အခန်း ၁၆၉
Vol. 12 Ch. 169
အပိုင်း ( 169 )
ကျွန်တော့်ညီပါ
ယွမ်နယ်မြေအနှံ့တွင် ဆွေးနွေးပြောဆိုမှုများ ပျံ့လွင့်နေလျက်ရှိ၏။
ထိုကိစ္စ ပျံ့နှံ့လာသည်က အချိန်အတော်ကြာနေခဲ့ပြီဖြစ်သော်လည်း သတင်းများက ပိုပို၍ စုံလင်လာခဲ့သည်။
လုချန်ရှန်းသည် နေရာအနှံ့ စုံစမ်းမေးမြန်းကာ ကောက်ချက်ချခဲ့သည်။
သူသည် စာအုပ်တစ်အုပ်ဝယ်ယူရန်အတွက် နန်ဟွမ်မြို့တွင် ကြီးမားသော ပမာဏတစ်ခု သုံးစွဲခဲ့ပြီး “ ခေတ်ဟောင်းနှင့် ခေတ်သစ် ရုပ်ခန္ဓာများ၏ အသေးစိတ်ရှင်းလင်းချက် “ သူ့ကိုယ်ပိုင် ရုပ်ခန္ဓာ၏ အမျိုးမျိုးသော ဝိသေသ လက္ခဏာရပ်များကို ဂရုတစိုက် လေ့လာနေတော့၏။
သူကိုယ်တိုင်ကလည်း တစ်ခြားသော အရာများကို အာရုံခံမိခဲ့ပြီးဖြစ်သည် သူအဓိက စိတ်ဝင်စားနေသည့်အရာမှာ ကံတရားဟုခေါ်ဆိုသည့်အရာကို နားလည်ရန်ဖြစ်သည်။
ရှောင်ဟေး၏ ပြောစကားများအရ ပါရမီရှင်တစ်ဦးက ကောင်းကင်ဘုံ၏ ကလေးငယ်တစ်ဦးဖြစ်သည် မျက်နှာသာပေးမှုမှာလည်း အမျိုးမျိုး ကွဲပြားနေခဲ့ပြီး လူတစ်ဦး၏ ပါရမီက ပိုမိုမြင့်မားလေလေ ထိုလူပိုင်ဆိုင်ထားသည့် ကံကောင်းမှုက ပိုမိုအားကောင်းလေလေပင်ဖြစ်သည်။
သူက ထိုကဲ့သို့သော ပါရမီရှင်တစ်ဦးဖြစ်သောကြောင့် သူသည် သူ၏ ကံတရားက အားကောင်းလားဆိုသည်ကို မြင်တွေ့လိုနေခဲ့သည် သို့သော် ရလဒ်မှာ သူ့ကို အနည်းငယ် မှင်သက်သွားစေခဲ့၏။
ကပ်ဘေးတစ်သောင်း အင်မော်တယ် ခန္ဓာကိုယ်သည် ရှေးခေတ်ကတည်းက ပြိုင်ဘက်ကင်းပြီး အစွမ်းအထက်ဆုံး ရုပ်ခန္ဓာများအနက်မှ တစ်ခုဖြစ်နေခဲ့သည်။ ရိုးရိုးရှင်းရှင်း ပြောရမည်ဆိုပါက ၎င်း၏ အရင်းအမြစ် စားသုံးမှုနှုန်းထားက ကြီးမားကာ မြန်မြန်ဆန်ဆန် တိုးတက်လာပြီး သာမန်ဂိုဏ်းများကို ထောက်ပံ့ရေးအတွက် အခက်တွေ့သွားစေခဲ့သည်။
ကံတရားအကြောင်းပြောရမည်ဆိုပါက ၎င်းကပင် ကောင်းကင်ဘုံကို ဆန့်ကျင်နေပြီဖြစ်သည် သို့ရာတွင် အဆိုပါ ရုပ်ခန္ဓာသည် ကံကောင်းခြင်းနှင့် ကံဆိုးခြင်းတို့ ဒွန်တွဲကာ ထူးခြားနေလျက်ရှိ၏။
ကံဆိုးခြင်းက ကံကောင်းခြင်းကို ဝါးမြိုသွားသည်။
၎င်းကြောင့်ပင် သူသည် သူ၏တည်ရှိမှုက အသုံးဝင် မဝင်ဆိုသည်ကို ဝေခွဲမရ ဖြစ်နေခဲ့ခြင်း ဖြစ်သည်။
ထိုစဥ် ခြံဝန်းအပြင်ဘက်မှ အသံတစ်သံ ပျံ့လွင့်လာခဲ့သည်။
“ မိတ်ဆွေလေး ချင်းယီ ခဏလောက် အချိန်ရလား “
“ ဘယ်သူလဲ “ ဟု လုချန်ရှန်းမှ တုံ့ပြန်လိုက်၏။
ထိုလူက ပြန်ပြောလာခဲ့သည် “ ကျုပ် ထျန်းကျီစံအိမ်က လင်ဖုန်းပါ “
“ သူရောက်လာပြီပဲ “
လုချန်ရှန်းသည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေတော့သည် ရှောင်ဟေး ပြောထားခဲ့သည့်အတိုင်းပင် ထျန်းကျီစံအိမ်က သူ့ကို ရှာဖွေနေခဲ့သည်။
တစ်ချိန်တည်းမှာပင် သူသည် ထျန်းကျီစံအိမ်ကို လေးစားသွားခဲ့သည် သူဤနေရာတွင် ရှိနေသည်ကို မည်သူကမှ မသိသလောက်နီးပါး ဖြစ်နေခဲ့သည် သို့သော် ထိုလူများက သူ့ကို အမှန်တကယ် ရှာဖွေနိုင်ခဲ့သည်။
သို့ရာတွင် သူသည် တံခါးဖွင့်လိုက်ကာ ထိုလူ့ကို အထဲဝင်ခွင့်ပေးလိုက်သေးသည်။ မွေးရာပါ ဝိညာဥ် အဆင့်၈ ကျင့်ကြံရေးကို ပိုင်ဆိုင်ထားသည့် သက်လတ်ပိုင်းလူတစ်ဦး ဝင်လာခဲ့ပြီး သူ၏ ကိုယ်ဟန်အမူအရာက ထူးခြားကာ စူးရှရှ အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေခဲ့၏။
“ ဓားနှလုံးသား သန့်စင်မှု “
လုချန်ရှန်းသည် လွှတ်ခနဲ ပြောမိသွားခဲ့သည်။
လင်ဖုန်းမှာလည်း တအံ့တဩ ဖြစ်သွားကာ ခေါင်းငြိမ့်ပြလာခဲ့သည် “ မိတ်ဆွေလေးက တကယ်ကို ထူးခြားတာပဲ ငါ့ရဲ့ ဓားတာအိုနယ်ပယ်ကိုတောင် အာရုံခံနိုင်တယ်။ မင်းကို တစ်ကမ္ဘာလုံးက ချီးကျူးနေကြတာက အံ့ဩရာတော့ မဟုတ်တော့ဘူးပဲ “
“ ချီကျူးတာလား။ ခင်ဗျားက စကားဘယ်လိုပြောရမလဲဆိုတာက တကယ်သိနေတာပဲ “
“ ဘာကိုဆိုလိုတာလဲ “
လုချန်ရှန်းမှ တုံ့ပြန်လိုက်သည် “ အဲ့တာက ချီးကျူးတယ်ဆိုတာ သေချာရဲ့လား အော်ဆဲနေကြတာ မဟုတ်ဘူးလား “
အမ် ……..
လင်ဖုန်းသည် ဆွံ့အသွားကာ မည်ကဲ့သို့ တုံ့ပြန်ရမှန်းမသိ ဖြစ်သွားခဲ့သည်။ သူသည် ထိုမျှ တည့်တိုးဆန်သည့် လူတစ်ဦးကို တစ်ကြိမ်တစ်ခါမျှ မမြင်ခဲ့ဖူးချေ။
သို့ရာတွင် လုချန်ရှန်းကမူ အေးဆေးတည်ငြိမ်နေခဲ့သည်။ သူသည် ကိုယ့်ကိုကိုယ် ရှင်းရှင်းလင်းလင်း နားလည်နေခဲ့သည် ချင်းယီဆိုသော အမည်က လူတိုင်း၏ ကဲ့ရဲ့ရှုံ့ချခြင်းကို မခံရသော်လည်း ထိုကဲ့သို့ ဖြစ်လာရန် သိပ်မဝေးတော့ပေ။
ထို့နောက်တွင် သူသည် ဆက်လက်၍ မေးမြန်းလိုက်သည် “ ကိစ္စတစ်ခုခုရှိလို့လား “
“ အင်း “ လင်ဖုန်းမှ တုံ့ပြန်လာခဲ့၏ “ ငါတည့်ပဲ ပြောတော့မယ်။ ငါ့ရဲ့ ထျန်းကျီစံအိမ်နဲ့ ပူးပေါင်းဖို့အတွက် မိတ်ဆွေလေးကို ဖိတ်ခေါ်ချင်လို့ပါ “
“ အဲ့တာက မဖြစ်နိုင်ဘူး “ လုချန်ရှန်းသည် သူ၏ဦးခေါင်းကို တိုက်ရိုက်ခါပြလိုက်သည်။
“ ဘာဖြစ်လို့လဲ “
“ မဟာတောရိုင်း ခန်းမက ကျွန်တော့်ကို သူတို့ရဲ့ ပထမဦးဆုံး အမွေဆက်ခံသူဖြစ်လာဖို့အတွက် တောင်းဆိုခဲ့တယ်လေ ဒါပင်မဲ့ သူတို့ကို ကျွန်တော်ငြင်းလိုက်တယ်။ အဲ့တာကြောင့် တစ်ခြားအင်အားစု တစ်ခုနဲ့ ဘယ်လိုလုပ် ပေါ့ပေါ့ပါးပါး ပူးပေါင်းနိုင်မှာလဲဗျ “
ထိုစကားတစ်ခွန်းသည် လင်ဖုန်းကို အံ့အားသင့်သွားစေခဲ့သည်။ သူသည် မဟာတောရိုင်း ခန်းမ၏ ပထမဦးဆုံးသော ဆက်ခံသူက မည်သည့်အရာကို ဆိုလိုလဲဆိုသည်ကို ကောင်းစွာနားလည်နေခဲ့သည်။
လုချန်ရှန်းက စကားထပ်ပြောလိုက်သည် “ တကယ်လို့ တစ်ခြားကိစ္စမရှိဘူးဆိုရင် ကျွန်တော် သွားတော့မယ်နော် “
“ နေပါဦး “
“ ကျွန်တော့်ကို ဆွဲဆောင်ချင်နေတုန်းပဲလား “
လင်ဖုန်းက တုံ့ပြန်လာခဲ့၏ “ မိတ်ဆွေလေးရဲ့ စွမ်းရည်တွေနဲ့ဆိုရင် ဘယ်ကိုပဲသွားသွား ဂုဏ်သရေရှိ ဧည့်သည့်တော် ဖြစ်လာမှာပါ။ ကျုပ်ရဲ့ ထျန်းကျီစံအိမ်ကလည်း ချွင်းချက်မဟုတ်ဘူး “
“ အဲ့လိုလား “
“ မိတ်ဆွေလေး စဥ်းစားပေးပါ ဒါပင်မဲ့ အဲ့ကိစ္စ မတိုင်ခင် အချိန်မှာတော့ နဂါးနစ်မြုပ်ခြင်း နယ်မြေဆီမှာ အခွင့်အလမ်းရှာဖို့ ကျုပ်တို့နဲအတူ အဖော်ပြုလိုက်ခဲ့ပေးဖို့အတွက် မိတ်ဆွေလေးကို ဖိတ်ခေါ်ချင်ပါတယ် “
လုချန်ရှန်းမှ တုံ့ပြန်လိုက်၏ “ ကျုပ်ကို ခင်ဗျားတို့အတွက် အလုပ်လုပ်ပေးစေချင်တာလား “
“ ဟုတ်ပါတယ် “
လင်ဖုန်းသည် ကူရာကယ်ရာမဲ့စွာဖြင့် ခေါင်းငြိမ့်ပြလာခဲ့သည်။
ထိုလူ၏ စကားပြောဆိုမှုမှာ အလွန်ပင် တိုက်ရိုက်ဆန်လွန်းနေခဲ့သည်။
“ မိတ်ဆွေလေး သဘောတူလားဗျ “
လုချန်ရှန်းက ပြန်ပြောလိုက်သည် “ ခင်ဗျားတို့က ကျုပ်ရဲ့ ကံတရားကို ငှားရမ်းပြီးတော့ စူးစမ်းလေ့လာချင်နေကြတယ်ပေါ့ ဒါပင်မဲ့ ကျုပ်ကံက သိပ်မကောင်းဘူးနော် ကျုပ်က တော်တော်လေး ကံဆိုးတယ်။ သေချာစဥ်းစားသင့်တယ် ကျုပ်ရဲ့ လုပ်အားခကလည်း မနိမ့်ဘူးနော် “
“ ဟားဟားဟား မိတ်ဆွေလေးရဲ့ စွမ်းရည်ကို လူတိုင်းက မြင်ဖူးကြပါတယ် မနောက်ပါနဲ့ကွာ “ လင်ဖုန်းမှာလည်း လုချန်ရှန်း၏ အတွင်းစိတ်ကို သိနေခဲ့ကာ စကားဆက်ပြောလာခဲ့၏ “ မိတ်ဆွေလေးရဲ့ စိတ်ထဲက ပမာဏက ဘယ်လောက်လဲ “
“ ဆယ်သန်းဆိုရင်ရော “
“ ဆယ် ………. “
ပွင့်ဟလာသော လင်ဖုန်း၏ ပါးစပ်မှာ ချက်ချင်းပြန်ပိတ်သွားခဲ့သည်။
သူသည် အနည်းငယ် အကြပ်ရိုက်သွားသော အမူအရာမျိုးဖြင့် လုချန်ရှန်းကို ငေးကြည့်နေတော့သည် သူက အဲ့လိုပမာဏမျိုးကို တကယ်ကြီး တောင်းဆိုခဲ့တယ်ပေါ့
ထို့နောက်တွင် လုချန်ရှန်းက စကားထပ်ပြောလိုက်သည် “ နောက်ဆုံးတစ်ခေါက်တုန်းက မဟာတောရိုင်း ခန်းမက ကျွန်တော့်ကို ဆယ်သန်းပေးခဲ့တယ်လေ။ ထျန်းကျီ စံအိမ်က ဝိညာဥ်ကျောက်တုံးတွေတော့ ပြတ်လပ်မနေသင့်ဘူးလေ ဟုတ်တယ်မလား “
“ မိတ်ဆွေလေးကတော့ နောက်နေပြန်ပါပြီ ဒါပင်မဲ့ ဈေးက နည်းနည်းလေးတော့ များနေတယ် “
“ ဈေးပြောလိုက်လေ ကျွန်တော်နားထောင်နေမယ် “
လင်ဖုန်းက ပြန်ပြောလိုက်သည် “ ဒီကိစ္စကို ကျုပ်ရဲ့ ဂိုဏ်းနဲ့ ဆွေးနွေးလိုက်ဦးမယ် မိတ်ဆွေလေးက နှစ်ရက်လောက် စောင့်ပေးလို့ရမလား “
“ ကောင်းပြီလေ “
လုချန်ရှန်းသည် ခေါင်းငြိမ့်ပြလိုက်ကာ သူ့ကို ပြန်လွှတ်ရန် ပြင်လိုက်သည်။
ထိုစဥ် လောင်လျူ ရောက်ရှိလာခဲ့ပြီး သူတို့သည် တစ်ဦးကိုတစ်ဦးကြည့်ကာ အကြည့်ချင်းဆုံသွားတော့၏။
၎င်းကို မြင်လိုက်ရသောအခါတွင် လင်ဖုန်းသည် မနေနိုင်တော့ဘဲ မေးမြန်းလာခဲ့သည် “ ဒီတစ်ယောက်က “
“ ကျွန်တော်ရဲ့ ညီပါ “ လုချန်ရှန်းမှ လွှတ်ခနဲ ပြောမိသွား၏။
လောင်လျူသည် တစ်ခဏခန့် မှင်သက်သွားသော်လည်း မည်သို့မျှ မငြင်းပယ်လာခဲ့ပေ။ ချင်းယီ၏ ကျော်ကြားမှုက သိပ်မကောင်းသော်လည်း ထိုလူ၏ညီအဖြစ် သတ်မှတ်ခံလိုက်ရခြင်းမှာ သူ့အတွက် အထောက်အထားတစ်ခု ရရှိလာစေခဲ့၏။
“ အရင်က သူ့အကြောင်းကို တစ်ခါမှ မကြားခဲ့ဖူးဘူး “
“ ဒါဆိုရင်လည်း တရားဝင် မိတ်ဆက်ပေးတာပေါ့ ကျုပ်ရဲ့ညီ ချင်းတထုန်ပါ “
လင်ဖုန်း၏ အမူအရာ အေးခဲတောင့်တင်းသွားတော့သည်။ ချင်းတထုန် ၎င်းသည် နားထဲစွဲကာ မှတ်ရလွယ်ကူသော အမည်တစ်ခုဖြစ်သည်။
လောင်လျူကမူ မအောင့်ထားနိုင်တော့ဘဲ အော်ဆဲလာတော့၏။
“ မင်းရဲ့ချင်းတထုန်နဲ့ ငရဲကို သွားလိုက် သူ့ရဲ့ ပေါက်ကရတွေကို နားမထောင်နဲ့။ ကျုပ်နာမည်က ချင်းဝူရွှမ်း “
“ အင်းးး …. “
လင်ဖုန်းမှ ခေါင်းငြိမ့်ပြလာခဲ့၏။
လုချန်ရှန်းက စကားဆက်ပြောနေတော့၏ “ အဘိုးကြီးလင် ဒီကိစ္စကို စဥ်းစားသင့်တယ်နော် တကယ်လို့ ကျုပ်ကို အလုပ်ခန့်မယ်ဆိုရင် ကျုပ်ညီကို အလကားပေးလိုက်မယ်။ သူ့ရဲ့ စွမ်းရည်က ထူးခြားတယ်နော် “
“ အို့။ အဲ့လိုလား “ လင်ဖုန်း အံ့အားသင့်သွားခဲ့သည်။
လောင်လျူ မတုံ့ပြန်လာနိုင်ခင် အချိန်မှာပင် လုချန်ရှန်းသည် သူ၏လက်ကို သူ့ပခုံးပေါ်တွင် တင်ကာ စကားပြောလိုက်သည် “ ညီလေး လာဦး သူ့ကိုသေချာပြလိုက် “
လောင်လျူသည် သူ့ကို စိုက်ကြည့်ရုံသာ ကြည့်လာခဲ့ပြီး လုံးဝလျစ်လျူရှုနေခဲ့သည်။
“ ဒါဆိုရင်လည်း နှစ်ရက်လောက်စောင့်ပေးဖို့အတွက် မိတ်ဆွေလေးကိုပဲ ဒုက္ခပေးရတော့မယ် “
“ ပြဿနာ မရှိပါဘူး “
လုချန်ရှန်းက ခေါင်းငြိမ့်ပြလိုက်၏။
လင်ဖုန်းထွက်သွားသည်ကို မြင်ခဲ့ရပြီးသည့်နောက်တွင် လောင်လျူသည် လုချန်ရှန်းကို ကြည့်လာခဲ့ကာ သူ့အား မည်သည့်စကားလုံးတို့ဖြင့် ဖော်ပြရမှန်းမသိ ဖြစ်သွားခဲ့သည်။ ထိုအကောင်က ပေါ့ပေါ့ပါးပါး ထုတ်ပြောလိုက်သည့် အမည်မှာ အလွန်တရာ မနှစ်မြို့ဖွယ်ကောင်းနေခဲ့၏။
သို့ရာတွင် သူသည် အပိုစကားများ ထပ်ပြောမနေဘဲ တိုက်ရိုက်မေးမြန်းလိုက်သည် “ ထျန်းကျီစံအိမ်က မင်းကို နဂါးနစ်မြုပ်ခြင်း နယ်မြေအတွက် ဖိတ်ခေါ်နေတာလား “
“ မင်းက ဘယ်လိုလုပ်သိသွားတာလဲ “
“ ခန့်မှန်းလိုက်တာလေ “
“ မင်းခန့်မှန်းတာက တော်တော်လေးကို တိကျတာပဲဟ “
လောင်လျူသည် တွေးတွေးဆဆဖြင့် ပြန်ပြောလာခဲ့သည် “ တကယ်တော့ အဲ့တာက ခန့်မှန်းလိုက်တာ မဟုတ်ဘူး။ ထျန်းကျီစံအိမ်က သိပ်မကြာခင် အချိန်ကမှ အင်အားစု အသီးသီးက ပါရမီရှင်တွေကို ဖိတ်ခေါ်လိုက်ပြီးတော့ ဖိတ်ခေါ်နေတယ်လေ။ မင်းရဲ့ အခုလက်ရှိ အောင်မြင်မှုတွေအရဆိုရင် အဖိတ်ခံရတာက ပုံမှန်ပါပဲ လွန်ခဲ့တဲ့ နှစ်ငါးရာတုန်းကလည်း သူတို့က အဲ့လိုလုပ်ခဲ့ဖူးတယ်လေ “
“ ငါ့ကို သေချာပြောပြ “ လုချန်ရှန်းသည် စိတ်ဝင်တစား ဖြစ်သွားခဲ့သည်။
လောင်လျူသည် စတင်၍ ရှင်းပြလာတော့သည် “ အဲ့အချိန်တုန်းက သူတို့က ငါ့ရဲ့ အစ်ကိုကြီးကို လာဖိတ်ကြတာလေ ဒါပင်မဲ့ နောက်ပိုင်းမှာ ဘာတွေ ဖြစ်သွားလဲဆိုတာကိုတော့ ငါမသိဘူး။ ငါ့အစ်ကိုကြီးက ကလေးတစ်ယောက်ကို သယ်လာခဲ့တယ်ဆိုတာကိုပဲ ငါသိတယ် “
“ ကလေးလား။ ဘယ်နှနှစ်လဲ “
“ တစ်လကျော်လောက်ပေါ့ “
“ အဖေဖြစ်လာတာလား “
“ မင်းက ပေါက်ကရတွေ ထပ်ပြောနေပြန်ပြီ အဲ့တာက သူ့ကလေး မဟုတ်ဘူး “ လောင်လျူမှ မျက်စောင်းထိုးလာတော့လေသည်။
လုချန်ရှန်းက ထပ်မံ၍ မေးမြန်းလိုက်သည် “ အဲ့တာဆိုရင် ဘာလဲ “
“ ငါလည်း မသိဘူး။ အဲ့ကလေးကလည်း အစအနရှာမရဘဲ ပျောက်သွားခဲ့တယ်။ အဲ့တာကြောင့် သူက ယွမ်နယ်မြေတစ်ခုလုံးကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေခဲ့ပြီးတော့ နောက်ဆုံးမှာ အထက်လောကကို ရောက်သွားခဲ့တယ်။ ငါကလည်း ရွေးချယ်စရာ မရှိတော့ဘဲ နတ်ဘုရား မြှုပ်နှံခြင်းတောင်တန်းဆီကို ထွက်ပြေးလိုက်ရတယ် “
လောင်လျူသည် ဝမ်းနည်းကြေကွဲမှုတို့ဖြင့် ပြောပြနေလျက်ရှိ၏။
လုချန်ရှန်းသည် ထိုကလေးက မည်သည့်နေရာမှ ရောက်ရှိလာလဲဆိုသည်ကို သိချင်သွားခဲ့သည်။ သူမည်မျှပင် တွေးတောစဥ်းစားနေခဲ့ပါစေ ၎င်းက ရှုပ်ထွေးကာ ဆန်းကြယ်သည့် ဇာတ်လမ်းတစ်ခု ဖြစ်ပုံရသည်။
အချိန်များ ကုန်ဆုံးသွားခဲ့ပြီး လင်ဖုန်းထပ်မံ၍ ရောက်ရှိလာခဲ့ပြန်သည်။
“မိတ်ဆွေလေး ဆယ်သန်းက တော်တော်လေးကို များလွန်းနေတယ်။ တကယ်လို့ မင်းသာ သဘောတူမယ်ဆိုရင် ငါ့ရဲ့ ထျန်းကျီစံအိမ်က မင်းကို နှစ်သန်းအရင်ပေးထားမယ် ကိစ္စပြီးသွားရင် သုံးသန်းထပ်ပေးမယ်။ ဘယ်လိုလဲ “
“ ငါးသန်းလား “
“ အမှန်ပါပဲ “
အဆိုပါ တုံ့ပြန်မှုကို ကြားလိုက်ရသောအခါတွင် လုချန်ရှန်းသည် တွေဝေတုံ့ဆိုင်းမနေဘဲ ချက်ချင်းသဘောတူလိုက်သည်။ ငါးသန်းက မွေးရာပါ ဝိညာဥ်အဆင့်၆သို့ အဆင့်တက်မည့် သူ့ကိစ္စကို အောင်မြင်သွားစေမည် ဖြစ်သည်။
နောင်အနာဂတ်တွင် ဖြစ်ပေါ်လာမည့် ကိစ္စများကို နောက်မှ ဖြေရှင်းမည် ဖြစ်သည်။
--
…………………………………………………………………………………………………………………………..