← Chapters

အခန်း ၁၅၆၈

Vol. 105 Ch. 1568

အခန်း ၁၅၆၈

Vol. 105 Ch. 1568

Chapter 1568 ငါတို့ အစွမ်းကုန် ကြိုးစားခဲ့တယ်

သူမသာ သတိလက်လွတ် ဖြစ်နေခဲ့လျင် ကျုံးဝမ်၏ အစီအစဉ်ထဲ၌ အငိုက်မိသွားလောက်သည်။ စိတ်မကောင်း စရာပင်။ သူမ အရာအားလုံးကို ကြိုသိပြီး ဤနေရာသို့ ရောက်လာနိုင်လေပြီ။

အင်မော်တယ် ဧကရာဇ်အဆင့်တစ်ယောက်၏ အရှေ့၌ ကမ္ဘာဖျက်ဆီးသူအား ဖောက်ခွဲချင်နေခြင်းက အရူးတစ်ယောက်၏ အိပ်မက်သာ။

ကျုံးဝမ်၏ မျက်နှာသည်လည်း အလွန်အမင်း သုန်မှုန်နေသည်။ သူမ အစီအစဉ်က အမှိုက်ကောင် တစ်ကောင်ကြောင့် ပျက်စီးရလိမ့်မည်ဟု သူမ လုံးဝ ထင်မထားမိပါ။

“သူ့ကို တားကြ”

ကင်းမြီးကောက် လူသတ်သမားနှင့် အခြားသူများက ဒေါသတကြီး အော်ဟစ်၍ မြေအောက်လောက ဘုရင်မထံ သည်းကြီးမည်းကြီး ပြေးဝင်သွားကြသည်။

မည်သို့ ဖြစ်လာပါစေ ကမ္ဘာဖျက်ဆီးသူအား ဖောက်ခွဲကို ခွဲပစ်မှ ဖြစ်မည်။ သို့မဟုတ်ပါက သုံးနှစ်လုံးလုံး သူတို့ ကြိုးစားခဲ့သမျှ အချည်းနှီး ဖြစ်သွားပေလိမ့်မည်။

သူတို့ ဤသို့ လုံးဝ အဖြစ်မခံနိုင်ပါ။

“ငါ့ကို တားမယ် ဟုတ်လား၊ နင်တို့ တားနိုင်လို့လား”

မြေအောက်လောက ဘုရင်မက ပါးစပ်ကို လက်ဖြင့်အုပ်၍ နှစ်လိုဖွယ်ကောင်းအောင် ပြုံးနေသည်။ ထိုနှစ်လိုမှု၏ နောက်ကွယ်၌ သတ်ဖြတ်လိုစိတ် ပုန်းအောင်းနေ၏။ သူမက လှပသော မြွေတစ်ကောင်လိုပင်၊ လှသော်လည်း သေစေနိုင်၏။

ထိုအခိုက်တွင် သူမက လက်ညှိုးထိုးလာသည်။ ထိုအခါ ကင်းမြီးကောက် လူသတ်သမားနှင့် အခြားသူများ ရပ်နေသော မြေကြီးတွင် ကြောက်စရာကောင်းသော သွေးရေကန်တစ်ခု ပေါ်လာပြီး ညှီစို့စို့ သွေးနံ့များ လှိုင်လှိုင်ထလာပြီး အသားဖတ်များနှင့် သွေးများ ပေါလောပေါ်နေသည်။

သူမ၏ မိစ္ဆာကျင့်စဉ်က ပြီးပြည့်စုံသွားပြီ ဖြစ်ပြီး ဤသွေးရေကန်တွင် ထောင်ချီသော လူ့အသားဖတ်များနှင့် သွေးများ ရောနှောနေကာ အလွန် ကြမ်းကြုတ်လှသည်။

သူမသည် မိခင်ဖြစ်သူရှေ့၌ ရင်သွေးကို သွေးရေကန်ထဲ ပစ်ချ၍ အရိုးပြာကျစေခဲ့သည်။ ချစ်ရသူများရှေ့တွင် ထိုသူတို့၏ ချစ်သူများကို သွေးရေကန်ထဲ ပစ်ထည့်ခဲ့သည်။

ညီအစ်ကို မောင်နှမများရှေ့၌ သူတို့၏ မောင်နှမသားချင်းများကို သွေးရေကန်ထဲ ပစ်ချခဲ့သည်။

သူတို့၏ အသွေးအသားများကို သူမ လိုချင်၍ မဟုတ်ပါ။ သူတို့၏ မုန်းတီးစိတ်၊ ဒေါသစိတ်၊ နာကျင်စိတ်နှင့် မျှော်လင့်ချက်မဲ့သော စိတ်တို့ကို လိုချင်၍ ဖြစ်သည်။

နောက်ဆုံးတွင် ဤသွေးယဇ်ပူဇော်ခြင်း ကျင့်စဉ်ကို ပြုလုပ်နိုင်ခဲ့လေသည်။

သွေးရေကန် ထွက်လာသည်နှင့် ကင်းမြီးကောင် လူသတ်သမားနှင့် အခြားသူများသည် နွံအိုင်ထဲသို့ ကျသွားသလို ခံစားလိုက်ရပြီး ခြေထောက်အား ဆွဲမ၍ မရတော့ချေ။ ထို့နောက် သွေးရေကန်ထဲသို့ တဖြည်းဖြည်း နစ်ဝင် သွားသည်။

“အား….”

စူးရှသော အော်သံများ ကောင်းကင်တစ်ခွင်သို့ ပဲ့တင်ထပ်နေ၏။ ကြောက်စရာ ကောင်းလှသည်။

နတ်ဆိုးမျိုးနွယ်မှ လူတစ်ယောက်ပြီး တစ်ယောက် သွေးရေကန်၏ ဝါးမျိုခြင်း ခံရကာ ပူနွေးသော သွေးများကြောင့် သူတို့၏ ခန္ဓာကိုယ်များ အရည်ပျော်ကျကုန်သည်။

သတ်ရန် ပြေးလာသော ထောင်ချီသည့်လူများအားလုံး ချက်ချင်း‌ သေဆုံးကုန်သည်။ အရိုးတောင်မှ မကျန်ရစ်ချေ။

*သေစမ်း*

ကျုံးဝမ်နှင့် အခြားသူများ၏ အမူအရာများ ရုတ်တရက် ပျက်ယွင်းလာသည်။

“မြေအောက်လောက ဘုရင်မ သူ့ကို ထိခိုက်‌အောင် မလုပ်ပါနဲ့ …”

ပိုင်လီကျန့်သည် မြေအောက်လောက ဘုရင်မက ကျုံးဝမ်အား သတ်လိုက်မည်ကို စိုးရိမ်၍ အလျင်အမြန် ပြောလိုက်သည်။

“နတ်ဆိုးဘုရင် ထွက်ပြေးပါတော့၊ အခြေအနေက သိသာနေပါပြီ၊ ကျွန်တော်တို့ ဒီတိုက်ပွဲကို မနိုင်နိုင်ဘူး”

နလန်ရှောင်က အသိစိတ် မပျောက်အောင် ကြိုးစားရင်း ကျုံးဝမ်ကို ပြောလိုက်သည်။

ကျုံးဝမ် အံကြိတ်လိုက်မိသည်။ ဤအခွင့်အရေးကို လက်လွှတ်လိုက်လျင် တစ်ဖက်လူက အသာစီး ရသွား ပေလိမ့်မည်။ သူတို့ နောက်တစ်ကြိမ် တိုက်ခိုက်ချင်လျင်တောင်မှ ခက်ခဲသွားလိမ့်မည်။

သူမ ဤတစ်ခုတည်းသော အခွင့်အရေးကို လက်မလွှတ်ချင်ပါ။ ကျုံးဝမ် ငြိမ်နေသည်ကို မြင်သော် နလန်ရှောင်သည် သူမ၏ အကြံအစည်ကို ရိပ်မိပြီး သက်ပြင်းချလေသည်။ ထို့နောက် သူ တစ်ဖက်လှည့်ကာ အော်ပြောလိုက်သည်။

“အပေါ်ကိုတက်ပါ၊ အဲ့ဒါကို ကျွန်တော့်ပေါ် တင်လိုက်၊ ဒီနေ့ ဘာပဲဖြစ်ဖြစ် ကျွန်တော် ကမ္ဘာဖျက်ဆီးသူကို ဖောက်ခွဲမယ်”

ထို့နောက် သူ ကျုံးဝမ်ကို ပြန်လှည့်ကြည့်လေသည်။

“နတ်ဆိုးဘုရင်မ ကျွန်တော် စောင့်ရှောက်ပါ့မယ်၊ သွားပါတော့”

ကျုံးဝမ် ချက်ချင်း ခေါင်းညိတ်လိုက်သည်။ လူတစ်စုက လိုလိုလားလားဖြင့် ကျုံးဝမ်၏ စောင့်ရှောက်သူ အဖွဲ့ ဖြစ်သွားပြီး ကမ္ဘာဖျက်ဆီးသူထံ လှမ်းသွားကြသည်။

ဤလှုပ်ရှားမှုသည် မြေအောက်လောက ဘုရင်မ မြင်ကွင်းမှ မဖုံးကွယ်နိုင်ချေ။ သူမက စဉ်းလဲစွာ ပြုံးလာ၏။

“ကမ္ဘာဖျက်ဆီးသူကို ဖောက်ခွဲချင်တယ်ပေါ့လေ၊ စိတ်ကူးယဉ်နေလိုက်”

ထို့နောက် သူမသည် သွေးရေကန်ထဲမှ အရိုးသံဆူးတစ်ခုကို ကောက်ယူ၍ ကျုံးဝမ်ဘက်သို့ ပစ်လွှတ်လိုက်သည်။

ထိုအရိုးသံဆူးသည် လေကို ခွင်း၍ ရုတ်တရက် နလန်ရှောင်၏ ရင်ဘတ်ကို ထိုးဖော်ကာ နံရံ၌ သွားစိုက်လေသည်။

“ဝေါ့”

သူ့ပါးစပ်မှ သွေးအန်လာပြီး မျက်နှာတစ်ပြင်လုံး ဖြူရော်သွားသည်။

“နလန်ရှောင်”

ကျုံးဝမ်၏ မျက်လုံးတွင် မျက်ရည်များ ဝေ့တက်လာပြီး သူ့အား အလန့်တကြား ကြည့်လာသည်။

“ကျုပ်ကို စိုးရိမ်မနေနဲ့ ဆက်သွား”

နလန်ရှောင် ခပ်ကျယ်ကျယ် အော်ပြောလိုက်ပြီးနောက် ပြုံးလိုက်သည်။

“ငါ အရှင့်ကို အရင် ကြိုတွေ့နှင့်မယ် … မင်းတို့ အောင်မြင်အောင် လုပ်ပါ”

ကျုံးဝမ်၏ မျက်လုံးများ စိုစွတ်လာပြီးနောက် အံကြိတ်၍ အော်လိုက်သည်။

“သွားမယ်”

လူတစ်စုက ကမ္ဘာဖျက်ဆီးသူ ရှိရာဘက်သို့ ဆက်လက်၍ ဦးတည်သွားကြသည်။

“ဘုရင်မ အဲ့ခွေးမကို ကျွန်တော့်လက်ထဲ အပ်လိုက်ပါ”

ပိုင်လီကျန့်က ရယ်မော၍ ယွင်နိုင်ငံ၏ အသန်မာဆုံးသူကို ခေါ်၍ ကျုံးဝမ်ထံ ပြေးသွားလေသည်။ ထိုစဉ် မြေအောက်လောက ဘုရင်မ၏ အပြုံးက ပို၍ ကောက်ကျစ်လာ၏။

နောက်ထပ် အရိုးသံဆူးတစ်ချောင်းကို ကောက်ယူ၍ အားဖြင့် ပစ်ထုတ်လိုက်ပြန်သည်။ အရိုးသံဆူး၏ သက်ရောက်မှုနှင့် ချွန်ထက်မှုတို့က မတွေးဝံ့စရာပင်။ တစ်ကြိမ် ပစ်လိုက်လျင် ဒါဇင်ချီ၍ သေကြေ ပျက်စီးကြပြီး ပြေးတက်လာနေသော နတ်ဆိုးမျိုးနွယ်များ အတုံးအရုန်း ထိခိုက်ကုန်သည်။

“လာစမ်း၊ ယဲ့ဖန်ရဲ့ အမှိုက်ထုပ်တွေ၊ လာပြီး ငါ့အစာအဖြစ်ခံကြ၊ ဟားဟားဟား”

ဤအချိန်ကာလအတွင်း အဖမ်းခံရသောလူက နည်းသထက် နည်းလာသဖြင့် သူမ၏ မှော်အစွမ်းက တန့်လာခဲ့သည်။

ယခု သူမအရှေ့မှ ထောင်ချီသော လူများက သူမအတွက် နတ်ဘုရားက ပေးလိုက်သော လက်ဆောင်ပင်။ ဤလူများအား အသုံးမချလျင် နှမြောစရာ ကောင်းလှသည်။

သူမသည် နတ်ဆိုးမျိုးနွယ် တစ်ယောက်ပြီး တစ်ယောက်ကို သတ်၍ အမှိုက်များကို ပစ်သကဲ့သို့ သွေးရေကန်ထဲ ပစ်ထည့်လေသည်။

သူမ ညည်း၍ ပင့်သက်ရှိုက်နေကာ နီရဲနေသော နှုတ်ခမ်းကို ဆက်တိုက် လျှာဖြင့်သပ်၍ အလွန် မသင့်တော်သော အပြုအမူကို ပြုလုပ်နေသည်။ မသိလျင် သာယာမှုတစ်ခု ရနေသလိုပင်။

ဤလူများ၏ ဒေါသနှင့် မုန်းတီးစိတ်က အကောင်းဆုံး အာဟာရဖြစ်ပြီး သူမ၏ သွေးယဇ်ပူဇော်ခြင်းအား လျင်မြန်စွာ ကြီးထွားလာစေသည်။

ဤနတ်ဆိုးမျိုးနွယ် တစ်ယောက်က လူဆယ်ယောက်နှင့် ညီမျှသဖြင့် အံ့ဩစရာ ကောင်းလှသည်။

“နင်ပဲကိုး”

ထိုအချိန်တွင် ကျုံးဝမ်က ပိုင်လီကျန့်နှင့် ရင်ဆိုင်နေရသည်။ ပိုင်လီကျန့်က ပြုံးနေ၏။

“နတ်ဆိုးဘုရင်မ ငါ မင်းကို ကမ္ဘာဖျက်ဆီးသူကို ဖောက်ခွဲခွင့် မပေးနိုင်ဘူး၊ ငါ သေသွားရင် ဘယ်လိုလုပ် မင်းနဲ့ ပျော်ပါးနိုင်တော့မှာလဲ”

“မျိုးမစစ်ကောင် ငါ သေရင်တောင်မှ ငါ့လူရဲ့ ညီအစ်ကိုတွေက နင့်ကို အလွတ်ပေးမှာ မဟုတ်ဘူး”

ကျုံးဝမ် အံကြိတ်ထားပြီး ပိုင်လီကျန့်အား အရိုးထဲအထိ မုန်းတီးနေ၏။ ပိုင်လီကျန့်က သူတော်စင်သခင် အဆင့်များကို ဦးဆောင်၍ ဝင်နှောင့်ယှက်လာသဖြင့် သူမအတွက် ကမ္ဘာဖျက်ဆီးသူအား ဖောက်ခွဲရန် ပိုခက်လာသည်။

“သစ်ပင်က ကျဆင်းနေပြီလေ၊ မင်း မကြားဖူးဘူးလား”

ပိုင်လီကျန့်က ဟာသတစ်ပုဒ်ကို ကြားရသကဲ့သို့ လှောင်ရယ်လိုက်သည်။

“ယဲ့ဖန် သေသွားတော့ သူ့ညီအစ်ကိုတွေ တစ်ယောက်ပြီး တစ်ယောက် ထွက်သွားတယ်လို့ ငါ ကြားလိုက်တယ်၊ သူတို့ ပြန်လာပြီး မင်းအတွက် လက်စားချေမယ်လို့ မျှော်လင့်နေတာလား၊ မင်း အဲ့သလောက် တုံးတာလား”

“အဓိပ္ပာယ် မရှိတာတွေ ပြောမနေနဲ့၊ သေလိုက်တော့”

ထန်ပုခူ ဒေါသတကြီး အော်ဟစ်၍ ဓားကိုဆွဲကာ ပြေးတက်လာသည်။ ယဲ့ဖန်အတွက် လက်စားချေရန် သူမအား မည်သူမှ မတားနိုင်ပါ။ မည်သူမှ တား၍ ရမည် မဟုတ်ပေ။

ယဲ့ဖန်သည် သူမ၏ အသက်ပြန်ရှင်လာစေချင်သည့် မျှော်လင့်ချက် ဖြစ်သည်။ ဤလောက၌ သူမ မြင်ရသော တစ်ခုတည်းသော အလင်းရောင်ပင်။ သူမအတွက် သူက အရာရာ ဖြစ်ပေ၏။

သို့သော် သေခြင်းတရားက သူ့အား သူမဘေးမှ ရက်စက်စွာ ခေါ်ထုတ်သွားခဲ့သည်။ သူမ ခွင့်မလွှတ်နိုင်ပါ။ သူမ ဤလူများကို သူတို့ လုပ်ခဲ့သောအရာအတွက် ပြန်ပေးဆပ်ရစေချင်သည်။

“ဝှစ်”

ထန်ပုခူ၏ ပုံရိပ်က တစ္ဆေသဖွယ် လှစ်ခနဲ ပျောက်ကွယ်သွားပြီး သူတော်စင်သခင်အဆင့် တစ်ယောက်၏ အနောက်၌ ပြန်ပေါ်လာသည်။ ထို့နောက် လက်ထဲမှ ဓားဖြင့် ထိုသူကို ခုတ်ပိုင်းလိုက်သဖြင့် သွေးများ ပန်းထွက်လာလေသည်။

သူတော်စင်သခင်အဆင့် တစ်ယောက် ချက်ချင်း‌ သေဆုံးသွားလေပြီ။

“ချီးပဲ ဘယ်လိုဖြစ်ရတာလဲ”

ပိုင်လီကျန့်ဘက်မှ လူများအားလုံး ကြက်သေ သေသွားကြသည်။ သူတို့ဘက်၌ လူဒါဇင်ချီ၍ ရှိနေသော်ငြားလည်း တစ်ဖက်လူက ဘယ်လိုလုပ် ရှေ့တက်လာရဲသနည်း။

ထို့အပြင် သူတို့အရှေ့၌ သူတို့လူတစ်ယောက်ကို သတ်လိုက်ခြင်းက အိပ်မက်လိုပင်။ အဓိကမှာ သူတို့ပင် သတိမထားလိုက်မိခြင်း ဖြစ်သည်။

ထိုသူတော်စင်သခင်အဆင့် လဲကျသွားချိန်မှသာ ကျန်လူများ အသိဝင်လာပြီး ညာသံပေး၍ ထန်ပုခူကို သတ်ဖြတ်လေသည်။

“သွားတော့”

ထန်ပုခူသည်လည်း နလန်ရှောင်ကဲ့သို့ တူညီသော ဆုံးဖြတ်ချက်ကို ချထားပြီး သူမအသက်ကို ရင်း၍ အချိန်ဆွဲထားသည်။

ကျုံးဝမ်၏ မျက်နှာ ပြာနှမ်းနေသော်လည်း တုံ့ဆိုင်းခြင်းမရှိဘဲ ထန်ပုခူအား ထားခဲ့၍ ထွက်သွားသည်။ လက်ရှိတွင် သူမနှင့် နှစ်မီတာမျှ မဝေးသော နေရာ၌ ကမ္ဘာဖျက်ဆီးသူ ရှိနေသည်။

သို့သော် ထိုအချိန်တွင် ပိုင်ကျန့်ချင်းကလည်း စစ်သည်များကို ဦးဆောင်၍ သူမတို့ရှေ့၌ ပိတ်ဆို့လေသည်။

“ခွေးမ သေချင်နေတာပဲ”

ပိုင်ကျန့်ချင်းက ဘာမှထပ်မပြောဘဲ ဦးဆောင်၍ သတ်ဖြတ်လေတော့သည်။ နတ်ဆိုးမျိုးနွယ်များ တစ်ယောက်ပြီး တစ်ယောက် လဲကျသွားပြီး အလောင်းချင်း ထပ်နေ၏။ အင်ပါယာ၏ တော်ဝင်မြို့တော်တွင် သွေးများ ရွှဲနစ်နေပြီး ညှီစို့စို့ သွေးနံ့များက အရပ်လေးမျက်နှာသို့ ပျံ့လွင့်နေလေသည်။

သို့သော် သေလမ်းသာ ရှိသည်ကို သိသော်လည်း သူတို့က ဆက်လက်၍ တိုက်ပွဲဝင်ကြသည်။

“မြေခွေးအိုကြီး ခင်ဗျား တတ်နိုင်တာ ဒါပဲလား၊ ကျုပ်တို့ကို လာသတ်လေ၊ လာစမ်းပါ”

“ခွေးမ အဲ့သွေးဆောင်တဲ့ အပြုအမူနဲ့ ဘယ်သူ့ကို ဖြားယောင်းဖို့ ကြိုးစားနေတာလဲ၊ မဟုတ်မှလွဲရော ဧကရာဇ် ယွီရှန်က မင်းကို ကျေနပ်အောင် မဖြည့်ဆည်းပေးနိုင်ဘူးလား၊ ဒါဆိုလည်း ပွင့်ပွင့်လင်းလင်း ပြောလေ၊ ငါတို့မှာ ညီအစ်ကိုတွေ အများကြီး ရှိတာ၊ ငါတို့ မင်းကို ခံစားလို့ကောင်းအောင် လုပ်ပေးနိုင်တာပေါ့”

ထိုစကားကိုကြားသော် မြေအောက်လောက ဘုရင်မ၏ မျက်နှာက အေးစက်သွားသည်။

*သောက်နယ်ရုပ်လေးတွေကများ ငါ့ကို ရန်စရဲတယ်ပေါ့လေ၊ သေသင့်တဲ့ဟာတွေ*

ထို့ကြောင့် သူမ၏ လှုပ်ရှားမှုက ပိုမို၍ ရက်စက် ကြမ်းကြုတ်လာပြီး ဤနတ်ဆိုးများအား အကြမ်းပတမ်း သတ်ဖြတ်လေတော့သည်။ သွေးများက မြင်မကောင်းအောင် စီးဆင်းနေ၏။

“အိုးဟိုးဟိုး ... ဒီခွေးမက တော်တော် ဒေါသထွက်နေတာပဲ၊ ငါတို့ ထင်တာ မှန်နေပြီနဲ့ တူတယ်”

“ဟားဟားဟား ညီအစ်ကိုတို့ ဘာလုပ်နေတာလဲ၊ ဘောင်းဘီချွတ်ပြီး ဒီအဘွားကြီးကို ငါတို့ ညီငယ်ကို မြင်အောင် ပြလိုက်လေ၊ ဒါဆို သူ ငါတို့ကို သတ်ချင်စိတ် ပျောက်သွားလောက်တယ်”

ညီအစ်ကိုဖြစ်သူများ တစ်ယောက်ပြီး တစ်ယောက် သေသွားသည်ကိုမြင်ပြီး ဤနတ်ဆိုးများက ပို၍ ကျယ်လောင်စွာ ရယ်မောကြသည်။

မြေအောက်လောက ဘုရင်မ မျက်နှာ မည်းမှောင်သွားသည်။

*ဒီသောက်နတ်ဆိုးတွေ အားလုံး သေရမယ်*

သူမ လက်သီးဖြင့် အဆက်မပြတ် ထိုးနှက်လိုက်တိုင်း သွေးလှိုင်းများ ဒီရေအလား ထွက်ပေါ်လာသည်က အလွန် ကြောက်စရာ ကောင်းလှသည်။

ခန္ဓာကိုယ်နှင့် ထိမိသည်နှင့် ချက်ချင်း အရည်ပျော်ကြပြီး ဘာအရိုးမှ မကျန်ရစ်တော့ချေ။

“ယဲ့ဖန်ရဲ့ နောက်လိုက်တွေ ငရဲကိုသွားပြီး သူ့ကို အဖော်ပြုကြ”

ထိုအချိန်တွင် သူမသည် သွေးယဇ်ပူဇော်ခြင်းကို အဆုံးစွန်အထိ အသုံးပြုလိုက်ပြီး သွေးနံ့များက မျက်နှာကို လာရိုက်ခတ်သည်။

ထို့နောက် ကြောက်စရာကောင်းသော အနီရောင် အလင်းတန်းတစ်ခုက ဒီရေအလား ထိုးထွက်လာပြီး‌ ဘေးဘီသို့ ပျံ့နှံ့သွားသည်။

နှစ်စက္ကန့်၊ နှစ်စက္ကန့်အကြာတွင် ထောင်ချီသောလူများ ရှင်းလင်းခံလိုက်ရသည်။ အရိုးပင် မကျန်တော့ပေ။ တစ်ခဏအတွင်း လူတိုင်း ပျောက်ကွယ်သွားကာ အစအန အရိပ်အယောင်ပင် မရှိတော့ပါ။

ရန်ထျန်း မြေကြီးပေါ် လဲကျသွားပြီး မချိပြုံး ပြုံးလိုက်သည်။

“ကျွန်တော် တောင်းပန်ပါတယ် သခင်ကြီး၊ ကျွန်တော်တို့ … အကောင်းဆုံး ကြိုးစားခဲ့ပါတယ်”

ထို့နောက် သူ သေသွားလေသည်။

“အင်မော်တယ် ဧကရာဇ်အဆင့်က တကယ် သန်မာတာပဲ”

ယွမ်ပမ်းရှီသည်လည်း မချိပြုံး ပြုံးလိုက်ပြီး တစ်ကိုယ်လုံး သွေးအလိမ်းလိမ်းဖြစ်ကာ တုန်ယင်နေပြီး မြေကြီးပေါ် ဘုန်းခနဲ လဲကျသွားသည်။

သူ့ဝမ်းဗိုက်က ထိုးဖောက်ခံရပြီး သေဆုံးရန် သိပ်မလိုတော့ချေ။

“ချိုမြိန်လိုက်တဲ့ မျှော်လင့်ချက်မဲ့စိတ်၊ ဒေါသစိတ်၊ ပြီးတော့ မုန်းတီးစိတ်၊ အားလုံးကို ငါ စားပစ်မယ်”

မြေအောက်လောက ဘုရင်မက အားရဝမ်းသာ ရယ်မောနေသည်။

*တကယ့် အာဟာရကြီး*

*ဒါက တကယ့်ကို ဟင်းပွဲကြီးပဲ*

စွမ်းအင်စီးကြောင်းက သူမကိုယ်ထဲသို့ အရူးအမူး တိုးဝင်လာနေသည်ကို သူမ ခံစားမိသည်။ ငရဲမှ နတ်ဆိုးစွမ်းအင်က ကြီးမားပြင်းထန်လှသည်။

ဤနတ်ဆိုးများ၌ ထိုမျှ ကြီးမားသော စွမ်းအင် ရှိလိမ့်မည်ဟု သူမ လုံးဝ ထင်မထားမိပါ။ သူတော်စင်သခင် အဆင့်လောက်နှင့် နတ်ဘုရင်အဆင့်အား သတ်နိုင်သည်က အံ့ဩစရာ မဟုတ်ချေ။

သူတို့၏ အသွေးအသားတိုင်းတွင် ကြီးမားသော နတ်ဆိုးစွမ်းအင် ပါဝင်နေ၏။

“မရဘူး၊ ငါ ထပ်လိုချင်တယ်၊ ငါ ထပ်လိုချင်တယ်”

ချက်ချင်းဆိုသလိုပင် မြေအောက်လောက ဘုရင်မ၏ အကြည့်က ကျုံးဝမ်ထံ ကျရောက်သွားသည်။

All Chapters