← Chapters

အခန်း ၁၅၇၃

Vol. 105 Ch. 1573

အခန်း ၁၅၇၃

Vol. 105 Ch. 1573

Chapter 1573 မင်း ပျော်နေတာလား

“ဝုန်း”

နှစ်ယောက်စလုံး၏ လက်သီးချင်း ပြင်းထန်စွာ ထိပ်တိုက်တွေ့သွားကြလေသည်။

“ဂျွတ် ဂျွတ် ဂျွတ်”

မြေပြင်တစ်ခုလုံး လျင်မြန်စွာ အက်ကွဲပေါက်ကုန်သည်။ ရှေးဧကရာဇ်နှင့် ဧကရာဇ် အသစ်တို့ ထိပ်တိုက် တွေ့နေသော အချိန်၌ ပြင်းထန်သော အင်အားက ကောင်းကင်ယံကိုပင် တုန်လှုပ်နိုင်စေ၏။

နှစ်ယောက်လုံးသည် မည်သည့် တိုက်ကွက်မှမပါဘဲ အသည်းအသန် တိုက်ခိုက်နေကြသည်။ သူတို့သည် လက်ရုံးရည်ချင်းသာ ယှဉ်နေကြပြီး လက်သီးချင်း အဆက်မပြတ် ထိုးနှက်နေလေသည်။

အင်မော်တယ် အလင်းတန်းများက လောကကို အလင်းပေးသကဲ့သို့ ထွန်းလင်းနေကာ နေရာအနှံ့သို့ ပျံ့နှံ့နေ၏။

အင်မော်တယ် အလင်း ဖြတ်သွားသည့်အကြိမ်တိုင်း တော်ဝင်မြို့တော်မှ နေရာတစ်ခုစီသည် ဤပြင်းထန်သော စွမ်းအင်ကို မခံနိုင်ဟန်ဖြင့် ပေါက်ကွဲပျက်စီးလေသည်။

“မြတ်စွာဘုရား၊ ဒါက အင်မော်တယ် ဧကရာဇ်အဆင့်တွေကြားက တိုက်ပွဲပါလား၊ တော်ဝင်မြို့တော်ရဲ့ မိုင်တစ်သန်းအတွင်းက အရာတွေ ပျက်စီးနေပြီ၊ ဒါ လောကကြီး ပျက်စီးနေသလိုပဲ”

“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

ထိတ်လန့်ချောက်ချားသော အသံများ တစ်သံပြီး တစ်သံ ထွက်ပေါ်လာသည်။ သူတို့ ကြောက်လန့်နေလေသည်။ မျက်စိရှေ့က မြင်ကွင်းက မယုံနိုင်စရာ ကောင်းလွန်းလှသည် မဟုတ်ပါတကား။

မြေအောက်လောက ဘုရင်မသည်လည်း မအံ့ဩဘဲ မနေနိုင်အောင် ဖြစ်နေရသည်။ သူမ အင်မော်တယ် ဧကရာဇ်အဆင့်သို့ တက်လှမ်းနိုင်လျင် ဧကရာဇ် ယွီရှန်နှင့် ယှဉ်နိုင်ပြီဟု အမြဲ မှတ်ထင်ခဲ့သည်။

ယခု သူတို့နှစ်ယောက်ကြားက ရူးသွပ်ဖွယ် တိုက်ပွဲကို မြင်သောအခါ သူမ တုံးအလွန်းခဲ့ကြောင်း သိလိုက်ရသည်။

ဧကရာဇ် ယွီရှန်က ကြောက်မက်ဖွယ်ကောင်းလောက်အောင် သန်မာလှသည်။ သူ့ကို တိုက်ခိုက်လျင် မိမိ သေချာပေါက် သေပေလိမ့်မည်။

လက်ရှိတွင် မြေအောက်လောက ဘုရင်မသည် ကိုယ့်ကိုယ်ကိုယ် ကံကောင်းသည်ဟု ခံစားနေရသည်။ ဧကရာဇ် ယွီရှန်နှင့် စောစီးစွာ ပဋိပက္ခ မဖြစ်ခဲ့၍ တော်သေးသည်။ သို့မဟုတ်ပါက ယခု သေသွားမည့်လူက သူမ ဖြစ်နေလောက်သည်။

“လက်ရည်တူတယ်လို့ မင်းတို့ ထင်နေလား”

ပိုင်ကျန့်ချင်းက ရုတ်တရက် အထင်သေးစွာ ပြုံး၍ ပြောလာသည်။

“မင်းတို့ အစကနေ အဆုံးထိ မမြင်ကြဘူးလား၊ ဧကရာဇ် ယွီရှန်က သူ့လက်ကိုပဲ သုံးပြီး ထိုးနှက်နေတာ၊ ခြေထောက်တောင် မသုံးဘူး”

ထိုစကားကိုကြားပြီး လူတိုင်း အံ့ဩသွားကာ ထိုအခါတွင်မှ ဧကရာဇ် ယွီရှန်က ယဲ့ဖန်ကိုသတ်ရန် လက်သီးကိုသာ သုံးနေကြောင်း သတိပြုမိသွားသည်။

“ဧကရာဇ် ယွီရှန်က သူ့ကိုယ်သူ ထိန်းချုပ်နေတာ၊ ဘာလို့လဲဆိုတော့ အရှေ့ကလူက သူ့ပြိုင်ဘက် မဟုတ်တာကို သူ သိတယ်လေ၊ သူက ယဲ့ဘုရင်ကို ကစားနေတာ”

*ကစားနေတာ*

လူတိုင်း အံ့ဩသွားကြသည်။

*ယဲ့ဘုရင်က အရမ်း ကြောက်ဖို့ကောင်းတာလေ၊ မြေအောက်လောက ဘုရင်မတောင်မှ သွေးယဇ်ပုလ္လင် သုံးတာတောင် မယှဉ်နိုင်တာ*

*ဒါပေမဲ့ ဧကရာဇ် ယွီရှန် ပေါ်လာတာနဲ့ ကစားခံနေရတာလား*

“ဟားဟားဟား ယဲ့ဘုရင်က ဘယ်လောက် တစ်မူထူးခြားနေပါစေ ဧကရာဇ် ယွီရှန်ရဲ့ ပြိုင်ဘက် မဖြစ်နိုင်ဘူးလို့ ငါ ထင်နေတာ ကြာပြီ၊ ငါတို့တွေက ကျုံးလုံ ဧကရာဇ်ရဲ့ မျိုးဆက်တွေပဲလေ၊ ပြီးတော့ ဧကရာဇ် ယွီရှန်က မျိုးဆက်တွေကြားထဲမှာ အတော်ဆုံးပဲ”

“ရှူး တိတ်တိတ်နေစမ်း၊ ဧကရာဇ် ယွီရှန်က သူ့ကို ကျူးလုံ ဧကရာဇ်နဲ့ ယှဉ်တာကို တားမြစ်ထားတယ်ကွ၊ မင်း ဒီလို ပြောရင် ခေါင်းဖြတ်ခံရလိမ့်မယ်”

ထိုစဉ် ဧကရာဇ် ယွီရှန်ကလည်း စိတ်ပျက်သလို သက်ပြင်းချလာပြီး ယဲ့ဖန်အား အထင်သေးသော မျက်လုံးတို့ဖြင့် ကြည့်လေသည်။

“မင်း လုပ်နိုင်တာ ဒါ အကုန်ပဲလား”

ထိုစကားကို ကြားသော် ရင်မိသားစုဝင်များအားလုံး စိတ်လှုပ်ရှားကာ တုန်ယင်လာကြသည်။

*မောက်မာလိုက်တဲ့ စကား*

*ယဲ့ဘုရင်ကို လုံးဝ အဖက်မလုပ်တာပဲ*

*သေချာတာပေါ့၊ ဧကရာဇ် ယွီရှန်က အသန်မာဆုံးပဲ*

ဤသည်ကိုမြင်ပြီး ပိုင်လီကျန့်သည်လည်း စိတ်အေးကာ သက်ပြင်းချလိုက်သည်။ သူ အသက် အန္တရာယ်မှ ဘေးကင်း တော့မည့်ပုံပင်။

ဧကရာဇ် ယွီရှန်၏ စကားကို ကြားသောအခါ ကျုံးဝမ်နှင့် အခြားသူများ စိုးရိမ်ပူပန်လာသည်။ ဧကရာဇ် ယွီရှန်၏ စိတ်အေးလက်အေးနှင့် မောက်မာသော အပြုအမူက သူတို့ကို သွေးပျက်သလို ခံစားရစေသည်။

သူတို့ ယဲ့ဖန် ယှဉ်နိုင်ပါ့မလားဟု မစိုးရိမ်ဘဲ မနေနိုင်တော့ချေ။

ထို့နောက် ဧကရာဇ် ယွီရှန်က ယဲ့ဖန်ကို ကြည့်၍ အထင်သေးစွာ ထပ်ပြောလိုက်သည်။

“အခုအထိ ငါ အားကုန် မသုံးရသေးတာကို မင်း သိလား၊ မင်း ငါ့ကို ပျော်အောင် မလုပ်နိုင်ရင် မင်း သေလို့ရပြီ”

“ဧကရာဇ် ယွီရှန်”

“ဧကရာဇ် ယွီရှန်”

ဧကရာဇ် ယွီရှန်၏ မောက်မာလွှမ်းမိုးသော အသွင်အပြင်ကို မြင်သောအခါ ရင်မိသားစုဝင်များအားလုံး စိတ်လှုပ်ရှားစွာ အော်ဟစ် အားပေးလာ၏။

*ဒါက တကယ့် ဧကရာဇ်ရဲ့ အသွင်အပြင်ပဲ၊ လွှမ်းမိုးနိုင်ပြီး တားဆီးမရနိုင်ဘူး*

*ဒီနေ့က ယဲ့ဖန်ရဲ့ အဆုံးသတ်နဲ့ တူတယ်*

*သူ့ဘဝက လုံးဝ အဆုံးသတ်သွားတော့မှာ*

ဤသည်ကို တွေးမိပြီးနောက် ပိုင်ကျန့်ချင်း စိတ်လှုပ်ရှားမှုနှင့်အတူ တုန်လှုပ်နေသည်။

“မင်း ပျော်နေလား”

ယဲ့ဖန်က လှောင်ရယ်၍ ပြောလိုက်သည်။

“စိတ်မပူနဲ့၊ ငါ မင်းကို အရမ်း ပျော်ရအောင် လုပ်ပေးမယ်”

လက်ငါးချောင်းကို ကျစ်ကျစ်ပါအောင် ဆုပ်၍ ဧကရာဇ် ယွီရှန်အား ထိုးနှက်လာသည်။ လက်သီးချက်က လေကိုခွင်း၍ ပင်လယ်လှိုင်းလုံးကဲ့သို့ ကြီးမားသော စွမ်းအင်ဖြင့် တိုးဝင်လာသည်။

*ဘာ*

ဧကရာဇ် ယွီရှန် မျက်နှာပျက်သွားပြီး ထပ်မရယ်နိုင်တော့ချေ။

ကြောက်စရာကောင်းသော စွမ်းအင်တစ်ခုက သူ့ထံ ပြင်းစွာ ကျရောက်လာသည်ဟု ခံစားမိပြီး မရဏ အငွေ့အသက်က ချက်ချင်း လွှမ်းခြုံလာသည်ဟု သူ အလန့်တကြား သတိထားမိသွားသည်။

ထို့နောက် သူ့ရင်ဘတ်မှ သွေးများ ပန်းထွက်လာသည်။

ထိုအခိုက်တွင် ပိုင်ကျန့်ချင်းနှင့် အခြားသူများအားလုံး မှင်တက်သွားကြပြီး ကျောက်ရုပ်များသဖွယ် ငြိမ်သက် သွားလေသည်။

အဘယ်ကြောင့်ဆိုသော် ဧကရာဇ် ယွီရှန်၏ ရင်ဘတ်တွင် အရှေ့နှင့် အနောက်သို့ ထုတ်ချင်းပေါက်နေသော ကြီးမားသော အပေါက်တစ်ပေါက် ဖြစ်နေသည်ကို လူတိုင်း တွေ့လိုက်ရသောကြောင့်ပင်။

*ယဲ့ဖန်ရဲ့ လက်သီးက ဧကရာဇ် ယွီရှန်ရဲ့ ရင်ဘတ်ကို ပေါက်ထွက်သွားအောင် လုပ်နိုင်ပါလား*

*ဒါ မျက်နှာကို ဖြတ်ရိုက်လိုက်သလိုပဲ*

ဧကရာဇ် ယွီရှန်က ယဲ့ဖန်သည် သူ့ကို ပျော်အောင် မလုပ်နိုင်ဟု ပြောခဲ့သော်လည်း ယဲ့ဖန်က တစ်ခဏအတွင်း သူ့ခန္ဓာကိုယ်အား ထုတ်ချင်းပေါက်အောင် ထိုးနှက်ခဲ့သည်။

“ဝေါ့”

ဧကရာဇ် ယွီရှန် သွေးအန်လာပြီး မျက်နှာတွင် မယုံနိုင်ဟန် ပေါ်နေ၏။ အစောပိုင်းက ယဲ့ဖန်၏ လက်သီးချက်က အား လုံးဝ မပါသဖြင့် သူ အထင်သေးခဲ့သည်။

အဘယ်ကြောင့် ယခုအချိန်၌ ခွန်အားက အဆတစ်ရာမက ထိုးတက်လာရသနည်း။

“မဖြစ်နိုင်ဘူး၊ မင်း ဘယ်လိုလုပ်လိုက်တာလဲ”

ဧကရာဇ် ယွီရှန်၏ မျက်လုံးတွင် သွေးပျက်ချင်သော အရိပ်အယောင် ရှိနေပြီး ယဲ့ဖန်က ထီမထင်သလို ပြုံးလေသည်။

“မင်း အားကုန်မသုံးခဲ့ပင်မယ့် ငါ အစွမ်းကုန် သုံးနေတယ်လို့ မင်း ဘယ်လို သိတာလဲ”

*ဘာ*

ထိုစကားက လူတိုင်း၏ အတွေးအား ဝုန်းဒိုင်းကြဲသွားစေသည်။

*ဒီလူ သူ့ခွန်အားကို အကုန်သုံးနေတာ မဟုတ်ဘူးလား*

*ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

လူတိုင်း စိတ်ပျက်သွားကြသည်။

*အားကုန်မသုံးတာတောင် ဒီလူက ဧကရာဇ် ယွီရှန်နဲ့ ခြေရာချင်း ယှဉ်နိုင်နေတာ၊ သူက တကယ့်ကို မကောင်းဆိုးဝါးပဲ*

“အခု မင်း ပျော်သွားပြီလား”

ယဲ့ဖန်က သရော်၍ မေးလိုက်သည်။

မျက်နှာ ဖြတ်ရိုက်လိုက်ခြင်းပင်။ ဤသည်က မျက်နှာကို ပေါ်တင် ဖြတ်ရိုက်လိုက်ခြင်းသာ။

ဧကရာဇ် ယွီရှန် အရှက်ရသလို ခံစားလိုက်ရသည်။

“ငါ မင်းကို တစ်စစီ ဖြစ်အောင် လုပ်ပစ်မယ်”

ဧကရာဇ် ယွီရှန်သည် သူ၏ မာနကို မထိန်းသိမ်းနိုင်းဘဲ အများရှေ့၌ အရှက်ခွဲခံလိုက်ရသဖြင့် ရူးမတတ် ဖြစ်သွားသည်။

ဧကရာဇ် ယွီရှန်၏ ခန္ဓာကိုယ်မှ အင်မော်တယ် အလင်းများ ဖြာထွက်လာပြီး မိုးမြေအနှံ့ ထိုးဖောက်သွားသည်။ ထိုအခိုက်တွင် ဧကရာဇ် ယွီရှန် ဒေါသူပုန် ထနေလေပြီ။

ထို့ကြောင့် ညှာတာခြင်းမရှိ အစွမ်းကုန် တိုက်ပေတော့မည်။ လူသတ်ချင်စိတ်ကလည်း အရူးအမူး ထိုးတက်နေ၏။

ကြီးမားသော ဖိအားတစ်ခုကို လူတိုင်း ခံစားမိကာ ထိုအင်မော်တယ် စွမ်းအင်ကို မခံနိုင်သဖြင့် ဒူးထောက်လုနီးပါး ဖြစ်သွားရသည်။

“ဧကရာဇ် ယွီရှန် ဒေါသထွက်နေပြီ”

“အော်သံက မိုးကြိုးပစ်သံလိုပဲ ကြောက်ဖို့ကောင်းလိုက်တာ”

လူတိုင်း ကြောက်ရွံ့နေပြီး ဧကရာဇ် ယွီရှန် မည်မျှ ကြောက်စရာကောင်းကြောင်း သတိပြုမိသွားကြသည်။ သူသည် ကောင်းကင်ဘုံကိုပင် ရှင်းလင်းနိုင်သည်ဟု ထင်မှတ်ရပြီး သူ့အား မည်သူမှ ယှဉ်နိုင်ပုံ မရပေ။

အားလုံး ကြောက်လန့်ကာ ကျင်ငယ်ရည် ထွက်ကျလုနီးပါး ဖြစ်လာကြသည်။

“အားလုံး သေစေရမယ်၊ ဖန်တီးခြင်းနတ်ဘုရားလက်သီး”

ဧကရာဇ် ယွီရှန်က ယဲ့ဖန်ထံသို့ ဒေါသတကြီးဖြင့် လက်သီးတစ်လုံး ပစ်သွင်းလေသည်။ တစ်လောကလုံး ပြင်းထန်စွာ တုန်ခါလာပြီး လေဟာနယ် ပျက်စီးလာ၏။

ဤအင်မော်တယ်စွမ်းအင်က နှိုင်းယှဉ်မရချေ။

“ပေါ်လာပြီ၊ နှစ်ထောင်ချီ အမွေအနှစ် ထိပ်သီး လက်သီးသိုင်းကွက် ပေါ်လာပြီ၊ ရှေးခေတ်တုန်းက နတ်ဘုရားနဲ့ နတ်ဆိုးတွေကို သတ်ဖြတ်ပြီး အင်အားကြီးတွေကို ရှင်းလင်းခဲ့တဲ့ လက်သီးသိုင်း၊ ယဲ့ဖန်တော့ သေချာပေါက် သေမှာပဲ”

သို့သော် အလွန် ထိတ်လန့်စရာကောင်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။ ယဲ့ဖန်က လက်ကို အသာယမ်း၍ အထင်သေးစွာဖြင့် လက်သီးကို ရိုက်ထုတ်လိုက်သည်။ တားဆီးမရနိုင်ဟု ထင်ရသော လက်သီးသိုင်းကွက်က လုံးဝ ပျက်ပြယ်သွားသည်။

ချက်ချင်းဆိုသလိုပင် လူတိုင်း အသည်းအသန် ထအော်မိပြီး မျက်လုံးများ ပြူးကျယ်လာ၏။ အားလုံး၏ မျက်နှာတွင် အံ့ဩဟန်များ ပေါ်လွင်လာသည်။

*မယုံနိုင်စရာပဲ*

*ဒါက ရှေးခေတ်က ပြိုင်ဘက်ကင်း လက်သီးသိုင်းလေ၊ အဲ့ဒါက နတ်ဘုရားတွေနဲ့ နတ်ဆိုးတွေ အများကြီးကို သတ်ခဲ့တာ၊ မိုးမြေတောင်မှ တုန်လှုပ်ရတာကို*

*ဒါကို ယဲ့ဖန်က ယင်ကောင်ကို မောင်းထုတ်သလို အသာရိုက်ထုတ်ပြီး ချေဖျက်လိုက်တယ်တဲ့လား*

“မင်း…”

ဧကရာဇ် ယွီရှန် ထိတ်လန့်လွန်း၍ စကားပင် မပြောနိုင်ချေ။ အစောပိုင်းက သူ အားကုန်မသုံးထားသော်လည်း ယခုအခါတွင် သူ တစ်ရာရာခိုင်နှုန်း အားကုန်သုံးထားသည်။ သို့သော် သူ၏ တိုက်ခိုက်မှုက တစ်ဖက်လူ၏ လက်ဝါးချက်ကြောင့် ပျက်ပြယ်သွားရသည်တဲ့လား။

သူ ဘယ်လိုလုပ် လက်ခံနိုင်ပါမည်နည်း။

သူသည် တစ်လောကလုံး၌ ပြိုင်ဘက်ကင်း ဖြစ်ခဲ့ပြီး ခေတ်အဆက်ဆက်မှ ရင်မိသားစုဝင်များတွင် အံ့ဩစရာ အကောင်းဆုံး ပါရမီရှင်အဖြစ် ကျော်ကြားသူ ဖြစ်သည်။

ကလေးဘဝမှ လက်ရှိအဆင့်ထိ ရောက်ရှိလာသည့် လမ်းတစ်လျှောက် သူ ပြိုင်ဘက်ကင်း၍ အားလုံးကို သတ်ဖြတ်နိုင်ခဲ့ကာ သူ၏ အသန်မာဆုံး သိုင်းကွက်ကို မည်သူမှ အသာလေး မဖယ်ရှားနိုင်ချေ။

လက်ရှိတွင် သူ၏ မာနနှင့် သိက္ခာတို့ ပျက်စီးသွားသလိုပင်။

“ဒါကို ဖန်တီးခြင်းနတ်ဘုရားလက်သီးလို့ ခေါ်တာလား”

ယဲ့ဖန်က အထင်သေးစွာ ပြုံး၍ ပြန်လည် ထိုးနှက်လိုက်သည်။

“ဒါကမှ တကယ့် ဖန်တီးခြင်းနတ်ဘုရားလက်သီးကွ”

“ဝုန်း”

ယှဉ်မရသော နတ်ဘုရားစွမ်းအင်တစ်ခု ပေါက်ကွဲထွက်ပေါ်လာပြီး သန်းချီသော အလေးချိန်ရှိသော ရွှေရောင် အလင်းတန်းများက ကောင်းကင်ယံတွင် ဖြာထွက်လာပြီး အချိန်ကို ပြောင်းလဲ၍ လောကကို ဖွင့်လှစ်မယောင် ဖြစ်လာ၏။

လူတိုင်း မှင်တက်သွားကြသည်။

အင်မော်တယ် အလင်းတန်းတစ်ခု ဖြာထွက်လာပြီး နတ်နဂါး ဆင်းသက်လာသည်ကို သူတို့ တွေ့လိုက်ရသည်။ ၎င်းးက ဧကရာဇ် ယွီရှန်၏ ဟိတ်ဟန်ကြီးသော အသွင်အပြင်ထက် ဆယ်ဆမက ပိုသန်မာသေးသည်။

“မဖြစ်နိုင်ဘူး”

ဧကရာဇ် ယွီရှန်သည် မယုံနိုင်သလို အလန့်တကြား အော်ဟစ်လိုက်ပြီးနောက် ထိုလက်သီးချက်ကြောင့် လွင့်ထွက်သွားသည်။

“ဂျွတ်”

လက်ပြင်ရိုး ကျိုးကြေသွားပြီး ရင်ဘတ်မှ သွေးများ ပန်းထွက်လာ၏။ ခန္ဓာကိုယ် တစ်ခုလုံး အက်ရာများ၊ ဒဏ်ရာများနှင့် ပြည့်နှက်လာသည်။

*အထိနာသွားပြီ*

*တစ်ချက်တည်းနဲ့ ဒဏ်ရာ အပြင်းအထန် ရသွားပြီ*

ဝိညာဉ်အသွင်ပြောင်း လက်သီး၏ စွမ်းအားက ပတ်ဝန်းကျင်တစ်ခုလုံးသို့ ပျံ့နှံ့သွားပြီး အားလုံးကို လွှမ်းမိုး သွားလေသည်။

*ဘာ*

*ဧကရာဇ် ယွီရှန် ထပ်ဒဏ်ရာရသွားတာလား*

လူတိုင်း ကြောက်လန့်သလို ခံစားလာရပြီး အမှန်တရားအား မယုံနိုင် ဖြစ်နေကြသည်။

ဧကရာဇ် ယွီရှန်သည် ရှေးခေတ်အချိန်အခါကတည်းက ဘယ်တော့မှ မရှုံးဖူးချေ။ သို့သော် ယနေ့ သူ တစ်ကြိမ်ပြီး တစ်ကြိမ် အထိနာနေရသည်။

*ဘာတွေ ဖြစ်နေတာလဲ*

*ပိုပြီး ထူးဆန်းတာက ဒီလူကလည်း ဖန်တီးခြင်းနတ်ဘုရား လက်သီးကို တတ်တာလား*

*ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

ဧကရာဇ် ယွီရှန်၏ ရင်ဘတ်မှ အပေါက်က လုံးဝ မပျောက်ကင်းသလို သူ့ခန္ဓာကိုယ်က ဒဏ်ရာ အပြင်းအထန် ရထားပြီး တစ်ကိုယ်လုံး စုတ်ပြတ်နေသည်။ ဤသည်က သူ့အား ကြောက်ရွံ့သလို ခံစားရစေသည်။

မည်သူမှ သူ့ကို မိနစ်ပိုင်းအတွင်း နှစ်ကြိမ်ဆက်တိုက် အထိနာအောင် မလုပ်နိုင်ချေ။ ဤမျှ သန်မာသော ပြိုင်ဘက်မျိုးနှင့် သူ တစ်ခါမှ ရင်မဆိုင်ဖူးပါ။

ထို့နောက်တွင်မူ ဧကရာဇ် ယွီရှန်သည် ပါးစပ်ထောင့်မှ သွေးကိုသုတ်၍ ယဲ့ဖန်အား အလန့်တကြား ကြည့်လာသည်။

“ဒါ လုံးဝ မဖြစ်နိုင်ဘူး၊ မင်းကလည်း ဘယ်လိုလုပ် ဖန်တီးခြင်း နတ်ဘုရားလက်သီးကို တတ်နေတာလဲ၊ မင်း ဘယ်သူလဲ”

အဘယ်ကြောင့်ဆိုသော် ကျင့်ကြံနည်းက အလွန် ရှုပ်ထွေးသဖြင့် နှစ်များစွာအတွင်း သူ တစ်ဦးတည်းသာလျင် ထိုသိုင်းပညာကို ပြီးပြည့်စုံအောင် တတ်ကျွမ်းပြီး ရှေးခေတ်ကာလများ၌ အမြင့်ဆုံးရောက်ခဲ့သူ ဖြစ်သည်။

သို့သော် အဘယ်ကြောင့် ဤအပြင်လူကပါ ဤသိုင်းပညာကို တတ်နေရသနည်း။

“ဟမ့်”

ထိုစကားကိုကြားသော် ယဲ့ဖန်က ပျက်ရယ်ပြုလေသည်။

“ဝေါင်း”

ထိုသို့သောအချိန်၌ သွေးဆာမှုအပြည့်နှင့် ကြမ်းကြုတ်သော မာန်ဖီသံတစ်သံ ထွက်ပေါ်လာ၏။

ရုတ်တရက် ကြီးမားသော ခန္ဓာကိုယ်တစ်ခုက မြေပြင်ပေါ် သက်ဆင်းလာသည်။ ၎င်း၏ တောင်ပံများကို ခတ်လိုက်တိုင်း လေပြင်းမုန်တိုင်း ထန်လာပြီး မြေပြင်တစ်ခုလုံး တုန်ခါလာလေသည်။

“ချုံး … ချုံးချီ”

All Chapters