အခန်း ၁၇၀
Vol. 12 Ch. 170
အပိုင်း ( 170 )
မွေးရာပါ ဝိညာဥ်နယ်ပယ်က လူနည်းနည်းလောက်ကို စိန်ခေါ်ရတာက ပြဿနာ မဟုတ်ပါဘူး
လုချန်ရှန်းသည် သူ၏ဝိညာဥ်ကို ဝိညာဥ်ကျောက်တုံး ငါးသန်းအတွက် ရောင်းချလိုက်ကာ လင်ဖုန်းနှင့် အလွယ်တကူ သဘောတူလိုက်သည်။
သူသည် လောင်လျူကိုပင် အခမဲ့လက်ဆောင်အဖြစ် ထည့်သွင်းပေးခဲ့သည်။
လောင်လျူက အတော်လေး ပြဿနာများပြီး မီးဖိုထဲတွင် မနေချင်ဘဲ သူ့နောက်သို့ အမြဲလိုက်ချင်နေသောကြောင့် သူသည် ထိုလူ့ကို အလကား ပေးလိုက်ရုံသာ တတ်နိုင်တော့၏။
ထို့အပြင် ထျန်းကျီစံအိမ်ကို ငွေကောင်းကောင်း သုံးလိုက်ရသည်ဟု ခံစားသွားစေရန်အလို့ငှာ သူသည် သူ၏ကျင့်ကြံရေးကိုပင် အူတိုင်ဖွဲ့စည်းခြင်း အဆင့်၆အထိ မြှင့်တင်လိုက်၏။
သူသည် ထျန်းကျီစံအိမ်နှင့် သဘောတူညီချက်တစ်ခု ပြုလုပ်ခဲ့ပြီး ၎င်းအရ သူတို့က သူ့ကို ကာကွယ်ပေးကာ သူ၏ ရန်သူများက ပြဿနာလာရှာခြင်းမှလည်း တားဆီးပေးရမည် ဖြစ်သည်။
ထို့ကြောင့် လုချန်ရှန်းသည် ထျန်းကျီစံအိမ်၏ ဌာနခွဲဆီသို့ လင်ဖုန်းအနောက်မှ လိုက်သွားတော့သည်။
လမ်းတစ်လျှာက်တွင် သူ၏စိတ်အခြေအနေ ကောင်းမွန်နေခဲ့သည် လေလံပွဲက ကျရှုံးမှုတစ်ခု ဖြစ်သွားခဲ့သော်လည်း အဆိုပါ ဝိညာဥ်ကျောက်တုံးများနှင့်ဆိုပါက အဆင့်၆ အိမ်မက်တစ်ခုသာ ဖြစ်နေတော့မည် မဟုတ်ပေ ကိစ္စပြီးဆုံးသွားသည့်နောက်တွင် သူသည် ရှောင်ဟေးကို သွားရှာမည် ဖြစ်သည်။
အဆင့်၇အတွက်လည်း အာမခံချက် ရှိနေပြီးသား ဖြစ်၏။
အဆင့်၈နှင့် ၉အတွက်ကမူ ကံတရားအပေါ်တွင်သာ မူတည်တော့သည်။
လောင်လျူထံတွင်လည်း မည်သည့် စိုးရိမ်ပူပန်မှုမှ ရှိမနေခဲ့ပေ သူက နဂါးနစ်မြုပ်ခြင်း နယ်မြေအကြောင်းကို အတော်လေး သိချင်နေလျက်ရှိသော်လည်း သူ၏အသက်အရွယ်အရ သူ၏ကံတရားက အဆိုပါ လူငယ်မျိုးဆက်များနှင့် မည်သို့မျှ ယှဥ်နိုင်လိမ့်မည် မဟုတ်ပေ။
သို့ရာတွင် ၎င်းသည် သူအပျော်ဝင်ရှာခြင်းကို မတားဆီးနိုင်ခဲ့ပေ။
လုချန်ရှန်းနောက်သို့ လိုက်ခြင်းအားဖြင့် သူသည် အကျိုးအမြတ်တစ်ချို့ပင် ရရှိနိုင်ပေသည်။
သူတို့၏ မျက်လုံးများ အရှေ့မှာပင် ကြီးမားသော စံအိမ်တစ်လုံး ပေါ်ထွက်လာခဲ့ပြီး အတွင်းသို့ ရောက်ရှိသွားသည်နှင့်တစ်ပြိုင်နက် ကြွယ်ဝသော ဝိညာဥ်ချီများ တိုးဝှေ့လာသည်ကို ချက်ချင်းခံစားလိုက်ရသည်။
အူတိုင်ဖွဲ့စည်းခြင်းမှ မွေးရာပါ ဝိညာဥ်နယ်ပယ်အထိ ပညာရှင်အများအပြား ရှိနေခဲ့ပြီး ရေတွက်၍ မရလောက်သည်အထိ များပြားနေခဲ့၏။
လှပကျော့ရှင်းသော ပုံရိပ်တစ်ခုက သူတို့ကို လာရောက်နှုတ်ဆက်ခဲ့လေသည် ၎င်းက စုမူယွဲ့ပင် ဖြစ်၏။
" မိတ်ဆွေလေး ဒါက ကျုပ်တို့ ထျန်းကျီစံအိမ်ရဲ့ ....... "
" နတ်ဘုရားမ စုမူယွဲ့လေ ကျွန်တော်သိပါတယ် "
လုချန်ရှန်းက လင်ဖုန်း၏ စကားကို ကြားဖြတ်ဝင်ပြောလိုက်သည်။
လောင်လျူမှာလည်း ခေါင်းတငြိမ့်ငြိမ့် ဖြစ်သွားတော့၏ သူသည် ထိုကိစ္စကို ရှင်းရှင်းလင်းလင်း သိနေခဲ့သည်။
သူသည် လုချန်ရှန်းက သူမကို မည်ကဲ့သို့ ရက်ရက်စက်စက် ဖိနှိပ်ခဲ့လဲဆိုသည်ကို လူကိုယ်တိုင် မြင်တွေ့ခဲ့ရ၏ ထိုမြင်ကွင်းက ကြည့်ရှုသူတိုင်းကို မခံမရပ်နိုင် ဖြစ်သွားစေမည် ဖြစ်သည်။
သို့ရာတွင် စုမူယွဲ့ကမူ လုချန်ရှန်းကို မြင်လိုက်ရသောအခါတွင် တွန့်ဆုတ်ဆွန့်ဆုတ် ဖြစ်သွားခဲ့သည် သူမက သူ့ကို တစ်ကြိမ်တစ်ခါမှ မတွေ့ခဲ့ဖူးသော်လည်း သူမသည် စကားလုံးတို့ဖြင့် ရှင်းပြ၍ မရသော ရင်းနှီးမှု ခံစားချက်တစ်ခုကို ခံစားနေခဲ့ရသည်။
မည်သို့ပင်ဆိုစေကာမူ သူမသည် အပြုံးဖြင့် စကားပြောလာခဲ့သည် “ ချင်းယီ ကျွန်မက ရှင့်အကြောင်းတွေကို အများကြီး ကြားခဲ့ဖူးပါတယ် “
“ နတ်ဘုရားမ ခင်ဗျားက ကြင်နာလွန်းနေပါပြီဗျာ ခင်ဗျားကတော့ အရင်ကအတိုင်း လှနေတုန်းပဲ “ ဟူ လုချန်ရှန်းက တုံ့ပြန်လိုက်၏။
စုမူယွဲ့သည် အနည်းငယ် အံ့အားသင့်သွားခဲ့သည် “ အစ်ကိုချင်းယီက ကျွန်မကို မြင်ဖူးတာလား “
“ ဒါပေါ့ “
“ ဘယ်တုန်းကလဲ “
“ အမ် …. “ လုချန်ရှန်းသည် တွေးတွေးဆဆဖြင့် ပြန်ပြောလိုက်သည် “ မကြာသေးခင်ကမှပါ ဒါပင်မဲ့ ခင်ဗျားကတော့ ကျွန်တော့်ကို သတိမထားမိခဲ့ဘူး ကျွန်တော်က ခင်ဗျားကို အချိန်အတော်ကြာ စောင့်ကြည့်နေခဲ့တာ “
“ အင်းးး “
လောင်လျူသည် ခေါင်းတငြိမ့်ငြိမ့် ဖြစ်နေတော့သည် သူက ၎င်းကို အတည်ပြုပေးနိုင်ပေသည်။ သို့သော် လုချန်ရှန်းက သူမ၏အလှကြောင့် အဆွဲဆောင်ခံလိုက်ရခြင်း(သို့) သူမနှင့် နီးစပ်ရန် ကြိုးပမ်းခဲ့ခြင်း မဟုတ်ပေ။ ထိုအကောင်က သူမကို အချိန်အတော်ကြာ စောင့်ကြည့်၍ ဖိနှိပ်လိုက်ခြင်းသာ ဖြစ်ပေ၏ ထို့ကြောင့် သူမက သူ့ကို သတိမပြုမိဘူးဆိုသည်မှာ ပုံမှန်သာလျှင် ဖြစ်ပေသည်။
စုမူယွဲ့သည် အပြုံးဖြင့် စကားထပ်ပြောလာခဲ့၏ “ ကျွန်မက အမြင်ကန်းသွားခဲ့တာပါ အစ်ကိုချင်းယီလို လူတွေကြားက နဂါးတစ်ကောင်ကို သတိမပြုမိခဲ့ဘူး “
“ ခင်ဗျားက ကြင်နာလွန်းနေပါပြီဗျာ “
သူတို့နှစ်ဦးသည် စကားပြောဆိုနေရင်းဖြင့် စံအိမ်အတွင်းသို့ ဝင်သွားတော့၏။
စုမူယွဲ့သည် လုချန်ရှန်းနှင့် မိတ်ဖွဲ့ရန် အလွန်တရာ လိုလားနေခဲ့သည်။
အူတိုင်ဖွဲ့စည်းခြင်း အဆင့်၆သို့ ရောက်ရှိနေကာ ဓားနှလုံးသား သန့်စင်မှုကို ပိုင်ဆိုင်ထားသည့် လူငယ်တစ်ဦးထံတွင် ကြီးမားသော အလားအလာရှိပေသည် သူသည် နောင်တစ်ချိန်တွင် ထိပ်သီးပညာရှင်တစ်ဦး ဖြစ်လာနိုင်ပေသည်။
လမ်းတစ်လျှောက်တွင် သူသည် လူတော်တော်များများကို မြင်တွေ့ခဲ့ရသည်။ ပထမဦးဆုံးအနေဖြင့် ရှောင်ရွှမ်းဖြစ်ပြီး သူသည် ယခင်ကကဲ့သို့ပင် မောက်မာနေစဲဖြစ်ပြီး သူ၏ကျိန်စာမှာလည်း အံ့ဖွယ်ကောင်းလောက်အောင် ပျောက်ကွယ်နေခဲ့သည်။
ထို့နောက်တွင် လူသည် ရင်းနှီးသော မျက်နှာများကို မြင်တွေ့လာခဲ့ရသည်။
ကောင်းကင်တံခါးဂိုဏ်း၏ ပိုင်နန် နတ်ဘုရား သန့်စင်ခြင်း နန်းတော်၏ ချူချန်ခုန်းနှင့် မိုးကြိုးငှက်မျိုးနွယ်စု၏ ရှန်လင်း ထိုလူများသည် အကယ်ခံခဲ့ရပြီးသည့်နောက်တွင် ထျန်းကျီစံအိမ်နှင့် ပူးပေါင်းလာခဲ့ကြသည်။
ပိုင်နန်မှတစ်ပါး ချူချန်ခုန်းနှင့် ရှန်လင်းတို့ နှစ်ဦးစလုံးသည် ရန်လိုနေသော အကြည့်များဖြင့် သူ့ကို စိုက်ကြည့်လာကြသည်။
လုချန်ရှန်းသည် သူတို့က စကားစပြောလာမည်ကိုပင် စောင့်ဆိုင်းမနေဘဲ တိုက်ရိုက်အော်ငေါက်နေတော့၏ “ မင်းတို့က ဘာကြည့်နေတာလဲ ”
“ ချင်းယီ မင်းက ဘယ်လိုလုပ်ပြီးတော့ ဒီလောက်တောင် မောက်မာနေရဲရတာလဲ “ ချူချန်ခုန်းက ဒေါသတကြီး တုံ့ပြန်လာခဲ့၏။
လုချန်ရှန်းမှ ပြန်ပြောလိုက်သည် “ အရှုံးသမားနဲ့ မျက်နှာချင်းဆိုင်နေရတာကို ငါက မောက်မာလို့ မရဘူးလား “
“ မင်း …… “
ချူချန်ခုန်းသည် အံတကြိတ်ကြိတ် ဖြစ်သွားတော့သည်။
“ မယုံဘူးလား “ လုချန်ရှန်း မျက်မှောင်ကြုတ်သွားခဲ့၏။
ချူချန်ခုန်းမှ ပြန်ပြောလာခဲ့သည် “ အဲ့တာက ယွမ်နယ်မြေထဲမှာ မဟုတ်ဘူးလား မင်းကို ဘယ်သူကမှ မထိန်းချုပ်နိုင်ဘူးလို့ တကယ်ထင်နေတာလား “
“ မင်းက မွေးရာပါ ဝိညာဥ်နယ်ပယ်က ပါပိပါချက်လေးပါပဲလေ တကယ်လို့ မင်းမယုံဘူးဆိုရင် လာတိုက်လိုက်။ ဂုဏ်သိက္ခာရှိတဲ့ အူတိုင်ဖွဲ့စည်းခြင်း အဆင့်၆ ပညာရှင် ငါက မင်းကို ရိုက်မသတ်နိုင်ဘူးလား “
“ မင်းပဲလား “ ချူချန်ခုန်း၏ ဒေါသများ မြင့်တက်လာတော့၏။
လုချန်ရှန်းသည် အပြုံးဖြင့် ပြန်ပြောလိုက်သည် “ မင်းရဲ့အဖေကိုတောင် နေရာအနှံ့ ငါလိုက်ဖမ်းခဲ့တာလေ။ ငါမလုပ်နိုင်ဘူးလို့ မင်းထင်နေတာလား “
ထိုစကားတစ်ခွန်းသည် လူတိုင်းကို ကြောင်အသွားစေခဲ့သည် ဒီလူက အနာကို ဆားသိပ်ပြီးတော့ လူကို ဘယ်လိုဆွပေးရမလဲဆိုတာကို တကယ်သိတာပဲဟ
သူ့ကြောင့်ပင် ယခုလလက်ရှိ အချိန်၌ လူတော်တော်များများသည် ချူချန်ခုန်းက ချူလျူရှန်း၏ တရားမဝင်သားဖြစ်သည်ဟု ယုံကြည်နေကြပြီဖြစ်ပြီး လူတိုင်းက အဆိုပါ ကိစ္စကို ငြင်းခုန်ဆွေးနွေးနေကြသေးသည်။
ရှန်လင်းကမူ အေးစက်စွာ နှာခေါင်းရှုံ့နေခဲ့သော်လည်း စကားပြောရန် အခွင့်အရေး မရခဲ့ပေ။
လုချန်ရှန်းက ထပ်မံ၍ ရန်စနေတော့၏ “ မင်းက ဘာကိုနှာခေါင်းရှုံ့နေရတာလဲ။ မင်းကရော သူ့ထပ်ပိုတော်တယ်လို့ ထင်နေတာလား။ အတော်လေးကို ဂုဏ်ယူဝင့်ကြွားနေတုန်းလား “
ထိုစကားသည် လူတိုင်းကို မှင်သက်သွားစေခဲ့ပြန်သည် လူတစ်ချို့သည် မထိန်းထားနိုင်တော့ဘဲ အော်ရယ်နေကြတော့သည် ထိုစဥ် ချူချန်ခုန်းနှင့် ရှန်လင်းတို့၏ အမူအရာများမှာ အတော်လေး မည်းမှောင်နေခဲ့ပြီ ဖြစ်သည်။
ထျန်းကျီစံအိမ်၏ တားဆီးမှုကြောင့် သူတို့သည် သည်းခံမျိုသိပ်ထားရုံသာ တတ်နိုင်ကြသည် သို့သော် သူတို့သည် လုချန်ရှန်းကို အမှန်တကယ် ကြောက်လန့်နေခဲ့၏။
ရှောင်ရွှမ်းသည် လုချန်ရှန်းကို ငေးကြည့်နေခဲ့ပြီး ဘာစကားမှ မပြောလာခဲ့ပေ သို့သော် သူ၏မျက်လုံးများအတွင်းတွင် ရှိနေသည့် မာနတရားကမူ မည်သို့မျှ မပျောက်ကွယ်သွားခဲ့ပေ။
တစ်ခြားသော လူများပါ ရှိနေခဲ့ပြီး သူတို့သည် တိတ်တဆိတ် ပြုံးနေကာ လုချန်ရှန်းကို စူးစမ်းလေ့လာနေလျက်ရှိ၏။
ချင်းယီ၏ နာမည်ကျော်မှုက လွန်စွာကြီးမားလွန်းနေခဲ့သည် တောင်ပိုင်းဒေသတစ်ခုလုံး သက်ပြင်းတချချ ဖြစ်နေခဲ့ပြီး သူ့အား ပါရမီရှင်တစ်ဦးအဖြစ် အသိအမှတ်ပြုထားခဲ့သည် သို့သော် သူသွားလေရာ နေရာတိုင်းတွင် ပြဿနာကြီးများ ပေါ်ပေါက်လာကာ ရုတ်ရုတ်သဲသဲ ဖြစ်လေ့ရှိ၏။
အမှန်တိုင်းပြောရမည်ဆိုပါက သူ၏ ကျင့်ကြံရေးက အံ့ဖွယ်အကောင်းဆုံး အရာမဟုတ်ပေ သို့သော် သူ၏ ဓားနှလုံးသား သန့်စင်မှုကို လူတော်တော်များက မော်ကြည့်နေခဲ့ရသည်။
စုမူယွဲ့ ခေါင်းကိုက်သွားတော့သည် တင်းမာမှုကို ပြေလျော့သွားစေရန်အတွက် သူမသည် လုချန်ရှန်းကို သူတို့၏ နေအိမ်များဆီသို့ ခေါ်သွားတော့သည်။
ခြံဝန်းငယ်တစ်ခုဆီသို့ ရောက်လာခဲ့ပြီးသည့်နောက်တွင် ပတ်ဝန်းကျင်တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။
ချင်းယီကို ဗဟိုပြု၍ သက်ဝင်လှုပ်ရှားသော ဆွေးနွေးပြောဆိုမှုများ ပေါက်ထွက်လာခဲ့၏။
၎င်းသာလျှင် မဟုတ်ဘဲ ချင်းယီက ထျန်းကျီစံအိမ်သို့ ဝင်ရောက်လာသည့် သတင်းက လျင်မြန်စွာ ပျံ့နှံ့သွားပြီး မဟာတောရိုင်း ခန်းမမှာလည်း ထိုသတင်းကို ရရှိသွားခဲ့သည်။
သူတို့၏ လူတစ်ချို့သည် ချင်းယီက ထျန်းကျီစံအိမ်အတွင်းသို့ ဝင်သွားသည်ကို လူကိုယ်တိုင် မြင်တွေ့ခဲ့ရသည်။
အစတွင် သူတို့သည် သူ့ကို စုဆောင်းရန် ကြိုးပမ်းခဲ့ကြသည် သို့သော် သူတို့သည် တစ်ဖက်လူက ဆန့်ကျင်ဘက် အင်အားစုနှင့် ပူးပေါင်းသွားသည်ကိုသာ စောင့်ကြည့်နေခဲ့ရသည်။
နဂါးနစ်မြုပ်ခြင်း နယ်မြေကြောင့် အင်အားစုအားလုံး လှုပ်လှုပ်ရွရွ ဖြစ်နေခဲ့သည်။ အစစ်အမှန် နဂါးသွေးကြောက ထိုနေရာတွင် ရှိပြီး ၎င်းက အစပိုင်းတွင် အစစ်အမှန် နဂါးတစ်ကောင်အဖြစ် အသွင်ပြောင်းသွားတော့ဖြစ်သော်လည်း ကောင်းကင်နှင့်မြေပြင်၏ ကန့်သတ်ချက်များကြောင့် ထိုနေရာတွင် ၎င်းကိုယ်တိုင် နစ်မြုပ်နေကာ ငြိမ်သက်သွားခဲ့သည်ဟု ကောလဟာလများ ထွက်နေခဲ့သည်။
အကယ်၍ လူတစ်ဦးက ကောင်းကင်နှင့်မြေပြင်တို့ဖြင့် ဖွဲ့စည်းထားသည့် အဆိုပါ နဂါးသွေးကြောကို ရရှိသွားမည်ဆိုပါက အဆုံးမဲ့ ကံကောင်းခြင်းကို ပိုင်ဆိုင်မည် ဖြစ်ပြီး အင်မော်တယ် မြင့်မြတ်နယ်မြေကို တည်ထောက်ကာ လောကကို အုပ်စိုးနိုင်လိမ့်မည်ဟုပင် ကောလဟာလများ ရှိနေခဲ့၏။
လူတိုင်းက ၎င်းကို လိုချင်တပ်မက်ကြသည်။
သို့ရာတွင် လုချန်ရှန်းကမူ လုံးဝကွဲပြားနေခဲ့သည် သူသည် ဝိညာဥ်ကျောက်တုံးများကိုသာ ဂရုစိုက်ပေသည်။ သူပြောခဲ့ဖူးသည့် အတိုင်းပင် ငွေသာ လုံလောက်နေသရွေ့ သူသည် သူ၏ဝိညာဥ်ကိုပင် ရောင်းချနိုင်ပေသည်။
တစ်ချိန်တည်းမှာပင် စံအိမ်အတွင်းရှိ ခြံဝန်းငယ်တစ်ခု၏ အပြင်ဘက်တွင် လူငယ်တစ်ဦးသည် လုချန်ရှန်းတို့ရှိရာဘက်သို့ ငေးကြည့်ကာ တိတ်တဆိတ် မတ်တပ်ရပ်နေလျက်ရှိ၏။
သူသည် အသက်နှစ်ဆယ့်နှစ်(သို့) နှစ်ဆယ့်သုံးအရွယ် ဖြစ်ပုံရပြီး ပိန်းပါးသော မျက်နှာနှင့် နာမကျန်းဖြစ်နေသည့်အလား ဖြူဖျော့သော အသားအရည်ကို ပိုင်ဆိုင်ထားခဲ့သည် သို့သော် သူ၏မျက်လုံးများကမူ ချောက်နက်အလား နက်မှောင်နေလျက်ရှိပြီး လူများကို အကြည့်ချင်း မဆုံရဲအောင် ပြုလုပ်နေခဲ့၏။
“ သူက ချင်းယီလား “ လူငယ်က မေးမြန်းလာခဲ့သည်။
သူ့ဘေးနားတွင် ရှိနေသည့် အဘိုးအိုတစ်ဦးမှ ပြန်ဖြေလာခဲ့၏ “ ဟုတ်ပါတယ် နတ်သားတော် “
“ သူ့ရဲ့ အချက်အလက်တွေကို ထပ်ကြည့်မယ် “
ထိုစကားကို ကြားလိုက်ရသောအခါတွင် အဘိုးအိုသည် ချင်းယီ၏ အသွင်အပြင် သူဘယ်သွားလဲ သူဘာလုပ်လဲနှင့် သူဘာတွေပြောခဲ့လဲ စသည်ဖြင့် သူနှင့်ပတ်သက်သည့် အရာရာတိုင်းကို မှတ်တမ်းတင်ထားသည့် ဝါးစာလိပ်တစ်ခုကို ကမ်းပေးလာခဲ့၏ ၎င်းတွင် သူပြောခဲ့သည့် စကားများကိုပင် တစ်လုံးချင်းစီ အတိအကျ မှတ်သားခဲ့သည်။
“ သူက တကယ်ကို ထူးခြားတဲ့ လူတစ်ယောက်ပဲ “
လူငယ်သည် သက်ပြင်းတချချ ဖြစ်သွားခဲ့သည်။
အဘိုးအိုက စကားထပ်ပြောလာခဲ့၏ “ ဒီအဘိုးကြီးက နတ်သားတော်အတွက် အဲ့ဒီအနက်ရောင်ဝတ်စုံကို သွားယူပေးရမလား “
လူငယ်သည် ခေါင်းခါပြလာခဲ့ပြီး အချိန်အတော်ကြာ တွေးတောစဥ်းစားနေခဲ့ပြီးသည့်နောက်မှ ဖြည်းဖြည်းချင်း ပြန်ပြောလာခဲ့၏ “ သူ့ကို စုမူယွဲ့က ဖိတ်ခေါ်ခဲ့တာလေ ဟုတ်တယ်မလား “
“ ဟုတ်ပါတယ် “
“ မလောပါနဲ့ ထပ်ပြီးတော့ စောင့်ကြည့်ကြတာပေါ့ “
လူငယ်သည် ထိုစကားကို ပြောကာ လှည့်ထွက်သွားတော့သည်။
--
……………………………………………………………………………………………………………………………….