← Chapters

အခန်း ၁၅၇၄

Vol. 105 Ch. 1574

အခန်း ၁၅၇၄

Vol. 105 Ch. 1574

Chapter 1574 ငါ ဘယ်သူလဲတဲ့လား

ထိုသို့သောအချိန်၌ ရောက်လာသောသူကို မြင်ပြီး မြေအောက်လောက ဘုရင်မနှင့် ဧကရာဇ် ယွီရှန်တို့ မျက်နှာပျက်သွားပြီး သွေးပျက်ဟန် ပေါ်လာသည်။

*ဘယ်လိုလုပ် ဒီမိစ္ဆာကောင်က ဒီမှာ ပေါ်လာတာလဲ*

*ကျူးလုံ ဧကရာဇ်ရဲ့ ချိပ်ပိတ်တာကို ခံထားရတာ မဟုတ်ဘူးလား*

*ဘာတွေ ဖြစ်ကုန်တာလဲ*

“ဝေါင်း”

ထို့နောက်တွင်မူ မိုးခြိမ်းသံထက်ပင် ပိုကျယ်လောင်သော မာန်ဖီသံက ကြမ်းကြုတ်သော သတ်ဖြတ်လိုစိတ် အပြည့်ဖြင့် ထွက်ပေါ်လာသည်။

“ဒုန်း ဒုန်း”

ပိုင်ကျန့်ချင်းနှင့် အခြားသူများ မြေကြီးပေါ် တစ်ယောက်ပြီး တစ်ယောက် ပြုတ်ကျသွားသော ကြမ်းကြုတ်သော အရှိန်အဝါက သူတို့ကို လဲပြိုသွားစေသည်။ သူတို့၏ မျက်နှာများ ဖြူရော်နေပြီး သွားများ တဂတ်ဂတ် ရိုက်ကာ သေမတတ် ကြောက်ရွံ့နေကြသည်။

ချုံးချီသည် ဒဏ္ဍာရီလာ ရှေးမိစ္ဆာကောင် ဖြစ်သည်။ ၎င်းသည် အလွန် ကြောက်မက်ဖွယ်ကောင်းပြီး ရက်စက်သည်။ ရှေးခေတ်က နတ်ဘုရားများနှင့် နတ်ဆိုးများသည် ၎င်းကိုမြင်လျင် ထွက်ပြေးရသည်။

*ဘယ်လိုလုပ် ဒီလိုအကောင်မျိုးက ဒီမှာ ပေါ်လာတာလဲ*

လက်ရှိတွင် လူတိုင်း စိတ်မသက်မသာ ဖြစ်လာကြသည်။ သူတို့အရှေ့မှ မိစ္ဆာကောင်က သူတို့အား အလွန်အမင်း ကြောက်ရွံ့စေသည်။

သို့သော် ရှေ့ဆက် ဖြစ်ပေါ်လာသော မြင်ကွင်းက သူတို့အား ကြောက်ရွံ့ခြင်းမှ မျှော်လင့်ချက်မဲ့ခြင်းသို့ ပြောင်းလဲသွားစေ၏။

ချုံးချီက ယဲ့ဖန်ထံ လျှောက်သွားသည်ကို သူတို့ မြင်လိုက်ရသည်။ သို့သော် သူက ခေါင်းငုံ့ပေးလာသည်။ ထိုအခါ ယဲ့ဖန်က သူ့ခေါင်းကိုနင်း၍ တက်လိုက်ပြီး ချုံးချီ၏ ဦးခေါင်းထိပ်၌ ရပ်လိုက်သည်။

တစ်ခဏအတွင်း လူတိုင်း မျက်လုံး ပြူးသွားပြီး မျက်နှာတွင် ကြောက်ရွံ့ခြင်းနှင့် ဆောက်တည်ရာမရခြင်းတို့ ပေါ်လွင်လာသည်။ သူတို့ နားဝေတိမ်တောင် ဖြစ်နေ၏။

“ဒါ လုံးဝ မဖြစ်နိုင်ဘူး၊ မင်း ဘာလုပ်လိုက်တာလဲ”

ဧကရာဇ် ယွီရှန် ရုတ်တရက် ကြောက်လန့်တကြား ထအော်လေသည်။

ဤမဟာမိစ္ဆာကောင်အား ရှေးခေတ်ကတည်းက မည်သူမှ အညံ့ခံအောင် လုပ်နိုင်စွမ်း မရှိပေ။ သူတောင်မှ အစပိုင်းတွင် ချုံးချီ၏ လက်ထဲ၌ အထိနာခဲ့ရသည်။

သို့သော် ယခုအခါတွင် ဤမိစ္ဆာကောင်က ယဲ့ဖန်ရှေ့၌ အမြီးနှံ့၍ အသနားခံနေသည်တဲ့လား။

*ဒါ ဘယ်လိုတောင်‌ ကြောက်စရာကောင်းပြီး လန့်ဖို့ကောင်းလိုက်သလဲ*

*အံ့ဩစရာပဲ*

*စိုးရိမ်စရာပဲ*

“မင်း ငါ ဘယ်သူလဲလို့ မင်း မေးခဲ့တာ မဟုတ်လား၊ အခု ငါ ဘယ်သူလဲ မင်း ပြောကြည့်”

ယဲ့ဖန် ပင့်သက်ရှိုက်လိုက်ပြီး လက်တစ်ဖက်ကို ကောင်းကင်ထက် မြှောက်လိုက်သောအခါ နဂါးကိုးကောင် မီးလင်းဖို ရုတ်တရက် ရောက်ရှိလာပြီး တာအိုစွမ်းအင် ထွက်ပေါ်လာသည်။

*နဂါးကိုးကောင် မီးလင်းဖိုပါလား*

ဧကရာဇ် ယွီရှန်၏ မျက်လုံးအိမ် ကျဉ်းမြောင်းလာသည်။ ယင်းသည်လည်း သူ အနိုင်ရနိုင်ရန် ကြိုးစားခဲ့ သော်လည်း မရနိုင်ခဲ့သည့် ရှေးဟောင်းအရာတစ်ခု ဖြစ်သည်။

*ဘာလို့လဲ၊ ဘာလို့ ငါ မသိမ်းပိုက်နိုင်တဲ့ အရာတွေကို ယဲ့ဖန်က သိမ်းပိုက်နိုင်ရတာလဲ*

*ချုံးချီ*

*နဂါးကိုးကောင်*

သူတို့သည် ရှေးခေတ်ကတည်းက နာမည်ကျော်သော အရာများဖြစ်သည်။ သို့သော် ဤမျှနှင့် ပြီးမသွားချေ။ လူရိပ်တစ်ခု ပျံသန်း ရောက်ရှိလာပြီး ခါးကိုကိုင်း၍ ခေါင်းကိုငုံ့ကာ ယဲ့ဖန်အနောက်၌ ရပ်လာသည်။

ဤသည်မှာ တစ်ချိန်က ဧကရာဇ် ကျူးလုံ လောကကို တိုက်ခိုက်ခဲ့ပုံနှင့် တူနေသည်။ မီးလင်းဖို၊ မိစ္ဆာသားရဲ၊ မှူးမတ်၊ ဧကရာဇ်၊ ဧကရာဇ်။

“ရှုဖူ”

ဧကရာဇ် ယွီရှန် ကြက်သေ သေသွားပြီး သူ့မျက်လုံးတွင် သွေးပျက်ဟန် ပေါ်လွင်လာ၏။

*မဖြစ်နိုင်ဘူး*

*ဒါ လုံးဝ မဖြစ်နိုင်ဘူး*

*သူ့တစ်သက်လုံးမှာ လူတစ်ယောက်တည်းကိုပဲ သစ္စာရှိဖို့ သစ္စာဆိုထားပြီး အသေပဲခံမယ့် လူအိုကြီးက ဘယ်လိုလုပ် အခြားသူကို ခစားနေတာလဲ*

သူ ပဟေဠိ ဖြစ်နေလေပြီ။

*ဒါ လုံးဝ မဖြစ်နိုင်ဘူး*

မြေအောက်လောက ဘုရင်မသည်လည်း မျက်နှာဖြူရော်နေလေသည်။ သူမမျက်လုံးတွင် မယုံနိုင်ဟန်ဖြင့် ပြည့်နှက်နေ၏။

*အင်မော်တယ် ဧကရာဇ်အဆင့်ကို အစေခံအဖြစ် ခေါ်ထားတာလား*

သူမ တစ်ခုခုကို သတိပြုမိသွားသည်။ ရှေးခေတ်အခါကတည်းက လူတစ်ယောက်တည်းသာလျင် ထိုသို့သော အရည်အချင်းမျိုး ရှိလေသည်။

ယဲ့ဖန်သည် ဓားရိုးအား အားဖြင့်ဖိလိုက်သောအခါ ဧကရာဇ်တစ်ပါး၏ အရှိန်အဝါ ပျံ့လွင့်လာသည်။ ဓားအောက်၌ ရှိနေသော ချုံးချီသည် ကြောက်လန့်တကြား ညည်းလာပြီး ဤဧကရာဇ်၏ အရှိန်အဝါအောက်၌ ပိုကြောက်လန့် လာသည်။

အဘယ်ကြောင့်ဆိုသော် ယဲ့ဖန်သာ ဆန္ဒရှိလျင် သူ အချိန်မရွေး ဤဓားဖြင့် အခုတ်ခံရနိုင်သည်ကို သိနေသောကြောင့်ပင်။

ဧကရာဇ် ယွီရှန်သည် ယဲ့ဖန်၏ လက်ထဲမှ ဓားရှည်ကို စိုက်ကြည့်နေသည်။ ရင်မိသားစု၏ မျိုးဆက်တစ်ယောက် ဖြစ်သောကြောင့် ဤ

ချက်ချင်းဆိုသလိုပင် ရင်မိသားစုဝင်များအားလုံး ကြက်သေ သေသွားပြီး အမူအရာများက လေးလံထိုင်းမှိုင်း သွားသည်။ အားလုံး၏ မျက်လုံးတွင် မယုံနိုင်ဟန်များ ပြည့်နှက်နေ၏။

ထိုအခိုက်တွင် ယဲ့ဖန်သည် နဂါးတစ်ကောင်သဖွယ် ထည်ဝါမြင့်မြတ်နေပြီး ဧကရာဇ် ယွီရှန်အား စေ့စေ့ကြည့်၍ ပြောလိုက်သည်။

“အခု ငါ ဘယ်သူလဲ ပြောစမ်း”

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်သွားသည်။ ယဲ့ဖန်၏ ကျယ်လောင်သော အသံက တော်ဝင် မြို့တော်အနှံ့ ပဲ့တင်ထပ်သွားသည်။

လူတိုင်း မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ဖြစ်သွားပြီး တစ်ယောက်ပြီးတစ်ယောက်သည် အလွန် ကြောက်လန့်သော အမူအရာများ ဖြစ်လာလေသည်။

“ဒုန်း”

ရင်မိသားစုဝင် တစ်ယောက်ပြီး တစ်ယောက် အားမရှိသလို လဲကျသွားပြီး မျက်နှာ ပြာနှမ်းလာသည်။ ထို့နောက်တွင်မူ လူတစ်ချို့သည် မျက်ရည်ပင် ကျလာလေသည်။

“သွားပြီ၊ ငါတို့တော့ လုံးဝ သွားပြီ”

“မဖြစ်နိုင်ဘူး၊ မင်း လွန်ခဲ့တဲ့ နှစ်ထောင်ချီကတည်းက‌ သေသွားတာ အသိသာကြီးကို ဘယ်လိုလုပ် ပြန်မွေးဖွား လာတာလဲ”

ဧကရာဇ်ယွီရှန် အလန့်တကြား အော်ဟစ်လိုက်သည်။ သူ ကြက်သီးမွေးညင်း ထနေ၏။ ယဲ့ဖန်က ပြုံး၍ ခေါင်းခါလေသည်။

“မင်းရဲ့ အယူအဆက အချိန်၊ နေရာ၊ သေခြင်းရှင်ခြင်းအပေါ် အခြေတည်နေသေးတာပဲ၊ ဒါတောင် မင်းက ငါ့ကို ကျော်ဖို့ ကြိုးစားချင်နေတာလား”

စကြဝဋ္ဌာ ရှုထောင့်အပြင်ဘက်တွင် အချိန်ကာလအား ထည့်မတွက်ချေ။ ထာဝရသည် အချိန် အကန့်အသတ်ကို ကျော်လွန်ပေသည်။

ထိုစကားကိုကြားသော် ပိုင်ကျန့်ချင်းနှင့် ပိုင်လီကျန့်တို့ ချက်ချင်း ကြောက်လန့် တုန်လှုပ်သွားသည်။ သူတို့အရှေ့မှလူက ကျူးလုံ ဧကရာဇ် ဖြစ်နေပါတကား။

*ယဲ့ဘုရင်က ကျူးလုံ ဧကရာဇ်*

*အင်မော်တယ် ဧကရာဇ်အဆင့်ကို ကျေးကျွန်အဖြစ် ခစားအောင် လုပ်နိုင်သူ*

*မိစ္ဆာသားရဲရဲ့ ခစားခြင်း ခံရသူ*

*နဂါးကိုးကောင် မီးလင်းဖိုပိုင်ရှင်*

*ဓားတစ်လက်နဲ့ လောကကို ဖျက်ဆီးနိုင်သူ*

လက်ရှိတွင် လူတိုင်း ရင်ကွဲမတတ် ဖြစ်နေသည်။

“မင်း ငါ့ကို ကျော်တက်ချင်နေတာ မဟုတ်လား၊ အခု ငါ မင်းကို အခွင့်အရေး ပေးနေပြီလေ”

ယဲ့ဖန်က ဧကရာဇ် ယွီရှန်ကို အထင်သေးစွာ ကြည့်နေလေသည်။

“ငါ့မျိုးဆက်တွေက ဘယ်လောက် အံ့ဩစရာကောင်းလဲ ငါ မြင်ချင်သား”

ထိုစကားက လူတိုင်းကို ကြက်သီးတဖြန်းဖြန်း ထသွားစေ၏။ အကြောင်းမှာ ယဲ့ဖန်၏ စကားတွင်းမှ ပြင်းထန်သော လူသတ်လိုစိတ်ကို သူတို့ ခံစားမိသောကြောင့်ပင်။

ရင်မိသားစု ဘာလုပ်ခဲ့သလဲ ဆိုသည်နှင့် ဧကရာဇ်ယွီရှန် ဘာလုပ်ခဲ့သလဲ ဆိုသည်ကို သူ သိသွားပြီလေပြီ။ ယနေ့ ဤသို့ လာခြင်းသည် မျိုးဆက် သန့်စင်ရန် ဖြစ်လေသည်။

ဤသည်ကို တွေးမိပြီးနောက် ရင်မိသားစုဝင်များ ပိုပို၍ ဆောက်တည်ရာမရ ဖြစ်လာပြီး ငိုယိုနေကာ မျက်နှာ ပြာနှမ်းနေကာ မသိလျင် သူတို့မိဘများ သေသွားသကဲ့သို့ ဖြစ်နေသည်။

သူတို့က အရူးများ မဟုတ်ချေ။ ရှုဖူနှင့် ချုံးချီတို့သည် ကျူးလုံ ဧကရာဇ်ကိုသာ အညံ့ခံလိုစိတ် ရှိသူများ ဖြစ်သဖြင့် အရာအားလုံးက ရှင်းပြစရာပင် မလိုပေ။

ဧကရာဇ်ယွီရှန်သည် နောင်တွင် ယဲ့ဖန်အား ကျော်တက်နိုင်ကောင်း ကျော်တက်နိုင်လောက်သော်လည်း ယခုအခါတွင်တော့ မဖြစ်နိုင်ပါ။

ယဲ့ဖန်က သူ့အား အကြီးအကဲလေသံဖြင့် ဆူပူငေါက်ငမ်းသံကို ကြားသောအခါ ဧကရာဇ်ယွီရှန် ရုတ်တရက် ဒေါသထွက်လာသည်။

ထိုအခိုက်တွင် သူ အရာအားလုံးကို နားလည်သွားလေသည်။ ဟွမ်နူ သူတို့မိသားစုကို သစ္စာဖောက်သွားသည်က အံ့ဩစရာ မဟုတ်တော့ပေ။ သူက ယဲ့ဖန်၏ နောက်ခံကို သိနှင့်ထားပြီးလောက်သည်။

“ဘိုးဘေး ကျူးလုံ ဧကရာဇ် ဖြစ်တော့ ဘာဖြစ်လဲ၊ နှစ်ယောက် တစ်ယောက် ရင်ဆိုင်ရင် မင်းမှာ အသက်ရှင်နိုင်မယ့် အခွင့်အရေး မရှိဘူး”

မြေအောက်လောက ဘုရင်မ ရှေ့တက်လာပြီး ဧကရာဇ်ယွီရှန်ဘေး၌ ရပ်လိုက်သည်။

“ဧကရာဇ် ကျွန်မ ရှင့်ကို ကူညီပါ့မယ်”

ဧကရာဇ်ယွီရှန်က မြေအောက်လောက ဘုရင်မကို တစ်ချက်သာကြည့်ပြီး မတားဆီးချေ။ ဤသည်ကိုမြင်သော် ယဲ့ဖန်က ထရယ်လေသည်။

“မင်းက ငါ့ထက် သာတယ်ဆိုတာကို ပြချင်တာ မဟုတ်ဘူးလား၊ ဘာလို့ မင်းက တစ်ယောက်တည်း ချရမှာကို ချရမှာလဲ၊ မင်းကို မိန်းမတစ်ယောက် ကူညီတာ လိုအပ်နေတုန်းလား”

“ဧကရာဇ်ယွီရှန်တဲ့လား၊ မင်းက မဟာဧကရာဇ် ဆိုတဲ့ နာမည်နဲ့ ထိုက်တန်လို့လား”

ဒေါသထွက်နေသည်။ လက်ရှိတွင် ယဲ့ဖန် လုံးဝ ဒေါသထွက်နေသည်။ ဤမျိုးဆက်များကို သူ ပို၍ စိတ်ပျက် သွားလေသည်။

အဘယ်ကြောင့်ဆိုသော် သူတို့အားလုံးက ဆန်ကုန်မြေလေးများ၊ ဦးနှောက်မရှိသော ကြွက်များ ဖြစ်နေသော ကြောင့်ပင်တည်း။

“အရေးမပါတာတွေ ပြောမနေနဲ့၊ သေလိုက်တော့”

ဧကရာဇ်ယွီရှန် ဒေါသတကြီး အော်ဟစ်လိုက်ပြီး ရုတ်တရက် ရှေ့သို့ ပြေးတက်လာသည်။ ခြေတစ်လှမ်းအတွင်း မိုင်တစ်ရာအထိ ရောက်လာပြီး ယဲ့ဖန်အား တိုက်ခိုက်လေသည်။

တစ်ခဏအတွင်း မြက်ပင်များနှင့် သစ်ပင်များအားလုံး ပြာဖြစ်ကုန်သည်။ အားလုံး သေကြေပျက်စီးကုန်သည်။

ထိုသို့သောအချိန်၌ လူတိုင်း အာရုံစိုက်နေကြသည်။ အထူးသဖြင့် ရင်မိသားစုပင်။ အဘယ်ကြောင့်ဆိုသော် ဤတိုက်ပွဲက သူတို့၏ သေခြင်းရှင်ခြင်းကို ဆုံးဖြတ်မည့်ပွဲ ဖြစ်သောကြောင့်ပင်။

ယဲ့ဖန် ရှင်လျင် သူတို့ သေရမည်။ ယဲ့ဖန် သေလျင် သူတို့ ရှင်နိုင်ပေမည်။

“ဝေါင်း”

ချုံးချီက မာန်ဖီ၍ တိုက်ခိုက်ရန် ပြင်လိုက်သည်။ သို့သော် ယဲ့ဖန်က သူ့ခေါင်းကို ဓားအိမ်ဖြင့် ပုတ်၍ ပြောလိုက်သည်။

“ဒါ မင်းနဲ့ ဘာမှမဆိုင်ဘူး”

ထိုစကားကိုကြားသော် ပိုင်ကျန့်ချင်းနှင့် အခြားသူများ ရုတ်တရက် လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။

*သူ တစ်ယောက်တည်းနဲ့ နှစ်ယောက်ကို ယှဉ်ဖို့ ကြံစည်နေတာလား*

*မောက်မာလွန်းတယ်*

*သူက ကျူးလုံ ဧကရာဇ် ဖြစ်နေရင်တောင်မှ ဒီလောက်ကြီး မမောက်မာသင့်ဘူး*

“သေချင်နေတာပဲ”

သူ့ဘဝ၌ ပထမဆုံးအကြိမ်အဖြစ် ဤမျှ အထင်သေးခံလိုက်ရသောကြောင့် ဧကရာဇ်ယွီရှန် အလွန် ဒေါသထွက် သွားသည်။

သူသည် လေအလျင်ကဲ့သို့ လျင်မြန်စွာ ရောက်ရှိလာပြီး ညာသံပေး၍ တိုက်ခိုက်လာသည်။ တော်ဝင်မြို့တော် တစ်ခုလုံး ကပြောင်းကပြန် ဖြစ်လာပြီး ယန်စွမ်းအင် ပွက်ပွက်ဆူလာကာ ကြောက်စရာကောင်းသော စွမ်းအင်ကို ထုတ်ဖော်လာသဖြင့် မြင်ကွင်းက အလွန်တရာမှကို ကြောက်စရာ ကောင်းလှသည်။

မြေအောက်လောက ဘုရင်မသည်လည်း နောက်ကလိုက်ပါလာပြီး လက်နှစ်ဖက်ကို ဘေးဆန့်၍ ဆယ်မိုင်အတွင်းမှ စွမ်းအင်အားလုံးကို စုပ်ယူပြီး ယဲ့ဖန်၏ မျက်နှာကို ရိုက်ချလေသည်။

လူနှစ်ယောက်က ပြိုင်တူတိုက်ခိုက်လာပြီး သူတို့၏ မျက်လုံးတွင်မှ သတ်ဖြတ်လိုစိတ်က မိုးထိုးမတတ် မြင့်မားနေကာ သူတို့နှစ်ယောက်၏ စွမ်းအင်ကြောင့် လေဟာနယ်ပင် ထပ်လာရသည်။

ယဲ့ဖန် လှောင်ရယ်လိုက်ပြီး ဧကရာဇ်ယွီရှန်၏ တိုက်ကွက်ကို လက်သီးဖြင့် ထိုးနှက်၍ ချေဖျက်လေသည်။ ထို့နောက် ဓားအိမ်ထဲမှ ဓားကိုဆွဲထုတ်လိုက်ကာ ဓားသံနှင့်အတူ ဓားအလင်း ပျံ့နှံ့လာပြီး ဓားစွမ်းအင်က ပင်လယ်လှိုင်းအလား ပွက်ပွက်ဆူထလာကာ မြေအောက်လောက ဘုရင်မ၏ လက်ကို ခုတ်ဖြတ်လာ၏။

“အား….”

သူမ၏ လက်နှစ်ဖက်လုံး ပြတ်တောက်သွားပြီး သွေးများ ငေါက်ခနဲ ပန်းထွက်ကာ နေရာအနှံ့သို့ စီးဆင်း သွားသည်။

“မဖြစ်ရဘူး”

ပိုင်ကျန့်ချင်း ဆောက်တည်ရာမရစွာ အော်ဟစ်လေသည်။ သူ တစ်စုံတစ်ရာကို ကြိုမြင်ယောင်နေသဖြင့် ထိန်းချုပ်မရအောင် ကြံရာမရ ဖြစ်နေ၏။

တစ်ယောက်တည်းဖြင့် ရန်သူနှစ်ယောက်ကို ရင်ဆိုင်ကာ ထိုနှစ်ယောက်၏ တိုက်ကွက်ကို အသာလေး ဖြေရှင်းပြီး ဒဏ်ရာ အကြီးအကျယ်ရအောင် ပြုလုပ်လိုက်ပုံတွင် လုံးဝ အားထည့်ထားခြင်း မရှိချေ။

နှစ်ဖက်သည် အဆင့်တူသော ပြိုင်ဘက်များမဟုတ်ပေ။ ဤသည်က တစ်ဖက်သတ် ဖိနှိပ်ခြင်းပင်။

“ဘိုးဘေး ကျူးလုံ ဧကရာဇ်က တကယ်ကို ကြောက်ဖို့ကောင်းတာပဲ”

တစ်ဖက်မှ ဧကရာဇ်ယွီရှန်၏ အင်အားစုအချို့သည် အံ့ဩမှင်တက်နေကြသည်။ လူတစ်ယောက်က အင်မော်တယ် ဧကရာဇ်အဆင့် နှစ်ယောက်နှင့် ရင်ဆိုင်နေရသော်လည်း အသာလေး အနိုင်ရနေသည်။

ဤလူက ကိုးပြည်နယ်တွင်း၌ ထာဝရ ဧကရာဇ်တစ်ပါး ဖြစ်လာသည်က အံ့ဩစရာ မဟုတ်တော့ပေ။ ဤလောကသည် အားနည်းသူက သားကောင်ဖြစ်ပြီး အားကြီးသူက မုဆိုးဖြစ်ကာ သန်မာသူများသာ လေးစားခံရသည့် လောက ဖြစ်သည်။

ကျူးလုံ ဧကရာဇ်၏ ဂုဏ်သတင်းကို လူတိုင်း ရှေးခေတ်ကတည်းက သိထားကြပြီး ယနေ့ မျက်ဝါးထင်ထင် မြင်ရသောအခါ အထင်ကြီး လေးစားမိသည်။

သန်မာ၍ လွှမ်းမိုးနိုင်၏။ ရဲရင့်ကာ လောက သရဖူဆောင်းနိုင်သည်။

ဤသည်ကိုမြင်သော် ရင်မိသားစုဝင်များ အတိတ်က လုပ်ရပ်များအတွက် နောင်တရလာပြီး မျက်နှာပေါ်သို့ မျက်ရည်များ စီးကျလာကာ သေမတတ် ကြောက်လန့်လာ၏။

သူတို့သည် ဧကရာဇ်ယွီရှန်ကို ယုံကြည်ခဲ့သောကြောင့် သူတို့ ဘိုးဘေးကို မလေးမစား လုပ်ခဲ့ကာ သူတို့၏ အရင်းအမြစ်ကို မေ့လျော့ပြီး သူတို့ကိုယ်သူတို့ ဘိုးဘေး ကျူးလုံ ဧကရာဇ်၏ မျိုးဆက်များဟု မသတ်မှတ် တော့ချေ။

တစ်နေ့တွင် ဧကရာဇ်ယွီရှန်က ကျူးလုံ ဧကရာဇ်ထက် သာလွန်နိုင်စွမ်း ရှိလာပြီး ရင်မိသားစု၏ ယခင် ဂုဏ်ရှိန်ဂုဏ်ဝါကို ပြန်လည် ယူဆောင်လာနိုင်မည်ဟု အခိုင်အမာ ယုံကြည်ခဲ့သည်။

သို့သော် ယခုအခါ၌ ဘိုးဘေး ကျူးလုံ ဧကရာဇ်ထက် သာလွန်မည်တဲ့လား။ သူတို့အမြင်တွင် ယင်းက ဟာသပင်။

ယဲ့ဖန်ကို မြင်သောအခါတွင်မှ တကယ့် လွှမ်းမိုးမှုအစစ်ကို သတိပြုမိလာပြီး ပြိုင်ဘက်ကင်းဟူသော အဓိပ္ပာယ်ကို နားလည်သွားကြကာ ထာဝရ ရှင်သန်ခြင်းက ဘာလဲဆိုတာကို သိနားလည်သွားကြသည်။

ဧကရာဇ်ယွီရှန်က ဤသို့သောလူကို ဘယ်သောအခါမှ ကျော်နိုင်မည် မဟုတ်ပါ။

“ငါ့ကို ကျော်မယ်ဆို၊ မင်း ငါ့ကို ကျော်မှာ မဟုတ်ဘူးလား၊ လာလေ”

ယဲ့ဖန်၏ ခန္ဓာကိုယ်တွင် ဓားစွမ်းအင်များနှင့် ပြည့်နှက်နေပြီး လောကထဲ ရောက်လာသော နတ်ဆိုးဘုရင် တစ်ပါးအလား ခက်ထန် ကြမ်းကြုတ်နေကာ သူ့မျက်လုံးတွင် လူသတ်ချင်စိတ်များနှင့် ပြည့်နှက်နေကာ အလွန်အမင်း အေးစက်နေသည်။

သူသည် ရှေ့သို့ လှမ်း၍ ဧကရာဇ်ယွီရှန်ထံ လျှောက်လာသည်။ ထို့နောက် ဓားဖြင့် ခုတ်ပိုင်းလိုက်ပြန်သည်။

တာအိုစွမ်းအင် ပွက်ပွက်ဆူလာပြီးနောက် ဓားစွမ်းအင် ပျံ့လွင့်လာသောအခါ လူတိုင်း၏ မျက်နှာ ဖြူရော်သွားပြီး စိတ်ထဲ၌ အေးစိမ့်လာကြသည်။

ဤစွမ်းအင်သည် ခုခံ၍ မရနိုင်ပေ။

“သေစမ်း”

ဧကရာဇ် ယွီရှန် ကြက်သီးထ၍ ကြောက်လန့်လာသည်။ သူ့လက်ထဲတွင် ပန်းချီကားလိပ်တစ်ခု ပေါ်လာသည်။ ၎င်းတွင် လှပသော မြစ်ချောင်းများနှင့် တောတောင်များ ပါဝင်ကာ တာအိုစွမ်းအင်က ပြင်းထန်၍ အစွမ်းထက် လှသည်။ ၎င်းတွင် ရှေးခေတ်အခါက အင်မော်တယ် တောင်တန်းများ၏ စွမ်းအင်များ ပါဝင်သဖြင့် အစွမ်းထက် ပေသည်။

“သေပေတော့”

ဧကရာဇ်ယွီရှန် ဒေါသတကြီး ကြုံးဝါးလိုက်ပြီးနောက် ပန်းချီကားလိပ်မှ ပြင်းထန်သော လူသတ်လိုသည့် အငွေ့အသက်တစ်ခု ထွက်ပေါ်လာကာ ယဲ့ဖန်အား လွှမ်းခြုံသွားသည်။

All Chapters