← Chapters

အခန်း ၁၇၉

Vol. 12 Ch. 179

အခန်း ၁၇၉

Vol. 12 Ch. 179

အပိုင်း ( 179 )

သူမကို နည်းနည်းလောက်ပေးလိုက်တာက ဘာမှားနေလို့လဲ

လုချန်ရှန်းကို ငေးကြည့်နေရင်းဖြင့် ထိုလူသုံးဦးစလုံး အံ့သြတကြီး ဖြစ်သွားကြ၏။

သူသည် မည်သည့်ဒဏ်ရာမှ မရရှိဘဲ ကောင်းကင်ဘုံ ကပ်ဘေးနှစ်ခုကို တစ်ပြိုင်နက် ခုခံနိုင်ခဲ့ပြီး ပို၍ပင် ကြောက်မက်ဖွယ်ကောင်းလာခဲ့၏။ ၎င်းက အမှန်ပင် အံ့ဖွယ်ကောင်းလှသည်။ မည်သည့်လျှို့ဝှက်နည်းစနစ်ထံတွင် ထိုကဲ့သို့သော အကျိုးသက်ရောက်မှုမျိုး ရှိနေနိုင်မည်နည်း။ လူတိုင်း အားကျသွား၏။

မိုချင်က စကားထပ်ပြောလာခဲ့သည် " အစ်ကိုချင်းယီက တကယ်ကို ထူးခြားတာပဲ ကျွန်တော် သူ့ကို လေးစားတယ် "

" မင်းက ယဥ်ကျေးလွန်းနေတာပဲ။ မင်းဆီမှာ အလုပ်တွေ ထပ်ပေါ်လာရင် ငါ့ကို သတိရနော် "

" ဒါပေါ့ အစ်ကိုချင်းယီနဲ့ မိတ်ဆွေဖြစ်ရတာက ကျွန်တော့်အတွက် ဂုဏ်ယူစရာပါပဲ "

လုချန်ရှန်းမှ သူ၏ လက်ကို ဝေ့ရမ်းပြလိုက်သည် သူသည် တော်ကီမဖုတ်ဘဲ လုပ်ကွက်ပြခြင်းကိုသာလျှင် ပိုမိုနှစ်သက်ပေသည်။

(စကားပြောနေမဲ့အစား ဝိညာဥ်ကျောက်တုံး ပေးလာတာမျိုးပေါ့)

စကားပြောနေရင်းဖြင့် မိုချင်သည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။

ထို့နောက်တွင် သူသည် လုချန်ရှန်းကို ကြည့်ကာ စကားထပ်ပြောလိုက်၏ " အစ်ကိုချင်းယီ ထျန်းကျီစံအိမ်က မင်းကို စရှာနေကြပြီ။ သူတို့က လှုပ်ရှားဖို့ ပြင်ဆင်နေတာ ဖြစ်နိုင်တယ် မင်းက ကြိုတင်ပြင်ဆင်ထားသင့်တယ်။ ငါ့အကူအညီ လိုသေးလား "

" မလိုပါဘူးကွာ " လုချန်ရှန်းက တိုက်ရိုက်တုံ့ပြန်လိုက်၏။

လောင်လျူသည် မျက်မှောင်ကြုတ်ကာ အံ့အားသင့်သွားခဲ့သည် သူက အလကားရတဲ့ အကူအညီကိုတောင် မယူဘူးလားဟ။

" ငါက ထွက်သွားတော့မှာလေ။ တကယ်လို့ စီးပွားရေး ကိစ္စရှိမယ်ဆိုရင် ထပ်တွေ့ကြတာပေါ့ကွာ "

ထို့နောက်တွင် သူထွက်ခွာသွားတော့သည် လောင်လျူသည် သူ့နောက်သို့ လိုက်သွားခဲ့သည်။

အဘိုးအိုက စကားထပ်ပြောလာခဲ့၏ " အဲ့လူငယ်လေးက တော်တော်လေးကို ထူးခြားတယ် "

" အင်း အခု သူက အရာအားလုံးကို သိနေပြီဆိုတော့ သူဘယ်လိုတုံ့ပြန်မလဲဆိုတာကို ကျွန်တော် သိချင်သွားပြီ " မိုချင်သည် အဝေးသို့ ငေးကြည့်နေတော့သည်။

သူတို့သည် လုချန်ရှန်းက အဝေးသို့ ရောက်ရှိသွားသည်ကို စောင့်ကြည့်နေခဲ့ပြီး မိုချင်သည် ထျန်းကျီစံအိမ်က မထောက်လှမ်းနိုင်စေရန်အတွက် တံဆိပ်ပြားများကို ပြုပြင်ထားခဲ့သည် သို့သော် လုချန်းရှန်းကမူ သူ၏ တံဆိပ်ပြားကို ထုတ်ယူကာ အကြိမ်အနည်းငယ်မျှ ပွတ်လိုက်ပြီး မန္တာန်များကို ဖယ်ရှားလိုက်သည်။

" အဲ့တာက ............. "

ထိုမြင်ကွင်းက အဘိုးအိုနှင့် မိုချင်တို့ကို မှင်သက်သွားစေခဲ့သည်။

ပို၍ အံ့ဖွယ်ကောင်းသည်မှာ သူက ထိုနေရာတွင် ထိုင်ချလိုက်ကာ အေးအေးလူလူ စောင့်ဆိုင်းနေခြင်းပင် ဖြစ်သည်။

မကြာခင် အချိန်မှာပင် ပုံရိပ်လေးခု ရောက်ရှိလာခဲ့ပြီး ၎င်းတို့အားလုံးက ထျန်းကျီစံအိမ်၏ လူများသာ ဖြစ်နေခဲ့၏။

လင်ဖုန်းနှင့် မွေးရာပါ ဝိညာဥ်အဆင့် ပညာှင်သုံးဦး .......

" သူဘာလုပ်နေတာလဲ " မိုချင်သည် ဇဝေဇဝါ ဖြစ်သွားတော့သည်။

အဘိုးအိုမှ ပြန်ပြောလိုက်၏ " သူက ကျုပ်တို့ကို မယုံတာများလား "

သူတို့၏ အကြည့်များအောက်မှာပင် လုချန်ရှန်းက ထိုလူလေးဦးဆီသို့ စတင်၍ ရွေ့လျားသွား၏။

လောင်လျူပါ မှင်သက်သွားတော့သည်။

မိုချင်က ရှင်းရှင်းလင်းလင်း ရှင်းပြပေးခဲ့တယ်မဟုတ်ဘူးလား။

အဲ့တာတောင်မှ သူက ထောက်ချောက်ထဲကို တည့်တည့်ကြီး တိုးဝင်သွားတယ်ပေါ့။ အဲ့တာက ဘာကိုဆိုလိုတာလဲ။ ပြဿနာကို ဖိတ်ခေါ်နေတာလားဟ။

" မိတ်ဆွေလေး ခုနက မင်းဘယ်ရောက်နေခဲ့တာလဲ။ ဘာလို့ငါတို့က မင်းရဲ့တည်နေရာကို ထောက်လှမ်းလို့မရတာလဲ "

လမ်းလျှောက်နေရင်းဖြင့် လင်ဖုန်းမှ မေးမြန်းလာခဲ့၏။

လုချန်ရှန်းက ပြန်ပြောလိုက်သည် " အခုလေးတင်ပဲ တွင်းတစ်ခုထဲ ကျသွားခဲ့တာလေ။ တော်တော်လေးကို အန္တရာယ်များတယ် ပြန်မထွက်နိုင်လောက်တော့ဘူးလို့တောင် ထင်နေခဲ့တာ "

" အဲ့တာဆိုရင် ပိုပြီးတော့ ဂရုစိုက်သင့်တယ် "

လင်ဖုန်းသည် အလွန်တရာ တည်ငြိမ်နေလျက်ရှိပြီး လုချန်ရှန်းမှာလည်း တစ်ခြားလူများကို အကဲခတ်နေခဲ့ပြီး သူတို့၏ အမူအရာများတွင် မည်သည့်မူမမှန်မှုကိုမှ ရှာမတွေ့ခဲ့ပေ။

သူတို့က ရှောင်ရွှမ်းနှင့် ချူချန်ခုန်းတို့၏ သေဆုံးမှုများကို မသိသည့်အလား ဖြစ်နေခဲ့သည်။

သို့ရာ၌ လုချန်ရှန်း၏ ခန္ဓာကိုယ်ပေါ်တွင် ရှိနေသည့် ကိုးရောင်ခြယ် အလင်းတန်းကို မြင်လိုက်ရသော အချိန်၌ သူတို့၏ မျက်လုံးများအတွင်းတွင် စိတ်ကျေနပ်သွားပုံရသည့် အလင်းတန်းတစ်ခု ဖြစ်တည်လာခဲ့သည်။

" အခု ကျွန်တော်တို့က ဘယ်ကိုသွားနေကြတာလဲ " ဟု လုချန်ရှန်းမှ မေးမြန်းလိုက်၏။

လင်ဖုန်းက ပြန်ပြောလာခဲ့သည် " အတွင်းပိုင်းမှာ ကံကြမ္မာ​ ကျောက်တုံးရဲ့ သဲလွန်စတစ်ခု ရှိပုံရတယ်လို့ ငါတို့ သတင်းရထားတယ် အဲ့တာကြောင့်ပဲ မင်းကို အလောတကြီး လာရှာရတာ အဲ့တာကို စူးစမ်းလေ့လာဖို့အတွက် မင်းက ငါတို့ကို ကူညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်ကွာ "

" အရေးကြီးလား "

" ဘာကိုဆိုလိုတာလဲ "

" တကယ်လို့ အရေးမကြီးဘူးဆိုရင် မွေးရာပါ ဝိညာဥ်တစ်ချို့ သွားဖမ်းမလို့ "

လင်ဖုန်းမှ တုံ့ပြန်လာခဲ့၏ " မင်းက မွေးရာပါ ဝိညာဥ်အူတိုင်တွေကို လိုချင်နေတာလား "

" ဟုတ်တယ် " လုချန်ရှန်းက ခေါင်းငြိမ့်ပြကာ ပြန်ပြောလိုက်သည် " ခုနတုန်းက မွေးရာပါ ဝိညာဥ်တစ်ခုကို ဝါးမျိုပြီးတဲ့နောက်မှာ ကျုပ်ခန္ဓာကိုယ်ပေါ်မှာ ရှိတဲ့ ရောင်ခြည်က ပိုပြီးတော့ တောက်ပလာတာကို တွေ့ခဲ့ရတယ်။ နည်းနည်းလောက် ထပ်စားကြည့်ပြီး ဟုတ် မဟုတ်ဆိုတာကို စမ်းကြည့်မလို့ "

" အဲ့လိုလား " သူ့ဘေးတွင် ရှိနေသည့် မွေးရာပါ ဝိညာဥမအဆင့်၉ ပညာရှင်သည် တအံ့တသြဖြစ်သွားခဲ့သည်။

ထိုစကားသည် သူတို့၏ သိမြင်နိုင်စွမ်းထပ် ကျော်လွန်နေလျက်ရှိ၏။

လင်ဖုန်းသည် ထိုကဲ့သို့သော ဖြစ်ရပ်မျိုးကို တစ်ကြိမ်တစ်ခါမှ မကြားဖူးခဲ့ချေ။

သူတို့က ၎င်းကို အပြည့်အဝ မယုံကြည်ကြသော်လည်း သူတို့ကို သူ့အတွက် မွေးရာပါ ဝိညာဥ်များ ရှာဖွေစေလိုနေသည့် လုချန်ရှန်း၏ ဆိုလိုရင်းကို နားလည်နေခဲ့ကြသည်။

" စောနေပါသေးတယ် မိတ်ဆွေလေးက လိုအပ်နေတယ်ဆိုမှတော့ ငါတို့က နည်းနည်းလောက် ဖမ်းပေးတာပေါ့ "

" ကျေးဇူးတင်ပါတယ် "

သူတို့သည် စကားပြောနေရင်းဖြင့် အတွင်းပိုင်းသို့ ချဥ်းကပ်သွား၏။

သို့ရာ၌ လင်ဖုန်းနှင့် အဘိုးအိုတစ်ဦးက လှုပ်ရှားနေသည့် အချိန်တွင် ကျန်လူနှစ်ဦးမှာ လုချန်ရှန်း၏ အနားတွင်သာ ကပ်တွယ်နေခဲ့၏။

၎င်းကို မြင်လိုက်ရသောအခါတွင် လောင်လျူက အသံပို့လွှတ်လာခဲ့သည် " ချင်းကြီး သူတို့က မင်းကို မယုံကြဘူး မင်းကို တည်ငြိမ်သွားအောင် လုပ်ချင်နေကြတာ။ မိုချင်ပြောခဲ့တာတွေက မှန်နေတဲ့ပုံပဲ "

" ငါသိတယ်လေ "

" မင်းသိတယ်ဆိုရင် ဘာလို့ မပြေးတာတုန်း " လောင်လျူ မျက်မှောင်ကြုတ်သွားတော့၏။

လုချန်ရှန်းမှ တုံ့ပြန်လိုက်၏ " တကယ်လို့ ငါထွက်ပြေးမယ်ဆိုရင် မွေးရာပါ ဝိညာဥ်တွေကို ငါ့အတွက် ဘယ်သူက ရှာပေးမှာလဲ "

“ အဲ့ဒီ မွေးရာပါ ဝိညာဥ် အူတိုင်လေးတွေ အတွက်နဲ့လား။ မင်းက မွေးရာပါ ဝိညာဥ် အူတိုင်တွေကို ယူမယ် သူတို့က မင်းရဲ့ ကံတရားကို ယူမယ်။ အဲ့တာက မီးနဲ့ ကစားနေတာပဲ “ လောင်လျူသည် မည်သို့မျှ တည်ငြိမ်မနေနိုင်တော့ပေ။

“ မင်းဟာကို ထုတ်မှာမှမဟုတ်တာ ဘာတွေကြောက်နေတာလဲ “

“ တကယ်လို့ မင်းလျှောသွားပြီဆိုရင် ငါက ဘာဆက်လုပ်ရမှာလဲဟ “

လောင်လျူသည် သူ့ကိုယ်သူအတွက် အဓိက စိုးရိမ်နေခြင်း ဖြစ်သည်။ အကယ်၍ လုချန်ရှန်း သေဆုံးသွားမည်ဆိုပါက သူဘာလုပ်ရမည်နည်း။ သူ၏လုပ်ဖော်ကိုင်ဖက် တစ်ဦးဖြစ်သည့်အလျောက် ထျန်းရီ မြင့်မြတ်နယ်မြေက သူ့ကို အပိုင်းပိုင်း အစစ ခုတ်ပိုင်းပစ်မည် မဟုတ်လော။

ထို့အပြင် ထျန်းကျီစံအိမ်သည် မည်သည့်မတော်တဆ ဖြစ်ရပ်ကိုမှ ပေါ်မလာစေလိုပေ ထို့ကြောင့်ပင် လုချန်ရှန်းကို တည်ငြိမ်သွားစေရန်အတွက် သူ၏တောင်းဆိုချက်ကို သဘောတူလက်ခံခဲ့ခြင်း ဖြစ်သည်။

မည်သူကမှ ၎င်းကို မထုတ်ဖော်လာခဲ့ပေ သို့သော် လုချန်ရှန်းသည် အလွန်တရာ အေးဆေးတည်ငြိမ်နေခဲ့ပြီး အနီးကပ် ကြည့်ရှုစစ်ဆေးကြည့်မည်ဆိုပါက သူ၏ မျက်လုံးများအတွင်းတွင် မျှော်လင့်တကြီးဖြစ်နေသည့် အရိပ်အငွေ့များ ရှိနေသည်ကို မည်သူမဆို မြင်တွေ့ရပေလိမ့်မည်။

“ ဒီလိုဆိုရင်ကော ငါက တစ်ယောက်ကို ချုံခိုတိုက်လိုက်မယ် မင်းက တစ်ခြားတစ်ယောက်ကို သတ်လိုက် ပြီးရင် ငါတို့ပြေးကြမယ် “ လောင်လျူသည် ကြာကြာဆက်မနေနိုင်တော့သည့်ပုံပင်။

သို့ရာတွင် လုချန်ရှန်းမှ ပြန်ပြောလိုက်သည် “ သူတို့က ကံရားလေး နည်းနည်းလောက် လိုချင်နေတာ မဟုတ်ဘူးလား ငါက အဲ့လောက်ကြီး ကပ်စီးမနည်းပါဘူးဟ “

“ ကံတရား နည်းနည်းလေးဆိုတာက ဘာကိုဆိုလိုတာလဲ။ အဲ့တာကို ဆုံးရှုံးသွားတာနဲ့ ဘယ်လိုအကျိုးသက်ရောက်မှုတွေ ဖြစ်လာမလဲဆိုတာကို မင်းသိလား။ ထူးခြားတဲ့ အခွင့်အလမ်းမျိုးတွေ မရှိဘူးဆိုရင် ပြန်ပြီးတော့ တိုးတက်ကြီးထွားလာမှာ မဟုတ်ဘူး “

လောင်လျူသည် သူ့ကို ဖျောင်းဖျရန် ကြိုးပမ်းနေသေး၏။

သို့သော် လုချန်ရှန်းသည် အေးအေးလူလူ ဖြစ်နေခဲ့ပြီး လင်ဖုန်းနှင့် တစ်ခြားလူတစ်ဦး ပြန်ရောက်လာသည်ကို စောင့်ကြည့်နေရင်းဖြင့် မွေးရာပါ ဝိညာဥ်အူတိုင်များကို ပျော်ရွှင်စွာ လက်ခံလိုက်ပြီး ဆက်ရှာပေးရန် ပြောလိုက်ကာ ၎င်းတို့ကို တစ်ခုပြီးတစ်ခု မျိုချနေတော့၏။

“ နောက်ထပ် နည်းနည်းလောက် ထပ်ရရင် လုံလောက်ပြီ “

လုချန်ရှန်းသည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုကာ ပြုံးနေတော့သည်။

သူ့ထံတွင် မည်သည့်မူမမှန်မှုမှ မမြင်ရသောကြောင့် လင်ဖုန်းနှင့် တစ်ခြားလူများက စကားမပြောလာခဲ့ပေ။

လုချန်ရှန်းကို စိတ်ကျေနပ်သွားစေရန်အတွက် သူတို့သည် မွေးရာပါ ဝိညာဥ် တစ်ဒါဇင်ကျော်ကို ဆက်တိုက်သတ်ဖြတ်နေတော့၏။ လောင်လျူမှာလည်း တအံ့တဩ ဖြစ်နေလျက်ရှိ၏။ ယခုတွင် သူအဆင်ပြေနေသော်လည်း ၎င်းတို့အားလုံးကို ကံတရားဖြင့် ပြန်လည်ပေးဆပ်ရမည် ဖြစ်သည်။

သူက ဘာကိုမှ စိတ်မပူဘူးလားဟ။

ဒါမှမဟုတ် သူ့ဆီမှာ သုံးမကုန်တဲ့ ကံကောင်းခြင်းတွေရှိနေတယ်လို့ ထင်နေပြီးတော့ ယုံကြည်မှုရှိနေတာလား။

“ မိတ်ဆွေလေး အဲ့တာက လုံလောက်ပြီလား “

“ ရလုနီးနီးပဲ “

“ ဒါဆိုရင်လည်း သွားကြစို့ အချိန်ကပ်နေပြီလေ “

ထို့နောက်တွင် လင်ဖုန်းသည် လုချန်ရှန်းကို အတွင်းပိုင်းသို့ ဆက်လက်၍ ဦးဆောင်သွားတော့သည်။ ဤနယ်မြေက အလွန်တရာ ကြီးမားပြီး သူတို့သည် မိုင်ထောင်နှင့်ချီ၍ ကျော်ဖြတ်လာခဲ့ပြီးသည့်နောက်မှသာလျှင် အတွင်းပိုင်းသို့ ရောက်ရှိလာခဲ့သည်။

သူတို့သည် ဘက်ပေါင်းစုံကို ငေးကြည့်နေကြတော့သည်။

လုချန်ရှန်းသည် ဤဒေသကို ငေးမောကြည့်ရှုနေပြီး သူ၏စိတ်ထဲတွင် အံ့အားသင့်သွားသည့် စိတ်ခံစားချက်တစ်ခု လှိုက်တက်လာခဲ့၏။

တောင်တန်းများသည် မြေပြင်ပေါ်တွင် ခွေဝပ်နေသော နဂါးတစ်ကောင်ကဲ့သို့ ဆက်တိုက်လျှံထွက်နေသည့် အားကောင်းသော အရှိန်အဝါတစ်ခုနှင့်အတူ အဆက်မပြတ် ချိတ်ဆက်နေလျက်ရှိ၏ ပတ်ဝန်းကျင်တွင်မူ နဂါးငယ်လေးများက ရစ်ခွေနေသည့်အလား ဖြစ်နေခဲ့သည်။

“ အဲ့တာက အဲ့ဒီနဂါးသွေးကြောလား “ ဟု လုချန်ရှန်းမှ ပြောလိုက်၏။

ဤနေရာရှိ နဂါးသွေးကြောနှင့် ယှဥ်လိုက်မည်ဆိုပါက နတ်ကောင်းကင်ဂိုဏ်း၏ နဂါးသွေးကြောက သေးငယ်သော တီကောင်တစ်ကောင်အလား ဖြစ်နေခဲ့ပြီး ၎င်းကို မည်သို့မျှ မယှဥ်နိုင်ခဲ့ပေ။

“ မိတ်ဆွေလေး ကျုပ်ပြောပြခဲ့တဲ့ နေရာက အရှေ့မှာ ရှိတယ် အခု ငါတို့က ဝင်သွားလို့ရပြီ ”

“ နေပါဦး “

လုချန်ရှန်း ရပ်တန့်သွားခဲ့သည်။

“ ကျုပ်ကြားတာတော့ နဂါး နစ်မြုပ်ခြင်း နယ်မြေရဲ့ အတွင်းပိုင်းကို ပိုရောက်သွားလေလေ အန္တရာယ် ပိုများလာလေလေတဲ့ အဲ့မှာက ပြောပြလို့ မရတဲ့ တည်ရှိမှုတွေ ရှိမှာပဲလေ ဟုတ်တယ်မလား “

“ ဟုတ်တယ် အမှန်ပဲ “

လင်ဖုန်းသည် ၎င်းကို မဖုံးကွယ်ထားခဲ့ပေ။

သို့ရာတွင် လုချန်ရှန်းမှ တုံ့ပြန်လိုက်၏ “ ဒီလိုအန္တရာယ်များတဲ့ နေရာမျိုးဆီသွားတော့မှာဆိုတော့ ကျန်နေတဲ့ငွေတွေကို အရင်ရှင်းပေးသင့်တယ် မဟုတ်ဘူးလား။ မထင်မှတ်ထားတဲ့ ကိစ္စတစ်ခုခု ဖြစ်လာမယ်ဆိုရင် ဘယ်လိုလုပ်မလဲ “

လောင်လျူ မှင်သက်သွား၏။

လင်ဖုန်းကမူ မျက်မှောင်ကြုတ်ကာ ပြန်ပြောလာခဲ့သည် “ မိတ်ဆွေလေးက တစ်ခုခုကို တွေးပူနေတာလား “

“ သေချာတာပေါ့ မထင်ထားတဲ့ ကိစ္စတစ်ခုပေါ်လာပြီးတော့ ဝိညာဥ်ကျောက်တုံးတွေ မရတော့မှာကို ကျွန်တော်ကြောက်တယ် “

လူလေးဦးသည် တစ်ဦးကိုတစ်ဦး ကြည့်ကာ အတွေးနက်သွားကြသည်။ နောက်ဆုံးအခိုက်အတန့်တွင် သူသည် ထိုကဲ့သို့သော တောင်းဆိုမှုမျိုးကို ရုတ်တရက် ပြုလုပ်လာခဲ့သည်။

သူတို့သည် သူက ရှောင်ရွှမ်းနှင့် ချူချန်ခုန်းတို့ကို သတ်ဖြတ်ထားသည်ဆိုသည်ကို အမှတ်ရသွားကြသည် သူက ငွေယူပြီး ပြေးဖို့ကြံနေတာများလား။

--

………………………………………………………………………………………………………………………………………..

All Chapters