← Chapters

အခန်း ၁၇၇၇

Vol. 119 Ch. 1777

အခန်း ၁၇၇၇

Vol. 119 Ch. 1777

အခန်း (၁၇၇၇ )

နည်းဗျူဟာပုံစံကို အသက်သွင်းခွင့် လုံးဝ မပေးနိုင်

နတ်ဂိုဏ်း၏ အသက်လုရမည့် အရေးကြီးအချိန်တွင် ဂိုဏ်းချုပ်က ဒဏ်ရာရဟန်ဆောင်နေခြင်းသည် တပည့်များ၏ စိတ်ဓာတ်ကို အကြီးအကျယ် ထိုးနှက်ရာ ရောက်၏။ သူမ၏ ကျင့်စဉ်အဆင့်သာ ကျဆင်းမသွားခဲ့ပါက နတ်ဘုရင်ခံ ကျူးယွဲ့တို့လူစုသည် လျှို့ဝှက်လဝန်းနန်းတော်ကို သစ္စာဖောက်ဝံ့ကြမည် မဟုတ်ပေ။

ယခုကဲ့သို့ ပြည်တွင်းပဋိပက္ခများလည်း ပေါ်ပေါက်လာစရာ အကြောင်းမရှိပေ။ ယွမ်ယုတိ၏ လုပ်ရပ်များမှာ အဓိပ္ပာယ်မဲ့လွန်းလှပြီး လျှို့ဝှက်လဝန်းနန်းတော်ထံသို့ ဒုက္ခများသာ သယ်ဆောင်လာခဲ့၏။

နည်းဗျူဟာ အကာအကွယ်ကို ကြည့်ရင်း သတ်ဖြတ်လိုသည့် အငွေ့အသက်များ ယွမ်ယုတိ၏ မျက်လုံးများအတွင်း ဝေ့ဝဲသွားသည်။ နတ်ဘုရင်ခံ အများစုမှာ နတ်ဘုရင်တစ်ပါးကို အချိန်အတန်ကြာ ခုခံနိုင်စွမ်း ရှိကြသော်လည်း ၎င်းမှာ တိုက်ခိုက်လာသည့် နတ်ဘုရင်၏ အစွမ်းအစပေါ်တွင်သာ မူတည်ပေသည်။

လျှို့ဝှက်လဝန်းနန်းတော်၏ သူတော်စင်မဟောင်း တစ်ဦးဖြစ်သည့် ယွမ်ယုတိသည် သာမန်နတ်ဘုရင်တစ်ပါး မဟုတ်ပေ။ ထိုနတ်ဘုရင်ခံ အနည်းငယ်က သူမ၏ ရှေ့မှောက်တွင် အချိန်ဆွဲရန် ကြိုးစားနေကြသည်က ရယ်စရာပင် ကောင်း၏။

ထို့နောက် ခဏချင်း အတွင်းပင် လျှို့ဝှက်လဝန်းနန်းတော် တစ်ခုလုံး နှင်းနှင့် ရေခဲကမ္ဘာအဖြစ်သို့ ပြောင်းလဲသွားပြီး ကောင်းကင်ယံ၌လည်း မြင့်မားလှသော နှင်းတောင်တန်းကြီးများ၏ ပုံရိပ်ယောင်များ ပေါ်ပေါက်လာသည်။ အချိန်ဖြုန်းရန် စိတ်မကူးထားသည့် ယွမ်ယုတိက သူမ၏ ရေခဲလမ်းစဉ်ကို တိုက်ရိုက် ထုတ်ဖော်လိုက်ခြင်း ဖြစ်သည်။

ကြောက်မက်ဖွယ်ကောင်းလှသော ရေခဲစွမ်းအားများသည် ရေခဲဆူးချွန်ပေါင်း မြောက်မြားစွာအဖြစ်သို့ ပြောင်းလဲသွားပြီး နတ်ဘုရင်ခံကျူးယွဲ့နှင့် သစ္စာဖောက်များ တည်ဆောက်ထားသည့် အကာအကွယ်ဆီသို့ ဦးတည်ပြေးဝင်သွား၏။

ထိုအကာအကွယ်ကို ခဏချင်းအတွင်းမှာပင် ထိုးဖောက်လိုက်ပြီး ရေခဲဆူးချွန်များက နတ်ဘုရင်ခံ ကျူးယြွဲတို့လူစု၏ ခန္ဓာကိုယ်များကို ဖောက်ထွက်သွားကာ သူတို့ကို ချက်ချင်းပင် အစအနမကျန် ချေမှုန်းပစ်လိုက်တော့သည်။

ထိုမြင်ကွင်းကို ကြည့်ရင်း သွေးမိစ္ဆာ နတ်ဘုရင် သုံးပါး၏ မျက်နှာများ ပိုမိုလေးနက်ခက်ထန်လာကြ၏။ လျှို့ဝှက်လဝန်းနန်းတော်၏ ကံစွမ်းအား ဤမျှအထိ အားနည်းနေပြီ ဖြစ်သော်လည်း ယွမ်ယုတိကတော့ လမ်းစဉ်စွမ်းအားကို အသုံးပြု၍ နတ်ဘုရင်ခံ အမြောက်အမြားကို အလွယ်တကူ သုတ်သင်နိုင်စွမ်း ရှိနေသေးပေသည်။

ထိုမိစ္ဆာနတ်ဘုရင်များပင်လျှင် နတ်ဘုရင်ခံ အမြောက်အမြားကို တစ်ပြိုင်နက်တည်း သတ်ဖြတ်ရန် စွမ်းအားအမြောက်အမြား အသုံးပြုရမည် ဖြစ်၏။ လျှို့ဝှက်လဝန်းနန်းတော်က ရန်သူကို အကွက်ဆင် ဖိတ်ခေါ်နေသည်ဟူသော အချက်ကို ယခု သူတို့ လေးလေးနက်နက် သံသယဝင်လာကြပြီဖြစ်သည်။

သွေးမိစ္ဆာ နတ်ဘုရင်တို့လူစု အာရုံပျံ့လွင့်နေစဉ်မှာပင် ယွမ်ယုတိက သူမ၏ အငွေ့အသက်များကို ရုပ်သိမ်းလိုက်သည်။

ယွမ်ယုတိက လုချန်းကို ခပ်အေးအေး ကြည့်လျက်

“နည်းဗျူဟာပုံစံကို ရှင် အခု စလို့ရပြီလား”

ထိုအရာကို ကြားလျှင် ယဲ့ချူယောင်နှင့် ကျန်ရှိနေသည့် အကြီးအကဲများ ဇဝေဇဝါ ဖြစ်သွားကြ၏။

နည်းဗျူဟာပုံစံ တည်ဆောက်မယ် ဟုတ်လား။

မည်သည့် နည်းဗျူဟာပုံစံနည်း။

ထို့ပြင် ယွမ်ယုတိ၏ ပြောပုံအရဆိုလျှင် ကောင်းကင်နတ်အဆင့်သာရှိသည့် ချန်းလုက နည်းဗျူဟာပုံစံကို တည်ဆောက်မှာလား။

လူတိုင်း ဇဝေဇဝါဖြစ်နေစဉ်မှာပင် လုချန်းက ပြုံးလျက်

“ကျုပ်တို့ စလိုက်ကြရအောင်”

ထိုသို့ ပြောရင်း အင်းကွက်များကို လုချန်း ချက်ချင်းပင် ရေးထိုးလိုက်ရာ သူ၏ရှေ့မှောက်တွင် ထူးဆန်းသော အင်းကွက်တစ်ခု ပေါ်လာလေသည်။ ထို့နောက် လုချန်း၏ ခန္ဓာကိုယ်အတွင်းမှ လမ်းစဉ်စွမ်းအား အမျိုးမျိုး ထွက်ပေါ်လာပြီး ဝိညာဉ်နယ်ပယ် ဖြတ်ကျော် နည်းဗျူဟာ၏ အင်းကွက်များကို ပုံဖော်လိုက်၏။

လုချန်း ထုတ်ဖော်လိုက်သည့် လမ်းစဉ်စွမ်းအား အမျိုးမျိုးကို ကြည့်ရင်း အနီးနားရှိ လူများသာမက ယွမ်ယုတိ၏ အေးစက်လှသော မျက်နှာထက်၌ပင် အံ့သြတုန်လှုပ်သွားရသည့် အရိပ်အယောင်များ ထင်ဟပ်သွားသည်။

နတ်အများစုသည် လမ်းစဉ်တစ်ခုတည်းကိုသာ အဓိကထား ကျင့်ကြံလေ့ရှိကြ၏။ အချို့ကတော့ အခြားလမ်းစဉ်များကိုပါ ပူးတွဲကျင့်ကြံတတ်ကြသော်လည်း ခန္ဓာကိုယ်အတွင်း စွမ်းအားများ ပဋိပက္ခမဖြစ်စေရန် အနက်ရှိုင်းဆုံးအထိ ကျင့်ကြံလေ့ မရှိကြပေ။

သို့သော် လုချန်းကတော့ လမ်းစဉ်စွမ်းအား အမျိုးအစား မြောက်မြားစွာကို အသုံးပြုနိုင်နေသည်။ သူသည် လမ်းစဉ်ပေါင်း မည်မျှအထိ ကျင့်ကြံထားသနည်း။

အင်းကွက်များ တဖြည်းဖြည်း ပုံပေါ်လာသည်နှင့်အမျှ ပြင်းထန်သော အာကာသ လှိုင်းထန်မှုများကို လူတိုင်း ခံစားလိုက်ကြရ၏။ နည်းဗျူဟာကို အသုံးမပြုရသေးသော်လည်း ဝိညာဉ်နယ်ပယ် ဖြတ်ကျော် နည်းဗျူဟာ၏ အင်းကွက်များက ပတ်ဝန်းကျင်ရှိ အာကာသကိုပင် ပုံပျက်သွားစေပြီ ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ထိုမြင်ကွင်းကို ကြည့်ရင်း သွေးမိစ္ဆာ နတ်ဘုရင် သုံးပါးလုံး အလွန် တည်ကြည်လေးနက်သွားကြ၏။

သွေးမိစ္ဆာ နတ်ဘုရင်က

“ဒီလူက ဘယ်သူလဲ... သူက ဘယ်လိုလုပ်ပြီး လမ်းစဉ်စွမ်းအား အမျိုးမျိုးကို အသုံးပြုနိုင်ရတာလဲ။”

ဝိညာဉ်ဆိုး နတ်ဘုရင်နှင့် ဝိညာဉ်လောက နတ်ဘုရင်တို့လည်း ဘာမှပြန်မပြောနိုင်ပဲ တိတ်ဆိတ်နေကြ၏။

သူတို့ကိုယ်တိုင်လည်း လုချန်း မည်သူမှန်း မသိကြပေ။

ထိုစဉ် ဝိညာဉ်နယ်ပယ် ဖြတ်ကျော် နည်းဗျူဟာ၏ အင်းကွက်များ တဖြည်းဖြည်း ပြည့်စုံလာခဲ့သည်။ ထိုအခါ သူတို့၏ အာကာသ ပိတ်ဆို့မှုကို လျစ်လျူရှုကာ ဖြစ်ပေါ်နေသည့် အာကာသ ပုံပျက်မှုများကို သူတို့ ခံစားမိသွားပြီး မကောင်းသော အငွေ့အသက်များကိုလည်း သတိပြုမိသွားကြ၏။

ဝိညာဉ်လောက နတ်ဘုရင်က

“ဒါက တည်နေရာရွှေ့ပြောင်း နည်းဗျူဟာပုံစံ တစ်ခုလို့ ဘာဖြစ်လို့ ခံစားနေရတာလဲ။”

ဝိညာဉ်ဆိုး နတ်ဘုရင်က

“အာကာသကို ကျုပ်တို့ ပိတ်ဆို့ထားပြီးသားလေ... ဘယ်လောက်ပဲ ကောင်းတဲ့ နည်းဗျူဟာပုံစံ ဖြစ်ပါစေ ဘာကိုမှ သယ်ဆောင်သွားလို့ မရနိုင်ပါဘူး... ဒါက အလကား အားထုတ်နေတာပဲ။”

သွေးမိစ္ဆာ နတ်ဘုရင်က မျက်မှောင်ကြုတ်လျက်

“မဟုတ်ဘူး... နည်းဗျူဟာကို မဖွင့်ရသေးခင်မှာတင် အာကာသကို ပုံပျက်စေနိုင်နေပြီ... အကယ်၍ သူ့ကိုသာ အဲဒါကို အသက်သွင်းခွင့် ပေးလိုက်ရင် ကျုပ်တို့ရဲ့ အာကာသ ပိတ်ဆို့မှုက ပျက်စီးသွားလိမ့်မယ်။”

ထိုအရာကို ကြားလျှင်မှ ဝိညာဉ်လောက နတ်ဘုရင်နှင့် ဝိညာဉ်ဆိုး နတ်ဘုရင်တို့လည်း ဝိညာဉ်နယ်ပယ် ဖြတ်ကျော် နည်းဗျူဟာ၏ ကြောက်မက်ဖွယ်ကောင်းမှုကို သတိပြုမိသွားကြ၏။

သွေးမိစ္ဆာ နတ်ဘုရင်က

“သူတို့ကို အဲဒီ နည်းဗျူဟာပုံစံကို အသက်သွင်းခွင့် လုံးဝ မပေးနိုင်ဘူး”

“အားလုံးပဲ... လျှို့ဝှက်လဝန်းနန်းတော်ရဲ့ နတ်တံခါး နည်းဗျူဟာကို အမြန်ဆုံး ချေမှုန်းကြ။”

ထိုသို့ ပြောပြီးသည်နှင့် သွေးမိစ္ဆာ နတ်ဘုရင်က ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

“အလောင်းတောင်နှင့် သွေးပင်လယ်...”

ထိုအခိုက်တွင်ပင် ကောင်းကင်ယံ၌ သွေးရောင်လှိုင်းလုံးကြီးများ ပေါ်ပေါက်လာပြီး လျှို့ဝှက်လဝန်းနန်းတော်၏ နတ်တံခါး အကာအကွယ်ဆီသို့ တိုက်ရိုက် ပြေးဝင်သွားသည်။ သွေးမိစ္ဆာ နတ်ဘုရင်က တိုက်ခိုက်သည်ကို မြင်လျှင် ဝိညာဉ်လောက နတ်ဘုရင်နှင့် ဝိညာဉ်ဆိုး နတ်ဘုရင်တို့လည်း ချက်ချင်းပင် လှုပ်ရှားလိုက်ကြ၏။

“ဝိညာဉ်လောက မီးလျှံလက်ဝါး...”

“သွေးဖြင့်ယဇ်ပူဇော်သည့် နတ်ဆိုးချေမှုန်း တံဆိပ်တော်...”

လက်ဝါးနှင့် တံဆိပ်တို့သည် သွေးမိစ္ဆာ နတ်ဘုရင်၏ အလောင်းတောင်နှင့် သွေးပင်လယ်တို့နှင့် ပေါင်းစပ်သွားပြီး လျှို့ဝှက်လဝန်းနန်းတော်၏ နတ်တံခါး နည်းဗျူဟာပေါ်သို့ ကျရောက်သွားသည်။

သို့သော် ၎င်းသည် နတ်တံခါး နည်းဗျူဟာကြီး တစ်ခု ဖြစ်သည်။

လျှို့ဝှက်လဝန်းနန်းတော်၏ အောက်ခြေရှိ နတ်မြို့တော်၏ နည်းဗျူဟာကြီးပင်လျှင် နတ်ဘုရင်တစ်ပါး၏ တိုက်ခိုက်မှုကို ခုခံနိုင်စွမ်း ရှိသည့်အတွက် ဤနတ်တံခါး နည်းဗျူဟာဆိုလျှင် ပြောစရာပင် မလိုတော့ပေ။

သာမန်အားဖြင့်ဆိုလျှင် နတ်ဂိုဏ်းတစ်ခု၌ ဤမျှအထိ ခိုင်ခံ့သော နတ်တံခါး နည်းဗျူဟာကြီးမျိုး ရှိလေ့ မရှိသော်လည်း ယွမ်ယုတိသည် လျှို့ဝှက်လဝန်းကျောင်းတော်မှ လာသူ ဖြစ်၏။

ထိုစဉ်က ရတနာအမြောက်အမြားနှင့် သူတော်စင်မများကို ပေးအပ်ထားသည့် အရင်းအမြစ်များကို သူမ ယူဆောင်လာခဲ့သောကြောင့် ဤနန်းတော်က အတော်ကြီး ခိုင်ခံ့နေခြင်း ဖြစ်၏။ လျှို့ဝှက်လဝန်းနန်းတော်၏ နတ်တံခါး နည်းဗျူဟာသည် ယွမ်ယုတိ ယူဆောင်လာခဲ့သည့် ကောင်းကင်အဆင့် နည်းဗျူဟာမှ ဆင်းသက်လာခြင်းဖြစ်ရာ အလွယ်တကူ ချေဖျက်၍ ရနိုင်မည် မဟုတ်ပေ။

နည်းဗျူဟာ ပုံစံ၏ ခိုင်ခံ့မှုကို မြင်လျှင် သွေးမိစ္ဆာ နတ်ဘုရင်လည်း လက်တွန့်မနေတော့ပဲ နတ်ဆိုး နိယာမကိုယ်ထည်ကို ထုတ်ဖော်လိုက်၏။ ထိုအခါ ပေတစ်ရာကျော် မြင့်မားသော နိယာမကိုယ်ထည်ကြီး ကောင်းကင်ယံ၌ ပေါ်ပေါက်လာသည်။

ထိုနတ်ဆိုး နိယာမကိုယ်ထည်မှ နက်မှောင်သော မိစ္ဆာစွမ်းအားများ ထွက်ပေါ်လာပြီး ပေါ်လာသည်နှင့် တစ်ပြိုင်နက် ကြောက်မက်ဖွယ်ကောင်းသော ဖိအားများက လျှို့ဝှက်လဝန်းနန်းတော်၏ နည်းဗျူဟာကို ထိုးဖောက်ကာ အနီးနားရှိ လူတိုင်းကို ဖိနှိပ်လိုက်၏။

မိစ္ဆာစွမ်းအားကြောင့် ဖြစ်ပေါ်လာသည့် ဖိအားသည် စိတ်နှလုံးကို ဖျက်ဆီးနိုင်စွမ်း ရှိ၏။ ထိုဖိအားကို ခံစားလိုက်ရသောအခါ လမ်းစဉ်နှလုံးသား မခိုင်မာသည့် လျှို့ဝှက်လဝန်းနန်းတော်မှ တပည့်အချို့လည်း ချက်ချင်းပင် အသိစိတ်များ ပျောက်ဆုံးသွားကြပြီး နန်းတော်အတွင်း၌ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြ၏။

သို့သော် တပည့်အချို့သာ အသိစိတ်လွတ်သွားခြင်း ဖြစ်ရာ လျှို့ဝှက်လဝန်းနန်းတော်အတွက် ကြီးမားသော ထိခိုက်မှုတော့ မရှိနိုင်ပေ။

ထိုအခိုက်တွင် သွေးမိစ္ဆာ နတ်ဘုရင်က ထပ်မံ အော်ဟစ်လိုက်ပြန်၏။

“မိစ္ဆာစွမ်းအား ငရဲပွက်ခြင်း”

ထို့နောက် သွေးမိစ္ဆာ နတ်ဘုရင်၏ နိယာမကိုယ်ထည်မှ ထွက်ပေါ်နေသည့် မိစ္ဆာစွမ်းအားများသည် မီးလောင်ကျွမ်းနေသကဲ့သို့ ပိုမိုပြင်းထန်လာ၏။

အင်းကွက်များကို ပုံဖော်နေသည့် လုချန်းလည်း ထိုအရာကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်မိသည်။

သွေးမိစ္ဆာ နတ်ဘုရင်က မိစ္ဆာစွမ်းအားကို လောင်ကျွမ်းစေနေတာလား။

နတ်များသည် တိုက်ပွဲများအတွင်း သွေးအဆီအနှစ် သို့မဟုတ် သက်စောင့်စွမ်းအားများကို လောင်ကျွမ်းစေတတ်သော်လည်း မိစ္ဆာစွမ်းအား လောင်ကျွမ်းစေခြင်းကို လုချန်း ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ သွေးမိစ္ဆာ နတ်ဘုရင် လောင်ကျွမ်းစေနေသည့် မိစ္ဆာစွမ်းအားသည် သာမန်မဟုတ်ပဲ အလွန်စစ်မှန်လှသည်ကို လုချန်း ချက်ချင်းပင် သတိပြုမိသွား၏။

ထိုအခိုက်တွင် သွေးမိစ္ဆာ နတ်ဘုရင်၏ အသံသည် ခေါင်းလောင်းသံကဲ့သို့ ထပ်မံ ထွက်ပေါ်လာပြန်သည်။

“အလောင်းတောင်နှင့် သွေးပင်လယ်”

အလောင်းပေါင်း မြောက်မြားစွာသည် လေဟာနယ်အတွင်းမှ ပေါ်လာပြီး လျှို့ဝှက်လဝန်းနန်းတော်၏ နတ်တံခါး နည်းဗျူဟာကို အပြင်းအထန် တိုက်ခိုက်ကြ၏။ ထို့နောက် ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည့် ကြီးမားလှသော လှိုင်းလုံးကြီးက နတ်တံခါး နည်းဗျူဟာပေါ်သို့ အဟုန်ဖြင့် ကျရောက်သွားသည်။

ယခုတစ်ကြိမ်တွင် သွေးမိစ္ဆာ နတ်ဘုရင်၏ အလောင်းတောင်နှင့် သွေးပင်လယ် စွမ်းအား သိသိသာသာ ပိုမိုပြင်းထန်လာ၏။ သွေးပင်လယ်လှိုင်းလုံးကြီးက လျှို့ဝှက်လဝန်းနန်းတော်၏ နတ်တံခါး အကာအကွယ်ကို ရိုက်ခတ်လိုက်လျှင် ကီလိုမီတာ အနည်းငယ်အထိ ရှည်လျားသော ကွဲအက်ကြောင်းကြီးတစ်ခု ဖြစ်ပေါ်သွားသည်။

သွေးမိစ္ဆာ နတ်ဘုရင်၏ စွမ်းအား သိသိသာသာ မြင့်တက်လာသည်ကို သိသွားလျှင် ယွမ်ယုတိက လျှို့ဝှက်လဝန်းနန်းတော်၏ နတ်တံခါး နည်းဗျူဟာ ပုံစံကို တည်ငြိမ်သွားစေရန် အလျင်အမြန်ပင် လှုပ်ရှားလိုက်၏။ ကံကောင်းထောက်မစွာပင် သူမ၏ လျင်မြန်သော လုပ်ရပ်ကြောင့် ထိုကွဲအက်ကြောင်းကြီး ပိုမိုကျယ်ပြန့်မသွားပဲ တန့်သွားခဲ့သည်။

--

All Chapters