အခန်း ၁၇၁
Vol. 12 Ch. 171
အပိုင်း ( 171 )
ကံကြမ္မာကျောက်တုံး
အချိန်များ ပျံသန်းသွားကာ မျက်စိတစ်မှိတ်အတွင်းမှာပင် လဝက်တာ ကုန်ဆုံးသွားခဲ့သည်။
လုချန်ရှန်းသည် ထိုနေရာတွင် အေးအေးလူလူ လှဲလျောင်းကာ အနည်းငယ်မျှ ကျင့်ကြံခြင်းသော်လည်းကောင်း ဓားတာအိုနှင့် မိုးကြိုးနည်းစနစ်များကို နားလည်ဆင်ခြင်ခြင်းသော်လည်းကောင်း တိတ်တဆိတ် ပြုလုပ်နေခဲ့ပြီး သူအမှန်တကယ် ပျင်းရိလာသည့် အချိန်တိုင်းတွင် လမ်းလျှောက်ထွက်ကာ အစားပတ်စားနေလေ့ရှိသည်။
တစ်စုံတစ်ဦးက သူအပြင်ထွက်သည့် အချိန်တိုင်းတွင် သူ့နောက်သို့ တိတ်တဆိတ် လိုက်လာလေ့ရှိသော်လည်း ၎င်းသည် ထျန်းကျီစံအိမ်မှ လူများသာ ဖြစ်နေခဲ့၏။
သူတို့သည် သူထွက်ပြေးသွားမည်ကို စိုးရိမ်ကာ တစ်စုံတစ်ဦးက သူ့အား တိတ်တဆိတ် တိုက်ခိုက်မည်ကို ပူပန်နေခဲ့ကြသည်။
သူအပြင်ထွက်တိုင်း ကိုယ်ရံတော်များပါသွားခြင်းသည် သူပြဿနာတက်ခြင်းမှ ကာကွယ်တားဆီးနိုင်ပေသည်။
ထျန်းရီ မြင့်မြတ်နယ်မြေ၏ အစွမ်းထက် ပညာရှင်များကပင် သူ့ကို လိုက်ပါစောင့်ရှောက်နေကြသည်။
ဤအခိုက်အတန့်တွင် သူတို့သည် စားသောက်ဆိုင်တစ်ခုဆီသို့ ရောက်ရှိလာခဲ့ပြီး မျက်နှာချင်းဆိုင်ထိုင်ကာ ဘီယာသောက်ကြနေတော့၏ လုချန်ရှန်းကမူ အလွန်အားရကျေနပ်နေလျက်ရှိပြီး လောင်လျူ၏ စိတ်အခြေအနေကမူ သူ့ထပ်ပင် ပိုမိုကောင်းမွန်းနေလျက်ရှိ၏။
“ ကမ္ဘာကြီးရဲ့ ပြောင်းလဲမှုတွေနဲ့အတူ နှစ်ငါးရာကြာခဲ့ပြီးတဲ့နောက်မှာ သူတို့တွေက ငါ့ကိုယ်ရံတော်တွေ ဖြစ်လာလိမ့်မယ်လို့ ဘယ်သူကထင်ထားမိမှာလဲ “
“ သူတို့က ဘယ်သူလဲ “ လုချန်ရှန်းက ဇဝေဇဝါဖြင့် မေးမြန်းလာခဲ့၏။
လောင်လျူသည် တဟားဟား ရယ်မောနေတော့သည် “ ဒီကာလအတွင်းမှာ မင်းမြင်ခဲ့ဖူးသမျှ အင်အားစုတိုင်းက အဲ့အချိန်တုန်းက ငါ့ရန်သူတွေချည်းပဲ။ ကံကြမ္မာတစ်ပတ်ပြန်လည်ပြီးတော့ သူတို့က ငါ့ကို ကာကွယ်ပေးနေရလိမ့်မယ်လို့ ငါလုံးဝမထင်ထားခဲ့မိဘူး။ ဘယ်လောက်တောင် ကောင်းလိုက်လဲ “
“ မင်းဆီမှာ ရန်သူတွေ အများကြီးရှိတာပဲ “
“ စိတ်မပူပါနဲ့ မင်းက ငယ်ပါသေးတယ်။ တကယ်လို့ ဒီနှုန်းအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် မင်းရဲ့ ရန်သူတွေကလည်း ငါ့ထပ်နည်းနေမှာ မဟုတ်ဘူး “
“ မင်းနဲ့ငါက မတူဘူးကွ ငါ့ဆီမှာ ကျောထောက်နောက်ခံရှိတယ် “ လုချန်ရှန်းက ချေပလိုက်သည်။
လောင်လျူမှ တုံ့ပြန်လာခဲ့၏ “ မင်းလုပ်ခဲ့တဲ့ ကိစ္စတွေ ပေါ်သွားတာနဲ့ ကျောထောက်နောက်ခံ မပြောနဲ့ မြင့်မြတ်နယ်မြေတစ်ခုကတောင် မင်းကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး “
“ အဲ့တာက မှန်ချင်မှမှန်မှာလေ “
“ ဟက် “
လောင်လျူသည် လူငယ်များက ကမ္ဘာကြီး၏ အန္တရာယ်များကို မသိကြဘဲ လောကအတွင်းတွင် ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုများ မည်မျှ ရှိနေမလဲဆိုသည်ကို သတိမပြုမိဘူးဟု ခံစားသွားရကာ ရယ်မောနေတော့၏။
မကြာခင် အချိန်မှာပင် ထျန်းကျီစံအိမ်က ထွက်ခွာမည့် အချိန်ကို အတည်ပြုလာခဲ့သည်။
ကောင်းကင်ယံတွင် စစ်သဘော်တစ်စင်းပေါ်လာခဲ့ပြီး ပုံရိပ်အများအပြားသည် လေထုအတွင်းသို့ ခုန်တက်သွားကာ စစ်သဘော်ပေါ်တွင် မတ်တပ်ရပ်နေကြပြီး တောင်ပိုင်းဒေသ၏ အရှေ့ဘက်အစွန်းသို့ ဦးတည်နေကြတော့၏။
အစတွင် နဂါးနစ်မြုပ်ခြင်း နယ်မြေက တောင်ပိုင်းဒေသနှင့်သာ သက်ဆိုင်နေခဲ့သည်။ သဘောတူညီချက်အရ တစ်ခြားသော ဒေသသုံးခုမှ အင်အားစုများကို ဝင်ခွင့်မပြုပေ အထူးသဖြင့် ထျန်းရီ မြင့်မြတ်နယ်မြေဖြစ်သည်။
သို့သော် ဤတစ်ကြိမ်တွင်မူ တစ်ချို့သော အကြောင်းအရင်းများကြောင့် ထျန်းရီ မြင့်မြတ်နယ်မြေကိုပါ ဝင်ခွင့်ပြုခဲ့၏။
မဟာတောရိုင်း ခန်းမက သူတို့ကို မတားဆီးလာခဲ့သည်မှာ မထင်မှတ်ထားသော ကိစ္စတစ်ရပ်ဖြစ်သည် အဆိုပါ မြင့်မြတ်နယ်မြေများသည် အမြဲလိုလို သဘောထားကွဲလွဲနေကြသော်လည်း တိတ်တဆိတ် သဘောတူထားကြပုံရသည်။
အမျိုးမျိုးသော အင်အားစုများနှင့် ပညာရှင်အများအပြား ဤနေရာတွင် စုစည်းနေကြသည်။
ဤတစ်ကြိမ်တွင် တောင်ပိုင်းဒေ၏ ပါရမီရှင် ၈၀%နီးပါး စုဝေးနေလျက်ရှိ၏။
ပါရမီရှင်များနှင့်အတူ ကံကောင်းခြင်းများ လိုက်ပါလာလေ့ရှိပြီး ၎င်းက သူတို့ကို အတွင်းပိုင်းသို့ ပိုမိုရောက်ရှိသွားစေမည် ဖြစ်သည်။ တစ်ခြားလူများကမူ လုံးဝတားမြစ်ထားခြင်းမရှိသော်လည်း သူတို့သည် ကိစ္စတော်တော်များများကို သတိမပြုမိကြပေ။
" ကံကောင်းခြင်းလို့ ခေါ်တဲ့ဟာကြီးက အသိပညာနဲ့ ဆိုင်ဖို့များသလိုပဲ။ ဘာလို့ လူငယ်မျိုးဆက်တွေဆီမှာပဲ ရှိရတာလဲ။ သက်ကြီးပိုင်း မျိုးဆက်တွေမှာရော မရှိဘူးလား "
လုချန်ရှန်းသည် ဇဝေဇဝါ ဖြစ်နေလျက်ရှိသည် သူတို့ကလည်း သူတို့ရဲ့ လူငယ်ဘဝမှာ ပါရမီရှင်တွေ ဖြစ်ခဲ့တာပဲလေ။
လောင်လျူက ပြောပြလာခဲ့သည် " သက်ရှိသတ္တဝါတိုင်းက ကံကောင်းခြင်းနဲ့အတူ မွေးလာကြတာချည်းပဲ အဲ့တာက ခွန်အားရဲ့ တစ်စိတ်တစ်ပိုင်းပဲ။ အံ့ဖွယ်ကောင်းတဲ့ စွမ်းရည်တွေနဲ့ လူတွေက ပိုပြီးတော့ သိပ်သည်းတဲ့ ကံကောင်းခြင်းကို အမြဲလိုလို ပိုင်ဆိုင်ထားကြတယ်။ မင်းပြောတဲ့ လူအိုကြီးတွေကတော့ အသက်စွမ်းအား လျော့နေကြပြီလေ။ ငါမင်းက ဘယ်လိုရှင်းပြရမလဲ မသိဘူး အဲ့တာက အဲ့အချိန်တုန်းက ငါ့အစ်ကိုကြီး ပြောခဲ့တဲ့ စကားတွေပဲ "
" တော်တော်ကြီးကို ရှုပ်ထွေးတာပဲ "
လုချန်ရှန်းသည် စကားပြောနေရင်းဖြင့် ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်သည့် ကံတရားမျိုး ပိုင်ဆိုင်ထားသော သူကိုယ်ပိုင် ရုပ်ခန္ဓာအကြောင်းကို တွေးတောစဥ်းစားနေတော့၏ သို့သော် ၎င်းနှင့်အတူ ကံဆိုးမှုပါ ပါဝင်နေလျက်ရှိ၏။ အဆိုပါ ကံဆိုးမှုကြောင့်သာလျှင် ကပ်ဘေးများနှင့် ရင်ဆိုင်ရခြင်း ဖြစ်နိုင်ပေသည်။
" ကံဆိုးတာကို ကြိုက်တဲ့လူရှိလားဆိုတာကို ငါသိချင်မိတယ် "
ထိုစကားကို ကြားလိုက်ရသောအခါတွင် လောင်လျူ ဆွံ့အသွားတော့သည်။ ဘယ်ကောင်က ကံဆိုးတာကို ကြိုက်ရလောက်တဲ့အထိ အပျင်းထူနေမှာတုန်း။ ဘယ်လိုငမိုက်သားမျိုးက ကံဆိုးတာကို ကြိုက်မှာလဲဟ။
အချိန်အတိုင်းအတာတစ်ခုအထိ ကြာခဲ့ပြီးသည့်နောက်တွင် စစ်သဘော်သည် ဟင်းလင်းပြင်ကို ကျော်ဖြတ်ကာ ပင်လယ်ပြင် ဧရိယာအတွင်းသို့ ရောက်ရှိလာခဲ့၏။
အပြင်ကို မျှော်ကြည့်လိုက်မည်ဆိုပါက လှိုလှုပ်ရှားမြင့်တက်နေသော လှိုင်းလုံးများနှင့် ကောင်းကင်မှ အလင်းတန်းတို့၏ ခုန်ဆင်းလာမှုကြောင့် တလက်လက် တောက်ပနေသည့် မျက်နှာပြင်ကို ပိုင်ဆိုင်ထားသော ကြီးမားကျယ်ပြန့်သည့် အပြာရောင် ပင်လယ်ကို မြင်တွေ့ရမည် ဖြစ်၏။
မျက်စိတစ်ဆုံးမြင်နိုင်သမျှတွင် ပင်လယ်ပြင်နှင့် ကောင်းကင်ပြင်သည် တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားပြီး အားလုံး၏ စိတ်ထဲတွင် နက်ရှိုင်းသော စိတ်ခံစားချက်တစ်ခုကို ပေါက်ဖွားလာစေခဲ့၏။
ဤတစ်ကြိမ်ရောက်ရှိလာသူမှာ ဤလူအနည်းငယ်သာလျှင် မဟုတ်ဘဲ အင်အားစုအများအပြား ရောက်ရှိနေလျက်ရှိပြီး ထိုလူများသည် အရှေ့တွင် ရှိနေသည့် ပင်လယ်ပြင်ကို ငေးကြည့်နေလျက်ရှိသည်။
လုချန်ရှန်းက အတွေးများနေရင်းဖြင့် မေးမြန်းလိုက်တော့မည့် အချိန်မှာပင် အလင်းတန်းများ ပေါက်ထွက်လာခဲ့ပြီး ၎င်းတို့သည် တိမ်သားတိမ်စိုင်တို့ကို ထိုးဖောက်ကာ တစ်ကမ္ဘာလုံးက အဆုံးမဲ့ အလင်းတန်းများတို့ဖြင့် ရေချိုးနေသကဲ့သို့ ပင်လယ်ပြင်ပေါ်သို့ ကျဆင်းလာခဲ့၏။
ဖရိုဖရဲ အလင်းတန်းများနှင့် အရိပ်များအကြား ပင်လယ်ပြင်၏ အထက် ကောင်းကင်ဘုံ၏အောက်တွင် ပန်းချီကားတစ်ချပ်သဖွယ် ဖြစ်နေသည့် ပုံရိပ်ယောင် မြင်ကွင်းတစ်ခု မျောလွင့်နေခဲ့သည်။
“ ပုံရိပ်ယောင်လား “ ဟု လုချန်ရှန်းက မေးမြန်းလိုက်၏။
လောင်လျူမှ ပြောပြလာခဲ့သည် “ အဲ့တာက ပုံရိပ်ယောင် မဟုတ်ဘူး။ မင်းမြင်နေရတဲ့ အရာရာတိုင်းက အစစ်အမှန်တွေချည်းပဲ။ အဲ့တာက ဒီကမ္ဘာနဲ့ ထပ်နေတဲ့ လွတ်လပ်တဲ့ ဟင်းလင်းပြင်တစ်ခုပဲ။ ဒီကနေကြည့်လိုက်မယ်ဆိုရင် အဲ့တာက တစ္ဆေစာလိပ်လိုမျိုး ဖြစ်နေတာကို မြင်ရလိမ့်မယ် “
“ ဝင်ပေါက်က ဘယ်မှာလဲ “
“ စာလိပ်ဖြန့်ကျက်လာတဲ့ နေရာတိုင်းက ဝင်ပေါက်ပဲ “
“ အဲ့လောက်တောင် ထူးခြားတာလား “
လုချန်ရှန်းသည် အံ့ဩတကြီး ဖြစ်သွားခဲ့သည်။
သူသည် အကြည့်များပေါင်းများစွာက သူ့ထံသို့ ကျရောက်နေသည်ကို ခံစားလိုက်ရသည်။ မဟာတောရိုင်း ခန်းမ ကောင်းကင်တံခါးနှင့် နတ်ကောင်းကင်ဂိုဏ်းမှ လူများပင် ရောက်ရှိနေခဲ့၏။
နတ်အကြီးအကဲသည် အရှေ့တွင် မတ်တပ်ရပ်ကာ သူ့ကို စူးစမ်းလေ့လာနေလျက်ရှိ၏။
“ ငါ့ဆရာပါ ရောက်လာတာလား “
လုချန်ရှန်းသည် လှည့်ပတ်ကြည့်ရှုလိုက်သော်လည်း သူ့ကို ရှာမတွေ့ခဲ့ပေ။ သို့ရာ၌ သူသည် စစ်သဘော်ပေါ်တွင် မတ်တပ်ရပ်နေသည့် ယခင်ကကဲ့သို့ မောက်မာနေသော ပန်ဘုရင်လေးကို မြင်တွေ့လိုက်ရသည်။
ကောင်းကင်ဝါးမျိုငှက် မိုးကြိုးငှက်နှင့် တစ်ခြားလူများပါ ရောက်ရှိနေလျက်ရှိ၏။
ယခင်က သူမမြင်ခဲ့ဖူးသည့် အနောက်နှင့် မြောက်ပိုင်းပြည်နယ်မှ လူများပါ ရောက်ရှိနေခဲ့သည်။
အင်အားစုတစ်ခုချင်းစီတိုင်း၏ ခေါင်းဆောင်များသည် ထူးခြားသော အရည်အသွေးများကို ချပြထားပြီး သူတို့က သက်ဆိုင်ရာဂိုဏ်းအသီးသီး၏ ကျင့်ကြံရေး ပစ်မှတ်များဆိုသည်ကို ညွှန်ပြနေခဲ့၏။
“ ချင်းယီ လူတော်တော်များများက မင်းကို ထူးဆန်းတဲ့ အကြည့်တွေနဲ့ ကြည့်နေကြသလိုပဲ “ ဟု လောင်လျူက ပြောလာခဲ့၏။
လုချန်ရှန်းကမူ ပေါ့ပေါ့ပါးပါး တုံ့ပြန်လိုက်၏ “ ဘဝမှာ ပြိုင်ဘက်ကင်းလို့ အားကျတာတွေ မနာလိုဖြစ်တာတွေ ခံရတတ်တယ်လေ ငါက အဲ့တာတွေနဲ့ အသားကျနေပါပြီကွာ “
“ မင်းက တကယ်ကြီးကို အရှက်မရှိဘူးပဲ “
လောင်လျူသည် ယခင်က ရှောင်ဟေးကဲ့သို့ပင် မှတ်ချက်ပေးလာခဲ့သည်။
သူတို့စကားပြောနေရင်းဖြင့် လင်ဖုန်းသည် သူတို့ဆီသို့ လျှောက်လှမ်းလာခဲ့ပြီး တံဆိပ်ပြားနှစ်ခုကို လက်လွှဲပေးလာခဲ့သည်။
“ မိတ်ဆွေလေး ဒီတံဆိပ်ပြားနဲ့ဆိုရင် မင်းက ငါတို့ရဲ့ တည်နေရာကို အာရုံခံနိုင်လိမ့်မယ် အဲ့လိုပဲ ငါတို့ကလည်း မင်းရှိနေတဲ့ နေရာကို အာရုံခံနိုင်လိမ့်မယ် “
“ အို့ “ လုချန်ရှန်းသည် တံဆိပ်ပြားကို ယူကာ ခေါင်းငြိမ့်ပြလိုက်၏ “ ဆိုတော့ ကျွန်တော်က ဘာလုပ်ပေးရမှာလဲ “
“ ကံကြမ္မာ ကျောက်တုံးကို ရှာဖို့ပါ “
“ ကံကြမ္မာ ကျောက်တုံးက ဘာလဲ “
“ အဲ့တာက ကောင်းကင်နဲ့ ကမ္ဘာမြေရဲ့ ရှားပါးရတနာတစ်မျိုးပဲ ရှာရခက်တယ် နဂါးနစ်မြုပ်ခြင်း နယ်မြေလိုမျိုး နေရာတွေဆီမှာပဲ ပေါ်လာတတ်တယ်။ လူတစ်ယောက်ရဲ့ ကံကြမ္မာကို ကောင်းကင်ဘုံကို ဆန့်ကျင်ပြီးတော့တောင် ပြောင်းလဲပေးနိုင်တယ် “
“ ပိုကြားရလေလေ ပိုပြီးတော့ ထူးခြားလေလေပဲ “ လုချန်ရှန်းသည် မျက်တောင်တခတ်ခတ် ဖြစ်သွားခဲ့သည်။
သူ၏စကားများအရ အဆိုပါ ပစ္စည်းများက အလွန်တရာ အဖိုးတန်ပုံရပြီး ရှာတွေ့နိုင်ခြေ နည်းပါးကာ တစ်ကြိမ်မျှ ရှာတွေ့သည်နှင့်တစ်ပြိုင်နက် ကြီးကြီးမားမား အသုံးဝင်လိမ့်မည် ဖြစ်သည်။
ဒီလူတွေက ငွေတော်တော် သုံးပြီးတော့ ပါရမီရှင်တွေကို စုဆောင်းခဲ့တာက အံ့ဩစရာတော့ မဟုတ်တော့ဘူးပဲ။
မည်သို့ပင်စေကာမူ ဒီတစ်ကြိမ် သူ၏ စစ်ဆင်ရေးမှာ သူတို့ကို ကူညီကာ ကံကြမ္မာကျောက်တုံးကို ရှာဖွေခြင်းပင် ဖြစ်သည်။
၎င်းက ကံတရားအပေါ်တွင်သာ ပိုမိုမူတည်နေလျက်ရှိ၏။
အရာအားလုံး အတည်ပြုခဲ့ပြီးသည့်နောက်တွင် အားလုံးသည် တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ စတင်၍ လှုပ်ရှားနေကြတော့သည်။
လုချန်ရှန်းမှာလည်း ပင်လယ်ပြင်အထက်တွင် ရှိနေသည့် ပုံရိပ်ယောင်နယ်မြေဆီသို့ ပျံသန်းသွားတော့သည်။
အင်အားစု အမျိုးမျိုး လိုက်လာကြပြီး လောင်လျူသည် လုချန်ရှန်းအနောက်သို့ လိုက်သွားကာ ထိုနယ်မြေအတွင်းသို့ ဝင်သွားတော့သည်။ သူ၏စိတ်ထဲသို့ နက်ရှိုင်းသော ခံစားချက်တစ်ခု ထပ်မံ၍ လှိုက်တက်သွားခဲ့ပြီး ဝိညာဥ်ချီမှာလည်း ပြင်ပလောကကထပ် အဆပေါင်းများစွာ ပိုမိုကြွယ်ဝသိပ်သည်းနေခဲ့သည်။
“ ဒါက နေရာကောင်းလေးတစ်ခုပဲ “
လုချန်ရှန်းသည် စကားတပြောပြောဖြင့် တောင်ထိပ်တစ်ခုအပေါ်သို့ တက်သွားကာ ဤနယ်မြေကို စူးစမ်းလေ့လာနေတော့၏။
ရှုခင်းအားလုံးသည် အံ့ဖွယ်မြေတစ်ခုအလား ဖြစ်နေလျက်ရှိ၏။ သူဝင်သွားသည့် အချိန်မှာပင် သူ၏ခန္ဓာကိုယ် တစ်ခုလုံး တုန်ရင်သွားကာ သူ၏စိတ်အတွင်းသို့ ရှုပ်ထွေးသော ခံစားချက်တစ်ခု လှိုက်တက်လာခဲ့သည်။ သူ၏ခန္ဓာကိုယ် အပြင်ပိုင်းကို အဖြူရောင် အလင်းတန်းတစ်ခု ရစ်ပတ်လာခဲ့သည်။
“ ကြည့်ရတာတော့ ဒီနေရာမှာ နဂါးသွေးကြောတစ်ခုထပ် ပိုရှိနေတယ် “
အဆုံးမဲ့ တောင်တန်းများသည် အတွင်းပိုင်းအထိ ကောက်ကွေ့ဆန့်တန်းနေလျက်ရှိပြီး ပိုင်နက်ကို ငေးကြည့်နေသည့် အချိန်တွင် သူ၏လေသံမှာ အလွန်တရာ ငြင်သာနေလျက်ရှိ၏။
--
…………………………………………………………………………………………………………………………….