← Chapters

အခန်း ၁၅၄၈

Vol. 104 Ch. 1548

အခန်း ၁၅၄၈

Vol. 104 Ch. 1548

Chapter 1548 နေရာမှန်ကိုလာပြီး လူမှန်ကို သတ်တာ

သို့သော် ယခုတစ်ခေါက်တွင် မည်သူမှ မတုံ့ပြန်ချေ။ အဘယ်ကြောင့်ဆိုသော် ယွဲ့ကျင်၏ လုပ်ရပ်က လွန်လွန်းသွားပြီး သိသာနေသောကြောင့်ပင်။ ဤသည်က သုတ်သင်ရသည့် ကိစ္စနှင့် ကွဲလွဲနေ၏။

သို့သော် ယွဲ့ကျင့်က လုံးဝ ဂရုမစိုက်ပေ။ သူ့မျက်နှာတွင် ကြမ်းကြုတ်သော အပြုံးက တစ်ဖန် ပေါ်လာပြီး ကြက်ကတုံးအား စိုက်ကြည့်လေသည်။

“အခု မင်းအလှည့်ပဲ”

ကြက်ကတုံး၏ မိသားစုသေသွားသရွေ့ သူတို့က တမင်သတ်လိုက်ကြောင်း သူ့ဖခင် သိလျင်တောင်မှ အဘယ်သို့ တတ်နိုင်မည်နည်း။

ချင်းလွမ်မျိုးနွယ် တစ်ခုလုံးတွင် ကြက်ကတုံးမှလွဲလျင် သူ့သားက အထူးချွန်ဆုံး ဖြစ်သည်။ သူ့သားကိုသာ သတ်လိုက်လျင် ချင်းလွမ်မျိုးနွယ်အတွက် အနာဂတ် ရှိတော့မည် မဟုတ်ပါ။

မျိုးနွယ်အပေါ် ကြီးကြီးမားမား မျှော်လင့်ထားသော သူ့ဖခင်က ဒေါသထွက်လျင်တောင်မှ နောက်ဆုံးတွင် မျိုးနွယ်ကိုသာ ဦးစားပေးပေလိမ့်မည်။

“ငါ မင်းကို သတ်မယ်၊ ငါ မင်းတို့ကို သတ်ပစ်မယ်”

ကြက်ကတုံးက ကျယ်လောင်စွာ ကြွေးကြော်လိုက်ပြီး မျက်လုံးတွင် ကြောက်မက်ဖွယ်ကောင်းလောင်အောင် သွေးဆာဟန်တို့ဖြင့် ပြည့်နှက်နေသည်။ အမုန်းတရားက ပင်လယ်ပြင်လေအလား ကျယ်ပြောလာ၏။

“ဒါဆို မင်း ဘာကို စောင့်နေတာလြ၊ လာစမ်းပါ၊ မင်းအမေအတွက် လက်စားချေလေ”

ယွဲ့လင်က ကောက်ကျစ်စွာ ပြုံး၍ ကြက်ကတုံးအား လက်ယပ်ခေါ်လေသည်။ ထိုသို့ပြောပြီးသည်နှင့် သူက တမင်သက်သက် ကြက်ကတုံး မိခင်၏ ခန္ဓာကိုယ်ကို နင်းကာ မထီမဲ့မြင်နှင့် ရန်စသလို ကြည့်နေသည်။

ဤမြင်ကွင်းတွင် လှောင်ပြောင်သရော်မှုများ ပြည့်နှက်နေပြီး ကြက်ကတုံးအား ရူးမတတ် ဖြစ်သွားစေသည်။

“သေပေတော့ …”

ကြက်ကတုံးသည် နာကျင်မှုကို မျိုသိပ်၍ အရှေ့သို့ အသည်းအသန် ပြေးတက်လေသည်။ သို့သော် ယဲ့ဖန်က ကြက်ကတုံးကို လက်တစ်ဖက်ဖြင့် ဆွဲတားသည်။

“ငါ့ကိုလွှတ်”

ယဲ့ဖန်က သူ့ကို အထင်သေးစွာ ကြည့်နေပြီး သူ့အသံတွင် မှော်အစွမ်းတစ်ချို့ ပါသည်ဟု ထင်မှတ်ရသည်။

“စိတ်ကိုငြိမ်ငြိမ်ထား၊ မင်းက သေတွင်းတူးနေတာပဲ”

….

ယဲ့ဖန်၏ အသံတွင် မှော်စွမ်းအင်တစ်ချို့ ပါဝင်နေပုံရကာ စိတ်ထိန်းမရ ဖြစ်နေသော ကြက်ကတုံးက ရုတ်တရက် ငြိမ်ကျသွားသည်။

“မင်းက အခု ငါ့မြင်းပဲ၊ အခြားသူတွေ မင်းကို အနိုင်ကျင့်ရင် ငါ့ကို ရန်စနေသလိုပဲ”

ယဲ့ဖန်က သူ့ပခုံးကို အသာပုတ်လိုက်သည်။ ထို့နောက် အေးစက်စက် သွေးဆာသော အကြည့်တို့ဖြင့် ယွဲ့ကျင့်တို့ သားအဖကို ကြည့်လေသည်။

“ငါ့ကို တစ်ယောက်ယောက်က ရန်စလာရင် ဘယ်လိုဖြစ်မလဲ မကြာခင် မင်း တွေ့လာမှာပါ”

*ဘာ*

ယွဲ့ကျင့်၏ မျက်လုံးများက အေးစက်လာပြီး ယဲ့ဖန်အား လူသတ်ချင်သော အကြည့်ဖြင့် ကြည့်လာသည်။ သူ့ဘဝတွင် ဤမျှ မောက်မာသောလူကို ယခုမှ တွေ့ဖူးခြင်းပင်။

*သူက အခြားသူရဲ့ နယ်မြေထဲ ရောက်နေတာတောင် မောက်မာရဲသေးတယ်လား၊ ဒီကောင် သူ့ကိုယ်သူ ဧကရာဇ် ယွီရှန်များ မှတ်နေလား*

*ရယ်ချင်စရာပဲ*

“မျိုးမစစ်ကောင် မင်းက ငါ့ကြာပန်းဥယျာဉ်ထဲ ခြေချပြီးတာတောင် မောက်မာရဲတယ်ပေါ့လေ၊ ငါ မင်းကို အရေခွံခွာတဲ့အချိန်ကျရင် မင်း မောက်မာရဲဦးမလား ကြည့်ရသေးတာပေါ့”

ယွဲ့လင်ကလည်း ယဲ့ဖန်ကို အေးစက်စွာ ကြည့်နေ၏။ ယဲ့ဖန်က အထင်သေးဟန်ဖြင့် ပြုံးနေသည်။

“တိုက်ဆိုင်လိုက်တာ၊ မင်းက ငါ့ကို သေစေချင်နေသလို ငါကလည်း မင်းတို့သားအဖကို အသက်ရှင်ခွင့်ပေးဖို့ စိတ်ကူးမထားဘူးကွ”

ထိုစကားကိုကြားသော် ယွဲ့လင်တို့ သားအဖက ဟားတိုက် ရယ်မောလေသည်။

“ဪ … မင်းနိုင်မယ်လို့ ထင်နေတာလား”

အခြားသော ချင်းလွမ်မျိုးနွယ်များကလည်း လှောင်ရယ်၍ ယဲ့ဖန်အား အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်လာကြသည်။

တစ်ဖက်တွင် တစ်ယောက်တည်း ရှိသော်လည်း သူတို့က အဖွဲ့လိုက်ရှိသည်။ သူတို့သည် ယဲ့ဖန်အား တစ်စစီ ဖြစ်အောင် လုပ်ရန် လုံလောက်နေသော်လည်း သူက သူတို့ကို ဤသို့သော လေသံဖြင့် ပြောရဲသည်တဲ့လား။

“ပြောရမယ်ဆိုရင် …”

ယဲ့ဖန်က အလယ်သို့ လျှောက်လာပြီး ချင်းလွမ်မျိုးနွယ်များ၏ ဝိုင်းထားခြင်း ခံလိုက်ရသည်။ သို့သော် သူက ယွဲ့ကျင့်တို့ သားအဖကို သရော်ဟန်ဖြင့် ကြည့်နေဆဲပင်။

“မင်းတို့သားအဖရဲ့ နှလုံးကို ငါက ကြိုစာရင်းသွင်းထားပြီးသား”

*ကြိုစာရင်းသွင်းထားတယ် ဟုတ်လား*

ထိုစကားလုံးက ယွဲ့လင်နှင့် သူ့ဖခင်အား ဒေါသဟုန်းဟုန်း တောက်လောင်သွားစေသည်။

“ငါ မင်းကို ရှစ်ပိုင်းပိုင်းပစ်မယ်ကွ”

ယွဲ့လင်က ကြမ်းကြုတ်စွာ အော်ဟစ်လိုက်ပြီးနောက် ဒေါသတကြီး ယဲ့ဖန်ထံ ပြေးဝင်လာသည်။ သတ်ဖြတ်ချင်စိတ်က ရူးမတတ် ထွက်ပေါ်နေသည်။

သူ၏ အမွေးများအား မြားသဖွယ် အသုံးပြု၍ ယဲ့ဖန်၏ ခန္ဓာကိုယ်အနှံ့သို့ ပစ်ခွင်းလိုက်သည်။ ကြမ်းကြုတ်လှပေသည်။

ဤသည်ကိုမြင်သော် ချင်းလွမ်မျိုးနွယ်များက ယဲ့ဖန် တစ်စစီ ဖြစ်တော့မည်ကို မြင်ယောင်နေသကဲ့သို့ အပြုံးကြီး ပြုံးနေကြသည်။

သို့သော် တစ်ခဏအတွင်း ယွဲ့လင် မရယ်နိုင်တော့ချေ။

“ဒေါင် ဒေါင် ဒေါင်”

ငှက်မွေး တစ်ခုပြီးတစ်ခုက ယဲ့ဖန်၏ ခန္ဓာကိုယ်ကို ပြင်းထန်စွာ ထိမှန်သွားသည်။ သို့သော် အသံက တစ်မျိုးပင်။

“မဟုတ်ဘူး၊ ဒီလိုအသံမျိုး ထွက်သင့်တာ မဟုတ်ဘူး”

ယွဲ့လင် မျက်မှောင်ကြုတ်သွားပြီး မျက်လုံးလှုပ်လာသည်။ ငှက်မွေးက အသားထဲ ထိုးစိုက်သွားလျင် ဝှစ်ခနဲ မြည်၍ သွေးများ ထွက်လာသင့်သည်။ သံသံချင်း ရိုက်မိသော အသံ မထွက်သင့်ပါ။ ယင်းက သူ၏ ငှက်မွေးသည် သံနှင့်ထိမိပြီး ဘာမှမတတ်နိုင်သကဲ့သို့ ဖြစ်နေ၏။

တစ်ခဏကြာသော် ယဲ့ဖန်၏ ခန္ဓာကိုယ် အပေါ်ပိုင်းက ဘာမှမဖြစ်ဘဲ ရှိနေသည်ကို တွေ့လိုက်ရသည်။ ယဲ့ဖန်က သူ့ရင်ဘတ်သူ ပုတ်၍ အထင်သေးစွာ မေးလိုက်သည်။

“ဒါကို တိုက်ခိုက်မှုလို့ ခေါ်တာလား”

ချင်းလွမ်မျိုးနွယ်ဝင်များအားလုံး ဆူညံပွက်လောရိုက်သွားသည်။ သူတို့မျက်နှာတွင် ကြောက်လန့်သော အရိပ်အယောင်များ ပြည့်နှက်နေကာ မယုံကြည်နိုင် ဖြစ်နေ၏။

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

*ဒီလူ့ခန္ဓာကိုယ်က သံမဏိက လုပ်ထားတာလား*

“မင်း ရှေးမိစ္ဆာလူဝံကို သတ်နိုင်တာကို ငါ မအံ့ဩတော့ဘူး၊ မင်းမှာ အစွမ်းအစတစ်ချို့တော့ ရှိသားပဲ၊ ဒါပေမဲ့ စိတ်မကောင်းစရာက မင်း နေရာမှား လာမိတာပဲ”

ယွဲ့လင်က ငေါက်ငမ်းလိုက်ပြီး ယဲ့ဖန်အား ခက်ထန်သော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။

“သတ် ... ငါတို့ ဒီမျိုးမစစ်ကောင်ကို အတူတူ သတ်ကြမယ်”

ချင်းလွမ်မျိုးနွယ်ဝင် နှစ်ဆယ်ကျော်က ရုတ်တရက် လှုပ်ရှားလာပြီး သတ်ဖြတ်ချင်စိတ် အပြည့်ဖြင့် ယဲ့ဖန်ထံ စုပြုံ တိုးဝင်သွားသည်။

လေတိုးသံ ပြင်းထန်လာပြီး သတ်ဖြတ်ချင်စိတ်ကလည်း များပြားလာကာ တစ်လောကလုံး တုန်ခါလာသလိုပင်။ တံခါးပိတ် နေနေသော မိသားစုခေါင်းဆောင်တောင်မှ သတိထားမိသွားသည်။

“ဖုန့်ရှန်း အစီအရင်ပဲ၊ သတိထား”

ကြက်ကတုံးက ယဲ့ဖန်ကို အော်ပြောလိုက်သည်။ ဤအစီအရင်သည် အလွန် တစ်မူထူးခြားပြီး သူတို့မျိုးနွယ်အတွက် အစွမ်းအထက်ဆုံး အသက်ကယ် တိုက်ကွက်လည်း ဖြစ်သည်။

ဤအစီအရင်ကို အသုံးပြုလျင် အင်မော်တယ် ဧကရာဇ်အဆင့်ကိုပင် သတ်နိုင်လေသည်။

ချင်းလွမ်မျိုးနွယ်ဝင်များများက တောင်ပံများကို သည်းကြီးမည်းကြီး ခပ်ကာ ကောင်းကင်နှင့် ပထဝီမြေကြီးတို့တွင် လေပြင်း တိုက်ခတ်နေပြီး ဤကြီးမားသော အစီအရင်အတွင်း၌ ပြင်းထန်စွာ တိုက်ခတ်ရွေ့လျားနေ၏။

ယဲ့ဖန်ကို ပစ်မှတ်ထား၍ သည်းကြီးမည်းကြီး တိုက်ခိုက်နေကြသည်။

သို့သော် ယဲ့ဖန်က ခံစားချက် ကင်းမဲ့စွာ မလှုပ်မယှက် ရပ်နေပြီး အထင်သေးသော အပြုံးမျိုး ပြုံးနေသည်။

*ဘာ*

သူ၏ မောက်မာသော အမူအရာက ချင်းလွမ်မျိုးနွယ်မှ လူတိုင်းကို ဒေါပွသွားစေသည်။

*ဒီလိုအချိန်မျိုးမှာတောင် ဒီကောင်က မောက်မာရဲသေးတာလား*

*သေသင့်တဲ့ကောင်*

*သေ သေ*

*သတ် သတ် သတ်*

ထိုအခိုက်တွင် သူတို့ ရူးမတတ် ဖြစ်နေကြပြီး ယဲ့ဖန်ကို သတ်နိုင်ရန် မစောင့်နိုင်ကြတော့ချေ။ သို့သော် သူတို့ကို ထိတ်လန့် သွေးပျက်သွားစေသည့် အဖြစ်မှာ အလယ်၌ ရှိနေသော ယဲ့ဖန်က ပျောက်ချင်းမလှ ပျောက်သွားခြင်းပင်။

“ချီးပဲ သူ ဘယ်ရောက်သွားတာလဲ”

ချင်းလွမ် မျိုးနွယ်ဝင်များ သွေးပျက်သွားသည်။ လက်ရှိတွင် သူတို့ ယဲ့ဖန်၏ အသက်ဓာတ်ကို မခံစားမိချေ။ သူတို့ အကန်းသဖွယ် ဖြစ်နေကြသည်။

“ဒီမှာလေ”

ထိုစဉ် ရက်စက်သော ပုံရိပ်တစ်ခုက ချင်းလွမ်မျိုးနွယ်ဝင်တစ်ယောက်၏ ဦးခေါင်းအနောက်ဖက်တွင် ပေါ်လာသည်။ ထိုချင်းလွမ်မျိုးနွယ်ဝင် ရုတ်တရက် မျက်နှာပျက်သွားသည်။

သို့သော် ယဲ့ဖန်၏ ကြောက်မက်ဖွယ် လက်သည်းများက သူ၏ ရင်ဘတ်ကို ထိုးဖောက်သွားပြီး ခန္ဓာကိုယ်ထဲမှ နှလုံးကို ထုတ်ယူလေသည်။

သူ၏ နှလုံးက တဒုတ်ဒုတ် ခုန်နေဆဲဖြစ်ကာ မသေချင်သေးကြောင်း ပြောပြနေသယောင်ပင်။ သို့သော် နှလုံးခုန်သည့် ကြိမ်နှုန်းက နှေးသထက် နှေးလာပြီးနောက် လုံးဝ ရပ်တန့်သွားသည်။

“ဘုန်း”

ချင်းလွမ်မျိုးနွယ်ဝင်၏ ကြီးမားသော ခန္ဓာကိုယ်က မြေကြီးပေါ် လဲကျသွားသဖြင့် ဖုန်ပင်ထလာရသည်။ ထိုသူ၏ မျက်လုံးတွင် မလိုလားဟန်နှင့် မကျေနပ်ဟန်များ ပြည့်နှက်နေ၏။ သူ သေသွားရသည်ကို မယုံနိုင်သည့်ပုံပင်။

ယဲ့ဖန်၏ မျက်လုံးများက ခံစားချက် ကင်းမဲ့နေပြီး နှလုံးအား ရှုဖူထံ ပစ်ပေးလိုက်သည်။ ရက်စက် ကြမ်းကြုတ်လှပေ၏။ သူ၏ အပြုအမူက ချင်းလွမ်မျိုးနွယ်ဝင်များကို ကြောက်လန့်သွားစေသည်။

ချင်းလွမ်မျိုးနွယ်ဝင်များထဲတွင် သူ့အား ယှဉ်နိုင်သူ မရှိ ဖြစ်နေပြီး တစ်ကောင်ပြီး တစ်ကောင်ကိုသာ သူက သတ်ဖြတ်နေသည်။

“သူ့ကိုသတ်၊ သူ့ကို သတ်ကြစမ်း”

ယွဲ့လင် ကြက်သီးမွေးညင်းထကာ ဒေါသတကြီး ထအော်လေသည်။ ထိုစဉ် သူတို့ တိုက်ခိုက်လာသည်ကို မစောင့်ဘဲ ယဲ့ဖန်ဘက်က လှုပ်ရှားလာ၏။

ယဲ့ဖန်သည် ချင်းလွမ်မျိုးနွယ်ဝင်တစ်ယောက်၏ ခန္ဓာကိုယ်နား လှစ်ခနဲ ကပ်သွားပြီး နှလုံးရှိမည့် နေရာကို ဦးတည်ကာ နတ်ဆိုးဆန်ဆန် ပြုံးလေသည်။ ယဲ့ဖန်၏ သွေးစွန်းနေသော လက်သည်းက ထပ်မံ၍ ဆန့်တန်း လာသည်။

“မလုပ်နဲ့ မလုပ်နဲ့”

ထိုချင်းလွမ်မျိုးနွယ်ဝင်သည် ယဲ့ဖန် ဘာလုပ်ချင်နေသလဲ သိနေသဖြင့် ထအော်လေ၏။ ယဲ့ဖန်၏ လက်သည်းများက အချွန်ထက်ဆုံး ဓားသဖွယ် ၎င်း၏ ရင်ဘတ်ထဲ ဖောက်ဝင်သွားပြီး နှလုံးကို ဆွဲထုတ်လေသည်။

လေးယောက်မြောက်ကို ဆွဲထုတ်၍ ပြီးသွားလေသည်။ ထို့နောက် ငါးယောက်၊ ခြောက်ယောက်၊ အရေအတွက်က တိုးနေဆဲပင်။

ယဲ့ဖန်သည် တစ္ဆေတစ်ကောင်သဖွယ် အစီအရင်အတွင်း အဆက်မပြတ် ပြေးလွှားနေပြီး သူ ပေါ်လာတိုင်း နှလုံးတစ်ခုကို ဆွဲထုတ်သွားသည်။

“ဖုန့်ရှန်း အစီအရင်က အလုပ်မဖြစ်ပါလား၊ ဘယ်လိုလုပ် ဒီလို ဖြစ်ရတာလဲ”

ယွဲ့ကျင်သည် ရုတ်တရက် ကြက်သီးထလာပြီး မျက်နှာတွင် မယုံနိုင်ဟန် ပေါ်လာသည်။

“မင်း မှားနေတာ၊ ငါ နေရာမှား မလာခဲ့ဘူး …”

ယဲ့ဖန်က ချင်းလွမ်မျိုးနွယ်ဝင်တစ်ယောက်ကို လည်ညှစ်ထားလျက် ပြုံး၍ ကြည့်နေသည်။

“ငါက ကြာပန်း ဥယျာဉ်ကို လာတာ၊ ချင်းလွမ်ကို သတ်ဖို့လာတာ”

“ငါ နေရာမှန်ကိုလာပြီး …ငါ သတ်တဲ့သူကလည်း မှန်တယ်”

ထိုစကားအဆုံး၌ ချင်းလွမ်မျိုးနွယ်ဝင်များ ကြက်သီးမွေးညင်း ထသွားလေသည်။

နှစ်ပေါင်းမည်မျှ ကြာနေပြီနည်း။ ဤသို့ နာကျင်စရာကောင်းသော သတ်ဖြတ်မှုကို သူတို့ မကြုံတွေ့ရသည်မှာ နှစ်မည်မျှ ကြာနေပြီလဲ။

သူတို့ကို ဆောက်တည်ရာမရအောင် လုပ်ခဲ့သော ထိုလူ သေသွားကြောင်း သိလိုက်ရပြီးနောက် တစ်ခါမှ မကြုံတွေ့ရတော့ပါ။ သို့သော် ယခု ထပ်ဖြစ်လာပြန်သည်။

သူတို့အရှေ့မှလူထံတွင် နတ်ဆိုး၏ အသွင်အပြင်ကို မြင်နေရသည်။ ကြောက်စရာကောင်းသည်။ သန်မာ၏။

သူ့စကားကိုကြားသော် ယွဲ့လင်နှင့် သူ့ဖခင်တို့ မျက်နှာ မည်းမှောင်သွားသည်။ သူတို့ အစွမ်းကုန် ဖုံးကွယ်ရန် ကြိုးစားသော်လည်း သူတို့၏ မျက်လုံးတွင် ကြောက်လန့်သော အရိပ်အယောင် ရှိနေသေးသည်။

အဘယ်ကြောင့်ဆိုသော် သူတို့ ယဲ့ဖန်၏ အစအနကို ဖမ်းမမိသောကြောင့်ပင်။ ဤသည်က ယဲ့ဖန်က သူတို့ကို သတ်ချင်လာလျင် သူတို့ မတားနိုင်ဟု ဆိုလိုနေ၏။

“တော်တော် လေကျယ်ပါလား၊ ငါ့ချင်းလွမ်မျိုးနွယ်ကို ဒီလို လာခြယ်လှယ်လို့ရမယ် ထင်နေသလား”

ကျယ်လောင်သော အော်သံတစ်သံ ထွက်ပေါ်လာသည်။ ရုတ်တရက် သာမန် ချင်းလွမ်မျိုးနွယ်ဝင်များထက် ကြီးမားသော ချင်းလွမ်တစ်ကောင် ဆင်းသက်လာသည်။ ၎င်း၏ တောင်ပံက မီတာတစ်ရာကျော် ရှည်လျားပြီး ခန္ဓာကိုယ်က တောင်တစ်လုံးမျှ ကြီးမားသည်။

“မိသားစုခေါင်းဆောင်”

ထိုချင်းလွမ်ကို မြင်သည်နှင့် ချင်းလွမ်မျိုးနွယ်ဝင်များအားလုံးသည် ဝမ်းသာသော အရိပ်အယောင် ပြလာ၏။ ၎င်းသည် သူတို့ ချင်းလွမ်မျိုးနွယ်၏ မိသားစုခေါင်းဆောင် ဖြစ်သော နတ်ဘုရင်အဆင့် ဖြစ်သည့် ယွဲ့ရှန်ရှင်း ပင်တည်း။

“မဖြစ်ရဘူး ငါ့သား၊ ငါ့ချွေးမ”

ထိုအခိုက်တွင် ယွဲ့ရှန်ရှင်းက အက်ကွဲသောအသံဖြင့် အော်ဟစ်လာသည်။ အကြောင်းမှာ သူ့သားနှင့် ချွေးမ၏ ဆိုးရွားသော အဖြစ်ကို တွေ့လိုက်ရသောကြောင့်ပင်။

“ဘယ်သူလဲ၊ ငါ့သားကို ဘယ်သူ သတ်တာလဲ”

ယွဲ့ရှန်ရှင်း ရူးမတတ် အော်ဟစ်လာသည်။ ထိုအခိုက်တွင် ယွဲ့ကျင်က ဒေါသဖြင့် ရှေ့တက်လာပြီး ယဲ့ဖန်ကို လက်ညှိုးထိုးသည်။

“သူပါ၊ အဖေ ညီနှစ်ကို သတ်လိုက်တဲ့လူက သူပါပဲ”

ဘေးလူများ နားဝေတိမ်တောင် ဖြစ်သွားသည်။ ယွဲ့ကျင့်က ဤမျှ အရှက်မဲ့ပြီး အခြားသူအပေါ် အပြစ်ပုံချ လိမ့်မည်ဟု သူတို့ ထင်မထားမိပါ။

သူခိုးက လူပြန်ဟစ်နေခြင်းပါတကား။

ယဲ့ဖန် ရယ်လိုက်မိသည်။ ယွဲ့ကျင်၏ အရှက်မဲ့မှုနှင့် ပါးနပ်မှုကို သူ အထင်သေးခဲ့မိသည်။ ယွဲ့ကျင်က နောက်ကျောကို ဓားဖြင့်ထိုးရာ၌ တော်လွန်းသည်။ လက်ရှိသည် အပြစ်ပုံချရ အကောင်းဆုံး အချိန်ပင်။

သို့သော် ရယ်စရာကောင်းသည်ဟု သူ ခံစားမိနေသည်။ သန်မာသော ခွန်အားအောက်တွင် မည်သည့် အကွက်ချ ကြံစည်မှုမဆို အားနည်းလာပေမည်။ အကယ်၍ ယွဲ့ကျင်၏ အကွက်ချမှုက သူ့ကို မသတ်နိုင်လျင် ရယ်ချင်စရာ ကောင်းလာပေတော့မည်။

ထိုစကားကိုကြားသော် ယွဲ့ရှန်ရှင်းက ယဲ့ဖန်အား မုန်းတီးသော အကြည့်တို့ဖြင့် ရူးသွပ်စွာ စိုက်ကြည့်လာ၏။

“မင်း သေရမယ်ကွ”

All Chapters