အခန်း ၁၇၇၂
Vol. 119 Ch. 1772
အခန်း (၁၇၇၂)
အံ့ဖွယ် နည်းဗျူဟာပုံစံ
ယွမ်ယုတိနှင့် နတ်ဘုရင် လင်ရင်တို့ အဆောင်ဝင်းအတွင်းသို့ လှမ်းဝင်လိုက်သည်နှင့် ကျောက်သားခုံတန်းလျားပေါ်တွင် အခန့်သား ထိုင်နေသော လုချန်းကို ချက်ချင်း သတိပြုမိလိုက်ကြသည်။
ထိုအခိုက်အတန့်တွင် လုချန်းသည် လက်ဖက်ရည်ခွက် တစ်ခွက်ကို ကိုင်ထားကာ အေးအေးလူလူပင် လက်ဖက်ရည် သောက်နေ၏။
ဘာမှမဖြစ်ခဲ့သလိုမျိုး လုချန်းက အေးဆေးတည်ငြိမ်နေသည်ကို မြင်လျှင် ယွမ်ယုတိ၏ စိတ်ထဲရှိ ဒေါသများ ပိုမိုပြင်းထန်စွာ လောင်မြိုက်လာခဲ့သည်။
နောက်တစ်ခဏတွင် ယွမ်ယုတိ၏ ခန္ဓာကိုယ်မှ အေးစက်သော စွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာ၏။
ချက်ချင်းပင် အဆောင်ဝင်းအတွင်းရှိ စီးဆင်းနေသော ရေများ၊ ရေကန်နှင့် လုချန်း၏ လက်ထဲရှိ လက်ဖက်ရည်ပင်လျှင် ရေခဲအဖြစ် အေးခဲသွားခဲ့သည်။
လုချန်းက လက်ဖက်ရည်ခွက်ကို ချလိုက်ကာ အဆောင်ဝင်းအတွင်းရှိ ယွမ်ယုတိကို မော့ကြည့်ရင်း ပြုံးလျက်
“ဆရာ... ရောက်လာပြီပဲ”
ယွမ်ယုတိက လုချန်းကို အေးစက်စွာ စိုက်ကြည့်လိုက်ပြီးနောက် နတ်ဘုရင် လင်ရင်ကို
“သူ့ကို ဖမ်းချုပ်ထားလိုက်”
သို့သော် ယွမ်ယုတိ၏ အမိန့်ကို ကြားသော်လည်း နတ်ဘုရင် လင်ရင်က လှုပ်ရှားခြင်း မရှိပေ။
သူမက
“နန်းတော်သခင်... နန်းတော်သခင်နဲ့ ချန်းလုကြားမှာ တစ်ခုခု နားလည်မှုလွဲတာ ရှိလို့လား”
ဟု မသေမချာ မေးလိုက်သည်။
ယွမ်ယုတိ၏ မျက်နှာက ဂရုမစိုက်ဟန်ဖြင့်
“ဘာနားလည်မှုလွဲတာမှ မရှိဘူး”
ထိုအရာကို ကြားလျှင် နတ်ဘုရင် လင်ရင်၏ အကြည့်များ လုချန်းထံသို့ ရောက်သွားကာ သူ၏ သဘောထားကို တောင်းခံနေသကဲ့သို့ ဖြစ်နေသည်။
လုချန်းက တိုက်ရိုက်ပင်
“ဆက်ပြီး ဟန်ဆောင်နေစရာ မလိုတော့ဘူး။ သူ ကျုပ်ရဲ့ သရုပ်မှန်ကို သိသွားပြီ။”
ထိုစကားကို ကြားလျှင် ယွမ်ယုတိလည်း ရပ်နေသည့် နေရာ၌ပင် ခဏခန့် မှင်တက်သွား၏။
လုချန်း၏ စကားများက ထင်ရှားစွာပင် သူမကို ရည်ရွယ်ပြောဆိုနေခြင်း မဟုတ်ပေ။
သူမ၏ ဘေးတွင် နတ်ဘုရင် လင်ရင် တစ်ဦးတည်းသာ ရှိနေသဖြင့် သူက လင်ရင်ကို ပြောနေခြင်း ဖြစ်ပါသလား။
ယွမ်ယုတိ သူမ၏ ခေါင်းကို အမြန်လှည့်ကာ နတ်ဘုရင် လင်ရင်ကို သတိကြီးစွာဖြင့် ကြည့်လိုက်၏။
လုချန်းက ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်ကို မြင်လျှင် နတ်ဘုရင် လင်ရင်က အားနာဟန်ဖြင့် ပြုံးလိုက်ပြီး ယွမ်ယုတိကို
“နန်းတော်သခင်... တောင်းပန်ပါတယ်။ ကျွန်မက ဘုရင်ကြီးရဲ့ လူပါ”
နတ်ဘုရင် လင်ရင်၏ စကားကို ကြားလျှင် ယွမ်ယုတိ၏ ခန္ဓာကိုယ်အတွင်းမှ ရေခဲစွမ်းအားများ တစ်ဖန် ပေါက်ကွဲထွက်လာကာ လျှို့ဝှက်လဝန်းနန်းတော် တစ်ခုလုံးကို ရေခဲများဖြင့် ဖုံးလွှမ်းသွားစေပြီး နှင်းမုန်တိုင်းများပင် ကျဆင်းလာစေခဲ့သည်။
ယွမ်ယုတိ တကယ်ပင် အလွန်တရာ အမျက်ထွက်သွားပေပြီ။
သူမနောက်သို့ နှစ်ပေါင်းများစွာ လိုက်ပါလာခဲ့ပြီးနောက် နတ်ဘုရင် လင်ရင်သည် ထိုလူယုတ်မာ လုချန်း၏ ဘက်တော်သား ဖြစ်နေလိမ့်မည်ဟု သူမ တစ်ခါမှ မတွေးတောခဲ့ဖူးပေ။
ယွမ်ယုတိက အေးစက်သော အသံဖြင့်
“ဘယ်အချိန်ကတည်းကလဲ”
ဟု မေးလိုက်သည်။
နတ်ဘုရင် လင်ရင်က မည်သည့်အချိန်တွင် ဤလူယုတ်မာနှင့် ပူးပေါင်းခဲ့သည်ကိုလည်းကောင်း၊ လျှို့ဝှက်လဝန်းနန်းတော်ကို ဘာကြောင့် သစ္စာဖောက်ရသည်ကိုလည်းကောင်း သူမ အလွန် သိလိုလှသည်။
သူမအနေနှင့် လင်ရင်ကို ဘယ်တုန်းကမှ ဆိုးဆိုးရွားရွား မဆက်ဆံခဲ့ဟု သူမ ယုံကြည်သည်။
နတ်ဘုရင် ဖြစ်လာပြီးနောက် သူမကို ဒုတိယ နန်းတော်သခင်အဖြစ်ပင် ရာထူးတိုးပေးခဲ့သေးသည်။
သို့သော်လည်း သူမ သစ္စာဖောက်ခြင်း ခံလိုက်ရပေပြီ။
နတ်ဘုရင် လင်ရင်က
“ကျွန်မက အစကတည်းက ဘုရင်ကြီးရဲ့ အစေခံဖြစ်ပြီး သူ ကြီးပြင်းလာတာကို ကြည့်လာခဲ့တာပါ”
ဟု တုံ့ပြန်လိုက်၏။
နတ်ဘုရင် လင်ရင်၏ အဖြေကို ကြားရလျှင် ယွမ်ယုတိ အနည်းငယ် စိတ်သက်သာရာ ရသွားသည်။
နတ်ဘုရင် လင်ရင်သည် အစကတည်းက ထိုလူယုတ်မာ၏ လူတစ်ယောက် ဖြစ်နေပုံရရာ ၎င်းမှာ သစ္စာဖောက်မှု မဟုတ်ကြောင်း ထင်ရှားသည်။
သို့သော် မကြာမီမှာပင် ယွမ်ယုတိ အချက်တစ်ခုကို သတိပြုမိသွား၏။
နတ်ဘုရင် လင်ရင်သည် အစကတည်းက လုချန်း၏ လူဖြစ်နေခဲ့လျှင် သူမကို ထောက်လှမ်းရန် ရည်ရွယ်ချက်ဖြင့် လျှို့ဝှက်လဝန်းနန်းတော်ထဲသို့ ခိုးဝင်လာခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
ဆိုလိုသည်မှာ ထိုလူယုတ်မာက သူမကို အစကတည်းက ပစ်မှတ်ထားနေခဲ့ခြင်းလား။
ထိုဖြစ်နိုင်ခြေကို တွေးမိလျှင် ယွမ်ယုတိ၏ မျက်နှာထား ပို၍ပင် အေးစက်သွားခဲ့သည်။
ထိုလူယုတ်မာကို မထိခိုက်စေရန် သူမ ကိုယ်တိုင် ကတိသစ္စာ ပြုခဲ့ရခြင်းနှင့် လျှို့ဝှက်လဝန်းနန်းတော်တွင် ကျန်ရှိနေသော တစ်ဦးတည်းသော နတ်ဘုရင်မှာ လုချန်း၏ လူဖြစ်နေခြင်းတို့က ယွမ်ယုတိကို သည်းမခံနိုင်လောက်အောင် စိတ်ပျက်အားမလိုအားမရ ဖြစ်စေသည်။
သူမသည် ထိုလူယုတ်မာ၏ ထိုသို့သော စော်ကားမှုကို ခံခဲ့ရသော်လည်း ယခု သူ့အပေါ်တွင် အရေးယူနိုင်စွမ်း မဲ့နေရသည်ကို တွေ့ရှိလိုက်ရသည်။
ယွမ်ယုတိ အလွန်ပင် မုန်းတီးနာကျည်းနေသည်ကို လုချန်း မြင်နိုင်သော်လည်း နည်းနည်းငယ်မှ သူ ဂရုမစိုက်ပေ။
သူက ပြုံးလျက်ပင်
“ဆရာ... ဆရာရဲ့ အစ်မက ကျုပ်လက်ထဲမှာ ရှိနေသေးတယ်ဆိုတာကိုမမေ့ပါနဲ့ဦး”
ဟု သတိပေးလိုက်သည်။
ထိုအရာကို ကြားလျှင် ယွမ်ယုတိ၏ စိတ်ထဲ ဗလာဖြစ်သွားပြီးနောက် အေးစက်စွာ ပြန်ပြောလိုက်သည်။
“ရှင် ကျွန်မကို လိမ်နေတာလို့ သိလိုက်ရရင်တော့ မလွယ်ဘူးနော်။”
လုချန်းက ဆက်လက်၍
“အဲ့ဒါကို အာရုံစိုက်နေမယ့်အစား အင်အားစုကြီး သုံးစုကို ဘယ်လို ရင်ဆိုင်မလဲဆိုတာကိုပဲ ဆရာ စဉ်းစားသင့်တယ်။”
“အခု ဆရာရဲ့ ကျင့်စဉ်အဆင့်က နတ်ဘုရင်ခံ အဆင့်အထိ ကျဆင်းသွားပြီဖြစ်သလို နတ်ဂိုဏ်းရဲ့ ကံစွမ်းအားကလည်း အားနည်းသွားပြီ။”
လျှို့ဝှက်လဝန်းနန်းတော်ရဲ့ နတ်ဂိုဏ်း နည်းဗျူဟာ ပုံစံကြီး ရှိနေရင်တောင်မှ အင်အားစု သုံးစုရဲ့ ဝိုင်းရံတိုက်ခိုက်မှုကို ခုခံနိုင်မှာ မဟုတ်ဘူး။”
ယွမ်ယုတိ တိတ်ဆိတ်သွား၏။
စောစောက ဒေါသအလွန် ထွက်နေခဲ့သော်လည်း ယခု စိတ်ကို ပြန်လည် ထိန်းချုပ်ကာ အခြေအနေကို သုံးသပ်ကြည့်လျှင် ဤအချိန်မှာ လုချန်းကို ဒုက္ခပေးရမည့် အချိန်မဟုတ်ကြောင်း သူမ သတိရလိုက်သည်။
သူမ တစ်ယောက်တည်း ထွက်ပြေးလိုလျှင် ပြဿနာ မဟုတ်သော်လည်း လျှို့ဝှက်လဝန်းနန်းတော်မှ တပည့်များ ထိုမိစ္ဆာနတ်များ၏ လက်ထဲသို့ ကျရောက်သွားနိုင်သည်။
ထိုတပည့် အများစုမှာ သူမကိုယ်တိုင် လျှို့ဝှက်လဝန်းနန်းတော်သို့ ခေါ်ဆောင်လာခဲ့သူများ ဖြစ်သည်။
သူမက သူတို့ကို ထားခဲ့ပြီး တစ်ယောက်တည်း ထွက်ပြေးသွားပါက ထိုအရာက နောင်တစ်ချိန်တွင် သူမအတွက် စိတ်မိစ္ဆာ ဖြစ်လာနိုင်သည်။
ထိုအခိုက်အတန့်တွင် အိပ်မက်ထဲရှိ လုချန်း၏ စကားများကို ယွမ်ယုတိ ပြန်လည် သတိရလိုက်သည်။
လျှို့ဝှက်လဝန်းနန်းတော်ကို လက်ရှိ အကျပ်အတည်းမှ လွတ်မြောက်စေရန် ကူညီနိုင်မည့် နည်းလမ်း သူ့၌ ရှိကောင်းရှိနိုင်သည်။
သူမ၏ မျက်လုံးများက လုချန်းကို အေးစက်စွာ စိုက်ကြည့်လျက် နောက်ဆုံးတွင် ခံစားချက်မရှိသော လေသံဖြင့် မေးလိုက်သည်။
“ရှင့်မှာ နည်းလမ်း ရှိလို့လား”
လုချန်းက
“နည်းလမ်းတော့ ရှိပါတယ်။ ဒါပေမဲ့ ဆရာက ကျုပ်ကို အလကား ခိုင်းဖို့တော့ မမျှော်လင့်ထားဘူး မဟုတ်လား။”
“အားလုံးကို ကယ်တင်ဖို့အတွက် ကျုပ်ဘက်ကနေ ရင်းနှီးပေးဆပ်ရမှာလေ။”
ယွမ်ယုတိ၏ မျက်ခုံးများ အနည်းငယ် တွန့်သွားကာ
“ရှင် ဘာလိုချင်တာလဲ”
လုချန်း၏ ပြင်းရှသော အကြည့်များက ယွမ်ယုတိ၏ ရှည်လျားသော ခြေတံများမှတစ်ဆင့် သူမ၏ အေးစက်ပြီး တင့်တယ်သော မျက်နှာထက်သို့ ကျရောက်သွားကာ
“ကျုပ် ဘာလိုချင်သလဲဆိုတာ ဆရာ သိသင့်ပါတယ်”
ယွမ်ယုတိ ဘာမှ မပြောတော့ပေ။
သူမ၏ လက်သီးများကို တင်းတင်းဆုပ်ထားရင်း ဤတပည့်ယုတ်ကို အမှန်တကယ် သုတ်သင်ပစ်ချင်နေတော့သည်။
ခဏအကြာတွင် ယွမ်ယုတိက ခပ်အေးအေးဖြင့်
“တစ်ကြိမ်ပဲ”
အမြဲတမ်း သူ၏ စိတ်အလိုအတိုင်း နေရမည့် ပျော်တော်ဆက် ဘဝ အဖြစ်မခံနိုင်သော်လည်း တစ်ကြိမ်တစ်ခါလောက်ဆိုလျှင်တော့ ခွေးကိုက်ခံရသလိုမျိုး သဘောထားနိုင်သည်။
စင်ကြယ်ခြင်းက သူမအတွက် အဓိပ္ပာယ် များစွာမရှိပေ။
ဤလူယုတ်မာ၏ ညှဉ်းပန်းမှုကို မခံလိုရုံသာ ဖြစ်သည်။
သူမသည် နတ်ဘုရင်တစ်ပါး၏ မာန်မာနရှိသူ ဖြစ်ပါလျက် အိပ်မက်ထဲတုန်းကလို လုချန်းနှင့် အရှက်ရဖွယ် ကိစ္စရပ်များကို ပြုလုပ်ရမည်ဟူသော အတွေးက သူမကို နာကျည်းစေသည်။
သူမသည် နတ်ဘုရင်တစ်ပါး ဖြစ်ပါလျက် ထိုကဲ့သို့ တိရစ္ဆာန်များကဲ့သို့ မည်သို့ ပြုမူနိုင်ပါမည်နည်း။
ယွမ်ယုတိ ဆိုလိုချင်သည်ကို လုချန်း ချက်ချင်း နားလည်လိုက်သဖြင့် ခေါင်းခါပြကာ
“မလောက်သေးဘူး”
ယွမ်ယုတိက ခံစားချက်မဲ့စွာဖြင့်
“နှစ်ကြိမ်”
ဟု တုံ့ပြန်၏။
ထိုအခြေအနေတွင် ယွမ်ယုတိသည် သူမ၏ ခန္ဓာကိုယ်အတွင်းရှိ ရေခဲစွမ်းအားများကို မနည်း ထိန်းချုပ်နေရပြီး ပေါက်ကွဲထွက်လုနီးနီး ဖြစ်နေပေပြီ။
လုချန်းက ကံစမ်းကြည့်ရန် ကြံရွယ်သော်လည်း ယွမ်ယုတိက ရုတ်တရက် ကျောခိုင်းလိုက်ကာ ထွက်ခွာသွားရန် ပြင်ဆင်လိုက်၏။
နတ်ဘုရင်များတွင် ကြီးမားသော မာန်မာန ရှိတတ်ကြ၏။ နှစ်ကြိမ်ဆိုသည်က သူမ၏ ကန့်သတ်ချက် ဖြစ်သည်။
လုချန်းက သဘောမတူပါက ထိုအင်အားစု သုံးစုမှ နတ်ဘုရင်များနှင့်အတူ အသေခံမည့်နည်းလမ်းကိုသာ သူမ ရှာဖွေဖြစ်လိမ့်မည်။
ယောက်ျားတစ်ယောက်၏ အလိုကျ နေရသည့် ဘဝမျိုး သူမ အဖြစ်မခံနိုင်ပေ။ အထူးသဖြင့် လုချန်း၏ လက်ထဲတွင် ဖြစ်သည်။
ထို့ပြင် သူ၏ ရည်ရွယ်ချက်မှာ အပျော်အပါးသက်သက်တင် မဟုတ်ပဲ သူမကို ရင်သွေးမွေးဖွားပေးမည့် ကိရိယာအဖြစ် အသုံးပြုရန် ဖြစ်နေသည်။
ယွမ်ယုတိတွင် ယွမ်ချင်းရှူးကဲ့သို့ပင် မာန်မာန ရှိနေကြောင်း လုချန်း သိလိုက်သည်။
အလွန် ဖိအားပေးလိုက်လျှင် အကျိုးဆက်က ဆိုးရွားသွားနိုင်သည်။
သူက ချက်ချင်းပင်
“ကောင်းပြီ...ကျုပ် သဘောတူတယ်”
လုချန်း သဘောတူသည်ကို မြင်လျှင် ယွမ်ယုတိက ခြေလှမ်းကို ရပ်လိုက်ကာ သူ့ကို လှည့်ကြည့်ရင်း
“ရှင် ဘာလုပ်ဖို့ စဉ်းစားထားလဲ”
လုချန်းက
“ကျုပ် ကစဉ့်ကလျား ပင်လယ်ထဲမှာ ရှေးဟောင်း တည်နေရာရွှေ့ပြောင်း နည်းဗျူဟာ ပုံစံ တစ်ခုကို ရခဲ့တယ်။ အဲဒါကို အသုံးပြုဖို့ တခြားဘက်မှာ အာကာသ တည်နေရာရွှေ့ပြောင်း နည်းဗျူဟာ ပုံစံ ရှိနေစရာ မလိုဘူး။”
“အဲ့ဒါက ထျန်းရန် နတ်ဘုရား နယ်မြေရဲ့ ဘယ်နေရာကိုမဆို အာကာသ ပိတ်ဆို့မှုတွေကို လျစ်လျူရှုပြီး ပို့ဆောင်ပေးနိုင်တယ်။”
“ဒါပေမဲ့ အဲဒီလို ပို့ဆောင်ဖို့အတွက် များပြားလှတဲ့ နတ်အငွေ့အသက်တွေ လိုအပ်တယ်။”
“လျှို့ဝှက်လဝန်းနန်းတော် တစ်ခုလုံးကို ပို့ဆောင်ဖို့အတွက် လက်ရှိ နတ်အငွေ့အသက်က မလောက်ငနိုင်ပေမဲ့ စမ်းကြည့်ရတာ တန်ပါတယ်။”
“ပြီးတော့ လျှို့ဝှက်လဝန်းနန်းတော် တစ်ခုလုံးကို မပို့ဆောင်နိုင်ရင်တောင်မှ လူတွေ အားလုံးကိုတော့ ပို့ဆောင်နိုင်တယ်။”
ယွမ်ယုတိ၏ အေးစက်သော ပါးပြင်ထက်တွင် သံသယအရိပ်အယောင်များ ပေါ်လာ၏။
ထျန်းရန် နတ်ဘုရား နယ်မြေတွင် ထိုသို့သော တည်နေရာရွှေ့ပြောင်း နည်းဗျူဟာ ပုံစံမျိုး ရှိတာကို သူမ ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။
--
…………..