သလဲဆိုတာက တွေးရခက်လှသည်။

ရုတ်တရက် ရောင်စုံ အလင်းတန်းတစ်ခု ဖြာထွက်လာသည်။ ထို့နောက်တွင် ကျယ်လောင်သော အသံ တစ်သံနှင့်အတူ ကျားလက်သည်းတစ်ဖက်က ရောင်စုံ အလင်းတန်းထဲမှ ထွက်လာပြီး‌ မြေကြီးအား ဘုန်းခနဲ ရိုက်ချလာသည်။

ထို့နောက်တွင်မူ မီတာနှစ်ဆယ် ရှည်လျားသော တောင်ပံတစ်စုံ ထွက်ပေါ်လာပြီး ကောင်းကင်ယံအား ဖုံးလွှမ်းသွားလေသည်။

“သတ်မယ်ဟေ့”

ချက်ချင်းဆိုသလိုပင် ရောင်စုံ အလင်းတန်းထဲမှ ရက်စက်ကြမ်းကြုတ်သော ကျားခေါင်း ထွက်လာပြီး ၎င်း၏ သွေးဆာစူးရှနေသော မျက်လုံးတစ်စုံဖြင့် လူအများအား ရက်စက်ကြမ်းကြုတ်စွာ ဝေ့ကြည့်လာ၏။

သူသည် မိစ္ဆာလေးကောင်ထဲမှ တစ်ကောင်ဖြစ်သော ချုံးချီပင်။

“အဲ့ဒါကိုး၊ လတ်စသက်တော့ အဲ့ဒါ ဖြစ်နေတာကိုး”

ရှေးဟောင်းသားရဲများ ချက်ချင်း တုန်လှုပ်ချောက်ချားသွားကြသည်။ အဘယ်ကြောင့် ရင်မိသားစုဝင်များ အလွန် ကြောက်ရွံ့နေသလဲ ဆိုသည်ကိုလည်း သေသေချာချာ နားလည်သွားလေသည်။

အဘယ်ကြောင့်ဆိုသော် သူတို့အရှေ့၌ ရှိနေသော ရှေးဟောင်းသားရဲသည် သူတို့မျိုးနွယ်တောင်မှ အလွန် ကြောက်လန့်ရသည့် သားရဲ ဖြစ်နေသောကြောင့်ပင်။

၎င်းသည် နတ်ဘုရား၊ မိစ္ဆာ၊ စဉ်းလဲသောလူတို့ ခန္ဓာကိုယ်တစ်ခုထဲ၌ ပေါင်းစပ်ထားသည်နှင့် ဆင်တူပြီး မိစ္ဆာ၏ သင်္ကေတဖြစ်ကာ အဆိုးယုတ်ဆုံးအရာ ဖြစ်လေသည်။

ရှေးခေတ်အခါက ချုံးချီသည် လူများ၊ နတ်ဘုရားများနှင့် နတ်ဆိုးများအပြင် ရှေးဟောင်းသားရဲများကိုပင် မချန်ဘဲ စားသုံးခဲ့သည်။ ထို့ကြောင့် ရှေးဟောင်းသားရဲတိုင်းက ၎င်းအား အလွန် ကြောက်ရွံ့ကြသည်။

သူ၏ နာမည်က အလွန် ကြောက်ရွံ့စရာ ကောင်းလှသည်။ ချုံးချီ ဖြတ်သွားသည့် နေရာတိုင်း၌ ကပ်ဘေးနှင့် ပျက်စီးခြင်းသာ ရှိလေသည်။ နတ်ဘုရားနယ်မြေသည်လည်း စွန့်ပစ်မြေ ဖြစ်လာရသည်။

ထို့ကြောင့် ချုံးချီ ဗိုက်ဆာနေချိန် သူနှင့် ထိပ်တိုက်မရင်ဆိုင်နှင့်ဟူသည့် ဆိုရိုးစကားတစ်ခုပင် ရှိသည်။ အဘယ်ကြောင့်ဆိုသော် နတ်ဘုရားဖြစ်စေ၊ လူဖြစ်စေ၊ နတ်ဆိုးဖြစ်စေ သေခြင်းတရားတစ်ခုတည်းဖြင့်သာ အဆုံးသတ်ရမည် ဖြစ်သောကြောင့်ပင်။

ရှေးခေတ်အခါအတွင်း ၎င်းသည် ညတွင်းချင်း လူသန်းချီ စားသောက်ခဲ့ပြီး လူအများအား ကြံရာမရ၍ ကြောက်စိတ် စိုးမိုးစေသည်။

ထို့ကြောင့် နတ်ဘုရားများ အတူတူ ထွက်လာပြီး ချုံးချီကို တိုက်ခိုက်ခဲ့သည်။ ရလဒ်မှာမူ ၎င်း၏ စားသုံးခြင်းကိုသာ ခံလိုက်ရသည်။

ချုံးချီ၏ အမြင်တွင် နတ်ဘုရားများသည် ပုရွက်ဆိတ်အဆင့်မျှသာ ရှိပြီး သူ စိတ်ရှိသလို ဝါးမျိုနိုင်သည်ဟု မှတ်ယူထားသည်။ နောက်ဆုံးတွင် နတ်ဘုရားများ ရှုံးနိမ့်ကာ ထပ်ထွက်ရန် ကြောက်သွားကြသည်။

လူသားကမ္ဘာသည်လည်း သူတို့၏ နတ်ဘုရားများကို စိတ်ပျက်ကာ ဆောက်တည်ရာမရ ဖြစ်သွားခဲ့သည်။

ချုံးချီသည် ရှေးဟောင်း သားရဲများထဲတွင် ကြောက်စရာ အကောင်းဆုံးနှင့် အသန်မာဆုံးသားရဲများထဲမှ တစ်ကောင် ဖြစ်လေသည်။

“ထွက်ပြေးကြ”

ထိုအခိုက်တွင် ရင်မိသားစုဝင်များအားလုံးနှင့် ရှေးဟောင်းသားရဲများတွင် အတွေးတစ်ခုတည်းသာ ရှိကြသည်။ အချိန် အတော်ကြာအောင် ချိပ်ပိတ်ခံထားရပြီးနောက် ချုံးချီ ဆာလောင်နေသည်မှာ အသေအချာပင်။ ယခုအခါတွင် သူ သေချာပေါက် အရာအားလုံးကို ဝါးမျိုပေလိမ့်မည်။

ချင်ဧကရာဇ် သင်္ချိုင်းဂူတစ်ခုလုံးကို ဝါးမျိုပြီးလျင်တောင်မှ ဗိုက်မဝမည်ကို စိုးရိမ်ရသည်။

*ထွက်ပြေး ဟုတ်လား*

ထိုစကားကိုကြားသော် ချုံးချီက ရက်စက်သော အပြုံးမျိုး ပြုံးလိုက်သည်။ သားရဲတစ်ကောင်က လူသားသဖွယ် ပြုံးနေသည်က ထူးဆန်းလွန်းလှသည်။

ထို့နောက် ၎င်းက သူ၏ သွေးအလိမ်းလိမ်း ဖြစ်နေသော ပါးစပ်ကို ဟ၍ အားဖြင့် စုပ်ယူလိုက်သည်ကို သူတို့ တွေ့လိုက်ရသည်။

အသည်းအသန် ထွက်ပြေးနေသော ရှေးဟောင်း သားရဲများအားလုံး နေရာမှာ တောင့်ခနဲ ဖြစ်သွားပြီး မျက်လုံးတွင် ကြောက်စိတ်များ ဖုံးလွှမ်းလာသည်။ သူတို့ သည်းခြေပျက်နေကြလေပြီ။ သူတို့ ကြောက်လန့်နေကြလေပြီ။

သူတို့ အစားအစာ ဖြစ်တော့မည်ကို သူတို့ သိလိုက်သည်။ ဤပြိုင်ဘက်ကင်းသော သားရဲကို သူတို့ လုံးဝ မယှဉ်နိုင်ပါ။ ၎င်းက အလွန် ကြောက်စရာကောင်းကာ သတ်တော့မည့်ပုံပင်။

တစ်ခဏကြာသော် ရှေးဟောင်းသားရဲများအားလုံး ချုံးချီ၏ ပါးစပ်ထဲ လွင့်ပျံသွားပြီး သူ့ပါးစပ်ထဲ၌ သေးသထက် သေးသွားပြီး ဝါးမျိုခံရကာ တဂျွတ်ဂျွတ် အစားခံလိုက်ရသည်။

၎င်း၏ ပါးစပ်မှ သွေးများ တတောက်တောက် စီးကျလာသည်။ သွေးများက မေးစေ့မှ ရင်ဘတ်အထိ စီးကျလာပြီး ကိုယ်ပေါ်မှ အမွေးများ သွေးရောင်လွှမ်းသွားလေသည်။

မျက်တော်တစ်ခတ်အတွင် ရှေးဟောင်းသားရဲ နှစ်ဆယ်ကျော် အစားခံလိုက်ရပြီး အရိုးပင် မကျန်ခဲ့ချေ။

*မိစ္ဆာကျား*

*အရိုးတောင်မချန် စားတဲ့ မိစ္ဆာကျား*

*ကြမ်းကြုတ်တဲ့နတ်ဘုရား*

*မျက်တောင်တောင်မခတ်ဘဲ လူသတ်တဲ့ နတ်ဘုရား*

ထို့နောက်တွင်မူ ချုံးချီ၏ မျက်နှာတွင် ကြမ်းကြုတ်စဉ်းလဲသော အပြုံးတစ်ခု ပေါ်လာပြန်သည်။

“အင်း … ဗိုက်ပြည့်သွားပြီ ဒါပေမဲ့ လူ့အသားထက် အရသာမကောင်းလိုက်တာ”

သားရဲများစွာကို စားပြီးနောက် လူသားက ပို၍ အရသာရှိကာ အချိုဆုံးဟု ခံစားမိနေ၏။ ထို့နောက် ၎င်း၏ အကြည့်က ရင်မိသားစုထံ ကျရောက်သွားသည်။ ထိုအကြည့်က ရင်မိသားစုဝင်များကို ကြက်သီးတဖြန်းဖြန်း ထသွားစေသည်။

“ခြေနှစ်ချောင်းနဲ့ သိုးတွေ ဟဲဟဲ”

ရင်မိသားစုဝင်များ ပြိုလဲသွားပြီး ကြက်သီးမွေးညင်းထကာ မျက်နှာတွင် ကြောက်စိတ်များနှင့် ပြည့်နှက်လာ၏။ သူတို့ ပြေးရန် ကြံစည်လိုက်စဉ်မှာပင် ချုံးချီက ပျံသန်းလာပြီး လူတစ်ယောက်အား လက်တစ်ဖက်ဖြင့် ကိုင်၍ ပါးစပ်ထဲ ပစ်ထည့်ကာ ဝါးစားလိုက်သည်။

“အရသာရှိတယ်၊ အရသာ ရှိလွန်းတယ်”

ချုံးချီက အလွန် ကျေနပ်အားရသော အမူအရာ ပြလာသည်။ လူ့အသားသည် သူ့အတွက် ငတ်မပြေသော အသားပင်။

“ဟားဟားဟား မင်း အဲ့အရူးကိုမြင်လား၊ ဒါ မင်း ငါ့ကို သတ်ဖို့ကြိုးစားလို့ ဖြစ်လာတာပဲ၊ အခု မင်း သေရမယ်”

ရင်ချန်ဖုန်း အားပါးတရ ရယ်မောနေည်။ သူ သေရမည် ဖြစ်သော်လည်း ယဲ့ဖန်ကလည်း သူနှင့်အတူ လိုက်သေရတော့မည်။

ပို၍ အရေးပါသည်မှာ ယဲ့ဖန်၏ ကြောက်လန့်နေသော မျက်နှာကို သူ ချက်ချင်း မြင်ရတော့မည် ဖြစ်သည်။ သို့သော် သူ စိတ်ပျက်သွားရသည်။

ယဲ့ဖန်က အစွမ်းကုန် ကြိုးစားသတ်ဖြတ်နေသော ချုံးချီအား တည်ငြိမ်စွာ ကြည့်နေသည်ကို သူ တွေ့လိုက်ရသည်။ ယဲ့ဖန်၏ မျက်လုံးတွင် မည်သို့သော လှိုင်းထန်ခြင်းမှ မရှိဘဲ ရေသေအလား တည်ငြိမ်ကာ ခံစားချက် ကင်းမဲ့နေ၏။

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

“ချုံးချီ ဒီမှာ အသားကြီးရှိတယ်၊ ဒီကိုမြန်မြန်လာ”

ရင်ချန်ဖုန်း ရုတ်တရက် အော်ပြောလိုက်သည်။ ယဲ့ဖန်အား ဤသို့ မောက်မာသော အမူအရာနှင့် ထပ်ရင်ဆိုင်နိုင်ခြင်း မရှိသည်ကို သူ လိုချင်နေသည်။

*ဟမ်*

ထိုအခိုက်တွင် ချုံးချီ နောက်လှည့်လာပြီး ယဲ့ဖန်နှင့် အခြားသူများကို စိုက်ကြည့်လာသည်။ ထိုအကြည့်က အားလုံးကို ခေါင်းမွေးထောင်သွားစေသည်။

၎င်းက ရှေးခေတ်အခါကတည်းက အားလုံးကို ဝါးမျိုခဲ့ပြီး နတ်ဘုရားနှင့် နတ်ဆိုးများပင် ဘာမှမလုပ်နိုင်သော သားရဲ ဖြစ်သည် မဟုတ်ပါလော။

သို့သော် ထိုအချိန်တွင် လူတစ်ယောက် ပေါ်လာခဲ့သည်။ ထိုလူက ဘယ်ကနေ ပေါ်လာမှန်း မသိသလို၊ ဘယ်ကိုသွားမှန်းလဲ မသိချေ။

သူသည် ရှေးခေတ်အခါက နေရာတိုင်းသို့ သွားလာခဲ့ပြီး တောတောင်မြစ်ချောင်းတိုင်းသို့ ဖြတ်သန်းခဲ့သည်။ သူ့အနားတွင် ကြယ်တာရာများ ဝန်းရံနေသလို သားရဲများလည်း ဝါးရံနေ၏။ လေညင်းတောင်မှ သူ့ကို အသာအယာ ပွတ်တိုက်သွားရသည်။

လောကတိုင်းမှ အရာရာတိုင်းက သူနှင့် နီးကပ်ချင်နေပုံရသည်။ သူ့တွင် မဖော်ပြတတ်သော မြင့်မြတ်သန့်စင်မှုတစ်ခု ရှိနေ၏။ ထိုသူသည် နတ်ဘုရားများထက်ပင် ပို၍ နတ်ဘုရား ဆန်လေသည်။

ထို့ကြောင့် အရာရာတိုင်းက သူနှင့်သာ နီးကပ်ချင်နေကြသည်။ ထို့နောက် ချုံးချီက သူ့ကို တွေ့သွားပြီး အရသာ ရှိမှာ သေချာသည်ဟု တွေးကာ စားချင်ခဲ့သည်။

ထိုအခါ ကြောက်စရာကောင်းသော စစ်ပွဲ ဖြစ်ပွားခဲ့လေသည်။ ထိုတိုက်ပွဲတွင် နေနှင့်လတို့ ကပြောင်းကပြန် ဖြစ်ခဲ့သည်။ တစ်နေ့တည်းနှင့် တောင်ပေါင်း တစ်သိန်း ပြိုကျခဲ့ပြီး မိုင်ထောင်ချီသော နယ်မြေအတွင်းမှ အရာအားလုံး ပြာဖြစ်ခဲ့သည်။

ထိုအခါတွင်မှ အားလုံး သိလိုက်ရသည်။ ထိုလူတွင် သန့်စင်သော သူတော်စင်စွမ်းအင် ရှိသည့်အပြင် နတ်ဆိုးအငွေ့အသက်ကိုလည်း ပိုင်ဆိုင်ထားပေသည်။

အလွန် လေးနက်ပြင်းထန်သော နတ်ဆိုးစွမ်းအင်ပင်၊ ဘာမှတိုးမပေါက်နိုင်သည့် အမှောင်ထုဟု ထင်မှတ်ရသည်။ ချုံးချီထက်ပင် ပို၍ ရက်စက်ကြမ်းကြုတ်ပြီး သူ၏ တည်ရှိမှုကိုက ဖျက်ဆီးခြင်းလားဟု အမှတ်မှားရသည်။

သူတော်စင်နတ်ဆိုးတစ်ပါးပင။

ထို့နောက်တွင် ထိုလူက သူတော်စင်စွမ်းအင်ကိုသုံး၍ သက်ရှိအားလုံးကို သန့်စင်ခဲ့ပြီး ချုံးချီအား နတ်ဆိုးစွမ်းအင်ဖြင့် အနိုင်ယူကာ ဖိနှိပ်ခဲ့သည်။

ချုံးချီအား ဆက်တိုက် လက်သီးဖြင့် ထိုးနှက်သဖြင့် သူ၏ အသားများ ဖွာလန်၍ အဆက်မပြတ် အော်ဟစ်ခဲ့ရသည်။ လက်သီးချက်တိုင်း၌ ချုံးချီ အရေခွံစုတ်၍ အရိုးပေါ်ကာ သွေးများ ပန်းထွက်ခဲ့သည်။

သူ ပြန်မတိုက်နိုင်ဘဲ ထိုလူထံ၌ လုံးဝ ရှုံးနိမ့်ခဲ့ရသည်။ ထို့နောက် ချုံးချီသည် ထိုလူထံ၌ သံကြိုးချည်ခံရပြီး ထိုလူ၏ စီးတော်ယာဉ် ဖြစ်လာ၏။

နတ်ဘုရားများနှင့် နတ်ဆိုးများကိုပင် ဝါးမျိုနိုင်စွမ်း ရှိသော ချုံးချီက လူတစ်ယောက်၏ စီးတော်ယာဉ်အဖြစ် ပြောင်းလဲသွားသည်။ ယင်းက တစ်လောကလုံးကို ရုတ်ရုတ်သဲသဲ ဖြစ်စေခဲ့သည်။

လူတိုင်း ထိုလူ၏ ရုပ်တုများ ထုလုပ်၍ ကိုးကွယ်ခဲ့သည်။ နတ်ဘုရားများ သူ့ထံ တစ်ယောက်ပြီး တစ်ယောက် လာခဲ့ပြီး သူ့ခြေရင်း၌ ဝပ်တွားခဲ့ရသည်။ သူ့ကြောင့် ရှောင်တိမ်းခဲ့ရ‌သော နတ်ဆိုးများက ထိုလူအား ပြန်လည် ဆက်သွယ်လာ၏။ နောက်ပိုင်းတွင်မှ ထိုလူသည် ကျူးလုံ ဧကရာဇ်ဟု ခေါ်တွင်ကြောင်း သူ သိလိုက်ရလေသည်။

All Chapters