← Chapters

အခန်း ၁၅၆၉

Vol. 105 Ch. 1569

အခန်း ၁၅၆၉

Vol. 105 Ch. 1569

Chapter 1569 မင်းကို စောင့်ခိုင်းစေခဲ့မိတယ်

တစ်ဖက်တွင် ကျုံးဝမ်နှင့် အခြားသူများသည်လည်း အပြင်းအထန် တိုက်ပွဲဆင်နွှဲနေကြသည်။ သူမဘေး၌ တဖြည်းဖြည်း လူ နည်းသထက် နည်းလာပြီး ထိုသူများ သွေးရေကန်ထဲသို့ ကျဆင်းသွားကြသည်။

“နတ်ဆိုးဘုရင်မ ကျွန်တော်တို့ အလောင်းပေါ်ကနေ နင်းလျှောက်သွားပါ၊ မတွေဝေပါနဲ့၊ နောက်လှည့်မကြည့်နဲ့”

ထိုစကားကြောင့် ကျုံးဝမ်သည် ကမ္ဘာ ဖျက်ဆီးသူထံသို့ ဒယိမ်းဒယိုင်ဖြင့် လျှောက်သွားလေသည်။ လက်ရှိတွင် သူမသည် အားလုံး၏ အမုန်းတရားများကို သယ်ဆောင်ထားသလို အားလုံး၏ မျှော်လင့်ချက်ကိုလည်း သယ်ဆောင်ထားလေသည်။

သုံးလှမ်း၊ နှစ်လှမ်း၊ တစ်လှမ်း။

သို့သော် ထိုအချိန်၌ ကျာပွတ်တစ်ချောင်းက အရှိန်ဖြင့် ကျရောက်လာကာ ကျုံးဝမ်အား လွင့်ထွက်သွားစေသည်။ ကျုံးဝမ်၏ နှာခေါင်းမှ သွေးများ စီးကျလာပြီး လေထဲတွင် အကြိမ်များစွာ ချာလပတ် လည်သွားပြီး ပြုတ်ကျကာ မတ်တပ်ရပ်ရပ်ပင် ခက်ခဲသွားသည်။

သူမအရှေ့မှ ပိုင်ကျန့်ချင်းက လှောင်ရယ်၍ ပြောလာသည်။

“စိတ်မကောင်းစရာပဲ၊ ကပ်သီးလေးပဲ လိုတော့တာ၊ မင်း ငါတို့အားလုံးကို မင်းနဲ့အတူ မြေမြှုပ်ခံရအောင် လုပ်နိုင်တော့မှာ”

“ဒါပေမဲ့ မင်းလို ခွေးမအတွက် နောက်တစ်ကြိမ် အခွင့်အရေးဆိုတာ မရှိတော့ဘူး”

ပိုင်ကျန့်ချင်းက လက်ကို မာန်ပါပါနှင့် ဝှေ့ယမ်း၍ အော်လိုက်သည်။

“သူ့ခြေလက်တွေကို ချိုးပစ်၊ သူ နည်းနည်းလေးမှ မတိုးလာနိုင်တာကို ငါ လိုချင်တယ်”

“ကျွတ် ကျွတ် ကျွတ်၊ ပိုင်ဧကရာဇ် ခင်ဗျား မိန်းကလေးအပေါ် အရမ်း စာနာစိတ် မရှိသလို ဖြစ်နေပြီ မဟုတ်ဘူးလား”

ပိုင်လီကျန့်က အပြုံးနှင့်အတူ လျှောက်လာသည်။ ပိုင်ကျန့်ချင်းက ပိုင်လီကျန့်ကို တစ်ချက် ကြည့်လိုက်သည်။

“ဒီမိန်းမတွေကို အထင်မသေးနဲ့၊ သူတို့ ခြေလက်တွေကို မရိုက်ချိုးရင် သူတို့ ဘယ်လို ရူးချင်စရာကောင်းတဲ့ အရာတွေ လုပ်မလဲဆိုတာ ဘုရားပဲ သိနိုင်မယ်”

သူသည် ယဲ့ဖန်နှင့် အကြိမ်ပေါင်းများစွာ ရင်ဆိုင်ဖူးသဖြင့် ယဲ့ဖန်ဘေးနားမှ လူများအကြောင်းကို ကောင်းသောင်း သိသည်။ သူ၏ အမျိုးသမီးဖြစ်စေ လက်အောက်ငယ်သားများဖြစ်စေ အားလုံးက အရူးတွေချည်းပင်။ သူတို့ မသေမချင်း အဘယ်သို့သော ရူးသွပ်ဖွယ် လုပ်ရပ်များ လုပ်လာမလဲ ဆိုသည်ကို မည်သူမှ မသိနိုင်ချေ။

ပိုင်လီကျန့်က ကျုံးဝမ်ကို လိုချင်နေခြင်းသာ မဟုတ်လျင် သူ ကျုံးဝမ်ကို သတ်ပစ်မိလောက်သည်။

ထိုအခိုက်တွင် ပိုင်ကျန့်ခင်း ဘေးနားမှ သူတော်စင်သခင်အဆင့် လူတစ်စုက ကျုံးဝမ်ထံ ပြေးတက်သွားသည်။ သို့သော် သူတို့သည် ကျုံးဝမ်ကိုသာ အာရုံစိုက်နေသဖြင့် သူတို့ထံ အရူးအမူး ချဉ်းကပ်လာသော တစ္ဆေသဖွယ် ပုံရိပ်တစ်ခုကို သတိမထားလိုက်မိချေ။

“ရွှစ် ရွှစ်”

သူတော်စင်သခင်အဆင့်များ တောင်ပံကျိုးသွားသော ငှက်များသဖွယ် တစ်ယောက်ပြီး တစ်ယောက် လဲကျ သွားလေသည်။

“သွားတော့”

ထန်ပုခူက ကျုံးဝမ်ကို အော်ပြောလိုက်သည်။ လက်ရှိတွင် သူမသည် သွေးအလိမ်းလိမ်း ဖြစ်နေပြီး တစ်ချို့က ရန်သူ၏ သွေးဖြစ်ကာ တစ်ချို့မှာ သူမသွေးများ ဖြစ်လေသည်။

အစောပိုင်းက သူမသည်လည်း ကြမ်းတမ်းသော တိုက်ပွဲကို ရင်ဆိုင်ခဲ့ရကြောင်း သိသာလှသည်။

“ဘယ်လိုလုပ်”

ပိုင်ကျန့်ချင်းနှင့် ပိုင်လီကျန့်တို့ နှစ်ယောက်လုံး ထိတ်လန့်သွားပြီး ထန်ပုခူ အသက်ရှင်နေသေးသည်ကို မယုံနိုင် ဖြစ်နေကြလေသည်။သူတို့ အနောက်သို့ ပြန်လှည့်ကြည့်လိုက်သောအခါ ကြောက်ရွံ့တုန်လှုပ်သော အမူအရာများ ဖြစ်သွားကြသည်။ ထန်ပုခူကို တိုက်ခိုက်ရန် ထွက်သွားသော သူတော်စင်သခင်အဆင့်များအားလုံး ဆိုးရွားစွာ သေဆုံးသွားကြလေပြီ။

*ကြောက်စရာကောင်းလိုက်တဲ့ မိန်းမပါလား*

*အားလုံးကို တစ်ချက်တည်းနဲ့ သတ်ပစ်လိုက်တာပဲ*

ကျုံးဝမ်သည် သူမပါးစပ်ထောင့်မှ သွေးကို သုတ်လိုက်ပြီး ပြန်ထရပ်လိုက်ကာ ကမ္ဘာဖျက်ဆီးသူထံသို့ ခက်ခက်ခဲခဲ လျှောက်သွားလိုက်သည်။

“သေစမ်း”

ပိုင်ကျန့်ချင်းနှင့် ပိုင်လီကျန်တို့ မျက်နှာ မည်းမှောင်သွားသည်။ ယခုတစ်ခေါက်၌ သူတို့ကိုယ်တိုင် လုပ်မှ ဖြစ်တော့မည်ကို သိလိုက်လေသည်။ ဤရူးသွပ်နေသော အမျိုးသမီးအား ကမ္ဘာဖျက်ဆီးသူထံသို့ တစ်မီတာပင် နီးကပ်ခွင့် မပြုနိုင်ပါ။

သူတို့နှစ်ယောက် ရှေ့တိုးရန် ပြင်လိုက်ချိန်တွင် သူတို့၏ ခြေထောက်များက အမြစ်တွယ်နေသကဲ့သို့ လှုပ်မရ ဖြစ်နေသည်ကို ခံစားလိုက်ရသည်။

သူတို့ ခေါင်းငုံ့ကြည့်လိုက်သောအခါ သေခါနီးဖြစ်နေသော နတ်ဆိုးမျိုးနွယ် နှစ်ယောက်က သူတို့၏ နောက်ဆုံးသော အင်အားဖြင့် ပိုင်ကျန့်ချင်းတို့၏ ခြေထောက်ကို တင်းကျပ်စွာ ဖမ်းချုပ်ထားကြသည်။

“ဟေ့ နတ်ဆိုးတွေကို အထင်မသေးနဲ့ မျိုးမစစ်ကောင်တွေ”

ပိုင်ကျန့်ချင်းနှင့် ပိုင်လီကျန့်တို့နှစ်ယောက်လုံး ခေါင်းမွေးထောင်သွားကြသည်။

*ချီးပဲ ဒီနှစ်ယောက်က အခုလို ဖြစ်နေတာတောင် ငါတို့ကို တားနိုင်သေးတယ်ပေါ့*

*ကျုံးဝမ်က ကမ္ဘာဖျက်ဆီးသူကို ဖောက်ခွဲလိုက်တာနဲ့ ဘယ်လို အကျိုးဆက်တွေ ဖြစ်လာမလဲ ဆိုတာကို သူတို့ မသိဘူးလား*

ထိုသို့သောအချိန်ရောက်လာလျင် သူတို့သာ သေမည် မဟုတ်ဘဲ နတ်ဆိုးမျိုးနွယ်များပါ သေမည် ဖြစ်သည်။ သို့သော် ဤအရူးများက အရေးပင် မစိုက်ချေ။

လူတစ်ယောက်က သေခြင်းတရားအား မကြောက်ရွံ့ခြင်းက အံ့ဩစရာ မဟုတ်သော်လည်း လူပေါင်းများစွာက သေခြင်းတရားအား မကြောက်ရွံ့ခြင်းက ထိတ်လန့်စရာ ကောင်းလှသည်။

*အရူး*

*စိတ်ဖောက်နေတဲ့ဟာတွေ*

သူတို့ အလွန် ကြောက်လန့်သွားကြသည်။

“ငါ့ကိုလွှတ်စမ်း၊ ခွေးမသား လွှတ်စမ်း”

ပိုင်ကျန့်ချင်း အော်ငေါက်လိုက်ပြီး ကိုင်ထားသော ဓားဖြင့် အောက်မှ နတ်ဆိုးမျိုးနွယ်ဝင်ကို ထိုးလိုက်သောကြောင့် သွေးများ ပန်းထွက်လာသည်။

သို့သော် ထိုနတ်ဆိုးမျိုးနွယ်က သူ သေသည်အထိ လက်ကိုမလွှတ်ချေ။ နောက်ဆုံးတွင် ပိုင်ကျန့်ချင်းသည် ဖမ်းချုပ်ထားခြင်းမှ လွတ်မြောက်ရန် ထိုသူ၏ လက်မောင်းကို ဖြတ်လိုက်ရသည်။

“အား…”

ပိုင်လီကျန့် နာကျင်စွာ အော်ဟစ်လိုက်သည်။ အကြောင်းမှာ သူ့ခြေထောက်အောက်မှ နတ်ဆိုးမျိုးနွယ်သည် လက်အဖြတ်ခံရမည်ကို စိုးရိမ်ကာ သူ့ခြေထောက်ကို ကိုက်လိုက်သောကြောင့်ပင်တည်း။ ချက်ချင်းဆိုသလိုပင် သွေးများ ပန်းထွက်လာ၏။

“မင်း သေစမ်း၊ သောက်ခွေးမသား သေစမ်း”

ပိုင်လီကျန့် အသည်းအသန် အော်ဟစ်၍ ထိုနတ်ဆိုးမျိုးနွယ်၏ ခေါင်းကို ဖြတ်ထုတ်ပစ်လိုက်သည်။ ထိုသို့သောအချိန်၌ ပိုင်ကျန့်ချင်းနှင့် ပိုင်လီကျန်တို့ နှစ်ယောက်လုံး၏ မျက်နှာတွင် အလွန် သွေးပျက်ဟန်များ ပေါ်လွင်နေပြီး ကြောက်လန့်ကာ တုန်ယင်နေလေသည်။

*ဒီလူတွေက လုံးဝကို လူတွေမဟုတ်ဘူး*

*ကြမ်းတမ်းတဲ့ သရဲတစ္ဆေတစ်စုနဲ့ လာကြုံနေရတာပဲ*

ထိုအချိန်တွင် ကျုံးဝမ်သည် ကမ္ဘာဖျက်ဆီးသူနှင့် ခြေတစ်လှမ်းမျှသာ ကွာဝေးတော့သည်။

“မကောင်းတော့ဘူး”

ပိုင်ကျန့်ချင်းနှင့် ပိုင်လီကျန်တို့ မျက်နှာပျက်သွားသည်။ သူတို့ ခုန်ပျံ၍ အနားသို့ သွားမည်ဆိုလျင်တောင်မှ နောက်ကျသွားလေပြီ။

အကွာအဝေးက နီးသထက် နီးလာပြီး ကျုံးဝမ်၏ မျက်နှာတွင် စိတ်လက်အေးချမ်းသော အပြုံးတစ်ခု ပေါ်လာသည်။

“အချစ်ရေ မကြာခင် ကျွန်မတို့ ပြန်ဆုံတော့မှာပါ”

သုံးနှစ်လုံးလုံး သူမ မလွမ်းရသည့် အချိန်ဟူ၍ မရှိပါ။ မခက်ခဲသော အချိန်ဟူ၍ မရှိပေ။ သို့သော် သူမ ကြိုးစား၍ ရှေ့ဆက်ခဲ့သည်။

နောက်ဆုံးတွင် သူမ ဆက်လက်၍ တောင့်ခံစရာ မလိုတော့ပါ။ အရာအားလုံး ယခု အဆုံးသတ်ပေတော့မည်။

သူမ၏ လက်ချောင်းက ခလုတ်နှင့် တစ်စင်တီမီတာပင် မကွာဝေးတော့ချေ။ ထိုစဉ် သန်မာသော လက်တစ်ဖက်က သူမလက်မောင်းကို ဖိကိုင်လာ၏။

ကျုံးဝမ် မော့ကြည့်လိုက်သောအခါ ရင်းနှီးနေသော မျက်နှာကို တွေ့လိုက်ရလေသည်။ ထိုမျက်နှာပိုင်ရှင်က သုန်မှုန်နေပြီး သူမအား ခေါင်းခါပြသည်။

ထိုအခိုက်တွင် ကျုံးဝမ် ကြက်သေ သေသွားပြီး မျက်လုံးပြူးကာ ပါးစပ်အဟောင်းသား ဖြစ်ကာ မျက်နှာတွင် မယုံနိုင်ဟန် ပေါ်လွင်လာသည်။

သူမ အိပ်မက်ထဲ စိုးမိုးနေခဲ့သော ထိုအမျိုးသားက သူမရှေ့၌ ပေါ်လာသည်ကို မယုံနိုင် ဖြစ်နေ၏။ သူမ၏ နူးညံ့သိမ်မွေ့သော ခန္ဓာကိုယ်လေးက တုန်ယင်လာပြီး ဤအဖြစ်က သူမအပေါ် အကြီးအကျယ် သက်ရောက်မှု ဖြစ်ပေါ်စေကာ မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ငြိမ်သက်သွားစေသည်။

သူမ အိပ်မက်မက်နေသည်ဟု ထင်သော်လည်း ယဲ့ဖန်၏ လက်ဝါးမှ နွေးထွေးမှုက စစ်မှန်လွန်းလှ၏။ ထို့နောက် သူမ တုန်တုန်ယင်ယင်ဖြင့် လက်ဆန့်၍ ယဲ့ဖန်၏ ပါးကို ညင်သာစွာ ပွတ်သပ်ကြည့်သည်။ နွေးထွေးသော ကိုယ်ငွေ့က သူမလက်ဝါးမှတစ်ဆင့် နှလုံးသားသို့ စီးဆင်းလာသောအခါ ကျုံးဝမ် မျက်ရည်ဖြိုင်ဖြိုင် စီးကျ တော့သည်။

သူမ အိပ်မက်မက်နေခြင်း မဟုတ်ပေ။ ဤအရာအားလုံးက အမှန်ပင်။ ထိုလူ တကယ် ပြန်လာခဲ့လေပြီ

“မင်းကို စောင့်ခိုင်းစေခဲ့မိလို့ ငါ တောင်းပန်ပါတယ်”

ယဲ့ဖန် တောင်းတောင်းပန်ပန် ပြောလိုက်ပြီး သူ့မျက်နှာကို ကိုင်နေသော ကျုံးဝမ်၏လက်ကို အုပ်၍ ကိုင်ထားလိုက်သည်။

ပတ်ဝန်းကျင်တစ်ခုလုံး ထူးဆန်းစွာ ငြိမ်ကျသွားသည်။ လက်ရှိတွင် လူတိုင်းနီးပါး မျက်လုံးပြူးနေကြပြီး အမူအရာများ မှုန်မှိုင်းနေသည်။

အားလုံး၏ မျက်နှာတွင် မယုံနိုင်လောက်အောင် သွေးပျက်ဟန်များ ဖုံးလွှမ်းလာ၏။ ရုတ်တရက် ပိုင်ကျန့်ချင်း၏ နဖူးမှ ချွေးစေးများ စီးကျလာလေသည်။ ယခု သူ ချောက်ချားနေလေပြီ။ ယဲ့ဖန်ကို စိုက်ကြည့်နေသော မျက်လုံးအစုံက ရဲရဲနီနေ၏။

*သူ ရောက်လာပြီ၊ အဲ့လူ ရောက်လာပြီ*

“မဖြစ်နိုင်ဘူး၊ ဒါ လုံးဝ မဖြစ်နိုင်ဘူး”

ပိုင်လီကျန့် မြေကြီးပေါ် ဘုန်းခနဲ ပစ်လဲကျသွားသည်။

*အဲ့လူက သေသွားပြီးပြီကို၊ ဘာလို့ ဒီကို ရောက်လာတာလဲ”

သူ့မျက်လုံးတွင် အလွန် ကြောက်လန့်ဟန် ပေါ်နေ၏။

*မယုံနိုင်စရာပဲ*

*လွန်ခဲ့တဲ့သုံးနှစ်က သေသွားတဲ့ နတ်ဆိုးက အခု အသက်ပြန်ရှင်လာတာလား*

ထန်ပုခူနှင့် ကျုံးလီအာတို့သည်လည်း နေရာမှာတင် ကြက်သေ သေနေကြပြီး သူတို့၏ မျက်နှာတွင် သွေးပျက်၍ အံ့ဩဟန်တို့ဖြင့် ပြည့်နှက်နေလေသည်။ ချက်ချင်းဆိုသလိုပင် သူမတို့၏ မျက်လုံးတို့ စွတ်စိုလာ၏။

လက်ရှိတွင် သူတို့ စိတ်အလှုပ်ရှားလွန်ကာ မည်သို့ တုံ့ပြန်ရမလဲ မသိတော့ချေ။ သူတို့ နေရာမှာတင် ကျောက်ရုပ်သဖွယ် ငြိမ်နေမိသည်။

ယန်နယ်မြေတွင်း၌ သူတို့ ယဲ့ဖန်ကို နောက်တစ်ကြိမ် ပြန်တွေ့ရလိမ့်မည်ဟု သူတို့ လုံးဝ ထင်မထားမိချေ။

*သူ မသေသေးဘူး*

*သူ တကယ် ပြန်လာပြီ*

“ထန်ပုခူ ငါ အိပ်မက်မက်နေတာ မဟုတ်ဘူးမလား”

ကျုံးလီအာက ထန်ပုခူ၏ လက်မောင်းကို ဆွဲ၍ မျက်ရည်လည်ရွဲ ဖြစ်နေသည်။

“နင် အိပ်မက်မက်နေတာ မဟုတ်ဘူး၊ ဘာလို့လဲဆိုတော့ … ငါလည်း သူ့ကို မြင်နေရတယ်”

ထန်ပုခူသည်လည်း ငိုကြွေးနေလေပြီ။ လွန်ခဲ့သည့် သုံးနှစ်အတွင်း ယဲ့ဖန် သေသွားပြီးကတည်းက သူတို့ ယခုမှ ပထမဆုံးအကြိမ် ငိုကြွေးခြင်း ဖြစ်သည်။

သုံးနှစ်တာ ပူဆွေးဝမ်းနည်းမှုနှင့် နာကျင်မှုတို့သည် လက်ရှိတွင် ပေါက်ကွဲထွက်ပေါ်လာပြီး အမျိုးသမီး သုံးယောက်၏ မျက်ရည်များက စမ်းချောင်းအလား စီးဆင်းနေကာ ထိန်းချုပ်၍ မရနိုင်ပေ။

“သေနာကြီး၊ ရှင် လူဆိုးကောင်၊ အဲ့ဒါက ကျွန်မကို သေလောက်အောင် နာကျင်စေမှန်း ရှင် သိလား”

ကျုံးဝမ်၏ လက်သီးဆုပ်လေးက ယဲ့ဖန်၏ ရင်ဘတ်ပေါ် အားဖြင့် ကျရောက်လာပြီး ငိုကြွေးနေလေသည်။

ယဲ့ဖန်အတွက်ကြောင့်နှင့် သူမလက်တွင် သွေးစွန်းစေခဲ့ပြီး မရေတွက်နိုင်သော လူများကို သတ်ဖြတ်ခဲ့ကာ လူသတ်သမား နတ်ဆိုးဘုရင်မ ဖြစ်လာခဲ့သည်။

သုံးနှစ်အတွင်း သူမလက်ထဲ၌ သေဆုံးခဲ့သူများထဲတွင် လူကောင်းများပါသလို ယောက်ျား၊ မိန်းမမရွေးနှင့် သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များပင် ပါခဲ့သည်။

သူမရှေ့၌ ပိတ်ဆို့ရဲသော မည်သူမဆိုသည် အပြစ်ရှိသူများ ဖြစ်ပြီး သေရန် ထိုက်တန်သူများ ဖြစ်သည်။ သူမ ရူးမတတ် ဖြစ်ခဲ့ရသည်။

သူမ၏ ရည်မှန်းချက် ပန်းတိုင်ကို ရရှိရန်အတွက် သူမ အရာအားလုံးကို စတေးခဲ့ပြီး မည်သူ့ကိုမဆို သတ်ပစ်ခဲ့သည်။ ထိုသူက ငိုနေသော ကလေးငယ် ဖြစ်နေလျင်တောင်မှ မချန်ခဲ့ချေ။

သူမလက်တွင် အကုသိုလ်များနှင့် ပြည့်နှက်နေသောကြောင့် သူမ သေဆုံးပြီးလျင် ငရဲကျမလားဟုပင် တွေးမိသည်။

ယဲ့ဖန်က သူမအား လက်သီးဖြင့် ထုနှက်ခွင့်ပေးထားပြီး တစ်ချိန်တည်းမှာပင် ကျုံးဝမ်အား တင်းကျပ်စွာ ပွေ့ဖက်ထားကာ မျက်နှာက ပိုမို၍ သုန်မှုန်လာ၏။

“ရှင် ဘာလို့ စောစော ပြန်မလာတာလဲ၊ ဘာလို့လဲ”

ကျုံးဝမ်သည် ယဲ့ဖန်၏ ရင်ခွင်တွင်း၌ မှီရင်း တရှုံ့ရှုံ့ ငိုနေကာ မျက်နှာတွင် မျက်ရည်တို့ဖြင့် ရွှဲရွှဲစိုနေသည်။

ထိုအခိုက်တွင် ဘေးလူများ မှင်တက်အံ့ဩနေကြသည်။

“ဘယ်လိုဖြစ်တာလဲ၊ ဘုရင်မက တကယ် ငိုနေတာလား၊ ပြီးတော့ ဒီထူးဆန်းတဲ့လူကို မှီပြီးတော့လေ”

အသက်ရှင်ကျန်နေသော ပင်လယ်ဓားပြအချို့ အံ့ဩနေကြသည်။ ယခင်က သူတို့ ယဲ့ဖန်ကို တစ်ခါမှ မမြင်ဖူးသဖြင့် ယဲ့ဖန်၏ နောက်ခံကို မသိကြချေ။

သို့သော် လက်ရှိမြင်ကွင်းကြောင့် သူတို့ အံ့ဩနေကြလေသည်။ သူတို့အမြင်တွင် ဘုရင်မသည် သွေးအေး ရက်စက်သူ ဖြစ်သည်။ သူတို့ သူမအား အမျိုးသမီးတစ်ယောက်ဟုပင် မသတ်မှတ်တော့ဘဲ နတ်ဆိုးတစ်ကောင်၊ မိစ္ဆာတစ်ကောင်ဟုသာ သတ်မှတ်ကြတော့သည်။

*ငိုနေတာလား*

*ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

သို့ရာတွင် လက်ရှိအချိန်၌ သူမသည် ဤလူ၏ ရင်ခွင်ထဲ မှီ၍ အမှားလုပ်မိသော ကလေးသဖွယ် ငိုကြွေးနေ လေသည်။

သူတို့၏ စိတ်ထဲတွင် ကျုံးဝမ်သည် မြင့်မြတ်ပြီး အစဉ် လေးစားအပ်သူ ဖြစ်ကာ မထိပါးအပ်သောသူ ဖြစ်လေသည်။

ယခုအခါတွင်မူ သူတို့၏ ဘုရင်မက ယခင်က သူတို့ တစ်ခါမှ မမြင်ဖူးသည့် ကွဲကြေလွယ်သော အသွင်မျိုး ဖြစ်နေသည်။

ဤမြင်ကွင်းက အလွန် ယုတ္တိမတန်လှသဖြင့် သူတို့ ကြောက်လန့်သွားသည်။ လက်ရှိတွင် ပင်လယ်ဓားပြများ အားလုံး၏ အာရုံက ယဲ့ဖန်ထံသို့ ကျရောက်နေသည်။

*ကြောက်ဖို့ကောင်းတယ်*

*ဒီလူ … သူက တကယ်ပဲ ဘာလဲ*

*ငါတို့ ဘုရင်မကိုတောင် သိမ်းပိုက်နိုင်စွမ်း ရှိတာပါလား*

ထိုအချိန်တွင် ရင်မိသားစုဝင်များအားလုံးလည်း ကြက်သေ သေနေ၏။

“ယဲ့ … ယဲ့ဘုရင်လား၊ သူ သေသွားပြီးပြီ မဟုတ်လား၊ ဘာလို့ ဒီကို ရောက်နေတာလဲ”

“ဘယ်သူမှ ချင်ဧကရာဇ် သင်္ချိုင်းဂူကနေ မလွတ်နိုင်ဘူးလေ၊ ဒီလူ ဘယ်လိုလုပ်လိုက်တာလဲ”

ထိတ်လန့်သွေးပျက်နေကြလေပြီ။ လက်ရှိတွင် ရင်မိသားစုဝင်များအားလုံး ခြေမခိုင်တော့ချေ။ အားလုံး မျက်ခုံး တဆတ်ဆတ် လှုပ်ကာ ယဲ့ဖန်အား ကြောက်လန့်တကြား ကြည့်နေကြသည်။

ယဲ့ဖန်၏ ချင်ဧကရာဇ် သင်္ချိုင်းဂူမှ ပြန်ရောက်လာခြင်းက သူတို့အတွက် ငရဲမှ ပြန်ထွက်လာသကဲ့သို့သော ကိစ္စပင်။ ၎င်းက လုံးဝ မဖြစ်နိုင်သော အရာပင်တည်း။

*ဒီကောင်က သောက်ကျိုးနည်း ဘာကြီးလဲ*

All Chapters