← Chapters

အခန်း ၁၅၅၂

Vol. 104 Ch. 1552

အခန်း ၁၅၅၂

Vol. 104 Ch. 1552

Chapter 1552 သေသွားတဲ့လူကိုပဲ ပြောခိုင်းရတာပေါ့

သူတို့အရှေ့မှလူက ချင်းလွမ်သား စားချင်ပါသည်ဟု ပြောလိုက်လျင် အင်မော်တယ် ယွင်ရီက တုံ့ဆိုင်းခြင်းမရှိ သူတို့ကို သတ်မည်ဖြစ်ကြောင်း သူတို့ သံသယမရှိ ယုံကြည်သွားသည်။

ယဲ့ဖန် ရယ်ရမလား၊ ငိုရမလား မသိဖြစ်ကာ ပြန်ငြင်းစကား မပြောနိုင်တော့ချေ။ မူလက အင်မော်တယ် ယွင်ရီသည် လက်လျှော့သွားခဲ့သည်။ သို့သော် အင်မော်တယ် ယွင်ရီကို ဒေါသထွက်အောင် လုပ်သူတိုင်းအား ဟင်းချက်ပစ်ကာ သူ့အား စားစေခဲ့သည်။

“ယို့ ယဲ့ဖန် အဆင်ပြေသားပဲ၊ ရှင်က ကြက်သားစားရတာကို ကြိုက်ရုံတင်မကဘဲ ကြက်ကိုပါ သဘောကျ တာလား”

ပိုင်ရွှယ်က ရုတ်တရက် ခနဲ့ပြောလာသည်။ လူ့အသိုင်းအဝိုင်း၌ တစ်စုံတစ်ယောက်အား ကြက်ဟု ခိုင်းနှိုင်းခေါ်ဝေါ်ခြင်းက ယဉ်ကျေးသော အသုံးအနှုန်း မဟုတ်ချေ။

ချင်းလွမ်မျိုးနွယ်စုအတွက်လည်း ထိုနည်းတူပင်။ အင်မော်တယ် ယွင်ရီ၏ လှပသော မျက်ဝန်းများက ကျဉ်းမြောင်းလာပြီး သူမ၏ ရဲရဲနီနေသော နှုတ်ခမ်းမှ လူသတ်ချင်သော အငွေ့အသက်ပါသည့် စကားသံ ထွက်ပေါ် လာသည်။

“ငါက ဖီးနစ်မျိုးနွယ်ဝင်၊ ကြက် မဟုတ်ဘူး၊ နင် မဟုတ်တမ်းတရားတွေ ပြောရဲနေဦးမယ်ဆိုရင် သတိထား၊ ငါ နင့်ကို သတ်ပစ်မယ်”

“စမ်းကြည့်လိုက်လေ”

ပိုင်ရွှယ် မပျော်တော့ချေ။ တစ်ချိန်တည်းမှာပင် မထီလေးစားဟန်ဖြင့် ဆက်ပြောလိုက်သည်။

“ကြက်သားစွပ်ပြုတ် မဟုတ်လား၊ ဘယ်သူက မကြိုက်ဘဲ နေမှာလဲ”

“အန်တီရေ မီးထဲကို လောင်စာ ထပ်မဖြည့်ပါနဲ့”

ယဲ့ဖန်က မျက်ရည်လည်နေသော မျက်လုံးတို့ဖြင့် ပြောလာသည်။ ပိုင်ရွှယ်က တကယ်ပင် မီးထဲ လောင်စာဆီ ထပ်ဖြည့်နေခြင်းသာ။

“သူက ဘယ်သူလဲ”

အင်မော်တယ် ယွင်ရီက ပိုင်ရွှယ်ကို လက်ညှိုးထိုး၍ ယဲ့ဖန်ကို မေးလာသည်။ ပိုင်ရွှယ်၏ အူတိုနေသော စကားမှ သူမ တစ်စုံတစ်ရာကို ခံစားမိနေသည်။

“သူက ငါ့လူ၊ ပြီးတော့ ငါက သူ့အမျိုးသမီး၊ နင်က ဘာထင်နေတာလဲ”

ပိုင်ရွှယ်က လှောင်ပြောင်ပြောဆိုလိုက်သည်။

“မဖြစ်နိုင်ပါဘူး၊ နင်က ဒီလောက် ငယ်သေးတာကို”

အင်မော်တယ် ယွင်ရီက ပိုင်ရွှယ်ကို တအံ့တဩ ကြည့်လာသည်။

*နွားအိုမြက်နုကြိုက်တာလား*

သူမပါးစပ်က မဖြစ်နိုင်ဘူးဟု ပြောနေသော်လည်း သူမမျက်လုံးတွင်းမှ စိုးရိမ်ပူပန်စိတ်က သူမကို သစ္စာဖောက် နေ၏။ အဘယ်ကြောင့်ဆိုသော် ဤလူသား ကလေးမလေးက သူမထက် မလျော့သော မိန်းမလှလေး ဖြစ်သောကြောင့်ပင်။

“ငယ်ပင်မယ့် ကြီးသင့်တဲ့နေရာ ကြီးပါတယ်၊ လုံးဝ မသေးဘူး”

ပိုင်ရွှယ်က ရင်ကိုကော့၍ ရန်စသလို မျက်နှာပေးနှင့် ကြည့်နေသလို သရော်တော်တော် အပြုံးမျိုး ပြုံးလိုက်သည်။

အင်မော်တယ် ယွင်ရီ စိတ်တိုသွားပြီး သူမ၏ လှပသော မျက်နှာလေးက အေးစက်လာကာ အော်ဟစ်လေ တော့သည်။

“ခွေးမလေး ငါ နင့်ကို အရှင်လတ်လတ် အရေခွံခွာပစ်မယ်”

“ယဲ့ဖန် ဒီကြက်က ရှင့်အမျိုးသမီးကို အော်နေတယ် သတ်ပစ်လိုက်”

ပိုင်ရွှယ်ကလည်း ပြန်အော်လာ၏။

“မင်းတို့ တော်လောက်ပြီ”

ယဲ့ဖန် အားမရှိသလို ခံစားနေရသည်။

*ဒီအဒေါ်ကြီးနှစ်ယောက်က အလွယ်တကူ သွားရှုပ်လို့မရဘူးဘဲ*

“ကျွန်မက ရှင့်ကို ဒီလောက် စွဲလမ်းနေတာတောင် ရှင်က ပြန်မချစ်ဘူး၊ လတ်စသက်တော့ ရှင်က ချစ်သူ ရှိနေလို့ကိုး၊ ကျွန်မ ဒီခွေးမကို သတ်ပစ်မယ်”

အင်မော်တယ် ယွင်ရီတွင် လူသတ်ချင်သော အငွေ့အသက်များ တစ်ဟုန်ထိုး ထွက်ပေါ်နေပြီး ယဲ့ဖန်ကိုကျော်၍ ပိုင်ရွှယ်ကို သတ်ရန် ပြင်လာသည်။

ရုတ်ချည်းဆိုသလိုပင် ပိုင်ရွှယ်၏ မျက်နှာ ဖြူရော်သွားသည်။ အကြောင်းမှာ မမြင်ရသော ဖိအားတစ်ခုက သူမကို လွှမ်းခြုံဖိနှိပ်လာကြောင်း ခံစားလိုက်ရသောကြောင့်ပင်။

အင်မော်တယ် ဧကရာဇ်အဆင့်မှ ထွက်လာသော ဖိအားသည် နတ်ဘုရင်အဆင့်အား သတ်ဖြတ်နိုင်ရန်ပင် လွယ်ကူသဖြင့် သူမကို သတ်ခြင်းက ပြဿနာ မဟုတ်ချေ။

“တော်လိုက်တော့”

ယဲ့ဖန် ဒေါတသကြီး အော်လိုက်ပြီး တူညီသော ဖိအားအရှိန်အဝါတစ်ခု ထွက်ပေါ်လာပြီး အင်မော်တယ် ယွင်ရီ၏ အရှိန်အဝါကို ဖိနှိပ်လာသည်။

သူ၏ မျက်လုံးများကလည်း တင်းမာခက်ထန်လာ၏။

“ယွဲ့ရုန် မင်း သေချင်နေတာလား”

ယွဲ့ရုန်သည် အင်မော်တယ် ယွင်ရီ၏ နာမည်ရင်း ဖြစ်သည်။ ရှေးခေတ်အချိန်ကတည်းက သူမ၏ နာမည်ရင်းကို သိသူ လက်ငါးချောင်းပင် မပြည့်ပေ။

“ရှင်”

ယဲ့ဖန်၏ ခြိမ်းခြောက်စကားကို ကြားသောအခါ ယွဲ့ရုန်၏ မျက်နှာက အလွန် ရှုံ့မဲ့သွားသည်။ ထို့နောက် သူမ မျက်လုံးတွင် မျက်ရည်များ ဝေ့လာ၏။ မသိလျင် သူမက ယဲ့ဖန်၏ ရိုင်းပျခြင်းကို မတရားခံနေရသလိုပင်။ သူမ အလွန်အမင်း စိတ်ထိခိုက် ကြေကွဲသွားသည်။

ယွဲ့ရှန်ရှင်းနှင့် အခြားသူများ မှင်တက်အံ့ဩကာ ယွဲ့ရုန်အား မယုံနိုင်သလို ကြည့်လာကြသည်။

*ငါတို့ဘိုးဘေးက စိတ်ဆိုးပြီး ငိုတာလား*

*ဒါ တကယ်ကြီးလား*

*အင်မော်တယ်ဧကရာဇ်အဆင့်က ငိုတယ်ပေါ့လေ*

ဤသည်ကိုမြင်သော် ယဲ့ဖန်သည်လည်း မတတ်သာဟန်ဖြင့် သက်ပြင်းချလေသည်။

“ယွဲ့ရုန် ငါ မင်းနဲ့ ပြဿနာ မဖြစ်ချင်ဘူး၊ ငါ ဒီကို အကူအညီတောင်းဖို့ ရောက်လာတာ၊ ငါ လူကယ်ဖို့ ဆေးဖော်တဲ့ နေရာမှာ ချင်းလွမ်ရဲ့ နှလုံးသား လိုအပ်နေတယ်”

“မရဘူး”

ယွဲ့ရုန် စိတ်ဆိုးမာန်ဆိုး ပြောလေသည်။ သူမ ပိုင်ရွှယ်၏ ဒဏ်ရာကို မမြင်ရသော်လည်း ယဲ့ဖန်က သူမကို ကယ်ချင်နေကြောင်း ပြောနေစရာပင် မလိုအပ်ချေ။

“အခြားဟာတွေ တော်တော် ရှားတယ်၊ ငါတို့က မင်းရဲ့ ထင်မြင်ချက်ကို တောင်းနေတာ မဟုတ်ဘူး၊ မင်း သဘောမတူရင် ငါတို့ မင်းမျိုးနွယ်တစ်ခုလုံးကို ဖျက်ဆီးရလိမ့်မယ်”

ပိုင်ရွှယ်က အေးစက်စက် လှောင်သံပြုလာသည်။

“ရှင် ဘာပြောလိုက်တယ်”

ယွဲ့ရုန်၏ နှလုံးသားထဲမှ ဒေါသက ထပ်မံ၍ ထွက်ပေါ်လာပြန်သည်။

“ပါးစပ်ပိတ်ထား”

လက်ရှိတွ် ယဲ့ဖန် လုံးဝ ဒေါသထွက်သွားလေပြီ။ မိုးသက်မုန်တိုင်းသဖွယ် ကြောက်စရာကောင်းသော စွမ်းအင် တစ်ခု ထွက်ပေါ်လာပြီး တစ်လောကလုံး တုန်ခါလာသည်။

ကြာပန်းဥယျာဉ် တစ်ခုလုံး ပြင်းထန်စွာ တုန်ခါလာလေသည်။

“ဝေါ့”

ယွဲ့ရှန်ရှင်းနှင့် အခြားသော ချင်းလွမ်မျိုးနွယ်များ သွေးအန်လာ၏။ သူတို့သည် ဤစွမ်းအင်၏ ဖိနှိပ်ခြင်း ခံရကာ ဒဏ်ရာ အပြင်းအထန် ရသွားကြသည်။

*အင်မော်တယ် ဧကရာဇ်*

*ဒီလူက အင်မော်တယ် ဧကရာဇ်အဆင့်ပဲ*

*သေစမ်း*

သူတို့ချင်းလွမ်မျိုးနွယ်၏ အနာဂတ်က ပိုပို၍ မသေချာမရေရာ ဖြစ်လာတော့မည့်ပုံပင်။ အန္တရာယ်များနှင့် ပြည့်နှက်နေလေပြီ။

ပိုင်ရွှယ်နှင့် ယွဲ့ရုန်တို့ မျက်နှာပျက်သွားပြီး ရုတ်တရက် မျက်နှာများ ဖြူရော်လာ၏။ သူတို့ ယဲ့ဖန်၏ နောက်ခံကို ဘယ်သောအခါမှ မမေ့ပါ။

ဧကရာဇ်။ ဧကရာဇ်တစ်ပါး၏ မြင့်မြတ်ထည်ဝါသော ဂုဏ်သိက္ခာကို ထိပါး၍ မရနိုင်ပါ။

ယဲ့ဖန်က ယွဲ့ရုန်ကို လေးနက်တည်ကြည်သော မျက်နှာအမူအရာဖြင့် ကြည့်လိုက်သည်။

“ကူညီမှာလား မကူညီဘူးလား”

သူ့စကားကိုကြားသောအခါ ယွဲ့ရုန်က ခနဲ့ပြုံး ပြုံးလေသည်။

“ရှင် လိုအပ်မှ ကျွန်မကို အမိန့်ပေးတယ်၊ မလိုရင် ကျွန်မကို အရေးတောင် မလုပ်ဘူး၊ အခုတော့ ရှင်က ကျွန်မမျိုးနွယ်ရဲ့ အသက်နဲ့ ရှင့်ကို မျက်နှာလုပ်စေချင်တာလား၊ ဒါကို သင့်တော်တယ်လို့ ရှင် ထင်နေသလား”

ယဲ့ဖန်၏ မုန်းတီးမှုကို သူမ မုန်းတီးသလို သူမ၏ အရူးအမူး စွဲလမ်းမှုကိုလည်း မုန်းမိသည်။ ယဲ့ဖန်၏ တောင်းဆိုမှုကို အမြဲ ငြင်းဆန်နိုင်စွမ်း မရှိသည့် သူမကိုယ်သူမလည်း မုန်းမိလေသည်။

ယဲ့ဖန် သက်ပြင်းချလိုက်သည်။

“ငါ အရမ်း တစ်ကိုယ်ကောင်းဆန်ခဲ့ဖူးတယ်၊ ဒါပေမဲ့ အခုက မတူဘူး၊ မင်းရဲ့မျိုးနွယ်ဝင် တစ်ယောက်က ငါ့လက်အောက်ငယ်သား ဖြစ်လာပြီ၊ ငါ့မှာ မင်းကို သတ်စရာ အကြောင်းရင်း မရှိတော့ဘူး”

ထိုစကား ထွက်လာသောအခါ ယွဲ့ရှန်ရှင်းနှင့် အခြားသူများ ထိတ်လန့်သွားပြီး ကြက်ကတုံးအား မယုံနိုင်စွာ ကြည့်လာသည်။

ထိုအခိုက်တွင် ယွဲ့ရှန်ရှင်း နားဝေတိမ်တောင် ဖြစ်နေသည်။ တစ်ခုခု မှားနေကြောင်းလည်း သတိပြုမိ သွားပုံရသည်။

*ငါ အရမ်း မှားသွားပြီ*

*လတ်စသက်တော့ ကြက်ကတုံးက ဒီလူကို ငါတို့ကို သတ်ဖို့ခေါ်လာတာ မဟုတ်ဘဲ ငါတို့နဲ့ ရင်းနှီးဖို့ ခေါ်လာတာပဲ*

*ငါတို့ဘိုးဘေး အင်မော်တယ် ယွင်ရီတောင် မနိုင်တဲ့လူက ချင်းလွမ်မျိုးနွယ်ကို ဘာလုပ်လုပ် ရနေတာပဲ*

တစ်နည်းအားဖြင့်ဆိုရလျင် သူတို့သာ ဤလူနှင့် ရင်းနှီးသွားလျင် ကိုးပြည်နယ်ကို လွှမ်းမိုးနိုင်ပေလိမ့်မည်။

“မဟုတ်ဘူး အခု ကျုပ် သူတို့အားလုံးကို သတ်စေချင်တယ်၊ သူတို့အားလုံးကို သတ်လိုက်ပါ”

သို့သော် ကြက်ကတုံးက သံကုန်အော်ဟစ်၍ ပြောဆိုလာပြီး သူ့မျက်လုံးတွင် အမုန်းတရားတို့ဖြင့်သာ ပြည့်နှက်နေသည်။

သူ၏ လူသတ်ချင်စိတ်က တဟုန်းဟုန်း တောက်လောက်နေသည်။ သူ၏ မိဘများကို သတ်လိုက်သော ဤမိသားစုဝင်များကို သူ မုန်းတီးသည်။ ဤအမှန်ကို အမှားလုပ်သောလူများအား သူ မုန်းတီး၏။

*သူတို့အားလုံး သေသင့်တယ်*

ထိုအခိုက်တွင် ချင်းလွမ်မျိုးနွယ်ဝင်အားလုံး ကြက်သီးထသွားပြီး ကြက်ကတုံးအား ကြောက်ရွံ့သော အမူအရာများဖြင့် ကြည့်လာကြသည်။ ကြက်ကတုံးက ဤသို့သော စကားမျိုး ပြောလာလိမ့်မည်ဟု သူတို့ ထင်ထားပုံမရချေ။

သို့သော် မကြာခင်မှာပင် ကြက်ကတုံးက ယွဲ့လင်တို့သားအဖကို သူတို့ ကာပြောပေးလိုက်သည့် ကိစ္စအတွက် သူတို့ကို မုန်းနေခြင်းဖြစ်ကြောင်း နားလည်သွားကြသည်။

သူ့မိသားစုက တရားမျှတခြင်းမရှိစွာ အသတ်ခံလိုက်ရသည် မဟုတ်ပါလော။ ယဲ့ဖန်သာ ဤနေရာ၌ မရှိခဲ့လျင် ကြက်ကတုံးလည်း သေသွားလောက်သည်။

ယွဲ့လင်တို့ သားအဖသည် ရုတ်တရက် ကြောက်လန့်ဟန် ပေါ်လာသည်။ ကြက်ကတုံးက မည်သူ့အပေါ် မုန်းတီးနေကြောင်း သူတို့ သိပေသည်။

“ချင်းလွမ်မျိုးနွယ်ဝင်ဖြစ်ပြီး ကိုယ့်မျိုးနွယ်ကို သတ်ချင်နေပါလား၊ ငါ ဒီနေ့ မင်းကို အရှင်မထားဘူး”

ယွဲ့ရုန်၏ မျက်နှာက ရုတ်တရက် အေးစက်သွားသည်။ သူမ၏ အားနည်းဟန်သည် ယဲ့ဖန်နှင့်တွေ့မှသာ ပေါ်လာသော အပြုအမူ ဖြစ်သည်။

အခြားသူများနှင့် ရင်ဆိုင်ရလျင် သူမ၏ ပြတ်သားရက်စက်သော ဘက်ခြမ်းက ပြန်ပေါ်လာလေသည်။

“နေပါဦး သူ ပြောတာကို အရင်နားထောင်လိုက်ပါ”

ယဲ့ဖန် ဝင်ပြောလိုက်သည်။ ယွဲ့ရုန် မျက်မှောင်ကြုတ်သွားပြီး ကြက်ကတုံးကို ပြန်စိုက်ကြည့်နေသည်။

“ဘိုးဘေး ကျွန်တော့် ဦးလေးနဲ့ ဝမ်းကွဲအစ်ကိုက ကျွန်တော့်မိဘတွေကို သတ်ပါတယ်၊ ပြီးတော့ ကျွန်တော့်ကို အပြစ်ပုံချပြီး ကျွန်တော့်ကိုပါ သတ်ချင်ခဲ့ပါတယ်၊ မိသားစုခေါင်းဆောင် နေရာကို တကယ် လုချင်နေတဲ့လူက ကျွန်တော် မဟုတ်ပါဘူး”

ကြက်ကတုံး အော်မတတ် ပြောလိုက်သည်။ ထိုစကားကိုကြားသော် ယွဲ့ရှန်ရှင်း၏ အမူအရာက အကြီးအကျယ် ပြောင်းလဲသွားပြီး ယွဲ့ကျင့်နှင့် သူ့သားကို ဒေါသထွက်နေသော မျက်နှာနှင့် လှမ်းကြည့်လေသည်။

“ယွဲ့ကျစ် ပြောတာ အမှန်ပဲလား”

“အဘိုး သူ့ရဲ့ မဟုတ်တမ်းတရား စကားတွေကို နားမထောင်ပါနဲ့၊ ခုနက လူတိုင်း ပြောလိုက်တာကို အဘိုးလည်း ကြားလိုက်တာပဲလေ၊ ကျွန်တော်တို့ သားအဖ လိမ်ခဲ့တယ်ဆိုရင်တောင်မှ မျိုးနွယ်တစ်ခုလုံးက လိုက်လိမ် ပါ့မလား”

ယွဲ့လင်က ပြောင်ပြောင်တင်းတင်း ငြင်းလေသည်။ ယအခုအခါတွင်မှ ဝန်ခံ၍ မဖြစ်နိုင်တော့ပါ။ သို့မဟုတ်ပါက သူ သေရပေလိမ့်မည်။

သူ၏မျက်နှာတွင် ချွေးပြန်နေပြီး အဖြစ်အပျက်က ဤသို့ ပြောင်းလဲလာလိမ့်မည်ဟု သူ လုံးဝ ထင်မထားမိပေ။

“မင်း ပြောတဲ့စကားလောက်နဲ့ ငါ မင်းကို မယုံနိုင်ဘူး၊ သက်သေပြ”

ယွဲ့ရုန်က ကြက်ကတုံးကို အထင်သေးစွာ ကြည့်နေသည်။ ထိုအခါ ကြက်ကတုံး လုံးဝ မှင်တက်သွားလေသည်။ အကြောင်းမှာ သူ့၌ ဘာသက်သေမှ မရှိသောကြောင့်ပင်။

မျက်မြင်သက်သေများအားလုံးသည် ယွဲ့လင်နှင့် သူ့အဖေဘက်၌သာ ရပ်တည်ကြပြီး မည်သူမှ အမှန်ကို ပြောချင်စိတ် မရှိပေ။

ယဲ့ဖန်က ရုတ်တရက် လှောင်ရယ်လာ၏။

“အသက်ရှင်နေတဲ့လူတွေက မပြောချင်မှတော့ သေပြီးသားလူကိုပဲ ပြောခိုင်းရတာပေါ့”

ထိုစကားသံ ထွက်လာသောအခါ လူတိုင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။

*ဒီလူ့ခေါင်းက တစ်ခုခု ပြဿနာ ရှိနေတာလား၊ လူက သေသွားပြီးပြီကို ဘယ်လိုလုပ် ပြောနိုင်မှာလဲ*

ယွဲ့လင်တို့ သားအဖသည်လည်း ယဲ့ဖန်အား အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်နေကြသည်။

*ဒီလူက အိပ်မက်ကနေ မနိုးထနိုင်သေးဘူးလား*

*အဓိပ္ပာယ် မရှိတာတွေ ပြောနေတာပဲ*

ကြက်ကတုံးပြောတာက အမှန်ဖြစ်ကြောင်း ယဲ့ဖန် သက်သေ မပြနိုင်သရွေ့ သူတို့ကို သူ ဆွဲမချနိုင်ပါ။ သို့သော် ထိုအခိုက်တွင် ယဲ့ဖန်၏ ခန္ဓာကိုယ်မှ အနက်ရောင် နတ်ဆိုးချီမျှင်စုများ ထွက်လာပြီး အရပ်မျက်နှာအနှံ့ ပျံ့လွင့်လာကာ ကြက်ကတုံး၏ မိဘများအလောင်းကို လွှမ်းခြုံသွားသည်။

ဤမြင်ကွင်းက ကြက်ကတုံးနှင့် အခြားသူများအားလုံးကို စိုးရိမ်တုန်လှုပ်သွားစေသည်။ သူတို့သည် ယဲ့ဖန်အား မယုံနိုင်သလို ကြည့်နေကြပြီး ထိုအကြည့်၌ ကြောက်စိတ်များ ပြည့်နှက်နေသည်။

*မဖြစ်နိုင်ဘူး*

*ဒီလူက …*

သူတို့၏ အတွေးအား အတည်ပြုရန် ကြိုးစားနေစဉ်မှာပင် ကြက်ကတုံးမိဘများ၏ အလောင်းကို အနက်ရောင် ချီမျှင်စုများ လွှမ်းခြုံသွားပြီး ပုံမှန်မဟုတ်သော ပြောင်းလဲမှုများ ဖြစ်ပေါ်လာ၏။

ဒဏ်ရာဒဏ်ချက်များက သိသိသာသာ ပြန်ပျောက်ကင်းလာပြီး ပျက်စီးသွားသော အစိတ်အပိုင်းများက အသစ်တစ်ဖန် ပြန်ထွက်ပေါ်လာသည်။

*ပြန်ရှင်လာပြီ*

*ပြန်အသက်သွင်းတာပဲ*

*သေရာက ပြန်ရှင်လာပြီ*

လူတိုင်း ကြက်သီးမွေးညင်းထကာ အံ့ဩမှင်တက်သွားကြသည်။

*ပြန်ရှင်လာတယ်*

*တကယ် အသက် ပြန်ရှင်လာတာပဲ*

*ချီးပဲ ဒီလူက ဘယ်သူလဲ၊ ဘယ်လိုလုပ် ဒီလိုကောင်းကင်ဘုံကို ဆန့်ကျင်တဲ့အစွမ်းမျိုး ရှိနေတာလဲ*

*ဒါ တကယ့်ကို ဆန်းကြယ်မှုပဲ*

“ဒုန်း”

ယွဲ့လင်တို့ သားအဖ မျက်နှာပြာနှမ်းသွားပြီး မြေကြီးပေါ် လဲကျသွားသည်။ သူတို့၏ မျက်နှာတွင် ကြောက်စိတ်များဖြင့် ပြည့်နှက်နေ၏။

*သေပြီးသားလူကို သူ တကယ် စကားပြောနိုင်အောင် လုပ်နိုင်တာပဲ*

*ဒါဆို ငါတို့တော့ သေပြီ*

“ယွဲ့ကျင်း မင်းတို့ …”

ယွဲ့ရှန်ရှင်းက သူ့သားကို ဝမ်းသာစိတ်အပြည့်ဖြင့် ကြည့်နေသည်။ သူတို့ သေရာမှ ပြန်ရှင်လာသည်ကို မယုံနိုင်သလိုပင်။

“အဖေ အမေ”

ကြက်ကတုံး ကြက်သေ သေကာ မျက်လုံးမှ ပူနွေးသော မျက်ရည်များ စီးကျလာသည်။ ဝမ်းသာလွန်းသဖြင့် သူ စကားပင် မပြောနိုင်တော့ချေ။

“ဘာတွေဖြစ်နေတာလဲ”

“ငါတို့ သေသွားပြီ မဟုတ်ဘူးလား”

ကြက်ကတုံး၏ မိဘများ ရီဝေဝေ ဖြစ်နေကြပြီး သူတို့ သေရာမှ ပြန်ရှင်လာသည်ကို မယုံနိုင် ဖြစ်နေကြလေသည်။

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။ လူတိုင်း၏ မျက်နှာတွင် ကြောက်စိတ်နှင့် ထိတ်လန့်စိတ်တို့ ပြည့်နှက်နေ၏။

*မယုံနိုင်စရာပါလား*

“ဒုန်း”

ကြက်ကတုံးသည် ယဲ့ဖန်ရှေ့၌ ဒူးထောက်ချကာ မျက်ရည်လည်ရွဲဖြင့် ဝပ်တွားကာ အရိုအသေ ပေးလေသည်။

“အရှင့်ရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်”

ပိုင်ရွှယ် ငိုရမလား ရယ်ရမလား မသိတော့ချေ။ ယဲ့ဖန် တကယ် လုပ်နိုင်ခဲ့သည်။ ယခုအချိန်မှစ၍ ကြက်ကတုံးက သူ့အား နတ်ဘုရားသဖွယ် လေးစားကြည်ညိုပေတော့မည်။

“ဘိုးဘေး”

ယွဲ့ကျင်းနှင့် သူ့ဇနီးတို့သည်လည်း ယွဲ့ရုန်ကို မြင်သွားပြီး မျက်နှာအမူအရာ ပြောင်းလဲကာ အသည်းအသန် ဒူးထောက်၍ အရိုအသေ ပေးလာသည်။

“မင်းတို့ကို ဘယ်သူ သတ်တာလဲ ငါ့ကို ပြောစမ်း”

ယွဲ့လင်တို့သားအဖ စိတ်ထဲတွင် အေးစက်သွားပြီး မျက်နှာများ ပြာနှမ်းလာလေသည်။

ထိုအခိုက်တွင် ယွဲ့ကျင်းနှင့် သူ့ဇနီးက ယွဲ့လင်နှင့် သူ့အဖေအား မုန်းတီးသော မျက်နှာများနှင့် လှမ်းကြည့်၍ အံကြိတ်ကာ ပြောလိုက်သည်။

“အဲ့လူက ကျွန်တော့်ရဲ့ သိပ်ကောင်းတဲ့ အစ်ကိုကြီးနဲ့ သိပ်တော်တဲ့ တူလေးပါ”

“ကောင်းတယ် သိပ်ကောင်းတယ်၊ နောက်မျိုးဆက်ကများ ချင်းလွမ်မျိုးနွယ်ရဲ့ ဘိုးဘေးဖြစ်တဲ့ ငါ့ကို လှည့်စားရဲတယ်ပေါ့”

“မင်းတို့ သေလို့ရပြီ”

All Chapters