← Chapters

အခန်း ၁၇၅

Vol. 12 Ch. 175

အခန်း ၁၇၅

Vol. 12 Ch. 175

အပိုင်း ( 175 )

ကျုပ်သိက္ခာကျသွားမှာပေါ့

ရှောင်ရွှမ်း အသတ်ခံလိုက်ရပြီး ကောင်းကင်ယံတွင် သွေးများ စွန်းထင်းသွားခဲ့သည်။

လုချန်ရှန်းကမူ အေးဆေးတည်ငြိမ်သော မျက်နှာထားနှင့် ထိုနေရာတွင် မတ်တပ်ရပ်နေခဲ့၏။

ထိုအချိန်၌ ချူချန်ခုန်း၏ မျက်လုံးများအတွင်းတွင် အံ့အားသင့်မှုများ ပြည့်နှက်နေလျက်ရှိပြီး မယုံကြည်နိုင်ဖြစ်နေမှုတို့ဖြင့် စွန်းထင်းနေခဲ့၏။

၎င်းက ထျန်းရီ မြင့်မြတ်နယ်မြေ၏ သူတော်စင်ဖြစ်သည် သို့သော် လုချန်ရှန်းသည် သူ့ကို မျက်တောင်ပင်မခတ်ဘဲ တိုက်ရိုက်သတ်ဖြတ်လိုက်သည်။

တစ်ချိန်တည်းမှာပင် သူသည် လောင်လျူကို ငေးကြည့်နေတော့သည် သူ၏စိတ်နှလုံးသားအတွင်းတွင် အကြောက်တရားတို့ဖြင့် ပြည့်နှက်နေခဲ့ပြီ ဖြစ်သည် သူသည် သူ၏နားလည်နိုင်စွမ်းထပ် ကျော်လွန်နေသည့် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော ဓားဆန္ဒကို ယခုလေးတင် ခံစားမိခဲ့သည်။

“ ချင်းယီ မင်း …….. “

သူ့စကားမဆုံးခင် အချိန်မှာပင် လုချန်ရှန်းသည် လေကုန်ခံမနေဘဲ သူ၏လက်ကို မြှောက်ကာ လွှဲရမ်းလိုက်သည် ဓားချီမြင့်တက်လာခဲ့ပြီး သူ၏ မျက်ခုံးများအကြားသို့ ထိုးဖောက်ဝင်ရောက်သွားကာ သူ၏ နတ်ဝိညာဥ်ကို ဖျက်ဆီး၍ သူ၏ အသက်စွမ်းအား အားလုံးကို ဖြတ်တောက်လိုက်၏။

ထိုမြင်ကွင်းက လူတိုင်းကို ထပ်မံ၍ အံ့ဩတုန်လှုပ်သွားစေခဲ့ပြန်သည်။

လောင်လျူပါ အံ့ဩတုန်လှုပ်သွား၏။

သူက လုချန်ရှန်းနှင့် အချိန်အတော်ကြာ မရှိခဲ့ဘူးသော်လည်း သူသည် ထိုကောင်က အလွန်တရာ ကပ်စီးနဲပြီး ဝိညာဥ်ကျောက်တုံးများကို သူ့အသက်လောက်နီးနီး တန်ဖိုးထားသည်ဆိုသည်ကို သိနေခဲ့သည်။

သူ၏ နဂိုမူလအစီအစဥ်အရ ဤတစ်ကြိမ်တွင် ထိုလူများကို ထပ်မံ၍ ပြန်ပေးဆွဲကာ သူတို့ဆီမှ ငွေညှစ်မည် ဖြစ်သည်။

သို့သော် ထိုအကောင်သည် ထိုကဲ့သို့ မပြုလုပ်ခဲ့ပေ။

လောင်လျူသည် စိတ်ခံစားချက်တို့ဖြင့် သက်ပြင်းချနေတော့သည်။ သူသည် ထိုလူက ကောင်းကင်ဘုံကို ဆန့်ကျင်နေသည်ကို သိနေခဲ့ပြီး ရင်းနှီးသွားစေရန် တွေးထားခဲ့သော်လည်း ၎င်းက သူမျှော်မှန်းထားသည်ထပ် ကျော်လွန်သွားခဲ့ပြန်သည်။

“ ချင်းကြီး မင်းကို ဘယ်ဟာက လှုံ့ဆော်ပေးလိုက်တာလဲ။ မင်းက ဝိညာဥ်ကျောက်တုံးတွေကိုတောင် မလိုချင်တော့ဘူးလား “

လုချန်ရှန်းက တုံ့ပြန်လိုက်၏ “ မလိုတော့ပါဘူး “

“ ဘာလို့လဲ “

“ ဒီနေရာမှာ မွေးရာပါ ဝိညာဥ်အဆင့် ပညာရှင်တွေ အများကြီး ရှိနေတာကို သူတို့နဲ့ ဘာသွားလုပ်နေရမှာလဲ။ ပြီးတော့ ငါဒေါသထွက်နေတယ်လေ သူတို့ရဲ့ သဘေားထားတွေကိုက ငါ့ကို စိတ်အနှောင့်အယှက် ဖြစ်စေတယ် “

“ အမ် …… “

လောင်လျူသည် ဆွံ့အသွားပြီး မည်သည့်စကားမှ ထပ်မပြောလာတော့ပေ။ ထိုကောင်က ဝိညာဥ်ကျောက်တုံးများ မလိုချင်သည်မှာ ရှားပါးလွန်းလှသော ဖြစ်ရပ်တစ်ခုဖြစ်သည်။

လုချန်ရှန်းကမူ အဝေးသို့ ငေးကြည့်ကာ မွေးရာပါ ဝိညာဥ်များကို အဆက်မပြတ် ရှာဖွေနေတော့၏။

သူကသာ ၎င်းတို့ကို လုံလုံလောက်လောက် ရှာတွေ့သရွေ့ ရလဒ်က တူညီနေမည် ဖြစ်သည်။

ထို့နောက်တွင် သူထွက်ခွာသွားတော့သည်။

သို့ရာတွင် ကြည့်ရှုသူများကမူ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြ၏။

တစ်ဦးချင်းစီတိုင်းသည် မယုံကြည်နိုင်ဖြစ်နေလျက်ရှိပြီး သူတို့၏ မျက်လုံးများအတွင်းတွင် အကြောက်တရားတို့ဖြင့် ပြည့်နှက်နေခဲ့၏။

“ ထျန်းရီ မြင့်မြတ်နယ်မြေရဲ့ သူတော်စင်က အသတ်ခံလိုက်ရပြီ “

“ ချင်းယီက ရူးသွားတာလားဟ “

“ မြန်မြန် သူတို့ကို သတင်းသွားပေးလိုက် “

“ … “

လူတစ်စုမှာ အထိတ်တလန့် ဖြစ်နေကြတော့သည်။

လုချန်ရှန်းကမူ အေးအေးလူလူသာ ဖြစ်နေခဲ့သည် အကယ်၍ သူက သူတို့ကို သတ်လိုက်သည်ဆိုပါက သူက သူတို့ကို သတ်လိုက်သည်ပင်ဖြစ်သည် သူသည် ဟိုတွေးဒီတွေး လျှောက်တွေးမနေခဲ့ပေ။

သူသည် ထိုလူနှစ်ဦးထံမှ ဝိညာဥ်ကျောက်တုံး သုံးသန်းမှ လေးသန်းအထိ တန်ကြေးရှိသော ပစ္စည်းများကို သိမ်းယူခဲ့ပြီး ယခင်က သူ့ထံတွင် ရှိနေသည့် အရာများနှင့် ပေါင်းစည်းလိုက်မည်ဆိုပါက စုစုပေါင်းအနေဖြင့် နှစ်ဆယ့်ခြောက်မှ နှစ်ဆယ့်ခုနစ်သန်းလောက် ဖြစ်သွားခဲ့ပြီ ဖြစ်သည်။

အရာအားလုံး တိတ်ဆိတ်ငြိမ်သက်သွားသည့် အချိန်၌ အဝေးရှိ တောင်တန်းပေါ်တွင် ရှိနေသည့် ပိန်သွယ်သွယ် လူငယ်တစ်ဦးသည် သူ၏အကြည့်များကို ပြန်ရုတ်သွားခဲ့သည် သူ၏မျက်လုံးများ အတွင်းတွင် အံ့အားသင့်မှုတို့ဖြင့် ပြည့်နှက်နေလျက်ရှိပြီး ထိုလူငယ်က ထိုမျှလောက် ပြတ်သားလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။

တွေးတောစဥ်းစားပြီးသည့်နောက်၌ သူသည် သူ့ဘေးနားတွင် ရှိနေသည့် အဘိုးအိုကို ကြည့်ကာ စကားပြောလိုက်သည် “ ကျွန်တော် သူ့ကို တွေ့ချင်တယ် “

“ ဟုတ်ကဲ့ “

တစ်ချိန်တည်းမှာပင် တစ်စုံတစ်ဦးသည် နဂါးနစ်မြုပ်ခြင်း နယ်မြေမှ ထွက်သွားတော့သည် စစ်သဘော်များသည် ပင်လယ်အထက်တွင် မျောလွင့်ကာ ထိုနေရာကို စောင့်ကြည့်နေကြစဲပင်။

အသွင်ပြောင်းခြင်းနယ်ပယ် ပညာရှင်များက မဝင်ခဲ့ကြပေ သူတို့သည် ဤနေရာနှင့် ပတ်သက်၍ စိုးရိမ်ပူပန်နေကြ၏။

သူတို့၏ အဆင့်မျိုးအထိ ကျင့်ကြံခဲ့ပြီးသည့်နောက်တွင် သူတို့၏ သက်တမ်းများက အကန့်အသတ်ရှိသွားပြီ ဖြစ်ပြီး သူတို့၏ ကံတရားများကလည်း အားကောင်းမနေတော့ဘဲ သူတို့အား ထိုနေရာသို့ ဝင်ရောက်ရန် မသင့်မတော်ဖြစ်သွားစေခဲ့သည် အတင်းအကြပ် ဝင်သွားမည်ဆိုပါက သူတို့သည် တန်ပြန်သက်ရောက်မှုကိုပင် ခံစားသွားရနိုင်ပေသည် သူတို့သည် သူတို့၏ အသက်များကို တန်ဖိုးထားကြသည်။

သို့ရာတွင် တစ်စုံတစ်ဦး ရောက်ရှိလာခဲ့ပြီး အကြီးဆုံး စစ်သဘော်ဆီသို့ တိုက်ရိုက်ဦးတည်သွား၏။

“ ကြောက်စရာကောင်းတဲ့ ကိစ္စတစ်ခု ဖြစ်သွားပါပြီ “ အသစ်ရောက်ရှိလာသူမှာ လူငယ်တစ်ဦးဖြစ်သည်။

“ ဘာလဲ “

ထျန်းကျီစံအိမ်မှ အဘိုးအိုတစ်ဦးက မေးမြန်းလိုက်သည်။

လူငယ်မှ ပြန်ဖြေလိုက်သည် “ သူတော်စင် ရှောင်ရွှမ်းနဲ့ ချူချန်ခုန်းတို့က ချင်းယီနဲ့ ထိပ်တိုက်တွေ့ခဲ့ပါတယ် “

“ ဟမ် “

ထိုစကားကို ကြားလိုက်ရသောအခါတွင် လူတိုင်း အနည်းငယ် မျက်မှောင်ကြုတ်သွားကြ၏။

ယခုတွင် လူတိုင်းက တစ်လှေတည်း စီးနေပြီဟု သတ်မှတ်နိုင်ပေသည် အကယ်၍ တွေ့ခဲ့ကြသည်ဆိုပါက တွေ့ခဲ့ကြသည်ဟု သဘောထားလိုက်ရုံပင် ပဋိပက္ခဖြစ်မည်ဆိုလျှင်တောင်မှ မည်သူမျှ မထိခိုက်သေးသရွေ့ မည်သည့်အရာကိုမှ တွေးပူနေရန် မလိုအပ်ပေ။

“ ဘာတွေ ဖြစ်ခဲ့တာလဲ “

“ ချင်းယီက မွေးရာပါ ဝိညာဥ်တစ်ခုနဲ့ တိုက်ခိုက်နေတာပါ ဒါပင်မဲ့ သူတော်စင် ရှောင်ရွှမ်းနဲ့ ချူချန်ခုန်းတို့က အဲ့တာကို ကြားဝင်လုခဲ့ပြီးတော့ ချင်းယီကို ဒေါသထွက်သွားစေခဲ့ပါတယ် “

“ တကယ်လို့ သူဒေါသထွက်ရင်လည်း ထွက်တယ်ပေါ့ သူက အဲ့လိုတော့ ………….. “

ထိုလူ့၏ စကားမဆုံးခင် အချိန်မှာပင် အသစ်ရောက်လာသည့် လူငယ်က ကြားဖြတ်ပြောလိုက်၏ “ ချင်းယီဘေးမှာ ရှိနေတဲ့ လူက သူတော်စင် ရှောင်ရွှမ်းကို ဖိနှိပ်လိုက်ပါတယ် ပြီးတော့ ……….. “

“ ခွေးသူတောင်းစားးးး “

ချက်ချင်းဆိုသလိုပင် ထျန်းရီ မြင့်မြတ်နယ်မြေ၏ လူများ ဒေါသထွက်သွားကြသည် သူတို့သည် တစ်ဖက်လူ၏ စကားကိုပင် ပြီးဆုံးအောင် နားမထောင်ခဲ့ကြပေ။

သို့ရာတွင် တစ်ခြားလူများကမူ မျက်မှောင်ကြုတ်သွားကြသည်။

ရှောင်ရွှမ်းက ချင်းယီကို ရန်စခြင်းက အဆင်ပြေပြီး ရှောင်ရွှမ်း ဖိနှိပ်ခံလိုက်ရသည့် အချိန်တွင်မူ သူတို့က ဒေါသတကြီး ဖြစ်သွားကြသည် ၎င်းက လူအုပ်ကြီးကို သက်ပြင်းတချချ ဖြစ်သွားစေခဲ့၏။

ချူလျူရှန်းမှာလည်း မနေနိုင်တော့ဘဲ ထိုနေရာကို ငေးကြည့်နေမိတော့သည်။

သတင်းလာပို့သည့် လူငယ်သည် ဘုန်းတန်ခိုးများကြောင့် ကြောက်လန့်သွားကာ အလိုအလျောက် တုန်ရင်သွားတော့၏။

ထျန်းကျီစံအိမ်၏ အဘိုးအိုက စကားထပ်ပြောလာခဲ့သည် “ အခြေအနေက အဲ့လိုဖြစ်လာပြီဆိုမှတော့ အဲ့လိုပဲပေါ့ “

သူသည် ကိစ္စများကို ပြေလည်သွားစေရန် ကြိုးပမ်းနေခဲ့ပြီး လုချန်ရှန်းကို ကာကွယ်ချင်နေသည့်အလား ဖြစ်နေခဲ့၏။

“ ချင်းယီရဲ့ ပုံစံအရဆိုရင် ဝိညာဥ်ကျောက်တုံးတွေကိုသာ ပြင်ဆင်ထားဖို့ လိုပါတယ် တာအိုရောင်းရင်း ဒေါသထွက်နေဖို့ မလိုပါဘူး ငါတို့ ထျန်းကျီစံအိမ်က အဲ့ဒီ ဝိညာဥ်ကျောက်တုံးတွေကို ထောက်ပံ့ပေးမှာပါ “

ထိုစကားလုံးများသည် အံ့အားသင့်ဖွယ်ကောင်းနေခဲ့ပြီး ထျန်းကျီစံအိမ်က လုချန်ရှန်းအား မည်မျှတန်ဖိုးထားလဲဆိုသည်ကို ပြသနေခဲ့၏။

ထျန်းရီ မြင့်မြတ်နယ်မြေမှာလည်း ထျန်းကျီစံအိမ်၏ မျက်နှာကြောင့် သဘောထား ပျော့ပျောင်းသွားခဲ့သည်။

သူတို့၏ အမြင်တွင် လုချန်ရှန်းက အံ့ဖွယ်ကောင်းကာ ဓားနှလုံးသား သန့်စင်မှုကို ပိုင်ဆိုင်ထားသော်လည်း သူက အူတိုင်ဖွဲ့စည်းခြင်း အဆင့်၆တွင်သာ ရှိနေသေး၏ သူတို့ကို အံ့အားသင့်သွားစေခဲ့သည့် အရာမှာ ချင်းယီက ရှောင်ရွှမ်းကို ဖိနှိပ်နိုင်ခဲ့ခြင်းပင် ဖြစ်၏။

ထို့နောက်တွင် ထျန်းကျီစံအိမ်၏ လူက စကားထပ်ပြောလာခဲ့၏ “ ချင်းယီကို သွားပြောလိုက် ငါတို့က သူ့အတွက် ဝိညာဥ်ကျောက်တုံးတွေ ပြင်ဆင်ထားခဲ့ပြီးပြီလို့ လူတွေကို လွှတ်ပေးဖို့ ပြောလိုက် ငါတို့က ………… “

“ နောက် …….. နောက်ကျသွားပါပြီ …… “ အသစ်ရောက်လာသည့် လူငယ်သည် တုန်တုန်ရင်ရင်ဖြင့် တုံ့ပြန်လိုက်၏။

တစ်ခြားလူများ မျက်မှောင်ကြုတ်သွားကြသည်။

“ နောက်ကျသွားတာလား “

“ ဘာကိုဆိုလိုတာလဲ “

“ ချင်းယီက သူတို့ကို သတ်လိုက်ပါပြီ “

ချက်ချင်းဆိုသလိုပင် အားလုံး၏ အမူအရာများ ပြောင်းလဲသွားတော့သည်။

“ သူက ရှောင်ရွှမ်းကို သတ်လိုက်တာလား “

“ ဟုတ်ပါတယ် “

“ အတင့်ရဲချက် “ ထျန်းရီ မြင့်မြတ်နယ်မြေ၏ လူများရှိရာဘက်မှ ဒေါသတကြီး ဟိန်းဟောက်သံများ ပေါ်ထွက်လာခဲ့၏။

ချူလျူရှန်း၏ အမူအရာ ပြောင်းလဲသွားကာ စကားဝင်ပြောလာခဲ့သည် “ ချူချန်ခုန်းကရော “

“ သူလည်း သေသွားပါပြီ “

ထိုစကားတစ်ခွန်းသည် ပတ်ဝန်းကျင်တစ်ခုလုံးကို တိတ်ဆိတ်ငြိမ်သက်သွားစေခဲ့သည်။

အားလုံး၏ မျက်လုံးများ အတွင်းတွင် မယုံကြည်နိုင်ဖြစ်နေမှုတို့ဖြင့် ပြည့်နှက်သွား၏ ဤတစ်ကြိမ်တွင် ချင်းယီက စည်းမျဥ်းများအတိုင်း မလုပ်ဆောင်ဘဲ သူတို့ကို တိုက်ရိုက်သတ်ဖြတ်လိုက်မည်ဟု မည်သူက ထင်မှတ်ထားမည်နည်း။

သူနှင့် ယခင်က ရင်ဆိုင်ခဲ့ဖူးသည့် လူများကပင် အံ့ဩတကြီး ဖြစ်သွားကြသည်။

“ ချင်းယီက ဘာဖြစ်နေတာလဲ။ ဝိညာဥ်ကျောက်တုံးတွေကိုတောင် ထပ်ပြီးတော့ မလိုချင်တော့ဘူးလား “

ထိုအချိန်၌ ထျန်းရီ မြင့်မြတ်နယ်မြေနှင့် ချူလျူရှန်းတို့၏ အမူအရာများ လုံးဝပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

ထျန်းကျီစံအိမ်မှ လူများသည် ဘာလုပ်ရမှန်းမသိဘဲ ထိုနေရာမှာပင် ကြောင်အမ်းအမ်း ဖြစ်သွားကြ၏ ထိုဖြစ်ရပ်က အလွန်တရာ ရုတ်တရက် ဆန်လွန်းနေခဲ့ပြီး မှန်းဆ၍ မရသော အခြေအနေတစ်ခု ဖြစ်သည်။

သို့ရာတွင် နဂါး နစ်မြုပ်ခြင်း နယ်မြေအတွင်းရှိ တောင်တန်းများအကြားတွင် ရှိနေသည့် လုချန်ရှန်းကမူ မွေးရာပါ ဝိညာဥ်များကို ဆက်တိုက်ဝါးမျိုနေလျက်ရှိ၏။

လောင်လျူကမူ တွေဝေတုံ့ဆိုင်းနေသော အမူအရာမျိုးဖြင့် သူ့ဘေးနားမှ လိုက်လာနေခဲ့၏။

“ ချင်းကြီး ဒီတစ်ခေါက်မှာ မင်းက စိတ်လိုက်မာန်ပါ လုပ်လိုက်တာလား “

“ ဘာကိုဆိုတာလဲ “

“ တကယ်လို့ မင်းက ဝိညာဥ်ကျောက်တုံးတွေ မလိုချင်ဘူးဆိုရင်တောင်မှ အနိမ့်ဆုံးအနေနဲ့ အဲ့လူတွေကို ဖမ်းထားပြီးတော့ ဝှက်ဖဲတွေအနေနဲ့ သုံးသင့်တယ် ငါတို့က အဲ့လူတွေကို ရှုံးသွားတဲ့ အချိန်ကျရင် ဘယ်လိုလုပ်မလဲ “

လုချန်ရှန်းမှ အေးအေးလူလူ တုံ့ပြန်လိုက်၏ “ အဲ့လိုဆိုမှ ငယ်ရွယ်ပြီးတော့ သွေးမဆူတဲ့ လူဆိုတာ ရှိလို့လားဟ။ နည်းနည်းလေး ဒေါသထွက်သွားတာက ပုံမှန်ပါပဲ “

“ ဒါပင်မဲ့ မင်းပြခဲ့တဲ့ ဒေါသက ထျန်းရီ မြင့်မြတ်နယ်မြေရဲ့ သူတော်စင်တစ်ယောက်ကို သတ်လိုက်တာလေ ငါတို့ …….. “

“ ငါတောင် မကြောက်တာကို မင်းက ဘာတွေ ကြောက်နေရတာလဲ “

လောင်လျူ မျက်မှောင်ကြုတ်သွားတော့သည် သူ၏မျက်နှာပေါ်တွင် စိတ်ရှုပ်ထွေးသွားသည့် အငွေ့အသက်များ ထင်ဟပ်လာခဲ့၏ “ ဒီလောက်တောင် တည်ငြိမ်နေပြီး အကြောက်အလန့် မရှိဘူးဆိုတော့ မင်းဆီမှာ ဝှက်ဖဲတစ်ခုခု ရှိနေတာလား “

“ စိတ်မပူပါနဲ့ ငါမင်းကို အပြင်ကို ခေါ်သွားပေးမှာပါ “

လောင်လျူသည် ဇဝေဇဝါ ဖြစ်နေသော်လည်း ဘာမှ ထပ်မပြောလိုက်ပေ။

လုချန်ရှန်းကမူ မည်သည့်အရာကိုမှ ဂရုစိုက်မနေခဲ့ပေ အကယ်၍ ချင်းယီက အပြင်မထွက်နိုင်ဘူးဆိုပါက လုချန်ရှန်း ရှိနေသေးသည် မဟုတ်လော။ မည်သည့်အရာကို ကြောက်လန့်နေရမည်နည်း။

၎င်းကို သူတွေးတောစဥ်းစားနေသည့် အချိန်တွင် ပုံရိပ်တစ်ခု ပေါ်လာခဲ့ကာ သူ၏လမ်းကြောင်းကို တားဆီးပိတ်ဆို့လာခဲ့သည်။

အသစ်ရောက်ရှိလာသူသည် စိတ်ခံစားချက်များ ကင်းမဲ့နေသည့် အဘိုးအိုတစ်ဦး ဖြစ်ပြီး သူသည် မွေးရာပါ ဝိညာဥ်အဆင့်၉ ကျင့်ကြံရေးကို ပိုင်ဆိုင်ထားခဲ့သည်။

“ ထျန်းကျီစံအိမ် “

လုချန်ရှန်းသည် ၎င်းကို အာရုံခံနေနိုင်ခဲ့သည်။

အဘိုးအိုသည် ခေါင်းငြိမ့်ပြကာ ပြန်ပြောလာခဲ့သည် “ ငါနဲ့လိုက်ခဲ့ “

“ ဘယ်ကိုလဲ “ လောင်လျူ မျက်မှောင်ကြုတ်သွားခဲ့သည်။

“ တစ်ယောက်ယောက်က မင်းကို တွေ့ချင်နေတယ် “ အဘိုးအိုသည် လုချန်ရှန်းကိုသာ စိုက်ကြည့်နေခဲ့ပြီး တုံ့ပြန်လာခဲ့သည်။

သို့ရာတွင် လုချန်ရှန်းကမူ အေးဆေးတည်ငြိမ်နေလျက်ရှိပြီး အဝေးရှိ တောင်တန်းကို ငေးကြည့်ကာ ဖြည်းဖြည်းချင်း ပြန်ပြောလိုက်သည် “ တကယ်လို့ သူက ကျုပ်ကို တွေ့ချင်တယ်ဆိုရင် သူ့ကို သူကိုယ်တိုင် လာခဲ့ဖို့ပြောလိုက် “

“ မင်းဘာပြောလိုက်တယ်။ အဲ့တာက ဘယ်သူလဲဆိုတာကို မင်းသိ ……. “

“ သူဘယ်သူလဲဆိုတာကို ကျုပ်ဂရုမစိုက်ဘူး တကယ်လို့ ကျုပ်သွားလိုက်မယ်ဆိုရင် ကျုပ်သိက္ခာကျသွားရမှာ မဟုတ်ဘူးလား “

--

………………………………………………………………………………………………………………………………

All Chapters