← Chapters

အခန်း ၁၇၂

Vol. 12 Ch. 172

အခန်း ၁၇၂

Vol. 12 Ch. 172

အပိုင်း ( 172 )

ငွေတွေ ယူထားပြီးပြီ ကျွန်တော်လုပ်နိုင်တာ ဘာမှမရှိတော့ဘူး

ထိုအချိန်တွင် အင်အားစု အသီးသီးသည် ပန်းချီကားအတွင်းသို့ ဝင်ရောက်လာခဲ့ပြီး အရပ်မျက်နှာအသီးသီးသို့ ဦးတည်သွားကြ၏။

လုချန်ရှန်းသည် သူ၏အကြည့်ကို ရုတ်သိမ်းကာ မအောင့်ထားနိုင်တော့ဘဲ မေးမြန်းလိုက်သည် “ လောင်လျူ ကံကြမ္မာ ကျောက်တုံးက ဘယ်လိုပုံစံမျိုးလဲ “

“ မင်းက ငါ့ကို မေးနေတာလား “

“ မင်းကလွဲလို့ ဘယ်သူရှိသေးလို့လဲ “

“ ငါက အဲ့လိုအဆင့်မြင့် ပစ္စည်းကို ဘယ်လိုလုပ် မြင်ဖူးမှာလဲ “ လောင်လျူ ဆွံ့အသွား၏။

သူတစ်ဦးတည်းသာလျှင် မဟုတ်ဘဲ မြင့်မြတ်နယ်မြေ အားလုံးမှာပင် လူနှစ်ဦး သုံးဦးကသာ ၎င်းကို မြင်ဖူးကြသည်။

“ အဲ့တာက အဆင့်မြင့် ပစ္စည်းဆိုတာ တကယ်ကြီးလား “

လောင်လျူက ပြန်ပြောလာခဲ့သည် “ မင်းက သူတို့ပြောတာကို မကြားလိုက်ဘူးလား။ လူတစ်ယောက်ရဲ့ ကံတရားကို ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်တဲ့အထိ ပြောင်းလဲပေးနိုင်တာက အဆင့်မြင့် ပစ္စည်းမဟုတ်လို့ ဘာလဲဟ “

“ ဘယ်လို ပြောင်းလဲပေးနိုင်တာလဲ။ တက်လှမ်းခြင်းနယ်ပယ်ကို ချက်ချင်းရောက်သွားစေတာလား ဒါမှမဟုတ် လူတစ်ယောက်ရဲ့ သက်တမ်းကို မြှင့်ပေးတာလား ”

လောင်လျူသည် အတွေးနက်သွားကာ စကားပြန်ပြောလာခဲ့သည် “ကံကြမ္မာ ကျောက်တုံးကို ရသွားတာ လူတစ်ယာက်ကို နောက်ဘဝတစ်ခုမှာ နေထိုင်စေနိုင်တယ်လို့ ငါကြားခဲ့ရတယ် “

“ လူဝင်စားတာလား “

“ မဟုတ်ဘူး အဲ့တာက အခုလက်ရှိ မင်းပိုင်ဆိုင်ထားတဲ့ အရာအားလုံးကို ယူသွားပြီးတော့ မင်းရဲ့ ခန္ဓာကိုယ်ကို ငယ်ရွယ်နုပျိုတဲ့ အခြေအနေအထိ ပြန်ရောက်သွားစေတာပဲ။ စဥ်းစားကြည့်လိုက်လေ မင်းက မိုးထိမြင့်တဲ့ ကျင့်ကြံရေးကို ပိုင်ဆိုင်ထားပြီးတော့ နက်ရှိုင်းတဲ့ အတွေးအမြင်တွေနဲ့ မင်းရဲ့ခန္ဓာကိုယ်က လူငယ်ဘဝကို ပြန်ရောက်သွားတာလေ အဲ့တာက အကန့်အသတ် မရှိတဲ့ ဖြစ်နိုင်ခြေတွေ မဟုတ်ဘူးလား ကောင်းကင်ဘုံကို ဆန့်ကျင်တဲ့ ကံတရားမျိုး မဟုတ်ဘူးလား “

“ အဲ့တာက ကောင်းကင်ဘုံကို တကယ်ကြီး ဆန့်ကျင်နေတာပဲ “

လုချန်ရှန်းသည် သက်ပြင်းတချချ ဖြစ်သွားခဲ့သည် သူသည် ဤလောကတွင် ထိုကဲ့သို့သော ပစ္စည်းမျိုး ရှိနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

သို့ရာတွင် လောင်လျူ၏ ပြောဆိုမှုများအရ အကယ်၍ ၎င်းက ဤနေရာတွင် ရှိနေမည်ဆိုပါက အတွင်းအကျဆုံး အပိုင်းတွင် ရှိနေမည်ဖြစ်ပြီး ထိုနေရာတွင် မည်သည့်အရာများ ဖြစ်ပျက်လာမလဲဆိုသည်ကို မည်သူမှ မသိကြပေ။

မည်သူကမှ ထိုနေရာသို့ မသွားနိုင်ကြပေ။

“ မဟုတ်ဘူး ငါကြိုးစားကြည့်ရမယ်။ တကယ်လို့ တစ်ခုလောက်ရခဲ့မယ်ဆိုရင် ငါ့ရဲ့ ကောင်းကင်ဘုံကို ဆန့်ကျင်နေတဲ့ ကံတရားကို ပြောင်းလဲနိုင်လိမ့်မယ် “

လောင်လျူ ဆွံ့အသွားတော့သည် “ အခုလက်ရှိ မင်းကတောင် ကောင်းကင်ဘုံကို တော်တော်ကြီး ဆန့်ကျင်နေပြီးသားလေဟ “

လုချန်ရှန်းကမူ အရှေ့သို့ ဆက်လက်၍ လျှောက်လှမ်းနေတော့သည်။ သူသည် အချိန်ဖြုန်းမနေဘဲ သူ၏ ကျင့်ကြံရေး နည်းစနစ်ကို လည်ပတ်ကာ ပတ်ဝန်းကျင်တွင် ရှိနေသည့် ဝိညာဥ်ချီများကို အဆက်မပြတ် စုပ်ယူနေလျက်ရှိ၏။

သို့ရာ၌ ခပ်ဝေးဝေး မသွားရသေးခင်မှာပင် အဘိုးအိုတစ်ဦးက သူ့ကို တားဆီးလာခဲ့သည်။

“ မိတ်ဆွေလေး ချင်းယီ နေကောင်းလား “

“ မတွေ့ရတာကြာပြီ အဘိုးကြီးဝူ “

ရောက်ရှိလာသူသည် မဟာတောရိုင်း ခန်းမ၏ အကြီးအကဲ ဝူယန်ပင် ဖြစ်သည်။

လူနှစ်ဦးသည် တစ်ဦးကိုတစ်ဦး ကြည့်နေကြတော့သည်။ အကြီးအကဲ ဝူယန်သည် လောင်လျူကို တစ်ချက်မျှ ငေးကြည့်လိုက်သော်လည်း ဘာမှမပြောလိုက်ဘဲ လုချန်ရှန်းကိုသာ မေးမြန်းနေတော့၏ “ မိတ်ဆွေလေးက ထျန်းကျီစံအိမ်နဲ့ ပူးပေါင်းလိုက်ပြီလား “

သူသည် ကွေ့ဝိုက်မနေဘဲ တည့်မေးလာခဲ့သည်။

“ မဟုတ်ပါဘူး ကူညီရုံကူညီနေတာပါ “

“ မိတ်ဆွေလေးက ကျုပ်ရဲ့ မဟာတောရိုင်း ခန်းမကို ဘာလို့ မကူညီပေးရတာလဲ “ အကြီးအကဲ ဝူယန်မှ မေးမြန်းလာခဲ့၏။

လုချန်ရှန်းက တုံ့ပြန်လိုက်သည် “ အာ ခင်ဗျားတို့က ဘာမှ မပြောခဲ့ဘူးလေ “

“ ငါ ………… “

အကြီးအကဲ ဝူယန် ဆွံ့အသွားတော့သည် သူသည် တစ်စုံတစ်ခုကို ထုတ်ပြောချင်နေခဲ့၏ ငါတို့က မင်းကို ဘယ်သချ်ိုင်းမှာ သွားရှာရမှာလဲဟ။

သို့ရာတွင် သူသည် စကားဆက်ပြောလာခဲ့သည် “ ထျန်းကျီစံအိမ်က မိတ်ဆွေလေးကို ဘယ်ဈေးနဲ့ ကမ်းလှမ်းခဲ့တာလဲ “

“ ငါးသန်း “

“ ဒါဆိုရင် ကျုပ်က မိတ်ဆွေလေးကို ခြောက်သန်းပေးမယ်။ ကျုပ်ကို ကူညီပေးနိုင်မလား “

“ အဘိုးကြီးဝူ အဲ့တာက ကျုပ်ကို အခက်တွေ့စေတယ်ဗျ။ ကျုပ်တို့က အသိအကျွမ်းဟောင်းတွေ ဖြစ်နေပင်မဲ့ ကျုပ်က သူတို့ဆီကနေ ငွေယူထားခဲ့ပြီးပြီလေ။ ကျုပ်က ကတိဖျက်တတ်တဲ့ လူမဟုတ်ဘူးဗျ အဲ့တာက လုပ်ပေးဖို့ ခက်တယ် “

လုချန်ရှန်း ဆွံ့အသွား၏ တကယ်လို့ ခြောက်သန်းက မင်းတို့ဆီမှာသာ စောစောစီးစီး ရှိနေခဲ့မယ်ဆိုရင် ကိစ္စတွေက ပိုလွယ်ခဲ့မှာ မဟုတ်ဘူးလားဟ

သို့ရာတွင် သူဘာမှထပ်မပြောရသေးခင် အချိန်မှာပင် လင်ဖုန်း ရောက်ရှိလာခဲ့သည်။

သူသည် စကားဝိုင်းအတွင်းသို့ ကြားဖြတ်ဝင်ရောက်လာခဲ့ကာ လုချန်ရှန်းကို အဝေးသို့ ခေါ်ဆောင်သွားတော့သည်။

သူသည် လုချန်ရှန်းကို စကားပြောနေတော့သည် “ မဟာတောရိုင်း ခန်းမက လမ်းဆုံးကို ရောက်နေပြီ မိတ်ဆွေလေးက သူတို့ကို အာရုံစိုက်နေဖို့ မလိုပါဘူး “

“ ဘာကိုဆိုလိုတာလဲ “

“ တစ်ချို့ဟာတွေက တိုက်ရိုက်ကြီး ပြောပြဖို့အတွက် မသင့်တော်ဘူး ဒါပင်မဲ့ ငါပြောခဲ့တာတွေက အမှန်တရားပါ “

“ အဲ့လိုလား “

လုချန်ရှန်းသည် ထိုကဲ့သို့သာ တုံ့ပြန်လိုက်ပြီး ဆက်လ်၍ မေးမြန်းမနေတော့ပေ။ တစ်ဖက်လူက မပြောပြသောကြောင့် သူသည် မေးမြန်းရန်အတွက် ပျင်းရိသွားခဲ့သည်။ သူသည် ငွေသာရနေသရွေ့ မည်သည့်အရာကိုမှ ဂရုစိုက်လိမ့်မည် မဟုတ်ပေ။

ထို့နောက်တွင် လင်ဖုန်း ထွက်ခွာသွားပြီး သူတို့မှာလည်း ကိုယ့်လမ်းကိုယ် လျှောက်နေကြတော့သည်။

ဤနေရာတွင် လွင်ပြင်များ တောင်တန်းများ မြစ်များနှင့် အရာအားလုံး တည်ရှိနေကာ နောက်ထပ်ကမ္ဘာတစ်ခုအလား ဖြစ်နေခဲ့၏။

သို့ရာ၌ လုချန်ရှန်းသည် အဝေးတွင် ရှိနေသည့် မီတာပေါင်းများစွာ ရှည်လျားသော အနက်ရောင် ကျားတစ်ကောင်းနှင့် တစ်ခြားတစ်ဖက်တွင် ကောင်းကင်ယံကို အုပ်မိုးကာ ပျံသန်းနေလျက်ရှိသည့် ငှက်တစ်ကောင်ကို မြင်တွေ့လိုက်ရ၏။

၎င်း၏ အစွယ်များက အလွန်တရာ ထင်ရှားနေလျက်ရှိ၏။

၎င်းတို့က အစိမ်းရောင်တောက်နေလျက်ရှိပြီး ဟိန်းဟောက်သံတစ်ခုသည် ကောင်းကင်နှင့်မြေပြင်တို့ကို လှုပ်ရမ်းသွားစေခဲ့သည်။

“ အဲ့တာက ဘာကြီးလဲ။ ဒီနေရာမှာ သက်ရှိသတ္တဝါတွေ ရှိတာလား “ လုချန်ရှန်းသည် တအံ့တဩ ဖြစ်သွားခဲ့သည်။

လောင်လျူက ရှင်းပြနေတော့၏ “ သက်ရှိမဟုတ်ဖို့ များတယ်။ မှတ်တမ်းတွေထဲမှာ တွေ့ခဲ့ဖူးတယ် ဒီနေရာက နဂါးသွေးကြောတွေရဲ့ အားဖြည့်ပေးမှုကို တစ်နှစ်ပတ်လုံး ခံနေရပြီးတော့ ပြန့်ကျဲနေတဲ့ မူလချီတွေက အဆက်မပြတ်စုစည်းသွားပြီးတော့ အသိဉာဏ်တစ်စွန်းတစ်စကို မွေးဖွားပေးခဲ့တယ်တဲ့။ အဲ့တာတွေက ဟိုးအရင်တုန်းက ဒီနေရာမှာ ရှိခဲ့ဖူးတဲ့ သတ္တဝါတွေအဖြစ် ပြန်ပေါ်လာကြတာ။ သူတို့ကို မူလဝိညာဥ်လို့ ခေါ်တယ် “

“ ဆိုတော့ ချစ်စရာကောင်းတဲ့ ဒီတိရစ္ဆာန်လေးတွေက မူလချီတွေနဲ့ ပြည့်နေတာပေါ့ “

“ အင်း “ လောင်လျူသည် ခေါင်းငြိမ့်ပြကာ ဆက်ပြောနေတော့၏ “ အဲ့တာတွေပဲ မဟုတ်ဘူး လူသားအသွင်သဏ္ဍာန်ကို ယူလိုက်ပြီးတဲ့နောက်မှာ သူတို့ရဲ့ ခန္ဓာကိုယ်တွေထဲမှာ မူလအူတိုင် မွေးဖွားလာလိမ့်မယ် အဲ့တာက ကျင့်ကြံသူတွေရဲ့ အူတိုင်ဖွဲ့စည်းခြင်းနှင့် တူတယ် ချီအရင်းအမြစ် အများကြီးပါတယ် “

လုချန်ရှန်းက တုံ့ပြန်လိုက်သည် “ သူတို့ရဲ့ ခန္ဓာကိုယ်တွေက မူလချီဖြစ်ပြီးတော့ ချီအရင်းအမြစ်ပါတဲ့ မူလအူတိုင်တောင် ရှိသေးတယ်ပေါ့။ အတွင်းပိုင်းရော အပြင်ပိုင်းကရော ချီတွေနဲ့ ပြည့်နေတာပေါ့ “

“ ဒါပင်မဲ့ သူတို့ကို သတ်လိုက်တာနဲ့ သူတို့ရဲ့ ခန္ဓာကိုယ်တွေက အချိန်တိုအတွင်း ပျောက်သွားပြီးတော့ သုံးလို့ရတာဆိုလို့ မူလအူတိုင်တစ်ခုပဲ ကျန်ခဲ့တယ် “

“ နားလည်ပြီ “

“ မင်းက ဘာကိုနားလည်တာလဲ “ လောင်လျူ ဇဝေဇဝါ ဖြစ်သွားတော့သည်။

လုချန်ရှန်းက ပြန်ပြောလိုက်သည် “ ငါကသာ သူတို့ကို မြန်မြန်ဆန်ဆန် စုပ်ယူနိုင်သရွေ့ သူတို့ရဲ့ ခန္ဓာကိုယ်ကလည်း ငါ့ဟာတွေပဲလေ “

“ သီအိုရီအရဆိုရင်တော့ အမှန်ပဲ။ ဒါပင်မဲ့ သူတို့တွေက ဝိညာဥ်ချီနဲ့ မူလချီတွေနဲ့ ဖွဲ့စည်းထားတာလေ။ တကယ်လို့ မင်းက အဲ့တာတွေကို အချိန်တိုအတွင်းမှာ စုပ်ယူနိုင်မယ်ဆိုရင်တောင်မှ မင်းရဲ့ ခန္ဓာကိုယ်က အဲ့တာတွေကို တောင့်ခံနိုင်မှာ မဟုတ်ဘူး “

“ စမ်းကြည့်မှ သိမှာပေါ့ “

လုချန်ရှန်းသည် မည်သည့်စကားမှ ထပ်ပြောမနေဘဲ အရှေ့သို့တက်ကာ အနက်ရောင် ကျားဆီသို့ ဦးတည်သွားတော့သည်။

သူ့အရှေ့တွင် ရှိနေသည့် အရာမှာ အူတိုင်ဖွဲ့စည်းခြင်း အဆင့်၉ ကျင့်ကြံရေးကို ပိုင်ဆိုင်ထားသည့် ကျားတစ်ကောင်ဖြစ်သည်။ ခွန်အားအရာတွင် အဆင့်တူမှ သတ္တဝါများထပ် သာလွန်နေလျက်ရှိသော်လည်း ၎င်း၏ အသိဉာဏ်က မြင့်မားမနေခဲ့ပေ။

လောင်လျူသည် ဘာစကားမှ ထပ်မပြောခဲ့ပေ သို့သော် လုချန်ရှန်းက အရှေ့သို့ တဟုန်ထိုး ပြေးတက်သွားသောကြောင့် သူတအံ့တဩ ဖြစ်သွားခဲ့သည်။ အနက်ရောင် ကျားမှာလည်း သူ့ကို အာရုံခံမိသွားကာ ဟိန်းဟောက်လာခဲ့၏။

ဟိန်းဟောက်သံသည် ပတ်ပတ်လည်ရှိ သစ်ပင်များကိုပင် လှုပ်ခါသွားစေခဲ့သည်။

ထို့နောက်၌ ချက်ချင်းဆိုသလိုပင် ကျားလက်သည်းသည် လုချန်ရှန်းထံသို့ ရုတ်တရက် ကျဆင်းလာခဲ့သည် သို့သော် ၎င်းသည် သူ၏လက်ဝါးချက်ကြောင့် တိုက်ရိုက်ပြိုကွဲသွားခဲ့သည်။

လောင်လျူသည် ထိုအကောင်က ကျားကို တိုက်ရိုက်သတ်ဖြတ်လိုက်မည်ဟုသာ ထင်နေခဲ့သည် သို့သော် သူသည် လုချန်ရှန်းက ဆာလောင်နေသော ခွေးတစ်ကောင်အလား ကျား၏ဦးခေါင်းဆီသို့ တိုက်ရိုက် ခုန်အုပ်သွားပြီး ၎င်း၏ခန္ဓာကိုယ်အား ကိုက်ချလိုက်သည်ကိုသာ မြင်တွေ့လိုက်ရလေ၏။

စုပ်ယူမှု အားတစ်ခု ပေါ်ထွက်လာခဲ့ပြီး ကျားသည် မည်သို့မျှ မတုံ့ပြန်နိုင်ခဲ့ဘဲ သာမန်မျက်လုံးများဖြင့် မြင်နိုင်သော သိသာထင်ရှားသော အမြန်နှုန်းဖြင့် သေးကျုံ့သွားတော့သည်။

လောင်လျူ အံ့ဩတုန်လှုပ်သွား၏။ ထိုမျှကြီးမားသော အနက်ရောင် ကျားက ဝိညာဥ်ချီနှင့် မူလချီတို့ဖြင့် အပြည့်အဝ ဖွဲ့စည်းထားကာ စွမ်းအင်များ အလျှံအပယ် ပါဝင်နေမည် ဖြစ်သည် သို့သော် ထိုကောင်သည် ၎င်းကို တစ်ကျိုက်တည်း စုပ်ယူဝါးမြိုနေခဲ့သည်။

“ သူက အရှင်လတ်လတ် ဝါးမျိုနေတာပြ ….. “

လောင်လျူသည် မည်ကဲ့သို့ ဖော်ပြရမှန်းမသိ ဖြစ်သွားခဲ့သည်။

သာမန်လူတစ်ဦးက အူတိုင်ဖွဲ့စည်းခြင်း အဆင့်၉ ကျင့်ကြံရေးစွမ်းအားကို ပိုင်ဆိုင်ထားသည့် အနက်ရောင်ကျားတစ်ကောင်လုံးကို မည်ကဲ့သို့ ဝါးမြိုနိုင်မည်နည်း။ သူတို့သည် ၎င်းကို ဖြည်းဖြည်းချင်း သန့်စင်ရမည်သာ ဖြစ်သည် သို့သော် ထိုအကောင်ကမူ တစ်ကျိုတ်တည်း ဝါးမြိုနေခဲ့ပြီး ၎င်းကိုပင် တောင့်ခံနေနိုင်ခဲ့သည်။ သူသည် စိတ်ခံစားချက်များကို မည်ကဲ့သို့ ဖော်ပြရမှန်းမသိ ဖြစ်သွားတော့၏။

အနက်ရောင် ကျား၏ ဟိန်းဟောက်သံမှာလည်း တဖြည်းဖြည်း တိုးညှင်းသွားကာ လုံးဝပျောက်ကွယ်သွားပြီး ရွှေရောင်သမ်းနေသည့် လက်မအရွယ် အူတိုင်တစ်ခုသာ ကျန်ခဲ့သည်။

လုချန်ရှန်းသည် မည်သို့မျှ လေးဖင့်မနေဘဲ အူတိုင်ကို သူ၏ပါးစပ်အတွင်းသို့ ထိုးထည့်ကာ တစ်ခဏခန့် ငြိမ်သက်နေခဲ့သည်။

“ သူက အဲ့တာကို ချေဖျက်နိုင်ပါ့မလား။ ပေါက်ကွဲပြီး သေသွားမှာတော့ မဟုတ်ဘူးမလား “

လောင်လျူ၏ စကားသံ ပြီးဆုံးသွားသည်နှင့်တစ်ပြိုင်နက် လုချန်ရှန်းက သူ၏မျက်လုံးများကို ရုတ်တရက် ဖွင့်ဟလာခဲ့သည် သူ၏မျက်လုံးများတွင် တောက်ပသော အလင်းတန်းဖြင့် ပြည့်နှက်နေလျက်ရှိပြီး သူ၏ နှုတ်ခမ်းများမှာလည်း အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွား၏။ သူသည် အဝေးတွင် ပျံသန်းနေသည့် ငှက်ကို ကြည့်လိုက်ကာ လျှာတသပ်သပ် ဖြစ်သွားတော့သည်။

သူသည် တွေဝေတုံ့ဆိုင်းမနေဘဲ ကောင်းကင်ထက်သို့ တိုက်ရိုက်ခုတ်တက်သွားကာ ဧရာမ ငှက်ဆီသို့ တဟုန်ထိုးပြေးတက်သွား၏။

သူသည် အဆိုပါ ငှက်ကို မည်သို့မျှ တုံ့ပြန်ခွင့်မပေးဘဲ ၎င်းကို ဖက်ကာ လည်ပင်းကို တိုက်ရိုက်ကိုက်ချလိုက်၏။ တစ်ခဏအတွင်းမှာပင် ငှက်တစ်ကောင်လုံး ဝါးမြိုခံလိုက်ရသည်။

လောင်လျူသည် ၎င်းတို့အားလုံးကို စောင့်ကြည့်နေရင်းဖြင့် လုံးဝကြောင်အသွားသည်။

ဘယ်လောက်တောင် ရက်စက်လိုက်တဲ့ကောင်လဲ။ မူလဝိညာဥ်နှစ်ခုကို အသက်ရှူကြိမ်တစ်ကြိမ် အတွင်းမှာပဲ အရှင်လတ်လတ် ဝါးမြိုလိုက်တယ်ပေါ့။

သို့ရာတွင် လုချန်ရှန်းကမူ မကျေမနပ် ဖြစ်နေသေးပြီး တလက်လက် တောက်ပနေသော မျက်လုံးတို့ဖြင့် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုနေလျက်ရှိ၏။ စားသောက်မှုကို ယခုလေးတင် အဆုံးသတ်ခဲ့သော်လည်း နောက်ထပ်သားကောင်တစ်ကောင်ကို ဆက်လက်၍ ရှာဖွေနေခဲ့ပြီ ဖြစ်သည်။

လောင်လျူသည် သက်ပြင်းတချချ ဖြစ်သွားတော့သည် ကောင်းကင်ဝါးမျိုငှက်တွေကတောင်မှ သူ့လောက်မျိုနိုင်ဆို့နိုင်မှာ မဟုတ်ဘူး

--

………………………………………………………………………………………………………………………………………..

All Chapters