အခန်း ၁၅၇၀
Vol. 105 Ch. 1570
Chapter 1570 နင်က အင်မော်တယ် ဧကရာဇ်အဆင့်လား
လက်ရှိတွင် သူတို့ မည်မျှ ထိတ်လန့်နေမလဲ တွေးကြည့်နိုင်ပေသည်။
“သခင်ကြီး”
“ဆရာ”
ယွမ်ပမ်းရှီနှင့် ရန်ထျန်းတို့က ယဲ့ဖန်အား စိတ်အားထက်သန်သော အကြည့်တို့ဖြင့် ကြည့်နေပြီး စိတ်လှုပ်ရှားကာ မျက်ရည်ကျလာ၏။
ယဲ့ဖန် ပြန်ရှင်လာသည်က သူတို့အတွက် မယုံနိုင်စရာကောင်းသော ကိစ္စပင်။
*ယဲ့ဖန်လား*
ထိုစကားနှစ်လုံးက မှော်အစွမ်းတစ်ချို့ ပါနေသကဲ့သို့ ဘေးပတ်ဝန်းကျင်မှလူများအား တိတ်ဆိတ်သွားစေသည်။
ပင်လယ်ဓားပြများ ကြောက်လန့်သွားကြသည်။ သူတို့၏ ဘုရင်မ သိမ်းပိုက်စိုးမိုးခံရသည့် အကြောင်းရင်းကို သူတို့ နားလည်သွားကြသည်။ အကြောင်းမှာ ဤလူက တကယ့် နတ်ဆိုး ဖြစ်နေသောကြောင့်ပင်တည်း။
“ယဲ့ဖန် နင် သေတွင်းတူးဖို့အတွက် ပြန်လာရဲလိမ့်မယ်လို့ ငါ ထင်မထားမိဘူး”
မြေအောက်လောက ဘုရင်မက အပြုံးကြီး ပြုံးနေပြီး သူမမျက်လုံးမှ အေးစက်စက် အလင်းက ပို၍ အားပြင်းလာ၏။
လွန်ခဲ့သော သုံးနှစ်က သူမ ယဲ့ဖန်ကို နုတ်နုတ်စင်း၍ သတ်ချင်ခဲ့သည်။ သုံးနှစ်အကြာ၌ သူမအတွေးကို လက်တွေ့ လုပ်နိုင်တော့ပေမည်။
သို့သော် ယဲ့ဖန်က သူမစကားကို ကြားပုံမရဘဲ ကျုံးလီအာနှင့် ထန်ပုခူအား လက်ယပ်ခေါ်နေသည်။ မိန်းကလေး နှစ်ယောက်သည် ရုတ်တရက် ငိုကြွေး၍ သူ့ရင်ခွင်ထဲသို့ ပစ်ဝင်လာကာ လက်သီးဆုပ်လေးဖြင့် ထုနှက်၍ စောဒတက်ကာ စိတ်ဆိုးကြောင်း ပြောနေကြသည်။ ယဲ့ဖန်က သုံးယောက်လုံးကို တစ်ပြိုင်တည်း ချော့မော့နေ၏။
ဤမြင်ကွင်းက မြေအောက်လောက ဘုရင်မအား ရူးမတတ် ဖြစ်သွားစေသည်။ အဘယ်ကြောင့်ဆိုသော် အမျိုးသမီး ဖြစ်သော်လည်း သူမသည် အမျိုးသမီးတစ်ယောက် ရသင့်သော အလိုလိုက်မှုနှင့် ချစ်ခြင်းမေတ္တာ တို့ကို တစ်ခါမှ မခံစားဖူးသောကြောင့်ပင်။
ဤအမျိုးသမီးများ၏ ဝမ်းသာ၍ ကျသောမျက်ရည်များနှင့် ရှက်ရွံ၍ နှစ်လိုဖွယ်ကောင်းသော အပြုံးတို့က သူမအား မခံမရပ်နိုင် ဖြစ်စေသည်။
*ဖျက်ဆီးမယ်*
သူမ အားလုံးကို ဖျက်ဆီးပစ်မည်။ အဘယ်ကြောင့် သူမမှာ ဘာဆိုဘာမှမရှိဘဲ ဤရန်သူများက ပျော်ရွှင် နေရသနည်း။
သူမ ဤအမျိုးသမီးများကို အဖြစ်ဆိုးရွားစေချင်ပြီး သူတို့၏ အမျိုးသားကို သူတို့ရှေ့၌ သတ်ပစ်ချင်နေ၏။
“ယဲ့ဖန် ဒီတစ်ခါတော့ ငါ နင့်ကို အသာလေး သေခွင့်မပေးနိုင်ဘူး”
ချက်ချင်းဆိုသလိုပင် မြေအောက်လောက ဘုရင်မက ရှေ့သို့ ပြေးတက်လာပြီးနောက် တစ်ခဏကြာသော် ယဲ့ဖန်၏ အနောက်သို့ ရောက်သွားသည်။ လျှပ်စီးသဖွယ် အလွန် လျင်မြန်လွန်းလှ၏။
“သတိထား၊ သူက အင်မော်တယ် ဧကရာဇ်အဆင့်ကို တက်နိုင်သွားပြီ”
ကျုံးဝမ်နှင့် အခြားသူများ အလွန် ကြောက်လန့်သော မျက်နှာများနှင့် အော်ဟစ်လိုက်ကြသည်။
မြေအောက်လောက ဘုရင်မက ရုတ်တရက် အနားသို့ ချဉ်းကပ်လာပြီးနောက် ယဲ့ဖန်၏ ဦးခေါင်းအား ဒေါသတကြီး ရိုက်ချလေသည်။
ကြောက်စရာကောင်းသော စွမ်းအင်လှိုင်း ထွက်ပေါ်လာပြီး ပြင်းထန်သော စွမ်းအင်တစ်ခုက ယဲ့ဖန်၏ နောက်စေ့သို့ ကျရောက်လာသည်။
နောက်စေ့သည် လူ့ခန္ဓာကိုယ်၏ အရေးကြီးသော အစိတ်အပိုင်းများထဲမှ တစ်ခု ဖြစ်သည်။ ထို့အပြင် တိုက်ခိုက်သူက မြေအောက်လောက ဘုရင်မ ကိုယ်တိုင် ဖြစ်နေ၏။ ထိုလက်ဝါးချက်သာ ထိမှန်လျင် သေချာပေါက် ဦးနှောက်ပါ ပွင့်သွားလိမ့်မည်။
သို့သော် ယဲ့ဖန် လှုပ်ရှားလိမ့်မည်ဟု လူတိုင်း ထင်ထားချိန်တွင် ယဲ့ဖန်က ဘာကိုမှ မခံစားမိသေးသကဲ့သို့ စိတ်အေးစေသော အပြုံးနှင့် အမျိုးသမီးသုံးယောက်၏ ပခုံးကို အသာပွတ်၍ နှစ်သိမ့်နေ၏။
“သူ့ကိုသတ်ပစ်”
ယဲ့ဖန်က ကျုံးဝမ်ကို ရင်ခွင်ထဲထည့်၍ တင်းကြပ်စွာ ပွေ့ဖက်ထားသည်ကိုမြင်ပြီး ပိုင်လီကျန့် မနာလို ဝန်တိုစိတ်ဖြင့် အော်ဟစ်လိုက်သည်။
ထိုအမျိုးသမီးသည် သူ၏ ကစားစရာ ဖြစ်ပြီး မည်သူမှ သူ့ထံမှ လုယူမသွားနိုင်ပါ။ ပိုင်ကျန့်ချင်း၏ မျက်လုံးတွင်လည်း ဝမ်းသာရိပ် စွန်းထင်းနေသည်။
*အရူး*
*ဒီလူက အရူးပဲ၊ သေလမ်းပဲ ရှိတာကို သိနေတာတောင် တော်ဝင်မြို့တော်ကို လာရဲတာပဲ*
*အခု မြေအောက်လောက ဘုရင်မက အင်မော်တယ် ဧကရာဇ်အဆင့်ကို တက်လှမ်းသွားပြီဆိုတော့ ယဲ့ဖန် ဒီကိုလာလည်း သေဖို့ပဲ ရှိတယ်*
“ဟားဟားဟား ယဲ့ဖန် မင်း အခုထိ မိန်းကလေးတွေနဲ့ ချစ်ကြည်နူးနေတုန်းလား”
ပိုင်ကျန့်ချင်းက အားပါးတရ ရယ်မောလိုက်သည်။
မိန်းမအချို့အတွက်နှင့် ကိုယ့်အသက်ကို စတေးသော အရူးပါတကား။
ဘုရင်မ၏ တိုက်ကွက်က ဝုန်းခနဲ ကျရောက်လာသည်။
“မဖြစ်ရဘူး”
ယွမ်ပမ်းရှီနှင့် အခြားသူများက မလိုလား၍ နာကျင်သော မျက်နှာတို့ဖြင့် အော်ဟစ်လာ၏။
“ဝုန်း”
ထိုလက်ဝါးချက်က ယဲ့ဖန်၏ နောက်စေ့သို့ ကျရောက်လာသည်။
*သွားပြီ*
*ဇာတ်သိမ်းပြီ*
ယွမ်ပမ်းရှီ အားနည်းစွာ မြေကြီးပေါ် လဲကျသွားပြီး မျက်နှာ ပြာနှမ်းသွားသည်။ သူတောင်မှ ယဲ့ဖန် တစ်စစီ ဖြစ်သွားမည့် မြင်ကွင်းကို မကြည့်ရဲချေ။
ပိုင်ကျန့်ချင်းနှင့် ပိုင်လီကျန့်တို့ ဝမ်းသာအားရ ရယ်မောနေ၏။ မူက ယဲ့ဖန်၏ ရောက်ရှိလာခြင်းက သူတို့အပေါ် အနည်းနှင့်အများ သက်ရောက်မည်ဟု ထင်ထားသော်လည်း ယခုအခါတွင်မူ သူတို့ အတွေးလွန်ခဲ့ပုံ ပေါ်၏။
သူ ပေါ်လာသည်နှင့် မြေအောက်လောက ဘုရင်မကြောင့် တစ်စစီ ဖြစ်ရပေတော့မည်။
*ဒီကောင်က တကယ် သနားစရာကောင်းတယ်လို့ ပြောရမှာပဲ*
“ကျုံးဝမ်က ငါ့ကျွန်ဖြစ်ဖို့ ကံပါပြီးသား၊ ဘယ်သူမှ ဒါကို ဖယ်ရှားလို့မရဘူး”
ပိုင်လီကျန့်က ညစ်ကျယ်ကျယ် ပြုံးနေ၏။ ယဲ့ဖန် သေသွားသည်နှင့် ကျုံးဝမ်က သူ၏ အပိုင်ပစ္စည်း ဖြစ်လာမှာ အသေအချာပင်။
“ခွေးမ နင် မသေသေးဘူးကိုး၊ ကြည့်ရတာ ဘုရားက ငါ့ကို သနားညှာတာတယ်နဲ့တူတယ်၊ ငါ နင့်ကို နေ့ရောညပါ တွေးနေခဲ့လို့ နင့်ကို ငါ့ဆီ ပြန်ပို့ပြီး နင့်ကို ….”
ပိုင်ကျန့်ချင်းက ပိုင်ရွှယ်ကို စူးစိုက်ကြည့်၍ ဆက်ပြောလိုက်သည်။
“မသေမချင်း နှိပ်စက်လို့ရအောင် ပြန်ပို့ပေးတာ နေမှာ”
ဤခွေးမကြောင့်သာ မဟုတ်လျင် သူ ယဲ့ဖန်နှင့် ရန်သူ ဖြစ်လာမည် မဟုတ်သလို သူ့ထီးနန်းအား အဓမ္မ ပေးအပ်လိုက်ရမည် မဟုတ်ပေ။
မြေအောက်လောက ဘုရင်မက ယဲ့ဖန်ကို မုန်းသကဲ့သို့ သူသည်လည်း ပိုင်ရွှယ်ကို အရိုးထဲအထိ မုန်းတီးပါ၏။
“ငါ့ရဲ့ ဖခင်ကောင်းလေး၊ ရှင်နဲ့ ကျွန်မနဲ့က အတွေးတူနေတာပဲ”
ပိုင်ရွှယ်ကလည်း ဆိုးယုတ်သော အပြုံးနှင့် ပိုင်ကျန့်ချင်းအား ပြန်ကြည့်နေသည်။
*ဘာ*
ပိုင်ကျန့်ချင်း မျက်နှာပျက်သွားသည်။ ပြီးမှ လှောင်ရယ်လေသည်။
“ခွေးမ နင့်ကျောထောက်နောက်ခံက သေသွားလောက်ပြီ၊ နင်က ငါ့ရှေ့မှာ ဘယ်လိုတောင် လာမာနကြီး နေတာလဲ”
သူမအား မည်သူက သတ္တိပေးလိုက်လဲ မသိပေ။
“သေပြီ ဟုတ်လား၊ ရှင် သေချာ ကြည့်ဦးလေ”
ပိုင်ရွှယ်က အသာပြုံး၍ ပြောလိုက်သည်။ ပိုင်ကျန့်ချင်း ရုတ်တရက် ထိတ်လန့်သွားပြီး ယဲ့ဖန်ရှိရာသို့ လှမ်းကြည့်လိုက်သည်။
ထို့နောက် သူ မျက်လုံးပြူးကာ မျက်နှာတွင် ကြောက်လန့်ဟန် ပေါ်လာပြီး သတိလစ်လုနီးပါး ဖြစ်သွားရသည်။
ထိုဘက်ခြမ်းတွင် ယဲ့ဖန်က မြေအောက်လောက ဘုရင်မကို ကျောပေးထားဆဲ ဖြစ်ပြီး ဦးခေါင်းအား ထူးဆန်းစွာ ခါယမ်းလိုက်သည်။
*မြေအောက်လောက ဘုရင်မ အားကုန်သုံးထားတဲ့ လက်ဝါးနဲ့ အရိုက်ခံရတာတောင် ယဲ့ဖန်က ခေါင်းခါရုံပဲ ခါတယ်ပေါ့*
မြေအောက်လောက ဘုရင်မ အံ့ဩသွားသည်။ ပိုင်ကျန့်ချင်းနှင့် ပိုင်လီကျန့်လည်း အံ့အားသင့်သွားသည်။ ကျုံးဝမ်နှင့် အခြားသူများ ကြက်သေ သေကုန်သည်။ ကျန်လူများအားလုံးသည်လည်း မှင်တက်သွား ကြလေသည်။
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
*အင်မော်တယ် ဧကရာဇ်အဆင့်ရဲ့ အားကုန်သုံးထားတဲ့ တိုက်ကွက်လေ*
*ယဲ့ဖန်က ဘာအကာအကွယ်မှ မရှိတာကို နည်းနည်းလေးမှ ဒဏ်ရာမရဘူးလား*
*ဒါက တကယ် အံ့ဩဖို့ကောင်းတယ်*
ထိုစဉ် ယဲ့ဖန်က နောက်လှည့်လာပြီး မြေအောက်လောက ဘုရင်မအား အထင်သေးစွာ ကြည့်လာသည်။
“မင်း ထမင်းမစားရသေးဘူးလား”
ထိုစကားကြောင့် လူတိုင်း ကြက်သီးထသွားသည်။
*ငါတို့ ဘာကြားလိုက်တာလဲ*
*ယဲ့ဖန်က မြေအောက်လောက ဘုရင်မရဲ့ တိုက်ကွက်က အားပျော့နေလို့ မကြိုက်တာလား*
*မကောင်းဆိုးဝါး*
*ဒီကောင်က မကောင်းဆိုးဝါးပဲ*
“နင်…”
မြေအောက်လောက ဘုရင်မသည်လည်း မျက်နှာပျက်သွားသည်။ သူမ အစောပိုင်းက အားကုန်သုံးခဲ့ကြောင်း တစ်ရာ ရာခိုင်နှုန်း သေချာပါသည်။
သို့သော် အဘယ်ကြောင့် သူမအရှေ့မှလူကို အပြီးတိုင် ပျက်စီးအောင် မလုပ်နိုင်ရသနည်း။ ဤသည်က လုံးဝ ဖြစ်နိုင်ချေ မရှိချေ။
ထို့နောက် မြေအောက်လောက ဘုရင်မသည် လက်နှစ်ဖက်လုံးကို လှုပ်ခါလိုက်ပြီး သူမ၏ ကိုယ်ပိုင် အင်မော်တယ် ဥပဒေသကို ပြောင်းလဲကာ သွေးရောင် ကြေးချွတ်သန့်စင်ဘံု တစ်ခုကို ဖွင့်လွှစ်လိုက်ပြီး ၎င်းက ယဲ့ဖန်အား လွှမ်းခြုံသွားသည်။
နယ်မြေ။
အင်မော်တယ် ဧကရာဇ်အဆင့်၏ တစ်မူထူးခြားသော အရည်အချင်းမှာ အင်မော်တယ် ဧကရာဇ်အဆင့်သို့ ရောက်သည်နှင့် ကိုယ်ပိုင် နယ်မြေတစ်ခု ဖန်တီးနိုင်ခြင်းပင်။
ထိုနယ်မြေအတွင်း၌ မြေအောက်လောက ဘုရင်မက အရှင်သခင်ပင်။
သွေးရောင် ကြေးချွတ်သန့်စင်ဘုံသည် တောက်ပနေပြီး သွေးများက မြစ်သဖွယ် စီးဆင်း၍ အလောင်းများက တောင်လိုပုံကာ သွေးရောင် နတ်ဆိုးပန်းပွင့်များ ပွင့်နေပြီး မရဏ အငွေ့အသက်က တစ်လောကလုံးကို လွှမ်းမိုးနေသည်။
ကြောက်စရာ ကောင်းလိုက်လေခြင်း။
ယဲ့ဖန်က မိန်းကလေးသုံးယောက်ကို အသာပုတ်၍ ထွက်သွားရန် အချက်ပြလိုက်သည်။
မကြာခင် ဖြစ်ပေါ်လာမည့် တိုက်ပွဲက အင်မော်တယ် ဧကရာဇ်အဆင့်တို့၏ တိုက်ပွဲဖြစ်ပြီး အရာအားလုံးကို ပျက်စီးစေနိုင်သောကြောင့် သူတို့သုံးယောက်ကို သူ ကာကွယ်နိုင်မည် မဟုတ်ပါ။
မိန်းကလေးသုံးယောက်သည် သတိထားရန် တစ်ယောက်ချင်းစီက ပြောပြီး နာခံစွာ နောက်ဆုတ်သွားကြသည်။
ရုတ်တရက် ယဲ့ဖန်၏ ခန္ဓာကိုယ်မှ ရောင်စုံ အလင်းတန်းများ ထွက်ပေါ်လာပြီး နတ်ဘုရားကွင်းများအဖြစ် တားဆီးလာကာ တာအိုလမ်းကြောင်း တစ်ရာ့နှစ်ဆယ် ဖြစ်ပေါ်လာပြီး ၎င်းက ကောင်းကင်ဘုံ၏ ဥပဒေကို ဆွဲဆောင်နေကာ လောကကို ဖျက်ဆီးနိုင်သော အဖျက်စွမ်းအင်တို့ ပြည့်နှက်နေ၏။
ထို့နောက် သူသည် မြေအောက်လောက ဘုရင်မအား ကြည့်၍ ကြွေးကြော်လိုက်သည်။
“လာတိုက်စမ်း၊ လာတိုက်ပြီး အသေခံစမ်း”
*လာတိုက်*
*အသေခံ*
*မောက်မာလိုက်တဲ့ စကားပါလား*
ပိုင်ကျန့်ချင်း၊ ပိုင်လီကျန့်နှင့် အခြားသူများ၏ မျက်နှာများ မည်းမှောင်သွားသည်။
*ဒီကောင်က ဘယ်ကနေ ယုံကြည်မှုရလို့ အင်မော်တယ် ဧကရာဇ်အဆင့်ကို ဒီလို စိန်ခေါ်တာလဲ*
*မဟုတ်မှလွဲရော*
“အုန်း”
“နင် သေချင်နေတာပဲ”
မြေအောက်လောက ဘုရင်မ ဒေါသတကြီး အော်ဟစ်လိုက်သည်။
သွေးရောင် ကြေးချွတ်သန့်စင်ဘုံက ယဲ့ဖန်ကို ရုတ်တရက် ပိတ်ဆို့လာပြီး အဆုံးအစမဲ့သော လူသတ်လိုသည့် အငွေ့အသက် ပျံ့လွင့်လကာ အရာအားလုံးကို ပြင်းထန်စွာ ဖျက်ဆီးလေသည်။
သွေးရောင် ကြေးချွတ်သန့်စင်ဘုံသည် ပွက်ပွက်ဆူနေသည်ဟု ထင်မှတ်မရပြီး အဆုံးအစမဲ့သော စွမ်းအင်က ယဲ့ဖန်ကို အလွှာလိုက် ရစ်ပတ်လာသည်။
ဤသည်ကိုမြင်သော် လူတိုင်း ထိတ်လန့်သွားသည်။ တစ်ဖက်က ကြောက်စရာကောင်းသော နတ်ဆိုးဖြစ်ပြီး အခြားတစ်ဖက်က ကြမ်းကြုတ်သော မြေအောက်လောက ဘုရင်မ ဖြစ်သည်။
ဤသည်က အံ့ဩစရာကောင်းသော ပွဲပင်။
လူတိုင်း ကျောချမ်းနေပြီး သူတို့ပါ ထိခိုက်မည်ကို စိုးရိမ်သဖြင့် အသည်းအသန် နောက်ဆုတ်ကြသည်။
လူတိုင်းသည် ယဲ့ဖန်၏ အသွင်အပြင်နှင့် မြေအောက်လောက ဘုရင်မကို ခုခံတိုက်ခိုက်သော အပြုအမူကြောင့် ကြောက်လန့်ကာ သူ အနက်ရောင် နဂါးဝတ်ရုံအား ဝတ်ထားသည်ကို မည်သူမှ သတိမမူမိချေ။
ဤရင်မိသားစုဝင်များသည် သူတို့၏ မူလရင်းမြစ်ကို မေ့လျော့နေ၏။ သူတို့ ဘိုးဘေး၏ နဂါးဝတ်ရုံက မည်သို့ ရှိသလဲ ဆိုသည်ကို မေ့နေကြလေပြီ။
ယဲ့ဖန်က လျစ်လျူရှုထားပြီး ဘာမှမပြောချေ။ သူသည် မုန်တိုင်းတိုက်နေသော ပင်လယ်သဖွယ် ဖြစ်နေသည့် လူသတ်လိုသည့် အငွေ့အသက်အား ဥပေက္ခာပြု၍ သွေးရောင် ကြေးချွတ်သန့်စင်ဘုံထဲသို့ လျှောက်လှမ်းလာ၏။
သူသည် ထည်ဝါမြင့်မြတ်ပြီး မျက်လုံးများက နဂါးမျက်လုံးသဖွယ် စူးရှကာ ကောင်းကင်ဘုံ၏ ထိပ်သီး ပုဂ္ဂိုလ်တစ်ယောက် ပြန်လည် မွေးဖွားလာသည်နှင့် အသွင်တူကာ တိုက်ခိုက်ရေး စိတ်ဝိညာဉ် ပျံ့လွင့်နေသည်။
“ရွှစ် ရွှစ်”
သူ့ခန္ဓာကိုယ်မှ သွေးအချို့ ပန်းထွက်လာ၏။
“ဒဏ်ရာရပြီ၊ အဲ့အရူး ဒဏ်ရာရနေပြီ”
ဤသည်ကိုမြင်သော် ပိုင်ကျန့်ချင်း ဝမ်းသာအားရ ဖြစ်သွားသည်။
*နတ်ဘုရင်အဆင့်နဲ့ အင်မော်တယ် ဧကရာဇ်အဆင့်က အတော်လေး ခြားနားတာပဲ၊ ဒီကောင်က မြေအောက်လောက ဘုရင်မရဲ့ ပြိုင်ဘက် မဖြစ်နိုင်ဘူး*
ပိုင်လီကျန့်သည်လည်း စိတ်အေးကာ သက်ပြင်းချလိုက်သည်။ အစောပိုင်းက မြေအောက်လောက ဘုရင်မ၏ တိုက်ခိုက်မှုကို ယဲ့ဖန် တားလိုက်နိုင်ခြင်းက တိုက်ဆိုင်မှုသာ ဖြစ်လိမ့်မည်။ ဤသို့သော တိုက်ဆိုင်မှုက နှစ်ကြိမ် မဖြစ်တတ်ချေ။
“နင် ပွဲသိမ်းပြီ ယဲ့ဖန်၊ ငါ နင့်ခြေလက်တွေကို အရင် ဖြတ်ပစ်မယ်၊ ပြီးမှ ငါ နင့်ကို နည်းနည်းစီ မသေမချင်း ဘယ်လို နှိပ်စက်ရမလဲ စဉ်းစားရမယ်”
ဤသည်ကိုမြင်သော် မြေအောက်လောက ဘုရင်မသည် ဂုဏ်ယူစွာ ရယ်မောလိုက်ပြီး ယဲ့ဖန်၏ သေဆုံးမှုကို မြင်ယောင်နေ၏။
ထိုအချိန်တွင် ယဲ့ဖန်က တိတ်ဆိတ်မြဲ တိတ်ဆိတ်ကာ ပုံမှန်အတိုင်း ဆက်၍ လှမ်းလာနေသည်။
“ရွှစ် ရွှစ်”
သူ့ခန္ဓာကိုယ်မှ သွေးများ ပန်းထွက်လာပြန်သည်။
“ဆရာ ထပ်မသွားပါနဲ့၊ ဒီလို ဆက်သွားနေရင် သေပါလိမ့်မယ်”
ယွမ်ပမ်းရှီသည် သွေးပျက်နေသော မျက်နှာနှင့် အော်ပြောလိုက်သည် သို့သော် ထိုအချိန်တွင် ယဲ့ဖန် လှုပ်ရှားလာသည်။
သူ၏ ရွှေရောင်သဖွယ် တောက်ပနေသော လက်ငါးချောင်းကို ကျစ်ကျစ်ပါအောင် ဆုပ်လေသည်။ ထိုသို့ ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်နှင့် သတ္တုချင်း တိုက်မိသံကဲ့သို့သော အသံ ထွက်ပေါ်လာသည်။
ထို့နောက် လက်သီးကို ဝင့်၍ သူ့အရှေ့မှ သွေးရောင် ကြေးချွတ်သန့်စင်ဘုံအား ထိုးနှက်လိုက်လေသည်။
“ခွန်းလွန် လှုပ်ခါခြင်း”
“ဝုန်း”
ပြင်းထန်သော စွမ်းအင်တစ်ခုက ပင်လယ်လှိုင်းသဖွယ် ထွက်ပေါ်လာပြီး မိုးခြိမ်းသံသကဲ့သို့ ကျယ်လောင်စွာ မြည်ဟီး၍ သွေးရောင် ကြေးချွတ်သန့်စင်ဘုံအား ရိုက်ခတ်လေသည်။
ယဲ့ဖန်၏ တာအို စွမ်းအင်က မြေအောက်လောက ဘုရင်မ၏ ဥပဒေကို ဖျက်ဆီးသွားပြီး သွေးရောင် ကြေးချွတ်သန့်စင်ဘုံ တစ်ခုလုံးအား ဝါးမျိုသွားသည်”
“ဂျွတ် ဂျွတ်”
ထို့နောက် ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။
သွေးရောင် ကြေးချွတ်သန့်စင်ဘုံက ပျက်စီးကာ တစ်စစီဖြစ်၍ ရစရာ မရှိတော့ချေ။ သွေးရောင် ကြေးချွတ် သန့်စင်ဘုံ တစ်ခုလုံး အပေါက်ရာများနှင့် စုတ်ပြဲရာများဖြင့် ပြည့်နှက်နေကာ ယဲ့ဖန်၏ လက်သီးချက်ကို တောင့်မခံနိုင်ချေ။
“ဝိုး”
လူတိုင်း အလန့်တကြား ထအော်မိပြီး အကြောအချဉ်များ တောင့်တင်းကုန်သည်။ အထူးသဖြင့် ပိုင်ကျန့်ချင်းနှင့် ပိုင်လီကျန့်တို့ပင်။
သူတို့ပုံစံက ယင်ကောင်ကို စားမိသကဲ့သို့ မသတီစရာ ကောင်းနေပြီး မျက်နှာတစ်ခုလုံး ပြာနှမ်းနေသည်။
*လက်သီးတစ်ချက်က အင်မော်တယ် ဧကရာဇ်အဆင့်ရဲ့ နယ်မြေကို ဖျက်ဆီးနိုင်တာလား*
*အတု*
*ဒါ အတုအယောင်ပဲ ဖြစ်မယ်*
*ဒီလို မကောင်းဆိုးဝါးမျိုး ရှိဖို့ဆိုတာ မဖြစ်နိုင်ဘူး*
သူတို့၏ ခြေထောက်များ တုန်နေပြီး စကားတစ်ခွန်းမှ မပြောနိုင်ဘဲ ဘောင်းဘီထဲ ကျင်ငယ်ရည် ထွက်ကျလုနီးပါး ဖြစ်နေ၏။ မျက်စိရှေ့မှ မြင်ကွင်းက ကြံရာမရ ဖြစ်လွန်းစေသည်။
ထိုအခိုက်တွင် မြေအောက်လောက ဘုရင်မသည်လည်း လေသံပါ ပြောင်းလဲသွားပြီး အလန့်တကြား ထအော်လေသည်။
“နင် … နင်က အင်မော်တယ် ဧကရာဇ်အဆင့်ပဲ”