← Chapters

အခန်း ၁၅၄၉

Vol. 104 Ch. 1549

အခန်း ၁၅၄၉

Vol. 104 Ch. 1549

Chapter 1549 ငါက နတ်ဆိုးပဲ

“အဘိုး သူ လှည့်စားတာ ခံနေရပြီ၊ ကျွန်တော့်မိသားစုကို သတ်တာ သူ မဟုတ်ဘူး၊ ယွဲ့လင်နဲ့ သူ့အဖေ လုပ်တာ”

ကြက်ကတုံးက အလျင်အမြန် ပြန်ရှင်းပြလိုက်ပြီး ဒေါသကြောင့် မျက်နှာ ရှုံ့မဲ့နေ၏။ ယွဲ့ကျင့်နှင့် သူ့သားက အလွန် စက်ဆုပ်ဖွယ်ကောင်းလှပြီး အရှက်မဲ့လိမ့်မည်ဟု သူ လုံးဝ ထင်မထားမိပါ။

သူ့မိဘများကို သတ်ရုံနှင့် မလုံလောက်သည့်အပြင် အခြားသူအပေါ် အပြစ်ပုံချလိုက်သေးသည်။

“ဟာသပဲ ယွဲ့ကျင်းနဲ့ငါက ညီအစ်ကိုတွေလေ၊ ငါ့မှာ သူ့ကို သတ်စရာ ဘာအကြောင်းပြချက် ရှိလို့လဲ”

ယွဲ့ကျင့်က ခနဲ့လိုက်ပြီးနောက် ယွဲ့လင်ကိုပါ တစ်ပြိုင်တည်း ကြည့်လိုက်သည်။ ယွဲ့လင်က ချက်ချင်း သဘောပေါက်ကာ အလျင်အမြန် ပြောလိုက်သည်။

“အဘိုး ဒီသစ္စာဖောက်ကောင် ပြောတာကို နားမထောင်ပါနဲ့၊ သူက ကျွန်တော်တို့ မိသားစုကို သစ္စာဖောက် သွားပြီးပြီ၊ ဒီတစ်ခေါက် သူက မိသားစုခေါင်းဆောင်နေရာကို လုယူဖို့ ပြန်လာတာ၊ ပြီးတော့ အဲ့လူသားကို သူ့မိဘရင်းတွေကိုပါ ရက်ရက်စက်စက် သတ်ခိုင်းလိုက်သေးတယ်”

“အဖေ ခုနက ရောက်လာတုန်းက ဒီလူသားက ကျွန်တော်တို့ မျိုးနွယ်ကို သတ်နေတာကို မြင်ရမှာပါ၊ ညီနှစ်က သူ သတ်တာကို ခံလိုက်ရတာပါ”

“အဘိုး ယွဲ့ကျစ်က ရူးသွားပြီ၊ မိသားစုခေါင်းဆောင် နေရာအတွက် သူ့မျိုးနွယ်ဝင်တွေအပြင် မိဘတွေပါ မချန်ဘူး။ သူ့ကို ဟန့်တားတဲ့ ဘယ်သူမဆို သေရတာ”

ဤသားအဖက သူတို့ ပြောချင်တာပြောပြီး အပြစ်ကို ကြက်ကတုံးခေါင်းပေါ်သို့သာ ပုံချနေကြသည်။

“အဲ့လိုကိစ္စမျိုး တကယ် ရှိတာလား”

ယွဲ့ရှန်ရှင်းက ဘေးပတ်လည်မှ မျိုးနွယ်ဝင်များကို လှည့်ကြည့်လိုက်သည်။ ထိုအခိုက်တွင် ယွဲ့ကျင်က ထိုမျိုးနွယ်ဝင်များကို ခြိမ်းခြောက်သလို ကြည့်နေသည်။

“ဟုတ် … ဟုတ်ပါတယ်၊ ယွဲ့ကျစ်က သူ့လက်နဲ့ သူ့မိဘကို သတ်ခဲ့တာပါ၊ သူ့ဘေးက လူသားကိုလည်း ကျွန်တော်တို့ မျိုးနွယ်ဝင်တွေကို သတ်ပစ်ဖို့ အမိန့်ပေးခဲ့တာပါ၊ သူက ကျွန်တော်တို့ကို သစ္စာဖောက်လိုက်ပြီးတော့ ဒီလူသားဆီမှာ အညံ့ခံသွားတာပါ”

“ယွဲ့ကျစ်က သူ့မိဘတွေကို သတ်လိုက်တာပါ၊ ကျွန်တော်တို့အားလုံး မြင်လိုက်ပါတယ်၊ သူ ရူးသွားပါပြီ”

“သူက သူ့မိဘတွေကို သတ်ရုံတင်မကဘဲ မိသားစုခေါင်းဆောင်ကိုပါ သတ်မယ်လို့ ပြောပါတယ်၊ ဒါမှ သူ မိသားစု ခေါင်းဆောင်နေရာမှာ နေနိုင်မှာပါတဲ့”

ကြက်ကတုံး၏ မျိုးနွယ်ဝင်များအားလုံး တစ်ယောက်ပြီး တစ်ယောက် ပြောလာကြသည်။ သို့သော် သူတို့က အမှားကို အမှန်လုပ်၍ ပြောနေ၏။

အကြောင်းမှာ ကြက်ကတုံး၏ မိသားစုက လုံးဝ ဇာတ်သိမ်းသွားပြီကို သူတို့ သိနေသောကြောင့်ပင်။ ကြက်ကတုံး၏ မိဘများကို သတ်လိုက်သူက ယွဲ့ကျင့်နှင့် သူ့သားဖြစ်ကြောင်း ယွဲ့ရှန်ရှင်း သိလျင်တောင်မှ သူတို့ကို သတ်မည် မဟုတ်ပါ။

ထိုသားအဖကိုသာ သူတို့ ဆန့်ကျင်မိပါက ယွဲ့ကျင့်တို့ မိသားစုခေါင်းဆောင် ဖြစ်လာလျင် သူတို့ ဘယ်လိုလုပ် ကောင်းကောင်း နေနိုင်ပါမည်နည်း။

“မင်းတို့ …”

ကြက်ကတုံး လုံးဝ မှင်တက်သွားသည်။

*ဒါ ငါ့မျိုးနွယ်တဲ့လား*

*မျက်လုံးကို ဖွင့်ထားပါလျက်နဲ့ မဟုတ်တမ်းတရားတွေ ပြောပြီး ငါ့ကို သေတွင်းထဲ တွန်းပို့နေတာလား*

“ယွဲ့ကျစ် မင်း‌ တော်တော် အတင့်ရဲပါလား”

ယွဲ့ရှန်ရှင်း ရုတ်တရက် အော်ဟစ်လာပြီး မျက်လုံးများက သွေးကဲ့သို့ နီရဲနေကာ လူသတ်ချင်စိတ်များ အပြင်းအထန် ထွက်ပေါ်နေ၏။

“မိသားစုခေါင်းဆောင် နေရာအတွက်နဲ့ မင်းအဖေရင်းကို တကယ် သတ်လိုက်တယ်ပေါ့၊ မင်းက တိရစ္ဆာန် လောက်တောင် ကျေးဇူးမသိတတ်တဲ့ကောင်”

ယွဲ့ရှန်ရှင်းသည် လုပ်ကြံပြောဆိုသူများ၏ စကားကို နားယောင်သွားလေပြီ။

*လူဒီလောက်အများကြီးက သက်သေခံနေတာကို ဘယ်လိုလုပ် မှားနိုင်ရမှာလဲ*

“အဘိုး ...”

ကြက်ကတုံးသည်လည်း ယွဲ့ရှန်ရှင်းအား မယုံနိုင်သလို ကြည့်နေမိသည်။ သူ့ဘဝ၏ နောက်ဆုံးသော အရေးပါသည့် လူတောင်မှ သူ့ကို ထားရစ်ခဲ့လေပြီလား။

“ငါ့ကို အဘိုးလို့ မခေါ်နဲ့၊ မင်းလို ငဖျင်းကောင်က ငါ့မြေးဖြစ်ဖို့ မထိုက်တန်ဘူး”

ယွဲ့ရှန်ရှင်းက ကြက်ကတုံး၏ စကားကို ရုန့်ရင်းစွာ ဖြတ်ပြောလိုက်သည်။ လက်ရှိတွင် သူသည် ဒေါသစိတ်နှင့် ပြည့်နှက်နေကော ကြက်ကတုံးအား မုန်းတီးနေ၏။

ဤသည်ကိုမြင်သော် ယွဲ့ကျင့်တို့သားအဖသည် ချက်ချင်း အပျော်လွန်သွားကြသည်။ အခြေအနေက သူတို့ ဖြစ်စေချင်သည့်ဘက်သို့ ဦးတည်နေလေပြီ။

“အဖေ ဒီမျိုးမစစ်လေးက ထန်းကူရဲ့ညီကို သတ်ခဲ့ပါတယ်၊ အခုလည်း ခေါင်းဆောင်နေရာကို လုယူချင်နေတယ်၊ ကျွန်တော့်အထင်တော့ သူ့ကို ထန်းကူဆီ တန်းအပ်လိုက်တာ သင့်တော်မယ် ထင်ပါတယ်”

ယွဲ့လင်က အကြံပြုလိုက်သည်။

ထန်းကူထံသို့ အပ်လိုက်လျင် ကြက်ကတုံး သေချာပေါက် သေပေလိမ့်မည်။

“သူတို့ကို ဖမ်းလိုက်”

ယွဲ့ရှန်ရှင်းကလည်း အော်၍ အမိန့်ပေးလိုက်သည်။ သူ ကြက်ကတုံးကို လုံးဝ စိတ်ပျက်သွားပြီဖြစ်သဖြင့် ကြက်ကတုံးအား သူများလက်ထဲ အပ်ရန် ဆုံးဖြတ်လိုက်လေသည်။

“အဘိုး ဒီလိုမလုပ်ဖို့ ကျွန်တော် အကြံပေးချင်တယ်”

ကြက်ကတုံး၏ အသံက ရုတ်တရက် အေးစက်လာသည်။ လက်ရှိတွင် အဘယ်မျိုးနွယ်၊ အဘယ်မိသားစုကမှ သူ့အတွက် အရေးပါမနေတော့ချေ။ သူ့မျက်လုံးထဲတွင် နာကျည်းမုန်းတီးမှုသာ ရှိနေ၏။ ထို့ကြောင့် သူ ယွဲ့ရှန်ရှင်းကို နောက်ဆုံးအကြိမ် သတိပေးလိုက်သည်။

ထိုစကားကိုကြားသော် ယွဲ့ရှန်ရှင်း အံ့ဩသွားသည်။

*ယွဲ့ကျစ်က ငါ့ကို အာခံရဲတယ်ပေါ့လေ၊ အမြဲ ငါ့စကား နားထောင်တဲ့ ယွဲ့ကျစ်က ငါ့ကို ပုန်ကန်ရဲတယ်လား*

*လတ်စသက်တော့ သူတို့ ပြောတာ အမှန် ဖြစ်နေတာကိုး၊ ငါ့မြေးက တကယ် သစ္စာဖောက်သွားတာပဲ*

ထိုသို့သောအခါမှသာ ယွဲ့ကျစ်၏ ဝံပုလွေသဖွယ် ကောက်ကျစ်သော ရည်ရွယ်ချက်ကို သူ သတိပြုလိုက်မိသည်။

“ယွဲ့ကျစ် မင်းက ပုန်ကန်ရဲတယ်ပေါ့လေ”

ယွဲ့ရှန်ရှင်းက ကြက်ကတုံးအား အလွန် လူသတ်ချင်သော အကြည့်တို့ဖြင့် အေးစက်စွာ စိုက်ကြည့်လာသည်။

“ငါ့နာမည်က ယွဲ့ကျစ် မဟုတ်ဘူး၊ ငါ့နာမည်က ကြက်ကတုံး”

ကြက်ကတုံးက ချက်ချင်း ပြန်အော်ပြောလိုက်သည်။ သူ့မျက်နှာက ကြောက်စရာ ကောင်းလောက်အောင် ရှုံ့မဲ့နေ၏။ လက်ရှိတွင် သူ ရူးသွပ်သွားလေပြီ။

လက်ရှိအချိန်အခါ၌ သူ၏ ချင်းလွမ်မျိုးနွယ်ဟူသော နောက်ခံကိုလည်း စွန့်ပစ်လိုက်သည်။ နောင်အနာဂတ်တွင် သူသည် ကျူးလုံ ဧကရာဇ် လက်အောက်မှ လူသတ်သမား လက်အောက်ငယ်သားသာ ဖြစ်သည်။ သူ့အား ကြက်ကတုံးဟုသာ ခေါ်တွင်ပေသည်။

“ကောင်းပြီလေ”

ယွဲ့ရှန်ရှင်းက ခေါင်းတဆတ်ဆတ် ညိတ်လိုက်သည်။ ထို့နောက် လက်ဝှေ့ယမ်း၍ ကြမ်းကြုတ်စွာ အမိန့်ပေးလိုက်သည်။

“သူတို့ကို နေရာမှာတင် သေပစ်လိုက်”

ထိုစကားကြောင့် ယွဲ့လင်တို့ သားအဖ အလွန် စိတ်လှုပ်ရှားလွန်းသဖြင့် ထခုန်မတတ် ဖြစ်သွားကြသည်။

*ပွဲသိမ်းပြီ*

*ယွဲ့ကျစ် လုံးဝ ဇာတ်သိမ်းပြီ*

ယွဲ့ရှန်ရှင်း ဒေါသထွက်သွားပြီဖြစ်သဖြင့် သူ သေမည်မှာ မလွဲမသွေပင်။ မကြာခင် မိသားစုခေါင်းဆောင် နေရာက သူတို့ထံ ရောက်ရှိလာပေတော့မည်။

“ဟားဟား”

ထိုစဉ် ကြက်ကတုံးက လှောင်ရယ်လေသည်။

“အရှင်မင်းမြတ် သူတို့အားလုံးကို သတ်လိုက်ပါတော့”

“အဖေ သူ ပြောတာကို နားထောင်ကြည့်ပါဦး၊ ဒါလား ကျွန်တော်တို့ ချင်းလွမ်မျိုးနွယ်ရဲ့ သခင်လေး၊ ဒါက သစ္စာဖောက်ပဲ”

ယွဲ့ကျင့်က အေးစက်စွာ ခနဲ့လေသည်။ ထိုစဉ် ဘယ်အချိန်က ပေါ်လာမှန်း မသိသော လက်တစ်ဖက်က သူ၏ ရှည်လျသော လျှာကို ဆွဲဖမ်းလာ၏။

*ဘယ်တုန်းက*

လူတိုင်း ရုတ်တရက် မျက်နှာအမူအရာ ပြောင်းလဲသွားကြသည်။ ယဲ့ဖန်က ယွဲ့ကျင့်အနားသို့ ဘယ်လို ချဉ်းကပ်လိုက်သလဲ ဆိုသည်ကို သူတို့ သတိမထားမိလိုက်ပေ။

*ဒါ မယုံနိုင်စရာ ကောင်းလွန်းတယ်*

ယွဲ့ကျင့်၏ လှောင်ပြုံးလည်း ပျောက်ကွယ်သွားပြီး အဆုံးအစမဲ့ ကြောက်လန့်ဟန် ပေါ်လာသည်။

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

“မင်းရဲ့ အရေးမပါတဲ့ စကားတွေကို ငါ နားမထောင်ချင်တော့ဘူး၊ အဲ့တော့ ကျေးဇူးပြုပြီး ... ပါးစပ်ပိတ်လိုက်တော့”

ယဲ့ဖန်က အပြုံးကြီး ပြုံးနေပြီးနောက် လက်ငါးချောင်းကို အားပိုထည့်လိုက်သည်။

*မလုပ်နဲ့*

ယွဲ့ကျင့် မျက်လုံးပြူးကာ တစ်ကိုယ်လုံး တုန်ယင်လာ၏။

“မျိုးမစစ်ကောင် မင်း လုပ်ရဲလား”

ယွဲ့ရှန်ရှင်းကလည်း ယဲ့ဖန်ကို ငေါက်ငမ်းလာသည်။ သူ့မျက်လုံးများက ဒေါသကြောင့် ကျွတ်ကျမတတ် ပြူးကျယ်နေသည်။

သို့သော် ယဲ့ဖန်က အထင်သေးစွာ ပြုံးနေသည်။ သူသည် ယွဲ့ကျင့်၏ တစ်မီတာကျော် ရှည်လျားသော လျှာကို ဆွဲဖြတ်လေသည်။ သွေးများက ရေတံခွန်သဖွယ် ပန်းထွက်လာသည်။

“အား...”

ယွဲ့ကျင့် ငယ်သံပါအောင် အော်ဟစ်လိုက်ပြီးနောက် ပါးစပ်မှ သွေးများ အဆက်မပြတ် စီးကျလာ၏။ နာကျင်မှုအား စကားလုံးဖြင့် မဖော်ပြနိုင်တော့ချေ။

ချင်းလွမ်မျိုးနွယ်များအားလုံး ကြက်သီးထသွားပြီး ယဲ့ဖန်အား ကြောက်လန့်တကြား ကြည့်လာကြသည်။

*ဒီလူ ရူးနေပြီလား*

*ငါတို့ မိသားစုခေါင်းဆောင် ရောက်လာတာကို မြင်တာတောင် သူ ဘယ်လို လုပ်ရဲတာလဲ*

*မောက်မာလွန်းတယ်*

ထိုအချိန်တွင် ယဲ့ဖန်က ရှည်လျားသောလျှာကို မြေကြီးပေါ် ပစ်ချပြီး လှောင်လိုက်သည်။

“အခု မင်း အရေးမပါတာတွေ မပြောနိုင်တော့ဘူး မဟုတ်လား”

*လျှာရှည်တယ်မလား*

*ဒါဆို ငါ မင်းလျှာကို ဖြတ်ပေးမယ်*

*နှလုံးသားက ကောက်ကျစ်တယ်မလား*

*ဒါဆို ငါ မင်းနှလုံးသားကို ထုတ်ပစ်မယ်”

“အရှင်မင်းမြတ် သတ်လိုက်ပါ”

“အရှင်မင်းမြတ် သတ်လိုက်ပါ”

ကြက်ကတုံးသည် သံကုန်ဟစ်လျက် ရှိနေပြီး မျက်လုံးတွင် ပူနွေးသော မျက်ရည်တို့ဖြင့် ပြည့်နှက်လျက် ရှိသည်။ ဘေးဘက်မှ ပိုင်ရွှယ်သည် နားဝေတိမ်တောင် ဖြစ်နေသည်။

ယဲ့ဖန်နှင့်ယှဉ်လိုက်လျင် သူမ၏ ဉာဏ်ပညာက ကလေးကစားကွက်မျှသာ ဖြစ်နေပုံရသည်။ မကြသေးခင်က ယဲ့ဖန် ပြောခဲ့သော စကားက အမှန် ဖြစ်လာလေပြီ။ လက်ရှိအချိန်တွင် ကြက်ကတုံးတွင် ယဲ့ဖန်ကို သတ်ချင်သည့် အကြောင်းရင်း ပျောက်ဆုံးသွားလေပြီ။

“မျိုးမစစ်လေး ငါ မင်းကို သတ်ပစ်မယ်ကွ”

ယွဲ့ရှန်ရှင်း အလွန် ဒေါသထွက်နေသည်. သူ့သားနှင့် သားမက်ကို သတ်သည့်အပြင် သူ့မျိုးနွယ်ကိုပါ ထိခိုက်အောင် လုပ်ခဲ့သည်။ ဤသို့သော လူမျိုးကို ဓားတစ်ထောင်ဖြင့် နုတ်နုတ်စင်းသင့်သည်။

ယွဲ့ရှန်ရှင်းက လက်သည်းများဖြင့် ယဲ့ဖန်၏ မျက်နှာကို ကုတ်ဖဲ့ရန် ပြင်နေပြီး ယဲ့ဖန်၏ ဦးခေါင်းကို ဆွဲဖြုတ် ချင်နေ၏။

“သူ့ကိုသတ်၊ အဘိုး ဒီသွေးဆာတဲ့ မျိုးမစစ်ကောင်ကို သတ်ပစ်လိုက်ပါ”

ယွဲ့လင်က ကျယ်လောင်စွာ အော်ဟစ်နေပြီး ယဲ့ဖန်အား အရိုးထဲအထိ မုန်းတီးနေမိသည်။ ယဲ့ဖန် မသေလျင် သူ၏ မိသားစုခေါင်းဆောင်နေရာက မြဲမည်မဟုတ်ပါ။

ယဲ့ဖန်သည် မောက်မာမြဲ မောက်မာမြဲဖြစ်ကာ ယွဲ့ရှန်ရှင်း၏ လက်သည်းများကို လက်သီးဖြင့် ပြန်ထိုးလိုက်သည်။ ဤသည်က ယွဲ့ရှန်ရှင်းနှင့် အခြားသူများကို အံ့ဩသွားစေသည်။

*ဒီလူက ယွဲ့ရှန်ရှင်းရဲ့ သံမဏိလို လက်သည်းကို လက်နဲ့ပဲ ပြန်တိုက်ဖို့ ကြံစည်နေတာလား*

*ဒီလူ ရူးနေပြီလား*

*ယွဲ့ရှန်ရှင်းက နတ်ဘုရင်အဆင့်ဆိုတာကို သိရောသိရဲ့လား*

“ယွဲ့ကျစ် မင်း တွေ့လာတဲ့ အကူအညီပေးမယ့်လူက အရူးနဲ့တူတယ်”

ယွဲ့လင်က ကြက်ကတုံးက အားပါးတရ ပြုံး၍ ကြည့်နေပြီး အပြုံးက ပိုပို၍ ပီပြင်လာသည်။

“ဂျွတ်”

ထိုအခိုက်တွင် အရိုးကျိုးသံနှင့်အတူ အသားစနှင့် သွေးစများ လွင့်စဉ်လာသည်။ မရဏ အငွေ့အသက်ကလည်း အရှိန်အဟုန်ဖြင့် ပျံ့လွင့်နေ၏။

သို့သော် ယဲ့ဖန် သေပြီဟု လူတုင်း ထင်လိုက်ချိန်တွင် စူးရှသော အော်သံတစ်သံ ထွက်ပေါ်လာသည်။

“မဖြစ်နိုင်ဘူး လုံးဝ မဖြစ်နိုင်ဘူး”

ယွဲ့ရှန်ရှင်း သွေးအန်ကာ နောက်သို့လွင့်သွားပြီး လက်သည်းတစ်ခုလုံး ကြေမွကာ အသားများ စုတ်ဖွာနေကာ မြင်ရဆိုးလှသည်။ သူ့မျက်လုံးများကလည်း ပြူးကျယ်နေ၏။

သူသည် နတ်ဘုရင်အဆင့်ဖြစ်သည်။ သူတောင်မှ ဤလူ၏ ပြိုင်ဘက် မဟုတ်ဘူးတဲ့လား။

*ဒါ ဘယ်လိုဖြစ်ရတာလဲ*

ယွဲ့လင်တို့ သားအဖ ခေါင်းမွေးထောင်သွားပြီး မကောင်းသော ခံစားချက် ရလာသည်။

*မဟုတ်မှလွဲရော ငါတို့ရှေ့ကလူက နတ်ဘုရင်အဆင့်များလား*

*ယွဲ့ရှန်ရှင်းတောင်မှ အထိနာသွားတာ၊ သူသာ ယဲ့ဖန်ကို ရှုံးသွားရင် ငါတို့ သေသွားမှာလား*

တစ်ခဏအတွင်း ချင်းလွမ်မျိုးနွယ်ဝင်များအားလုံး အကြီးအကျယ် မျက်နှာပျက်သွားကြသည်။ သူတို့ ကြောက်လန့်လွန်းသဖြင့် အသိပင် လွတ်လာသည်။

“မင်း”

ယွဲ့ရှန်ရှင်းက ယဲ့ဖန်ကို ကြောက်လန့်တကြား ကြည့်လာသည်။ဤလူငယ်လေးကလည်း နတ်ဘုရင်အဆင့် ဖြစ်နေသည်ကို မယုံနိုင်သည့်ပုံပင်။

“မင်း မောက်မာရဲတာကို ငါ မအံ့ဩတော့ဘူး၊ လတ်စသက်တော့ မင်းမှာလည်း အစွမ်းအစတစ်ချို့ ရှိနေတာကိုး၊ ဒါပေမဲ့ မင်း ဒီနေ့ သေကိုသေရမှာ”

ယွဲ့ရှန်ရှင်းက ကြုံးဝါးလိုက်ပြီး ကျောက်စိမ်းတံဆိပ်တစ်ခုကို ထုတ်၍ ပစ်ပေါက်လိုက်သည်။ ၎င်းထံမှ တာအိုစွမ်းအင်များ ပျံ့လွင့်နေပြီး မိုးကောင်းကင် တုန်လှုပ်နိုင်သည့် ဖိအားမျိုး ထွက်ပေါ်လာသည်။

ဤကျောက်စိမ်းတံဆိပ်ကို မြင်သော် ချင်းလွမ်မျိုးနွယ်ဝင်များအားလုံး ပျော်သွားကြသည်။ ယင်းသည် ချင်းလွမ်မျိုးနွယ်၏ မျိုးဆက်အလိုက် လက်ဆင့်ကမ်းလာသော ပစ္စည်း ဖြစ်သည်။

ထိုကျောက်စိမ်းကိုမြင်သောအခါ ယွဲ့လင်တို့ သားအဖနှစ်ဦး၏ မျက်လုံးတွင် လောဘအရိပ်အယောင်များ ပေါ်လာ၏။

သူတို့ ထိုပစ္စည်းကို ငမ်းငမ်းတက် လိုချင်နေသည်မှာ ကြာပြီဖြစ်သော်လည်း ၎င်းအား မိသားစုခေါင်းဆောင် တစ်ဦးတည်းသာလျင် ဆက်ခံခွင့် ရှိနေ၏။

ထိုကျောက်စိမ်း လည်သွားတိုင်း စကြဝဠာအတွင်းမှ ကြယ်တာရာများ တောက်ပနေသကဲ့သို့ ရတနာရှစ်မျိုး၏ အရောင်များ ထွန်းလင်းလာသည်။

သို့သော် ၎င်းအရောင်များထဲတွင် မရဏ အငွေ့အသက်က ပင်လယ်တမျှ ပေါကြွယ်ဝစွာ ပါဝင်နေပြီး ယဲ့ဖန်အား သည်းကြီးမည်းကြီး လွှမ်းမိုးလာနေသည်။

“အဘိုးကြီးက သေချင်နေတာပဲ”

ယဲ့ဖန်၏ အကြည့်များက ခက်ထန်လာပြီး ရုတ်တရက် လေထဲသို့ လွှားခနဲ ခုန်တက်လိုက်သည်။ သူ့ကိုယ်ထဲမှ မိုးခြိမ်းသံကဲ့သို့သော အသံ ထွက်ပေါ်လာပြီး မရဏ အငွေ့အသက်က မိုးထိုးမတတ် ထွက်ပေါ်လာသည်။

ထို့နောက် စကြဝဋ္ဌာတမျှ ပေါကြွယ်ဝသော စွမ်းအင်များ ပါဝင်နေသည့် လက်သီးဖြင့် ထိုကျောက်စိမ်းကို ထိုးနှက်လိုက်သည်။

“ဝုန်း”

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ယှဉ်မရသော စွမ်းအင်လှိုင်းတစ်ခု ပျံ့လွင့်လာ၏။ ချင်းလွမ် မျိုးနွယ်ဝင်တစ်ချို့သည် ထိုစွမ်းအင်လှိုင်းကြောင့် ပေါက်ကွဲသာ သေဆုံးသွားကြသည်။

“ဘာ … ဒီကောင်က ကျောက်စိမ်းကိုပါ ယှဉ်နိုင်တာလား”

“မယုံနိုင်စရာပဲ၊ သူ ဒီလို ကြောက်စရာကောင်းတဲ့ အဖျက်စွမ်းအင်ကို ဘယ်လိုတောင် ထုတ်နိုင်ရတာလဲ”

လူတိုင်း မယုံနိုင်သလို ခံစားနေရကြရပြီး မျက်နှာတွင် ကြောက်လန့် စိုးရိမ်စိတ်တို့ ပြည့်နှက်လာသည်။ သို့သော် ပို၍ သွေးပျက်ဖွယ်ကောင်းသော အရာများက ဖြစ်လာရန် ကျန်နေသေး၏။

“ဂျွတ်”

ကျောက်စိမ်းပေါ်တွင် အက်ရာတစ်ခု ရုတ်တရက် ပေါ်လာလေသည်။

“ချီးပဲ မင်းက ဘယ်လိုမိစ္ဆာမျိုးလဲ”

ယွဲ့ရှန်ရှင်း ကြောက်လန့်တကြား အော်ဟစ်လိုက်ပြီး မျက်ခုံး တဆတ်ဆတ်လှုပ်ကာ ကြက်သေ သေမတတ် ဖြစ်နေသည်။

သူ့ကို တစ်ချက်တည်းဖြင့် အထိနာအောင် လုပ်ခဲ့သည်။ ထို့အပြင် မိသားစု ရတနာကိုလည်း လက်သီး တစ်ချက်တည်းဖြင့် ချိုးဖျက်ခဲ့၏။ ဤလူ၏ ခန္ဓာကိုယ်က အလွန် သန်မာလွန်းပေသည်။

“ငါက မိစ္ဆာမဟုတ်ဘူး … ငါက နတ်ဆိုးပဲ”

All Chapters