← Chapters

အခန်း ၁၆၈

Vol. 12 Ch. 168

အခန်း ၁၆၈

Vol. 12 Ch. 168

အပိုင်း ( 168 )

ကြောက်မက်ဖွယ်ကောင်းသော ရှောင်ဟေး

ကောင်းကင်ဝါးမျိုငှက်သည် မှုန်မှိုင်းနေသော အမူအရာတို့ဖြင့် ချဥ်းကပ်လာခဲ့ပြီး သူတို့၏ မျက်လုံးများအတွင်းတွင် သတ်ဖြတ်လိုစိတ်တို့ဖြင့် ပြည့်နှက်နေလျက်ရှိ၏။

လုချန်ရှန်း၏ စိတ်နှလုံးသား လေးလံသွားသည်။

“ မင်းတို့က လေလံပွဲကို မသွားဘူးလို့ ငါကြားခဲ့ရတယ် “

“ အင်း “ ရှောင်ဟေးမှ ခေါင်းငြိမ့်ပြလာခဲ့၏။

သူ့နောက်တွင် ရှိနေသည့် အကြီးအကဲကပါ စကားဝင်ပြောလာခဲ့သည် “ ငါတို့က ကြားဖြတ်တိုက်ခိုက်ခံခဲ့ရတယ်။ တစ်ယောက်ယောက်က ငါတို့ကို ချောင်းတိုက်ပြီးတော့ ပိတ်လှောင်ခဲ့တယ်။ ငါတို့ လွတ်လာတဲ့ အချိန်ကျတော့ လေလံပွဲက ပြီးနေပြီ ယဲ့ယန်ကိုလည်း အမည်မသိ လူတစ်ယောက်က ဝယ်သွားခဲ့ပြီးပြီ “

“ ဪ အဲ့လိုကိုး “

လုချန်ရှန်းက ခေါင်းငြိမ့်ပြလိုက်သည်။

တစ်ခဏခန့် ဆွေးနွေးခဲ့ပြီးသည့်နောက်တွင် ရှောင်ဟေးမှ စကားထပ်ပြောလာခဲ့၏ “ ဦးလေးတို့ ကျွန်တော်က ချင်းယီနဲ့ လုပ်စရာ ကိစ္စလေးတွေ ရှိသေးလို့ နောက်ကျမှ ပြန်လာခဲ့မယ် “

“ အင်း “ သူတို့သည် ဘာမှမပြောလာကြပေ။

သို့ရာတွင် လုချန်ရှန်းကမူ အတော်လေး ထူးဆန်းနေသည်ဟု ခံစားသွားခဲ့ရသည်။ လူနှစ်ဦးသည် သူတို့၏ နေရာများဆီသို့ ရောက်ရှိလာခဲ့သည် သို့သော် ရှောင်ဟေးသည် အစမှအဆုံးအထိ အေးဆေးတည်ငြိမ်နေလျက်ရှိကာ စိတ်အေးလက်လေး ဖြစ်နေပုံရသည်။

သူတို့နှစ်ဦးတည်း ကျန်ရှိနေသည်နှင့်တစ်ပြိုင်နက် သူသည် အရင်ဦးဆုံး စကားစပြောလိုက်သည် “ ရှောင်ဟေး မင်းကို ကြည့်ရသလောက်အရဆိုရင် အဲ့ကိစ္စက မင်းနဲ့ဆိုင်နေသလိုပဲ ဟုတ်တယ်မလား “

“ ဟမ် “ ရှောင်ဟေး မျက်မှောင်ကြုတ်သွားခဲ့သည် “ မင်းက ဘယ်လိုလုပ် သိသွားရတာလဲ “

“ ယွမ်နယ်မြေမှာတည်းက ထူးဆန်းနေတယ်လို့ ခံစားနေခဲ့ရတာလေ မင်းရဲ့ တုံ့ပြန်မှုကို ကြည့်ရသလောက်အရဆိုရင် မင်းနဲ့ဆိုင်နေဖို့များတယ်လို့ ငါခံစားနေရတယ် “

ရှောင်ဟေးသည် မဖုံးကွယ်ထားသည့်အပြင် ဟန်ဆောင်ပန်ဆောင်ပင် လုပ်မနေခဲ့ချေ ထို့အစား သူသည် မေးခွန်းတစ်ခုဖြင့် တုံ့ပြန်လာခဲ့၏ “ လေလံပွဲကလည်း မင်းနဲ့ဆိုင်နေသင့်တယ်လေ ဟုတ်တယ်မလား “

“ မင်းဆီမှာ သက်သေရှိလို့လား “

ရှောင်ဟေးက ခေါင်းခါပြလာခဲ့သည်။

“ သက်သေမရှိဘူးဆိုရင် အသရဖျက်တာပဲ “

“ ဘာသက်သေမှ မလိုပါဘူးကွာ “

“ ဘာလို့လဲ “

“ အဲ့လို လူတွေကို လေလံတင်ဖို့ဆိုတာက နှစ်သောင်းလောက်အထိ ခြေရာခံလိုက်မယ်ဆိုရင်တောင်မှ မင်းတစ်ယောက်တည်းပဲ ရှိတယ် မင်းကပဲ အဲ့လိုဟာမျိုးတွေ လုပ်နိုင်တာ “

လုချန်ရှန်း မျက်မှောင်ကြုတ်သွားတော့၏ “ မင်းက ငါ့ကို အမြင်စောင်းနေတာပဲ “

“ ဟုတ်တယ် “

“ ဟူးးး “

လုချန်ရှန်းသည် အသာအယာ သက်ပြင်းချနေတော့သည် သူ၏စိတ်ထဲတွင် စွမ်းအားကင်းမဲ့နေသည့် ခံစားချက်တစ်ခု လှိုက်တက်လာခဲ့သည် သူ၏မှားယွင်းသော တွက်ချက်မှုကြောင့် ထိုကိစ္စသည် သူ့ဘဝ၏ အကြီးမားဆုံး အမှားတစ်ခု ဖြစ်လာခဲ့သည်။

ရှောင်ဟေးကမူ ထပ်မံ၍ မေးမြန်းမနေတော့ပေ။ သူသည် အကယ်၍ သူက ထပ်မံ၍ မေးမြန်းနေဦးမည်ဆိုလျှင်တောင်မှ လုချန်ရှန်းက ပြောပြမည် မဟုတ်ဘူးဆိုသည်ကို သိနေခဲ့သည် သူသည် ထိုအကောင့်ကို စိုက်ကြည့်ရုံသာကြည့်လိုက်ပြီး စကားထပ်ပြောလိုက်သည် “ ငါ့ကို ကူညီပေး “

“ ဘာကြီးလဲ “

ရှောင်ဟေးကမူ စကားတစ်ခွန်းမှ ပြန်မပြောဘဲ သူ့ရင်ဘတ်ထဲတွင် ရှိနေသည့် ယခင်ကဟာနှင့် တူညီသော မီးဖိုတစ်လုံးကို ဆွဲထုတ်လိုက်သည်။

လုချန်ရှန်းသည် ၎င်းကို စူးစမ်းလေ့လာနေခဲ့ပြီး ချက်ချင်းမှင်သက်သွားတော့သည်။

မီးဖိုအတွင်းတွင် အဖြူရောင် ဝတ်စုံနှင့် ချောမောသော လူငယ်တစ်ဦး လှဲလျောင်းနေလျက်ရှိ၏ ၎င်းက အမည်မသိ ဝယ်လက်က ဝယ်ယူသွားသော ယဲ့ယန်ပင် ဖြစ်သည်။

“ မင်းပဲ။ မင်းက အဲ့လိုကိစ္စမျိုးကို တကယ်ကြီး လုပ်ခဲ့တာပဲ “

သူသည် ထိုကိစ္စက ရှောင်ဟေးနှင့် ဆိုင်နေလိမ့်မည်ဆိုသည်ကို သိနေခဲ့သော်လည်း သူ့လက်ထဲတွင် ရှိနေသည့် ယဲ့ယန်ကို မြင်လိုက်ရသောအခါတွင် လုချန်ရှန်းသည် စိတ်ဂဏာမငြိမ် ဖြစ်သွားသေး၏။

“ မင်းဆီက သင်ထားတာလေ “ ဟု ရှောင်ဟေးက ခေါင်းငြိမ့်၍ ဝန်ခံလာခဲ့၏။

လုချန်ရှန်းက တုံ့ပြန်လိုက်သည် “ သူက မင်းရဲ့ ညီအရင်းဆိုတာက တကယ်လား “

“ ဟုတ်တယ် “

“ ဘယ်လိုရန်ငြိုးမျိုး ဘယ်လိုအဃာတမျိုးမို့လို့ မင်းက အဲ့လောက်အထိ ရက်စက်နေရတာလဲ။ ဘယ်လိုမိသားစု ဒရာမာမျိုးလဲ။ မင်းတို့က မိသားစုပိုင်ဆိုင်မှုအတွက် ပြိုင်ဆိုင်နေကြတာလား။ ဒါမှမဟုတ် မျိုးပွားခွင့်အတွက် ပြိုင်နေကြတာလား။ မင်းတို့လို အင်အားစုကြီးတွေက တကယ်ကို ဖရိုဖရဲ ဖြစ်နေကြတာပဲ “ ဟု လုချန်ရှန်းမှ မရပ်မနား ပြောနေတော့၏။

ရှောင်ဟေးသည် မျက်မှောင်ကြုတ်သွားသော်လည်း ခေါင်းငြိမ့်ပြကာ ပြန်ဖြေလာသေး၏ “ မင်းပြောတာ မှန်တယ် “

“ အံ့ဩစရာ မရှိတော့ဘူးပဲ “ လုချန်ရှန်းသည် စုတ်တသပ်သပ်လုပ်နေကာ ထပ်မံ၍ မေးမြန်းလာခဲ့၏ “ မင်းစိတ်ဝင်စားနေတဲ့ ငှက်တွေက ဘယ်လိုပုံစံမျိုးရှိလဲ။ သူမရဲ့ အမွှေးတွေက နက်မှောင်ပြီးတော့ တောက်ပနေလား။ အဲ့လိုမှမဟုတ်ဘူးဆိုရင် မင်းက မင်းရဲ့ညီကို ဒီလောက်အထိ ရက်စက်နေမှာ မဟုတ်ဘူး “

“ မင်းက ဘာပေါက်ကရတွေ လျှောက်ပြောနေတာလဲ “ ရှောင်ဟေး မျက်မှောင်ကြုတ်သွားတော့သည်။

လုချန်ရှန်းမှ တုံ့ပြန်လိုက်၏ “ အဲ့တာက မင်းရဲ့ အလှအပစံနှုန်း မဟုတ်ဘူးလား “

“ ငါသူ့ကို တိုက်ခိုက်နေတာက မိသားစုပိုင်ဆိုင်မှုအတွက်ပဲ မိန်းမတစ်ယောက်အတွက် မဟုတ်ဘူး “

“ မင်းကမှ ရှင်းရှင်းလင်းလင်း မပြောတာလေ “ လုချန်ရှန်းက မျက်စောင်းထိုးလာတော့၏။ ရှောင်ဟေးမှာလည်း ကူရာကယ်ရာမဲ့စွာဖြင့် သူ့ကို ငေးကြည့်နေတော့သည်။

ထို့နောက်တွင် ရှောင်ဟေးမှ တည့်တိုးပြောဆိုလာခဲ့၏ “ ငါ့ကို ကူညီပြီးတော့ သူ့ကို ဖိနှိပ်ပေး “

“ မင်းဟာမင်း မလုပ်နိုင်ဘူးလား “

“ ငါ့မှာက မင်းလိုမျိုး စိတ်စွမ်းအားနဲ့ နတ်ဝိညာဥ်ထောက်လှမ်းတွေကို ဖြတ်တောက်နိုင်တဲ့ စွမ်းရည်မျိုး မရှိဘူးလေ “ ရှောင်ဟေးက ပွင့်ပွင့်လင်းလင်း ပြောဆိုလာခဲ့သည်။

လုချန်ရှန်းမှ ပြန်ပြောလိုက်သည် “ တကယ်လို့ ငါ့ကို မေးမယ်ဆိုရင်တော့ ပြဿနာမတက်အောင် သူ့ကို တိုက်ရိုက်သာ သတ်လိုက်ပြီးတော့ ပြာချလိုက်။ သူ့ရဲ့ အကြွင်းအကျန်တွေကို ဖြန့်ဝေဖို့တောင် ငါကူညီပေးမယ် “

“ သူ့ကို သတ်လို့မရဘူး။ အဲ့လိုလုပ်လိုက်တာနဲ့ သူ့ရဲ့ ဝိညာဥ်မီးအိမ် ငြိမ်းသွားလိမ့်မယ် အဲ့တာဆိုရင် တော်တော်ကြီးကို ပြဿနာ များသွားလိမ့်မယ် “

“ မင်းက မင်းကိုယ်တိုင် မစွန့်စားချင်လို့ ငါ့ကို လုပ်စေချင်နေတာလား “

ရှောင်ဟေးမှ အေးအေးလူလူ ပြန်ပြောလာခဲ့သည် “ ငါအဲ့တာကို လုပ်နေရတဲ့ တစ်စိတ်တစ်ပိုင်းက မင်းအတွက်ပဲ “

“ ဘယ်လိုတုန်း “

“ ငါ့မျိုးနွယ်စုမှာ နှစ်တော်တော်ကြာကြာ အသုံးပြုခဲ့တဲ့ ဝိညာဥ်ကျောက် မိုင်းတွင်းတစ်ခု ရှိတယ်။ သူမရှိမှ ငါက အဲ့တာကို အပြည့်အဝ ထိန်းချုပ်နိုင်ပြီးတော့ မင်းအဆင့်တက်ဖို့ လိုအပ်တဲ့ ဝိညာဥ်ချီတွေကို ထောက်ပံ့ပေးနိုင်မှာ “

လုချန်ရှန်း မျက်မှောင်ကြုတ်သွားတော့၏။ ၎င်းကို ယခင်က သဘောတူထားခဲ့ပြီးပြီဖြစ်သော်လည်း အကယ်၍ ရှောင်ဟေးက ကျရှုံးသွားမည်ဆိုပါက ၎င်းက သူ့အတွက် သတင်းကောင်းတစ်ပုဒ် ဖြစ်နေလိမ့်မည် မဟုတ်ပေ ယခုတွင် လိုအပ်နေသည့် ဝိညာဥ်ချီက ပိုပိုတိုးမြင့်လာခဲ့ပြီ ဖြစ်သည်။

သူသည် အဆင့်၆အတွက် သန်းနှစ်ဆယ်ကျော် လိုအပ်နေမည်ဖြစ်ပြီး အဆင့်၇ဆိုပါက သန်းငါးဆယ်နားပင် ကပ်သွားလိမ့်မည် ဖြစ်သည်။ ပိုမိုတိုးတက်သွားလေလေ ပမာဏက ပိုမိုကြောက်မက်ဖွယ်ကောင်းလာလေလေပင်။

ကံကောင်းထောက်မစွာဖြင့် ယခင်က ရှောင်ဟေးသည် သူ့ကို နယ်ပယ်တစ်ခုစာ ထောက်ပံ့ပေးရန်အတွက် ကတိပေးထားခဲ့သည် ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက သူသည် မည်သည့်အချိန်မှ အဆင့်ထိုးဖောက်နိုင်မလဲဆိုသည်ကို သိရှိမည် မဟုတ်ပေ။

“ ဟူး မင်းတို့ရဲ့ အဲ့ဒီဝိညာဥ်ကျောက်တုံးတွေက တကယ်ကို ရဖို့ခက်တယ်။ တကယ်လို့ ငါတို့ရဲ့ ဆက်ဆံရေးကြောင့်သာ မဟုတ်ဘူးဆိုရင် ငါက ဒီလိုမျိုး စွန့်စားမှာ မဟုတ်ဘူး “

လုချန်ရှန်းသည် မီးဖိုကို တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ယူထားလိုက်ပြီး လုံခြုံစေရန်အတွက် ကန်းယွင်ကားချပ်အတွင်းသို့ တိုက်ရိုက်ပစ်ထည့်လိုက်သည်။

အရာအားလုံး လုပ်ဆောင်ခဲ့ပြီးသည့်နောက်တွင် ရှောင်ဟေးက စကားထပ်ပြောလာခဲ့သည် “ အရာအားလုံး အဆင်သင့်ဖြစ်တဲ့ အချိန်ကျရင် ငါက ယွမ်နယ်မြေထဲမှာ သတင်းစကားတစ်ခု ချန်ထားခဲ့မယ် မင်းက ငါ့ရဲ့ မျိုးနွယ်စုဆီကိုသာ လာခဲ့လိုက် “

“ ကောင်းပြီလေ ငါတို့က ညီအစ်ကိုကောင်းတွေမို့လို့ပေါ့ကွာ “

လုချန်ရှန်းသည် သက်ပြင်းတချချ ဖြစ်နေတော့သည်။ သူ့ထံမှ ဝိညာဥ်ကျောက်တုံးများ ရရှိရန်မှာ အလွန်တရာ ခက်ခဲလှပြီး အတော်လေး ကြိုးစားအားထုတ်ခဲ့ရ၏။

သို့ရာ၌ ရှောင်ဟေးသည် မထွက်သွားခင် အချိန်တွင် တစ်စုံတစ်ခုကို အမှတ်ရသွားကာ ရုတ်တရက် သတိပေးလာခဲ့သည် “ ကိစ္စတစ်ခုရှိသေးတယ် ငါသတင်းတစ်ပုဒ်ရခဲ့တယ် ထျန်းကျီစံအိမ်က မင်းကို လိုက်ရှာနေတယ်တဲ့ “

“ ငါ့ကို ရှာနေတာလား။ ဘာအတွက်လဲ “ လုချန်ရှန်း မှင်သက်သွားတော့သည်။ ဟိုကိစ္စပေါ်သွားတာများလား။ ဒါပင်မဲ့ အဲ့လိုမဖြစ်သင့်ပါဘူး ငါက ဘာသက်သေမှ မကျန်အောင် သေသေချာချာ ကိုက်တွယ်ခဲ့တာလေ။

ရှောင်ဟေးမှ တုံ့ပြန်လာခဲ့၏ “ အဲ့တာက နဂါးနစ်မြုပ်ခြင်း နယ်မြေနဲ့ ဆိုင်နေဖို့များတယ်။ အရင်တုန်းက နတ်ဘုရား မြုပ်နှံခြင်းတောင်တန်းကို လာခဲ့တာက အင်အားစု အမျိုးမျိုးက ပါရမီရှင်တွေကို စုဆောင်းဖို့လေ သူတို့က မင်းကိုလည်း စုဆောင်းချင်နေကြတယ် “

“ အဲ့နေရာက ဘာကြီးလဲ “

“ နဂါးနစ်မြုပ်ခြင်း နယ်မြေက တော်တော်လေးကို လျှို့ဝှက်ဆန်းကြယ်တယ်။ အခုလက်ရှိအချိန်အထိ အဲ့တာရဲ့ ဇစ်မြစ်ကို ဘယ်သူကမှ မသိကြသေးဘူး။ အဲ့နေရာမှာ အခွင့်အလမ်းအများကြီး ရှိတယ် တစ်ချို့ဟာတွေဆိုရင် ကောင်းကင်ဘုံကိုတောင် ဆန့်ကျင်နိုင်တယ်။ ဒါပင်မဲ့ အဲ့တာတွေကို ရဖို့ကတော့ ကံကောင်းဖို့လိုအပ်တယ်။ လူတစ်ယောက်ရဲ့ ကံက ပိုကောင်းလေလေ အတွင်းပိုင်းကို ပိုသွားနိုင်လေလေဖြစ်ပြီးတော့ အခွင့်အလမ်းတွေ ရနိုင်မဲ့ အခွင့်အရေးက ပိုများလေလေလို့ ပြောကြတယ် “

ရှောင်ဟေးက လေးလေးနက်နက် ရှင်းပြလာခဲ့သည်။

လုချန်ရှန်းမှ တုံ့ပြန်လိုက်၏ “ ဒါဆိုရင် သူတို့က ငါ့ကို ဘာကိစ္စလိုက်ရှာနေရတာလဲ။ ငါ့မျက်နှာပေါ်မှာ ကံကောင်းခြင်းဆိုတဲ့ စကားလုံး ရှိနေလို့လား “

“မင်းက ပါရမီရှင်တစ်ယောက်ဖြစ်နေလို့လေ။ ကောင်းကင်ဘုံက ပါရမီရှင်တွေကို မျက်နှာသာပေးတယ်လေ။ လူတစ်ယောက်က ပါရမီပိုကောင်းလေလေ သူပိုင်ဆိုင်ထားတဲ့ ကံတရားက ပိုကောင်းလေလေပဲ။ သူတို့တွေနဲ့ အမြင်မှာတော့ မင်းက အသက်နှစ်ဆယ် မပြည့်ခင် အချိန်မှာ အူတိုင်ဖွဲ့စည်းခြင်း အဆင့်၅ကို ရောက်နေပြီးတော့ ဓားတာအိုကိုလည်း ဓားနှလုံးသား သန့်စင်မှုနယ်ပယ်အထိ ကျင့်ကြံထားနိုင်တယ်လေ အဲ့တာက ဒီကမ္ဘာမှာ တကယ်ရှားတယ်။ အဲ့လိုလူမျိုးရဲ့ ကံတရားက သေချာပေါက်လန်ပျံထွက်နေမှာပေါ့ အဲ့တာကြောင့်ပဲ သူတို့က မင်းကို စုဆောင်းချင်နေကြတာ “

ထိုအချိန်တွင် ရှောင်ဟေးကပင် အနည်းငယ် စိတ်လှုပ်ရှားသွား၏။

အမှန်တိုင်းပြောရမည်ဆိုပါက ဤလူက ထိုလူများ နားလည်ထားသည်ထပ်ပင် ပို၍ကြောက်မက်ဖွယ်ကောင်းနေခဲ့သည်။

လုချန်ရှန်းသည် အတိုချုံ့၍ စကားထပ်ပြောလိုက်သည် “ ဆိုတော့ သူတို့က သူတို့အတွက် အလုပ်ခိုင်းဖို့ ငါ့ကို ခေါ်ချင်နေကြတယ်ပေါ့ “

“ ဖြစ်နိုင်တယ် “ ရှောင်ဟေးမှ စကားဆက်ပြောလာခဲ့၏ “ ငါက မင်းကို သတိပေးရုံပဲ ပေးတာ ဘာဆက်လုပ်မလဲဆိုတာကတော့ မင်းနဲ့ပဲဆိုင်တယ် မင်းက ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားလို့ရတာပေါ့ “

“ ငါက လွတ်လပ်ပေါ့ပါးတဲ့ လူတစ်ယောက်‌လေ။ ငွေကသာ အဆင်ပြေနေသရွေ့ ငါ့ရဲ့ ဝိညာဥ်ကိုတောင် ရောင်းနိုင်တယ် “

“ ငါသိတယ် “

ရှောင်ဟေးသည် ထိုစကားကို ပြောလာခဲ့ကာ လှည့်ထွက်သွားတော့သည်။

လုချန်ရှန်းသည် အချိန်အတော်ကြာ တွေးတောစဥ်းစားနေတော့၏။ သူသည် နဂါးနစ်မြုပ်ခြင်း နယ်မြေကို များစွာစိတ်မဝင်စားချေ သို့သော် အကယ်၍ တစ်ယောက်‌ယောက်က သူ့ကို ငှားရမ်းရန်အတွက် လျော်ကြေးပေးလာမည်ဆိုပါက ကွဲပြားသော ဇာတ်လမ်းတစ်ပုဒ် ဖြစ်သွားပေလိမ့်မည်။

သူသည် ယခုလက်ရှိအချိန်တွင် သူလိုအပ်နေသည့်အရာက အခွင့်အလမ်းဖြစ်သည်ဟု ခံစားနေခဲ့ရသည် သို့သော် သူသည် ဝိညာဥ်ကျောက်တုံးများလည်း ချို့တဲ့နေသေးသည်။ ထူးခြားသော နည်းလမ်းတစ်ခုခု မရှိဘူးဆိုပါက ထိုနယ်ပယ်သို့ ရောက်ရှိရန်အတွက် အချိန်မည်မျှ ယူရမည်နည်း။

ထိုနယ်ပယ်သို့ ရောက်ရှိသွားသည်နှင့်တစ်ပြိုင်နက် သူသည် ကျင့်ကြံရေးအတွက် ဝိညာဥ်ကျောက်တုံးများကို အားကိုးနေရတော့မည် မဟုတ်ပေ သို့သော် သူခံစားရမည့် နာကျင်မှုက သေချာပေါက် ကြီးမားနေလိမ့်မည် ဖြစ်သည်။ ကပ်ဘေးတစ်သောင်း အင်မော်တယ် ခန္ဓာကိုယ်ကြောင့် အင်မော်တယ် တက်လှမ်းခြင်း နယ်ပယ်သို့ မရောက်သေးသရွေ့ သူသည် ထိုဘဝမှ မည်သို့မျှ လွတ်မြောက်လိမ့်မည် မဟုတ်ပေ။

လုချန်ရှန်းသည် နဂါးနစ်မြုပ်ခြင်း နယ်မြေအကြောင်းကို စုံစမ်းမေးမြန်းရန်အတွက် ယွမ်နယ်မြေအတွင်းသို့ ဝင်သွားပြီး ရှောင်ဟေးပြောပြခဲ့သည်ထပ် ပိုမိုစုံလင်သည့် အသေးစိတ် အချက်အလက်များကို ရယူနိုင်ခဲ့၏။

သို့ရာ၌ ဂရုတစိုက် တွေးတောစဥ်းစားခဲ့ပြီးသည့်နောက်တွင် သူတွေဝေတုံ့ဆိုင်းသွားတော့သည်။

“ ကံကောင်းခြင်းနဲ့ကံဆိုးခြင်းတွေ ဒွန်တွဲနေတဲ့ ဒီကပ်ဘေးတစ်သောင်း အင်မော်တယ် ခန္ဓာကိုယ်က နဂါးနစ်မြုပ်ခြင်း နယ်မြေထဲကို ဝင်နိုင်ပါ့မလား “

--

………………………………………………………………………………………………………………………………….

All Chapters