အခန်း ၁၅၆၆
Vol. 105 Ch. 1566
Chapter 1566 နတ်ဆိုးဧကရာဇ် အာဏာ ပြန်ရပြီ
“ဟားဟားဟား ဒီအရူးက ဘယ်ကလာတာလဲ၊ ဒါက ဘာခေတ်လဲ၊ အခုထိ ဒီကောင်က နဂါးဝတ်ရုံ ဝတ်နေသေးတာလား၊ နဂါးဝတ်ရုံ ဝတ်လိုက်တာနဲ့ ဧကရာဇ် ဖြစ်ပြီလို့ ထင်နေတာလား”
အခြားသူများက ဝါးလုံးကွဲမတတ် ရယ်မောကြသည်။
*ဒီအရူးက ဘယ်ကလာတာလဲ၊ နဂါးဝတ်ရုံ ဝတ်လာပြီး ရယ်ရအောင် လာလုပ်နေတာလား*
ထို့နောက် လူဝကြီးက ယဲ့ဖန်ထံသို့ အပြုံးဖြင့် လျှောက်သွားလေသည်။
“ဒီအရူး ဘယ်ကလာလဲတော့ ငါ မသိဘူး၊ မင်းက ငါ့ဟွမ်မိသားစုရဲ့ အိမ်တော်မှ ပြဿာနာ လာရှာရဲတယ်ပေါ့လေ၊ မင်း အသက်ရှင်ရတာ ပင်ပန်းနေပြီနဲ့ တူတယ်၊ အဲ့တော့လည်း မင်းကံကြမ္မာကို လက်ခံလိုက်ပေါ့”
ထိုကြုံးဝါးသံနှင့်အတူ ဧရာဓားကိုဝင့်၍ ယဲ့ဖန်၏ မျက်နှာကို ခုတ်ပိုင်းလေသည်။ သို့သော် ယဲ့ဖန်က သူ့ကို မမြင်သကဲ့သို့ တစ်လှမ်းချင်း လျှောက်လာ၏။
လူတိုင်း အံ့ဩသွားသည်။
*ဒီကောင်က တကယ် ရူးနေတယ်နဲ့ တူတယ်၊ သူ့အရှေ့မှာ သူတော်စင်သခင်အဆင့် ရပ်နေတာကို မသိဘူးလား*
*မင်း ဘယ်လိုတောင် မောက်မာရဲတာလဲ*
*ဒါ သေတွင်းတူးနေတာနဲ့ အတူတူ ဖြစ်မနေဘူးလား*
“သေချင်နေတာပဲ”
ထိုလူဝကြီးသည်လည်း လျစ်လျူရှုခံရသည်ဟု ခံစားမိပြီး ချက်ချင်း အော်ဟစ်၍ လက်ထဲမှ ကိုင်ထားသော ဓားထံ အားပိုထည့်လိုက်သည်။
ထိုစဉ် ယဲ့ဖန်က ဆတ်ခနဲ ရိုက်လိုက်၏။
“ဖြောင်း”
ထိုလူဝကြီး ပေါက်ကွဲ၍ သေဆုံးသွားပြီး အရိုးများပင် မကျန်တော့ချေ။ သွေးအိုင်သာ မရှိလျင် တစ်ခါမှ မရှိခဲ့ဟုပင် ထင်မှတ်မှားရလောက်သည်။
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။
*ဘယ်လိုဖြစ်ရတာလဲ*
*သူတော်စင်သခင်အဆင့်က ဘယ်လို ဖြစ်တာလဲ၊ မျက်တောင်တစ်ခတ်အတွင်း ဘယ်လိုလုပ် အစအနမရှိ ပျောက်ကွယ်သွားတာလဲ*
ယခုအချိန်အထိ ထိုသူတော်စင်သခင်အဆင့် သေသွားသည်ကို သူတို့ သတိမပြုမိသေးချေ။
“မဖြစ်နိုင်ဘူး၊ လုံးဝ မဖြစ်နိုင်ဘူး’”
ထိုသို့သောအချိန်၌ ဟွမ်ကျင့်ရမ် ရုတ်တရက် ထအော်လာပြီး တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ယင်နေကာ မျက်လုံးတွင် အလွန်အမင်း သွေးပျက်နေဟန်များ ပေါ်နေသည်။
လူတိုင်း မှင်တက်သွားကြသည်။ အဘယ်ကြောင့် ဟွမ်ကျင့်ရမ်က ရုတ်တရက် အလွန် စိတ်လှုပ်ရှားလာသလဲ သူတို့ မသိကြချေ။
“မင်းက သေပြီးသားလေ၊ ဘယ်လိုလုပ် ဒီလို ဖြစ်ရတာလဲ”
ဟွမ်ကျင့်ရမ် ရူးမတတ် ဖြစ်နေ၏။ လွန်ခဲ့သော သုံးနှစ်က သေသွားခဲ့သော နတ်ဆိုးတစ်ကောင်က သုံးနှစ်အကြာ၌ ပြန်ရောက်လာသည်တဲ့လား။
ဤသည်က အိပ်မက်လိုပင်။ ထို့အတူ သူ ဇာတ်သိမ်းပြီဖြစ်ကြောင်းလည်း သိလိုက်သည်။ ဤနတ်ဆိုး၏ နည်းလမ်းနှင့်ဆိုလျင် သူ့အား ခွေးတစ်ကောင်ကို သတ်သကဲ့သို့ အေးအေးလူလူ သတ်နိုင်၏။
ဟွမ်ကျင့်ရမ်၏ သရဲသဘက်ကို တွေ့ရသကဲ့သို့ ဖြစ်နေသော အမူအရာကို ကြည့်ပြီး လူတိုင်း သွေးမပျက်ဘဲ မနေနိုင်ဖြစ်ကာ စိုးရိမ်တကြီး မေးလိုက်သည်။
“ဟွမ်မိသားစုခေါင်းဆောင် သူက ဘယ်သူလဲ”
“ယဲ့ဘုရင်”
ယဲ့ဖန်က ထိုမေးခွန်းကို ဟွမ်ကျင့်ရမ်အစား ဖြေလိုက်သည်။
“အိ”
ထိုအခါ လူတိုင်းသည် သွေးပျက်သော အမူအရာများ ဖြစ်သွားကြပြီး ရင်ကွဲပက်လက် ဖြစ်သွားကြသည်။
“ငါ နားကြားမှားတာ၊ ငါ နားကြားမှားတာ၊ သူက ယဲ့ဘုရင်လို့ ပြောလိုက်တာလား ဟားဟားဟား ... အီးဟီးဟီး ...”
လီတုန်မင်သည် အစ၌ ရယ်နေပြီးနောက် အော်ငိုလေတော့သည်။ သူ၏ ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်သော စိတ်က အလုပ်မဖြစ်ချေ။ လက်ရှိတွင် သူသည် နာကျင်မှုကြောင့် ငိုယိုနေလေသည်။
အခြားသူများလည်း ထိုနည်းတူပင်။ သူတို့၏ မျက်နှာ၌ အလွန် ကြောက်ရွံ့ဟန်များ ပေါ်လွင်နေ၏။
“ဘာလို့ ဒီလို ဖြစ်ရတာလဲ၊ မင်း သေသွားတာ အသိသားကြီးလေ၊ မင်းက သေသွားပြီးပြီကို”
တစ်စထက်တစ်စ လူအများ ကြောက်လန့်လာကြပြီး အက်ကွဲနေသော အသံဖြင့် အော်ငိုကြလေသည်။ ယင်းက အမှန် ဖြစ်နေလိမ့်မည်ဟု သူတို့ မယုံနိုင်ပါ။
လွန်ခဲ့သော သုံးနှစ်က အင်ပါယာတစ်ခုလုံးကို အုတ်အော်သောင်းနင်း ဖြစ်စေခဲ့သော ထိုအမျိုးသားက ယခု ပြန်ရှင်လာလေပြီ။
*မဟုတ်မှလွဲရော သူ့ကြောင့် အင်ပါယာရဲ့ ကောင်းကင်က ထပ်ပြီး မှောင်မိုက်လာဦးမှာလား*
*ကောင်းကင်ကို အုပ်စိုးလာဦးမှာပေါ့*
လက်ရှိတွင် သည်းခြေအပျက်ဆုံးလူမှာ ဟွမ်ကျင့်ရမ်ပင်။ အဘယ်ကြောင့်နည်း။
သူသည် ဟွမ်မိသားစု ခေါင်းဆောင်၏ နေရာကို သိမ်းပိုက်ရန် ဆယ်နှစ်ကျော် ပြင်ဆင်ခဲ့သည်။ သူသည် သစ္စာဖောက်တတ်ပြီး မသင်္ကာစရာ ကောင်းသောသူ ဖြစ်ကာ သူ အနိုင်ရရန် မသေချာမချင်း သူ့အစွယ်များကို ဘယ်သောအခါမှ ထုတ်မပြချေ။
ထို့ကြောင့် ယဲ့ဖန် သေသွားပြီး သုံးနှစ်လုံးလုံး သူ့ရည်မှန်းချက်ကို စိတ်ထဲ၌ နက်ရှိုင်းစွာ သိမ်းဆည်းထားသဖြင့် ဟွမ်ထျန်းချန်သည် နာမည်ကြီး တက္ကသိုလ်မှ ဘွဲ့ရခဲ့သော သူ့တူက ဝံပုလွေစိတ်ရှိသူ ဖြစ်မှန်း မသိခဲ့ပေ။
အမျိုးသမီးများကို ကြင်နာပြတတ်သူများထဲမှ ရက်စက်ယုတ်မာသူများသည် ပညာတတ်များ ဖြစ်သည်ဟူသော စကားလိုပင်။ ထိုစကားက ဟွမ်ကျင့်ရမ်၏ အကျင့်ကို ပြီးပြည့်စုံစွာ မီးမောင်းထိုးပြနေ၏။
ယဲ့ဖန် သေသွားသည်ကို စောင့်ဆိုင်းနေပြီးနောက် ဟွမ်ကျင့်ရမ်သည် ကြီးမားသော ကျောထောက်နောက်ခံ ဖြစ်သည့် မြေအောက်လောက ဘုရင်မထံ ခိုလှုံကာ တော်လှန်ရေးတပ်ကို အမြစ်ဖြတ် ချေမှုန်းခဲ့သည်။
ဟွမ်မိသားစုခေါင်းဆောင်နေရာက သူ့လက်ထဲ ကျရောက်လာသည်ကို မြင်ပြီးနောက် သူ စိတ်ပူစရာ မလိုတော့ဟု တွေးခဲ့လိုက်သည်။
သို့သော် ယခု ပြန်ပေါ်လာသော ယဲ့ဖန်၏ ပုံရိပ်က သူ့အိပ်မက်ကို လုံးဝ ကြေမွသွားစေသည်။ သူ လိုချင်သော အရာအားလုံးကို နောက်ဆုံး၌ သူ ရလာခဲ့လေပြီ။
ဆယ်နှစ်ကျော် လျို့ဝှက်ကြံစည်၍ တွက်ချက်ပြီးနောက် သူ အရာအားလုံးကို ရလာခဲ့သော်လည်း ဖင်ပူအောင် မထိုင်ရသေးခင်မှာပင် ယဲ့ဖန်က တံခါးဝသို့ ရောက်လာ၏။
သူ ဘယ်လိုလုပ် သွေးမပျက်ဘဲ၊ ကြံရာမရဘဲ ရှိနိုင်ပါမည်နည်း။
“ငါ့ညီအစ်ကိုကို သစ္စာဖောက်တာ မင်းလား”
ယဲ့ဖန်က ဟွမ်ကျင့်ရမ်အား ခံစားချက်ကင်းမဲ့စွာ ကြည့်နေသည်။ ဟွမ်ကျင့်ရမ် ထိတ်လန့်သွားပြီး မျက်နှာတစ်ခုလုံး ထိတ်လန့်သွားသည်။
ဤနတ်ဆိုးက အရာအားလုံးကို သိနေသည့်ပုံပင်။
ချက်ချင်းဆိုသလိုပင် သူ့မျက်နှာ၌ မခိုးမခန့် အပြုံး ပေါ်လာသည်။ သူသည် လှောင်ပြောင်သရော်သော အမူအရာ ပြုလုပ်ခြင်း မရှိဘဲ ယဲ့ဖန်အား တည်ငြိမ်စွာ စိုက်ကြည့်လိုက်သည်။
“ဟုတ်တော့ ဘာဖြစ်လဲ၊ ယဲ့ဖန် မင်း ငါ့ကို သတ်မယ်ဆိုတာ ငါ သိတယ်၊ ဒါပေမဲ့ နောက်ကျသွားပြီ၊ ငါ မှတ်မိသလောက်ဆို ဟွမ်ယွီလင်းက မင်းမိန်းမ ဟုတ်တယ်မလား၊ ပြောရမှာတော့ စိတ်မကောင်းပါဘူး၊ ငါ သူ့ကို မြေအောက်လောက ဘုရင်မရဲ့ စားတော်ပွဲဆီ ဆက်သလိုက်ပြီ၊ သူ မြေအောက်လောက ဘုရင်မရဲ့ ဟင်းလျာဖြစ်ဖို့ သိပ်မလိုတော့ဘူးကွ၊ ဟားဟား”
ထိုစကားကိုကြားသော် ယဲ့ဖန် မျက်မှောင်ကြုတ်သွားပြီး လေသံက ချက်ချင်း အေးစက်သွားသည်။
“မင်း အဲ့လို မလုပ်ခဲ့သင့်ဘူး၊ မင်း လုပ်ခဲ့တာအတွက် နောင်တရလိမ့်မယ်လို့ ငါ အာမခံတယ်”
“နောင်တလား”
ဟွမ်ကျင့်ရမ်က ဟာသကို ကြားလိုက်ရသကဲ့သို့ ထရယ်လိုက်သည်။
“သေရုံထက် မပိုတာကို ဘာများ နောင်တရစရာ ရှိလဲ”
“ဒါပေမဲ့ ငါ မသေခင် မြင့်မြတ်တဲ့ ယဲ့ဘုရင်ကို သူ့လက်ကျန် တစ်ဘဝလုံး နောင်တရအောင် လုပ်နိုင်ခဲ့ပြီ၊ ငါ ကျေနပ်တယ် ဟားဟား”
ဟွမ်ကျင့်ရမ်သည် သူ့ကံကြမ္မာကို လက်ခံထားပြီးပြီ ဖြစ်သည်။ မည်သို့ပင် ဆိုစေကာမူ သူ သေရမည် ဖြစ်ပြီး သူနှင့်အတူ လူပေါင်းများစွာကို သေအောင် ဆွဲချနိုင်ခဲ့သဖြင့် ကျေနပ်သည်ဟု ခံစားနေရသည်။
ယဲ့ဘုရင်၏ အမျိုးသမီးကိုတောင် သူ သတ်နိုင်ခဲ့လေပြီ။ ထိုထက် ပိုပျော်စရာကောင်းသော အရာ ရှိပါဦးမည်လော။
*မဟုတ်ဘူး*
*ထာဝရ နာမည်မကျော်ရင်တောင်မှ နှစ်ထောင်ချီလောက် လူသိများနေမှာပဲ*
*ယဲ့ဘုရင် ပြန်ရှင်လာလို့ တော်သေးတယ်၊ မဟုတ်ရင် ငါ ဒီလို အခွင့်အရေးမျိုး ရမှာ မဟုတ်ဘူး*
“သေတာ ဟုတ်လား၊ သေခြင်းတရားက ကိစ္စတော်တော်များများမှာ စိတ်အေးစရာပဲ ဆိုတာ မင်း သိလား၊ မင်း အသက်ရှင်ရမှာ ကြောက်တယ်ဆိုရင် သေတာကိုရော မကြောက်ဘူးလား”
ယဲ့ဖန်က ကြောက်စရာကောင်းသော အပြုံးမျိုး ပြုံးလိုက်သည်။ ထိုအပြုံးက လူတိုင်း၏ အမြင်တွင် ကျောချမ်းဖွယ် ကောင်းလှသည်။
အကြည့်တစ်ချက်နှင့်တင် ကြက်သီးထ၍ သည်းခြေပျက်မတတ် ဖြစ်သွားရသည်။
ဟွမ်ကျင့်ရမ်သည်လည်း ပင့်သက်ရှိုက်သွားပြီး တစ်စုံတစ်ရာကို တွေးမိသွားပုံရပြီး ချက်ချင်း ပြုံးနေရာမှ တည်သွား လေသည်။
ယဲ့ဖန်နှင့် ပတ်သက်သော ကောလာဟလများ မြောက်မြားစွာ ရှိသည်။ လူသိအများဆုံးတစ်ခုမှာ “သူ့လက်ထဲ ရောက်သွားရင် မြန်မြန်သေဖို့ ဆုတောင်းတာက ပိုကောင်းတယ်”
“မင်း ငရဲက မြင်ကွင်းကို မြင်ဖူးလား”
ရုတ်တရက် ယဲ့ဖန်က အဓိပ္ပာယ်ပြည့်ဝသော စကားတစ်ခွန်း ပြောလာ၏။ ဟွမ်ကျင့်ရမ် ကြက်သီးတဖြန်းဖြန်း ထသွားသည်။
ချက်ချင်းဆိုသလိုပင် သူ့မျက်နှာ ရှုံ့မဲ့သွားပြီး ပါးစပ်ဟ၍ လျှာကိုက်ကာ ကိုယ့်ကိုယ်ကိုယ် သတ်သေရန် ပြင်လိုက်သည်။
ဤနတ်ဆိုးအား လုပ်ချင်တာလုပ်ခွင့် သူ မပေးနိုင်ပါ။ သူ့ကို လုံးဝ လုပ်ခွင့်မပြုနိုင်ပေ။ သို့မဟုတ်ပါက သူ့ဘဝက သေသည်ထက် ဆိုးသွားလိမ့်မည်။
“ဝှစ်”
သူ ခြေတစ်လှမ်း နောက်ကျသွားလေပြီ။ သူ လျှာကိုက်၍ သတ်သေရန် ပြင်လိုက်ချိန်တွင် ယဲ့ဖန်က သူ့အရှေ့တည့်တည့်သို့ ရောက်လာ၏။
ရုတ်တရက် သူ့လက်ကိုဖြစ်၍ မေးစေ့ကို ကိုင်ကာ ဆွဲဖြုတ်လေသည်။ ဟွမ်ကျင့်ရမ်၏ မေးစေ့သည် နေရာလွဲသွားပြီး အားလျော့စွာ တွဲလောင်းကျလာသည်။ လျှာကိုက်၍ သတ်သေရန် မဆိုထားနှင့် စကားပင် မပြောနိုင်တော့ချေ။
သူ့မျက်လုံးတွင် ကြောက်စိတ်က အတောမသတ်နိုင်အောင် ပေါ်လာသည်။ သူ့တစ်ကိုယ်လုံး တဆတ်ဆတ် တုန်လှုပ်လာ၏။
သွားလေပြီ။ ဤနတ်ဆိုး၏ လက်ထဲသို့ သူ ရောက်သွားချေပြီ။ သူ ဆက်၍ ကြုံတွေ့ရမည်က မပြီးဆုံးနိုင်သော နှိပ်စက်ခြင်းပင်။
ထို့နောက်တွင်မူ ဟွမ်မိသားစုအိမ်တော်တစ်ခုလုံး၏ လေထုက ရုတ်ချည်းဆိုသလို ပြောင်းလဲသွားသည်။ ယဲ့ဖန်၏ ခန္ဓာကိုယ်မှ နတ်ဆိုးချီလှိုင်းတစ်ခု ပျံ့လွင့်လာသည်။
၎င်းသည် ထူပိန်း၍ ကြောက်စရာ ကောင်းလှသည်။
မြေဆီလွှာသည် မီးမလောင်ပါဘဲ ပြာကျလာ၏။ လေထုသည် အက်ကွဲလာပြီး အပိုင်းအစများ ကျဆင်းလာ၏။
“ဒါ … ဒါ ဘာကြီးလဲ”
“သေစမ်း ဘာလို့ မှောင်လာတာလဲ”
လူတိုင်း ချောက်ချားသွားပြီး လက်ရှိတွင် တစ်လောကလုံး နေကြတ်သကဲ့သို့ မှောင်လာသည်။ ရုတ်တရက် ကြောက်စရာကောင်းသော လေချွန်သံက သူတို့နားနားကပ်၍ ထွက်ပေါ်လာသဖြင့် ကြက်သီးထလာ၏။
မြေဆီလွှာ တစ်ခုလုံး မီးသင့်လာပြီး ဦးခေါင်းခွံများ တစ်ခုပြီး တစ်ခု ထွက်ပေါ်လာ၏။ ထို့နောက် ဟွမ်ကျင့်ရမ်အောက်၌ အဆုံးမရှိသော ချောက်နက်တစ်ခုကို သူတို့ တွေ့လိုက်ရသည်။
ချောက်နက်သည် မှောင်မည်း နက်ရှိုင်းကာ မရဏရေ စီးဆင်းနေသည်။ အတောမသတ်နိုင်သော တစ္ဆေများ၏ နာကျင်စွာ အော်ဟစ်သံနှင့် ရုန်းကန်သံများ ထွက်ပေါ်နေပြီး ဤချောက်နက်မှ လွတ်မြောက်ရန် ကြိုးစားသော်လည်း မရဏရေထဲသို့ ထပ်ခါထပ်ခါ ပြန်ကျနေ၏။
ဤနာကျင်၍ ရှည်လျားသော ဖြစ်စဉ်က အဆုံးအစမဲ့စွာ တစ်ပတ်လည်နေသည်။
ဤသည်ကိုမြင်သော် ဟွမ်ကျင့်ရန် မတုန်လှုပ်ဘဲ မနေနိုင်အောင် ဖြစ်သွားပြီး သူ့မျက်လုံးတွင် ကြောက်စိတ်များနှင့် ပြည့်နှက်ကာ သွေးပျက်လာသည်။
သူသည် ယဲ့ဖန်အား ဆက်တိုက် ခေါင်းခါပြ၍ အသနားခံသော အမူအရာဖြင့် ကြည့်လိုက်သည်။ သူ့အား ဤချောက်နက်ထဲသို့ မပစ်ချရန် ယဲ့ဖန်အား အသနားခံနေသလိုပင်။
‘ဒီနေရာကို ဟစ်ကြွေးသံ ချောက်နက်လို့ ခေါ်တယ်၊ ဒီချောက်နက်ထဲမှာ ဒုက္ခခံနေရတဲ့လူတွေက အပြစ်သားတွေပဲ”
ယဲ့ဖန်က ပြုံး၍ ရှင်းပြလေသည်။ ထို့နောက် မြင်ကွင်းက ရုတ်တရက် ပြောင်းလဲသွားသည်။
မီးတောက်များက ကောင်းကင်ယံသို့ ထိုးတက်လာပြီး မြေဆီလွှာက မိုင်ထောင်ချီ၍ နီရဲလာကာ တစ်ခဏအတွင်း တောင်များနှင့် ချိုင့်ဝှမ်းများသည် တမြည့်မြည့် တောက်လောင်နေသော မီးတောက်၏ ဝန်းရံခြင်း ခံသွားရပြီး ပျက်သုဉ်းတော့မည့် မြင်ကွင်းကို မြင်လိုက်ရသည်။
အဆုံးမရှိသော မီးပင်လယ်အတွင်းတွင် ထောင်ချီသော ဝမ်းနည်းကြေကွဲနေသည့် တစ္ဆေများက နာကျင်စါာ ရုန်းကန်နေပြီး မီးတောက်များက သူတို့ကိုယ်ကို လွှမ်းခြုံထားသဖြင့် တစ်ကောင်ပြီး တစ်ကောင် ကုန်းပေါ် တက်ရန် ကြိုးစားနေကြသည်။
သို့သော် သူတို့ မည်မျှ ကြိုးစား ကူးခပ်ပါစေ မီးပင်လယ်လှိုင်းများ၏ ရိုက်ခတ်မှုကြောင့် နောက်ပြန်လန်ကျပြီး ဘယ်သောအခါမှ ကုန်းပေါ် မတက်နိုင်ကြချေ။
“ဒီနေရာကို မီးပင်လယ် အကျဉ်းထောင်လို့ ခေါ်တယ်”
ထို့နောက် မြင်ကွင်းက တစ်ဖန် ပြောင်းလဲသွားပြန်သည်။
“ဒီနေရာက ဝမ်ဖုန်း ကျန်းဖန်”
“ဒီနေရာက အရေခွံခွာ တောင်ကြား”
“ဒါက ပျက်စီးခြင်း နယ်မြေ”
ငရဲမှမြင်ကွင်းများက လူတိုင်းအရှေ့သို့ ပေါ်ထွက်လာနေပြီး မြင်ကွင်းတိုင်းက မျှော်လင့်ချက်မဲ့စရာများဖြင့် ပြည့်နှက်နေသဖြင့် အားလုံး ပိုမို၍ ကြောက်လန့်လာသည်။
“တစ်နေရာရွေးလိုက်”
နောက်ဆုံးတွင် ယဲ့ဖန်က ဟွမ်ကျင့်ရမ်အား နေရာရွေးခိုင်းလေသည်။ ဟွမ်ကျင့်ရမ် ခေါင်းကို အသည်းအသန် ခါလိုက်ပြီး မျက်လုံးတွင် မျက်ရည်များ ပြည့်နှက်လာလေသည်။
တစ္ဆေများ နှိပ်စက်ခံနေရသည့် မြင်ကွင်းကို ကြည့်ပြီး သူ ကြောက်လန့်နေပြီ ဖြစ်သည်။ ဤသည်ကိုတောင်မှ သူ့ကို ရွေးချယ်ခိုင်းနေသည်တဲ့လား။
သူ ဘယ်လိုလုပ် ရွေးချယ်ရဲမည်နည်း။ သူ ဘယ်နေရာကိုမှ မသွားချင်ပါ။ ယခုအချိန်တွင် သူ မြန်မြန်သာ သေချင်နေ၏။
“မင်း မရွေးဘူးလား၊ ဒါဆို ငါ မင်းအတွက် ရွေးပေးမယ်”
ယဲ့ဖန်၏ အပြုံးက ပို၍ ခြောက်ကပ်လာပြီး အလွန် ကြောက်စရာကောင်းသော အသွင် ဆောင်လာသည်။
“ဒီလိုဆိုရင် မင်း နေရာတိုင်းကိုသွား၊ အချိန်တိုင်း နာကျင်မှုတိုင်းကို ခံစားကြည့်”
*ဘာ*
ထိုစကား ထွက်ပေါ်လာသည်နှင့် လူတိုင်း အသက်ရှူ မှားသွားကြသည်။ နှိပ်စက်မှုတိုင်းကို ခံစားစေချင်က အဘယ်သို့သော ပြင်းထန်သည့် နာကျင်မှုကို ခံစားရမည်နည်း။ မတွေးဝံ့စရာပင်။
ငရဲဆိုသည်မှာ နှိပ်စက်မှုနှင့် ဝေဒနာတို့ဖြင့် ပြည့်နှက်နေသော နေရာဟု လူတိုင်း ကြားဖူးထားသည်။ သို့သော် ယခု မြင်လိုက်ရသောအခါ ထိုပုံပြင်က ကြွားဝါထားသော အရာ မဟုတ်ကြောင်း သိလိုက်ရသည်။
တကယ့် မြင်ကွင်းကတောင်မှ သူတို့ တွေးထင်ထားသည်ထက် ပို၍ သွေးပျက်စရာ ကောင်းလှသည်။
“ထာဝရ အပြစ်ခံစေ”
ယဲ့ဖန် နောက်ဆုံးစကား ပြောလိုက်သောအခါ ဟွမ်ကျင့်ရမ် ပြင်းစွာ တုန်လှုပ်သွားပြီး သတိလစ်ကာ ပါးစပ်မှ အမြှုပ်များ ထွက်လာသည်။ အကြောက်လွန်၍ သတိလစ်သွားခြင်းပင်။
သို့သော် ယဲ့ဖန်က ဤသည်ကြောင့်နှင့် သူ့အား မသက်ညှာပေ။ သူ့အား ဟစ်ကြွေးသံ ချောက်နက်ထဲ ပစ်ချလိုက်သည်။
ချက်ချင်းဆိုသလိုပင် သူ့အား ကြမ်းကြုတ်သော တစ္ဆေများက ကုတ်ဖဲ့တက်၍ အရေခွံ စုတ်ကြသောကြောင့် အရေပြား ကွာကျကာ အထဲမှ ကြွက်သားများနှင့် သွေးများ ပေါ်လာပြီး မရဏရေထဲ နစ်မြုပ်ကာ မရဏ ရေ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သွားသည်။
ထပ်မံ၍ ကြည့်လိုက်လျင် သူနှင့် ထိုတစ္ဆေများကြား၌ မည်သည့်ခြားနားမှုမှ မရှိတော့ချေ။