← Chapters

အခန်း ၁၇၃

Vol. 12 Ch. 173

အခန်း ၁၇၃

Vol. 12 Ch. 173

အပိုင်း ( 173 )

သိုသိုသိပ်သိပ်နေ

လုချန်ရှန်းက ရွေ့လျားနေသောကြောင့် လောင်လျူက သူ့နောက်သို့ ဆက်လိုက်နေလျက်ရှိသည်။

သူသည် မူလချီများကို ထပ်မံ၍ ရှာဖွေနေခဲ့ပြန်သည် သို့သော် အပြင်ပိုင်းနယ်မြေတွင် ရှိနေသည့် မူလချီ ပမာဏမှာ သိသိသာသာ နည်းပါးနေခဲ့သည်။ အတွင်းပိုင်းသို့ ဆက်သွားလေလေ ပမာဏက ပိုမိုမြင့်မားလာလေလေပင်။

လုချန်ရှန်းသည် မလှမ်းမကမ်းတွင် ပုံးတစ်ပုံးအရွယ်မျှရှိသည့် ဧရာမ စပါးအုံးတစ်ကောင်ကို မြင်တွေ့လိုက်ရ၏။ ၎င်းသည် မြေပြင်အနှံ့ ပြန့်ကျဲနေပြီး တောအုပ်တစ်ခုလုံးကို လှုပ်ရမ်းစေကာ တစ်ခဏ အကြာတွင် ကောင်းကင်ထက်သို့ ခုန်တက်လာတော့၏။

၎င်း၏ အရှေ့တွင် ပုံရိပ်တစ်ခု ရှိနေခဲ့သည်။

၎င်းက လူငယ်တစ်ဦး ဖြစ်ပြီး နောက်လှည့်ကြည့်လိုက်သည့် အချိန်၌ သူ၏မျက်လုံးများအတွင်းတွင် အကြောက်တရားတို့ဖြင့် ပြည့်နှက်နေလျက်ရှိ၏။ သူသည် ဤမူလချီကို မျက်စိကျနေကာ အချိန်အတော်ကြာ ကပ်တွယ်နေခဲ့သည် သို့သော် သူသည် အဆိုပါ စပါးအုံးကို မည်သို့မျှ မယှဥ်နိုင်သောကြောင့် သူ့အသက်အတွက် ထွက်ပြေးရုံသာ တတ်နိုင်တော့ပေသည်။

၎င်းကို မြင်လိုက်ရသောအခါတွင် လုချန်ရှန်းမှ အော်ပြောလိုက်သည် “ တာအိုရောင်းရင်း မကြောက်နဲ့။ ငါမင်းကို ကူညီပေးမယ် “

ထို့နောက်တွင် သူသည် တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ အရှေ့သို့ ပြေးတက်သွားပြီး ဧရာမ မြွေကြီးပေါ်သို့ တိုက်ရိုက်ခုန်တက်ကာ ၎င်း၏ ဦးခေါင်းကို အောက်ဘက်တွင် ရှိနေသည့် တောအုပ်ဆီသို့ ဆွဲချနေတော့၏။

လူငယ်သည် စောင့်ကြည့်နေရင်းဖြင့် မှင်သက်သွားပြီး အစတွင် ထွက်ပြေးရန် လုပ်နေရာမှ လုချန်ရှန်းနှင့်အတူ တိုက်ခိုက်နေတော့သည်။

သို့ရာတွင် သူခြေလှမ်းအနည်းငယ်မျှသာ လှမ်းရသေးသည့် အချိန်မှာပင် သူသည် လုချန်ရှန်း ပေါ်ထွက်လာသည်ကို မြင်လိုက်ရပြီး အောက်ဘက်တွင် မည်သည့်လှုပ်ရှားမှုမှ မရှိတော့ပေ။

“ ပြီးသွားပြီလား “

“ အင်း ပြီးသွားပြီ။ မင်းကြောက်နေဖို့ မလိုတော့ပါဘူး “

လုချန်ရှန်းသည် သူ၏ပါးစပ်ကို သုတ်နေရင်းဖြင့် တုံ့ပြန်လာခဲ့၏။

လူငယ်သည် ချက်ချင်းဦးညွတ်ကာ အရိုအသေပေးလာခဲ့သည် “ ကျွန်တော်ရဲ့ အသက်ကို ကယ်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် တာအိုရောင်းရင်း “

“ မတရားမှုကို တွေ့တဲ့ အချိန်မှာ ကူညီဖို့အတွက် ဓားဆွဲထုတ်တာက ငါ့ရဲ့စည်းမျဥ်းပဲ။ အဲ့အကြောင်းကို ပြောမနေပါနဲ့ကွာ “

“ တာအိုရောင်းရင်းရဲ့ နာမည်ကို သိခွင့်ရှိမလား။ ကျုပ်ရဲ့ နှလုံးသားထဲမှာ အဲ့တာကို ထွင်းထုထားပါမယ် “

“ ငါ့ကို ချင်းယီလို့သာ ခေါ်လိုက် “

“ ချင်းယီလား “ လူငယ်သည် တအံ့တဩ ဖြစ်သွားခဲ့သည်။

လုချန်ရှန်းက ပြန်ပြောလိုက်သည် “ ဟုတ်တယ်လေ ဘာဖြစ်လို့လဲ “

“ ဘာမှမဟုတ်ပါဘူး “ လူငယ်သည် သူ၏လက်ကို ဝေ့ရမ်းကာ တုံ့ပြန်လာခဲ့သည် “ အစ်ကိုချင်းယီရဲ့ ကြီးမြတ်တဲ့ နာမည်ကို အရင်ကတည်းက ကြားခဲ့ဖူးပါတယ် အခုကြည့်ရသလောက်အရဆိုရင်တော့ အစ်ကို့ကို တစ်ကမ္ဘာလုံးက အထင်လွဲနေကြတဲ့ပုံပဲ ”

“ ဟက် ငါက အဲ့ဒီသတင်းအမှားတွေကို ဂရုမစိုက်ပါဘူး။ ကြင်နာတတ်တဲ့လူက ကြင်နာမှုကို မြင်ပြီးတော့ ပညာရှိက ပညာကို မြင်တယ် “

လူငယ်သည် ခေါင်းငြိမ့်ကာ ပြန်ပြောလာခဲ့၏ “ အစ်ကိုချင်းယီဆီမှာ ဒီလိုစိတ်နှလုံးသားမျိုး ရှိနေလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။ တကယ်ကို လေးစားဖို့ကောင်းတယ် “

တစ်ခဏခန့် စကားပြောနေခဲ့ပြီးသည့်နောက်တွင် သူနှင့် လောင်လျူတို့ ထွက်ခွာသွားကြသည်။

ရှေးဟောင်းလမ်းစဥ်ကို လိုက်စားကာ ကြင်နာတတ်သော စိတ်နှလုံးသားနှင့် ဖြောင့်မတ်တည်ကြည်မှုကို မြင်လိုက်ရသောအခါတွင် လူငယ်သည် ပို၍ပင် စိတ်လှုပ်ရှားသွားခဲ့သည်။

အကယ်၍ တစ်ခြားလူတစ်ယောက်သာ ဖြစ်နေမည်ဆိုပါက သူတို့သည် သူက မူလချီနှင့် တိုက်ခိုက်သည်ကို စောင့်ဆိုင်းနေမည်ဖြစ်ပြီး နှစ်ဖက်စလုံး ဒဏ်ရာရသွားသည့်နောက်တွင် အကျိုးအမြတ်ကို ဝင်သိမ်းကြမည် ဖြစ်သည်။

သို့သော် လုချန်ရှန်းမှာ ထိုကဲ့သို့ မလုပ်ခဲ့ပေ။ သူစိမ်းများဖြစ်နေခဲ့သော်လည်း သူသည် တိုက်ရိုက်လှုပ်ရှားရန်သာ ရွေးချယ်ခဲ့သည်။ သူက မည်မျှဖြောင့်မတ်တည်ကြည်လိုက်သနည်း။ သူသည် မလေးစားဘဲ မနေနိုင်လောက်သည်အထိ ဖြစ်သွားခဲ့သည်။

မကြာခင် အချိန်မှာပင် လုချန်ရှန်းသည် နောက်ထပ်မူလချီတစ်ခုကို ဝါးမျိုကာ နောက်လူတစ်ဦးကို မတော်တဆ ကယ်မိသွားခဲ့ပြန်သည်။

လောင်လျူသည် မအောင့်ထားနိုင်တော့ဘဲ မေးမြန်းလာခဲ့သည် “ မင်းက စားဖို့အတွက် ဒီကိုရောက်လာခဲ့တာလား “

“ မစားရင် ဖြုန်းတီးရာကျသွားမှာပေါ့ဟ ”

လောင်လျူ ဆွံ့အသွား၏။

သူတို့သည် အရှေ့သို့ ဆက်လက်၍ ချဥ်းကပ်နေကြပြီး ရုတ်တရက်ဆိုသလိုပင် သူတို့၏ မျက်လုံးများအရှေ့တွင် ထူးဆန်းသော ပုံပန်းသွင်ပြင်ကို ပိုင်ဆိုင်ထားသည့် နွားအိုတစ်ကောင် ပေါ်ထွက်လာခဲ့၏။

၎င်း၏ ဦးခေါင်းပေါ်တွင် ချိုတစ်ချောင်းရှိနေခဲ့ပြီး စပါးအုံးကဲ့သို့သော အမြှီးကို ပိုင်ဆိုင်ထားကာ ၎င်း၏ခြေလက်လေးချောင်းပေါ်တွင် ချွန်ထက်နေသည့် လက်သည်းခြေသည်းများ ရှိနေခဲ့သည် မျက်လုံးများက ကြေးခေါင်းလောင်းကြီးများသဖွယ် ပြူးကျယ်နေကာ အဆိပ်ပြင်းမြွေတစ်ကောင်ကဲ့သို့ အေးစက်စက် ဖြစ်နေလျက်ရှိ၏။

၎င်းတို့သာလျှင် မဟုတ်ဘဲ ၎င်း၏ ခန္ဓာကိုယ်မှာ အဖုအပိတ်/အသားပိုတို့ဖြင့် ပြည့်နှက်နေခဲ့သည်။

၎င်းက ဒဏ်ရာတို့ဖြင့် ဖုံးလွှမ်းနေပြီဖြစ်သော်လည်း ၎င်းသည် လူငယ်တစ်ဦးနှင့် မိန်းမပျိုတစ်ဦးကို အရူးအမူး လိုက်ဖမ်းနေလျက်ရှိ၏။

လောင်လျူက စကားထပ်ပြောလာခဲ့သည် " နောက်တစ်လုပ် ပေါ်လာပြီ။ သွားစားလိုက်တော့ "

" အမ် ...... " လုချန်ရှန်းသည် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။

" ဘာဖြစ်လို့လဲ " ဟု လောင်လျူက မေးမြန်းလိုက်၏။

လုချန်ရှန်းမှ တုံ့ပြန်လာခဲ့သည် " အဲ့တစ်ကောင်က ရုပ်ဆိုးလွန်းတယ် ငါစားနိုင်လောက်မှာ မဟုတ်ဘူး "

" အဲ့တာ မူလချီကြီးပဲ မဟုတ်ဘူးလား။ မင်းက ဇီဇာကြောင်နေသေးတာလား "

စကားပြောနေရင်းဖြင့် သူ၏ အကြည့်များ စူးရှလာခဲ့သည်။

လုချန်ရှန်းကမူ ထိုကဲ့သို့ပြောလိုက်သော်လည်း ဤအတိုင်း ရပ်မနေခဲ့ပေ။ သူ၏လက်ကို မြှောက်လိုက်ရာ ဓားချီပေါက်ထွက်လာခဲ့ပြီး ထူးဆန်းသော နွားအိုကြီးကို ချက်ချင်းခုတ်ပိုင်းလိုက်၏။

မူလချီများ ပျောက်ကွယ်သွားသည်ကို စောင့်ကြည့်နေရင်းဖြင့် သူသည် မပြတ်မသား ဖြစ်နေသေးသည်။

သို့ရာတွင် သူသည် မူလဆေးလုံးတစ်လုံး ရရှိခဲ့ပြီး လူငယ်နှစ်ဦး၏ ကျေးဇူးတင်ခြင်းနဲ့ လေးစားမှုတို့ကိုပါ ရရှိခဲ့သည်။

သူ၏ ဂုဏ်သတင်းက အံ့ဖွယ်ကောင်းသော အမြန်နှုန်းဖြင့် ပြောင်းပြန်လှန်သွားခဲ့ပြီး လူတော်တော်များများသည် သူ၏ ဖြောင့်မတ်တည်ကြည်မှုနှင့် ကူညီတတ်မှုတို့ကို ချီးကျူးပြောဆိုနေခဲ့ကြသည်။

သတင်းများက အပြင်ကမ္ဘာသို့ ရောက်ရှိသွားသည့် အချိန်တွင် လုချန်ရှန်းနှင့်ဆက်ဆံခဲ့ဖူးသည့် အင်အားစုတိုင်းက အံ့သြမှင်သက်သွားကြသည်။ အဲ့တာက ငါတို့သိတဲ့ ချင်းယီရော ဟုတ်ရဲ့လားဟ။

သို့ရာ၌ လုချန်ရှန်းကမူ လမ်းတစ်လျှောက်လုံးတွင် မူလ ဝိညာဥ်များကို အဆက်မပြတ် စုပ်ယူခဲ့ရသည့်အတွက် အလွန်တရာ ပျော်ရွှင်နေလျက်ရှိပြီး သူ၏ မှော်စွမ်းအားများ ဆက်တိုက်စုစည်းလာကာ သူ့အား ဝိညာဥ်ကျောက်တုံး ခုနစ်သန်း သက်သာသွားစေခဲ့သည်။

" ငါက ဒီနေရာမှာ အမြဲတမ်း နေလို့ရလား "

လုချန်ရှန်းသည် လောင်လျူကို ရုတ်တရက် မေးမြန်းလိုက်သည်။

လောင်လျူသည် ခေါင်းခါပြကာ တုံ့ပြန်လိုက်သည် " အချိန်ကျလာတဲ့ အချိန်ကျရင် လူတိုင်းက ဒီနေရာကနေ ကန်ထုတ်ခံလိုက်ရဖို့များတယ် "

" နှမြောစရာကြီးကွာ "

ထို့နောက်တွင် သူတို့သည် စကားတပြောပြောဖြင့် အတွင်းပိုင်းသို့ ထပ်မံ၍ ဝင်ရောက်သွားခဲ့သည်။ တောင်တစ်လုံးအနားသို့ ချဥ်းကပ်သွားသည့် အချိန်တွင် လုချန်ရှန်း၏ ခြေလှမ်းများ ရုတ်တရက် ရပ်တန့်သွား၏။

သူ၏ခန္ဓာကိုယ် အတွင်းတွင် စွမ်းအားတစ်ခုခု ပေါက်ထွက်လာတော့မည်ဟု ခံစားနေခဲ့ရသည် ထို့နောက်တွင် သူ၏ ပတ်ပတ်လည်တွင် အလင်းတန်းများ ပေါက်ထွက်လာခဲ့၏။

ရောင်စုံအလင်းတန်းများ ဖြစ်တည်လာပြီး အနီးကပ် ရေတွက်ကြည့်မည်ဆိုပါက အရောင်ဆယ့်သုံးရောင်ရှိနေသည်ကို မြင်တွေ့ရမည် ဖြစ်သည်။

“ ဆယ့်သုံးခု “

လောင်လျူထံမှ အာမေဋိတ်သံတစ်သံ ပေါ်ထွက်လာခဲ့ပြီး မယုံကြည်နိုင် ဖြစ်နေသော အမူအရာမျိုးဖြင့် လုချန်ရှန်းကို ကြည့်လာခဲ့သည်။

သူ၏မျက်လုံးများအတွင်းတွင် အကြောက်တရားများ စွန်းထင်း‌လာခဲ့၏။

“ အဲ့တာက ဘာကြီးလဲ “ လုချန်ရှန်းက ဇဝေဇဝါဖြင့် မေးမြန်းလာ၏။

လောင်လျူမှ တုံ့ပြန်လိုက်သည် “ အဲ့တာက မင်းရဲ့ ကံတရားလေ “

“ ဟမ် “

“ ပုန်းကွယ်နေတဲ့ နဂါးစွမ်းအားက ကံကောင်းခြင်းနှင့် ဆက်စပ်နေတယ်။ ဒီအလင်းတန်းတွေက မင်းကံတရားရဲ့ ပြယုဂ်တွေပဲ။ ကံပိုကောင်းလေလေ အရောင်ပိုများလေလေပဲ “

“ အို့ အဲ့လိုပေါ့ “ လုချန်ရှန်းသည် နားလည်သွားကာ ခေါင်းငြိမ့်ပြလိုက်သည် “ ကြည့်ရတာတော့ ငါ့ရဲ့ ကံတရားက သိပ်မကောင်းတဲ့ပုံပဲ ဆယ့်သုံးခုပဲ ရှိတယ် “

“ ဆယ့်သုံးခုပဲ ရှိတယ်ဆိုတာက ဘာကိုဆိုလိုတာလဲ “

“ အဲ့လိုပဲ မဟုတ်ဘူးလား “

လုချန်ရှန်းသည် ဇဝေဇဝါ ဖြစ်သွားတော့သည်။ သူသည် သူကဲ့သို့သော ပါရမီရှင်တစ်ဦးက အနည်းဆုံး အနေဖြင့် အခု၇၀(သို့) ၈၀မျှ ပိုင်ဆိုင်ထားသည်ဟု ထင်နေခဲ့သည် သို့သော် ဆယ့်သုံးခုမျှသာ ရှိနေသောကြောင့် သူစိတ်ပျက်သွားခဲ့ရသည်။

သို့ရာတွင် စီးဆင်းနေသည့် အလင်းတန်းများအနက် တစ်ခုသည် အတော်လေး လှပနေလျက်ရှိပြီး တစ်ခြားသော အရောင်များကမူ အနက်ရောင် သမ်းနေကာ သူ့အား အေးဆေးတည်ငြိမ်ပုံပေါက်သွားစေခဲ့သည်။

သို့ရာတွင် လောင်လျူကမူ သူ့စကားကို ကြားကာ ဂဏာမငြိမ် ဖြစ်သွားတော့သည် “ ဆယ့်သုံးခုက ဘာကိုဆိုလိုလဲဆိုတာကို မင်းသိလား။ သာမန် ပါရမီရှင်တစ်ယောက်က ငါးခုပဲ ဖော်ထုတ်နိုင်တယ် အဲ့တာကတင် တော်တော်လေးကို အံဩဖို့ကောင်းနေပြီ။ ငါကြားခဲ့ဖူးတဲ့ အများဆုံးဟာကတော့ ကိုးခုပဲ မင်းက ဆယ့်သုံးခုကို တော်တော်လေး နည်းတယ်လို့ ထင်နေတယ်ပေါ့ “

“ မင်းပြောတဲ့အတိုင်းဆိုရင်တော့ မဆိုးပါဘူး “

“ ဒီ …….. “

လောင်လျူသည် ဆွံ့အသွားကာ ဘာပြောရမှန်းမသိ ဖြစ်သွားတော့၏။

သူသည် လုချန်ရှန်းက ကောင်းကင်ဘုံကို ဆန့်ကျင်နေသည်ဆိုသည်ကို သိနေခဲ့သည် သို့သော် ထိုမျှလောက်အထိ ဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ အလင်းတန်း ဆယ့်သုံးခု သမိုင်းကြောင်းတစ်လျှောက်တွင် လူမည်မျှက ထိုကဲ့သို့ ပြုလုပ်နိုင်ခဲ့သနည်း။

လွန်ခဲ့သော နှစ်သောင်းဂဏန်းအတွင်းတွင် သူ့အစ်ကိုကြီးမှတစ်ပါး တစ်ခြားသော မည်သူကမှ ဆယ်ခုထပ် မကျော်ခဲ့ချေ။

ဤအချိန်၌ လောင်လျူ၏ မျက်နှာပေါ်တွင် အပြုံးများ ပွင့်လန်းလာခဲ့သည် “ အစ်ကိုချင်းယီ မင်းကို တွေ့လိုက်ရတဲ့ အချိန်ကတည်းက မင်းက ထူးထူးခြားခြား ပါရမီပါပြီးတော့ ဒီကမ္ဘာကြီးထဲမှာ ပြိုင်ဘက်ကင်းတယ်ဆိုတာကို ငါသိနေခဲ့တယ်။ ငါ့ရဲ့ မျှော်မှန်းချက်တွေက တကယ်ကြီးကို မှန်နေခဲ့တာပဲ “

“ ဟမ် “

“ ဘာဖြစ်လို့လဲ “ လောင်လျူ၏ မျက်နှာသေးသေးလေးထံတွင် အပြုံးတို့ဖြင့် ပြည့်နှက်နေလျက်ရှိ၏။

လုချန်ရှန်းမှ တုံ့ပြန်လိုက်၏ ” လောင်လျူ မင်းက ငါ့ကို ဖားနေတယ်လို့ ငါခံစားနေရတယ် “

“ မင်းနားမလည်ပါဘူး အဲ့တာက တန်ဖိုးထားတာကွ “

“ မင်းက ငါ့ကို ဒီလောက်တောင် တန်ဖိုးထားတယ်ဆိုတော့ ဘာလိုချင်လဲပြော “

လောင်လျူက ပြန်ပြောလာခဲ့၏ “ ဘာမှမလိုချင်ပါဘူး။ သတိပဲပေးချင်တာ မင်းက ဒီလိုမျိုး တောက်ပလွန်းနေမယ်ဆိုရင် မနာလိုမှုတွေကို လွယ်လွယ်ကူကူ ဆွဲဆောင်မိလိမ့်မယ်။ မင်းက ပိုပြီးတော့ သိုသိုသိပ်သိပ် နေသင့်တယ် အဲ့တာကို ဖိနှိပ်ထားလိုက်။ ငါ့ဆီမှာ နည်းလမ်းတစ်ခုရှိတယ် ”

လုချန်ရှန်းသည် ခေါင်းငြိမ့်ပြကာ တုံ့ပြန်လိုက်သည် “ အမှန်ပဲ အဲ့တာက ငါ့စတိုင်မဟုတ်ဘူး။ ငါက သိုသိုသိပ်သိပ် နေရတာကို ကြိုက်တယ် “

ထို့နောက်တွင် လောင်လျူ၏ နည်းလမ်းကို အသုံးပြုလိုက်ပြီး သူ့ခန္ဓာကိုယ်ပေါ်တွင် ရှိနေသည့် အလင်းတန်းများမှာ ကိုးခုသာလျှင် ကျန်နေတော့သည်။

“ အများကြီး ပိုကောင်းသွားပြီ “ လုချန်ရှန်းသည် စိတ်ကျေနပ်စွာဖြင့် ခေါင်းတငြိမ့်ငြိမ့် ဖြစ်သွားတော့၏။

ထို့နောက်တွင် သူသည် လောင်လျူ၏ခန္ဓာကိုယ်ပေါ်တွင် အလင်းတန်း သုံးခုသာ ရှိနေသည်ကို သတိပြုမိသွား၏ သို့သော် သူသည် ထိုအကြောင်းကို တွေးတောစဥ်းစားရန် အလွန်တရာ ပျင်းရိနေခဲ့သည်။

တစ်ခဏအကြာတွင် သူတို့နှစ်ဦးစလုံး ရှေ့ဆက်သွားနေကြတော့သည် ထိုစဥ် တိုးညှင်းသော ဟိန်းဟောက်သံတစ်ခုက သူတို့၏ စိတ်နှလုံးသားများကို လှုပ်ခါသွားစေခဲ့၏။

အာရုံစိုက်၍ ကြည့်ရှုလိုက်ရာ ဧရာမ သားရဲကြီးတစ်ကောင်ကို မြင်တွေ့သွားခဲ့သည်။ ၎င်း၏ခန္ဓာကိုယ်က ကျားတစ်ကောင်အလား ဖြစ်နေခဲ့ပြီး ၎င်း၏ ဦးခေါင်းပေါ်တွင် ချိုနှစ်ချောင်းရှိနေခဲ့ကာ ၎င်း၏ ကျောပေါ်တွင် တောင်ပံနှစ်ခုပါ ရှိနေခဲ့သည်။ ၎င်း၏ ခန္ဓာကိုယ် တစ်ခုလုံးပေါ်တွင် အနက်ရောင် အကြေးခွံများ ဖုံးလွှမ်းနေကာ ၎င်းးအား အံ့ဖွယ်ကောင်းလောက်သည်အထိ ခိုင်မာတောင့်တင်းသွားစေခဲ့၏။

၎င်းက ခြေဆောင့်ချလိုက်သည်နှင့်တစ်ပြိုင်နက် ၎င်းသည် တောင်တစ်လုံးကို တိုက်ရိုက်ပြားကပ်သွားစေပြီး ပုံရိပ်အများအပြားကို ဘက်ပေါင်းစုံသို့ ပြန့်ကျဲသွားစေကာ အထိတ်တလန့် ဖြစ်သွားစေခဲ့၏။

ဝေါင်းးးး

ဟိန်းဟောက်သံ ထပ်မံ၍ ပေါ်ထွက်လာခဲ့သည့် အချိန်တွင် ၎င်းက စိတ်ဝိညာဥ်ကို လှုပ်ခါသွားစေခဲ့သည်။

လုချန်ရှန်းသည် ထိုနေရာသို့ ငေးကြည့်လိုက်ကာ တအံ့တဩ ဖြစ်သွားခဲ့သည်။ သူ့မျက်လုံးများ အရှေ့တွင် ရှိနေသည့်အရာမှာ ရှေးခေတ် နာမည်ကျော်မိစ္ဆာများအနက်မှ ချုံးချီပင် ဖြစ်သည်။

--

………………………………………………………………………………………………………………………………

All Chapters