← Chapters

အခန်း ၁၅၆၇

Vol. 105 Ch. 1567

အခန်း ၁၅၆၇

Vol. 105 Ch. 1567

Chapter 1567 တော်ဝင်မြို့တော်မှ မတော်တဆ ဖြစ်ရပ်

ငရဲ။ ဤနေရာသည် လောက၌ အရက်စက်ဆုံးသော ကျိန်စာ ဖြစ်သည်မှာ မလွဲဧကန်ပင်။ သို့သော် ဤကျိန်စာက တစ်နေ့ တကယ် ဖြစ်လာလိမ့်မည်ဟု မည်သူမှ ထင်မထားမိပါ။

ယခု သူတို့၏ မျက်စိရှေ့တည့်တည့်၌ ဖြစ်နေလေပြီ။

ထူးခြားဆန်းကြယ်၍ မယုံနိုင်စရာ ကောင်းလှသည်။

ထို့နောက်တွင်မူ ယဲ့ဖန်သည် ဘာစကားမှပင် မပြောဘဲ သူတို့ကို စတ်ချက်ကြည့်လိုက်သည်။ ယင်းကပင် လူအများအား ကြောက်လန့်သွားစေသည်။

တစ်ယောက်ပြီး တစ်ယောက် မြေကြီးပေါ် ထိုင်ရက်သား လဲကျသွားပြီး အချို့ဆိုလျင် ပေါင်ခြံ၌ စိုစွတ်လာ၏။ ဥပမာ ပြောရမည်ဆိုလျင် လီတုန်မင်ပင်။

“ငါ့ကို မသတ်နဲ့၊ ငါ မသေချင်ဘူး၊ အီးဟီးဟီး … ငါ မသေချင်သေးဘူး …”

ယခုအခါတွင် သူ့ဘဝသည် ရေသဖွယ် နိမ့်လိုက်မြင့်လိုက် ဖြစ်နေ၏။

“ဒီလောကထဲက ဘယ်သူမျ မသေချင်ကြဘူး၊ ဒါပေမဲ့ ဘယ်သူမှလည်း မရှင်သန်နိုင်ဘူး၊ မေးစရာ ရှိတာက … သူတို့ ဘယ်လို သေသလဲပဲ”

ယဲ့ဖန်က လီတုန်မင်နှင့် အခြားသူများကို အပြုံးတစ်ဝက်နှင့် ကြည့်နေသည်။ ထိုစကားကိုကြားသော် သူတို့ ထိတ်လန့်သွားပြီး ယဲ့ဖန် ပြောသော စကား၏ အဓိပ္ပာယ်ကို နားလည်သွားသည်။

“ကျေးဇူးပြုပြီး ကျွန်မတို့ကို ပျော်စရာကောင်းတဲ့ အဆုံးသတ်ပဲ ပေးပါ”

ချက်ချင်းဆိုသလိုပင် အမျိုးသမီးတစ်ဦးက ယဲ့ဖန်က အောင့်သက်သက်ပြုံး၍ ကြည့်လေသည်။ သူတို့၏ ကံကြမ္မာကို နားလည်သွားပုံရသည်။

“ဒီအမျိုးသမီးက သိတတ်သားပဲ”

ယဲ့ဖန်က နတ်ဆိုးတစ်ကောင်သဖွယ် ပြုံးလိုက်ပြီး လက်တစ်ဖက်ကို ဝှေ့ယမ်း၍ ထိုအမျိုးသမီးအား ရိုက်သတ် လိုက်သည်။

ဤမြင်ကွင်းက လူတိုင်းကို ကြက်သေ သေသွားစေသည်။ ယဲ့ဖန်က အမျိုးသမီးတစ်ယောက်ကိုတောင်မှ မညှာတာလျင် သူတို့ဆိုပါက ဆိုဖွယ်ရာ မရှိတော့ပေ။

ယနေ့ မည်သူမျှ ဤနေရာက အသက်ရှင်လျက် မထွက်သွားနိုင်တော့ချေ။ ယဲ့ဖန်ကလည်း သူတို့ကို ဤအမျိုးသမီးကဲ့သို့ အသာတကြည် အသေခံမလား သို့မဟုတ် ဟွမ်ကျင့်ရမ်ကဲ့သို့ ဆိုးရွားစွာ သေဆုံးမလားဟူ၍ ရွေးချယ်စရာ ပေးလာသည်။

နောက်ဆုံးတွင် လူတိုင်းသည် လွယ်ကူသော သေခြင်းတရားကိုသာ ရွေးချယ်လိုက်ကြသည်။ ထိုသို့သောအချိန်၌ သွေးမြူခိုးများ ပျံ့လွင့်ကာ သွေးများက မြစ်သဖွယ် စီးဆင်းလာလေသည်။

ထိုစဉ် ဟွမ်ထျန်းချန်က ယဲ့ဖန်ကို တစ်ချက်ကြည့်လာပြီး ရုတ်တရက် ခေါင်းကို တစ်ဖက်လှည့်ကာ တံခါးဘောင်နှင့် ဝင်တိုက်ရန် ပြင်လိုက်သည်။

သူ ယဲ့ဖန်ကို အရှက်မဲ့စွာ ရင်ဆိုင်ရဲသည့် သတ္တိမရှိသဖြင့် သေခြင်းဖြင့်သာ အပြစ်ကြွေးဆပ်ရန် ပြင်ခြင်း ဖြစ်သည်။

“ဘုန်း”

ယဲ့ဖန်က သူ့ကို လဲကျသွားသည်အထိ ကန်ကျောက်လိုက်ပြီး အေးစက်စွာ ကြည့်နေသည်။

“ကျွန်တော့်ကို သေခွင့်ပေးပါ အရှင်၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို သေခွင့်ပေးပါ၊ ကျွန်တော် ညီအစ်ကိုတွေအတွက် တောင်းပန်ပါတယ်၊ ကျွန်တော် သေသင့်တာပါ”

ဟွမ်ထျန်းချန်က မျက်ရည်ဖြိုင်ဖြိုင်ကျ၍ နောင်တရနေသည်။

“ပါးစပ်ပိတ်ထား၊ မင်း ယောက်ျားဆိုရင် မင်းအမှားအတွက် ပေးဆပ်သင့်တယ်၊ သတ်သေတာက ထွက်ပြေးတာပဲ၊ ဒါ သွေးကြောင်တဲ့ အပြုအမူ”

ယဲ့ဖန်က ဒေါသတကြီး ငေါက်ငမ်းလိုက်သည်။

“ငါ မင်းကို နှစ်သိမ့်ဖို့ အချိန်မရှိဘူး၊ လူအများကြီးက ငါ ကယ်တာကို စောင့်နေတယ်၊ လူတော်တော်များများ ကလည်း ငါ လာသတ်တာကို စောင့်နေတယ်၊ မင်း သေချင်နေသေးတယ်ဆိုရင်လည်း သေလိုက်၊ ငါ မင်းမပါဘဲ ဆက်သွားမှာ၊ ငါ့မှာ မင်းလို ညီအစ်ကို မရှိဘူး”

ယဲ့ဖန် အေးစက်စွာ ပြောပြီး နောက်လှည့်မကြည့်ဘဲ ထွက်သွားသည်။ ဟွမ်ထျန်းချန် ချီတုံချတုံ ဖြစ်နေသေးသည်။ ယဲ့ဖန်၏ စကားများက သူ့ဦးခေါင်းထဲ ဗုံးကျဲလိုက်သလို ဖြစ်ကာ နေရာမှာတင် ကြက်သေ သေသွားစေပြီး မည်သို့ တုံ့ပြန်ရမလဲ မသိ ဖြစ်သွားသည်။

တစ္ဆေဖန့်ချီကလည်း ဟွမ်ထျန်းချန်ကို ကြည့်၍ မေးလာသည်။

“ငဟွမ်ကြီး မင်းသမီးကို မကယ်တော့ဘူးလား”

ထိုစကားကို ကြားသောအခါ ဟွမ်ထျန်းချန် မိုးကြိုးပစ်ချခံရသကဲ့သို့ အလန့်တကြား ဖြစ်သွားလေသည်။

“ကျုပ်ကို ခွင့်လွှတ်ပါ၊ ကျုပ် လက်ကျန်သက်တမ်းကိုသုံးပြီး သေသွားရတဲ့ ကျုပ်ညီအစ်ကိုတွေအတွက် အပြစ်ကြွေး ဆပ်ပါ့မယ်”

ဟွမ်ထျန်းချန် အော်ဟစ်ငိုကြွေးလာ၏။

...

ထိုအခိုက်တွင် တော်ဝင်မြို့တော်အတွင်း၌။

“နင် ဘာပြောလိုက်တာလဲ၊ ယဲ့ဖန် မသေဘူးဟုတ်လား”

မြေအောက်လောက ဘုရင်မ ဆတ်ခနဲ ခါးမတ်သွားပြီး ပိုင်ကျန့်ချင်းအား မယုံနိုင်သလို ကြည့်လိုက်သည်။ ထိုအချက်အား လက်မခံနိုင် ဖြစ်နေပုံပင်။

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ချင်ဧကရာဇ် သင်္ချိုင်းဂူထဲမှာ အင်မော်တယ် ဧကရာဇ်အဆင့်တောင် ခြေချဖို့ မဖြစ်နိုင်တာ*

*မဟုတ်ရင် သေရတာပဲ*

*ယဲ့ဖန်က နဂါးကိုးကောင် သတ်လို့ သေသင့်နေပြီကို၊ ဘယ်လိုလုပ် ပြန်ရှင်လာတာလဲ*

*ဒါက အိပ်မက်လိုပဲ*

ပိုင်ကျန့်ချင်း၏ မျက်နှာသည်လည်း မည်းမှောင်နေ၏။ သူ ခေါင်းညိတ်၍ ပြန်ပြောလိုက်သည်။

“ဘုရင်လေးပါး ရှင်းလင်းခံရတယ်ဆိုတဲ့ သတင်းကို ကျွန်တော် ရခဲ့ပါတယ်၊ ပြီးတော့ ယဲ့ဖန်က လက်ကျန်လူတွေကို စစုပြီး တော်ဝင်မြို့တော်ကို ဦးတည်လာနေပါပြီ”

“ချီးပဲ၊ သောက်မျိုးမစစ်ကောင်ကတော့၊ ငါ သူ့ကို နုတ်နုတ်စင်းပစ်ဦးမယ်”

မြေအောက်လောက ဘုရင်မ ဒေါသတကြီး ကြုံးဝါးနေပြီး ရူးမတတ် ဖြစ်နေ၏။

သူမ၏ ထောင်ချီသော မိစ္ဆာများအားလုံးသည် အပင်ပန်းခံ၍ သန့်စင်မွမ်းမံထားသော အကောင်များဖြစ်ပြီး တစ်ကောင်ချင်းစီက သူတော်စင်သခင် အဆင့်ကဲ့သို့ သန်မာကြသည်။ ၎င်းတို့အား အကောင်အထည်ဖော်ရန် ဆယ်နှစ်တိတိ အချိန်ယူခဲ့ရသည်။

ယခု သူမ၏ မိစ္ဆာကောင်များသည် ယဲ့ဖန်၏ သတ်ဖြတ်ခြင်းခံရကာ တစ်ကောင်မှ မကျန်တော့ချေ။ ဤသည်က သူမကို ရူးသွပ်သွားစေသည်။

“သခင်မ ကျွန်တော်တို့ အသင့်ပြင်ထားဖို့ အချိန်ကျပါပြီ၊ အဲ့ကောင် ပြင်ဆင်လာခဲ့ပြီးပြီဆိုတာ သိသာပါတယ် ...”

ပိုင်ကျန့်ချင်းက အလွန် စိုးရိမ်ကြီးစွာ ပြောလာ၏။ သူ ယဲ့ဖန်ကို ကြောက်လန့်နေပြီ ဖြစ်သည်။ ယခု ယဲ့ဖန် ပြန်ရှင်လာသည့် သတင်းကို ကြားသောအခါ သူ မတုန်လှုပ်ဘဲ မနေနိုင်ချေ။ သူ့မျက်နှာတွင် လေးလံ ထိုင်းမှိုင်းခြင်းတို့ ပြည့်နှက်နေသည်။

“တစ်ခါရှုူံးဖူးတဲ့လူကို ဘာများ ကြောက်စရာ လိုလိုလဲ့”

သို့သော် ထိုအခိုက်တွင် ဧကရာဇ် ယွီရှန်က အေးစက်မောက်မာသော လေသံဖြင့် ပြောလာသည်။

“ငါ သူ့ကို တစ်ခါသတ်ခဲ့ဖူးတာပဲ အခု ဒုတိယတစ်ခါ ပြန်သတ်တာပေါ့”

သူ့စကားတွင် အလွန် ယုံကြည်မှု ပြင်းထန်ဟန်များ ပေါ်လွင်နေသည်။ သူ ယဲ့ဖန်ကို လုံးဝ အရေးမစိုက်ချေ။

“ဟုတ်တယ်၊ အခု ငါလည်း အင်မော်တယ် ဧကရာဇ်အဆင့်ကို ဝင်ရောက်နိုင်ပြီ၊ အင်မော်တယ် ဧကရာဇ်အဆင့် နှစ်ယောက် ရှိနေတာကို လူတစ်ယောက်ကို မယှဉ်နိုင်ဘူးလို့ ငါ မယုံဘူး”

မြေအောက်လောက ဘုရင်မက အေးစက်စွာ ပြောလိုက်သည်။

“ကောင်းကင်က ဘယ်လောက် မြင့်မားလဲ မသိတဲ့ကောင်၊ ကံကောင်းလို့ ပြန်ရှင်လာမှတော့ သူ့ကို ခွေးလို အမြီးကုပ်သွားအောင် လုပ်ရတာပေါ့၊ လာရဲရင် သေရုံပဲ ရှိမယ်၊ အသက်ကို ရှည်တယ်များ မှတ်နေလား”

ထိုစကားကို ကြားသော် ပိုင်ကျန့်ချင်းကလည်း ပျော်ရွှင်သွားသည်။ ဤနေရာ၌ အင်မော်တယ် ဧကရာဇ်အဆင့် ဖြစ်သော မြေအောက်လောက ဘုရင်မနှင့် ဧကရာဇ် ယွီရှန်တို့ ရှိနေသဖြင့် အဘယ်ကြောင့် သူက ယဲ့ဖန်ကို ကြောက်စရာ လိုမည်နည်း။

*အဲ့ကောင်ရဲ့ ကျော်ကြားမှုကြောင့် ငါ့အထင်အမြင်တွေ မှားကုန်တာ ဖြစ်မယ်၊ ဘယ်လိုလုပ် သူက အင်မော်တယ် ဧကရာဇ်အဆင့် နှစ်ယောက်ကို နိုင်နိုင်မှာလဲ၊ မဖြစ်နိုင်တာကြီး*

“ဒီစိတ်ရှုပ်စရာကောင်းတဲ့ ယင်ကောင်တွေကို ရှင်းနိုင်မယ့် နည်း ရှာမတွေ့လို့ ငါ စိုးရိမ်ခဲ့တာ၊ ဒါပေမဲ့ ယဲ့ဖန်က သူတို့ကို သေဖို့ ခေါ်လာမှတော့ အဆင်ပြေသွားတာပေါ့၊ ငါ တစ်ယောက်ချင်းစီကို ရှင်းပစ်မယ်”

မြေအောက်လောက ဘုရင်မက လှောင်ပြောင်၍ ပြောလာသည်။

“ငါ အရင် သွားနှင့်မယ်၊ သူ လာရင် ငါ့ကို အသိပေး၊ သူ့ကို ငါ့လက်နဲ့ ကိုယ်တိုင် သတ်ပစ်မယ်”

ဧကရာဇ်ယွီရှန်က အေးစက်စွာ ပြောလေသည်။ ယခုထိ ယုံကြည်မှု ရှိနေဆဲပင်။

“အရှင် ဘာလို့ ဝင်ပါစရာ လိုမှာလဲ၊ ကျွန်မတစ်ယောက်တည်းနဲ့ အဲ့အမှိုက်ကောင်ကို ရှင်းနိုင်ပါတယ်”

မြေအောက်လောက ဘုရင်မ ရယ်နေသည်။ ယဲ့ဖန်ကို မသေမချင်း နှိပ်စက်နိုင်တော့မည်ကို တွေးရုံနှင့်တင် သူမ စိတ်လှုပ်ရှား၍ တုန်ယင်လာသည်။

ထိုအချိန်က ယဲ့ဖန်က အလွန် လွယ်ကူစွာ‌ သေသွားခဲ့သည်။ ယခုအခါတွင်မူ သူမ ထိုသို့ ထပ်အဖြစ်ခံမည် မဟုတ်ပါ။ ယဲ့ဖန် သေရမည်ဆိုလျင် ဆိုးရွာစွာ သေဆုံးရပေမည်။

“ပြီးတော့ ကျွန်တော် မြေအောက်လောက ဘုရင်မကို သတင်းပို့သင့်တယ်လို့ ထင်တဲ့ နောက်ကိစ္စတစ်ခုလည်း ရှိပါတယ်”

ပိုင်ကျန့်ချင်းက ရုတ်တရက် ပြောလာသည်။

“ဘာကိစ္စလဲ”

ပိုင်ကျန့်ချင်းက မြေအောက်လောက ဘုရင်မနားနားတိုး၍ တီးတိုး ပြောလိုက်သည်။ နားထောင်ပြီးနောက် မြေအောက်လောက ဘုရင်မက ရယ်မောလေသည်။

“ကောင်းတယ်၊ သိပ်ကောင်းတယ်၊ ကြည့်ရတာ ကိစ္စတွေက ပိုပိုပြီး စိတ်ဝင်စားစရာ ကောင်းလာတာပဲ”

“သွားကြမယ်၊ သူတို့ရဲ့ သွေးပျက်သွားတဲ့ အမူအရာကို တွေ့ဖို့ ငါ မစောင့်နိုင်တော့ဘူး”

တစ်ချိန်တည်းမှာပင် ကျုံးဝမ်နှင့် အခြားသူများကလည်း တော်ဝင်မြို့တော်သို့ လာနေပြီး ကမ္ဘာဖျက်ဆီးသူအား ရှင်းလင်းပြတ်သားသော ရည်ရွယ်ချက်တစ်ခုနှင့်အတူ သယ်လာသည်။

ယနေ့ သူတို့အတူတကွ ပျက်သုန်းကြမည် ဖြစ်သည်။

“နင်တို့အားလုံး ဒါကို စဉ်းစားထားပြီးပြီလား”

ကျုံးဝမ်က ရုတ်တရက် နောက်လှည့်၍ သူမအနောက်မှ မိန်းကလေးများကို ကြည့်လိုက်သည်။ ကမ္ဘာဖျက်ဆီးသူကို ဖောက်ခွဲလိုက်သည်နှင့် မည်သူမှ ထွက်ပြေးရန် မစဉ်းစားထားကြချေ။

ဖျက်ဆီးမှု သက်ရောက်မည့် အတိုင်းအတာက မိုင်ပေါင်း ထောင်ချီပြီး အရာအားလုံး ပြာဖြစ်သွားမည်ပင်။

ထန်ပုခူက မချိတရိ ပြုံးလိုက်သည်။

“ဒီဘဝမှာ သူ့လူ မဖြစ်နိုင်ဘူးဆိုရင် တမလွန်မှာ သရဲအဖြစ် သူ့ကို အဖော်ပြုမှာ”

ကျုံးလီအာကလည်း ရယ်၍ ပြောလိုက်သည်။

“ငါ သူ့ကို လွမ်းတယ်၊ ဒီလောကမှာ သူ မရှိမှတော့ ငါ ငရဲကိုသွားပြီး သူ့ကို လိုက်ရှာမယ်”

ကျုံးဝမ်က ဤသို့ ရလဒ်မျိုး ဖြစ်လာလိမ့်မည်ဟု ခန့်မှန်းမိဟန်ဖြင့် နှစ်လိုဖွယ်ကောင်းသော အပြုံးမျိုး ပြုံးလိုက်သည်။

ထို့နောက် သူမက ကင်းမြီးကောက် လူသတ်သမားနှင့် အခြားသူများကို လှည့်ကြည့်လိုက်သည်။

“ရှင်တို့ကရော”

“နတ်ဆိုးအဖြစ် ရှင်သန်ပြီး နတ်ဆိုးအဖြစ်ပဲ သေဆုံးမယ်”

ကင်းမြီးကောက် လူသတ်သမားက ပေါ့ပေါ့ပါးပါး ပြန်ဖြေလာသည်။

“အရှင်က ငရဲမှာ အထီးကျန်နေလောက်တယ်၊ ဧကရာဇ်တစ်ပါးက စစ်တပ် မရှိဘဲ ဘယ်လိုလုပ် ဧကရာဇ်လို့ သတ်မှတ်နိုင်မှာလဲ၊ ကျုပ်တို့ သူ့ကို အဖော်ပြုဖို့ အချိန်တန်ပြီ”

ထန်မင်လီက ပျော်ရွှင်နေသော အပြုံးဖြင့် ပြောလေသည်။ သူသည် ယနေ့အတွက် သုံးနှစ်လုံးလုံး ငြိမ်နေခဲ့ခြင်း ဖြစ်သည်။

သေခြင်းရှင်ခြင်းလား။ သူတို့ ၎င်းကို လွန်ခဲ့သော သုံးနှစ်ကတည်းက ပစ်ပယ်ခဲ့ပြီးသားပင်။

“သူရဲကောင်းတစ်ယောက်လို ရှင်သန်ပြီးမှတော့ သတ္တိရှိရှိ သေမယ်၊ ကျုပ်တို့ ဒီလောကမှာ ရှိနေတုန်းက အရှင့်အတွက် တိုက်ခိုက်တယ်၊ ငရဲရောက်ရင်လည်း အရှင့်အတွက် တမလွန်မြစ်ကို ဖြတ်မယ်”

“နတ်ဆိုးတွေက ဘယ်တော့မှ မသေနိုင်ဘူး၊ နတ်ဆိုးဧကရာဇ် အဓွန့်ရှည်ပါစေ”

“နတ်ဆိုးတွေက ဘယ်တော့မှ မသေနိုင်ဘူး၊ နတ်ဆိုးဧကရာဇ် အဓွန့်ရှည်ပါစေ”

ထောင်ချီသော လူများက ကျယ်လောင်စွာ ကြွေးကြော်လိုက်ပြီး ပျော်ရွှင်စွာ ပြုံးနေကြသည်။ သူတို့အတွက် သေခြင်းတရားသည် အဆုံးသတ် မဟုတ်ဘဲ အစသာ ရှိသေးသည်။

အဘယ်ကြောင့်ဆိုသော် သေသွားသည်နှင့် ငရဲတွင် ယဲ့ဖန်နှင့် ပြန်ဆုံနိုင်မည် ဖြစ်သောကြောင့်ပင်။

“ဒါဆို စလိုက်ကြတာပေါ့”

ကျုံးဝမ်က ပြုံးလိုက်ပြီး ကမ္ဘာဖျက်ဆီးသူ ရှိရာသို့ လျှောက်သွားလိုက်သည်။ ဤသည်ကိုမြင်သော် လေထုက တိတ်ဆိတ်သွားသည်။ လူတိုင်း ပြိုင်တူနီးပါး ပါးစပ်ပိတ်နေကြသည်။

ကမ္ဘာဖျက်ဆီးသူအား တောက်လောင်နေသော မျက်လုံးများဖြင့် ကြည့်နေပြီး ကိုယ်ကျိုးစွန့် အနစ်နာခံသူသဖွယ် အချိန်မရွေး သေရန်အသင့် ဖြစ်နေကြလေသည်။

သို့သော် သူမလက်က ဖောက်ခွဲမည့် ခလုတ်ကို နှိပ်တော့မည့်အချိန်တွင် ကြောက်မက်ဖွယ် လေပြင်းတစ်ချက်က သူမထံ တိုးဝင်လာ၏။

“ဘုရင်မ သတိထားပါ”

ထန်မင်လီက သေမည်ကို မကြောက်ဘဲ ချက်ချင်း ခုန်ဝင်၍ ကျုံးဝမ်ရှေ့၌ ရပ်လိုက်သည်။

“ရွှစ်”

သွေးများ ပန်းထွက်လာပြီး ထန်မင်လီ ချက်ချင်း ခန္ဓာကိုယ် ပိုင်းပြတ်သွားကာ သေဆုံးသွားလေသည်။

*ဟင်*

ကျုံးဝမ် အံ့ဩသော မျက်နှာနှင့် မော့ကြည့်လိုက်သည်။ သူမအကြံကို တစ်ယောက်ယောက်က ကြိုသိနေခြင်းအား မယုံနိုင် ဖြစ်နေပုံရသည်။

“ဟားဟားဟား ခွေးမ နောက်ဆုံးတော့ နင် ရောက်လာပြီပဲ၊ ဒီနေ့က နင် သေရမယ့် နေ့ပဲ၊ သေဖို့ အသင့်ပြင် ထားလိုက်တော့”

မြေအောက်လောက ဘုရင်မက အားပါးတရ ရယ်၍ ရောက်လာသည်။ သူမဘေး၌ စဉ်းလဲသော မျက်နှာပေးနှင့် ပိုင်ကျန့်ချင်း ရှိနေပီး ကျုံးဝမ်၏ အာဏာ ထိန်းချုပ်မှုကို သရော်နေပုံပင်။

ဤမြင်ကွင်းကြောင့် ကျုံးဝမ် အံ့အားသင့်သွားသည်။

*ဒါ ဘယ်လိုဖြစ်ရတာလဲ*

သူမ၏ အကြံအစဉ်က အလွန် တိကျ၍ လျှို့ဝှက်လွန်းသဖြင့် ဟာကွက်မရှိ ဖြစ်သင့်သည်။ အဘယ်ကြောင့် ဤလူများက သိနေရသနည်း။

ထိုစဉ် ပိုင်ကျန့်ချင်းတို့ နှစ်ယောက်ကြားမှ ရင်းနှီးနေသော လူတစ်ယောက်ကို သူမ မြင်လိုက်ပြီး အားလုံးကို သဘောပေါက်သွားသည်။

“ပိုင်လီကျန့် နင် ငါ့ကို သစ္စာဖောက်ရဲတယ်ပေါ့လေ”

ပိုင်လီကျန့်က ပိုင်ကျန့်ချင်းနှင့် မြေအောက်လောက ဘုရင်မကြား၌ ရှိနေသဖြင့် အရာအားလုံးက ရှင်းလင်း သွားလေပြီ။ ဤလူက သူမကို သစ္စာဖောက်သွားခြင်းသာ။

*ဒီသောက်အမှိုက်ကောင်*

*ယုတ်မာကောက်ကျစ်တဲ့ တိရစ္ဆာန်*

“ကျုံးဝမ် ဘယ်သူကမှ ပိုင်လီကျန့်ဆိုတဲ့ ငါ့ကို မငြင်းဆန်နိုင်ကြဘူး၊ ဘုရင်မ ဖြစ်နေရင်တောင်မှပဲ”

ပိုင်လီကျန့်က မခိုးမခန့် ပြုံးနေသည်။

“မင်းက ချီးမြှောက်တာကို မလိုချင်မှတော့ အပြစ်ဒဏ် ခံရသင့်တယ်၊ မြေအောက်လောက ဘုရင်မက နင့်ကို ငါ့ဆီ လွှဲပေးမယ်လို့ ကတိပေးထားပြီးပြီ၊ နင့်ဘေးနားက မျိုးမစစ်ကောင်တွေက သတ်ပြီးတာနဲ့ နင်က ငါ့ကျွန် ဖြစ်လာမှာ၊ ငါ့ပေါင်ခြံကြားမှ ခံစားပြီး ငါ့ကို နေ့တိုင်း ကာမ ပေးဆပ်ရမယ်”

လူတိုင်း လေးစားရသည့် နတ်ဆိုးဘုရင်မက သူ့အသုံးတော်ခံ ဖြစ်လာတော့မည်ကို တွေးပြီး ပိုင်လီကျန့် စိတ်လှုပ်ရှား လာသည်။

သူ့မျက်လုံးထဲမှ စိတ်အားထက်သန်မှုက ပိုမို ပြင်းထန်လာ၏။ သူသည် နိုင်ငံတစ်နိုင်ငံ၏ မင်းသား တစ်ပါး ဖြစ်သော်လည်း ကျုံးဝမ်က သူ့အား ဘာမှမဟုတ်သလိုသာ သဘောထားခဲ့သဖြင့် သူ အလွန် ဒေါသထွက်ရသည်။

ထို့ကြောင့် သူသည် ကျုံးဝမ်အား နောင်တရအောင် လုပ်ချင်သည်။ ပိုင်လီကျန့်က ကျုံးဝမ်၏ ကမ္ဘာဖျက်ဆီးသူ ဝယ်ယူသည့် သတင်းအား ပိုင်ကျန့်ချင်းထံ သတင်းပို့ခဲ့သည်။ ထို့ကြောင့် ပိုင်ကျန့်ချင်းက တော်ဝင်မြို့တော်တွင် ကြီးမားသော အကာအရံ ပြင်ဆင်ထားလိက်သည်။

ကျုံးဝမ် မြို့တော်ထဲသို့ ခြေချလိုက်သည်နှင့် ချက်ချင်း ရှာတွေ့ခံလိုက်ရသည်။ ဤသည်က ပိုက်ကွန်ထဲ ကိုယ့်ဘာသာ တိုးဝင်လိုက်သလိုပင်။

“နတ်ဆိုးဘုရင်မ ဟုတ်လား၊ မင်း ငါ့ကို အထင်သေးတယ် မဟုတ်လား၊ မင်း မကြာခင် ငါ့ပေါင်ကြားထဲမှာ အော်ဟစ်နေရတော့မှာပါ၊ မင်း အရမ်း နာကျင်ရမယ် ထင်တယ် ဟုတ်တယ်မလား”

ပိုင်လီကျန့်က ညစ်ကျယ်ကျယ်ဖြင့် မသတီစရာ အပြုံးမျိုး ပြုံးနေသည်။

“ကမ္ဘာဖျက်ဆီးသူကို ဖောက်ခွဲမယ်ပေါ့၊ ဒီခွေးမက ရက်စက်သားပဲ၊ ဘာလို့လဲ နင်က ငါနဲ့အတူ သေချင်တာလား”

မြေအောက်လောက ဘုရင်မက ထူးဆန်းစွာ ပြုံးနေပြီး သူ့မျက်နှာက မည်းမှောင်နေ၏။

All Chapters