← Chapters

အခန်း ၁၇၇၁

Vol. 119 Ch. 1771

အခန်း ၁၇၇၁

Vol. 119 Ch. 1771

အခန်း (၁၇၇၁)

ယွမ်ယုတိ အဆင့်ကျသွားခြင်း

လုချန်း၏ စကားများကို ကြားပြီးနောက် ယွမ်ယုတိ တစ်ကျော့ပြန် တိတ်ဆိတ်သွား၏။ ဤလူယုတ်မာသည် မျိုးဆက်ပြန့်ပွားခြင်း လမ်းစဉ်ကို ကျင့်ကြံရင်း သူမ၏ အစ်မကို သူ၏ ပျော်တော်ဆက် ရင်သွေးမွေးဖွားပေးသည့် ကိရိယာတစ်ခုအဖြစ် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ယခုလည်း သူမကိုပါ သူ၏ ရင်သွေးမွေးဖွားပေးမည့် ကိရိယာအဖြစ် ပြောင်းလဲရန် ကြံစည်နေပြန်သည်။

တိတ်ဆိတ်နေသော ယွမ်ယုတိကို ကြည့်ကာ သူမ၏ ချောမွေ့လှသည့် မျက်နှာကို လုချန်းက ပွတ်သပ်လိုက်ရင်း

“ခင်ဗျားရဲ့ အစ်မနဲ့ ပြန်တွေ့နိုင်ဖို့ ကျုပ်ကို နတ်ဧကရာဇ်အဆင့်ကို မြန်မြန်ရောက်စေချင်ရင် ကျုပ်ရဲ့ မျိုးဆက်ပြန့်ပွားခြင်း လမ်းစဉ် ကျင့်ကြံမှုမှာ ခင်ဗျား ကူညီပေးသင့်တယ်။ ကျုပ် နတ်ဧကရာဇ် ဖြစ်လာတာနဲ့ ကစဉ့်ကလျား ပင်လယ်ထဲက ကျုပ်ဆွေမျိုးတွေ အားလုံးကို ပြန်ခေါ်လာမှာပဲ။ အဲ့ဒီအခါကျရင် ခင်ဗျားရဲ့ အစ်မနဲ့ ပြန်တွေ့ရလိမ့်မယ်။”

ယွမ်ယုတိ တိတ်ဆိတ်မြဲ တိတ်ဆိတ်နေ၏။ ဤမျှ အဓိပ္ပာယ်မရှိသော ကျင့်စဉ်မျိုးကို ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်ရာ သူမ၏ စိတ်အစဉ်များ ရှုပ်ထွေးနောက်ကျိနေ၏။

ယောက်ျားနှင့် မိန်းမကြား စုံတွဲကျင့်စဉ်နှင့် ယင်ယန် ညီမျှခြင်းတို့အကြောင်းကို သူမ သိထားသော်လည်း ရင်သွေးမွေးဖွားခြင်းကို ကျင့်စဉ်တစ်ခုအနေနှင့် အသုံးပြုခြင်းကိုတော့ သူမ တစ်ခါမှ မကြားဖူးခဲ့ပေ။

အချိန်အတော်ကြာပြီးနောက် ယွမ်ယုတိက ခပ်အေးအေးဖြင့်

“ရှင်ပြောတာတွေ အားလုံးက တကယ်ပဲလား”

သူမ၏ စိတ်ထဲတွင် ခုနစ်ဆယ်၊ ရှစ်ဆယ်ရာခိုင်နှုန်းခန့် ယုံကြည်နေသော်လည်း သံသယအစအန အချို့ကတော့ ကျန်ရှိနေသေး၏။ တကယ်လည်း ဤကဲ့သို့သော ကျင့်စဉ်မျိုးကို သူမ အရင်က မကြားဖူးခဲ့ပေ။

လုချန်းက

“ကျုပ်မှာ ခင်ဗျားကို လိမ်ညာဖို့ အကြောင်းပြချက် မရှိဘူး။”

ယွမ်ယုတိ ခဏခန့် စဉ်းစားကြည့်လိုက်၏။ ထိုသို့သော အဓိပ္ပာယ်မရှိသည့် ဆင်ခြေမျိုးဖြင့် သူမကို လှည့်ဖြားရန် လုချန်းတွင် အကြောင်းပြချက် မရှိတာတော့ အမှန်ပင်။ ရမ္မက်ဇောဖြင့် သူမ၏ ခန္ဓာကိုယ်ကို ပိုင်စိုးလိုရုံသက်သက်ဆိုလျှင် သူမ၏ အစ်မကို အသုံးချကာ ခြိမ်းခြောက်ရုံဖြင့် သူမ အရှုံးပေးရပေလိမ့်မည်။

ထို့ပြင် ယခု သူမသည် နတ်ဂိုဏ်း ကံစွမ်းအား တန်ပြန်မှုကို ခံစားနေရရာ သူမ၏ အသိစိတ် ခန္ဓာကိုယ်ထဲ ပြန်ရောက်သွားလျှင်ပင် လုချန်းကို သတ်နိုင်လိမ့်မည် မဟုတ်ပေ။

အေးစက်သော နတ်သမီး တုံ့ဆိုင်းနေဆဲဖြစ်သည်ကို မြင်လျှင် လုချန်းလည်း သူ၏ အလုပ်များကိုသာ ဆက်လက် လုပ်ဆောင်လိုက်၏။ အိပ်မက်ထဲတွင် ယွမ်ယုတိကို ရင်သွေးရရှိအောင် ပြုလုပ်ရန် မဖြစ်နိုင်သော်လည်း အနည်းဆုံးတော့ သူမကို ဤအခြေအနေနှင့် ကြိုတင် ရင်းနှီးသွားအောင် ပြုလုပ်နိုင်သည်။

လုချန်း၏ လုပ်ဆောင်မှုများကို မြင်လျှင် ယွမ်ယုတိက လုချန်းကို အေးစက်စွာ မျက်စောင်းထိုးလိုက်ပြန်၏။ ထိုခံစားချက်အပေါ် သူမ အနည်းငယ် သာယာနေမိသော်လည်း သူမ၏ စိတ်က သတိပြန်ဝင်လာခဲ့ပြီဖြစ်သည်။

ယခုအချိန်သည် ထိုသို့ပြုလုပ်ရမည့် အချိန်မဟုတ်ကြောင်းလည်း သူမ သိ၏။

ဤလူယုတ်မာသည် မျိုးဆက်ပြန့်ပွားခြင်း လမ်းစဉ်ကို တကယ် ကျင့်ကြံလိုနေသည်မှာ ထင်ရှားသော်လည်း ယခုအခြေအနေတွင် သူတို့သည် အသိစိတ် ပုံရိပ်များအဖြစ်သာ ထိတွေ့နေကြခြင်း ဖြစ်သည်။ သူတို့၏ ခန္ဓာကိုယ်များကတော့ ထိတွေ့ခြင်းပင် မရှိကြရာ မည်သို့ ရင်သွေး ရနိုင်ပါမည်နည်း။

ယွမ်ယုတိက ခပ်အေးအေးဖြင့်

“ရှင် ကျွန်မကို လိမ်နေတာလို့ သိလိုက်ရရင်တော့ ကျွန်မသေရမယ် ဆိုရင်တောင် ရှင့်ကိုရအောင်သတ်မယ်။”

ထိုစကားများကို ကြားလျှင် လုချန်းက

“ဒါဆိုရင် ခင်ဗျားက ကျုပ်မိန်းမ ဖြစ်ဖို့ သဘောတူလိုက်ပြီပေါ့။”

ယွမ်ယုတိ မတုံ့ပြန်ပေ။ သူမအနေနှင့် ထိုစကားကို ထုတ်ပြောရန် တကယ် ဆန္ဒမရှိပေ။

သူမ၌ နတ်ဘုရင်တစ်ပါး၏ မာန်မာန ရှိ၏။ ယောက်ျားတစ်ယောက်၏ ပျော်တော်ဆက် ဖြစ်ရပြီး သူ၏ ရင်သွေးကိုပင် မွေးဖွားပေးရမည်ဟူသော အသိက သူမအား စိတ်မသက်မသာ အလွန် ဖြစ်စေ၏။

ယွမ်ယုတိ၏ တိတ်ဆိတ်မှုကို မြင်လျှင် လုချန်းက ရယ်မောရင်း

“ဒါဆိုရင် ခင်ဗျားရဲ့ တိတ်ဆိတ်မှုကို သဘောတူညီမှုလို့ပဲ မှတ်ယူလိုက်မယ်။ တခြားသူတွေ ရှေ့မှာတော့ ခင်ဗျားက ကျုပ်ရဲ့ လေးစားရတဲ့ ဆရာပေါ့။ ဒါပေမဲ့ ကွယ်ရာမှာတော့ ခင်ဗျားက ကျုပ်ရဲ့ ဇနီးပဲ။”

ယွမ်ယုတိက လုချန်းကို စိုက်ကြည့်ကာ

“အခု ကျွန်မကို အပြင်လွှတ်ပေးလို့ ရပြီလား”

လုချန်းက

“မရသေးဘူး”

ယွမ်ယုတိ၏ မျက်ခုံးများ အနည်းငယ် တွန့်သွားကာ ခပ်အေးအေးဖြင့်

“ရှင် ဘာလိုချင်သေးတာလဲ”

လုချန်းက

“ခင်ဗျား ကတိသစ္စာ မပြုရသေးဘူး”

ယွမ်ယုတိစိတ်ထဲ ဤလူယုတ်မာကို အစအနမကျန် ချေမှုန်းပစ်ချင်လောက်အောင် ဒေါသထွက်နေသော်လည်း ကံဆိုးစွာပင် လောလောဆယ် သူ၏ ထိန်းချုပ်မှုအောက်တွင် သူမ ရောက်နေရသည်။ သူမ ဆက်လက် ငြင်းခုံလိုစိတ် မရှိတော့ပေ။ သူမသာ အမြန် မထွက်သွားပါက လျှို့ဝှက်လဝန်းနန်းတော် ပျက်စီးသွားလိမ့်မည်။

ထိုအတွေးနှင့်အတူ ယွမ်ယုတိက တိုက်ရိုက်ပင်

“ကျွန်မကို လွှတ်ပေးပြီးတာနဲ့ လုချန်းကို ဘာအန္တရာယ်မှ မပြုဘူးလို့ ကတိသစ္စာ ပြုပါတယ်။”

ယွမ်ယုတိ၏ စကားကို ကြားလျှင် လုချန်းက

“လိမ္မာလိုက်တဲ့ ဆရာမ... အခု ခင်ဗျားကို လွှတ်ပေးမယ်”

ဤတပည့်ယုတ်ကြောင့် ယွမ်ယုတိ ရုတ်တရက် ပျို့အန်ချင်သလို ခံစားလိုက်ရ၏။ သူမသည် နှစ်သန်းပေါင်းများစွာ နေထိုင်လာခဲ့သူ ဖြစ်သော်လည်း ကလေးလေးတစ်ယောက်ကဲ့သို့ ဆက်ဆံခံလိုက်ရပေပြီ။

ဤတပည့်ယုတ်ကြောင့် ဒေါသထွက်ကာ မသေဆုံးမီ ဤငရဲခန်းမှ အမြန်ဆုံး ထွက်ခွာသွားရန်သာ သူမ ဆန္ဒ ရှိတော့သည်။

လုချန်းက သူမကို လွှတ်ပေးသင့်ပြီဟု ယွမ်ယုတိ တွေးနေစဉ်မှာပင် လုချန်းက သူမထံ ကိုင်းညွှတ်လိုက်ကာ

“မသွားခင် နောက်ဆုံးတစ်ခေါက်လောက် နမ်းပါရစေဦး”

ယွမ်ယုတိ ခဏခန့် မှင်တက်သွားစဉ်မှာပင် သူမ၏ နှုတ်ခမ်းထက်သို့ ဤလူယုတ်မာ၏ အနမ်းများ ထပ်မံ ကျရောက်လာခဲ့သည်။

“အင်း...”

ခဏတာမျှ ရုန်းကန်ပြီးနောက် သူမ၏ အသိစိတ် ပုံရိပ်မှာ နေရာအနှံ့ ဤလူယုတ်မာ၏ ကျူးကျော်မှုကို ခံနေရကြောင်း သိသွားသဖြင့် ယွမ်ယုတိ ဆက်လက်၍ မတွန်းလှန်တော့ပေ။ အမှန်စင်စစ် ဤအရာသည် သူမ၏ အသိစိတ် ပုံရိပ်သာ ဖြစ်သော်လည်း စော်ကားခံရခြင်းမှာ စော်ကားခံရခြင်းပင် ဖြစ်သည်။

လက်တွေ့လောကထဲသို့ သူမ ပြန်ရောက်သွားလျှင် ဤတပည့်ယုတ် အနေနှင့် သူမအပေါ် ဤကဲ့သို့ ပြုမူရန် မဖြစ်နိုင်တော့ပေ။

အချိန်မည်မျှကြာသွားသည်မသိ လုချန်း၏ အနမ်းများအောက်တွင် ပန်းပင်လယ်ပြင်ကြီးမှာ တဖြည်းဖြည်းနှင့် အလင်းစက်များအဖြစ်သို့ ပြောင်းလဲ ပျောက်ကွယ်သွားခဲ့ကာ လုချန်းနှင့် ယွမ်ယုတိတို့၏ အသိစိတ် ပုံရိပ်များလည်း အလင်းစက်များအဖြစ် ပြောင်းလဲသွားခဲ့သည်။ မကြာမီမှာပင် လုချန်းနှင့် ယွမ်ယုတိတို့၏ အသိစိတ်အာရုံများ သူတို့၏ ခန္ဓာကိုယ်များထဲသို့ အသီးသီး ပြန်လည် ရောက်ရှိသွားကြ၏။

……

ထိုအခိုက်အတန့်တွင်။

ယွမ်ယုတိ၏ တံခါးပိတ် ကျင့်စဉ်စခန်း စံအိမ်အတွင်း၌။

ရေခဲစင်မြင့်ထက်တွင်။

ယွမ်ယုတိ မျက်လုံးဖွင့်လိုက်သည်နှင့် သူမ၏ စိတ်ထဲရှိ ဒေါသများ ချက်ချင်းပင် လောင်မြိုက်လာ၏။ သိက္ခာရှိသော နတ်ဘုရင်တစ်ပါး ဖြစ်ပါလျက် ထိုဆိုးသွမ်းသော တပည့်၏ စော်ကားမှုကို ခံခဲ့ရသည့်အပြင် ကတိသစ္စာပါ ပြုခဲ့ရ၏။

အဆိုးဝါးဆုံး အချက်က ထိုလူယုတ်မာ လုချန်းက သူမကို ရင်သွေးများ မွေးဖွားပေးစေလိုခြင်းဖြစ်သည်။ ထိုအရာ တွေးမိကာ သူမ ဒေါသအလိပ်လိပ် ထွက်နေရခြင်း ဖြစ်သည်။

ထို့နောက် ယွမ်ယုတိ၏ ခန္ဓာကိုယ်မှ အေးစက်သော အငွေ့အသက်များ လှိုင်းလုံးများကဲ့သို့ ထွက်ပေါ်လာကာ မကြာမီမှာပင် သူမ၏ အေးစက်လှသော ဒေါသသံ လျှို့ဝှက်လဝန်းနန်းတော် တစ်ခုလုံးသို့ ပဲ့တင်ထပ်သွား၏။

“လုချန်း...”

လျှို့ဝှက်လဝန်းနန်းတော်မှ လူများသည် သူတို့၏ နန်းတော်သခင်၏ အသံကို ကြားလျှင် ယွမ်ယုတိ ကျင့်ကြံနေသည့် ဘက်သို့ သိလိုစိတ်ဖြင့် ကြည့်လိုက်ကြ၏။

လုချန်း...တဲ့လား

သူတို့၏ နန်းတော်သခင်က ဤနာမည်ကို ဘာကြောင့် အော်ဟစ်လိုက်ပါသနည်း။

သူတို့ မှတ်မိသလောက်ဆိုလျှင် ဤလုချန်းသည် ထျန်းရှနတ်ဘုရား နိုင်ငံတော်မှ ချန်ဘုရင် မဟုတ်ပါလား။

ချန်ဘုရင်က သေဆုံးသွားခဲ့ပြီ မဟုတ်ပါလား။

သူတို့၏ နန်းတော်သခင်က တံခါးပိတ် ကျင့်စဉ်စခန်းမှ ထွက်လာသည်နှင့် ဘာကြောင့် လုချန်း၏ နာမည်ကို အော်ဟစ်ရပါသနည်း။

လူများ ဇဝေဇဝါ ဖြစ်နေစဉ်မှာပင် နတ်ဘုရင် လင်ရင်နှင့် အကြီးအကဲ တစ်စု ယွမ်ယုတိ၏ တံခါးပိတ် ကျင့်စဉ်စခန်း ရှေ့သို့ ထပ်မံ ရောက်ရှိလာကြပြန်သည်။ နောက်တစ်ခဏတွင် ယွမ်ယုတိ စံအိမ်အတွင်းမှ ထွက်ပေါ်လာရာ သူမ၏ အငွေ့အသက်ကို ခံစားမိလိုက်သော အကြီးအကဲများ မှင်တက်သွားကြ၏။

သူတို့၏ နန်းတော်သခင်၏ ကျင့်စဉ်အဆင့်မှာ နတ်ဘုရင်ခံ အဆင့်အထိ ထိုးကျသွားခဲ့ပေပြီ။

ဒါက တကယ့်ကို ပြဿနာတစ်ခုပင် ဖြစ်သည်။

နတ်ဘုရင်တစ်ပါး မရှိပဲနှင့် သူတို့၏ လျှို့ဝှက်လဝန်းနန်းတော်သည် အင်အားစု သုံးစု၏ တိုက်ခိုက်မှုကို ခုခံနိုင်ရန် ပို၍ပင် ခက်ခဲသွားပေလိမ့်မည်။

စံအိမ်အတွင်းမှ တိုက်ရိုက် ထွက်လာသော ယွမ်ယုတိကို မြင်လျှင် နတ်ဘုရင်ခံ ဝေရွှီ၏ မျက်နှာ အနည်းငယ် ရှုပ်ထွေးသွား၏။ အစောပိုင်းက အခြေအနေမှန်များကို သူမ ဖုံးကွယ်ထားနိုင်ခဲ့သော်လည်း သူတို့၏ နန်းတော်သခင် ဤကဲ့သို့ တိုက်ရိုက် ထွက်လာလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။

ယွမ်ယုတိက ခံစားချက်မဲ့သော မျက်နှာဖြင့်

“လင်ရင်ကလွဲလို့ ကျန်တဲ့သူတွေ အားလုံး ထွက်သွားကြ”

လုချန်း၏ သရုပ်မှန်ကို အခြားသူများအား လောလောဆယ် မသိစေလိုသော်လည်း ထိုလူယုတ်မာကို သင်ခန်းစာ မပေးရပဲနှင့် ဤနာကျည်းချက်ကို သူမ လျစ်လျူရှုမထားနိုင်ပေ။

သူမအနေနှင့် လုချန်းကို အန္တရာယ်မပြုရန် ကတိသစ္စာ ပြုခဲ့သော်လည်း အခြားသူများက အန္တရာယ်မပြုနိုင်ဟု မဆိုလိုပေ။

လျှို့ဝှက်လဝန်းနန်းတော်တွင် နတ်ဘုရင်တစ်ပါးတည်း ရှိနေသည် မဟုတ်ပေ။

ထို့ပြင် လုချန်းသည် ကစဉ့်ကလျား ပင်လယ်ထဲမှ ထွက်လာခဲ့သည်မှာ မကြာသေးရာ ယုတ္တိဗေဒအရ သူ၏ စွမ်းအား ပြန်လည် ကောင်းမွန်လာဦးမည် မဟုတ်ပေ။ မဟုတ်ပါက သူသည် ချန်းလုဟူသော နာမည်ဝှက်ဖြင့် လျှို့ဝှက်လဝန်းနန်းတော်တွင် ပုန်းအောင်းနေစရာ မလိုသကဲ့သို့ အားလုံးကို လှည့်ဖြားရန် သေဟန်ဆောင်စရာလည်း မလိုပေ။

ယွမ်ယုတိ၏ စကားကို ကြားလျှင် အကြီးအကဲများလည်း လေးလံသော စိတ်များဖြင့် ထွက်ခွာသွားကြ၏။ နတ်ဘုရင်ခံ ဝေရွှီတို့လူစု ထွက်သွားပြီးနောက် နတ်ဘုရင် လင်ရင်က

“နန်းတော်သခင်... ဘာများ ညွှန်ကြားချင်လို့လဲ”

ယွမ်ယုတိက ခပ်အေးအေး လေသံဖြင့်

“ကျွန်မနောက်ကို လိုက်ခဲ့”

ထိုစကားနှင့်အတူ ယွမ်ယုတိနှင့် နတ်ဘုရင် လင်ရင်တို့သည် မူလနေရာမှ တစ်ပြိုင်နက်တည်း ပျောက်ကွယ်သွားကြ၏။ နောက်တစ်ခဏတွင် သူတို့နှစ်ဦး လုချန်း၏ အဆောင်အတွင်းသို့ ရောက်ရှိလာကြသည်။

ဒါက...

ယွမ်ယုတိက သူမကို လုချန်း၏ အဆောင်အတွင်းသို့ ခေါ်ဆောင်လာလျှင် နတ်ဘုရင် လင်ရင် အံ့အားသင့်သွား၏။ စောစောက “လုချန်း” ဟု ယွမ်ယုတိ အော်ဟစ်လိုက်သည်ကို သူမ သတိရလိုက်သည်။

သူမ၏ ရင်ခုန်သံများ မြန်ဆန်လာကာ လုချန်း၏ သရုပ်မှန် ဖော်ထုတ်ခံလိုက်ရပြီလားဟု တွေးတောမိလိုက်သည်။

--

…………..

All Chapters