← Chapters

အခန်း ၁၇၈

Vol. 12 Ch. 178

အခန်း ၁၇၈

Vol. 12 Ch. 178

အပိုင်း ( 178 )

နောက်တစ်ခေါက်ကျရင် ငါမင်းကို ဈေးလျှော့ပေးမယ်

တောင်တန်းဒေသအကြားတွင် ကြီးမားသော အစီအရင်ကြီးတစ်ခု ရှိနေခဲ့၏။

လုချန်ရှန်းသည် အရာအားလုံးကို ကြည့်ရှုနေရင်းဖြင့် စိတ်ခံစားချက်များ လှိုက်တက်လာခဲ့၏။

“ ဘယ်လောက်တောင် ခမ်းနားလိုက်တဲ့ ပြင်ဆင်မှုလဲ “

ထိုမျှကြီးမားသော အစီအရင်ကြီးကို တည်ဆောက်နိုင်ခြင်းမှာ လူတစ်ဦး၏ အင်အားကို ပြသရန် လုံလောက်သည်ထပ်ပင် ပိုနေခဲ့သည်။

လောင်လျူကမူ ၎င်းတို့ကို ငေးကြည့်နေရင်းဖြင့် မအောင့်ထားနိုင်တော့ဘဲ စကားလှမ်းပြောလာခဲ့၏ “ ချင်းကြီး မင်းက ကပ်ဘေးကို သူ့အတွက် တကယ်ကြီး ရင်ဆိုင်ပေးမလို့လား “

“ ငါက ငွေတောင် ယူထားပြီးပြီလေ မင်းဘယ်လိုထင်လို့လဲ “

“ အဲ့တာက ကလေးကစားစရာ မဟုတ်ဘူးနော် တစ်ခြားလူတစ်ယောက်အတွက် ကပ်ဘေးကို ရင်ဆိုင်ပေးမယ်ဆိုရင် မင်းက မင်းရဲ့ကိုယ်ပိုင် ကပ်ဘေးကိုပါ ရင်ဆိုင်ရမှာနော်။ အဲ့တာက ဟာသမဟုတ်ဘူး “

“ ဟူးး “ လုချန်ရှန်းသည် အသာအယာ သက်ပြင်းချကာ တုံ့ပြန်လိုက်သည် “ မင်းသိပါတယ် ငါ့ဘဝက ငယ်ငယ်လေးကတည်းက ခက်ခဲကြမ်းတမ်းခဲ့တာလေ။ ဝိညာဥ်ကျောက်တုံး တစ်ချို့ ရဖို့အတွက် ငါ့ရဲ့ အသက်ကိုတောင် စွန့်စားနေရတယ်။ ငါက ချမ်းသာတဲ့ မင်းလိုမျိုး မဟုတ်ဘူးကွ အရာအရာတိုင်းကို ဖြည်းဖြည်းချင်းစီ ကြိုးစားရင်း လုပ်ယူရတာ ……. “

စကားပြောနေရင်းဖြင့် လုချန်ရှန်းသည် မျက်ရည်ကျလုမတတ် ဖြစ်သွားခဲ့သည်။

လောင်လျူမှ တုံ့ပြန်လာခဲ့၏ “ ဒါပင်မဲ့ အဲ့လိုဆိုရင်တောင်မှ မင်းရဲ့ အသက်ကို စွန့်စားနေဖို့ မလိုအပ်ဘူးလေ။ တကယ်လို့ မင်းဆီမှာ ဝိညာဥ်ကျောက်တုံး မရှိဘူးဆိုရင် တစ်ခြားနည်းလမ်းတွေ အများကြီး ရှိနေတာပဲကို “

“ မင်းက ငါ့ကို ချေးမှာမို့လို့လား “

“ ဟုတ်တယ်။ မင်းက ဘယ်လောက်ချေးချင်လို့လဲ “

“ တစ်ရာ မီလီယံ “

“ တစ် ……… “

ချက်ချင်းဆိုသလိုပင် လောင်လျူသည် အမူအရာ ရှုံ့မဲ့သွားကာ ပါးစပ်အဟောင်းသား ဖြစ်သွားပြီး မျက်မှောင်ကြုတ်သွားတော့သည်။

တစ်ရာမီလီယံလား။ ငါက မင်းအတွက် ဘာယူပေးရမှာလဲ ဝိညာဥ်ကျောက်မိုင်းတွင်းလား။

ငါ့ကို အဲ့လောက်တောင် အထင်ကြီးနေတာလား။

“ ဘယ်လိုလဲ။ ချေးမှာလား “ ဟု လုချန်ရှန်းမှ မေးမြန်းလိုက်၏။

လောင်လျူက ပြန်ပြောလိုက်သည် “ ဒါဆိုရင်လည်း မင်းသွားသေလိုက်တော့ “

သူသည် ဤလူက သူ့ကို ထပ်မံ၍ စနောက်နေပြန်ပြီဟု ခံစားသွားခဲ့ရ၏။

အစီအရင် အတွင်းသို့ ဝင်သွားခဲ့ပြီးသည့်နောက်တွင် မိုချင်သည် အဘိုးအိုကို ကြည့်ကာ စကားပြောလိုက်သည် “ ခင်ဗျားနဲ့ အစ်ကိုဝူရွှမ်းတို့က အရင်ထွက်သွားသင့်တယ်။ ဘာကိစ္စတွေပဲဖြစ်လာဖြစ်လာ လုံးဝမဝင်လာခဲ့နဲ့။ တကယ်လို့ ကျရှုံးသွားမယ်ဆိုရင်တောင်မှ တစ်ခြားလူတွေနဲ့ ဘာမှမဆိုင်ဘူး။ ချင်းယီကို အခက်တွေ့အောင် မလုပ်ပါနဲ့ “

“ ဟုတ်ကဲ့ “

အဘိုးအိုသည် ထိုကဲ့သို့ တုံ့ပြန်လိုက်ကာ လှည့်ထွက်သွား၏။

လုချန်ရှန်းသည် မျက်မှောင်ကြုတ်သွားကာ စကားပြောလိုက်သည် “ မင်းက ငါ့ကို အဲ့လောက်ကြီးတောင် ယုံတာလားဟ “

“ ငါ့မှာ ရွေးချယ်စရာ ရှိလို့လား “

“ အင်းး။ ငါ့ကို လာရှာတယ်ဆိုတော့ မင်းဆီမှာ အမြော်အမြင်ရှိတယ် “

လုချန်ရှန်းသည် ခေါင်းတငြိမ့်ငြိမ့်ဖြင့် ထိုလူ့ထံတွင် ကောင်းမွန်သော အနာဂတ်တစ်ခုရှိနေသည်ဟု ခံစားနေရတော့သည်။ သူ့ကို ယုံကြည်ခြင်းမှာ မှန်ကန်သော ရွေးချယ်မှုဖြစ်ပြီး သူသည် ကိုယ်ပိုင်မူဝါဒများ ရှိကာ စည်းစောင့်သော လူတစ်ဦး ဖြစ်သည်။ တစ်ဖက်လူကသာ ငွေလုံလုံလောက်လောက် ယူလာသရွေ့ မည်သည့်ပြဿနာ မဖြစ်စေဘဲ ကိစ္စကို အောင်မြင်အောင် ပြုလုပ်ပေးမည်ဖြစ်သည်။

သူက စိတ်နှစ်၍ လုပ်ဆောင်သည်ဟု ပြောဆိုမည်ဆိုလျှင်တောင်မှ ၎င်းက ချဲ့ကားပြောဆိုရာ ရောက်လိမ့်မည် မဟုတ်ပေ။

သူက ကပ်ဘေးကို တစ်ခြားလူများအတွက် တစ်ကြိမ်တစ်ခါမှ မရင်ဆိုင်ပေးခဲ့ဖူးသော်လည်း အရာရာတိုင်းအတွက် ပထမဦးဆုံးအကြိမ်ဆိုသည်မှာ ရှိစမြဲပင်။ သူသည် မိုချင်ဖြင့် အရင်ဦးဆုံး လေ့ကျင့်လိုက်မည် ဖြစ်ပြီး သူကိုယ်တိုင်ကပင် မိုးကြိုးတာအိုကို မတော်တဆ နားလည်မိသွားနိုင်ပေသည်။

၎င်းက အချိန်အတော်ကြာ ငြိမ်သက်နေခဲ့ပြီးပြီဖြစ်ပြီး အပင်ပေါက်လာရန် အချိန်တန်ပြီဖြစ်သည်။

အရာအားလုံးက သူထင်ထားသည့်အတိုင်းသာ ဖြစ်လာခဲ့၏။ မိုချင်က ကြိုတင်ပြင်ဆင်မှုများကို ပြုလုပ်ထားခဲ့ပြီးပြီဖြစ်သည် လုချန်ရှန်းပြောခဲ့ပြီးသည့်အတိုင်းပင် ကောင်းကင်ဘုံကပ်ဘေး ဆင်းသက်လာသည့် အခိုက်အတန့်တွင် သူသည် မိုချင်ကို ဖိနှိပ်ကာ မှော်ပစ္စည်းတစ်ခုအတွင်းသို့ ပစ်ထည့်လိုက်၏။

မိုချင် ပျောက်ကွယ်သွားသော်လည်း ကောင်းကင်ဘုံ ကပ်ဘေးက ကျန်ရှိနေခဲ့သည်။ ပထမဦးဆုံး မိုးကြိုးကပ်ဘေး ဆင်းသက်လာသည့် အချိန်တွင် သူသည် အလွန်တရာ တည်ငြိမ်နေခဲ့ပြီး မိုးကြိုးလျှပ်စီးများကို သူ၏ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းခွင့်ပြုထား၏။

အူတိုင်ဖွဲ့စည်းခြင်းနယ်ပယ်မှ မွေးရာပါ ဝိညာဥ်နယ်ပယ်သို့ ထိုးဖောက်သည့် ကပ်ဘေးက သူ့အတွက် ဘာမှမဟုတ်ပေ။ အကယ်၍ မိုချင်က ထူးခြားနေကာ ပုံမှန်မဟုတ်သော မိုးကြိုးကပ်ဘေးကို ဆွဲဆောင်မိမည်ဆိုလျှင်တောင်မှ ရလဒ်က ပြောင်းလဲလိမ့်မည် မဟုတ်ပေ။

သို့ရာ၌ ကောင်းကင်ဘုံ မိုးကြိုးကပ်ဘေးများ ဆင်းသက်လာသည်နှင့်အမျှ တိမ်တိုက်များ စုစည်းလာခဲ့ပြီး ဤ‌ဒေသတစ်ခုလုံး အဆုံးမဲ့ အမှောင်ထုအတွင်းသို့ ကျဆင်းသွားကာ ပိုမိုအားကောင်းသော ကပ်ဘေးတစ်ခု ဖြစ်တည်ခဲ့လေပြီ။

၎င်းက လုချန်ရှန်း၏ ကိုယ်ပိုင်မိုးကြိုး ကပ်ဘေးပင် ဖြစ်သည်။

တစ်ခြားလူတစ်ဦးအတွက် ကပ်ဘေးကို ရင်ဆိုင်ပေးခြင်းမှာ သူကိုယ်တိုင်ကလည်း ကပ်ဘေးတစ်ခုကို ရင်ဆိုင်ရမည်ဟု ဆိုလိုနေခြင်း ဖြစ်သည် ထို့အပြင် ထိုလူ၏ ကပ်ဘေးပါ ရှိနေသေးသည်။

ဂျိန်းးးးးး

မိုးကြိုးတစ်စင်းတည်းဖြင့် တောင်ထိပ်တစ်ခုလုံး ပေါက်ကွဲထွက်သွားကာ သူ့အား အရှင်လတ်လတ် မြေမြှုပ်လုနီးပါး ဖြစ်သွားခဲ့သည်။

ထိုကာလအတွင်းတွင် သူသည် အသက်ရှူရန်ပင် အခွင့်အရေး မရခဲ့ပေ။ မိုးကြိုးလျှပ်စီးများ လိမ်ယှက်ကျဆင်းလာခဲ့ပြီး မိုးသည်းထန်စွာရွာသွန်းနေသကဲ့သို့ သူ့ကို အပြည့်အဝ ဖုံးလွှမ်းလာခဲ့သည်။

လောင်လျူနှင့် အဘိုးအိုတို့သည် အဘိုးအို၏ နည်းလမ်းမှတစ်ဆင့် အတွင်းရှိ အခြေအနေများကို မြင်နေနိုင်ခဲ့၏။

ကောင်းကင်ပြင်တွင် ပြည့်နှက်နေသည့် မိုးကြိုးကပ်ဘေးကို မြင်ရခြင်းသည် မည်သူ့ကိုမဆို ကတုန်ကရင် ဖြစ်သွားစေလိမ့်မည်။ ထိုမြင်ကွင်းက အလွန်တရာ အံ့ဖွယ်ကောင်းနေလျက်ရှိ၏။

“ ဝိညာဥ်ကျောက်တုံးလေး နည်းနည်းလောက် ရဖို့အတွက်နဲ့ သူ့အသက်ကိုတောင် စွန့်စားနေတာပဲ “ ဟု လောင်လျူမှ ရေရွတ်နေခဲ့၏။

သို့ရာတွင် ပိုမိုအားကောင်းသော မိုးကြိုးကပ်ဘေးများ တစ်ခုပြီးတစ်ခု ဖြစ်တည်လာခဲ့သည်။

လုချန်ရှန်းသည် မြေပြင်ပေါ်တွင် ထိုင်နေကာ နာကျင်မှုကို သည်းခံ၍ မိုးကြိုးစွမ်းအားကို မွေးရာပါ ဝိညာဥ်၏ လက်ထဲတွင် ရှိနေသည့် မျိုးစေ့ထံသို့ လမ်းညွှန်ပေးကာ ၎င်းကို ဖြည်းဖြည်းချင်း နှိုးဆွပေးရင်းဖြင့် အဆက်မပြတ် သန့်စင်နေလျက်ရှိသည်။

ဤဖြစ်စဥ်အတွင်းတွင် သူသည် ထူးဆန်းသော အရာတစ်ခုကို ရှာတွေ့သွား၏။ မွေးရာပါ ဝိညာဥ်နှင့် မိုးကြိုးကပ်ဘေးက ထိတွေ့သွားသည့် အခိုက်အတန့်တွင် သူ၏မွေးရာပါ ဝိညာဥ်က ပြင်းထန်သော နာကျင်မှုကို ခံစားသွားခဲ့ရသည် သို့သော် ၎င်းကို တောင့်ခံခဲ့ပြီးသည့်နောက်တွင် ၎င်း၏ ခန္ဓာကိုယ် တောက်ပလာခဲ့ပြီး ခံနိုင်ရည်အား တိုးတက်သွားပုံရသည်။

“ အဲ့လို နူးညံ့တဲ့ဟာမျိုးကိုတောင် ပြုပြင်ပေးလို့ရတာလားဟ “

လုချန်ရှန်း အံ့ဩသွား၏။ သူသည် နာကျင်မှုကို သည်းခံကာ မိုးကြိုးအပိုင်းအစတစ်ခုကို ဆွဲထုတ်ကာ ထပ်မံ၍ စမ်းသပ်ကြည့်နေတော့သည် ပိုမိုများပြားသော မိုးကြိုးစွမ်းအားများက မျိုးစေ့ဆီသို့ တိုးဝင်သွားတော့သည်။

သူ၏ခန္ဓာကိုယ် တစ်ခုလုံး အတွင်းအပြင် နှစ်ခုလုံးမှ ငွေရောင်လျှပ်စီးချီတစ်ခု ထုတ်လွှင့်လာခဲ့၏။

အရာအားလုံး ဖြစ်ပျက်နေမှုနှင့်အတူ လုချန်ရှန်းသည် လူတိုင်းက ကျားဟု ခေါ်ဆိုနေကြသည့် မိုးကြိုးကပ်ဘေးက သူ့အတွက် ပစ္စည်းကောင်းတစ်ခုဖြစ်နေသည်ကို သိရှိသွားခဲ့သည်။

၎င်းက ရုပ်ခန္ဓာကို ပြုပြင်ပေးနိုင်ခြင်းနှင့် မှော်စွမ်းအား သိပ်သည်းခြင်းတို့ကို ပြုလုပ်ပေးနိုင်ရုံသာလျှင် မဟုတ်ဘဲ မွေးရာပါ ဝိညာဥ်ကိုပါ ပြုပြင်ပေးနိုင်ပေ၏။ လူတစ်ဦးက ၎င်းကို တောင့်ခံထားနိုင်သရွေ့ မိုးကြိုးတာအိုကို အာရုံခံနိုင်ကာ အန္တိမ နတ်စွမ်းရည်များကိုပင် ကျင့်ကြံနိုင်ပေလိမ့်မည်။

အဆိုပါ အကျိုးအမြတ်များကို ရရှိရန်အတွက် အဓိက လိုအပ်သည့်အရာမှာ ကံကောင်းခြင်းပင် ဖြစ်သည်။ အကယ်၍ လူတစ်ဦးက ၎င်းကို တောင့်မခံနိုင်ခဲ့ဘူးဆိုပါက(သို့) ပေါ့ဆမိသွားမည်ဆိုပါက အပြည့်အဝ သုတ်သင်ရှင်းလင်းခံလိုက်ရမည် ဖြစ်သည်။

လုချန်ရှန်းသည် ထိုနေရာတွင် ထိုင်နေရင်းဖြင့် သူ့အပေါ်သို့ အရာအားလုံး ကျဆင်းခွင့်ပြုထား၏။ ကျဆင်းလာသည့် မိုးကြိုးများနှင့် ဟိန်းဟောက်မာန်ဖီနေသော လျှပ်စီးများမှအပ အရာအားလုံးက တိတ်ဆိတ်ငြိမ်သက်နေသည့်အလား ဖြစ်နေခဲ့သည်။

“ ဘာလို့ ဘာလှုပ်ရှားမှုမှ မရှိရတာလဲ “ လောင်လျူ မျက်မှောင်ကြုတ်သွားခဲ့သည်။

အဘိုးအို၏ မျက်နှာပေါ်တွင်လည်း စိုးရိမ်ပူပန်နေသည့် အရိပ်အငွေ့များ စွန်းထင်းလာခဲ့၏ “ နတ်သားတော်က သူ့ကို ယုံကြည်ဖို့ ရွေးချယ်လိုက်တယ်ဆိုမှတော့ သူက သေချာပေါက် အဆင်ပြေနေမှာပဲ “

“ ခင်ဗျားကလည်း သူ့ကို ယုံတာပဲလား။ သူက သုံးစားမရတဲ့ လူလိမ်လူညာတစ်ယောက်ပဲလေ “

“ နတ်သားတော်ရဲ့ ရွေးချယ်မှုက မမှားနိုင်ဘူး “

အဘိုးအို၏ အကြည့်များမှာ စူးရှခိုင်မာနေလျက်ရှိ၏။

သို့ရာတွင် လောင်လျူကမူ အံ့ဩတကြီး ဖြစ်သွားကာ မိုချင်က ဤကဲ့သို့ သစ္စာရှိသော ပရိတ်သတ်တစ်ဦးကို မည်သည့်နေရာမှ ရှာလာလဲဆိုသည်ကို တွေးတောစဥ်းစားနေတော့၏။

သို့ရာ၌ အချိန်အတော်ကြာခဲ့ပြီးသည့်နောက်တွင် ကောင်းကင်နှင့်ကမ္ဘာမြေ ပြိုကွဲသွားတော့မည့်အလား ဖြစ်သွားခဲ့သည်။ ထိုနေရာတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေလျက်ရှိပြီး မိုးကြိုးကပ်ဘေး ပျောက်ကွယ်သွားသည်က အချိန်အတော်ကြာနေခဲ့ပြီဖြစ်သော်လည်း မည်သည့်လှုပ်ရှားမှုမှ မရှိသေးပေ။

သူတို့နှစ်ဦးသည် အစီအရင်အတွင်းသို့ ပြေးဝင်သွားတော့သည် အစီအရင်ကိုယ်တိုင်ကိုက တစ်ဝက်ကျော်ကျော် ပျက်စီးနေခဲ့ပြီ ဖြစ်သည်။

“ မွေးရာပါ ဝိညာဥ်ကပ်ဘေးလေးပဲလေ ဘယ်လိုလုပ် ဒီလောက်တောင် ကြောက်စရာကောင်းနေရတာလဲ “

အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရသည့် အချိန်တွင် အဘိုးအို၏ အမူအရာ မည်းမှောင်သွားသည်။

လောင်လျူသည် မည်သည့်အရာများ ဖြစ်ပျက်ခဲ့လဲဆိုသည်ကို နားလည်သွားကာ စကားပြောနေတော့၏ “ ခင်ဗျားရဲ့ နတ်သားတော်က တော်တော်လေးကို ထူးခြားနေလို့ ကြောက်စရာကောင်းတဲ့ ကပ်ဘေးကို ဆွဲဆောင်မိသွားတာနေမယ် “

အဘိုးအိုသည် စကားပြန်မပြောဘဲ ရှာဖွေရေးသာ ပြုလုပ်နေလျက်ရှိ၏။

အဝေးတွင် လုံးဝမည်းနက်နေသည့် ပုံရိပ်တစ်ခုသည် ထိုနေရာမှာပင် မလှုပ်မယှက် ထိုင်နေလျက်ရှိသည်။

မိုချင်ကမူ သူ၏ဘေးနားတွင် တိတ်တဆိတ် လှဲလျောင်းနေလျက်ရှိပြီး သူ၏အဝတ်အစားများမှာ အပြစ်အနာအဆာ ကင်းနေကာ ဆံချည်မျှင် တစ်မျှင်ပင် မထိခိုက်ခဲ့ပေ သူ၏အသားအရည်သည် ယခင်ကကဲ့သို့ ဖြူဖျော့မနေတော့ဘဲ အနည်းငယ် အနီရောင်သမ်းနေလျက်ရှိကာ သူက နေမကောင်းဖြစ်နေသည်ဟုပင် ခံစားသွားရစေခဲ့သည်။

“ နတ်သားတော် “

အဘိုးအိုသည် စစ်ဆေးရန်အတွက် ချက်ချင်းရှေ့တက်သွားပြီး သူအဆင်ပြေနေပြီး သူ၏ ကျင့်ကြံရေး အရှိန်အဝါက မွေးရာပါ ဝိညာဥ်အဆင့်၁သို့ ရောက်ရှိနေပြီဆိုသည်ကို အတည်ပြုနိုင်ခဲ့၏။

လောင်လျူကမူ လုချန်ရှန်းကို လှည့်ပတ်ကြည့်ရှုနေခဲ့ပြီး သူ့ထံမှ မည်သည့်တုံ့ပြန်မှုမှ မရသောကြောင့် မျက်မှောင်တကြုတ်ကြုတ် ဖြစ်သွားခဲ့သည်။

“ သူက မိုးကြိုးအပစ်ခံရပြီးတော့ သေသွားတာတော့ မဟုတ်ဘူးမလား “

" အဲ့လိုမဖြစ်သင့်ဘူးလေ ဒီကောင့်လို ကပ်ဆိုးမျိုးတွေက အမြဲလိုလို သက်ဆိုးရှည်တယ် မဟုတ်ဘူးလား "

" သူသေသွားပြီ ဒါပင်မဲ့ ဝိညာဥ်ကျောက်တုံးတွေက ရှိနေတုန်းပဲ။ သူက အဲ့တာတွေကို ဘယ်နားမှာ ထားထားပါလိမ့် "

လောင်လျူသည် စကားပြောနေရင်းဖြင့် လက်ဆန့်တန်းကာ စမ်းကြည့်ရန် ပြင်လိုက်သည် သို့သော် ထိုအချိန်တွင် လုချန်ရှန်းက မျက်လုံးများ ရုတ်တရက် ဖွင့်လာခဲ့ပြီး သူ၏ ခန္ဓာကိုယ်မှ လျှပ်စီးအလင်းတန်းပေါင်းများစွာ ပေါက်ထွက်လာခဲ့သည်။

ငွေရောင် မိုးကြိုးကပ်ဘေးတစ်ခု ခုန်ပေါက်လာခဲ့ပြီး လောင်လျူ ချက်ချင်းတုန်လှုပ်သွား၏။

" မင်းမေကလွှား "

အဘိုးအိုသည် ထိုအသံကို ကြားကာ လျင်မြန်စွာ လှည့်ကြည့်လာခဲ့ပြီး မည်းနက်နေသည့် လုချန်ရှန်းက မတ်တပ်ထရပ်ကာ မိုးခိုးငွေ့များ မှုတ်ထုတ်နေသည်ကို မြင်တွေ့သွား၏။ သူ၏ ကိုယ်တွင်းကိုယ်ပ နှစ်ခုလုံး လောင်ကျွမ်းနေလျက်ရှိသော်လည်း သူသည် သူ၏ ခန္ဓာကိုယ်အတွင်းပိုင်းတွင် အပြောင်းအလဲတစ်ခု ဖြစ်တည်လာသည်ဟု ခံစားနေခဲ့ရ၏။

မိုချင်ပါ နိုးလာခဲ့ပြီး ၎င်းကို မြင်တွေ့သွားကာ အလောတကြီး မေးမြန်းလာတော့၏ " အစ်ကိုချင်းယီ မင်းအဆင်ပြေရဲ့လား "

လုချန်ရှန်းကမူ သူ၏ လက်ကို ဝေ့ရမ်းပြလိုက်သည်။

မိုချင်မှ စကားထပ်ပြောလာခဲ့၏ " တကယ်အဆင်ပြေတာလား "

" မဟုတ်ဘူး " လုချန်ရှန်းက တုံ့ပြန်လာတော့၏ " စိတ်မပူပါနဲ့ ကပ်ဘေးကို နောက်တစ်ခါ ကျော်ဖြတ်မယ်ဆိုရင် ငါ့ကို ခေါ်လို့ရသေးတယ်။ တကယ်လို့ အဲ့တာကို လိုအပ်တဲ့ မိတ်ဆွေတွေ ရှိနေမယ်ဆိုရင် သူတို့ကို မိတ်ဆက်ပေးလိုက်လို့ရတယ်။ မင်းတို့အားလုံးက ဖောက်သည်ဟောင်းတွေဆိုတော့ ငါသေချာပေါက် စျေးလျှော့ပေးမယ် "

သူသည် မီးခိုးကွင်းများကို မှုတ်ထုတ်ကာ စကားပြောနေရင်းဖြင့် ဘေးတစ်ဖက်သို့ လျှောက်လှမ်းသွား၏။ သူ၏မှော်စွမ်းအား လည်ပတ်မှုနှင့်အတူ သူ၏ ဒဏ်ရာအားလုံး ပျောက်ကွယ်သွားကာ ချင်းယီအဖြစ်သို့ ပြန်လည်ရောက်ရှိသွား၏။

လူသုံးဦးသည် စောင့်ကြည့်နေရင်းဖြင့် သူက အနည်းငယ် ထူးခြားနေသည်ဟု ခံစားသွားကြရသည်။ တစ်ချို့သော ပြောင်းလဲမှုများ ဖြစ်ပေါ်လာသကဲ့သို့ သူ၏ အရှိန်အဝါတစ်ခုလုံး ပိုမိုထက်မြိနေလျက်ရှိ၏။

--

.....................................................................................................................................

All Chapters