← Chapters

အခန်း ၁၇၇၈

Vol. 119 Ch. 1778

အခန်း ၁၇၇၈

Vol. 119 Ch. 1778

အခန်း (၁၇၇၈ )

လုချန်း၏ လှုပ်ရှားမှု

သွေးမိစ္ဆာ နတ်ဘုရင်၏ တိုက်ကွက်ကို ဟန့်တားနိုင်ခဲ့ပြီဟု ယွမ်ယုတိ ထင်မှတ်လိုက်သည့် ခဏမှာပင် သွေးမိစ္ဆာ နတ်ဘုရင် ထုတ်လွှတ်လိုက်သော မိစ္ဆာစွမ်းအားတို့က ထိုအက်ကြောင်းမှတစ်ဆင့် လျှို့ဝှက်လဝန်းနန်းတော်အတွင်းသို့ တိုးဝင်လာ၏။

မိစ္ဆာစွမ်းအားများ အဆက်မပြတ် စီးဝင်လာသည်နှင့်အမျှ လျှို့ဝှက်လဝန်းနန်းတော်ရှိ တပည့်များစွာလည်း သတိလွတ်ကင်းလာကြရာ တစ်ခဏအတွင်းမှာပင် နန်းတော်တစ်ခုလုံး ပို၍ပင် ဖရိုဖရဲ ဖြစ်သွားသည်။

အကြီးအကဲ အချို့ပင်လျှင် မိန်းမောတွေဝေလာကြပေပြီ။

ထိုမိစ္ဆာစွမ်းအားက လျှို့ဝှက်လဝန်းနန်းတော်ထဲရှိ သူများကိုသာ သက်ရောက်သည်မဟုတ်ပဲ စွမ်းအားများ ကျူးကျော်ဝင်ရောက်လာသည်နှင့်အမျှ နတ်ဂိုဏ်း၏ နည်းဗျူဟာပုံစံကြီးကိုပါ ထိခိုက်လာစေ၏။

နတ်အငွေ့အသက်ကို နှိမ်နင်းနိုင်သော ထိုမိစ္ဆာစွမ်းအားက စွမ်းအားစီးဆင်းမှုကိုပါ ပိတ်ဆို့လိုက်သည်။ ထို့ကြောင့် နည်းဗျူဟာပုံစံကြီးကို ထောက်ပံ့နေသော နတ်အငွေ့အသက်များ ပုံမှန်အတိုင်း မစီးဆင်းနိုင်တော့ပဲ နည်ဗျူဟာ ပုံစံ တဖြည်းဖြည်း မှေးမှိန်လာခဲ့သည်။

၎င်းကို မြင်လျှင် ယွမ်ယုတိက အခြားအကြီးအကဲများကို

“နည်းဗျူဟာကို ထိန်းထားကြ”

ယွမ်ယုတိ၏ စကားကို ကြားလျှင် နတ်ဘုရင် လင်ရင်နှင့် အခြားအကြီးအကဲများက နည်းဗျူဟာ ဆက်လက်လည်ပတ်နိုင်ရန် ဝိညာဉ် စွမ်းအားများကို နည်းဗျူဟာပုံစံကြီးထဲသို့ တက်ကြွစွာ ထည့်သွင်းလိုက်ကြ၏။

သို့သော် သူတို့ အစွမ်းကုန် ကြိုးစားသော်လည်း သွေးမိစ္တာ နတ်ဘုရင်၏ မိစ္ဆာစွမ်းအားများက လျှို့ဝှက်လဝန်းနန်းတော်ထဲသို့ ပျံ့နှံ့နေပြီဖြစ်ရာ နတ်ဘုရင် လင်ရင်၏ ဝိညာဉ် စွမ်းအားမှလွဲ၍ ကျန်သူများ၏ စွမ်းအားများမှာ မိစ္ဆာစွမ်းအား၏ လွှမ်းမိုးခြင်းကို ခံလိုက်ရပြီး ဖြစ်၏။

ထို့ကြောင့် နည်းဗျူဟာပုံစံကြီးထဲသို့ ထည့်သွင်းလိုက်သော ဝိညာဉ် စွမ်းအား အမြောက်အမြားသည် မိစ္ဆာစွမ်းအား၏ ဝါးမျိုခြင်းကိုသာ ခံလိုက်ရပြီး နည်းဗျူဟာအပေါ် မည်သည့်သက်ရောက်မှုမှ မရှိသလောက် ဖြစ်သွားရသည်။

သွေးမိစ္တာ နတ်ဘုရင်က နှာခေါင်းရှုံ့လျက်

“အချည်းနှီး အားထုတ်မှုပဲ”

ထို့နောက် သွေးမိစ္တာ နတ်ဘုရင်က ထပ်မံတိုက်ခိုက်ရန် ပြင်နေစဉ်မှာပင် လုချန်း၏ လက်ထဲရှိ နည်းဗျူဟာ အင်းကွက်သည် ရုတ်တရက် လျင်မြန်စွာ ကျယ်ပြန့်လာပြီး လျှို့ဝှက်လဝန်းနန်းတော် တစ်ခုလုံးကို ဖုံးလွှမ်းသွား၏။

နောက်တစ်ခဏတွင် လျှို့ဝှက်လဝန်းနန်းတော် ပတ်ဝန်းကျင်ရှိ အာကာသ သိသိသာသာ ပုံပျက်ရှုံ့တွသွားသည်။

လုချန်းက ယွမ်ယုတိကို

“နည်းဗျူဟာပုံစံက အဆင်သင့်ဖြစ်ပြီ... အထဲကို ဝိညာဉ် စွမ်းအားတွေ မြန်မြန်ထည့်ပါ။”

လုချန်း၏ စကားကို ကြားလျှင် ယွမ်ယုတိ မျက်မှောင် အနည်းငယ် ကြုတ်သွား၏။

သူတို့သည် နည်းဗျူဟာပုံစံကြီး တည်မြဲနေရန် ဝိညာဉ် စွမ်းအားများကို တက်ကြွစွာ ထည့်သွင်းပေးနေရ၏။ အကယ်၍ အခြားနည်းဗျူဟာထဲသို့ စွမ်းအားများ ပြောင်းလဲထည့်သွင်းလိုက်ပါက နည်းဗျူဟာပုံစံကြီးသည် နောက်တစ်ခဏ၌ပင် ပျက်စီးသွားပေလိမ့်မည်။

သတိပြန်ဝင်လာသော ယွမ်ယုတိလည်း ဝေခွဲမနေတော့ပဲ လျှို့ဝှက်လဝန်းနန်းတော်ရှိ နတ်ကျောက်များ၏ ဆယ်ပုံတစ်ပုံကို ထုတ်ယူလိုက်ရာ ခဏချင်းမှာပင် ကျင့်စဉ်ရင်ပြင် တစ်ခုလုံးတွင် နတ်ကျောက်များ တောင်ပုံရာပုံ ဖြစ်သွားခဲ့သည်။

ထိုနတ်ကျောက်များထဲရှိ နတ်အငွေ့အသက်များကို ဝိညာဉ်နယ်ပယ် ဖြတ်ကျော် နည်းဗျူဟာက ရူးသွပ်စွာ ဝါးမျိုလိုက်ပြီး ကျောက်များလည်း မျက်ဝါးထင်ထင်ပင် ပျောက်ကွယ်သွားကာ လျှို့ဝှက်လဝန်းနန်းတော် ပတ်ဝန်းကျင်ရှိ အာကာသမှာ ပို၍ပင် ပုံပျက်ရှုံ့တွလာသည်။

ဤအခြေအနေကို မြင်လျှင် ဤအတိုင်းသာဆိုပါက လျှို့ဝှက်လဝန်းနန်းတော် တစ်ခုလုံး ပျောက်ကွယ်သွားနိုင်ကြောင်း သွေးမိစ္တာ နတ်ဘုရင် လျင်မြန်စွာ သဘောပေါက်လိုက်၏။ မည်သည့်နည်းဗျူဟာပုံစံ ဖြစ်သည်ကို သူ မသိသော်လည်း နန်းတော်တစ်ခုလုံးကို တည်နေရာရွှေ့ပြောင်းပေးနိုင်သည့် ကြောက်မက်ဖွယ်ကောင်းသော အာကာသပုံပျက်စေသည့် စွမ်းရည်ရှိနေကြောင်းကတော့ ထင်ရှားလှသည်။

သွေးမိစ္တာ နတ်ဘုရင်၏ မျက်နှာထား အလွန် တည်တင်းသွား၏။ ဤမျှကြီးမားသော တည်နေရာရွှေ့ပြောင်း နည်းဗျူဟာ ပုံစံမျိုးကို သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။

သူက ဝိညာဉ်ဆိုး နတ်ဘုရင်နှင့် ဝိညာဉ်လောက နတ်ဘုရင်ကို

“အစွမ်းကုန် တိုက်ခိုက်ကြ...အဲ့ဒီနည်းဗျူဟာကို အသက်မဝင်စေနဲ့”

သွေးမိစ္တာ နတ်ဘုရင်၏ စကားကို ကြားလျှင် ဝိညာဉ်လောက နတ်ဘုရင်နှင့် ဝိညာဉ်ဆိုး နတ်ဘုရင်တို့က သူတို့၏ နိယာမ ကိုယ်ထည်များကို ထုတ်ဖော်လိုက်ကြပြီး သုံးဦးသား တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြ၏။

ခဏချင်း အတွင်းမှာပင် လျှို့ဝှက်လဝန်းနန်းတော်၏ နတ်တံခါး နည်းဗျူဟာပုံစံ အတားအဆီး၍ ပို၍ပင် ကြီးမားသော အက်ကြောင်းကြီး ဖြစ်သွားကာ မိစ္ဆာစွမ်းအားများ ပိုမိုစီးဝင်လာပြီး နည်းဗျူဟာပုံစံကြီး ပြိုလဲမှုကို ပို၍မြန်ဆန်စေခဲ့သည်။

ဝိညာဉ်နယ်ပယ် ဖြတ်ကျော် နည်းဗျူဟာကို လုချန်း တစ်ချက်ကြည့်လိုက်ရာ ထျန်းရန်နတ်ဘုရား နယ်မြေတစ်ခုလုံးနှင့် တူသော သုံးဖက်မြင် ပုံစံတူတစ်ခု သူ၏စိတ်ထဲတွင် ရုတ်တရက် ပေါ်လာသည်။

ထိုပုံစံတူအပေါ် လုချန်း အာရုံစူးစိုက်လိုက်သည်နှင့် ဝိညာဉ်နယ်ပယ် ဖြတ်ကျော် နည်းဗျူဟာ၏ အထက်တွင် သူကိုယ်တိုင် ပျံသန်းနေသကဲ့သို့ ခံစားလိုက်ရ၏။ ဤအရာမှာ ဝိညာဉ်နယ်ပယ် ဖြတ်ကျော် နည်းဗျူဟာ၏ အာနိသင်ဖြစ်ကြောင်း လုချန်း ချက်ချင်းဆိုသလို သိလိုက်သည်။

ယခု သူလုပ်ဆောင်ရမည်က တည်နေရာတစ်ခု ရွေးချယ်ရန်သာ ဖြစ်၏။ နတ်အငွေ့အသက်များ လုံလုံလောက်လောက် ဝါးမျိုပြီးသည်နှင့် တည်နေရာရွှေ့ပြောင်းခြင်း ဖြစ်စဉ် ချက်ချင်း စတင်နိုင်လိမ့်မည်။

ထျန်းရန်နတ်ဘုရား နယ်မြေကို အနီးကပ်ကြည့်လျက် လုချန်း ခဏခန့် စဉ်းစားနေ၏။ ယခုအချိန်တွင် တောင်ပိုင်းနယ်မြေသည် ရွေးချယ်စရာ မဟုတ်တာ သေချာသော်လည်း တည်နေရာရွှေ့ပြောင်းမည့် အကွာအဝေး အလွန်များလွန်းပါက နတ်အငွေ့အသက်များ ပို၍လိုအပ်ပေလိမ့်မည်။

လျှို့ဝှက်လဝန်းနန်းတော်ရှိ နတ်ကျောက်များ လုံလောက်မှု ရှိမရှိကို ထည့်စဉ်းစား စရာမလိုပေ။ အဘယ့်ကြောင့် ဆိုသော် လုံလောက်ခဲ့လျှင်ပင် ဝိညာဉ်နယ်ပယ် ဖြတ်ကျော် နည်းဗျူဟာက ၎င်းတို့ကို ဝါးမျိုရန် အချိန်လိုအပ်သည်။

အကယ်၍ ထိုအချိန်အတောအတွင်း ရန်သူများက တိုက်ခိုက်လာပါက တည်နေရာရွှေ့ပြောင်းခြင်း ဖြစ်စဉ် ပြတ်တောက်သွားနိုင်၏။

ထို့ကြောင့် တောင်ပိုင်းနယ်မြေ၏ အင်အားစုများ လက်လှမ်းမမီနိုင်သော၊ သို့သော်လည်း အတော်အသင့် မဝေးသော နေရာတစ်ခုကိုသာ သူ ရွေးချယ်ရမည်ဖြစ်သည်။

မကြာမီမှာပင် ထျန်းရန်နတ်ဘုရား နယ်မြေ၏ အနောက်တောင်ဘက်ရှိ တစ်ဆက်တည်း တည်ရှိနေသော နေဝင် တောင်တန်းများဆီသို့ လုချန်း၏ အကြည့်များ ရောက်ရှိသွား၏။ အနောက်တောင်ဘက် နယ်စပ်၏ အလွန်တွင်တော့ ထျန်းရန်နတ်ဘုရား နယ်မြေရှိ လူများက လူရိုင်းနယ်မြေဟု ခေါ်ဝေါ်ကြသော အနောက်ပိုင်းနယ်မြေ တည်ရှိသည်။

အနောက်ပိုင်းနယ်မြေ၏ ပတ်ဝန်းကျင်သည် တောင်ပိုင်းနယ်မြေနှင့် နှိုင်းယှဉ်ပါက ကြမ်းတမ်းသော်လည်း ယခုအချိန်၌ သူတို့အတွက် ဘေးကင်းလုံခြုံသော နယ်မြေတစ်ခုပင် ဖြစ်၏။ သူတို့ လူရိုင်းနယ်မြေသို့ ရောက်သွားကြောင်း တောင်ပိုင်းနယ်မြေမှ အင်အားစုများ သိသွားခဲ့လျှင်ပင် သူတို့ကို တိုက်ခိုက်ရန်အတွက် အဆုံးမရှိသော နေဝင်တောင်တန်းကြီးကို ဖြတ်ကျော်လာကြရဦးမည် ဖြစ်သည်။

အရေးအကြီးဆုံးမှာ အနောက်ပိုင်းနယ်မြေနှင့် အကွာအဝေးက ဤနေရာနှင့် အတော်အတန် နီးကပ်နေခြင်းဖြစ်၏။

ဝိညာဉ်နယ်ပယ် ဖြတ်ကျော် နည်းဗျူဟာက နတ်အငွေ့အသက် အနည်းငယ် ထပ်မံဝါးမျိုလိုက်ရုံဖြင့် လျှို့ဝှက်လဝန်းနန်းတော် တစ်ခုလုံးကို ထိုနေရာသို့ ပို့ဆောင်ပေးနိုင်မည် ဖြစ်သည်။

ထိုအတွေးနှင့်အတူ နေဝင်တောင်တန်း၏ မြောက်ဘက်တောင်စောင်းကို တည်နေရာရွှေ့ပြောင်းမည့် ပန်းတိုင်အဖြစ် လုချန်း ချက်ချင်း ရွေးချယ်လိုက်သည်။

တည်နေရာကို သတ်မှတ်ပြီးပြီဖြစ်ရာ ယခုတော့ ဝိညာဉ်နယ်ပယ် ဖြတ်ကျော် နည်းဗျူဟာက တည်နေရာရွှေ့ပြောင်းခြင်း ပြီးမြောက်ရန်အတွက် လုံလောက်သော နတ်အငွေ့အသက်များကို ဝါးမျိုသည်အထိ စောင့်ဆိုင်းရန်သာ လိုတော့၏။

လက်တွေ့ဘဝသို့ လုချန်း၏ အသိစိတ် ပြန်လည်ရောက်ရှိလာပြီး ကောင်းကင်ယံမှ အတားအဆီးမှာ ပြိုလဲလုနီးပါး ဖြစ်နေသည်ကို မြင်လျှင် ယွမ်ယုတိကို လုချန်းက

“အားလုံးပဲ ဝိညာဉ် စွမ်းအားတွေကို တည်နေရာရွှေ့ပြောင်း နည်းဗျူဟာထဲကို ထည့်လိုက်ကြ။ အချိန်ရအောင် သူတို့ သုံးယောက်ကို ကျုပ် တားထားပေးမယ်။”

ထိုသို့ပြောပြီးသည်နှင့် လုချန်းက နတ်ဘုရင်၏ ကျိန်စာ စွမ်းအားကို ထုတ်ဖော်လိုက်ရာ နောက်တစ်ခဏ၌ သူ၏ ကိုယ်ပေါ်မှ နတ်ဘုရင်တစ်ပါး၏ ဖိအားများ ထွက်ပေါ်လာတော့သည်။

လုချန်း၏ စကားကို ကြားပြီး သူ၏ထံမှ နတ်ဘုရင် ဖိအားကို ခံစားလိုက်ရလျှင် လုချန်း၏ သရုပ်မှန် သိထားသူများမှလွဲ၍ ကျန်ရှိနေသူအားလုံး မှင်တက်သွားကြရ၏။

အထူးသဖြင့် ယဲ့ချူယောင် ဖြစ်သည်။ သူ၏ ဂိုဏ်းတူမောင်လေးက နတ်ဘုရင်တစ်ပါး ဖြစ်နေသည်ကို သူမအနေဖြင့် မယုံကြည်နိုင်လောက်အောင် ဖြစ်နေရ၏။

သူမ၏ မျက်လုံးများထဲ ဇဝေဇဝါဖြစ်မှုများဖြင့် ပြည့်နှက်နေသည်။

ဤသူက တကယ်ပင် သူမ၏ ဂိုဏ်းတူမောင်လေး ဟုတ်ပါရဲ့လား။

လူတိုင်း မိန်းမောတွေဝေနေကြစဉ်မှာပင် လုချန်းသည် ဝေခွဲမနေတော့ပဲ အရိပ်တစ်ခုအဖြစ် ပြောင်းလဲကာ ကောင်းကင်ယံရှိ အက်ကြောင်းတစ်ဆင့် လျှို့ဝှက်လဝန်းနန်းတော်၏ အပြင်ဘက်သို့ လျင်မြန်စွာ ပျံသန်းထွက်ခွာသွားလေသည်။

ရုတ်တရက် ပေါ်ထွက်လာသော အမျိုးသား နတ်ဘုရင်ကို မြင်လျှင် သွေးမိစ္တာ နတ်ဘုရင်နှင့် သူ၏အဖော်များ အံ့အားသင့်သွားကြ၏။

မည်သည့်အရာတွေ ဖြစ်ပျက်နေသနည်း။

လျှို့ဝှက်လဝန်းနန်းတော်တွင် မည်သည့်အချိန်က အမျိုးသား နတ်ဘုရင်တစ်ပါး ရှိနေခဲ့သနည်း။

ထိုအခိုက်အတန့်တွင် ရှုကျင့်ရှူး ပျောက်ကွယ်သွားခဲ့သော နေရာ၌ နတ်ဘုရင်တစ်ပါး၏ အငွေ့အသက်များ ရှိနေခဲ့ကြောင်း သွေးမိစ္တာ နတ်ဘုရင် စိတ်ထဲ ရုတ်တရက် သတိရလိုက်၏။ ရှုကျင့်ရှူးအတွက် သူ ပေးထားခဲ့သော အသက်ကယ်ပညာရပ်များကို တိတ်တဆိတ် ဖျက်ဆီးနိုင်သူမှာ နတ်ဘုရင်တစ်ပါးသာ ဖြစ်နိုင်၏။

ထို့ကြောင့်ပင် ရှုကျင့်ရှူးကို ယွမ်ယုတိ ဖမ်းဆီးထားသည်ဟု သူက အစောပိုင်းက သံသယဝင်ခဲ့ခြင်းဖြစ်သည်။

သို့သော် ယွမ်ယုတိက မည်သည့်မိစ္ဆာနတ်ကိုမှ မဖမ်းဆီးခဲ့ကြောင်း နတ်ဘုရင်ခံ ကျူးယွဲ့က အခိုင်အမာ ပြောဆိုခဲ့ဖူး၏။

ယခု လျှို့ဝှက်လဝန်းနန်းတော်တွင် နောက်ထပ် နတ်ဘုရင်တစ်ပါး ပေါ်လာပြီဖြစ်၏။ ထိုအကြောင်းကို နန်းတော်၏ အကြီးအကဲဖြစ်သော နတ်ဘုရင်ခံ ကျူးယွဲ့ပင် မသိလိုက်ရပေ။

ဤနတ်ဘုရင်ကပဲ ရှုကျင့်ရှူးကို ခေါ်ဆောင်သွားခြင်းများ ဖြစ်လေမလား။

သွေးမိစ္တာ နတ်ဘုရင်က မျက်နှာပျက်ပျက်ဖြင့်

“ခင်ဗျားက ဘယ်သူလဲ...လျှို့ဝှက်လဝန်းနန်းတော်မှာ အမျိုးသား နတ်ဘုရင်ရှိတယ်လို့ ကျုပ် မကြားဖူးပါဘူး”

လုချန်းက သူ၏ နိယာမ ကိုယ်ထည်ကို တိုက်ရိုက် ထုတ်ဖော်လိုက်ပြီး ပြုံးလျက်

“ခင်ဗျားတို့အားလုံးကို သတ်မယ့်သူပေါ့”

ထိုသို့ပြောပြီးနောက် လုချန်းက သူ၏ နတ်ပညာရပ်ကို ထုတ်ဖော်လိုက်၏။

နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာ...

နောက်တစ်ခဏတွင် လျှို့ဝှက်လဝန်းနန်းတော်၏ ကောင်းကင်ယံထက်တွင် မရေမတွက်နိုင်သော ဆီမီးအိမ်များ ပေါ်လာခဲ့သည်။ ဤအရာကို တွေ့လိုက်ရလျှင် ဝိညာဉ်ဆိုး နတ်ဘုရင်၏ မျက်နှာ သိသိသာသာ ပြောင်းလဲသွား၏။

ဝိညာဉ်ဆိုး နတ်ဘုရင်က

“မကောင်းတော့ဘူး။ ဒါ ကျုပ်ပြောခဲ့တဲ့ နတ်ပညာရပ်ပဲ။”

--

……………

All Chapters