← Chapters

အခန်း ၁၅၆၅

Vol. 105 Ch. 1565

အခန်း ၁၅၆၅

Vol. 105 Ch. 1565

Chapter 1565 အဲ့ဒီလူ ပြန်လာပြီ

ထိုသို့သောအချိန်၌ ဟွမ်မိသားစုအတွင်းတွင် လူတစ်ယောက်သည် တံခါး၌ ခွေးတစ်ကောင်သဖွယ် ခြေလက်များကို သံကြိုးဖြင့် ချည်နှောင်ခံထားရသည်။

“ကြည့်ကြစမ်း ဒါ ငါတို့ ဟွမ်မိသားစုရဲ့ ခေါင်းဆောင်၊ နာမည်ကျော် ဟွမ်ထျန်းချန်လေ”

“ဘော့စ်ဟွမ် ခင်ဗျားလို ကြီးမြတ်တဲ့လူက ဘယ်လိုလုပ် ဒီလို ဖြစ်ရတာလဲ၊ ခင်ဗျားက စီးပွားရေးလောကမှာ ထိပ်သီးပဲလေ၊ ပြီးတော့ ယဲ့ဘုရင်ရဲ့ ပြောရေးဆိုခွင့် ရှိတဲ့လူမလား၊ ဟားဟားဟား”

သူ့အရှေ့ရှိ အမျိုးသားနှင့် အမျိုးသမီးတစ်သိုက်ထံမှ ရယ်သံများ ဝါးလုံးကွဲမတတ် ထွက်ပေါ်လာ၏။ ခွေးတစ်ကောင် သဖွယ် သံကြိုးချည်ခံထားရသူမှာ ဟွမ်ထျန်းချန်ပင်။

လက်ရှိတွင် ဟွမ်ထျန်းချန်၏ မျက်လုံးများက သွေးကဲ့သို့ နီရဲနေပြီး ထိုလူများထဲမှ လူငယ်တစ်ယောက်အား အလွန် မကျေမချမ်း ဖြစ်ဟန်ဖြင့် ကြည့်နေသည်။

“ဟွမ်ကျင့်ရမ်၊ မင်း အရှင် ယဲ့ဘုရင်ကို သစ္စာဖောက်ရဲတယ်ပေါ့လေ၊ မင်း အပြစ်ပေးခံရမှာကွ”

“ယဲ့ဘုရင်လား”

ဟွမ်ကျင့်ရမ်က ပျက်ရယ်ပြုလိုက်ပြီး အထင်သေးစွာ ပြန်ပြောလေသည်။

“အလောင်းတောင် ဖြစ်နေပြီးတဲ့လူကို ကျုပ်က ဘာလုပ်ရမှာလဲ”

“တကယ်ဆို ငါ မင်းကို သတ်ခဲ့သင့်တာ”

ဟွမ်ထျန်းချန် ဒေါသထွက်နေပြီး သူ့စိတ်ထဲ၌ အလွန်အမင်း နောင်တရနေသည်။ သူသာ ကျူပင်ခုတ်လျင် ကျူငုတ်ပါမကျန် ရှင်းပစ်ခဲ့မိပါက ယနေ့ကဲ့သို့ အဖြစ်မျိုး ဖြစ်လာမည် မဟုတ်ပါ။

ယခု ဟွမ်ကျင့်ရမ်သည် တော်လှန်ရေးတပ်၏ တည်နေရာကို မြေအောက်လောက ဘုရင်မထံ ရောင်းစားခဲ့သဖြင့် သူ့ညီအစ်ကိုများအားလုံး ဒုက္ခရောက်ရလေပြီ။ အရာအားလုံးက သူ့အမှားပင်။

“ဟုတ်တယ် ဟွမ်ထျန်းချန်၊ ခင်ဗျား ကျုပ်အဖေကို သတ်ခဲ့တုန်းက ကျုပ်ကိုပါ သတ်လိုက်သင့်တာ၊ စိတ်မကောင်းစရာပဲ ခင်ဗျားရဲ့ သနားတတ်တဲ့ စိတ်ကြောင့် အခု ခင်ဗျား ဒီလို အခြေအနေမျိုး ဖြစ်သွားတာ၊ ဟားဟားဟား နည်းတောင် နည်းသေးတယ်”

ဟွမ်ကျင့်ရမ်က အားပါးတရ ရယ်မောနေသည်။ ဟွမ်ထျန်းချန်၏ သနားကြင်နာမှုကို ကျေးဇူးမတင်ဘဲ ဟွမ်ထျန်းချန်၏ သနားတတ်သော စိတ်ကြောင့် သူ ယခုကဲ့သို့ လုပ်နိုင်ခြင်း ဖြစ်သည်ဟုပင် တွေးနေ၏။

ဤလူသည် တကယ်တမ်းတွင် ဟွမ်ထျန်းချန်၏ တူ ဖြစ်လေသည်။ သူ့ဖခင်က ဟွမ်ထျန်းချန်၏ လက်ထဲ၌ ဆိုးရွားစွာ သေဆုံးခဲ့ပြီးနောက် ဟွမ်ကျင့်ရမ်က တမင်သက်သက် လက်စားချေချင်နေခဲ့သည်။

သူသည် မြေအောက်လောက ဘုရင်မဘက်သို့ တိတ်တဆိတ် ခိုဝင်ခဲ့ပြီးနောက် မြေအောက်လောက ဘုရင်မ၏ အကူအညီဖြင့် ဟွမ်ထျန်းချန်ကို တစ်ချက်တည်းဖြင့် ပြုတ်ကျအောင် လုပ်ခဲ့ပြီး ဟွမ်မိသားစု၏ အရာအားလုံးကို သိမ်းယူခဲ့သည်။

“မင်း ငါ့ကို မုန်းချင်မုန်း၊ ဒါပေမဲ့ ယွီလင်းမှာ အပြစ်မရှိဘူး၊ သူက မင်းညီမလေ၊ မင်း သူ့ကို ဘယ်လိုလုပ် ဒီလို ဆက်ဆံရတာလဲ”

ဟွမ်ထျန်းချန်က ဒေါသတကြီး ကြုံးဝါးနေသည်။

ဟွမ်ကျင့်ရမ်က သုန်မှုန်စွာ ပြုံးလိုက်သည်။

“ကျူပင်ခုတ်တုန်း ကျူငုတ်ကို ချန်ထားခဲ့ရင် နွေဦးလေ တိုက်ခတ်လာရင် ပြန်ပေါက်လာမှာပေါ့၊ ကျုပ် ခင်ဗျားလို အမှားမျိုး လုပ်မှာ မဟုတ်ဘူး”

ဟွမ်ယွီလင်းသည် ဟွမ်ကျုံးလီ စိတ်ဝိညာဉ် အရင်းအမြစ်ကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ သူမကိုသာ မြန်မြန် မရှင်းပစ်လျင် သူမ အောင်မြင်လာချိန်၌ ဟွမ်ကျင့်ရမ် သေပေလိမ့်မည်။

ထို့ကြောင့် ဟွမ်ကျင့်ရမ်က တန်း၍ ရှင်းပစ်ကာ သူမအား တော်ဝင်မြို့တော်သို့ ပို့၍ မြေအောက်လောက ဘုရင်မအား ဆက်သလိုက်သည်။

ဟွမ်ကျင့်ရမ်က ပြုံး၍ ဆက်ပြောသည်။

“ဦးလေး ပြီးခဲ့တဲ့နှစ်ရက်က မြေအောက်လောက ဘုရင်မက ဆေးရှာနေတယ်လို့ ပြောတယ်၊ ခင်ဗျားသမီးကို ရှစ်ပိုင်းပိုင်းပြီး စားမယ်နဲ့တူတယ်”

“အင်း … ဟွမ်ကျုံးလီကို ပိုင်ထားတာကိုး၊ တွေးလိုက်တိုင်း အားကျသလိုတောင် ခံစားရတယ်”

“မင်း … မင်း လူမဟုတ်ဘူး”

ဟွမ်ထျန်းချန် ရှေ့သို့ပြေးတက်၍ ဟွမ်ကျင့်ရမ်အား အသည်းအသန် တိုက်ခိုက်ချင်ပါသော်လည်း တင်းကြပ်စွာ သံကြိုး ချည်ခံထားရသဖြင့် လှုပ်တောင် မလှုပ်နိုင်ချေ။

သူ စိတ်ပျက်ကာ ဝမ်းနည်းနေပြီး ဟွမ်ကျင့်ရမ်အား ဓားတစ်ထောင်ဖြင့် ခုတ်ပိုင်းပစ်ချင်နေ၏။ သူ၏ အရင် သံယောဇဉ်ကြောင့် သူ့ညီ၏ တစ်ဦးတည်းသော သားကို မသတ်ရက်ဘဲ ညီဖြစ်သူ၏ မျိုးဆက်ကို ချန်ထားခဲ့သည်။

သို့သော် ဤမျိုးမစစ်ကောင်လေးက အလွန် ရည်မှန်းချက် ကြီးမားလိမ့်မည်ဟု သူ ထင်မထားမိပါ။ သူသည် ကျေးဇူးမတင်ရုံသာမက ဟွမ်မိသားစု တစ်ခုလုံးကိုပင် ပြန်သတ်ခဲ့သည်။

သူ့သမီးနှင့်အတူ အားလုံးကို တော်ဝင်မြို့တော်မှ မိစ္ဆာမ၏ စားတော်ပွဲအဖြစ် ပို့ခဲ့သည်။ ဤသည်က ဟွမ်ထျန်းချန်အတွက် အသတ်ခံရခြ်ငးထက် ပို၍ နာကျင်စေ၏။

“သွားသေလိုက်”

ဟွမ်ကျင့်ရမ်က ဒေါသတကြီး ဟွမ်ထျန်းချန်၏ မျက်နှာကို ပိတ်ကန်သဖြင့် တံခါးခုံနှင့် ရိုက်မိကာ သူ့နောက်စေ့မှ သွေးများ ထွက်လာသည်။

ရက်အတော်ကြာအောင် အစာမစားရ၊ ရေမသောက်ရသဖြင့် ဟွမ်ထျန်းချန် အားပြတ်နေသည်။ ဤကန်ချက်က သူ့အား သတိလစ်လုနီးပါး ဖြစ်သွားစေသည်။

“ဒါနဲ့ ဟွမ်ထျန်းချန်၊ ကျုပ် မှတ်မိသလောက်ဆို ခင်ဗျားမိန်းမရဲ့ မိသားစုကလည်း ရှုကျိုးမှာ ရှိသလားလို့၊ ဟုတ်တယ်မလား”

ရုတ်တရက် ဟွမ်ကျင့်ရမ်က စဉ်းလဲသော အပြုံးမျိုး ပြုံးလာသည်။

*ဘာ*

ဟွမ်ထျန်းချန် ထိတ်လန့်သွားပြီး သူ့အား ဒေါသတကြီး ကြည့်လိုက်သည်။

“မင်း ဘာလုပ်ချင်တာလဲ”

“ခင်ဗျား ခယ်မလေးက မကြာသေးခင်ကမှ သားလေး မွေးတယ်လို့ ကျုပ် ကြားထားသလိုပဲ၊ မြေအောက်လောက ဘုရင်မရဲ့ အကြိုက်ဆုံးအရာက ကလေးတွေဆိုတာ ခင်ဗျားလည်း သိတာပဲလေ၊ အထူးသဖြင့် မွေးကင်းစ ကလေးတွေပေါ့”

“ဒါပေမဲ့ ပြီးခဲ့တဲ့ နှစ်နှစ်က မြေအောက်လောက ဘုရင်မရဲ့ အစားသောင်းကျန်းမှုကြောင့် အင်ပါယာထဲမှာ မွေးကင်းစတွေ ရှာတွေ့ဖို့ ခက်သွားတယ်၊ ကျုပ်သာ အဲ့ကလေးကို မြေအောက်လောက ဘုရင်မဆီမှာ ဆက်သလိုက်ရင် သူ တော်တော် ပျော်သွားမှာ”

နောက်ဆုံးတွင် ဟွမ်ကျင့်ရမ်၏ စဉ်းလဲသော အပြုံးက ပိုပို၍ ပီပြင်လာသည်။ သူ့စိတ်ထဲမှ ပျော်ရွှင်မှုကို တစ်စက်ကလေးမှ ဖုံးဖိမရချေ။

ဟွမ်ထျန်းချန်က ဟွမ်ကျင့်ရမ်ကို မယုံနိုင်သလို ကြည့်လိုက်သည်။

“မင်း သူတို့ကိုတောင် အလွတ်မပေးချင်ဘူးလား”

“ဟုတ်တယ် ဘာလို့လဲဆိုတော့ ခင်ဗျား နာကျင်နေရတာကို ကြည့်ရတာကို ကျုပ် သဘောကျလို့လေ ဟားဟားဟား”

ဟွမ်ကျင့်ရမ်က ကျယ်လောင်စွာ ရယ်မောနေသည်။ ဟွမ်ထျန်းချန် ပိုနာကျင်လေ သူ ပိုရလေပင်။

“ဟွမ်ကျင့်ရမ် မင်းအဖေ သေသွားလို့ ငါ့ကို မင်း မုန်းနေတာကို ငါ သိတယ်၊ မင်း တစ်ခုခု လုပ်ချင်ရင် ငါ့ကိုပဲလုပ်၊ သူတို့က အပြစ်မရှိဘူး၊ ငါ မင်းကို တောင်းပန်တယ်၊ ငါ မင်းကို တောင်းပန်ပါတယ်ကွာ၊ သူတို့ကို ချမ်းသာပေးပါ”

ဟွမ်ထျန်းချန် မျက်ရည် ဒလဟော ကျဆင်းနေပြီး ရန်သူအား အနူးအညွတ် တောင်းပန်နေသည်။

“မဟုတ်ဘူး၊ မဟုတ်ဘူး၊ ကျုပ်အဖေ သေလို့ ခင်ဗျားကို လုံးဝ မမုန်ဘူး၊ ဘာလို့လဲဆိုတော့ အာ … သူ့ကို သစ္စာဖောက်ဖို့ အားပေးလိုက်တာ ကျုပ်ပဲ”

ဟွမ်ကျင့်ရမ်က အံ့ဩစရာကောင်းသော စကားကို ပြောလာသည်။

ဟွမ်ထျန်းချန် မှင်တက်သွားပြီး ခေါင်းမော့၍ ဟွမ်ကျင့်ရမ်အား အလန့်တကြား ကြည့်လိုက်သည်။

“ကျုပ် စိတ်မကောင်းပါဘူး ဦးလေး၊ တကယ်တော့ ရည်မှန်းချက် ကြီးမားနေတာ သူ မဟုတ်ဘူး၊ ကျုပ်ပဲ၊ အခြားသူတွေကို နောက်ကွယ်ကနေ ထိန်းချုပ်နေတဲ့ ခင်ဗျားကြီးကို ကျုပ် အမြဲ ကြည့်မရ ဖြစ်နေတာ၊ အရည်အချင်းနဲ့ နည်းလမ်းတွေအရဆို ကျုပ်က ခင်ဗျားထက် ပိုသာတယ်၊ ဘာလို့လဲ၊ ကျုပ်တို့အားလုံးက ဟွမ်မျိုးရိုးကို ခံယူထားပြီး ဘာလို့ ကျုပ်တို့က အိမ်တော်ရဲ့ အရှင်သခင်တွေ မဖြစ်နိုင်ရတာလဲ”

ဟွမ်ကျင့်ရမ် ပြုံးနေသည်။

“အဲ့ဒါကြောင့် ကျုပ် အဲ့အဘိုးကြီးကို ခင်ဗျားကို သစ္စာဖောက်ပြီး အခြားသူတွေနဲ့ တိတ်တဆိတ် ပူးပေါင်းဖို့ ကျုပ် အားပေးခဲ့တာ၊ ကျုပ်အကြံက ပြည့်စုံတယ်လို့ ထင်ခဲ့ပင်မယ့် ခင်ဗျားကံက တော်တော် ကောင်းနေခဲ့တာ …”

“ခင်ဗျား အဲ့သောက်ယဲ့ဘုရင်နဲ့ ဆုံပြီးတော့ ခင်ဗျားကို အန္တရာယ်တွင်းထဲကနေ ခဏခဏ ကယ်ခဲ့တယ်၊ မဟုတ်ရင် ကျုပ်အကြံတွေအောက်မှာ ခင်ဗျား ပိုးဆိုးပက်စက် သေနေလောက်ပြီ”

*လတ်စသက်တော့ အစပျိုး ကြံစည်တဲ့သူက သူ ဖြစ်နေတာကိုး*

ဟွမ်မိသားစု၏ ခေါင်းဆောင်နေရာကို တကယ် လုယူချင်နေသူက သူ့ညီ မဟုတ်ဘဲ သူ့တူ ဖြစ်နေခဲ့သည်ပဲ။

“ကံကောင်းချင်တော့ အဲ့ယဲ့ဘုရင် သေသွားတယ်၊ အခု သူ့လူတွေကလည်း ရှင်းလင်းခံရပြီ။ နောက်ဆုံးတော့ ဟွမ်မိသားစုရဲ့ ခေါင်းဆောင်နေရာကို ကျုပ် မြဲမြဲ ထိုင်နိုင်ပြီပေါ့၊ ဟားဟားဟား”

သူ အိပ်မက်မက်နေသော အရာက နောက်ဆုံးတွင် သူ့လက်ထဲသို့ ကျရောက်လာလေပြီ။

ဟွမ်ထျန်းချန် သူ့ရှေ့၌ ခွေးတစ်ကောင်လို ဒူးထောက်နေသည်ကို မြင်ရခြင်းက မိန်းမတစ်ယောက်နှင့် ပျော်ပါးခြင်းထက် အဆတစ်ရာမက ပျော်စရာ ကောင်းလှသည်။

“ကျင့်ရမ် ကျေးဇူးပြုပြီး သူတို့ကို ချမ်းသာပေးပါ”

ဟွမ်ထျန်းချန် ကြံရာမရ ဖြစ်နေသည်။ လက်ရှိတွင် သူ ဟွမ်ကျင့်ရန်ကို မုန်းချင်သည့် သတ္တိတောင်မှ မရှိတော့ချေ။ ဟွမ်ကျင့်ရမ်ကို တောင်းပန်၍ သူ့ယောက္ခမ မိသားစုအား အလွတ်ပေးရန် တောင်းပန်ရန်သာ တတ်နိုင်ပေသည်။ သူ့ကြောင့်နှင့် အခြားသူများ ကံဆိုးမိုးမှောင်ကျရမည်ကို သူ ဘယ်သောအခါမှ မလိုချင်ပါ။

“ဒါက အကူအညီတောင်းတဲ့ အပြုအမူလား၊ ခင်ဗျား ဒူးမထောက်ရင် ကျုပ်တို့ ဟွမ်မိသားစု သခင်ကြီးက ခင်ဗျား စိတ်ရင်းအမှန်ကို ဘယ်လိုလုပ် သိနိုင်မှာလဲ”

ဟွမ်ကျင့်ရမ်၏ ဘေးနားမှ တစ်ယောက်က မာန်မဲလေသည်။ သူ့နာမည်သည် လီတုန်မင် ဖြစ်သည်။ သူသည် အစက ဟွမ်ထျန်းချန်၏ စီးပွားဖက် ဖြစ်သည်။ သို့သော် ဟွမ်ထျန်းချန် ကျဆင်းသွားသည်နှင့် သူက ဟွမ်ကျင့်ရမ်ဘက်သို့ ပြောင်းသွားသည်။

“ဟုတ်တယ် ခင်ဗျားက အခြားသူတွေကို ရိုရိုကျိုးကျိုး မတောင်းဆိုတာနဲ့ အသားကျနေတာပဲ၊ ခွေးတစ်ကောင် ဖြစ်လာရင်တော့ ခွေးနဲ့တူရမှာပေါ့”

“ဘော့စ်ဟွမ် ခွေးလိုနှစ်ခါဟောင်ဖို့ သင်ပါလား၊ ဟားဟားဟား”

“ခွေးလိုနှစ်ခါဟောင်ဖို့ သင်ရမယ် ဟုတ်လား၊ ဒါဆို ဘော့စ်ဟွမ်က ခွေးအိုကြီး ဖြစ်မသွားဘူးလား”

လူတိုင်းက ပျက်ရယ်ပြုနေပြီး စကားတိုင်းတွင် မထီမဲ့မြင် ပြုမူများ ပါဝင်နေ၏။

ဟွမ်ထျန်းချန်၏ နဖူးကြောများ ထောင်တက်နေပြီး သွားတစ်ချောင်း ကြေမွလုနီးပါး ဖြစ်နေသည်။ သို့သော် သူ့မိသားစုအတွက် သူ ဒူးထောက်၍ ဟွမ်ကျင့်ရမ်အား တောင်းပန်ရန် ရွေးချယ်လိုက်သည်။

“ကျင့်ရမ် ကျေးဇူးပြုပြီး သူတို့ကို လွှတ်ပေးပါ”

“ကောင်းပြီလေ၊ ဒါပေမဲ့ ကျုပ်မိတ်ဆွေက ခင်ဗျား ခွေးလို နှစ်ခါ ဟောင်တာကို ကြားချင်နေတာ ကြည့်ပါလား …”

ဟွမ်ကျင့်ရမ်က သူ့အား အပြုံးတစ်ဝက်နှင့် ကြည့်နေပြီး မျက်လုံးတွင် ရက်စက်ယုတ်မာမှုများ ပြည့်နှက်နေ၏။

ဟွမ်ထျန်းချန် မျက်နှာ ပြာနှမ်းသွားပြီး လက်သည်းက အသားထဲ စိုက်သွားကာ သွေးများ စိမ့်ထွက်လာသည်။ ယခုခါတွင် သူ့အတွက် သေခြင်းကပင် စိတ်အေးရာ ဖြစ်လာလေသည်။

“ဝုတ် ဝုတ် ဝုတ် … ဝုတ် ဝုတ် ဝုတ်”

လူတိုင်း အားပါးတရ ရယ်မောကြသည်။

“တကယ်ကြီးလား၊ တကယ် ဟောင်တာလားဟ”

“ဘော့စ်ဟွမ်က တကယ်ကြီး ဘယ်လိုဟောင်ရမလဲ သင်လိုက်တာပဲ၊ ငါ အထင်မမှားဘူးပဲ ဟားဟား”

“ဟွမ်းထျန်းချန် ခင်ဗျားက တကယ် အရှက်မရှိတာပဲ၊ ခွေးလိုဟောင်ဖို့ ဘယ်လိုတောင် သင်ထားတာလဲ၊ အင်း … ခင်ဗျားက ခွေးလောက်တောင် မကောင်းတာကို ကျုပ် ယုံသွားပြီ”

“ဦးလေး ခင်ဗျားက တကယ်ကို လူကောင်းပဲ၊ အခြားသူတွေအတွက် ကိုယ့်ကိုယ်ကိုယ် အနာခံတာပဲ၊ ကျုပ်ကို တကယ် ဘဝင်ခိုက်သွားစေပြီဗျာ”

ဟွမ်ကျင့်ရန်က ခံစားချက်အပြည့်ဖြင့် ပြောလာသည်။

“ဒီတော့ ကျုပ် ခင်ဗျားကို လက်ဆောင်ပေးဖို့ ပြင်ရမှာပေါ့”

“ဖျောက်”

ဟွမ်ကျင့်ရမ် လက်ဖျောက်တီးလိုက်သည်။ ထိုအခါ သူ့လူများက သွေးစွန်းနေသော အဝတ်အိတ်တစ်အိတ်နှင့်အတူ ရောက်လာသည်။

အိတ်ကို ခါလိုက်သောအခါ လူ့ဦးခေါင်းပြတ်များစွာ လိမ့်ကျလာ၏။ ထိုဦးခေါင်းပြတ်များကို မြင်သောအခါ ဟွမ်ထျန်းချန် အကြောသေသကဲ့သို့ တောင့်တင်းသွားပြီး သူ့မျက်လုံးတွင် မတောမသတ်နိုင်သော စိတ်ထိခိုက် ကြေကွဲမှုနှင့် မျှော်လင့်ချက် မဲ့ခြင်းတို့ ပြည့်နှက်လာသည်။

ဤဦးခေါင်းပြတ်များ၏ ပိုင်ရှင်ကို သူ သိပါသည်။ သူ့ယောက္ခမ သူ့ခယ်မနှင့် တစ်မိသားစုလုံး ဆိုးဆိုးရွားရွား သေဆုံးသွားခဲ့သည်။

ဟွမ်ထျန်းချန်၏ အရှေ့သို့ လိမ့်ကျလာသော ခေါင်းပြတ်များသည် ပါးစပ်များ ပွင့်နေကာ မျက်နှာ ဖြူရော်နေပြီး အမူအရာများက ရှုံ့မဲ့နေသည်။ မသေခင် လူမဆန်စွာ နှိပ်စက်ခံခဲ့ရမှန်း သိသာလှသည်။

ဟွမ်ကျင့်ရမ် သူ့ကို လိမ်ခဲ့သည်။

ဟွမ်ကျင့်ရမ်က လူလွှတ်၍ သူတို့တစ်မိသားစုလုံးကို သတ်စေပြီး ဟွမ်ထျန်းချန်အား ဒူးထောက်ခိုင်းခြင်းက လှောင်ပြောင် စော်ကားခြင်းသာ။

“ဘယ်လိုလဲ လက်ဆောင်ကို သဘောကျလား”

ဟွမ်ကျင့်ရမ်က ထူးဆန်းသော အပြုံးမျိုး ပြုံးနေပြီး ဟွမ်ကျင့်ရမ်၏ လက်ရှိ အမူအရာကို သဘောခွေ့နေ၏။

ဟွမ်ထျန်းချန် ယခု ပြိုလဲတော့မည်ဟု သူ ခန့်မှန်းထားသည်။ ဟွမ်ထျန်းချန် ဆွံ့အနေပြီး သူ့အား မုန်းတီးစွာ စိုက်ကြည့်၍ နုတ်နုတ်စင်းချင်စိတ် ပေါက်နေသည်။

“ဟွမ်မိသားစုခေါင်းဆောင်ကို စိုက်ကြည့်ရဲတယ်ပေါ့လေ၊ မင်း သေချင်နေပြီနဲ့တူတယ်”

ရုတ်တရက် လူဝကြီးတစ်ယောက်က ရှေ့တက်လာပြီး ဟွမ်ထျန်းချန်ကို ကန်ကျောက်သဖြင့် ရှေ့သွားများ ကျွတ်ကုန်သည်။

ဟွမ်ထျန်းချန် ခေါင်းမူးသွားပြီး ပါးစပ်မှ သွေးများ ထွက်လာသည်။

“တကယ်တော့ ကျုပ် ဒီနေ့ လာတာက ကျုပ် ကစားရတာ ပျင်းလာပြီလို့ ခင်ဗျားကို ပြောမလို့ပဲ၊ အဲ့တော့ ခင်ဗျား သေလို့ရပြီ”

ဟွမ်ကျင့်ရမ်က ကောက်ကျစ်စွာ ပြုံးပြီး သူ့လူများကို မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။

ထိုအခါ လူတစ်ယောက်က ဟွမ်ထျန်းချန်ထံသို့ ဓားဖြင့် လျှောက်လာပြီး ဆံပင်ကို ဆွဲကိုင်ကာ ဓားအား သူ့လည်ပင်းပေါ် တင်လိုက်သည်။

ဟွမ်ထျန်းချန်က မျက်ရည်များဝေ့နေသော မျက်လုံးတို့ဖြင့် ကြွေးကြော်လိုက်သည်။

“အသင် ကောင်းကင်ဘုံ၊ ဒီလောကထဲမှာ နတ်ဘုရားတွေ တကယ် ရှိရင် ဒီခွေးတိရစ္ဆာန်တွေကို သူတို့နဲ့ ထိုက်တန်တဲ့ ဝဋ်လည်ခြင်းမျိုး ခံရအောင် လုပ်ပ‌ေးပါ”

ထိုစကားကို ကြားသော် ဟွမ်ကျင့်ရမ်နှင့် အခြားသူများက ခွက်ထိုးခွက်လန် ရယ်မောကြသည်။ ဤလောက၌ ဝဋ်လည်ခြင်းဆိုတာ တကယ် တည်ရှိလျင် မကောင်းသောလူများ ဘယ်လိုလုပ် မြောက်များစွာ ရှိလာမည်နည်း။

“ကောင်းကင်ဘုံက သေပြီ၊ နတ်ဆိုးဧကရာဇ်ကပဲ အာဏာကို ဆုပ်ကိုင်ထားတာ၊ နတ်ဘုရားက မကယ်နိုင်ရင် နတ်ဆိုးကို ကယ်ခိုင်းလိုက်”

ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာ၏။ လူတိုင်း အကြီးအကျယ် မျက်နှာပျက်သွားပြီး တစ်စုံတစ်ယောက်က ဟွမ်ကျင့်ရမ်ကို ဤသို့ ပြောရဲသည်ကို မယုံနိုင် ဖြစ်နေပုံရသည်။

ထိုအခိုက်တွင် လူတိုင်း အသံလာရာသို့ လှမ်းကြည့်လိုက်သည်။ ထိုအခါ အနက်ရောင် နဂါးဝတ်ရုံကို ဝတ်ဆင်ထားသော လူတစ်ယောက်က တံခါးဝ၌ ရပ်နေပြီး ခါးတွင် ဓားရှည်တစ်လက်ကို ချိတ်ဆွဲထားကာ တစ်ကိုယ်လုံး လူသတ်ချင်သော အငွေ့အသက်များ ထွက်ပေါ်နေသည်ကိုတွေ့လိုက်ရသည်။

ယဲ့ဖန်ကို မြင်လိုက်သောအခိုက်တွင် ဟွမ်ကျင့်ရမ်နှင့် ဟွမ်ထျန်းချန်တို့ ပြင်းထန်စွာ တုန်လှုပ်သွားကြပြီး ကြောက်လန့်သော အမူအရာများ ပေါ်လာကာ သူတို့ မြင်နေရသော အရာကို မယုံကြည်နိုင် ဖြစ်သွားကြသည်။

*အဲ့ဒီလူ ပြန်လာပြီ*

All Chapters