အခန်း ၁၅၆၀
Vol. 104 Ch. 1560
Chapter 1560 မင်းက အရည်အချင်း ရှိလို့လား
သူ့စကားကိုကြားသောအခါ ပထမ၌ မျှော်လင့်ချက်ကို မြင်ရပြီဟု ထင်နေသော တော်လှန်ရေးတပ်သည် ထပ်၍ အဆုံးစွန်အထိ စိတ်ဓာတ်ကျသွားလေသည်။
တစ်နည်းအားဖြင့် ဆိုရလျင် ကျားကျင်းတောင်က သူ၏ ခွန်အားကို အပြည့်မသုံးရသေးပေ။
“မင်းက ခုပဲခုခံနိုင်တာလား၊ လုပ်လေ၊ ပြန်ချစမ်းပါ၊ ငါ့ကို ထပ်ပျော်အောင် လုပ်စမ်းပါ”
ကျားကျင်းတောင်က အားပါးတရ ရယ်မောလာပြီး သူ့မျက်လုံးတွင်းမှ မုန်းတီးရိပ်က ပိုပို၍ ပီပြင်လာ၏။
“ဒုန်း ဒုန်း ဒုန်း”
လက်သီးချက်များက မိုးစက်သဖွယ် ကျဆင်းလာပြီး မိုးသက်မုန်တိုင်းကျဆင် ရွာသွန်းသော မိုးစက်အလားပင်။
တစ္ဆေဖန့်ချီနှင့် အခြားသူများသည် ယဲ့ဖန်အား စိုးရိမ်ပူပန်သဖြင့် စိတ်လှုပ်ရှားစွာ ကြည့်နေကြသည်။ ထိုစဉ် ယဲ့ဖန်က လက်တစ်ဖက် မြှောက်လာပြီး လက်တစ်ချောင်းကိုသာ ထောင်လာသည်။
“ဘာ မဟုတ်မှလွဲရော သူက …”
လူတိုင်း ပါးစပ်အဟောင်းသားဖြစ်၍ မှင်တက်နေကာ ယဲ့ဖန်အား မယုံနိုင်သလို ကြည့်နေကြသည်။ ထိုအခိုက်တွင် သူတို့ ကြောက်လန့်လာကြသည်။ သူတို့ တွေးလိုက်မိသော အရာကို မယုံနိုင် ဖြစ်နေလေသည်။
တစ္ဆေဖန့်ချီနှင့် အခြားသူများ ငေးငိုင်သွားကြသည်။
*မောက်မာလွန်းတယ်၊ ဒီလောက် မောက်မာတဲ့လူကို မတွေ့ဖူးဘူး*
*သွားပြီ*
*ဒီကောင်တော့ သေချင်နေတာပဲ*
လုံခွေ ခေါင်းခါလိုက်မိသည်။ သူမ အထင်မှားခဲ့သည့်ပုံပင်။ ဤလူက ဘဝင်မြင့်လွန်းသည်။
*သူက နဉ်ကျန်းဟုန်ကို ရင်ဆိုင်ခဲ့တဲ့ နည်းအတိုင်း ကျားကျင်းတောင်ကို ရင်ဆိုင်ချင်နေတာလား*
*အရူး*
*မလုပ်သင့်တာကို*
*စိတ်ဖောက်နေတဲ့လူလို့တောင် ပြောရမယ်*
“သူ့ကိုသတ်၊ သူ့ကို ချက်ချင်း သတ်ပစ်လိုက်”
နဉ်ကျန်းဟုန်၏ မျက်နှာတွင် ဝမ်းသာအားရ ဖြစ်စိတ်များနှင့် ပြည့်နှက်လာသည်။
*ကောင်းကင်က ဘယ်လောက် မြင့်မားလဲ မသိတဲ့ကောင်၊ သေမှာပဲ*
“မင်း … မင်း အလောင်းတောင် မရှိဘဲ သေရမယ်ကွ”
ကျားကျင်းတောင်သည်လည်း ယဲ့ဖန်၏ အထင်သေးစိတ်ကို ခံစားမိကာ ချက်ချင်း ဒေါသထွက်လာသည်။ သူ တိုက်ခိုက်တော့မည့်အချိန်တွင် ထိတ်လန့်ဖွယ် လှိုင်းတစ်ခုက ကျားကျင်းတောင်၏ နဖူးထံ ရိုက်ခတ်လာသည်။ သူ မျက်မှောင်ကြုတ်သွားသော်လည်း တုံ့ပြန်ချိန် မရလိုက်ချေ။
သူ့တစ်ကိုယ်လုံး မီတာတစ်ရာနီးပါး လွင့်ထွက်သွားလေသည်။
ကျားကျင်းတောင်၏ ပါးစပ်မှ သွေးအန်လာပြီး မြေကြီးပေါ် အရှိန်ဖြင့် ပြုတ်ကျလေသည်။ သူ၏ ဦးခေါင်းတစ်ဝက်မျှ ထိခိုက်သွားပြီး သွေးများ ဒလဟော စီးကျလာ၏။
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားပြန်သည်။ ဘေးလူများသည် လည်ပင်းအညှစ်ခံထားရသကဲ့သို့ ဘာအသံမှ မကြားနိုင်တော့ချေ။
သူတို့ သတိလက်လွတ်ဖြစ်ကာ အလွန်အမင်း တွေဝေနေကြသည်။ ဤမြင်ကွင်းအား သူတို့ မယုံနိုင်ကြပေ။
*လက်တစ်ချောင်း၊ ထပ်ပြီးတော့ လက်တစ်ချောင်းတည်းပဲလား*
*ကျားကျင်းတောင် ရှုံးသွားတယ်*
*အဲ့ဒါကလည်း လက်တစ်ချောင်းတည်းနဲ့ အတောက်ခံလိုက်ရလို့လား*
*ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
လူတိုင်း ယဲ့ဖန်ကို ကြောက်လန့်တကြား ကြည့်လာ၏။
*ဒီလူက တကယ်ပဲ ဘာလဲ*
*နတ်နန်းတော်ရဲ့ နန်းတော်သခင်လက်အောက်က အရှင်သခင်တစ်ယောက်ကို လက်တစ်ချောင်းတည်းနဲ့ အနိုင်ယူ လိုက်တယ် တဲ့လား*
နဉ်ကျန်းဟုန်၏ အပြုံးက အေးခဲသွားလေသည်။ အကြောင်းမှာ ကျားကျင်းတောင်၏ ခွန်အားကို သူ့ထက် မည်သူမှ ပိုမသိနိုင်သောကြောင့်ပင်။ သူ့ဖခင်၏ လက်အောက်မှ အရှင်သခင်လေးဦးထဲတွင် ကျားကျင်းတောင်က အသန်မာဆုံးပင်။
*အင်မော်တယ် ဧကရာဇ် တစ်ပိုင်းအဆင့်က ဘယ်လိုလုပ် လက်တစ်ချောင်းတည်းနဲ့ ရှုံးရတာလဲ*
ကျားကျင်းတောင် မျက်မှောင်ကြုတ်နေကာ မျက်လုံးတွင် အံ့ဩရိပ်များ ပြည့်နေ၏။ သူ အလွယ်တကူ ရှုံးသွားသည်ကို မယုံနိုင်သည့်ပုံပင်။
သူ့ပါးကို သူ ပြန်ပွတ်ကြည့်မိသောအခါ လက်တစ်ခုလုံး သွေးတို့ဖြင့် ရွှဲရွှဲစိုသွားသလို အသည်းခိုက်မတတ် နာကျင်မှုက အိပ်မက်မဟုတ်ကြောင်း သက်သေပြနေသည်။
“ဟီးဟီး … ဟားဟားဟား …”
ရုတ်တရက် ကျားကျင်းတောင်က အားပါးတရ ရယ်မောလိုက်ပြီး ဖြည်းဖြည်းချင်း ပြန်ထလိုက်သည်။ သူ့မျက်နှာတွင် အန္တရာယ်ပေးလိုသော အရိပ်အယောင်များ ပြည့်နှက်လာသည်။
“မင်းက ငါ့ကို အတော်လေး အံ့ဩအောင် လုပ်တာပဲ”
“မင်းက သန်မာတဲ့လူပဲ၊ ဒီလိုဆိုတော့ ငါ အားကုန်သုံးပြီး … မင်းကို သတ်ရတာပေါ့”
ကြောက်စရာကောင်းသော ယန်စွမ်းအင်က သူ့ခန္ဓာကိုယ်တွင်းမှ ဆူနာမီမုန်တိုင်းသဖွယ် ထွက်ပေါ်လာသည်။ သဲကန္တာရတစ်ခုလုံး ပြင်းထန်စွာ တုန်ခါလာလေသည်။
လူတိုင်း ထိတ်လန့်သွားသည့်အပြင် သူတို့၏ မသိစိတ်က ကျားကျင်းတောင် အမှန်တကယ် တိုက်ခိုက်တော့မည် ဖြစ်ကြောင်း ပြောလာသည်။
ထိုအခိုက်တွင် ကျားကျင်းတောင်သည် ရက်စက်သော ကျားတစ်ကောင်သဖွယ် သတ်ဖြတ်လိုစိတ် အပြည့်နှင့် ယဲ့ဖန်ထံ ပြေးဝင်လာ၏။
*မြန်လွန်းတယ်*
တစ္ဆေဖန့်ချီ မနေနိုင်ဘဲ အားကျမိသည်။ ကျားကျင်းတောင်နှင့် သူ သိုင်းအဆင့် တူနေခဲ့လျင်တောင်မှ ကျားကျင်းတောင်၏ လှုပ်ရှားမှုများကို သူ မြင်နိုင်မည် မဟုတ်ပါ။
ထို့နောက် လက်သီးတစ်လုံးက ယဲ့ဖန်၏ မျက်နှာထက်သို့ ကျရောက်လာသည်။ ၎င်းလက်သီးချက်ကြောင့် ကြောက်စရာကောင်းသော ပေါက်ကွဲသံ ထွက်ပေါ်လာကာ တုန်လှုပ်ဖွယ်ကောင်းလှသည်။
ထိုစဉ် ယဲ့ဖန်က ဘေးသို့ အသာတိမ်းရှောင်လိုက်သည်။ ထိုအခါ လက်သီးက မြေကြီးကိုသာ ထိုးမိသွားသည်။
ရုတ်တရက် ကန္တာရတစ်ခုလုံးတွင် ဆယ်မိုင် ရှည်လျားသော လျှိုတစ်ခု ဖြစ်သွားလေသည်။ ကန္တာရတစ်ခုလုံး ကပြောင်းကပြန် ဖြစ်သွားသည်။
“သေစမ်း ကျားကျင်းတောင်က ကန္တာရရဲ့ မြေအနေအထားကို လက်သီးတစ်ချက်တည်းနဲ့ ပြောင်းလဲပစ် လိုက်တာလား၊ အံ့ဩစရာပဲ”
“သန်မာတယ် သန်မာလွန်းတယ်”
သူတို့၏ ထွက်ပေါ်လာသော မျှော်လင့်ချက်သည် ကျားကျင်းတောင်၏ တိုက်ကွက်ကို မြင်ပြီးသည်နှင့် ထပ်မံ၍ ပျောက်ဆုံးသွားရသည်။
*ကြောက်စရာကောင်းလွန်းလိုက်တာ*
“မင်း ဘယ်ပြေးမလဲ”
ထိုစဉ် ကျားကျင်းတောင်က စဉ်းလဲစွာ ပြုံးပြီး ရှေ့သို့ ဆက်တိုက် တိုးနေသည်။ ခြေလှမ်းတိုင်း၌ လက်သီးဖြင့် ထိုးနှက် တိုက်ခိုက်နေကာ ထိုစွမ်းအင်ကြောင့် မြေဆီလွှာပင် တုန်ခါနေရသည်။
သူ့ကိုယ်မှ ယန်စွမ်းအင် ဝုန်းခနဲ ထွက်ပေါ်လာသည်။ ထို့နောက် မျက်စိကျိန်းလောက်အောင် တောက်ပသည့် ဓားတစ်လက်က သူ့လက်ထဲ၌ ပေါ်လာပြီး အရောင်အဝါ တောက်ပလျက် ရှိသည်။
“ဒီရွှေရောင်ဓားက”
လူတိုင်း တအံ့တဩ ရေရွတ်လာပြီး မျက်နှာအမူအရာ လေးနက်လာသည်။ ကျားကျင်းတောင်က သူ၏ အစွမ်းအထက်ဆုံး လက်နက်ကို ထုတ်သုံးလေပြီ။
ဤသည်က ကျားကျင်းတောင်သည် သူ၏ နောက်ဆုံး တိုက်ကွက်ကို သုံးရန် အဆင်သင့်ဖြစ်နေပြီဟု ဆိုလိုနေ၏။ သူ့လက်ထဲမှ ရွှေရောင်ဓားနှင့်ဆိုလျင် သူ ပို၍ သန်မာလာပေမည်။
“ရှောင်ကြ”
တစ္ဆေဖန့်ချီနှင့် အခြားသူများ ရုတ်တရက် အော်ဟစ်သတိပေးလာသည်။ ကျားကျင်းတောင်၏ လက်နက် စွမ်းအားက တားမရနိုင်ပါ။
ဤဓားသည် တောင်ကိုခွင်း၍ လကိုဖြိုနိုင်ရန် လုံလောက်သည်။ ကျားကျင်းတောင် ယဲ့ဖန်ကို လုံးဝ သတ်ရန် ကြံစည် ထားသည်ကို သူတို့ အတိုင်းသား မြင်နေရသည်။
သို့သော် ထိုအခိုက်တွင် လူတိုင်း ထိတ်လန့်သွားသည့် အဖြစ်အပျက်တစ်ခု ဖြစ်လာလေသည်။ ယဲ့ဖန်က လက်တစ်ချောင်းကိုသာ ဆန့်၍ တောက်ထုတ်သည်ကို သူတို့ တွေ့လိုက်ရသည်။
လူတိုင်း အံ့ဩသွားပြီး အလွန်အမင်း ထိတ်လန့်သွားကြသည်။
*ရူးနေပြီ*
*ဒီလူ ရူးနေပြီ*
*ကျားကျင်းတောင်က လက်နက် ထုတ်သုံးနေပြီကို မမြင်ဘူးလား*
*ဒါတောင် လက်တစ်ချောင်းတည်းနဲ့ ဘယ်လိုတောင် တိုက်ရဲတာလဲ*
*ဒါ သေတွင်းတူးနေတာပဲ*
“အရူး”
နဉ်ကျန်းဟုန်သည် သရော်ပြုံး ပြုံး၍ ယဲ့ဖန်အား အထင်သေးစွာ ကြည့်လိုက်သည်။
“ချီးပဲ”
တစ္ဆေဖန့်ချီနှင့် အခြားသူများလည်း အံကြိတ်နေကြသည်။ မူလက ဤလူ၏ ခွန်အားဖြင့်ဆိုလျင် ကျားကျင်းတောင်ကို တစ်ယောက်ချင်း တိုက်နိုင်စွမ်း ရှိလောက်သည်။ သို့ရာတွင် သူက သွေးနားထင် ရောက်လွန်းနေ၏။
ကျားကျင်းတောင်က အလေးအနက် ဖြစ်လာသည်ကို သိသော်ငြားလည်း ဤအပြုအမူနှင့် အထင်သေးစွာ ပြုမူခြင်းက ကိုယ့်သေတွင်း ကိုယ်တူးခြင်းသာ။ ယဲ့ဖန် သေလိမ့်မည်ဟု လူတိုင်းနီးပါး လက်ခံသွားကြသည်။
“ကောင်းပြီလေ၊ ဒီလိုဆိုတော့လည်း ငါ မင်းလက်ချောင်းကို ဖြတ်ပေးရတာပေါ့”
ကျားကျင်းတောင်က ဒေါသတကြီး အော်ဟစ်နေပြီး သူ့ဒေါသက ထိန်းမရတော့ချေ။ သူ့ဓားကလည်း အရှိန်ဖြင့် ကျဆင်းလာသည်။ လူသတ်ချင်သော အငွေ့အသက်က ဒီရေအလား တိုးပွားလာနေသည်။
“ဒေါင်”
ထိုစဉ် သံသံချင်း ထိမိသံ ထွက်ပေါ်လာသည်။ ထို့နောက် ကျားကျင်းတောင်၏ လက်ထဲမှ ရွှေရောင်ဓားကို မြင်သော် လူတိုင်း တုန်လှုပ်သွားကြရသည်။
ကျားကျင်းတောင်၏ ဓားကိုင်ထားသော လက်နှစ်ဖက်လုံး စုတ်ပြတ်သတ်ကာ သွေးများက စိမ်းချောင်းသဖွယ် စီးကျနေပြီး ရွှေရောင်ဓားက သူ့လက်ထဲမှ လွတ်ကျလုနီးပါး ဖြစ်နေသည်။
*ဒါ … ဒါ ဘယ်လို ဖြစ်ရတာလဲ*
လူတိုင်း အတွေးထဲ ဗလာဖြစ်သွားပြီးနောက် ကြောက်လန့်လာကြသည်။
*ဒီလူက တကယ် လက်တစ်ချောင်းပဲသုံးပြီး ဒေါသထွက်နေတဲ့ ကျားကျင်းတောင်ရဲ့ တိုက်ကွက်ကို တားလိုက် နိုင်တာလား*
*မယုံနိုင်စရာပဲ*
သို့သော် ဤမျှနှင့် မရပ်သေးချေ။
“ဂျွတ်”
ရုတ်တရက် ရွှေရောင်ဓားထံမှ အက်ကွဲသံတစ်သံ ထွက်လာသည်။ ထို့နောက်တွင်မူ ကျားကျင်းတောင်၏ လက်ထဲမှ ရွှေရောင်ဓားက တစ်စစီဖြစ်ပြီး အောက်သို့ ပြုတ်ကျသွားသည်ကို လူတိုင်း တွေ့လိုက်ရသည်။ အားလုံး ပင့်သက်ရှိုက်သွားသည်။
“မဖြစ်နိုင်ဘူး၊ ငါ့ရွှေရောင်ဓားက နှစ်ထောင်ချီတဲ့ သံမဏိနဲ့ လုပ်ထားတာ၊ ဘယ်လိုလုပ် မင်းက …”
ကျားကျင်းတောင်၏ မျက်လုံးများက နီရဲနေပြီး မျက်နှာတွင် ထိတ်လန့်ဟန် ပေါ်နေ၏။ သူ၏ ရွှေရောင်ဓားသည် အလွန် ထက်ရှပြီး အထဲ၌ နတ်ဘုရားစွမ်းအင် ကိန်းအောင်းနေသည်။ ၎င်းဖြင့် တစ်ခါ ခုတ်ပိုင်းလိုက်လျင် နတ်ဘုရင်အဆင့်ကိုပင် အသာလေး သတ်နိုင်၏။
သို့သော် သူ ဂုဏ်အယူရဆုံး လက်နက်က တစ်ဖက်လူ၏ လက်ချောင်းကြောင့် ပျက်စီးသွားသည်တဲ့လား။
လူတိုင်း ယဲ့ဖန်ကို အလန့်တကြား ကြည့်လာ၏။
*ဒီလူရဲ့ခန္ဓာကိုယ်က သံမဏိထက် ပိုသန်မာနေတာလား*
“ငါ့ကို ထွက်ပြေးခိုင်းတယ် ဟုတ်လား၊ မင်းက ... အရည်အချင်း ရှိလို့လား”
ယဲ့ဖန်က ကျောချမ်းဖွယ်ကောင်းလောက်အောင် ပြုံးလာသည်။ ထို့နောက် လက်သီးကိုဝင့်၍ ထိုးနှက်လိုက်သည်။
*ချီးပဲ*
ကျားကျင်းတောင် ကြက်သီးထသွားသည်။ ထိုအခိုက်တွင် သူသည် တစ်စုံတစ်ရာကို ခံစားမိပြီး မတုန်လှုပ်ဘဲ မနေနိုင်အောင် ဖြစ်သွားရသည်။
သူ နောက်ဆုတ်ရန် ပြင်လိုက်သည်။ သို့သော် ထိုလက်သီးချက်၏ စွမ်းအားက လောကကိုပင် ကိုင်လှုပ်နိုင် သဖြင့်သူ့အား နည်းနည်းလေးမျှ ထွက်ပြေးခွင့် မပေးချေ။
ယဲ့ဖန်၏ လက်သီးချက်အောက်၌ ကျားကျင်းတောင်၏ ခန္ဓာကိုယ်သည် ဆက်တိုက် ကျိုးပဲ့နေပြီး အနောက်သို့ လဲကျသွားသည်။ သို့သော် လဲကျသွားပြီးသည်နှင့် အရေပြား စုတ်ပြဲကာ သွေးများ ပန်းထွက်လာပြီး အရိုးများ ကြေမွကုန်သည်။
ကျားကျင်းတောင်၏ တစ်ကိုယ်လုံး ဖွဲအိတ်သဖွယ် ဖြစ်နေပြီး ဆက်တိုက် မြေကြီးပေါ်တွင် ထိုးနှက်ခံနေရသဖြင့် မိနစ်ဝက်မျှပင် လှုပ်ချိန်မရချေ။
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေသည်။ လူတိုင်းသည် သူတို့စိတ်ထဲမှ ထိတ်လန့်မှုကို ကြောက်လန့်သော အမူအရာဖြင့်သာ ဖော်ပြနေ၏။
*ကျားကျင်းတောင် ရှုံးသွားပြီ*
*အင်မော်တယ် ဧကရာဇ် တစ်ပိုင်းအဆင့်က ဆက်တိုက် ရှုံးနေတယ်*
*တစ်ချက်ကလေးတောင် ပြန်တိုက်ချိန် မရလိုက်ဘူး*
တစ္ဆေဖန့်ချီနှင့် အခြားသူများ အံ့ဩသင့်နေကြသည်။ ကျားကျင်းတောင် မည်မျှ သန်မာသလဲ ဆိုသည်ကို သူတို့ ကိုယ်တွေ့ ရင်ဆိုင်ခဲ့ဖူးပြီးသား ဖြစ်သည်။ သူတစ်ယောက်တည်းဖြင့် သူတို့အားလုံးကို သတ်နိုင်လေသည်။
သို့သော် သူတို့အရှေ့မှလူက တိုက်ကွက်အနည်းငယ်မျှနှင့် သူ့ကို အနိုင်ယူလိုက်သည်။ ထို့အပြင် အားပင် မစိုက်လိုက်ရချေ။
လက်တစ်ချောင်း၏ စွမ်းအားက နတ်ဘုရင်အဆင့်ကို သတ်နိုင်နေသည်။ လက်သီးတစ်ချက်က လောကကို ကိုင်လှုပ်နိုင်၏။
*ဒီလူက နတ်ဆိုးပြန်ဝင်စားသလိုပဲ*
နဉ်ကျန်းဟုန် ကြက်သီးမွေးညင်း ထသွားသည်။ ဤသေးငယ်သော အင်ပါယာတွင်း၌ ကျားကျင်းတောင်ကို အနိုင်ယူနိုင်သူ ရှိလိမ့်မည်ဟု သူ မယုံကြည်နိုင် ဖြစ်နေ၏။
“ဝေါ့”
ကျားကျင်းတောင် သွေးတစ်လုပ် အန်လာပြီး တစ်ကိုယ်လုံး ပြိုလဲမယောင် ဖြစ်နေကာ မျက်နှာ ဖြူရော်၍ တစ်ကိုယ်လုံး တုန်ယင်နေလေသည်။
ဤမြင်ကွင်းက ကြက်သီးထစရာ ကောင်းလှသည်။
*ကြောက်ဖို့ကောင်းတယ်*
*ဖိနှိပ်လွန်းတယ်*
ယဲ့ဖန်ကို ကြည့်နေသော အားလုံး၏ အကြည့်၌ ကြောက်စိတ်များဖြင့် ပြည့်နှက်လာသည်။ ကျားကျင်းတောင် အစွမ်းကုန် တိုက်ခိုက်ခဲ့မှန်း သူတို့ မြင်ခဲ့သည်။ ထို့အတူ အဖြူရောင်ဝတ်စုံနှင့်လူက အားကုန် မသုံးသေးသည် ကိုလည်း သူတို့ မြင်ခဲ့၏။
*လက်တစ်ချောင်း၊ လက်သီးတစ်ချက်*
*အဲ့ဒါနဲ့ အင်မော်တယ် ဧကရာဇ် တစ်ပိုင်းအဆင့်ကို သူ အနိုင်ယူခဲ့တာပါလား*
*ဒီလူက ထင်ထားတာထက် ကျော်ပြီး သန်မာလွန်းတယ်*
*အလွန်အကျွံကို ဖိနှိပ်နိုင်လွန်းတယ်*
*တစ်ချိန်က အဲ့လူလိုပဲ*
ယဲ့ဖန်ကို တွေးမိပြီးနောက် တစ္ဆေဖန့်ချီ၊ လင်းလန်နှင့် အခြားသူများ ရုတ်တရက် အထီးကျန်သွားသည်။ တစ်ခါက ထိုလူသည် လွှမ်းမိုးနိုင်လွန်းပြီး မောက်မာခဲ့သည်။ သို့သော် ကံမကောင်းစွာပင် သူ မရှိတော့ပေ။
သို့မဟုတ်ပါက ယနေ့ သူတို့ကို ကယ်သည့်သူက အဖြူရောင်ဝတ်စုံနှင့်လူ မဟုတ်ဘဲ ယဲ့ဘုရင်သာ ဖြစ်ပေလိမ့်မည်။
“မင်းကို ပျော်အောင် လုပ်ရမယ် ဟုတ်လား”
ယဲ့ဖန်က ထီမထင်ဟန် ပြုံးလိုက်ပြီး ကျားကျင်းတောင်၏ ပေါင်ကို ခြေတစ်ဖက်တင်လိုက်သည်။
“ဂျွတ်”
ခြေထောက်တစ်ဖက်ကို မနင်းဘဲ အသာတင်လိုက်သော်လည်း အရိုးများ ကျိုးကြေ၍ သွေးများ ငေါက်ခနဲ ပန်းထွက်လာတော့သည်။
စာစဉ် ၁၀၄ ဤတွင် ပြီးပါပြီ။