← Chapters

အခန်း ၁၈၀

Vol. 12 Ch. 180

အခန်း ၁၈၀

Vol. 12 Ch. 180

အပိုင်း ( 180 )

သူက အဲ့တာကို မျှော်လင့်နေပုံရတယ်

သူ၏ စကားလုံးများက လူငါးဦးစလုံးကို မှင်သက်သွားစေခဲ့၏။

သူတို့က ဤနေရာသို့ ရောက်ရှိနေခဲ့ပြီဖြစ်သော်လည်း ထိုအကောင်မှာ ဝိညာဥ်ကျောက်တုံးများ အကြောင်းကို တွေးနေသေးသည်။

သို့ရာတွင် ၎င်းက သူ့စရိုက်နှင့် ကိုက်ညီလှသည် ထျန်းကျီစံအိမ်သည် သူ့အကြောင်ကို ကြိုတင်စုံစမ်းထားခဲ့ပြီးပြီ ဖြစ်သည်။

“ သူက အဲ့စကားကို ဘာသဘောနဲ့ ပြောတာလဲဟ “ အဘိုးအိုတစ်ဦးက တစ်ခြားလူများထံသို့ အသံပို့လွှတ်လိုက်၏။

“ သူက တစ်ခုခုကို အာရုံခံမိသွားလို့များလား “

“ အဲ့တာကြောင့် ရှောင်ရွှမ်းရဲ့ သေဆုံးမှုကြောင့် ဖြစ်နေနိုင်တယ် သူက အဲ့ကိစ္စကို တွေးပူနေပြီးတော့ ဝိညာဥ်ကျောက်တုံးတွေ ယူပြီး ထွက်သွားချင်နေတာလို့ထင်တယ် “

“ သူက ဒီနေရာကိုတောင် ရောက်နေပြီလေ ဘာလုပ်နိုင်ဦးမှာမို့လို့လဲ။ ပြီးတော့ သူက အူတိုင်ဖွဲ့စည်းခြင်း အဆင့်၆ ကျင့်ကြံသူတစ်ယောက်သာသာပဲလေ ဘယ်လိုမုန်တိုင်းမျိုးကို နှိုးဆွပေးနိုင်မှာမို့လို့လဲ “

လင်ဖုန်းကမူ အချိန်အတော်ကြာ စဥ်းစားနေခဲ့ပြီးမှ စကားဝင်ပြောလာခဲ့၏ “ သေနတ်နဲ့ ချိန်ထားပြီးပြီလေ။ သူ့ကို ပေးလိုက်လို့ ဘာဖြစ်သွားမှာမို့လို့လဲ။ အစကတည်းက ငါတို့က သူ့ကို ငါးသန်းအကြွေးတင်နေတာပဲလေ။ အဲ့တာက ဒီကံကြွေးကို ဒီဘဝမှာပဲ အပြတ်ရှင်းလိုက်တယ်လို့ သဘောထားလိုက်ပေါ့ “

တစ်ခြားလူသုံးဦးသည် မည်သို့မျှ မကန့်ကွက်လာခဲ့ပေ။

လုချန်ရှန်းကမူ အဆုံးသတ်ရလဒ်ကို ဂရုမစိုက်သည့်အလား အလွန်တရာ အေးဆေးတည်ငြိမ်နေလျက်ရှိ၏။

လောင်လျူမှာ နားမလည်နိုင် ဖြစ်နေခဲ့သည်။

လင်ဖုန်းသည် လုချန်ရှန်းကို ဝိညာဥ်ကျောက်တုံးများ ပေးလာခဲ့သည်။

“ သွားကြစို့ “

ဝိညာဥ်ကျောက်တုံးများ ရခဲ့ပြီးသည့်နောက်တွင် လုချန်ရှန်းသည် စိတ်ကျေနပ်စွာဖြင့် အရှေ့သို့ တက်တက်ကြွကြွ လျှောက်လှမ်းသွားတော့သည်။

၎င်းက လင်ဖုန်းနှင့် တစ်ခြားလူများကို တအံ့တဩ ဖြစ်သွားစေခဲ့၏။

အစတွင် သူတို့သည် သူက ဝိညာဥ်ကျောက်တုံးများ ရခဲ့ပြီးသည့်နောက်တွင် ထွက်ပြေးရန် ကြိုးပမ်းလိမ့်မည်ဟု ထင်နေခဲ့ကြသည် သို့သော် သူသည် တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ အရှေ့သို့သာ ပြတ်ပြတ်သားသား လမ်းလျှောက်သွားခဲ့သည်။

သူသည် သူတို့ကိုပင် ဦးဆောင်သွားခဲ့သည်။

သို့ရာ၌ သူဝင်သွားတော့မည့် အခိုက်အတန့်တွင် သူသည် ဘေးတစ်ဖက်သို့ လှည့်ကြည့်ကာ စကားပြောလိုက်သည် “ လောင်လျူ အထဲမှာက အန္တရာယ်များလွန်းတယ်။ မင်းရဲ့ ကံတရားက အားနည်းလွန်းတယ်။ အပြင်မှာပဲ ငါ့ကိုစောင့်နေလိုက် “

လောင်လျူသည် ရပ်တန့်သွားကာ ခေါင်းငြိမ့်ပြလိုက်သည်။

လင်ဖုန်းကလည်း သူတို့ကို မတားဆီးလာခဲ့ပေ သူတို့က လုချန်ရှန်းတစ်ဦးတည်းကိုသာ လိုချင်နေခြင်း ဖြစ်ပြီး တစ်ခြားလူများက မည်သို့မျှ အရေးမပါပေ။

လမ်းလျှောက်သွားသည်နှင့်အမျှ သူတို့၏ အမြင်အာရုံများ အတွင်းသို့ ခမ်းနားထည်ဝါကာ အံ့ဖွယ်ကောင်းသော ယဇ်ပုလ္လင်တစ်ခု ဝင်ရောက်လာခဲ့၏ သို့သော် ၎င်းသည် ယခင်က နတ်ဘုရား မြှုပ်နှံခြင်းတောင်တန်းတွင် တွေ့ခဲ့ရသည့် ယဇ်ပုလ္လင်ကို မည်သို့မျှ မယှဥ်နိုင်ပေ။

၎င်းပေါ်တွင် ရှုပ်ထွေးသော ပုံစံကွက်များ ထွင်းထုထားပြီး ကျော်ဖြတ်လာခဲ့ရ‌သော ခေတ်ကာလနှင့် ရှေးဟောင်း အငွေ့အသက်များ စွန်းထင်းနေလျက်ရှိ၏။

ဤနေရာသို့ ရောက်လာခဲ့ပြီးသည့်နောက်တွင် လုချန်ရှန်းမှာလည်း အစစ်အမှန် နဂါးတစ်ကောင်က ဤနေရာတွင် ရစ်ခွေနေသကဲ့သို့ ထူးခြားသော ခံစားချက်တစ်ခုကို ခံစားလိုက်ရ၏။

ထိုအခိုက်အတန့်တွင် သူသည် လူလေးဦး၏ ဝိုင်းရံခြင်းကို ခံထားခဲ့ရသည်။ သို့သော် သူသည် အေးအေးလူလူ ရှိနေသေးပြီး လင်ဖုန်းကို ကြည့်ကာ စကားထပ်ပြောလိုက်သည် “ ဒီနေရာက အန္တရာယ်များတယ်လို့ ခင်ဗျားပြောခဲ့တယ်လေ။ ကျွန်တော့်ကို ဝိညာဥ်ကျောက်တုံး နည်းနည်းလောက် ပိုပေးမလား “

“ အဲ့တာက …….. “ လူလေးဦးစလုံး မှင်သက်သွားကြသည်။

ဒီနေရာကိုတောင် ရောက်နေပြီကို ငွေပိုလိုချင်နေသေးတာလားဟ

“ ခင်ဗျားတို့မှာ ဘာမှမရှိတော့ဘူးလား။ တကယ်လို့ မရှိဘူးဆိုရင် အကြွေးထားထားတာကလည်း အဆင်ပြေပါတယ်။ အဲ့လိုမျိုး ကြီးကြီးမားမား စွန့်စားရမယ်ဆိုရင် ငါးသန်းက နည်းနည်းလေး နည်းနေသေးတယ်လို့ ကျွန်တော်ထင်တယ် “

လုချန်ရှန်းက စကားဆက်ပြောလာခဲ့၏။

လင်ဖုန်းကမူ အပြုံးဖြင့် တုံ့ပြန်လိုက်သည် “ မိတ်ဆွေလေး သဘောတူထားတဲ့ ဈေးနှုန်းကို ဘယ်လိုလုပ် စိတ်ထင်တိုင်း ပြောင်းလဲလို့ရမှာလဲ “

“ ဟူး ဒါဆိုရင်လည်း မေ့လိုက်ပါတော့ “

လင်ဖုန်းက ခေါင်းငြိမ့်ပြလိုက်သည်။

သို့ရာတွင် လုချန်ရှန်းက စကားဆက်ပြောလာခဲ့၏ “ ကျွန်တော်က ဘာလုပ်ရမှာလဲ “

သူ၏အဆက်မပြတ် လုပ်ဆောင်မှုများက လူတိုင်းကို အနည်းငယ် ကြောင်အသွားစေခဲ့သည်။ အစတွင် သူက ပူးပေါင်းဆောင်ရွက်ခြင်း မရှိမည်ကို သူတို့အားလုံး စိုးရိမ်နေခဲ့ကြသည် သို့သော် သူက အလွန်ပင် ပူးပေါင်းဆောင်ရွက်နေကာ ညွှန်ကြားချက်များကိုပင် တက်တက်ကြွကြွ တောင်းခံလာခဲ့၏။

“ တကယ်တော့ သူက ထျန်းရီ မြင့်မြတ်နယ်မြေက သူ့ကို အလွတ်မပေးဘူးဆိုတာကို သိနေလို့ သူ့ကို ကာကွယ်ပေးစေချင်နေတာထင်တယ် အဲ့တာကြောင့်ပဲ သူက တော်တော်ကြီးကို နာခံနေတာ “

“ အဲ့လိုပဲဖြစ်ဖို့များတယ် “

လူလေးဦးသည် အသံထုတ်လွှင့်ရင်းဖြင့် ဆွေးနွေးပြောဆိုနေလျက်ရှိ၏။

လုချန်ရှန်း၏ အပြုအမူများက မူမမှန်ဘူးဆိုသည်ကို သူတို့က သိနေကြသော်လည်း သူတို့သည် ထိုကိစ္စကို များများစားစား တွေးတောစဥ်းစားမနေခဲ့ပေ။ ကံတရားနှင့် ပတ်သက်သည့် ကိစ္စတိုင်းက ထိပ်တန်းလျှို့ဝှက်ဖြစ်ပြီး တစ်ခြားလူများ သိသွားရန် မည်သို့မျှ မဖြစ်နိုင်လှပေ။

ထျန်းရီ မြင့်မြတ်နယ်မြေကပင် မသိခဲ့ပေ လုချန်ရှန်းကို ရှာမတွေ့ခင် အချိန်က ရှောင်ရွှမ်းက သူတို့၏ နံပါတ်၁ ဦးစားပေးဖြစ်ခဲ့ဖူးသည်။

သူတို့သည် အနည်းငယ် သတိပိုကြီးလာခဲ့ကာ လုချန်ရှန်း လွတ်မြောက်သွားခြင်းမှ ကာကွယ်တားဆီးနေကြတော့သည်။

“ မင်းက ဘာမှ လုပ်နေဖို့ မလိုပါဘူးကွာ။ ယဇ်ပုလ္လင်ပေါ်မှာ ထိုင်စောင့်ပေးနေဖို့ပဲ လိုအပ်တယ် “ ဟု လင်ဖုန်းမှ ပြောလာခဲ့သည်။

လုချန်ရှန်းသည် တွေဝေတုံ့ဆိုင်းမှု မရှိဘဲ ခေါင်းငြိမ့်ပြလိုက်ကာ ယဇ်ပုလ္လင်ပေါ်သို့ လိမ်လိမ်မာမာ တက်သွားတော့သည်။ ဝိညာဥ်ကျောက်တုံးတစ်ချို့ ထပ်တောင်းခြင်းမှအပ သူသည် အံ့ဖွယ်ကောင်းသည်အထိ ပူးပေါင်းလုပ်ဆောင်ပေးခဲ့သည်။

၎င်းကြောင့်ပင် ထျန်းကျီစံအိမ်မှ လူများသည် သူတို့၏ မှန်းဆချက်များက မှန်ကန်သည်ဟု ပိုမိုယုံကြည်သွား၏။

“ အဲ့မှာလား “ လုချန်ရှန်းသည် သူ့အရှေ့ရှိ နေရာတစ်ခုကို လက်ညှိုးထိုးပြကာ မေးမြန်းလိုက်သည်။

လင်ဖုန်းသည် တစ်ခဏခန့် မှင်သက်သွားသော်လည်း ခေါင်းငြိမ့်ပြလိုက်သေးသည်။

သို့ရာတွင် ထိုနေရာက လျှို့ဝှက်ဆန်းကြယ်ကာ နက်နဲလွန်းလှသည် သို့သော် ကံကောင်းထောက်မစွာဖြင့် ၎င်းသည် သူ့အား ဆိုးရွားသော မည်သည့်ခံစားချက်ကိုမှ မခံစားစေခဲ့ရပေ။ ထို့အစား လေထုသည် ဝိညာဥ်ချီတို့ဖြင့် ပြည့်နှက်နေလျက်ရှိပြီး အရည်အဖြစ်ပင် ပြောင်းလဲလုနီးပါး ဖြစ်နေခဲ့သည်။

ဆေးလုံးများနှင့် မွေးရာပါ ဝိညာဥ်များကို ဝါးမျိုခဲ့ပြီးသည့်နောက်တွင် သူသည် အဆင့်၅ အထွတ်အထိပ်သို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။ သူသာဆန္ဒရှိနေသရွေ့ မွေးရာပါ ဝိညာဥ် အဆင့်၆သို့ပင် ဝင်ရောက်နိုင်ပေသည် သူသည် ကပ်ဘေးကို ကျော်ဖြတ်ရုံသာ ပြုလုပ်လိုက်ရမည် ဖြစ်သည်။

လူလေးဦးသည် တစ်ခဏခန့် စောင့်ကြည့်နေခဲ့ကာ လုချန်ရှန်းထံတွင် မည်သည့်လှုပ်ရှားမှုမှ မရှိဘူးဆိုသည်ကို အကြိမ်ပေါင်းများစွာ အတည်ပြုနိုင်ခဲ့၏။ သို့ပေမည့် သူတို့သည် မည်သို့မျှ မပေါ့ဆဝံ့ပေ။

“ အချိန်ကျတော့မယ် “

လင်ဖုန်းသည် ကောင်းကင်ထက်သို့ မော့ကြည့်နေတော့သည် တစ်ခြားလူသုံးဦးမှာလည်း ခေါင်းတငြိမ့်ငြိမ့်ဖြစ်သွားကာ ဤနေရာကို စောင့်ကြပ်နေလျက်ရှိ၏။

ထို့နောက် စက္ကန့်ပိုင်းမျှအကြာ၌ ယဇ်ပုလ္လင်ပေါ်တွင် အပြောင်းအလဲများ ဖြစ်တည်လာခဲ့သည်။ အစပိုင်းတွင် မှိန်ဖျော့နေခဲ့သည့် ယဇ်ပုလ္လင်က တောက်ပမှုများကို စတင်၍ ထုတ်လွှင့်လာခဲ့၏။

လုချန်ရှန်းသည် အပြောင်းအလဲကို သတိပြုမိသွားကာ ပြုံးနေတော့၏။

“ နောက်ဆုံးတော့ စလာခဲ့ပြီပဲ “

လုချန်ရှန်းသည် ယဇ်ပုလ္လင်ဆီသို့ ရောက်ရှိလာကာ စကားပြောလာခဲ့သည် “ မိတ်ဆွေလေး မင်းရဲ့ ကံတရားကို ခဏလောက် ငှားမယ်နော်။ နောက်ပိုင်းမှာ ဘာတွေပဲဖြစ်လာဖြစ်လာ အဲ့တာက ပုံမှန်သဘာဝဖြစ်စဥ်တစ်ခုပါပဲ။ ဘာမှတွေးပူနေဖို့ မလိုပါဘူး အသက်အန္တရာယ် လုံးဝမရှိဘူး “

“ ကောင်းပြီလေ “

လုချန်ရှန်းသည် တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ သဘောတူလိုက်သည်။

အစမှအဆုံးအထိ သူသည် အံ့ဖွယ်ကောင်းလောက်အောင် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး တစ်ခုတစ်လေပင် မေးခွန်းမထုတ်လာခဲ့ချေ။

လင်ဖုန်းမှာလည်း ပြုံးနေတော့၏။ စကားများက အလွန်တရာ ရှင်းလင်းနေခဲ့သည် လုချန်ရှန်း၏ ကံတရားကို ချေးယူခြင်း အကယ်၍ သူနားမလည်ဘူးဆိုပါက ၎င်းက သူ၏ကိုယ်ပိုင်ပြဿနာဖြစ်ပြီး မည်သူ့ကိုမှ အပြစ်တင်၍ မရပေ။

အချိန်များ ကုန်ဆုံးသွားပြီး သူတို့က လှုပ်ရှားနေသည်နှင့်အမျှ ယဇ်ပုလ္လင်မှာ နိုးထလာသကဲ့သို့ တောက်ပလာခဲ့၏။

သူတို့၏ မျက်လုံးများ အရှေ့မှာပင် တာအိုစည်းချက်များ လိမ်ယှက်လာပြီး ကောင်းကင်ထက်မှ အလင်းတန်းများ ဆင်းသက်လာခဲ့ကာ ယဇ်ပုလ္လင်တစ်ခုလုံးကို လင်းလက်သွားစေခဲ့၏။ ထို့အပြင် ၎င်းနှင့်အတူ နဂါးဟိန်းဟောက်သံများ လိုက်ပါလာသယောင် ဖြစ်နေခဲ့သည်။

အစစ်အမှန် နဂါးတစ်ကောင်က လူးလွန့်လိုက်သည့်အလား ကမ္ဘာမြေတစ်ခုလုံးက ၎င်းနှင့်အတူ လိုက်ပါလှုပ်ရှားလာခဲ့သည်။

ဤကာလအတွင်းတွင် လင်ဖုန်းသည် လုချန်ရှန်း၏ တုံ့ပြန်မှုကို စူးစမ်းလေ့လာနေလျက်ရှိ၏။ သူသည် သူက မျက်လုံးများ မှိတ်ကာ တင်ပျဥ်ခွေထိုင်နေပြီး မည်သည့်မူမမှန်မှုမှ မရှိဘဲ အတော်ပင် တည်ငြိမ်လွန်းနေသည်ကို မြင်တွေ့သွား၏။

အရာအားလုံး ဆက်လက်ဖြစ်ပွားနေခဲ့ပြီး ကောင်းကင်ဘုံ အလင်းတန်းများ ကျဆင်းလာမှုနှင့်အတူ လခြမ်းပုံသဏ္ဍာန် အစိမ်းရောင် လတစ်စင်းက လေဟာနယ်အတွင်းမှ ဆင်းသက်လာခဲ့၏။ အစိမ်းရောင် လအလင်းတန်းသည် ကောင်းကင်ဘုံ အလင်းတန်းနှင့် လိမ်ယှက်နေကာ ထူးထူးခြားခြား သိမ်မွေ့နေပုံရ၏။

အစိမ်းရောင် လပေါ်တွင် ပုံရိပ်တစ်ခု လှဲလျောင်းနေလျက်ရှိ၏။

၎င်းမှာ စုမူယွဲ့မှတစ်ပါး တစ်ခြားလူမဟုတ်ပေ။

လင်ဖုန်းက လှမ်းကြည့်လိုက်သည့် အချိန်၌ လုချန်ရှန်း၏ ခန္ဓာကိုယ်ပေါ်တွင် ရှိနေသည့် ကိုးရောင်ခြယ် အလင်းတန်းများ အနည်းငယ် တုန်ခါသွားခဲ့သည်။ အစိမ်းရောင် အလင်းတန်းသည် သူ့အပေါ်သို့ ကျဆင်းသွားပြီး သူ၏ခန္ဓာကိုယ် တစ်ခုလုံးနှင့် ချိတ်ဆက်သွားကာ ရောင်ခြည်များ တဖျတ်ဖျတ်ခတ်သွား၏။

ထိုအချိန်၌ သူ၏စိတ်ထဲတွင် စကားလုံးတို့ဖြင့် ဖော်ပြ၍ မရသော စိတ်ခံစားချက်တစ်ခု လှိုက်တက်လာခဲ့၏။ လုချန်ရှန်းသည် မြေပြင်ပေါ်တွင် တင်ပျဥ်ခွေထိုင်လျက်ရှိပြီး သူ၏ ခန္ဓာကိုယ်ပေါ်တွင် ကြယ်အလင်းစက် အများအပြား ပေါ်လာခဲ့ကာ အစိမ်းရောင်လဆီသို့ ဖြည်းဖြည်းချင်း ရွေ့လျားသွား၏။

“ ပြီးသွားပြီ “

လင်ဖုန်းသည် တစ်ကိုယ်တည်း ရေရွတ်‌ပြောဆိုကာ မျက်လုံးများ တလက်လက် တောက်ပနေလျက်ရှိ၏။ အဆိုပါ ကြယ်အလင်းစက်များက စကြာဝဠာအတွင်းရှိ ကြယ်များအလား ဖြစ်နေခဲ့ပြီး ၎င်းတို့သည် ကံတရားကို ကိုယ်စားပြုနေခဲ့သည်။

ဤတစ်ကြိမ် သူတို့၏ ရည်ရွယ်ချက်က လုချန်ရှန်း၏ ကံတရားကို ဆွဲထုတ်ကာ ၎င်းကို စုမူယွဲ့ထံသို့ လွှဲပြောင်းပေးရန်ပင် ဖြစ်သည်။

တစ်ခြားလူသုံးဦးမှာလည်း စိတ်လှုပ်ရှားတကြီး ဖြစ်သွားကြသည်။ သူတို့၏ ရည်ရွယ်ချက်က အောင်မြင်ပြီးမြောက်တော့မည်ဖြစ်သော်လည်း သူတို့သည် တစ်ခဏအထိ တည်ငြိမ်မနေနိုင်တော့ပေ။

၎င်းက ဒဏ္ဍာရီလာ ဧကရီ ပြန်လည်ဝင်စားခြင်းတစ်ဖြစ်လဲ အင်မော်တယ်တာအို၏ အမွေအနှစ်ဖြစ်သည်။ သူမ နိုးထလာသည်နှင့်တစ်ပြိုင်နက် သူမက တစ်ကမ္ဘာလုံးကို ငုံ့ကြည့်နိုင်မည် ဖြစ်သည်။

ထိုအချိန်၌ မြင့်မြတ်နယ်မြေကို မဆိုထားနှင့် ဤနယ်မြေကပင် သူမကို ကန့်သတ်ထားနိုင်တော့မည် မဟုတ်ပေ။ သူမသည် အထက်နယ်မြေသို့ ဝင်ရောက်နိုင်မည်ဖြစ်ပြီး ဤကမ္ဘာအတွင်းတွင် ရှိနေသည့် သက်ရှိသတ္တဝါအားလုံးကို ထိန်းချုပ်နိုင်မည် ဖြစ်သည်။ သူတို့၏ ကြိုးစားအားထုတ်မှုများက ထိုက်တန်ပုံရပေသည်။

ထိုလူလေးဦး၏ မျက်နှာများအပေါ်တွင် အပြုံးများဖြစ်တည်လာခဲ့သည်။ သူတို့ကို ဇဝေဇဝါ ဖြစ်သွားစေသည့် အရာမှာ ကံတရားလွှဲပြောင်းနေသည့် ကာလအတွင်းတွင် လုချန်ရှန်းက မည်သည့်နာကျင်မှုကိုမှ ခံစားနေရပုံမပေါ်ဘဲ သူ၏မျက်နှာပေါ်တွင် စိတ်ကျေနပ်နေသည့် အပြုံးတစ်ခုကို ဆင်မြန်းထားကာ ထိုနေရာတွင် အေးအေးလူလူ ထိုင်နေခြင်းပင် ဖြစ်သည်။

အဆိုပါ အပြုံးက သူတို့ထပ်ပင် ပိုမိုပျော်ရွှင်နေပုံရသည်။

အရာအားလုံးက အဆင်ပြေချောမွေ့နေသည်ဟု သူတို့အားလုံး ထင်နေကြသည် သို့သော် ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် သူတို့၏ အပြုံးများ အေးခဲတောင့်တင်းသွားခဲ့ရ၏။

လအပေါ်တွင် တိတ်တဆိတ် လှဲလျောင်းနေလျက်ရှိသည့် စုမူယွဲ့က လှုပ်လှုပ်ရွရွ ဖြစ်လာခဲ့သည်။ သူမ၏ လှပသော မျက်နှာလေးပေါ်တွင် မူမမှန်မှုတစ်ခု ပေါ်လာခဲ့ပြီး အနည်းငယ် မျက်မှောင်ကြုတ်သွားကာ ရုန်းကန်နေပုံရသည့် လက္ခဏာရပ်များ ပေါ်ထွက်လာတော့သည်။

“ ဘာတွေဖြစ်နေတာလဲဟ “

လင်ဖုန်း၏ အမူအရာ မည်းမှောင်သွား၏။

သူတို့က မတုံ့ပြန်နိုင်ခင် အချိန်မှာပင် စုမူယွဲ့၏ ခန္ဓာကိုယ် တိမ်းစောင်းသွားကာ ပါးစပ်အပြည့် သွေးတစ်လုပ် အန်လာခဲ့၏။ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး ပြိုလဲသွားကာ အစိမ်းရောင်လမှာလည်း အနက်ရောင်မြူထု၏ ဝိုင်းရံခြင်းကို ခံလိုက်ရကာ ယိမ်းထိုးနေတော့၏။

--

………………………………………………………………………………………………………………………….

All Chapters