← Chapters

အခန်း ၁၅၇၅

Vol. 105 Ch. 1575

အခန်း ၁၅၇၅

Vol. 105 Ch. 1575

Chapter 1575 သူတော်စင်လက်နက်

*ရှန့်ဖုန်း တာအို မြေပုံ*

“ဒီရတနာမြေပုံက အင်မော်တယ် တောင်ထိပ်ကိုးခုကနေ ပုံဖော်ထားတဲ့ တာအိုမြေပုံပဲ၊ အဲ့ဒါက နေနဲ့လကို ဖမ်းနိုင်ပြီး အင်မော်တယ်ကို ဝါးမျိုနိုင်တယ်၊ အဲ့ဒါကို သူတော်စင်လက်နက်လို့ ပြောကြတာပဲ”

“သူတော်စင်လက်နက်လား”

လူတိုင်း ထိတ်လန့်သွားကြသည်။

သူတော်စင်လက်နက်သည် အင်မော်တယ် လက်နက်ဟုလည်း လူသိများပြီး ကောင်းကင်ကိုခွင်း၍ တာအို သဘောတရားကို ဖြတ်တောက်နိုင်သည်။ ထိုအဆင့်တွင် အင်မော်တယ်များနှင့် နတ်ဆိုးများကို သတ်နိုင်ရုံ တင်မကဘဲ ဥပဒေသနှင့် တာအိုကိုပင် ဖျက်စီးနိုင်သည်။

ဤသည်ကိုမြင်သော် လူတိုင်း ချောက်ချားသွားကြသည်။ သူတော်စင်လက်နက်သည် အဆုံးအစမဲ့လောက်အောင် အစွမ်းထက်လှသည်။ ၎င်းက နေနှင့်လကိုပင် ဖျက်ဆီးနိုင်ပြီး ထာဝရ တည်မြဲခြင်းကိုပင် ဖျက်ဆီးနိုင်ရန် လုံလောက်ပေသည်။

ရှန့်ဖုန်း တာအိုမြေပုံ ထွက်လာသည်နှင့် တစ်လောကလုံး ရုတ်ချည်းဆိုသလို ပြောင်းလဲလာပြီး သတ်ဖြတ်လိုသော အငွေ့အသက်က ထိန်းမနိုင်သိမ်းမရ ထွက်ပေါ်လာသည်။ ယန်စွမ်းအင်က ထိန်းမရအောင် ဖြစ်ပေါ်နေသည်။

ရုတ်တရက် မြင်ကွင်းတစ်ခု ပေါ်လာသည်။ ရှေးတောင်ထိပ် ကိုးခုက တိမ်တိုက်ကို ထိုးပေါက်၍ တည်ရှိနေပြီး ခံ့ညားသော အငွေ့အသက် ရှိပြီး နီတျာတျာ အရောင်များ ဖြာထွက်နေပြီး အလွန် ပြင်းထန်‌သော ဖိအားတစ်ခုကို ပျံ့လွင့်နေစေသည်။

ယဲ့ဖန် ပြုံးလိုက်သည်။

“ငါ့အသုံးအဆောင်ကိုယူပြီး ငါ့ကို တိုက်ခိုက်မယ်ပေါ့လေ၊ မင်း ပြောတဲ့ ငါ့ကို ကျော်တက်မယ်ဆိုတာ ဒါလား”

သူသည် ဤရှန့်ဖုန်းမြေပုံအား မတော်တဆ ရရှိခဲ့ခြင်း ဖြစ်ပြီး ၎င်းသည် မဟာချင်ခေတ် ဘဏ္ဍာတိုက်ထဲ၌ ပါဝင်ခဲ့သည်။ မထင်မှတ်ဘဲ ၎င်းက ဧကရာဇ်ယွီရှန်၏ လက်ထဲသို့ ကျရောက်နေ၏။

သို့သော် ဧကရာဇ်ယွီရှန်က ဤရတနာမြေပုံကို သုံး၍ သူ့နှင့် တိုက်ခိုက်နေသေးသည်။ သူ၏ အရှက်မရှိမှုအား စကားနှင့်ပင် ဖော်ပြ၍ မရနိုင်တော့ပေ။

“ငါ မင်းကို သတ်နိုင်မယ်ဆိုရင် ဘာနည်းလမ်းသုံးရသုံးရ ကိစ္စမရှိဘူး”

ဧကရာဇ်ယွီရှန်က အေးစက်စွာ ပြန်ချေပလိုက်သည်။ လက်ရှိတွင် သူ့သိက္ခာကို သူကိုယ်တိုင် စွန့်ပစ်လိုက်လေပြီ။ အကြောင်းမှာ ဤပွဲသည် သေခြင်းရှင်ခြင်း တိုက်ပွဲဖြစ်ပြီး သူ ယဲ့ဖန်ကို မသတ်နိုင်လျင် ယဲ့ဖန်က သူ့ကို အဆုံးသတ်လိုက်မည် ဖြစ်သောကြောင့်ပင်တည်း။

“သူ့ကိုသတ်၊ ဧကရာဇ် သူ့ကို သတ်လိုက်ပါ”

မြေအောက်လောက ဘုရင်မက စူးရှစွာ ဒေါသတကြီး အော်ဟစ်လိုက်ပြီး တစ်မူထူးခြားသော လျှို့ဝှက်ရတနာ ဖြစ်သည့် သွေးရတနာ စည်းတံဆိပ်ကို ထုတ်လိုက်သည်။

အသွင်အပြင်က ကြမ်းကြုတ်ပြီး တစ္ဆေဆန်သော ပုံစံ ရှိသည်။

“သွေးနတ်ဘုရား စည်းတံဆိပ်၊ မြေအောက်လောက ဘုရင်မက အရမ်း ကြောက်စရာကောင်းတဲ့ သွေးဝိညာဉ် တာအိုကျောင်းတော် မျိုးဆက်ကနေ လာတာပဲ”

“သွေးဝိညာဉ် တာအိုကျောင်းတော်ရဲ့ တိုက်ရိုက်မျိုးဆက်သာလျင် သွေးနတ်ဘုရားရဲ့ လက်ဆောင် သွေးနတ်ဘုရား စည်းတံဆိပ်ကို နှင်းအပ်ခံရတယ်လို့ ပြောကြတယ်၊ သွေးနတ်ဘုရား စည်းတံဆိပ်က တစ်ကြိမ်ပဲ အသုံးပြုနိုင် ပင်မယ့် သွေးနတ်ဘုရားရဲ့ စွမ်းအားအပြည့် သုံးတာနဲ့ ညီမျှတယ်တဲ့”

သွေးနတ်ဘုရားသည် သွေးမှမွေးဖွားလာသော မိစ္ဆာဝိညာဉ် ဖြစ်ပီး ဤလောက တည်ရှိစဉ်ကတည်းက ဝိညာဉ်တစ်ခု အဖြစ် ပြောင်းလဲနိုင်ခဲ့သူ ဖြစ်သည်။

သူ့အသက်က နေနှင့်လနီးနီး ရှည်ကြာပြီး သူ၏ အားကုန်သုံးခြင်းက လောကကို ဖျက်ဆီးနိုင်ရန် လုံလောက် ပေသည်။

နောက်ဆုံး အခြေအနေကြောင့်သာ မဟုတ်လျင် မြေအောက်လောက ဘုရင်မသည် ဤသို့သော လျှို့ဝှက်ရတနာကို ထုတ်သုံးမည် မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် ဤသည် အကောင်းဆုံး အသက်ကယ် နည်းလမ်း ဖြစ်ပြီး အင်မော်တယ် ဧကရာဇ်ကိုပင် ချက်ချင်း ရှင်းလင်းနိုင်သောကြောင့်ပင်။

သွေးနတ်ဘုရားရဲ့ စည်းတံဆိပ်သည် ကောင်းကင်ယံသို့ ပျံတက်သွားပြီး ကြောက်စရာကောင်းသော သွေးအလင်းရောင် ဖြာထွက်လာပြီး ကောင်းကင်အား သွေးရောင်ခြယ်လိုက်သလို ဖြစ်သွားပြီး မြင်ကွင်း အလွန် ထိတ်လန့်စရာ ကောင်းလှပြီး မသိလျင် သွေးနတ်ဘုရား ဆင်းသက်လာသလိုပင်။

ထိုအခိုက်တွင် ကျုံးဝမ်နှင့် အခြားသူများ အလွန်အမင်း စိုးရိမ်လာပြီး အခြေအနေ မကောင်းသလို ခံစားမိသည်။ ဤလက်နက်နှစ်ခု၏ သေစေနိုင်စွမ်းက ကြောက်စရာ ကောင်းလှပေ၏။

ထိုစဉ် ပိုင်ကျန့်ချင်းသည် မျှော်လင့်ချက်ကို မြင်လိုက်ရသကဲ့သို့ ဖြစ်သွားပြီး အားပါးတရ ရယ်မောလိုက်သည်။

“မြေအောက်လောက ဘုရင်မရဲ့ ခန္ဓာကိုယ်ထဲမှာ သွေးနတ်ဘုရားရဲ့ သွေးတွေ စီးဆင်းနေလိမ့်မယ်လို့ ငါ ထင်မထားမိဘူး၊ ဘုရားက ငါ့ကို ကူညီတာပဲ”

သွေးနတ်ဘုရားသည် ရှေးခေတ်အခါကတည်းက တည်ရှိခဲ့သော ရှေးဟောင်း နတ်ဘုရား ဖြစ်သည်။ ဘိုးဘေး ကျူးလုံ ဧကရာဇ်ထက်ပင် သက်တမ်းရှည်ပြီး အင်မော်တယ်ဧကရာဇ်အဆင့်ကိုပင် ခွေးသတ်သလို သတ်နိုင်၏။

ထို့အပြင် သူသည် အမတ ဖြစ်ပြီး လောကတွင်း၌ သွေးတစ်စက် ရှိသရွေ့ သူ အနှိုင်းအဆမဲ့စွာ ပြန်ရှင်သန် နိုင်သည်။ ယဲ့ဖန်က ဘိုးဘေး ကျူးလုံ ဧကရာဇ် ဖြစ်နေလျင်တောင်မှ လုံးဝ ဇာတ်သိမ်းမည်ပင်။

“ကျုံးကျိုး အင်ပါယာက ငါ့အပိုင်ပဲ၊ ဘယ်သူမှ လုယူသွားလို့မရဘူး၊ ဘိုးဘေး ကျူးလုံ ဧကရာဇ် ဖြစ်နေရင် တောင်မှပဲကွ”

ပိုင်ကျန့်ချင်းက ကျယ်လောင်စွာ ကြုံးဝါး၍ အားပါးတရ အော်ရယ်လေသည်။

“ဘုရားက မျက်နှာသာ မပေးဘူးနဲ့တူတယ်၊ မင်းရဲ့ ကျောထောက်နောက်ခံကြီး သေတော့မယ်၊ ကျုံးဝမ် ငါ မင်းကို အခွင့်အရေး မပေးဘူးလို့ မပြောနဲ့၊ မင်း ငါ့ကို နာခံဖို့ ရွေးလိုက်တာနဲ့ မင်း ငါ့မိန်းမဖြစ်ဖို့ ထိုက်တန်သေးတယ်”

ပိုင်လီကျန့်က နိုင်မဲကို ရထားပြီးသကဲ့သို့ ကျုံးဝမ်အား အထင်သေးစွာ ကြည့်နေသည်။

“မင်း မိဖုရားနေရာကိုတော့ စဉ်းစားမစရာ မလိုဘူးပေါ့၊ မင်းအဆင့်အတန်းက နိမ့်တယ်လေ၊ အဲ့တော့ မင်းကို အလွန်ဆုံး ကိုယ်လုပ်တော်အဆင့်အတန်းပဲ ပေးနိုင်မယ်”

ကျုံးဝမ်က သူ့ကို တစ်ချက်ငဲ့ကြည့်၍ အထင်သေးသော လှောင်ရယ်သံ ပြုကာ ဘာမှမပြောဘဲ နေနေသည်။ မသိလျင် ဟာသတစ်ပုဒ်ကို ကြားလိုက်ရသလိုပင်။

*ဟမ်*

ဤသည်ကိုမြင်သော် ပိုင်လီကျန့်၏ မျက်နှာက ရုတ်တရက် အေးစက်သွားပြီး ဤအမျိုးသမီး၏ ရိုင်းပျခြင်း ထပ်မံ ခံလိုက်ရသလို ခံစားလိုက်ရကာ အကြီးအကျယ် မျက်နှာ ပျက်သွားသည်။

ထို့နောက် သူသည် မျက်မှောင်ကြုတ်၍ မာမာထန်ထန် ပြောလိုက်သည်။

“ချီးမြှောက်တာကို မသိတဲ့ မိန်းမပျက်၊ အခုထိ ခေါင်းမာနေတုန်းပေါ့လေ၊ စောင့်နေလိုက်၊ ငါ မင်းကို ခံစားလို့ကောင်းအောင် ဘယ်တော့မှ မလုပ်ပေးဘူး”

“မင်းသားပိုင်လီ၊ မနာခံဘူးဆိုရင် ပြင်းပြင်းထန်ထန် အပြစ်ပေးသင့်တာပေါ့၊ သူက မင်းကို မနာခံချင်မှတော့ သူ့ကို ဖျက်ဆီးလိုက်ပါလား”

ပိုင်ကျန့်ချင်းက ထူးဆန်းသော အပြုံးမျိုး ပြုံးနေသည်။

“ဒါဆို ထွက်ပြေးရတာပေါ့၊ ဒီမင်းသား သူ့ကို ပါကင်ဖောက်ပြီးရင် သူ့ကို ယွင်နိုင်ငံရဲ့ စစ်စခန်းမှာ စစ်အသုံးတော်ခံ အဖြစ် ပစ်ထားမယ်၊ စစ်သားတွေရဲ့ ဖျက်ဆီးတာကို ခံရပြီး မသေမချင်း တစ်ရက်မှ နားနားနေနေ နေခွင့်မရှိစေရဘူး”

ပိုင်လီကျန့်က ရက်စက်စွာ ပြောလာပြီး သူ့မျက်လုံးတွင် ရက်စက်ယုတ်မာမှုတို့ ပြည့်နှက်နေ၏။

“ကောင်းတယ်၊ ကောင်းတယ်၊ အဲ့အချိန်ရောက်လာရင် ငါ့သမီး အလိမ္မာလေးကိုပါ ခေါ်သွားဖို့ မမေ့နဲ့”

ပိုင်ကျန့်ချင်းက ပိုင်ရွှယ်အား သုန်မုန်စွာ ကြည့်နေပြီး တမင်သက်သက် သမီးဆိုသော စကားအရောက်တွင် ဖိ၍ ပြောလိုက်သည်။

မြေအောက်လောက ဘုရင်မနှင့် ဧကရာဇ်ယွီရှန်၏ တိုက်စစ်တို့က ဆက်တိုက် ကျရောက်လာပြီး အဆုံးအစမဲ့သော စွမ်းအင်ကြောင့် ကောင်းကင်ယံ တုန်ခါလာပြီး အရပ်ဆယ်မျက်နှာအတွင်း ရှိသမျှအရာအားလုံး ပျက်စီးကုန်သည်။

ယဲ့ဖန်၏ ပုံရိပ်က ထောင်ချီသော အလင်းတန်းများအောက်တွင် လုံးဝ ပျက်စီးသွားကာ ပျောက်ကွယ် သွားလေသည်။ ထိုအခိုက်တွင် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်သွားသည်။ ဘေးလူများသည်လည်း တိတ်နေ၏။

လူတိုင်းက တစ်စုံတစ်ရာကို စောင့်နေပုံရသည်။ သို့သော် တစ်မိနစ် ကျော်သွားသော်လည်း ဘာမှဖြစ်မလာချေ။

“သေပြီ ဟားဟားဟား အဲ့ကောင် နောက်ဆုံးတော့ သေသွားပြီဟေ့”

မည်သို့သော လှုပ်ရှားမှုကိုမှ မမြင်သောအါ ပိုင်ကျန့်ချင်းသည် ယဲ့ဖန် သေသွားပြီဟု ယုံကြည်သွားသည်။ သို့မဟုတ်ပါက သူ ပြန်လည် တိုက်ခိုက်မှာပင်။

“မဟုတ်ဘူး၊ ဒါ အမှန် မဟုတ်ဘူး”

ကျုံးဝမ်နှင့် အခြားအမျိုးသမီးများ တုန်ယင်ကာ မယုံနိုင်သည်ထက် လက်မခံနိုင် ဖြစ်နေကြသည်။ ယဲ့ဖန် ပြန်ရှင်လာသည်က တစ်ရက်လောက်ပင် ရှိသေးပြီး သူတို့ သူ့ကို စကားပြောချိန်ပင် မရလိုက်ပါ။ ထို့ကြောင့် သူ ပြန်သေဆုံးသွားသည်ကို သူတို့ ဘယ်လိုလုပ် လက်ခံနိုင်ပါမည်နည်း။

“ဟားဟားဟား အဖြစ်မှန်ကို လက်ခံလိုက်တော့ ကျုံးဝမ်၊ အဲ့မျိုးမစစ်ကောင် သေသွားပြီ၊ မင်း မကြာခင် လူတကာ ဖျက်ဆီးတာ ခံရမယ့် ခွေးမ ဖြစ်လာတော့မှာ”

ပိုင်လီကျန့် အားပါးတရ ရယ်မောကာ ဂုဏ်ယူနေ၏။ ယဲ့ဖန် သေသွားပြီဖြစ်သဖြင့် သူ ကျုံးဝမ်ကို လုပ်ချင်တာ လုပ်နိုင်လေပြီ။

“ယဲ့ဖန် မသေဘူး၊ သူ နင်တို့အားလုံးကို သတ်မှာ”

ထန်ပုခူက ကျယ်လောင်စွာ အော်ဟစ်လာပြီး သူမမျက်လုံးများ စိုစွတ်လာ၏။

“သူကလား၊ သူက သေသွားပြီကို၊ သွေးနတ်ဘုရား စည်းတံဆိပ်နဲ့ ရှန့်ဖုန်းမြေပုံတို့ရဲ့ ပူးတွဲ တိုက်ခိုက်မှုကို ဘယ်သူမှ မတားဆီးနိုင်ဘူး၊ ဒီမှော်လက်နက် နှစ်ခုအောက်မှာ သူက ပိုးကောင်လောက်တောင် အဆင့်ရှိတာ မဟုတ်ဘူး”

မြေအောက်လောက ဘုရင်မက တင်းမာစွာ ပြုံးနေ၏။ သူမမျက်လုံးတွင် နက်ရှိုင်းသော အမုန်းတရား ရှိနေသည်။

*ဒီတစ်ခါလည်း ဒီကောင့်ကို လွယ်လွယ် သေခိုင်းမိပြန်ပြီ*

“ဟားဟားဟား ငါ သူ့ကို သတ်လိုက်ပြီ၊ ငါ ကျူးလုံ ဧကရာဇ်ကို သတ်လိုက်ပြီ၊ ငါ သူ့ထက် သာတာ သေချာတယ်ကွ၊ ငါက အသန်မာဆုံးပ”"

ထိုအခိုက်တွင် ဧကရာဇ်ယွီရှန်သည် စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေပြီး စိတ်လှုပ်ရှားစွာ အော်ဟစ်လေသည်။

ကျူးလုံ ဧကရာဇ် သူ့လက်ထဲ၌ သေသွားလေပြီ။ သူ့စိတ်ထဲ၌ ကျူးလုံ ဧကရာဇ်ကို သူ ကျော်နိုင်ပြီဟု ထင်နေ၏။ သူသည် ရင်မိသားစု၏ အထူးချွန်ဆုံး ပါရမီရှင် ဖြစ်ပေသည်။ ဘိုးဘေးကိုတောင် ကျော်တက်နိုင်သောသူ။

“ငါ သူ့ကို ကျော်နိုင်ပြီကွ၊ နောက်ဆုံးတော့ ငါ သူ့ထက် သာပြီ ဟားဟားဟား”

ဧကရာဇ်ယွီရှန် အားပါးတရ ရယ်နေသည်။ သို့သော် ရင်မိသားစုဝင်များအားလုံးက အောင့်သက်သက် ပြုံးနေကြသည်။

ဤသို့ မမျှတသော တိုက်ခိုက်မှုဖြင့် သာလွန်သည်ဟု ခေါ်နိုင်ပါသလော။ ဤသည်က အနည်းငယ် လူပါးဝ လွန်းသည် မဟုတ်ပါတကား။

“အရူး ဒါက ထူးချွန်ပါတယ်ဆိုတဲ့ ဘိုးဘေးရဲ့ အဆုံးသတ်ပဲ၊ အစပိုင်းက ရှုဖူနဲ့ ချုံးချီသာ ဝင်တိုက်ရင် ဧကရာဇ်ယွီရှန်နဲ့ သူ့မိန်းမကို နိုင်နိုင်ဦးမယ်၊ ဒါပေမ့ ဒီကောင်က မောက်မာလွန်းတော့ အသတ်ခံရပြီ”

ပိုင်ကျန့်ချင်း၏ မျက်နှာတွင် အလွန် အထင်သေးဟန်များ ပေါ်လွင်နေ၏။

ရုတ်တရက် ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာသည်။ ထောင်ချီသော အလင်းတန်းများသည် ထူးဆန်းသော စွမ်းအင်တစ်ခုကြောင့် လွင့်ပြယ်သွားကာ နတ်ဆိုးစွမ်းအင် ပျံ့လွင့်လာပြီး အနက်ရောင် အလင်းတန်းက လူအများအား လွှမ်းခြုံလာသည်။

ထိုစဉ် ပုံရိပ်တစ်ခုက လေဟာနယ်ထဲ၌ ပေါ်လာပြီး ဓားကိုဝင့်၍ လွှဲယမ်းလိုက်သည်။ ဖြစ်ပျက်သွားသည်က မြန်ဆန်လွန်းလှပြီး လူတိုင်း တုံ့ပြန်ချိန် မရလိုက်ပေ။ မသိလျင် လျှပ်စီးလက်သွားသလိုပင်။

“ကျူးလုံ ဧကရာဇ်”

“ယဲ့ဘုရင်”

ပိုင်ကျန့်ချင်းနှင့် အခြားသူများ မျက်လုံးအိမ် ကျဉ်းမြောင်းသွားပြီး ကြောက်ရွံ့လာသည်။ ယဲ့ဖန်၏ ခန္ဓာကိုယ်မှ ကြောက်စရာကောင်းသော လူသတ်လိုသည့် အငွေ့အသက် ထွက်ပေါ်နေပြီး ကောင်းကင်ယံ၌ လျင်မြန်စွာ လှုပ်ရှားနေ၏။ လျပ်တစ်ပြက်အတွင်း ဧကရာဇ်ယွီရှန်ရှေ့သို့ သူ ရောက်လာပြီး ဦးခေါင်းကို ဓားဖြင့် ခုတ်လေသည်။

“မင်း”

ဧကရာဇ်ယွီရှန် ကြောက်လန့်သွားသည်။

*ဒီကောင်က ငါတို့လင်မယား အားကုန်သုံး တိုက်တာတောင် ဘာဒဏ်ရာမှ မရဘူးလား*

ထိုသို့သောအချိန်၌ ယဲ့ဖန်သည် ရပ်တန့်မရသော နတ်ဆိုးတစ်ကောင်အသွင် ဖြစ်နေပြီး ဓားစွမ်းအင်က ကောင်းကင်ယံ၌ ပျံ့နှံ့နေကာ မိုင်ထောင်ချီအတွင်းမှ တိမ်တိုက်များကို ပိုင်းဖြတ်နေပြီး ကောင်းကင်ယံ၌ အက်ရာပင် ထင်တော့မည်ဟု ထင်မှတ်ရသည်။

*ချီးပဲ*

ဧကရာဇ်ယွီရှန် ကြက်သီးထသွားပြီး ရှန့်ဖုန်းတာအိုမြေပုံကို အလျင်မြန် လှုပ်ခါလိုက်သည်။ တစ်ကိုယ်လုံးမှ ယန်စွမ်းအင်များ နှိုးထလာ၏။

“ရွှစ်”

သို့သော် ဓားစွမ်းအင်နှင့် ထိတွေ့မိချိန်တွင် ရှန့်ဖုန်းမြေပုံက တောင့်ခံနိုင်စွမ်း မရှိဘဲ ချက်ချင်း ပိုင်းပြတ် သွားလေသည်။

လူတိုင်း ကြက်သီးထကာ မျက်လုံးများ ပြူးကျယ်လာ၏။

*သူတော်စင်လက်နက်က ဓားကြောင့် ပျက်စီးသွားတာလား*

*ဒါက*

*ကြောက်ဖို့ကောင်းလိုက်တာ*

*ဒီသောက်နတ်ဆိုးကို ဒီလောကထဲက ဘယ်သူက အနိုင်ယူနိုင်သေးလဲ*

အင်မော်တယ် တောင်ထိပ် ကိုးခုလုံး ပြိုလဲသွားပြီး အင်မော်တယ် ချီစွမ်းအင် လွင့်ပြယ်သွားလေသည်။

ပန်းချီကားလိပ်က လေထဲ၌ နှစ်ပိုင်းပြတ်သွားပြီးနောက် အစိတ်စိတ် အမြွှာမြွှာဖြစ်ကာ မြေကြီးပေါ် ကျလာသည်ကို လူတိုင်း‌ တွေ့လိုက်ရသည်။

“မဖြစ်နိုင်ဘူး၊ မင်း ဒီလောက် သန်မာနေလို့ မရဘူး”

ဧကရာဇ်ယွီရှန် မျက်လုံးအပြူးသားနှင့် ကြောက်လန့်တကြား အော်ဟစ်လေသည်။

*သူတော်စင်လက်နက်ကိုတောင် တစ်စစီ ခုတ်ပိုင်းနိုင်တယ်ဆိုရင် ဒီလူက သူတော်စင်ကိုတောင် ထိခိုက်အောင် လုပ်နိုင်တယ်လို့ ဆိုလိုတာလား*

*ရယ်ချင်စရာပဲ*

ဧကရာဇ်ယွီရှန်၏ မျက်နှာတွင် အလွန် မလိုလားဟန် ပေါ်နေ၏။ ထိုအခိုက်တွင် သူ ခံရခက်သော ခံစားချက်ကို ရနေသည်။

သိုင်းအဆင့်ချင်း တူသော်ငြားလည်း ယဲ့ဖန်က သူ ဘယ်သောအခါမှ မလုပ်နိုင်သည်များကို လုပ်နိုင်နေသည်။ လက်ရှိတွင် ရှန့်ဖုန်း တာအိုမြေပုံသာ ပျက်စီးသွားခြင်း မဟုတ်ဘဲ ဧကရာဇ်ယွီရှန်၏ မာနကြီးသောစိတ် သည်လည်း ပျက်စီးသွားလေသည်။

သို့သော် ဓားချက်က အောက်သို့ ဆက်ကျလာပြီဖြစ်ပြီး ဧကရာဇ်ယွီရှန်၏ လက်မောင်းတစ်ဖက်ကို ဖြတ်တောက် သွားသဖြင့် သွေးများ ပန်းထွက်လာပုံက တုန်လှုပ်ဖွယ်ကောင်းလှသည်။

“အတုအယောင်ပဲ၊ ဒါ အမြင်မှားတာပဲ ဖြစ်မယ်”

ရင်မိသားစုဝင်များအားလုံး နားဝေတိမ်တောင် ဖြစ်နေကြသည်။ ဤမြင်ကွင်းက သူတို့အား သေမတတ် ကြောက်လန့်စေသည်။ အဘယ်ကြောင့်ဆိုသော် သူတို့ ဇာတ်သိမ်းပြီဖြစ်ကြောင်း သိလိုက်သော ကြောင့်ပင်တည်း။

ဧကရာဇ်ယွီရှန်၏ လက်တစ်ဖက် အဖြတ်ခံလိုက်ရပြီး ရှန့်ဖုန်းမြေပုံကလည်း ပျက်စီးသွားသည်။ သူတို့၌ ယဲ့ဖန်ကို ယှဉ်နိုင်သည့် အဘယ် အရည်အချင်းမျိုး ရှိပါဦးမည်နည်း။

ဧကရာဇ်ယွီရှန်သည် ပြတ်သွားသော လက်နေရာကို အုပ်ကိုင်ထားပြီး နဖူးတွင် ချွေးစေးများ စို့နေကာ ပြင်းထန်သော နာကျင်မှုနှင့် ကြောက်လန့်စိတ်ကို တစ်ပြိုင်တည်း ခံစားနေရ၏။

သူ ယဲ့ဖန်ကို ကြောက်စိတ်အပြည့်ဖြင့် ကြည့်နေသည်။

*ဒီလူက ဒဏ္ဍာရီထဲကထက် ပိုကြောက်ဖို့ကောင်းတယ်*

“အသုံးမကျတဲ့ အမှိုက်ကောင် သေလိုက်တော့”

ယဲ့ဖန်၏ နတ်ဆိုးစွမ်းအင် ပျံ့လွင့်လာပြန်ကာ သူ့အား အထင်သေး၍ အေးစက်သော အကြည့်ဖြင့် ကြည့်ပြီး ဒေါသတကြီး ဓားဖြင့် ထပ်ခုတ်သည်။ ဤဓားချက်က ဧကရာဇ်ယွီရှန်၏ ခန္ဓာကိုယ်ကို တိုက်ရိုက် ချိန်ရွယ်ထားသည်။

“မလုပ်နဲ့”

ဧကရာဇ်ယွီရှန် အလွန် ကြောက်လန့်သွားပြီး ငယ်သံပါအောင် အော်လေသည်။

“ရွှစ်”

သွေးများ မိုးစက်သဖွယ် ကျဆင်းလာ၏။ ဧကရာဇ်ယွီရှန် ကိုယ်နှစ်ပိုင်း ပြတ်သွားပြီး လေထဲတွင် ညှီစို့စို့သွေးနံ့များ ပြည့်နှက်လာသည်။ ဤဓားချက်အား အင်မော်တယ် ဧကရာဇ်အဆင့်၏ ခန္ဓာကိုယ်ကပင် မခုခံနိုင်ချေ။

ပတ်ဝန်းကျင်တစ်ခုလုံး သုသာန်အလား တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။

စာစဉ် ၁၀၅ ဤတွင် ပြီးပါပြီ။

All Chapters