အခန်း ၁၅၇၁
Vol. 105 Ch. 1571
Chapter 1571 သွေးဘုရင်
ယခုအခါတွင်မှ ယဲ့ဖန်၏ သိုင်းအဆင့်ကို သူ သတိမထားမိလျင် သူမဦးနှောက် တစ်ခုခု မှားနေ၍သာ ဖြစ်မည်။
*ဘာ*
ထိုစကားကိုကြားသောအခါ ပိုင်ကျန့်ချင်းနှင့် ပိုင်လီကျန်တို့ မတုန်လှုပ်ဘဲ မနေနိုင်အောင် ဖြစ်သွားကြသည်။
*အင်မော်တယ် ဧကရာဇ်အဆင့်လား*
*သုံးနှစ် ကြာသွားတာတောင် ဒီလူက မသေတဲ့အပြင် အင်မော်တယ် ဧကရာဇ်အဆင့်ကိုပါ တက်လှမ်းနိုင် သွားတာလား*
ဤသည်က သူတို့ကို ပို၍တောင်မှ မျှော်လင့်ချက် မဲ့သွားစေသည်။
အင်မော်တယ် ဧကရာဇ်အဆင့်တစ်ယောက်ကတောင်မှ အခြားသူ၏ နယ်မြေအား နယ်မြေ၏ စွမ်းအင်ကို မသုံးဘဲ လက်သီးတစ်ချက်တည်းဖြင့် ဖျက်ဆီးနိုင်စွမ်း မရှိပေ။
ပိုင်ကျန့်ချင်းနှင့် အခြားသူများ ငိုချင်စိတ်ပေါက်နေသည်။
*ဒီမှာ ဘာတွေဖြစ်ကုန်တာလဲ*
ယဲ့ဖန်က မြေအောက်လောက ဘုရင်မ၏ မေးခွန်းကို ပြန်မဖြေဘဲ လက်သီးဖြင့် ဒေါသတကြီး ထိုးနှက်လိုက် သောကြောင့် လေဟာနယ် အက်ကွဲလာသည်။
မြေအောက်လောက ဘုရင်မ၏ အမူအရာ ရုတ်တရက် ပြောင်းလဲသွားပြီး ဟစ်ကြွေးလိုက်သည်။
“သွေးအစေခံ၊ သွေးတစ္ဆေ သူ့ကို တားစမ်း”
“သွေးအစေခံ၊ သွေးတစ္ဆေ ဟုတ်လား၊ အဲ့ဒါ မြေအောက်လောက ဘုရင်မရဲ့ စောင့်ရှောက်သူတွေမလား၊ ပြီးတော့ မြေအောက်လောက ဘုရင်မ ကလေးဘဝကတည်းက ရှိခဲ့တဲ့ မိစ္ဆာအိုကြီးတွေ၊ မြေအောက်လောက ဘုရင်မကို အကြိမ်ပေါင်းများစွာ ကယ်ဖူးပြီးတော့ သူ့ရဲ့ ဆူးငြှောင့်တိုင်းကို ရှင်းပေးကြတာ”
“မြေအောက်လောက ဘုရင်မက သွေးဘုရင်ကို ယုံကြည်တဲ့ လျှို့ဝှက်ကမ္ဘာဂိုဏ်းက လာတာလို့ ကောလာဟလ ရှိတယ်၊ သူ့အမိန့်အောက်က ပညာရှင်တွေအားလုံးက သွေးနဲ့ပတ်သက်နေတာကြီးပဲ၊ ဒါ အမှန်ဖြစ်နေလိမ့်မယ်လို့ ငါ ထင်မထားမိဘူး”
“သွေးအစေခံနဲ့ သွေးတစ္ဆေတို့က အင်မော်တယ် ဧကရာဇ်အဆင့်နဲ့ ယှဉ်နိုင်တယ်လို့ ပြောကြတဲ့ ဒဏ္ဍာရီထဲက မိစ္ဆာအိုကြီးတွေ မဟုတ်လား၊ သူတို့က မြေအောက်လောက ဘုရင်မရဲ့ စောင့်ရှောက်သူတွေ ဖြစ်နေတာလား”
လူတိုင်း ထိတ်လန့်နေကြလေသည်။ မြေအောက်လောက ဘုရင်မ၏ မူလနောက်ခံက အလွန် ထူးခြားဆန်းကြယ် လွန်းလှပြီး လူနည်းစုသာလျင် သူမနောက်ခံကို သိကြသည်။
ဧကရာဇ် ယွီရှန်က သူမနှင့် လက်ထပ်လိုက်သည်က မဆန်းတော့ချေ။ သူမမိသားစု၏ အင်အားကြောင့် လက်ထပ်လိုက်ခြင်းက အဖြစ်နိုင်ဆုံးပင်။
“ဒီအစေခံ အမိန့်နာခံပါတယ်၊ နတ်ဘုရားနဲ့ နတ်ဘုရားအားလုံး အသတ်ခံရပါစေမယ်၊ သွေးနဲ့စတင်ပြီး သေခြင်းနဲ့ အဆုံးသတ်ပေးမယ်၊ သွေးနတ်ဘုရားမှာ အကန့်အသတ် မရှိဘူး၊ သွေးမျိုးနွယ် အသက်ရှည်ပါစေ”
မိစ္ဆာဆန်သော အသံတစ်သံက ရက်စက်ကြမ်းကြုတ်မှုအပြည့်ဖြင့် ထွက်ပေါ်လာသည်။ ဤနေရာသို့ လူနှစ်ယောက်က ဘယ်အချိန်ကတည်းက ရောက်လာမှန်းမသိ ရောက်နေကြသည်။
သူတို့နှစ်ယောက်လုံး အနီရောင်ဝတ်စုံများ ဝတ်ထားကြသည်။ သေချာကြည့်မည်ဆိုလျင် ထိုအနီရောင် ဝတ်စုံသည် တကယ်တမ်း၌ သွေးများဖြင့် ရွှဲရွှဲစိုနေသည်ကို တွေ့ရပေမည်။
နှစ်ယောက်လုံးတွင် သွေးနံ့များ လှိုင်လှိုင်ထနေ၏။
အနံ့စူးရှ၍ ကြောက်စရာ ကောင်းလှသည်။ သွေးပင်လယ်ထဲမှ တွားသွား၍ ထွက်လာသော တစ္ဆေနှစ်ကောင် သဖွယ် ခက်ထန်၍ ကြောက်မက်ဖွယ် ကောင်းလှပေသည်။
ထိုအခိုက်တွင် သွေးအစေခံနှင့် သွေးတစ္ဆေတို့က ယဲ့ဖန်အား အေးစက်၍ သွေးဆာသော အကြည့်တို့ဖြင့် ကြည့်လာသည်။
သူတို့တစ်ကိုယ်လုံး သွေးများနှင့် ဖုံးအုပ်နေသောကြောင့် သွေးရောင်အောက်မှ အစိမ်းရင့်ရောက် မီးတောက် တောက်နေသော မျက်လုံးနှစ်လုံးကိုသာ မြင်ရလေသည်။
ထို့နောက်တွင် သူတို့သည် လျင်မြန်စွာ လှုပ်ရှားလာပြီး ရက်စက်ကြမ်းကြုတ်သော တိုက်ကွက်ကို ချက်ချင်း ထုတ်ဖော်ကြသည်။
“ဝိညာဉ်စား သွေးလက်သည်း”
“ကောင်းကင်လောင်ကျွမ်း သွေးဆူးချွန်”
လေဟာနယ် အက်ကွဲကာ မြေဆီလွှာ တုန်ခါလာသည်။
*ကြောက်စရာကောင်းလိုက်တာ*
လူတိုင်းနီးပါး မျက်နှာပျက်နေပြီး မျက်နှာတွင် သွေးပျက်သော အမူအရာများ ဖြစ်ပေါ်နေသည်။ ထိုမိစ္ဆာ အရှိန်အဝါက သူတို့နှလုံးသားအား စုတ်ဖြဲသလို ဖြစ်နေပြီး ခုခံနိုင်စွမ်း မရှိပေ။ ရှေးဟောင်းမိစ္ဆာနှစ်ကောင် ပြန်ရှင်လာသည်ကို မြင်လိုက်ရသကဲ့သို့ ကြက်သီးမထဘဲ မနေနိုင်ကြချေ။
သို့သော် ယဲ့ဖန် ရှောင်တိမ်းလိမ့်မည်ဟု လူတိုင်း ထင်ထားချိန်တွင် ယဲ့ဖန်က ခံစားချက်ကင်းမဲ့စွာ ရပ်မြဲ ရပ်နေ၏။
“ရွှစ် ရွှစ်”
ယဲ့ဖန်ထံမှ သွေးများ ထပ်မံ၍ ပန်းထွက်လာပြန်သည်။
*အောင်မြင်ပြီ*
ပိုင်ကျန့်ချင်းနှင့် အခြားသူများ အလန့်တကြား ဖြစ်နေပြီး မျက်နှာတွင် ဝမ်းသာအားရ ဖြစ်ဟန်များ ပေါ်လွင် နေသည်။
*သွေးအစေခံနဲ့ သွေးတစ္ဆေက တကယ်ကို နာမည်ကျော်ထိုက်တာပဲ*
*စလှုပ်ရှားလိုက်တာနဲ့ အဲ့နတ်ဆိုးကို တန်းအထိနာစေပြီ*
*မြေအောက်လောက ဘုရင်မနဲ့ပါ ပေါင်းလိုက်ရင် သူတော့ သွားပြီ*
“သူ့ကို အလျင်စလို မသတ်ပစ်နဲ့၊ ငါ သူ့ကို နှိပ်စက်ဦးမယ်၊ သူ့ကို ကစားပြီး သူ့ဘဝကို သေတာထက် ဆိုးအောင် လုပ်ပြီးမှ အမှုန့်ဖြစ်အောင် လုပ်မယ်”
မြေအောက်လောက ဘုရင်မက ကောက်ကျစ်စွာ ရယ်မောနေသည်။
လက်ရှိတွင် အင်မော်တယ် ဧကရာဇ်အဆင့် နှစ်ယောက် ရှိနေသည်နှင့် အတူတူ ဖြစ်နေသောကြောင့် ယဲ့ဖန်၏ တိုက်ပွဲဝင် ခွန်အားက မည်မျှ အံ့ဩစရာ ကောင်းနေပါစေ၊ နှစ်ယောက်တစ်ယောက် မယှဉ်နိုင်သဖြင့် သေချာပေါက် သေမည်ပင်။
“မင်းသွေးက တော်တော် ချိုတယ်၊ ငါ အရမ်း သဘောကျတယ်”
သွေးအစေခံက လက်ကိုဆန့်၍ လက်သည်းပေါ်မှ သွေးများကို လျက်၍ စဉ်းလဲသော အမူအရာနှင့် ပြောလေသည်။
စိတ်ဝိညာဉ် စွမ်းအင်နှင့် မှော်စွမ်းအင်တို့ ပြည့်နှက်နေသည့် ဤသို့ ချိုသောသွေးကို သူ တစ်ခါမှ မမြည်းစမ်းဖူးပေ။
“တကယ်လား မကြာခင် မင်း ထပ်ကြိုက်တော့မှာ မဟုတ်ဘူး”
ယဲ့ဖန်က နှုတ်ခမ်းကိုတွန့်ရုံပြုံး၍ ပြောလိုက်သည်။ သွေးအစေခံ အမူအရာ ပြောင်းလဲသွားပြီးနောက် တစ်စုံတစ်ရာကို သတိထားမိကာ အလန့်တကြား ထအော်လေသည်။
“ယီးပဲ၊ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ထိုအခါ သူ့အော်သံကြောင့် လူတိုင်း အံ့အားသင့်သွားကြသည်။ သူတို့အားလုံး သူ့ကို ပဟေဠိဖြစ်သော အကြည့်ဖြင့် ကြည့်လာသည်။
ထို့နောက် သွေးအစေခံ၏ ခန္ဓာကိုယ်တွင်သွေးရည်ကြည်ဖုများ တစ်ခုပြီးတစ်ခု ပေါ်လာသည်ကို သူတို့ တွေ့လာရသည်။၎င်းတို့က အဆက်မပြတ် ပွားလာပြီးနောက် ဖောင်းခနဲ ပေါက်ကာ သွေးများနှင့် ပြည်များ ပန်းထွက်လာ၏။
ဤမြင်ကွင်းက အလွန် ထူးဆန်းသလို ရွံစရာ ကောင်းလှသည်။
ပြည်နှင့် သွေးများသည် မြေကြီးပေါ် ကျလာသည်နှင့် ထူးဆန်းသော အသံ ထွက်ပေါ်လာကာ မြေဆီလွှာ အရည်ပျော်၍ တွင်းပေါက်များ ဖြစ်လာ၏။
“ဒီကောင့်သွေးက အဆိပ်ရှိတယ်”
သွေးအစေခံ ချက်ချင်း အော်ဟစ်လိုက်ပြီး အော်သံက ပတ်ဝန်းကျင်အနှံ့ ပဲ့တင်ထပ်သွားသည်။
*ဘာ သွေးက အဆိပ်ရှိတာလား*
“မဟုတ်ဘူး မဟုတ်ဘူး၊ သူ့သွေးထဲမှာ အဆိပ်မရှိဘူး၊ ဒါပေမဲ့ သွေးထဲမှာ ပါတဲ့ စွမ်းအင်က အရမ်း များပြားလွန်းလို့ ငါတို့ အကုန် မစုပ်ယူနိုင်တာ”
သွေးတစ္ဆေက မယုံနိုင်သော မျက်လုံးဖြင့် တအံ့တဩ ပြောလိုက်သည်။
*ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
သွေးတစ္ဆေသည် တစ်စက်မျှ လျက်ကြည့်သော်လည်း မှော်စွမ်းအင်ကို မခံနိုင်ဘဲ ပေါက်ကွဲမှုကြောင့် သေဆုံးလုနီးပါး ဖြစ်သွားရသည်။
*ဒီလူရဲ့ သွေးတစ်စက်မှာ ပါတဲ့စွမ်းအင်က ပင်လယ်လို များပြားလိုက်တာ*
“ငါ့ကို ကူပြီး စွမ်းအင်ကို စုပ်ယူပေးဦး၊ မြန်မြန်”
သွေးအစေခံက သွေးတစ္ဆေကို အော်ပြောလိုက်သည်။ သူ့ကိုယ်ထဲမှ ယန်စွမ်းအင်က ပရမ်းပတာဖြစ်နေပြီး အလျင်အမြန် တိုးပွားနေသည်။ ဤသို့ ဆက်ဖြစ်နေလျင် သူ ပေါက်ကွဲ၍ သေဆုံးသွားလိမ့်မည်။
သွေးတစ္ဆေ လျစ်လျူမရှုရဲဘဲ အလျင်အမြန် အစွယ်ကိုထုတ်၍ သူ့အစ်ကို၏ လည်ပင်းကို ကိုက်ကာ သွေးကို ကမန်းကတမ်း စုပ်ယူလိုက်သည်။
“အား …”
သို့သော် တစ်မိနစ်အကြာတွင် အော်သံက ထပ်မံ၍ ထွက်လာပြန်သည်။
“မဖြစ်ဘူး၊ ဒီကောင့်သွေးထဲမှာ ပါတဲ့ စွမ်းအင်က ငါတို့ အတူတူ စုပ်ယူတာတောင် အားလျော့မသွားဘူး”
သွေးတစ္ဆေက သွေးအစေခံကို တွန်းထုတ်လိုက်သော်လည်း နောက်ကျသွားချေပြီ။ သွေးထဲတွင် ပါသော် မှော်စွမ်းအင်က ရုတ်တရက် သွေးတစ္ဆေ၏ ကိုယ်ထဲသို့ စီးဝင်လာပြီး သွေးတစ္ဆေသည် နာကျင်မှုကြောင့် မြေကြီးပေါ် လူးလိမ့်နေ၏။
ဤသို့ဖြင့် သွေးအစေခံနှင့် သွေးတစ္ဆေတို့သည် ပိုမိုကျယ်လောင်၍ နာကျင်သော အော်သံများဖြင့် အော်ဟစ်နေ ကြလေသည်။
ဘိုးဘေး ကျူးလုံ ဧကရာဇ်သည် ရှေးခေတ်အခါက အံ့ဩစရာအကောင်းဆုံးနှင့် အရည်အချင်း အရှိဆုံး ဧကရာဇ် တစ်ပါး ဖြစ်သည်။ သူ၏ တိုက်ပွဲဝင် အင်အားက အလွန် ကြီးမားပြီး ကြောက်စရာ ကောင်းသည်ဟု ခေါ်ဆိုကြသည်။
ယဲ့ဖန်သည် ယခင်ခန္ဓာကိုယ်၏ စွမ်းအင်အားလုံးကို စုပ်ယူပြီးသွားပြီ ဖြစ်သဖြင့် လက်ရှိ သူ့ခန္ဓာကိုယ်က ယခင်က အထွတ်အထိပ်၌ ရှိခဲ့သော ကျူးလုံ ဧကရာဇ်ထက် ပို၍ သန်မာနေလေပြီ။
သွေးတစ်စက်က သမုဒ္ဒရာကို ခမ်းခြောက်စေနိုင်သည်။ ဆံချည်တစ်မျှင်က နတ်ဘုရင်အဆင့်ကို သတ်နိုင်၏။ သူ၏ သွေးကို စုပ်ယူခြင်းက တစ်ကိုက်စာတောင်မှ သေစေနိုင်လေသည်။ ၎င်း၌ ပါဝင်သော စွမ်းအင်က မယုံနိုင်လောက်အောင် ကြီးမားသည်။
“ဖောင်း”
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ သွေးအစေခံ ချက်ချင်း ပေါက်ကွဲ၍ သေဆုံးသွားလေသည်။ သွေးမြူခိုးများက ကောင်းကင်ယံ၌ မျောလွင့်နေ၏။
*သေသွားပြီလား*
လူတိုင်း ကြက်သေ သေသွားကြသည်။ ယဲ့ဖန်သည် လှုပ်ရှားစရာ မလိုဘဲ မိစ္ဆာအိုကြီးတစ်ကောင်ကို ရှင်းပစ်လိုက်နိုင်သည်။ ဤသည်က မယုံနိုင်စရာ ကောင်းလှသည်။
ထိုအခါတွင်မှ အဘယ်ကြောင့် ယဲ့ဖန် ရှောင်လည်းမရှောင်၊ ပြန်လည်းမတိုက်ရသည့် အကြောင်းရင်းကို သိသွားကြသည်။ ဤကံဆိုးသော မျိုးမစစ်ကောင် နှစ်ကောင်အတွက် သူ အကြံရှိပြီးသား ဖြစ်နေပင်တည်း။
မြေအောက်လောက ဘုရင်မ မျက်နှာဖြူရော်သွားသည်။ သူမ၏ စောင့်ရှောက်သူ တစ်ယောက်က ဤသို့ သေသွားသည်တဲ့လား။
“မြေအောက်လောက ဘုရင်မ ကျွန်တော့်ကို ကယ်ပါဦး၊ ကျွန်တော့်ကို ကယ်ပါဦး …”
သွေးတစ္ဆေက မြေအောက်လောက ဘုရင်မထံ တွားသွားလာနေပြီး အတောမသတ်နိုင်သော ခံစားနေရကာ ဒဏ်ရာမျိုးစုံနှင့် ပြည့်နှက်နေကာ သေလုမျောပါး အခြေအနေသို့ ရောက်နေ၏။
မြေအောက်လောက ဘုရင်မက သူ့ခေါင်းကိုကန်ကျောက်၍ သတ်ပစ်လိုက်သည်။ သူမမျက်နှာတွင် မုန်းတီးရိပ်များ ပေါ်လွင်နေ၏။
“သောက်အမှိုက်ကောင် ဘာများ အသုံးကျလဲ”
အလွန် သွေးအေးလွန်းလှသည်။ ကလေးဘဝကတည်းက သူမဘေး၌ ရှိခဲ့ပြီး သူမကိုယ်စား သွေးစွန်းပေးခဲ့သော လူအိုကြီး နှစ်ယောက်အပေါ် ညှာတာစိတ် မရှိချေ။
သူမမျက်လုံးထဲတွင် ဤနှစ်ယောက်အား ခွေးနှစ်ကောင်ဟုသာ မြင်နေသည်။ အသုံးဝင်ချိန်တွင် အိမ်ကို စောင့်ရှောက်စေပြီး အသုံးမဝင်ချိန်တွင် သတ်၍ ခွေးသားချက်စားပစ်မည်။
မြေအောက်လောက ဘုရင်မက အံကြိတ်၍ ယဲ့ဖန်ကို ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။
“မျိုးမစစ်ကောင် နင် နိုင်တော့မယ်လို့ ထင်မနေနဲ့၊ တကယ့် ပွဲကြီးပွဲကောင်းက အခုမှ စမှာ”
“ဝုန်း”
မြေအောက်လောက ဘုရင်မထံမှ ကြောက်မက်ဖွယ် စွမ်းအင်တစ်ခု ထွက်ပေါ်လာသည်။ သွေးယဇ်ပူဇော်ခြင်းမှ လူ့အသွေးအသားဖြင့် ပြုလုပ်ထားသော မိစ္ဆာလက်နက်တစ်ခု ထွက်လာသည်။ ၎င်းမှာ သွေးယဇ်ပုလ္လင်ပင်။
၎င်းသည် သွေးရောင်လက်နေပြီး မိစ္ဆာဆန်၍ ကြောက်စရာ ကောင်းကာ ကောင်းကင်ယံသို့ ထိုးတက်သွားပြီး ကောင်းကင်ကိုခွင်း၍ ဥပဒေသကို ချိုးဖျက်ကာ တောင်များထက် လေးလံသော ဖိအားဖြင့် ယဲ့ဖန်အား အပေါ်မှ ဖိနှိပ်လာသည်။
ယဲ့ဖန် မျက်မှောင်ကြုတ်သွားပြီး မျက်လုံးအိမ် ကျဉ်းမြောင်းလာသည်။
“သွေးယဇ်ပူဇော်ခြင်းပဲလား”
တစ်ခါက သူ ဤသို့သော မှော်အတတ်ကို မြင်ဖူးသည်။ သို့သော် မြေအောက်လောက ဘုရင်မနှင့် ယှဉ်လိုက်လျင် လက်လှမ်းမမီနိုင်ပေ။
သွေးစွမ်းအင်သည် ပင်လယ်ကဲ့သို ကျယ်ပြောပြီး မကောင်းသော စွမ်းအင်မျိုးစုံနှင့် ပြည့်နှက်နေကာ ဤအရာ တစ်ခုတည်းနှင့် လူတိုင်းအား သတ်ဖြတ်လိုစိတ် မြင့်တက်လာစေသည်။
လူတိုင်း မျက်လုံးများ နီလာပြီး ဒေါသများ တိုးလာကာ သူတို့စိတ်ထဲမှ ရူးသွပ်သောစိတ်က ဆာလောင်နေသော ဝံပုလွေတစ်ကောင်က ဆာလောင်မှုကို ဖြည့်တင်းရန် အသည်းအသန် လိုအပ်နေသကဲ့သို့ အရိုင်းဆန် လာစေသည်။
ပြီးခဲ့သော သုံးနှစ်အတွင်း သွေးယဇ်ပုလ္လင်သည် သွေးကိုသောက်၍ အသားကို အရူးအမူး စားသောက်ခဲ့ပြီး လူဆယ်သန်းနီးပါးကို စားသုံးခဲ့သောကြောင့် အလွန် မိစ္ဆာဆန်သော လက်နက်တစ်ခုအဖြစ်သို့ ပြောင်းလဲ သွားသည်။
ထောင်သောင်းချီသော လူအများ၏ အငြှိုးနှင့် ဒေါသစိတ်တို့ဖြင့် ပြုလုပ်ထားသော မိစ္ဆာလက်နက်၏ စွမ်းအင်က မတွေးဝံ့စရာပင်။
ဤသည်ကိုမြင်သော် ပိုင်ကျန့်ချင်းနှင့် ပိုင်လီကျန့်တို့ မျှော်လင့်ချက် ပြန်ဝင်လာပြီး မြေအောက်လောက ဘုရင်မထံ ဤဝှက်ဖဲ ရှိနေသည်ကို မေ့လုနီးပါး ဖြစ်သွားကြသည်။
ဤသွေးယဇ်ပုလ္လင်သည် ပြီးပြည့်စုံသွားပြီ ဖြစ်ပြီး ဧကရာဇ် ယွီရှန်ပင် အံမတုရဲချေ။ ၎င်းသည် အရာအားလုံးဖြင့် ပြုလုပ် သန့်စင်ထားခြင်း ဖြစ်ပြီး မိုးမြေကို ဖျက်ဆီးနိုင်လေသည်။
“ယဲ့ဖန် မင်း ခံစားမိလား၊ ဒီသွေးယဇ်ပုလ္လင်မှာ မင်းလက်အောက်ငယ်သားတွေရဲ့ နာကျင်မှုနဲ့ ဆောက်တည်ရာ မရစိတ်တွေ ပါနေတယ်၊ သူတို့ မသေခင် အသံပြာအောင် အော်ဟစ်ခဲ့တာ”
“သူတို့ တစ်ယောက်ချင်းစီက ငါ့ဆီမှာ သေတဲ့အထိ နှိပ်စက်ခံခဲ့ရတာ၊ ဟားဟားဟား”
ထိုစကားကိုကြားသော် ယဲ့ဖန်၏ မျက်လုံးတွင် ရုတ်တရက် ပြင်းပြသော လူသတ်ချင်စိတ် ပေါ်လာပြီး ကြုံးဝါးလိုက်သည်။
“မင်းရဲ့အဆုံးသတ်က သူတို့ထက် ပိုပြီးဆိုးရွားစေရမယ်လို့ ငါ ကတိပေးတယ်”
ယဲ့ဖန် တစ်လှမ်းချင်း လှမ်းလာပြီး ခြေလှမ်းတိုင်း၌ လူသတ်ချင်စိတ်များ ပါဝင်နေ၏။ မသိလျင် ဒေါသထွက် နေသော စိတ္တဇသမားက လူသတ်တော့မလိုပင်။
“ငါ မင်းကို ဘယ်တော့မှ အလွတ်မပေးဘူး၊ ငါ မင်းကို ကမ္ဘာအဆုံးထိ လိုက်ရမယ်ဆိုရင်တောင်မှ မရရအောင် လိုက်ပြီး နုတ်နုတ်စင်းပစ်မယ်”
“မင်းရဲ့ အသားကို ဝံပုလွေတွေကို ကျွေးပစ်မယ်၊ မင်းမျက်လုံးကို လင်းတတွေ ဖောက်ထုတ်ခိုင်းပြီး မင်းအရိုးကို လင်းတတွေကို စားခိုင်းမယ်၊ မင်း လေဒဏ်မိုးဒဏ် ခံရပြီး မင်းဝိညာဉ်က ငရဲမှာ ထာဝရ ခံစားနေရမယ်”
“နင်ကလား”
မြေအောက်လောက ဘုရင်မက အထင်သေးစွာ ပြုံးနေပြီး သွေးယဇ်ပုလ္လင်အား ယဲ့ဖန်ပေါ်သို့ အရှိန်ဖြင့် ကျဆင်းစေသည်။
ပြင်းထန်သော ဖိအားတစ်ခု သက်ဆင်းလာ၏။
“ဝုန်း ဝုန်း ဝုန်း”
တော်ဝင်မြို့တော် အတွင်းမှ မြင့်မားသော အဆောက်အဦးများ ပြိုကျကာ ပျက်စီးသွားလေသည်။ ဤသွေးယဇ်ပုလ္လင်၏ ဖိအားကို လုံးဝ မခံနိုင်ကြချေ။
“ဘာ … ဖိအားတစ်ခုက မိုင်တစ်ရာအတွင်းက အဆောက်အဦး အားလုံးကို ပြိုကျစေတာလား၊ ဒါ ဘယ်လို လက်နက်မျိုးလဲ”
ဖိအားတစ်ခုက တောင်များထက်ပင် လေးလံပြီး မြေဆီလွှာကို အက်ကွဲစေကာ သက်ရှိအားလုံးကို သန့်စင်နေသည်။ ဤမှော်စွမ်းအင်က ကြီးမားကြမ်းကြုတ်လှ၏။
“နင် အင်မော်တယ် ဧကရာဇ်အဆင့် ဖြစ်နေရင်တောင်မှ လက်နက်မရှိရင် ငါ့ပြိုင်ဘက် မဟုတ်ဘူး၊ ဒူးထောက်စမ်း”
မြေအောက်လောက ဘုရင်မက အပြုံးကြီး ပြုံးနေပြီး သွေးယဇ်ပုလ္လင်က အားဖြင့် ကျဆင်းလာသဖြင့် ကောင်းကင်တွင် အလင်းများ ထွက်ပေါ်နေသည်။