← Chapters

အခန်း ၁၅၅၅

Vol. 104 Ch. 1555

အခန်း ၁၅၅၅

Vol. 104 Ch. 1555

Chapter 1555 သေလောက်အောင် ညှို့နိုင်သော မိန်းမလှလေး

သွေးနတ်ဆိုးဘုရင် အံကြိတ်ထားသော်လည်း ဒေါသမထွက်ရဲချေ။ အဘယ်ကြောင့်ဆိုသော် တစ္ဆေကဲ့သို့သော လူရိပ် ဒါဇင်ကျော်က သူ့စစ်သင်္ဘောပေါ်၌ ရပ်နေသည်ကို မြင်နေရသောကြောင့်ပင်။ ထိုသူများသည် တမင် ဖုံးထားခြင်း မဟုတ်သော်လည်း သူတို့၏ ပုံပန်းသွင်ပြင်ကို သူ သေချာ မမြင်ရပေ။

ထို့အပြင် ထိုလူများထဲမှ အများစုသည် သူ့ထက်ပင် သိုင်းအဆင့် မြင့်နေကြောင်း သွေးနတ်ဆိုးဘုရင် ခံစားမိနေ၏။

“ပစ္စည်းသယ်လာခဲ့”

သွေးနတ်ဆိုးဘုရင်က ရှုံ့မဲ့နေသော မျက်နှာဖြင့် အသံပေးလိုက်သည်။ မကြာခင်မှာပင် ကြီးမားသော သေတ္တာတစ်လုံးကို သယ်ဆောင်လာသည်။

အမျိုးသမီး၏ မျက်လုံးများက လက်ခနဲ ဖြစ်သွားပြီး အနားသို့ လျှောက်သွားကာ သေတ္တာကို ဖွင့်လိုက်သည်။ ထိုအခါ အထဲမှ ကြီးမားသော နျူကလီးယား ဒုံးကျည်ကို တွေ့လိုက်ရသည်။

“ကမ္ဘာဖျက်ဆီးသူ၊ လောကထဲမှာ သေကြေပျက်စီးမှု အများဆုံး နျူကလီးယား လက်နက်ပါ၊ ကိုးပြည်နယ်ထဲက ငါးနိုင်ငံသာလျင် ဒီလိုလက်နက်အမျိုးအစားကို ထုတ်လုပ်နိုင်ပါတယ်၊ ပြီးတော့ သူတို့က ဒါကို ခြိမ်းခြောက်နိုင်မယ့် ပစ္စည်းအဖြစ်ပဲ သိမ်းထားတာ၊ ဘယ်သူမှ ဒါကို မသုံးရဲဘူး၊ ဒါကို လုယူဖို့အတွက် ကျုပ်ရဲ့ ညီအစ်ကို တစ်ထောင်ကျော် သေခဲ့ရတယ်”

သို့သော် ဘုရင်မက သူ့စကားကို မကြားသယောင် ပြုကာ သူမလက်အိတ်ကို ချွတ်လိုက်သဖြင့် နူးညံ့သော ကျောက်စိမ်းသဖွယ် လက်ချောင်းလေးများ ပေါ်လာကာ နျူကလီးယား ဒုံးကျည်ကို ညင်သာစွာ ပွတ်သပ် လေသည်။

“မလုပ်နဲ့ ဒီကမ္ဘာဖျက်ဆီးသူက ရေဒီယို သတ္တိကြွမှု အရမ်းများလို့ လူ့ခန္ဓာကိုယ်ကို ထိခိုက်စေတယ်”

သွေးနတ်ဆိုးဘုရင်က အလျင်အမြန် သတိပေးလေသည်။ သို့သော် ဘုရင်မက နားမကြားသူသဖွယ် ပြုမူ၍ ကမ္ဘာ ဖျက်ဆီးသူအား သူမချစ်သူလေအလား ပွတ်သပ်နေသေးသည်။ သူမ၏ မျက်လုံးကလည်း ပိုပို၍ အရောင်တောက် လာ၏။

*အရူး*

*ဒီမိန်းမက အရူးပဲ*

သွေးနတ်ဆိုးဘုရင် ရင်တုန်သွားသည်။ သူတောင်မှ ကမ္ဘာဖျက်ဆီးသူကို မြင်သောအခါတွင် ကြက်သီးထကာ သတိမထားမိလျင် ထပေါက်မည်ကို စိုးခဲ့ရသည်။ သို့သော် ဤအမျိုးသမီးက ကိုင်တောင် ကိုင်ချင်နေသည်။

“ခင်ဗျား ဒါကို ဘယ်မှာသုံးမှာလဲဆိုတာကို မေးလို့ရမလား”

သွေးနတ်ဆိုးဘုရင်က သိချင်စိတ်ဖြင့် မေးလိုက်သည်။ ထိုအခါမှသာ နတ်ဆိုးဘုရင်မက ခါးမတ်လာပြီး အေးစက်စက် အသွင်အပြင် ပြန်ဖြစ်လာသည်။

“ကမ္ဘာဖျက်ဆီးသူဆိုတဲ့ နာမည်အတိုင်း ဒီလောက်ကို ဖျက်ဆီးဖို့ပေါ့”

သွေးနတ်ဆိုးဘုရင် ပါးစပ်အဟောင်းသား ဖြစ်သွားပြီး ဘုရင်မကို မယုံနိုင်သလို ကြည့်လေသည်။

“ခင်ဗျား ဒါကို မြေအောက်လောက ဘုရင်မနဲ့ ဧကရာဇ် ယွီရှန်ကို ရင်ဆိုင်တဲ့အခါကျရင် သုံးမလို့လား”

နတ်ဆိုးဘုရင်မက ပျက်ရယ်သာပြုနေပြီး ဘာမှမပြောချေ။

“ခင်ဗျား ရူးနေလား၊ တော်ဝင်မြို့တော်က အိမ်နီးချင်းနိုင်ငံ သုံးနိုင်ငံနဲ့ ထိစပ်နေတာ၊ ခင်ဗျား ကမ္ဘာဖျက်ဆီးသူကို ဖောက်ခွဲလိုက်ရင် သုံးနိုင်ငံက လူတစ်ဘီလီယံကျော် ပြာဖြစ်သွားမှာ”

သွေးနတ်ဆိုးဘုရင် အလွန်အမင်း ကြောက်လန့်လာသည်။

*ဒီအရူးက ဧကရာဇ် ယွီရှန်နဲ့ သူ့မိန်းမကို သတ်ဖို့ လူဦးရေ တစ်ဘီလီယံကျော်ကိုပါ စတေးဖို့ တွေဝေ မနေပါလား*

သူ့စကားကိုကြားသော် ဘုရင်မက ကျောချမ်းဖွယ်ကောင်းလောက်အောင် လှောင်ပြုံးပြုံးလာသည်။

“သူတို့ သေတာက ငါနဲ့ ဘာဆိုင်လို့လဲ”

သွေးနတ်ဆိုးဘုရင် မှင်တက်သွားပြီး နတ်ဆိုးဘုရင်မအား မယုံနိုင်သလို ကြည့်နေမိသည်။ နတ်ဆိုးဘုရင်မကို အဘယ်ကြောင့် နတ်ဆိုးဘုရင်မဟု ခေါ်ဝေါ်သလဲ သူမ သိသွားလေပြီ။

နတ်ဆိုးဘုရင်မ၊ နတ်ဆိုးသကဲ့သို့ ရက်စက်သည်၊ ကြမ်းကြုတ်သည်။ လူတစ်ဘီလီယံ၏ အသက်က သူမပါးစပ်ထဲတွင် ဘာမှမဟုတ်သလိုပင်။

*ငါနဲ့ဘာဆိုင်လို့လဲတဲ့*

*ဒါ လက်စားချေချင်စိတ်တွေ စိုးမိုးနေတဲ့ မိန်းမတစ်ယောက်ပဲ*

*ဘာကများ သူ့ကို ဒီလောက် ရူးသွပ်အောင် လုပ်လိုက်တာလဲ*

*မင်း သုံးနိုင်ငံနဲ့ ရန်သူ ဖြစ်ချင်တာလား*

“မင်း … သေမှာကို မကြောက်ဘူးလား”

သွေးနတ်ဆိုးဘုရင်၏ အသံက တုန်စပြုနေလေပြီ။ တစ်ဖက်လူ၏ သိုင်းအဆင့်က သူ့ထက် နိမ့်သော်လည်း ဘာကြောင့်မှန်းမသိ ဤအမျိုးသမီးက သူ့ကို တုန်ခါစေသည်။

“သေခြင်းလား”

ဘုရင်မက အထင်သေးစွာပြုံး၍ ပြောလာသည်။

“လွန်ခဲ့တဲ့ သုံးနှစ်ကတည်းက ငါ သေသွားပြီးသား”

“သူတို့ ငါ့ဆီက အရာရာတိုင်းကို လုယူသွားတယ်၊ ဒါကြောင့် ငါ သူတို့မှာ ရှိသမျှ အရာရာတိုင်းကို ဖျက်ဆီးချင်တယ်”

ဘုရင်မ၏ မျက်လုံးများက ရုတ်တရက် ခက်ထန်လာသည်။

“အဲ့ဒါအတွက် လူတစ်ဘီလီယံကို ငါနဲ့အတူ သေခိုင်းရမယ်ဆိုရင်တောင်မှ တုံ့ဆိုင်းနေမှာ မဟုတ်ဘူး”

ရက်စက်သည်၊ သွေးအေးလွန်း၏။

ပိုးဟပ်ကိုပင် ကြောက်တတ်သော အဆိုတော်လေး တစ်ယောက်က သုံးနှစ်ကြာသောအခါ ရက်စက်သော အရှင်သခင်တစ်ယောက် ဖြစ်နေမည်ဟု မည်သူက ထင်ထားမည်နည်း။

ဤအမျိုးသမီးကား ကျုံးဝမ်ပင်တည်း။ နူးညံ့သိမ်မွေ့တတ်သော အမျိုးသမီးတစ်ယောက်က ယခု နတ်ဆိုးဘုရင်မ ဖြစ်နေ၏။ နတ်ဆိုးဧကရာဇ်၏ မိဖုရား ဖြစ်နေပြေီ။

ညတာကောင်းကင်ယံ၌ မိုးကြိုးပစ်သံ ထွက်ပေါ်လာသည်။ လျှပ်စီးက အမျိုးသမီး၏ အနက်ရောင် ဇာပုဝါအောက်ကို ထင်ဟပ်သွားစေသဖြင့် သွေးနတ်ဆိုးဘုရင်သည် လှပသော်လည်း ကြောက်စရာကောင်းသော မျက်နှာကို မြင်လိုက်ရသည်။

ရုတ်တရက် မိုးများ ရွာသွန်းလာ၏။ သွေးနတ်ဆိုးဘုရင် အလျင်အမြန် ခေါင်းငုံ့လိုက်ပြီ တစ်ကိုယ်လုံး တုန်ယင်လာသည်။

“ကတိပေးထားတဲ့အတိုင်း ကျုပ်ကို ရတနာတွေသာ မြန်မြန်ပေးပါ … ကျုပ် သွားတော့မယ်”

လက်ရှိတွင် သူသည် ဤအမျိုးသမီးနှင့် တစ်စက္ကန့်ပင် အတူရှိမနေချင်တော့ပါ။ ဤအမျိုးသမီးသည် လွန်စွာ လှပပါ၏။ သို့သော် သွေးနတ်ဆိုးဘုရင်တွင် သူမကို နောက်တစ်ကြိမ် ထပ်ကြည့်ရဲသည့် သတ္တိမရှိပါ။

သေလောက်အောင် ညှို့ယူနိုင်သော မိန်းမလှလေး၊ ထိတ်လန့်ဖွယ်ကောင်းလောက်အောင် လှပသူ၊ ထို့အတူ ထင်မှတ်မထားလောက်အောင်လည်း ရက်စက်သော မိန်းမပျို။

သို့သော် ထိုစဉ် ကျုံးဝမ်က မချိုမချဉ် ပြုံးလာသည်။

“ခုနက ရှင် ကျွန်မကို မြင်သွားတယ် မဟုတ်လား”

သွေးနတ်ဆိုးဘုရင် ထိတ်လန့်သွားပြီး မသိစိတ်အရ ကျုံးဝမ်၏ မျက်နှာကို လက်ဝါးဖြင့် ရိုက်ချလိုက်သည်။

“ရွှစ်”

သွေးများ ပန်းထွက်လာလေသည်။

*အလုပ်ဖြစ်ပြီ*

ထိုအခိုက်တွင် သွေးနတ်ဆိုးဘုရင်၏ မျက်နှာတွင် ဝမ်းသာအားရ ဖြစ်ဟန် ပေါ်လာ၏။

*ဘုရင်မကို ငါ ကိုယ်တိုင် သတ်လိုက်နိုင်ပြီလား*

*မြေအောက်ဘုရင်မကတောင် မသတ်နိုင်တဲ့ မိန်းမကို ငါ သတ်လိုက်နိုင်ပြီ*

“ဟားဟားဟား ဘုရင်မ တစ်နေ့ ခင်ဗျား နိမ့်ကျရမယ်လို့ ထင်မထားမိဘူး၊ ခင်ဗျားက အရမ်း သတိမဲ့လွန်းတာပဲ”

သွေးနတ်ဆိုးဘုရင်က အားပါးတရ ရယ်မောနေသည်။ နတ်ဆိုးဘုရင်မကို သတ်ပြီးလျင် သူသာလျင် ပင်လယ်ပြင်၏ အရှင်သခင် ဖြစ်လာပေတော့မည်။

“သေချာလား”

ထိုစဉ် ရယ်သံနှောနေသော အသံတစ်သံက သွေးနတ်ဆိုးဘုရင်၏ ခေါင်းပေါ်သို့ ရေအေးလောင်းချသကဲ့သို့ ထွက်ပေါ်လာ၏။

သွေးနတ်ဆိုးဘုရင် အကြီးအကျယ် မျက်နှာပျက်သွားသည်။ ထို့နောက် သူ့ဘေး၌ အမျိုးသမီးတစ်ယောက် ရပ်နေသည်ကို တွေ့လိုက်ရသည်။

သူမလက်ထဲတွင် သွေးစွန်းနေသော ဓားတစ်လက်ကို ကိုင်ထားပြီး သူ့အား စူးစိုကကြည့်နေ၏။ သွေးနတ်ဆိုးဘုရင် ထိတ်လန့်သွားပြီး သူ့လက်ကို အလျင်အမြန် ကြည့်လိုက်သည်။ ထိုအခါတွင်မှ သူ့လက်ကောက်ဝတ်အထိ အဖြတ်ခံလိုက်ရသည်ကို တွေ့လိုက်ရသည်။ သွေးများက အဆက်မပြတ် စိမ့်ထွက်နေသည်။

ကျုံးဝမ်သည် သူမလက်အား အိတ်ကပ်ထဲ ထည့်ထားပြီး မခိုးမခန့်အပြုံးနှင့် သူ့အား အထင်သေးစွာ ကြည့်နေလေသည်။

“မင်း”

ထို့နောက်တွင်မူ တစ္ဆေကဲ့သို့သော အရိပ်များက ရုတ်တရက် တိုက်ခိုက်လာပြီး ဓားသွားများက သွေးနတ်ဆိုးဘုရင်၏ ကိုယ်ထဲ ထိုးဖောက်လာကာ တစ်ကိုယ်လုံး အပေါက်များနှင့် ပြည့်နှက်လာ၏။

“နတ်ဆိုးဘုရင်မ ကျုပ် မှားမှန်း သိပါပြီ၊ ကျုပ်ကို မသတ်ပါနဲ့၊ ကျုပ် မရည်ရွယ်ပါဘူး၊ စိတ်မပူပါနဲ့ ကျုပ်က နှုတ်လုံပါတယ်၊ ကျုပ် ဘာကိုမှ ထုတ်မပြောပါဘူး”

“ငါ နင့်ကို ယုံပါတယ်၊ ဒါပေမဲ့ စည်းကမ်းက စည်းကမ်းပဲ၊ မင်း ငါ့ကို ကြည့်မိရင် သေရမှာပဲ”

ကျုံးဝမ်က ခံစားချက် ကင်းမဲ့စွာ ပြောလိုက်သည်။ ဘေးဘက်မှ အမျိုးသမီးက သူမဓားကို အလျားလိုက် ဝှေ့ယမ်း၍ သွေးနတ်ဆိုးဘုရင်၏ ဦးခေါင်းကို ဖြတ်တောက်လေသည်။

သွေးများက သူမမျက်နှာကို စဉ်လာသော်လည်း ဘာမှမဖြစ်သကဲ့သို့ သုတ်ပစ်လိုက်သည်။

လွန်ခဲ့သော သုံးနှစ်က ယဲ့ဖန် သေဆုံးသည့်သတင်းကို ကြားလိုက်ရပြီးကတည်းက သူမသည် ခံစားချက် ကင်းမဲ့သော လူသတ်သမား ဖြစ်လာခဲ့သည်။ ကျုံးဝမ် သတ်လိုက်ရန် ပြောလာသည့်လူတိုင်းကို သူမ သတ်ပစ်လိုက်သည်သာ။

“ကျုပ်နိုင်ငံရဲ့ သူခိုးကောင်ကို အရေးယူ သတ်ဖြတ်ပေးတဲ့အတွက် ဘုရင်မကို ကျေးဇူး အထူးတင်ပါတယ်”

ထိုစဉ် တရုတ်ရိုးရာဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသားတစ်ယောက် ရောက်လာသည်။ သူသည် ယွင်နိုင်ငံ၏ မင်းသား ဖြစ်သည်။ သွေးနတ်ဆိုးဘုရင်သည် ယွင်နိုင်ငံနှင့် နီးစပ်သော ပင်လယ်၌ ကြာမြင့်စွာ အခြေချ၍ လုယက် သတ်ဖြတ်ကာ အလွန်အမင်း ဉာဏ်များသည်။ သူတို့ ဝိုင်းညှပ်၍ တိုက်သော်လည်း ယွင်နိုင်ငံသာ အရှက်ရခဲ့ရသည်။

ထို့ကြောင့် သူသည် ယွင်နိုင်ငံတွင်းမှ ကျုံးဝမ်မှ ရှာတွေ့ပြီးနောက် ကျုံးဝမ်က သွေးနတ်ဆိုးဘုရင်ကို သတ်ရန် သူ့ကို ကူညီပေးမည်ဟု မျှော်လင့်ခဲ့သည်။

“ရှင် အရင်က ကတိပေးထားတဲ့ လက်နက်လေးသောင်းကို မမေ့ပါနဲ့”

သို့သော် ကျုံးဝမ်က သူနှင့် အရေးမပါသော စကားများ မပြောချင်ပါ။ သူသည် ယွင်နိုင်ငံ၏ မင်းသားနှင့် အပေးအယူ လုပ်ထား၍သာ သွေးနတ်ဆိုးဘုရင်ကို သတ်ရန် ကတိပေးခဲ့ခြင်း ဖြစ်သည်။

“စိတ်မပူပါနဲ့၊ သုံးရက်နေရင် လက်နက်လေးသောင်းကို လွှဲပေးပါ့မယ်”

ပိုင်လီကျန့်က အပြုံးနှင့် ပြောလာပြီး တစ်ချိန်တည်းမှာပင် ကျုံးဝမ်အား တပ်မက်စွာ ကြည့်နေသည်။

“အရှင်နတ်ဆိုးဘုရင်မ ဒီည အချိန်ရမယ်ဆိုရင် ဒီမင်းသားက ခင်ဗျားကို နန်းတော်ကို ဖိတ်ချင်ပါတယ်၊ ကျေးဇူးတင် စကား ပြောချင်လို့ပါ”

သူ့စကားအဆုံး၌ အေးစက်သော ဓားသွားက သူ့လည်ပင်းကို ထိကပ်လာသည်။ အသားသို့ အနည်းငယ်ပင် စိုက်နေသဖြင့် သွေးပင်စို့လာရသည်။ ဤသည်က ထိတ်လန့်စရာပင်။

“အရှင် နတ်ဆိုးဘုရင်မ”

ပိုင်လီကျန့် ထိတ်လန့်လွန်းသဖြင့် အသံပင် ပြောင်းသွားပြီး မျက်နှာတစ်ခုလုံး ဖြူရော်လာ၏။

“ပိုင်လီကျန့် နင် ဘာတွေးနေလဲဆိုတာကို ငါ မသိဘူးမထင်နဲ့၊ အဲ့အကြံကို လက်လျှော့လိုက်ဖို့ ငါ အကြံပေးလိုက်မယ်၊ မဟုတ်ရင် နင့်ဘဝကို သေတာထက် ဆိုးအောင် ငါ လုပ်ပေးမယ်”

ကျုံးဝမ်က လူသတ်ချင်သော အကြည့်တို့ဖြင့် စူးရှစွာ စိုက်ကြည့်နေသည်။

“ဟုတ် ဟုတ် ဟုတ်ကဲ့ …”

ပိုင်လီကျန့်၏ မျက်နှာတွင် ကြောက်လန့်ဟန် ပေါ်လာ၏။

ကျုံးဝမ်က အေးစက်စက် ပျက်ရယ်ပြုကာ ဓားကို ပြန်ရုတ်လိုက်သည်။

“တစ်ရက်အတွင်း လက်နက် လေးသောင်းကို ရအောင် ပို့ပါ၊ မဟုတ်ရင် အကျိုးဆက်ကို နင် သိပါတယ် …”

“ဒါပေမဲ့ …”

ပိုင်လီကျန့်က တစ်ခုခုကို ပြောချင်နေ၏။ သို့သော် ကျုံးဝမ်နှင့် အခြားသူများက အစအနမရှိအောင် ပျောက်ကွယ် သွားသည်။

ပိုင်လီကျန့် သူ့လည်ပင်းကို အလျင်အမြန် ကိုင်ကြည့်မိသည်။ သို့သော် သူ့လက်တွင် သွေးများ ရွှဲနစ်နေသည်ကို တွေ့လိုက်ရသည်။ သူ၏ သွေးလွှတ်ကြောများသာ နောက်ထပ် တစ်မီလီမီတာမျှ အဖြတ်ခံလိုက်ရလျင် သူ သေသွားလောက်သည်။

ထိုသို့ဆိုလျင် နတ်ဘုရားများပင် သူ့ကို ကယ်နိုင်မည် မဟုတ်ပါ။

“စောက်ခွေးမ ဒီမင်းသားက မင်းကို အနှေးနဲ့အမြန် ငါ့အောက်ထဲ ထိုးသွင်းမှာ၊ ဒီအရှက်ရမှုအတွက် မင်းကို ပြန်ခံစားစေရမယ်”

ပိုင်လီကျန့်က ခက်ထန်စွာ ပြောလေသည်။ လက်ရှိတွင် သူ့မျက်နှာက အလွန် ကောက်ကျစ်စဉ်းလဲနေ၏။

….

“လင်းလန် ကြည့်လိုက်၊ ဒါ တော်လှန်ရေးတပ်ရဲ့ ကုန်းတွင်းပိုင်းပဲ၊ ဒီနေ့က ပြိုင်ပွဲကျင်းပနေတာလေ၊ အနိုင်ရသူက တော်လှန်ရေးတပ်ရဲ့ ဗိုလ်ချုပ်ကြီး ဖြစ်လာမှာ”

ထိုစဉ် ကန္တာရအတွင်း၌ အမျိုးသားတစ်ယောက်က လင်းလန်ကို ရှင်းပြနေသည်။ သူ့အရှေ့တွင် လူတစ်စု ရှိပြီး အားလုံးက သန်မာကာ အစွမ်းထက်သူများ ဖြစ်သည်။ သူတို့၏ ဖိအားက ဘေးလူများကိုပါ ဖုံးလွှမ်းနေသည်။

သူတို့သည် ပြည်တွင်းပြည်ပမှ ရောက်လာသူများဖြစ်ကာ အကြောင်းအမျိုးမျိုးဖြင့် တော်လှန်ရေးတပ်နှင့် ပူးပေါင်းခဲ့သည်။ ယနေ့ သူတို့သည် လူရွေးပွဲ ကျင်းပခြင်း၌ ပါဝင်ယှဉ်ပြိုင်နေခြင်း ဖြစ်သည်။ အနိုင်ရသူက တော်လှန်ရေးတပ်၏ ဗိုလ်ချုပ်ကြီး ဖြစ်လာပေမည်။

မြေအောက်လောကဘုရင်မကို ဖြုတ်ချပြီးသည်နှင့် သူတို့၏ အဆင့်အတန်းကို တိုးမြှင့်နိုင်ပြီး လောက၌ ထာဝရ ကျော်ကြားလာပေလိမ့်မည်။

သို့သော် လင်းလန်က ခံစားချက်ကင်းမဲ့သော အကြည့်ဖြင့် ကြည့်နေဆဲပင်။

“ကျော်ကြားမှုနဲ့ ကံနောက်ကို လိုက်ချင်နေတဲ့ သာမန်လူတစ်စုပဲ မဟုတ်လား၊ ဘာတွေကြည့်စရာ ရှိလို့လဲ”

အင်ပါယာက ပျက်စီးသွားပြီး သူမ၏ လုပ်ငန်းသည်လည်း ထိခိုက်ခဲ့သည်။ မြေအောက်လောက ဘုရင်မ၏ သတ်ခြင်း မခံရစေရန် သူမ တော်လှန်ရေးတပ်နောက်သို့ လိုက်ကာ ဤအဆုံးမရှိသော ကန္တရထဲသို့ ထွက်ပြေးရန်သာ တတ်နိုင်ခဲ့သည်။

ယခုအချိန်ထိ ယဲ့ဖန် သေသွားပြီဟု သူမ မယုံနိုင်သေးပါ။ ယဲ့ဖန် သေဆုံးမှုကို သိပြီးနောက် သူမမျက်နှာတွင် အပြုံး မရှိတော့ပါ။ သူမတွင် သူမကိုယ်သူမနှင့် အင်ပါယာ၏ အနာဂတ်ကို မျှော်လင့်တွေးတောသည့် အတွေးများ မရှိတော့ချေ။

ထိုလူက အနေရခက်စွာ ပြုံးလေသည်။

“တစ်ချို့လူတွေက ကျော်ကြားမှုနဲ့ ကံနောက် လိုက်ပင်မယ့် တစ်ချို့ကတော့ သာမန်လူတွေအတွက် လုပ်တာလေပ၊ ဥပမာ နဉ်ကျန်းဟုန်ဆိုတဲ့ ငါပေါ့”

ထိုစဉ် သူက သူ့ကိုယ်သူ သူရဲကောင်းအသွင်ဖမ်း၍ အသံကျယ်ကျယ်ဖြင့် ပြောလေသည်။

“ငါ တော်လှန်ရေးတပ်ကို ပူးပေါင်းရတဲ့ အကြောင်းရင်းက အာဏာရှင် မြေအောက်ဘုရင်မကို ဖြုတ်ချပြီး အင်ပါယာက လူတွေအတွက် ငြိမ်းချမ်းတဲ့နိုင်ငံ ဆောင်ကြဉ်းပေးချင်လို့ပဲ”

“တိုင်းပြည်အတွက် အနစ်နာခံချင်တဲ့လူတွေက တစ်ချိန်လုံး ပါးစပ်နဲ့ပဲ ပြောမနေဘူး”

လင်းလန်က အထင်သေးစွာ ပြုံးနေပြီး နဉ်ကျန်းဟုန်ကို စကားပြောချင်စိတ် ပျောက်ကာ နောက်လှည့်၍ ထွက်လာသည်။

သူမသည် စီးပွားရေးလောက၌ ဘုရင်မ တစ်ပါးဖြစ်ပြီး အခြားသူများ၏ လှည့်ကွက်များကို မမြင်ဘဲ မနေပါ။ ထို့ကြောင့် သူမက ဘယ်လိုလုပ် နဉ်ကျန်းဟုန်၏ သေးငယ်သော ပရိယာယ်ဖြင့် အရူးလုပ်ခံမည်နည်း။

ချက်ချင်းဆိုသလိုပင် နဉ်ကျန်းဟုန်၏ မျက်နှာက အလွန်အမင်း မည်းမှောင်သွားပြီး လင်းလန်၏ ကျောပြင်ကို သုန်မှုန်စွာ ကြည့်လာသည်။

“မင်း အခုထိ သူ့အကြောင်း တွေးနေတုန်းပဲ မဟုတ်လား”

လင်းလန် နောက်လှည့်လာပြီး နဉ်ကျန်းဟုန်ကို စိုက်ကြည့်သည်။ အခြားသူများက သူမရှေ့ ယဲ့ဖန်အကြောင်း ပြောလာသည်ကို သူမ မကြိုက်ပါ။ အကြောင်းမှာ သူမ ကြားလိုက်တိုင်း နှလုံးသားကို ဓားဖြင့် အထိုးခံရသကဲ့သို့ နာကျင်သောကြောင့်ပင်။

“သူ့ကြောင့်သာ မဟုတ်ရင် ငါတို့ ဘယ်လိုလုပ် ဒီလို ဖြစ်မှာလဲ၊ ဒါတွေအားလုံးက ယဲ့ဘုရင်ကြောင့်ပဲ၊ ဒါတောင် မင်းက သူ့အကြောင်း တွေးနေတုန်းလား၊ လင်းလန် နိုးထလိုက်ပါတော့”

နဉ်ကျန်းဟုန်က ဒေါသတကြီး ငေါက်ငမ်းလေသည်။ သေလူကိုတောင်မှ သူ မယှဉ်နိုင်ဘူးတဲ့လား။ ဤသည်ကို သူ ဘယ်လိုလုပ် လက်ခံနိုင်ပါမည်နည်း။

All Chapters