အခန်း ၁၅၄၅
Vol. 103 Ch. 1545
Chapter 1545 မင်းအစား ရှက်မိပါတယ်
ရှုဖူဟူသော သူသည် ကောင်းကင်ဘုံနှင့် ပထဝီမြေကြီးတို့အား ဒူးမထောက်ပါ၊ သို့သော် သူအရှေ့မှ လူတစ်ယောက်တည်းကိုသာ ဒူးထောက်လေသည်။
ရှုဖူအတွက် သူသည် ယုံကြည်ရာဖြစ်ပြီး တစ်ခုတည်းသော ယုံကြည်ချက်လည်း ဖြစ်သည်။ နှစ်ထောင်ချီ စောင့်ဆိုင်းနေပြီးနောက် သူ ပြန်လာလေပြီ။ နှစ်ထောင်ချီ စောင့်ဆိုင်းခဲ့ရခြင်းအတွက် နောင်တမရပါ။
ယဲ့ဖန်က တစ်လှမ်းချင်း လှမ်းလာပြီး ဤရင်းနှီးသော အဘိုးအိုကိုကြည့်ကာ သူ့လက်များ မတုန်လှုပ်ဘဲ မနေနိုင်ချေ။
ဤသည်မှာ သူ၏ ညီအစ်ကိုဖြစ်သည်။ သူ ချစ်ရသော မိသားစု ဖြစ်သည်။ ယခုအခါ၌ ခွေးတစ်ကောင်သဖွယ် ချည်နှောင်ခံထားရသည်။
အတိတ်အခါက ရှုဖူသည် အင်မော်တယ်တစ်ဦးဖြစ်ပြီး ခံ့ညားသော ပင်ကိုယ်စရိုက် ရှိသည်။ သူ့အား တစ်ချက် ကြည့်လိုက်ရုံနှင့် လောကထဲ၌ အင်မော်တယ်များ ရှိကြောင်း လူအများ ယုံကြည်သွားရစေသည်။
သို့သော် ယခုအခါ၌ သူ့မျိုးဆက်များက ရှုဖူကို ဘာလုပ်ခဲ့သနည်း။ တစ်ကိုယ်လုံး အရိုးပေါ် အရေတင်ဖြစ်ကာ အသားအရေက ခြောက်ကပ်နေပြီး တစ်ကိုယ်လုံး နံ့ဟောင်နေကာ မျက်နှာက ဖိုသီဖတ်သီ ဖြစ်နေပြီး ပြည်တည်နာကြောင့် ဦးရေပြားပင် ကွာနေ၏။ မျက်လုံးတစ်ဖက်ပင် ကန်းသွားရသည်။
ဤအသွင်အပြင်က တစ်ချိန်က အင်မော်တယ် ရှုဖူနှင့် လားလားမျှ မတူချေ။ ရင်မိသားစု၏ ကမ်းလှမ်းမှုကိုသာ သူ လက်ခံခဲ့လျင် ဤသို့ ခံစားရမည် မဟုတ်ပါ။ သို့သော် သူ ငြင်းဆန်ခဲ့သည်။
နှစ်ထောင်ချီ ငြင်းဆန်ခဲ့ပြီး တစ်ချက်ကလေးမှ မယိမ်းယိုင်ခဲ့ပေ။ ဤသည်က အံ့ဩစရာ ကောင်းလှသည်။
ယဲ့ဖန်တွင် ဝမ်းနည်းစိတ်တို့သာ ထွက်ပေါ်နေပြီး ရှုဖူကမူ ဝမ်းသာနေ၏။
“အရှင်မင်းမြတ် ဒီအမတ်အိုကြီး စောင့်နေတာ အတော်ကြာပါပြီ၊ တကယ်ကို အတော်ကြာအောင် စောင့်နေခဲ့တာပါ”
ရှုဖူက မျက်ရည်ကျလာပြီး သူ့စိတ်ထဲတွင် ခါးသီးမှုက ရေလှိုင်းအလား တိုးပွားလာသည်။ ပိန်ပါးသော လက်နှစ်ဖက်ကို တုန်တုန်ယင်ယင် ဆန့်ထုတ်၍ ယဲ့ဖန်၏ ခြေထောက်ကို လှမ်းကိုင်လေသည်။ ထို့နောက် ယဲ့ဖန်၏ ခြေထောက်ကိုမြှောက်ကာ သူ့ခေါင်းပေါ် တင်လိုက်သည်။
ဤသည်မှာ အရိုကျိုးဆုံးနှင့် အလေးစားဆုံး အရိုအသေ ပြုခြင်းပင်။
“ဒုန်း”
ထိုစဉ် ရှုဖူ မမျှော်လင့်ထားသော ကိစ္စတစ်ခု ဖြစ်လာ၏။ ယဲ့ဖန်က သူ့ခြေထောက်ကို ပြန်ရုတ်၍ သူ့ရှေ့တည့်တည့်၌ ဒူးထောက်ချလိုက်သည်။ ထိုအခါ ရှုဖူ အံ့ဩသွားရသည်။
“အရှင်မင်းမြတ်၊ အရှင် …”
ယဲ့ဖန်၏ အမူအရာက တောင့်တင်းနေကာ ရုတ်တရက် နဖူးနှင့်မြေကြီးကို တိုက်၍ တောင်းပန်လေသည်။
“ငါ မင်းအစား ရှက်မိပါတယ်”
“ဒုန်း”
မြေကြီး အက်ကွဲသွားလေသည်။
“ငါ မင်းအစား ရှက်မိပါတယ်”
“ဒုန်း”
“ငါ မင်းအစား ရှက်မိပါတယ်”
သုံးကြိမ်တိုင်တိုင် နဖူးနှင့်မြေကြီးတိုက်၍ တောင်းပန်လေသည်။ ယဲ့ဖန်၏ စိတ်ထဲတွင် ရှုဖူသည် ဤသည်ကို တည်ငြိမ်စွာ လက်ခံနိုင်မည်ဟု တွေးထင်ထားသည်။
ရှုဖူနှင့် သေဆုံးသွားသော ချင်စစ်သည် ခုနစ်သိန်းအား ယဲ့ဖန် တောင်းပန်၍ပင် ကုန်နိုင်မည် မဟုတ်ပါ။ သူ့ရင်ထဲမှ အပြစ်ရှိသော ခံစားချက်အား စကားလုံးဖြင့်ပင် မဖော်ပြနိုင်ပေ။
လက်ရှိတွင် ရှုဖူသည် သန်းချီသော ချင်စစ်သည်များ၏ ကိုယ်စားလှယ် ဖြစ်နေပြီး ဤလက်ဆောင်ကို သူတို့ကိုယ်စား ခံယူနေသည်။
“အရှင်မင်းမြတ်၊ မဟုတ်ဘူး မလုပ်ပါနဲ့”
ရှုဖူသည် ဒယိမ်းဒယိုင် ထရပ်ပြီး ယဲ့ဖန်ကို အသည်းအသန် ဆွဲထူကာ ရှိုက်ငို၍ တုန်ယင်နေ၏။ ယဲ့ဖန်က မည်သူနည်း။ ကြီးမြတ်သော မဟာဧကရာဇ် ကျူးလုံ ဖြစ်သည်။ သူက ဘယ်လိုလုပ် ဒူးထောက်မည်နည်း။ သို့သော် ယခုအခါ၌ သူက သူ၏ လက်အောက်ငယ်သားကို ဒူးထောက်နေသည်တဲ့လား။ ဤသည်ကို သူ မည်သို့ လက်ခံနိုင်ပါမည်နည်း။
သူ ကြည်နူးဝမ်းသာမိသလို ထိတ်လန့်မိသည်။ သူ့မျက်လုံးထဲတွင် ယဲ့ဖန်သည် အထွတ်အထိပ် ပုဂ္ဂိုလ်ဖြစ်သည်။ ထိုသို့သောလူကို သူ ဘယ်လိုလုပ် ဒူးထောက်ခွင့် ပြုနိုင်မည်နည်း။
သို့သော် လက်ရှိတွင် ယဲ့ဖန်၏ နောက်ခံက ဧကရာဇ် မဟုတ်ဘဲ ညီအစ်ကိုသာ ဖြစ်ကြောင်း သူ မသိပေ။ ညီအစ်ကိုတစ်ယောက်က အခြားညီအစ်ကိုများကို ထိခိုက်နစ်နာအောင် လုပ်ခဲ့မိသဖြင့် ဒူးထောက်မှ ဖြစ်မည်။
ဤသည်မှာ ယဲ့ဖန်၏ ဆွဲဆောင်နိုင်သည့် အရည်အချင်း ဖြစ်ပြီး သူ၏ လက်အောက်ငယ်သားများ သူ့အတွက် အသက်ပေးလိုသည့် အဓိက အကြောင်းရင်းလည်း ဖြစ်ပေသည်။
စိတ်နှစ်၍ ပေါင်းလျင် ရိုးသားမှုကို ပြန်လည် ရရှိနိုင်၏။ အကျိုးအမြတ်အစား အောင်မြင်မှုနှင့် ကံကောင်းခြင်းတို့ ရလာပေမည်။
သူကိုယ်တိုင်မှလွဲ၍ ဧကရာဇ်ဟူသော သူ၏ အဆင့်အတန်းကို လူတိုင်းက အလေးထားလေသည်။
“အရှင်မင်းမြတ် ထပါ၊ အရှင် မြင့်မြတ်တဲ့ ဧကရာဇ်ပါ၊ အရှင့်ရဲ့ ခြေထောက်က အဖိုးတန်ပါတယ်၊ ဘာလို့ ဒူးထောက်နေရတာပါလဲ၊ ပြန်ထပါ”
ရှုဖူ အလွန် ဝမ်းနည်းသလို ဒေါသလည်း ထွက်နေ၏။ ဤမြင်ကွင်းကို သူ လက်ခံနိုင်ပါ။ ယဲ့ဖန်က ဤသို့သော လက်ဆောင်ကြီးကို ပေးလိမ့်မည်ဟု သူ ထင်မထားချေ။ ယင်းက မယုံနိုင်စရာ ကောင်းလှသည်။ ဤသို့သော လက်ဆောင်ကြီးမျိုးကို သူ ဘယ်လိုလုပ် လက်ခံနိုင်ပါမည်နည်း။
“မင်း တည်တည်ငြိမ်ငြိမ်နဲ့ တောင့်ခံခဲ့တဲ့ နှစ်ထောင်ချီ နာကျင်မှုတွေနဲ့ဆိုရင် ဒီလို ဒူးထောက်ဖို့ ထိုက်တန်ပါတယ်”
ယဲ့ဖန်က ပေါ့ပေါ့ပါးပါး ပြောလာသည်။
“အရှင်မင်းမြတ် အားလုံးက ပြီးခဲ့ပါပြီ။ အခု ဒီအမတ်အိုကြီးက အရှင်မင်းမြတ်ကို တစ်ဖန်ပြန်ခစားဖို့ပဲ မျှော်လင့်ပါတယ်”
ရှုဖူ ရုတ်တရက် ဒူးထောက်လိုက်ပြီး ယဲ့ဖန်ကို လက်သီးနှစ်ဖက်ဆုပ်ကာ အရိုအသေ ပေးလိုက်သည်။ ယဲ့ဖန် အံ့ဩသွားသည်။
“မင်း ငါ့အတွက် အလုပ်လုပ်ပေးချင်နေတုန်းလား”
“အမတ်အိုကြီးက အရှင်မင်းမြတ်ထံမှာ နောင်တမရဘဲ မသေမချင်း ထာဝရ ခစားနေမှာပါ”
ရှုဖူ မျက်ရည်တို့ဖြင့် ပြောလေသည်။ ယဲ့ဖန် ပြန်လာနိုင်သရွေ့ သူ ခံစားခဲ့ရသမျှက ထိုက်တန်ပါသည်။
“ကောင်းပြီ ကောင်းပြီ ဒီဘဝမှာတော့ ငါ မင်းကို ထပ်ခံစားရအောင် မလုပ်ဘူး”
ယဲ့ဖန် ကတိပေးလိုက်သည်။ ထို့နောက် နှစ်ယောက်သား အပြင်သို့ ထွက်လာကြသည်။ တော်ဝင် ရာဇဝတ်ရုံး အပြင်ဘက်၌ ချင်စစ်သည်များအားလုံး စုဝေးနေသည်ကို သူတို့ တွေ့လိုက်ရသည်။
လူဦးရေ သုံးသိန်းလုံး ရောက်ရှိနေပြီး ခေါင်းမော့ကာ တော်ဝင်ရာဇဝတ်ရုံး၏ မြင့်မားသော နံရံအား စိတ်လှုပ်ရှားစွာ ကြည့်နေကြသည်။ လူတိုင်း၏ မျက်လုံးတွင် စိတ်အားထက်သန်မှုများနှင့် ပြည့်နှက်နေ၏။
ယဲ့ဖန်က ရှုဖူ လမ်းလျှောက်နိုင်အောင် ကူညီသော်လည်း ရှုဖူက ခေါင်းခါ၍ ယဲ့ဖန်၏ လက်ကို ဖယ်ကာ ယဲ့ဖန်အား ဤလူများကို ကိုယ့်ဘာသာကိုယ် တွေ့ရန် အချက်ပြလေသည်။
ယဲ့ဖန် ရှေ့တိုးသွားပြီး သုံးသိန်းသော ချင်စစ်သည်များကို ငုံ့ကြည့်လိုက်သည်။ သူတို့၏ ပြတ်သားပြီး ယုံကြည်နေသေးသော အကြည့်များကိုမြင်သော် ယဲ့ဖန် မျက်ရည်ဝဲလာရသည်။
ယခုကဲ့သို့ အချိန်မှာတောင်မှ သူတို့က ပြတ်ပြတ်သားသား ယုံကြည်နေကြဆဲပင်။ ယဲ့ဖန် အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက် ဟစ်ကြွေးလိုက်သည်။
“စစ်သည်တော်တို့ ငါ့အမိန့်ကို နားထောင်ပါ”
ထိုအသံက မိုးခြိမ်းသံသဖွယ် နတ်ဘုရားမြို့တော်အနှံ့ ပဲ့တင်ထပ်သွားသည်။ စကားလုံး များများစားစား ပြောရန် မလိုဘဲ ဤသို့ ရင်းနှီးသော စကားတစ်ခွန်း ပြောလိုက်ရုံနှင့် ချင်စစ်သည်တိုင်း ထိုလူ ပြန်လာပြီဖြစ်ကြောင်း သိလိုက်သည်။
“လေပြင်းမုန်တိုင်း”
“လေပြင်းမုန်တိုင်း”
ချင်စစ်သည်များအားလုံး သံပြိုင် ဟစ်ကြွေးလာကြသည်။
“လေပြင်းမုန်တိုင်း၊ ကျူးလုံ ဧကရာဇ် လွှမ်းမိုးပြီ”
အောက်ဘက်မှ ကြက်ကတုံးကလည်း အော်ဟစ်နေ၏။ သူ၏ ဤပုံစံကို ကြည့်ပြီး ပိုင်ရွှယ် ပြောစရာ စကားမဲ့ကာ အလွန် အထင်သေးမိသွားသည်။
လွန်ခဲ့သော မိနစ်ပိုင်းက သူ့ပုံစံသည် ခါးသီး၍ မုန်းတီးပုံ ပေါက်နေသော်လည်း ယခုအခါတွင် ခွေးတစ်ကောင်လို မျက်နှာလုပ်နေ၏။ ဤသည်က လက်တွေ့ဆန်လွန်းလှသည်။
ထိုညတွင် နတ်ဘုရားမြို့တော်၌ ပျော်ပွဲရွှင်ပွဲတစ်ခု ကျင်းပလေသည်။ သုံးသိန်းသော ချင်စစ်သည်များသည် ခွက်ချင်းတိုက်ကာ ပျော်ပါးကြသည်။ သူတို့အတူတူ သောက်စား၍ သီဆိုကခုန်ကြလေသည်။
ထိုအချိန်တွင် သူတို့ ကျယ်လောင်စွာ ရယ်မောကြပြီး စိတ်လှုပ်ရှားမှုကြောင့် မျက်ရည်များ ဝဲနေကြသည်။ သို့သော် ယဲ့ဖန်ကမူ သူ့ကိုယ်သူ သင်္ချိုင်းအတွင်း၌ ပိတ်၍ နေနေသည်။
သူ့အောက်တွင် သူ၏ အုတ်ဂူရှိသည်။ ရုပ်ခန္ဓာက နှစ်များစွာက ပျက်စီးသွားသော်လည်း အလွန်အမင်း ထိတ်လန့်ဖွယ်ကောင်းသော အရှိန်အဝါ စီးဆင်းမှု ရှိနေသေးသည်။
အင်မော်တယ် ဧကရာဇ်အဆင့်ပင် အထဲဝင်လျင် ထိခိုက်နိုင်သဖြင့် ပိုင်ရွှယ်ကို သူနှင့်အတူ မလိုက်ခိုင်းပေ။ လက်ရှိတွင် သူသည သူ့အခေါင်းပေါ်၌ ထိုင်နေပြီး ယခင်ဘဝမှ ကျန်ရှိနေသော ယန်စွမ်းအင်ကို အဆက်မပြတ် စုပ်ယူနေသည်။
ယန်စွမ်းအင်က ပေါ်များကျယ်ပြန့်လှသည်။ သို့သော် တစ်နာရီကြာပြီးနောက် ယဲ့ဖန် သုံးပုံတစ်ပုံသာ စုပ်ယူရသေးသည်။
သူ၏ ရုပ်ခန္ဓာက သေသွားသော်လည်း ယန်စွမ်းအင်က သန်မာထည်ဝါနေသေးသဖြင့် အလောင်းက တောင့်တင်းခြင်းမရှိ မပြောင်းမလဲ ရှိနေခြင်း ဖြစ်သည်။
သူ၏ ဦးခေါင်းထက်တွင် နေ၊ လနှင့် ကြယ်တို့ လည်ပတ်နေ၏။ အောက်ဘက်တွင် မိုင်ထောင်ချီ ကျယ်ပြန့်သော တောင်ထိပ်တစ်ခု တည်ရှိနေသည်။
ရုတ်တရက် မြင်ကွင်းတစ်ခု ပေါ်လာသည်။ မြေနီရောင် စစ်သည်တော်များက သားရဲများနှင့်အတူ သွားလာနေပြီး ကောင်းကင်ယံတွင် လှုပ်ရှားလိုက်လျင် မိုင်ထောင်ရှည် ရှည်လျားသည့် သားရဲများ ရှိနေကာ ရှေးလူရိုင်းခေတ် ဟန်များ ပြည့်နှက်နေသည်။
ထို့အပြင် ကောင်းကင်တမျှ မြင့်မားထည်ဝါးသော လူတစ်ယောက်က လက်နောက်ပစ်၍ မိုးမြေကြား၌ သွားလာနေ၏။ သူ ခြေတစ်လှမ်းလှမ်းလိုက်တိုင်း သားရဲများ ဒူးထောက်ရပြီး နတ်ဘုရားများနှင့် နတ်ဆိုးများ အဝေးသို့ ပြေးရလေသည်။ သူ၏အသံက မိုးခြိမ်းသံနှင့်ပင် ယှဉ်နိုင်ပေသည်။
ထိုစဉ် ကောင်းကင်ကို လှုပ်ကိုင်နိုင်သည့် စွမ်းအင်လှိုင်းတစ်ခု ရိုက်ခတ်လာပြီး နတ်ဘုရားမြို့တော်တစ်ခုလုံး တုန်ခါလာသည်။ လူတိုင်း တအံ့တဩဖြင့် တော်ဝင်သင်္ချိုင်းရှိရာ အရပ်သို့ လှည့်ကြည့်လာ၏။
သူတို့၏ မျက်နှာတွင် အံ့ဩမှုတို့ စိုးမိုးနေသည်။ ကြမ်းကြုတ်ထည်ဝါလှသော အရှိန်အဝါပါတကား။ ၎င်းသည် ကျူးလုံ ဧကရာဇ်တစ်ဦးတည်းသာ ပိုင်ဆိုင်သော အရှိန်အဝါပင်။
ထိုအချိန်တွင် တော်ဝင်သင်္ချိုင်းထဲမှ ယဲ့ဖန်သည်လည်း မျက်လုံးဖွင့်လာသည်။ သူ့မျက်လုံးတွင် ငရဲမှမြင်ကွင်းတစ်ခု ပေါ်လာပြီး မရေတွက်နိုင်သော သရဲတစ္ဆေများ ရုန်းကန်အော်ဟစ်နေကြသည်။
သူ ကျေနပ်သလို တစ်ချက်ပြုံးလိုက်သည်။
“အင်မော်တယ် ဧကရာဇ်အဆင့် ရောက်ပြီပဲ”
ယဲ့ဖန် တံခါးဝသို့ ရောက်သည်နှင့် လူ့အသွင်အပြင်နှင့် ကြက်တစ်ကောင် ပြေးလာသည်ကို ဖျတ်ခနဲ မြင်လိုက်ရသည်။ ထိုသူကား ကြက်ကတုံးပင်။
ကြက်ကတုံးက ချက်ချင်း ယဲ့ဖန်ရှေ့၌ ဒူးထောက်၍ အရိုအသေပေးကာ ပြောလာ၏။
“အရှင်မင်းမြတ်ရဲ့ အသက်ရှည်မှုက နှိုင်းဆမရအောင်ပါပဲ၊ ကောင်းကင်လိုလည်း မြင့်မားပါတယ်၊ ချင်ခေတ် အမြဲ စိမ်းလန်းသာယာပြီး အဓွန့်ရှည်ပါစေ”
ယဲ့ဖန် ရယ်လိုက်မိသည်။ သူ၏ မျက်နှာချိုသွေးမှုက သိသာလွန်းပေသည်။
“တစ်ခုခု ဖြစ်လို့လား”
ယဲ့ဖန်က သူ့ကိုကြည့်၍ မေးလိုက်သည်။
“အရှင်မင်းမြတ်ကို တောင်းဆိုချင်ပါတယ်၊ ကြက် … ကြက်ကတုံး အရှင့်ထံမှာ ခစားချင်ပါတယ်”
ကြက်ကတုံးက စိတ်ထဲရှိသည့်အတိုင်း အလျင်အမြန် ပြောလိုက်သည်။
“ဪ … ဘာလို့လဲ”
ယဲ့ဖန် သိချင်စိတ်ဖြင့် မေးလိုက်သည်။ ယခု ဘေးဒုက္ခလည်း ပြီးသွားသဖြင့် ကြက်ကတုံးတွင် သူနှင့် ဝေးဝေးနေချင်စိတ်သာ ရှိသင့်သည်။
ကျူးလုံ ဧကရာဇ်ဟူသော နောက်ကြောင်း ပေါ်သွားသဖြင့် သူက ချင်းလွမ်မျိုးနွယ် ရှားပါးသွားမှု၏ အဓိက အကြောင်းရင်း ဖြစ်ကြောင်း ကြက်ကတုံး သိသင့်ပေသည်။
“ဘာလို့လဲဆိုတော့ သူက ရှင့်ကို အကာလုပ်ချင်တာလေ၊ ရှင် သူ့ကို စီးတော်မြင်း လုပ်ပြီးကတည်းက သူ ပြန်မသွားရဲတော့ဘူးလေ”
ပိုင်ရွှယ် စိတ်ပျက်လက်ပျက် အကြည့်လွှဲလိုက်သည်။ သူမကဲ့သို့ ထက်မြက်သူက ကြက်ကတုံး ဘာလုပ်ချင်နေသလဲ ဆိုသည်ကို ဘယ်လိုလုပ် မသိဘဲ နေမည်နည်း။
“သွား သွား သွား …”
ကြက်ကတုံးက ပိုင်ရွှယ်ကို စိတ်မရှည်စွာ ရွံသလို နှင်ထုတ်လိုက်ပြီးနောက် ယဲ့ဖန်အား လက်နှစ်ဖက်ဆုပ် အရိုအသေပေး၍ ပြောလိုက်သည်။
“အရှင်မင်းမြတ် သူ့မဟုတ်တမ်းတရားတွေကို နားမထောင်ပါနဲ့၊ ကျွန်တော်က ခင်ဗျားကို လေးစားတာပါ၊ ကျွန်တော့်အမေက အရှင်ကျူးလုံက ဉာဏ်ကောင်းတဲ့သူ ပြီးတော့ သူ့ဆီမှာ အစားခံရတာက ကျွန်တော်တို့ မျိုးနွယ်အတွက် ဂုဏ်ယူစရာလို့ ပြောပါတယ်၊ ဟီးဟီး …”
“ကောင်းပြီလေ ငါ မင်းကို နောက်ထပ် ဂုဏ်ယူရအောင် လုပ်ပေးမယ်၊ မနက်ဖြန် ငါ စားလို့ရအောင် မင်းမျိုးနွယ်က အကောင်တစ်ချို့ ခေါ်လာခဲ့”
ယဲ့ဖန် ပြုံး၍ ပြောလိုက်သည်။
“အာ…”
ကြက်ကတုံး၏ မျက်နှာ စိမ်းဖန့်ဖန့် ဖြစ်သွားပြီး ငိုချင်သလို ပြောလိုက်သည်။
“အရှင်မင်းမြတ် အဲ့ဒါ မကောင်းဘူးလေ”
“ဘာလို့မကောင်းရမှာလဲ၊ ငါ့ဆီမှာ အစားခံရတာက ဂုဏ်ယူစရာလို့ မင်းပဲ ပြောတာ မဟုတ်လား၊ ငါ သူတို့ကို ဂုဏ်ယူရအောင် လုပ်ပေးတာ ဘာမှားလို့လဲ”
ယဲ့ဖန် လှောင်ပြုံးနှင့် ပြန်မေးလိုက်သည်။
“…”
ကြက်ကတုံး စိတ်ထဲ၌ သေချင်စိတ် ပေါက်သွားသည်။ ပိုင်ရွှယ်က သူ့အား အထင်သေးစွာ ကြည့်နေ၏။
“အရူး၊ ငါ့ကိုတောင် လိမ်လို့မရတာကို၊ ဒီနှစ်ဘယ်လောက်ကြာကြာ ရှင်နေလဲမသိတဲ့ မိစ္ဆာကို လိမ်ချင်နေ သေးတာလား”
“ထားတော့ အခု ငါ့အကြိုက် ပြောင်းသွားပြီ၊ ငါ မင်းကို မစားတော့ဘူး၊ မင်း သွားလို့ရပြီ”
ယဲ့ဖန်က လက်ခါ၍ ကြက်ကတုံးကို သွားခိုင်းလေသည်။ သို့သော် ကြက်ကတုံးက မလှုပ်ဘဲ လက်နှစ်ဖက်ဖြင့် လက်သီးကို တင်းနေအောင် ဆုပ်၍ အရိုအသေပေးကာ ပြောလာ၏။
“ကျေးဇူးတင်ပါတယ် အရှင်မင်းမြတ်၊ ဒါပေမဲ့ ကျွန်တော် သွားဖို့ အစီအစဉ် မရှိပါဘူး၊ ကျွန်တော် ခင်ဗျားဆီမှာ ခစားချင်ပါသေးတယ်”
“ဟမ်”
ယဲ့ဖန် သူ့ကို မသင်္ကာသလို ကြည့်လိုက်သည်။
“ကျွန်တော် ပိုသန်မာချင်တယ်၊ ကျွန်တော် ဓားတစ်လက်လို ထက်ချင်တယ်၊ ကျွန်တော့်မိသားစုကို ခင်ဗျားလိုလူက ရန်က ကာကွယ်ပေးချင်တယ်”
ကြက်ကတုံး အလေးအနက် ပြောလာ၏။
“နင် ဘာပြောလိုက်တယ်”
ပိုင်ရွှယ် စိတ်တိုလာပြီး ပြန်ပြောလိုက်သည်။
“နင် ပြောချင်တာက ယဲ့ဖန်ဆီကနေ တစ်ခုခု သင်ပြီး သူ့ကို လက်တုံ့ပြန်မယ်ပေါ့ ဟုတ်လား”
*ဒီလိုလူမျိုးက ယဲ့ဖန် သူ့ကို ဘေးနားခေါ်ထားမယ်လို့ မျှော်လင့်နေတယ်ပေါ့၊ တော်တော် ဟုတ်တဲ့ စိတ်ကူးပဲ*
“ယဲ့ဖန် သူ့ကို သတ်ပစ်လိုက်တော့”
ပိုင်ရွှယ် ဒေါသထွက်နေ၏။ လက်ရှိတွင် မိဖုရားတစ်ပါး၏ ရက်စက်၍ ဩဇာလွှမ်းမိုးမှုမျိုးကို သူမ ပိုင်ဆိုင် ထားသည်။ သူမက တကယ်ပင် ကျွမ်းကျင်ထက်မြက်သောလူပင်။
သို့သော် ကြက်ကတုံးက အတိတ်က အငြိုးကို ဘေးဖယ်၍ ယဲ့ဖန်အား အရောင်တောင်နေသော မျက်လုံးများဖြင့် စိုက်ကြည့်ကာ အလေးအနက် ရှိနေ၏။
ထို့နောက်တွင်မူ ယဲ့ဖန်က ပြုံးလာသည်။
“သူ ငါ့ကို မသတ်ပါဘူး၊ ဘာလို့လဲဆိုတော့ သူ ငါ့ကို နတ်ဘုရားလို ကိုးကွယ်လာဖို့ သိပ်ကြာမှာမဟုတ်ဘူး”
စာစဉ် ၁၀၃ ဤတွင် ပြီးပါပြီ။