အခန်း ၁၅၅၃
Vol. 104 Ch. 1553
Chapter 1553 နောက်နေတာ မဟုတ်ဘူး
“အဲ့လိုမဟုတ်ပါဘူး၊ ဘိုးဘေး သူတို့ လိမ်နေတာပါ၊ ဒီလင်မယားက သူတို့သားကို မသတ်ရက်လို့ ဒီလို လိမ်ဆင်လုပ်တာပါ”
ယွဲ့လင်က ဖြူရော်နေသော မျက်နှာဖြင့် တုန်တုန်ယင်ယင် ပြောလာသည်။ သူ၏ စိတ်ထဲတွင် အလွန်အမင်း ကြောက်ရွံ့၍ နေသည်။ သူ လုံးဝ ကြောက်လန့်နေလေပြီ။
ထိုအခါ ယွဲ့ရုန်က ယဲ့ဖန်ကို ကြည့်လာသည်။
“ဒီလင်မယား ပြောတာ အမှန်ပဲလား”
ယွဲ့လင် ထိတ်လန့်သွားသည်။
*ဘာလို့ ဘိုးဘေးက ဒီလူကို မေးတာလဲ*
“အမှန်ပဲ”
ယဲ့ဖန် ခေါင်းညိတ်ပြသည်။
“ကောင်းပြီလေ နင် ပြောတာကို ငါ ယုံလိုက်မယ်”
“မတရားဘူး”
ယွဲ့လင် အော်ဟစ်လေသည်။
“သူတို့က တစ်ဖွဲ့တည်းတွေလေ ဒီလူက သူတို့ကို ကူညီမှာပေါ့၊ ဒါက သေချာနေတာကြီးကို”
“ဘိုးဘေး ခင်ဗျား ဘက်လိုက်လွန်းတယ်၊ ကျွန်တော် လက်မခံဘူး”
“အရူး မင်း အခုထိ သူ့အကြောင်းကို မသိသေးဘူး မဟုတ်လား”
ယွဲ့ရုန်က သူ့အား အေးစက်သော မျက်နှာထားနှင့် ကြည့်နေသည်။
“သူ ဘယ်သူဆိုတာ မင်း သိရင် သူ ဘယ်တော့မှ မလိမ်ဘူးဆိုတာကို မင်း သိလာလိမ့်မယ်”
ယွဲ့လန် ချောက်ချားသော အမူအရာ ဖြစ်သွားပြီး သူ့စိတ်ထဲတွင် ကြောက်စိတ်များ ဝင်လာသည်။
“သူက ဘယ်သူလဲ”
ယွဲ့ရှန်ရှင်း သိချင်စိတ်ဖြင့် မေးလိုက်သည်။
“ချင်ဧကရာဇ်၊ ကျူးလုံ ဧကရာဇ်”
ယွဲ့ရုန်က အသာပြုံးနေပြီးနောက် ထပ်ပြောလိုက်သည်။
“မင်းတို့ကို နောက်နေတာ မဟုတ်ဘူး”
အားလုံး ထိတ်လန့်သွားကြသည်။ လူတိုင်း အသက်ရှူရပ်မတတ် ဖြစ်သွားကြပြီး သူတို့၏ မျက်လုံးများ ကျွတ်ကျမတတ် ဖြစ်နေလေသည်။
*ကြောက်စရာကြီး*
အားလုံး သွေးပျက်နေလေပြီ။
*ငါတို့ ဘာကြားလိုက်တာလဲ*
*ကျူးလုံ ဧကရာဇ်တဲ့လား*
ဤထိတ်လန့်မှုက ကမ္ဘာပျက်သည်ကို မြင်လိုက်ရသလိုပင်။
*အဲ့လူ ပြန်လာပြီတဲ့လား*
*ပြီးတော့ ငါတို့ ရှေ့တည့်တည့်မှာ ရပ်နေတယ်ပေါ့လေ*
ယွဲ့ရှန်ရှင်း ဒယိမ်းဒယိုင် ဖြစ်သွားပြီး သူ၏ မျက်နှာတွင် နောင်တတရားတို့ဖြင့် ပြည့်နှက်လာသည်။
“ဘယ်လိုလုပ် ဒီလိုဖြစ်ရတာလဲ၊ ဒီလို မဖြစ်သင့်ဘူးလေ”
သူတို့ ရန်စလိုက်မိသည့်သူက ကျူးလုံ ဧကရာဇ် ဖြစ်နေသည်တဲ့လား။ ကိုးပြည်နယ်၏ သမိုင်းတွင် အကျော်ကြားဆုံးသော ဧကရာဇ်တစ်ပါး။
ထို့နောက် ယွဲ့ရှန်ရှင်းသည် ယွဲ့လင်နှင့် သူ့သား ယွဲ့ကျင့်ကို စူးစိုက်ကြည့်လိုက်သည်။
“ခွေးကောင်တွေ၊ မင်းတို့က ခွေးတိရစ္ဆာန်ကောင်တွေ၊ အာဏာအတွက် မင်းရဲ့ ညီအစ်ကိုအရင်းနဲ့ တူကိုတောင်မှ ချမ်းသာမပေးပါလား”
ထိုသားအဖကြောင့်သာ မဟုတ်လျင် သူတို့ ဘယ်လိုလုပ် ကျူးလုံ ဧကရာဇ်နှင့် ပဋိပက္ခ ဖြစ်ပါမည်နည်း။ သူတို့ သူခိုးကိုတောင်မှ သူခိုးဖမ်းရန် ပြောခဲ့လိုက်သေးသည်။
ကိုယ့်မြေးအေား ကိုယ့်လက်ဖြင့် သတ်လုနီးပါး ဖြစ်ခဲ့ရသည်။
“အဘိုး ကျွန်တော့်ကို ကယ်ပါဦး၊ ကျွန်တော် မှားမှန်း သိပါပြီ၊ ကျွန်တော့်ကိုသာ နောက်ထပ် အခွင့်အရေး ပေးမယ်ဆိုရင် ကျွန်တော် သေချာပေါက် စိတ်ပြောင်းလဲမှာပါ၊ ကျေးဇူးပြုပြီး သူတို့တွေ ကျွန်တော့်ကို မသတ်အောင် လုပ်ပေးပါ”
အစောပိုင်းက ရက်စက်ယုတ်မာနေသော ယွဲ့လင်သည် ရုတ်တရက် ဒူးထောက်ကာ အသည်းအသန် တောင်းပန် နေ၏။
“စိတ်မကောင်းပါဘူး၊ အခု မင်းအသက်ကို သူ ပြောဝင်ပေးလည်း အကျုံးမဝင်ဘူး”
ယဲ့ဖန်က ရက်စက်သော အပြုံးမျိုး ပြုံးနေ၏။ ချက်ချင်းဆိုသလိုပင် ယွဲ့လင် ထိတ်လန့်သွားပြီး သူ့မျက်နှာက အလွန် ကြည့်ရဆိုးလာသည်။
ထိုစကားကြောင့် သူ ငရဲသို့ ကျသွားသလို ဖြစ်သွားလေသည်။
“ဘာလို့လဲဆိုတော့ ငါကသာ ဆုံးဖြတ်ခွင့်ရှိသူမို့လို့ပဲ”
ယဲ့ဖန်က အေးစက်စက် ပြောလိုက်ပြီးနောက် သူ့အား လက်ညှိုးထိုးလိုက်သည်။ လက်ထိပ်မှ ရွှေရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။
“ရွှစ်”
ယွဲ့လင်၏ လက်မောင်းတစ်ဖက် ပြတ်ထွက်သွားလေပြီး လေထဲတွင် သွေးစက်များ ပျံ့လွင့်လာ၏။
“အား…”
ယွဲ့လင် နာကျင်စွာ အော်ဟစ်လိုက်မိပြီး ချွေးပြန်လာကာ ယဲ့ဖန်အား ကြောက်လန့်တကြား ကြည့်လိုက်သည်။
“ကျွန်တော့်ကို မသတ်ပါနဲ့၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို မသတ်ပါနဲ့”
ထိုအခိုက်တွင် သူ နောင်တတို့ရနေလေပြီ။
ကြက်ကတုံးက လွန်ခဲ့သော နှစ်ထောင်ချီကတည်းက သေသွားသင့်သော ကျူးလုံ ဧကရာဇ်၏ လက်အောက်သို့ ရောက်နေလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
ဤသည်ကိုသာ သူ ကြိုသိခဲ့လျင် မိသားစုခေါင်းဆောင်နေရာအတွက် သူ ကြက်ကတုံးနှင့် ယှဉ်ပြိုင်ရဲမည် မဟုတ်ပါ။
“မင်းတို့သားအဖရဲ့ နှလုံးသားကို ငါ ကြိုတင်စာရင်းလုပ်ထားတယ်လို့ ငါ ပြောခဲ့သားပဲ”
ယဲ့ဖန်က ရက်စက်စွာ ပြုံးနေပြီး နောက်တစ်ကြိမ် လက်ညှိုးညွှန်ပြန်သည်။
“ရွှစ် ရွှစ်”
ယွဲ့လင်၏ ခန္ဓာကိုယ်မှ သွေးများ အဆက်မပြတ် ပန်းထွက်နေကာ သူ့ခြေလက်များ တစ်ခုပြီးတစ်ခု ပြတ်တောက်၍ ဒဏ်ရာ အပြင်းအထန် ရလာသည်။
တစ်စစီ အရေခွံခွာနေခြင်းပင်။ ယဲ့ဖန်က သူ့ကို သတ်ချင်ပါသော်လည်း အလွယ်တကူ မသေခိုင်းချေ။
“အဖေ ကျွန်တော့်ကို ကယ်ပါဦး၊ ကျွန်တော့်ကို ကယ်ပါဦး”
ယွဲ့လင် ရုတ်တရက် သူ့အဖေကို လှမ်းအော်ပြော၍ အကူအညီတောင်းလေသည်။ သူ့မျက်လုံးတွင် သွေးပျက်ဟန်များ အတောမသတ်အောင် ပေါ်လွင်နေ၏။
ချင်းလွမ်မျိုးနွယ်ဝင်များအားလုံး မှင်တက်သွားသည်။
*ဒါ ငါတို့မျိုးနွယ်ရဲ့ နံပါတ်တစ် စစ်သည်တော်လား*
*ဒီလို အရှက်မရှိ အော်ဟစ်ပြောဆိုနေတဲ့လူကလား*
ဤမြင်ကွင်းက မယုံနိုင်စရာ ကောင်းလွန်းလှသည်။
*ချီးပဲ*
တောင်းပန်သံကိုကြားသော် ယွဲ့ကျင့်က ချက်ချင်း မကယ်သည့်အပြင် ထပျံ၍ အဝေးသို့ ထွက်ပြေးသွားလေသည်။ လူတိုင်း မယုံနိုင်သလို ကြည့်လာကြသည်။
*ယွဲ့ကျင့်က သူ့သားကို စွန့်ပစ်ပြီး ကိုယ်လွတ်ရုန်း ထွက်ပြေးသွားတာလား*
“ထွက်ပြေးမလို့လား၊ မင်း ပြေးနိုင်လို့လား”
ယဲ့ဖန်က အေးစက်စက် တုံ့ပြန်လိုက်ပြီး သူ့အား လက်ညိုးညွှန်လိုက်သောအခါ ထွက်ပေါ်လာသော အလင်းတန်းတစ်ခုက ယွဲ့ကျင့်ထံ ဦးတည် ဝင်ရောက်သွားသည်။
“မလုပ်နဲ့”
ယွဲ့ကျင့်သည် အနောက်မှ ကြမ်းကြုတ်သော မရဏ အငွေ့အသက်ကို ခံစားမိပြီး မျက်နှာတွင် ကြောက်စိတ်များ ဖုံးလွှမ်းလာကာ အသည်းအသန် အော်ဟစ်လေတော့သည်။
“ရွှစ်”
သူ၏ ဦးခေါင်းသည် ယဲ့ဖန်ကြောင့် ပေါက်ကွဲသွားပြီး ဦးခေါင်းမဲ့သော အလောင်းက ကောင်းကင်ယံမှ မြေကြီးပေါ်သို့ အရှိန်ဖြင့် ပြုတ်ကျလေသည်။
*သေသွားပြီ*
ချင်းလွမ်မျိုးနွယ်ဝင်များအားလုံး၏ အမူအရာများ တောင့်တင်းကုန်သည်။ သူတို့အရှေ့မှလူ၏ လက်ချောင်းတစ်ချောင်းတည်းဖြင့် ယွဲ့ကျင် အသတ်ခံလိုက်ရသည်က အံ့ဩစရာ ကောင်းလှသည်။
ယွဲ့လင် ကြောက်လွန်းသဖြင့် ကျင်ငယ်ရည် ထွက်ကျမတတ် ဖြစ်နေသည်။ သူ့ဖခင်အဖြစ်မှနေ၍ သူ့ကံကြမ္မာကို သူ မြင်ယောင်သွားသည်။
“ယွဲ့ကျစ် ငါ့ကို မသတ်ပါနဲ့၊ ငါ့ကို အခွင့်အရေး တစ်ခါလောက် ထပ်ပေးမယ်ဆိုရင် ငါ မင်းကို အရှင်သခင်အဖြစ် ခစားပြီး ဘယ်တော့မှ သစ္စာမဖောက်ပါဘူး၊ မင်း ငါ့ကို ယုံပေးပါ”
ယွဲ့လင် ငိုချင်စိတ်ပေါက်ကာ အသံပင် တုန်နေ၏။ ယွဲ့ကျစ် တိတ်ဆိတ်နေသည်။ သူ့မျက်လုံးတွင် အမုန်းတရားများ ပြည့်နှက်နေပြီး ယွဲ့လင်၏ ကြံရာမရ ဖြစ်နေသော အကြည့်အောက်၌ သူက ခေါင်းခါပြလေသည်။
သူ့ဖခင်နှင့် မိခင်ကို သတ်ခဲ့သည့်အတွက် ဖြစ်ပေါ်လာသော အမုန်းတရားကို မချေဖျက်နိုင်ပါ။ အကယ်၍ သူသာ ယွဲ့လင်ကို ခွင့်လွှတ်လျင် သူက တိရစ္ဆာန်အစစ် ဖြစ်သွားပေလိမ့်မည်။
ထိုစကားကိုကြားသော် ယဲ့ဖန်က စဉ်းလဲစွာ ပြုံးလိုက်သည်။
“မင်း သူတို့ကို ဘယ်လို သတ်ခဲ့လဲ၊ အဲ့အတိုင်း ငါ ပြန်သတ်မယ်”
“ရွှစ် ရွှစ်”
လက်ညှိုးကို အဆက်မပြတ် ထိုးနေ၏။ ယွဲ့လင်၏ ခန္ဓာကိုယ်ပေါ်တွင် သွေးများ အဆက်မပြတ် စိမ့်ထွက်နေ၏။ ဒဏ်ရာများက သေချာပင် ခွဲမရတော့ချေ။ တစ်ကိုယ်လုံး အပိုင်းပိုင်းအပြတ်ပြတ် ဖြစ်နေသော်လည်း မသေနိုင်သေးချေ။
ချင်းလွမ်မျိုးနွယ်ဝင်များအားလုံး မျက်ခုံးလှုပ်လာ၏။
*ရက်စက်လွန်းတယ်*
*ဒီလူက နတ်ဆိုးပဲ*
“ငါ့ကို သတ်လိုက်ပါ၊ ကျေးဇူးပြုပြီး ငါ့ကို သတ်လိုက်ပါတော့၊ ငါ ထပ်သည်းမခံနိုင်တော့ဘူး”
ယွဲ့လင် ရုန်းကန်နေရပြီး တစ်ကိုယ်လုံး သွေးများ အဆက်မပြတ် စိမ့်ထွက်နေ၏။ ယွဲ့လင်၏ ခန္ဓာကိုယ်က ပျားအုံသဖွယ် အပေါက်ပေါက်တို့ဖြင့် ဖြစ်နေလေသည်။
ကြီးမားသော ခန္ဓာကိုယ်တွင် သွေးသံတရဲရဲနှင့် အပေါက်များက အရှေ့နှင့် အနောက်သို့ ထုတ်ချင်းဖောက်နေပြီး အထူက လက်မနီးနီး ရှိသည်။
ယဲ့ဖန်က တမင်သက်သက် နှိပ်စက်နေခြင်းဖြစ်ကြောင်း သူတို့ မြင်နေရသည်။ သို့သော် ချင်းလွမ်မျိုးနွယ်သည် လူကဲ့သို့ လျှာကိုက်၍ ကိုယ့်ကိုယ်ကိုယ် သတ်သေ၍ မရနိုင်ချေ။ မိမိ နှိပ်စက်ခံနေရသည်ကို သည်အတိုင်း ကြည့်နေရပြီး ဘာမှမတတ်နိုင်ပေ။
နာရီဝက်အကြာ၌ ယွဲ့လင်၏ ခန္ဓာကိုယ်မှ သွေးများ ခမ်းလုနီးနီး ဖြစ်နေပြီး သွေးများကြောင့် မြေပြင်တစ်ခုလုံး စိုရွှဲကာ အော်ဂလီဆန်စရာ သွေးနံ့က တထောင်းထောင်း ထလာသည်။
ခေါင်းမူးချင်စရာ ကောင်းလှသည်။ ထိုအခိုက်တွင် ယဲ့ဖန်က ကြက်ကတုံးကို ကြည့်၍ အေးစက်စက် လေသံဖြင့် ပြောလိုက်သည်။
“မကျေနပ်တာရှိရင် လက်စားချေတာလည်း ရှိရမှာပေါ့”
ထိုစကားကို ကြားသော် ယွဲ့ရှန်ရှင်း၏ မျက်လုံးတွင် နာကျင်မှုတို့ဖြင့် ပြည့်နှက်လာသော်လည်း မတတ်သာသဖြင့် သက်ပြင်းသာ ချလိုက်ရသည်။
ယွဲ့လင်တို့သားအဖ ဤသို့ အဆုံးသတ်ရခြင်းကလည်း သူတို့ကိုယ်တိုင်၏ အမှားကြောင့်သာ။ ထို့အပြင် သူ့၌ ယဲ့ဖန်ကို တားရဲသည့် သတ္တိမရှိပေ။
အမှန်အတိုင်း ဝန်ခံရလျင် သူ့မြေးနှစ်ယောက် အချင်းချင်း သတ်သည်ကို ကြည့်မည့်အစား ယဲ့ဖန်က ယွဲ့လင်ကို သတ်သည်ကိုသာ သူ ကြည့်ရက်သည်။
သို့သော် သူ့အတွေးက ကြက်ကကတုံး၏ အတွေးကို ကိုယ်စားမပြုပေ။ ယဲ့ဖန်၏ စကားကို ကြားသောအခါ သူ့မျက်လုံးတွင် ဆန္ဒတစ်ခု ထင်ဟပ်လာပြီး ယွဲ့လင်ထံ တန်းလျှောက်သွားသည်။
“ယွဲ့ကျစ် ငါက မင်းအစ်ကိုပါ”
ယွဲ့လင်သည် နောက်ဆုံးသော ကြိုးစားအားထုတ်မှုကို ပြုလုပ်ချင်နေသေးသည်။
“သိတယ် သိတာပေါ့၊ ကျုပ်ရဲ့ သိပ်ကောင်းတဲ့ အစ်ကိုကြီးကို၊ ခင်ဗျားရဲ့ သေဆုံးမှုက ပိုလွယ်ကူသွားအောင် သေချာပေါက် ကျုပ် လုပ်ပေးမှာပါ”
ထိုစကားများသည် အံကြိတ်ထားသဖြင့် သွားများကြားမှ တိုးဝှေ့ထွက်လာသော လေသံမျှသာ။ ကြက်ကတုံးသည် ယွဲ့လင်၏ လည်ပင်းကို နင်း၍ ဖြည်းဖြည်းချင်း အားစိုက်ထည့်လိုက်သည်။
“ဂျွတ် ဂျွတ် ဂျွတ်”
အရိုးကျိုးသံ ထွက်ပေါ်လာသည်။ ထို့နောက်တွင်မူ သူ့လည်ပင်းမှ သွေးများ ငေါက်ခနဲ ပန်းထွက်လာ၏။
“ယွဲ့ကျစ် …”
ယွဲ့ရှန်ရှင်း လှမ်းအော်လေသည်။ ရုတ်တရက် ကြက်ကတုံးက သူ့ဘက်လှည့်၍ စိုက်ကြည့်လာသည်။ ထိုအကြည့်တွင် သူ မရင်းနှီးသော အေးစက်သော အရိပ်အယောင်များ ပါဝင်နေသည်ကို တွေ့လိုက်ရသည်။
“ယွဲ့ကျစ်က သေသွားပြီလို့ ကျုပ် ပြောခဲ့ပြီးပြီ၊ ကျုပ်နာမည်က ကြက်ကတုံး”
ကြက်ကတုံးက ထပ်ပြောလိုက်ပြီး သူ့မျက်လုံးများက တဖြည်းဖြည်း ပိုအေးစက်လာသည်။ ယွဲ့ရှန်ရှင်း သက်ပြင်းချလိုက်ပြီး ခေါင်းငုံ့ကာ ဘာမှမပြောတော့ချေ။
ထို့နောက် ကြက်ကတုံး၏ ဖိအားအောက်တွင် ယွဲ့လင် လည်ပင်းကျိုးကာ ပွဲချင်းပြီး သေဆုံးသွားလေသည်။
“ဒုတ်”
ကြက်ကတုံးက သူ့နှလုံးကို ဆွဲထုတ်၍ ယဲ့ဖန်အား ဆက်သလိုက်သည်။ သွေးအလိမ်းလိမ်းနှင့် နှလုံးက တဒိတ်ဒိတ် ခုန်နေဆဲပင်။
ချင်းလွမ်မျိုးနွယ်ဝင်များ ကြက်သေ သေသွားပြီး နှလုံးဆွဲထုတ်လိုက်ရသူက မိမိဟုပင် ခံစားလိုက်ရသည်။
ယဲ့ဖန်သည် ထိုနှလုံးအား ရှုဖူကို အေးအေးလူလူ ပစ်ပြေးလိုက်သော်လည်း ခေါင်းခါနေဆဲပင်။
“မလုံလောက်ဘူး ထပ်လိုသေးတယ်”
ထိုစကားတစ်ခွန်းက ချင်းလွမ်မျိုးနွယ်ဝင်များအားလုံး ငရဲကျသွားသလို ခံစားလိုက်ရစေသည်။
*မလုံလောက်သေးဘူး ဟုတ်လား၊ ဒါဆို သူ ထပ်သတ်ဦးမှာပေါ့*
“မလုပ်ပါနဲ့ အရှင်မင်းမြတ် ကျွန်တော်တို့က အပြစ်ကင်းပါတယ်၊ သူ့မိသားစုကို ကျွန်တော်တို့ မသတ်ခဲ့ပါဘူး”
ချက်ချင်းဆိုသလိုပင် ချင်းလွမ်မျိုးနွယ်ဝင်များ အော်ဟစ်ကာ မျက်ရည်လည်ရွဲ ဖြစ်လာကြသည်။ ယဲ့ဖန်က ခံစားချက် ကင်းမဲ့သော မျက်နှာနှင့် ပြောလိုက်သည်။
“အပြစ်ကို လျစ်လျူရှုထားတာက ကြံရာပါနဲ့ အတူတူပဲ”
သူတို့ထဲက တစ်ယောက်ယောက်ကသာ တစ်ခွန်းဝင်ပြောခဲ့လျင် ဤသို့သော အခြေအနေ ဖြစ်လာမည် မဟုတ်ပါ။ အားလုံးက သူတို့ကိုယ်သူတို့ ကာကွယ်ရန်ကိုသာ တွေးနေခဲ့ခြင်းက စိတ်မကောင်းစရာပင်။
သူတို့၏ ဘာကိုမျှ မလုပ်ခြင်းက ကြက်ကတုံးကို သေစေနိုင်မှန်း သူတို့ သိသော်လည်း ဆိတ်ဆိတ်နေရန်သာ ရွေးချယ်ခဲ့ကြသည်။
“ရွှစ်”
ယဲ့ဖန်သည် ဖျတ်ခနဲ လှုပ်ရှားလာပြီး သူ၏ လက်ငါးချောင်းက ချိတ်ကောက်သဖွဘ် ချင်းလွမ်တစ်ကောင်၏ ရင်ဘတ်ကို ထိုးဖောက်သွားပြီး နှလုံးကို ဆွဲထုတ်လာသည်။
“ရွှစ် ရွှစ်”
တစ်ယောက်၊ ဆယ်ယောက်၊ အယောက်သုံးဆယ်။
ထိုသို့သောအချိန်၌ ယွဲ့ရှန်ရှင်း ကြက်သေ သေနေမိသည်။ ယဲ့ဖန်သည် ယွဲ့လင်တို့ သားအဖကို သတ်ပြီးသည်နှင့် အားလုံး အဆင်ပြေသွားလိမ့်မည်ဟု သူ ထင်ခဲ့သည်။ သို့သော် ဤနတ်ဆိုးက လက်မလျှော့ဘဲ ရှိနေလိမ့်မည်ဟု သူ ထင်မထားမိပါ။
“လူကြီးမင်း မလုပ်ပါနဲ့”
ယွဲ့ရှန်ရှင်း မျက်ရည်တို့ဖြင့် ရှေ့တက်၍ တောင်းပန်လေသည်။
“ဖြောင်း”
ယဲ့ဖန်က သူ့ကို ရိုက်ထုတ်လိုက်သဖြင့် ဆယ်မီတာကျော် လွင့်ထွက်သွားပြီး ခေါင်းတစ်ခုလုံး ပေါက်ထွက် တော့မယောင် ခံစားလိုက်ရသည်။
ယဲ့ဖန်က သူ့အား ခက်ထန်စွာ ကြည့်၍ တစ်လုံးချင်း ပြောလိုက်သည်။
“အမှိုက်အိုကြီး ခင်ဗျား အတင့်ရဲလာရင် ခင်ဗျားကိုပါ သတ်ပစ်မယ်”
*အမှိုက်အိုကြီးတဲ့လား*
ယွဲ့ရှန်ရှင်း ထိတ်လန့်သွားပြီးနောက် မချိပြုံး ပြုံးလိုက်သည်။
ထိုကျိန်ဆဲသော စကားကို သူ ပြန်မချေပနိုင်ပါ။ ယခု မျိုးနွယ်တစ်ခုလုံး၏ အသက်က သူ့အရှေ့မှ လူ၏ လက်ထဲတွင် ရှိနေလေပြီ။
“ယွဲ့ကျစ် ငါတို့မှားမှန်း သိပါပြီ၊ ငါတို့ တကယ်ကို မှားမှန်း သိပါပြီ၊ ကျေးဇူးပြုပြီး ငါတို့ကို ခွင့်လွှတ်ပေးပါ”
အားလုံးက အသနားခံသော အကြည့်များဖြင့် ကြက်ကတုံးကို ကြည့်လာကြသည်။ ကြက်ကတုံးက ချက်ချင်း လှောင်ရယ်လေသည်။
“အစောပိုင်းတုန်းက ငါ မင်းတို့ကို ကယ်ဖို့ လုပ်နိုင်တာမှန်သမျှ အားလုံး လုပ်ခဲ့တယ်၊ ဒါပေမဲ့ မင်းတို့က ငါ့ကို သတ်ဖို့ နည်းလမ်းပေါင်းစုံ ကြိုးစားခဲ့တယ်၊ အခု မင်းတို့ ဘယ်လိုမျက်နှာနဲ့ ငါ့ကို ခွင့်လွှတ်ပေးဖို့ တောင်းပန်နေတာလဲ”
“မင်းတို့ ကိုယ့်လမ်းကိုယ် သွားလိုက်တော့”
ထိုစကားကိုကြားသော် ယဲ့ဖန်၏ မျက်လုံးမှ ခက်ထန်သော အရိပ်အယောင်က ပိုမိုကြီးထွားလာပြီး လူသတ်ချင်စိတ်ကလည်း တစ်ဟုန်ထိုး တိုးမြင့်လာပြီး လက်ချောင်းများကို ဆန့်ကာ ချင်းလွမ်မျိုးနွယ်ဝင်များကို သတ်လေတော့သည်။
“ဘိုးဘေး”
ယွဲ့ရှန်ရှင်းက ယွဲ့ရုန်ကို ကြောက်လန့်တကြားဖြင့် အသနားခံသလို ကြည့်လေသည်။ သို့သော် ယွဲ့ရုန်က အေးစက်စွာ ခနဲ့လိုက်သည်။
“ငါ့ချင်းလွမ်မျိုးနွယ်ထဲမှာ ကြွက်လိုကောင်တွေ ပါနေရင် သူတို့အားလုံး သေရမှာပဲ၊ သေလို့ သနားစရာ မလိုဘူး”
သူမမျိုးနွယ်မှ နောက်မျိုးဆက်ကို သူမ အလွန် စိတ်ပျက်နေကြောင်း သိသာလှသည်။ ထိုအခိုက်တွင် ကြာပန်း ဥယျာဉ်တွင်း၌ ဝမ်းနည်းပက်လက် အော်ဟစ်သံများ ပဲ့တင်ထပ်နေ၏။