အခန်း ၁၃၂၂
Vol. 89 Ch. 1322
အခန်း (၁၃၂၂) ကောင်းကင်ဖျက်ဆီးခြင်း သော့ခလောက်
သူတို့ အသံတိတ်သွားသည်နှင့် တစ်ပြိုင်နက် အလွန်တိုးညင်းသော တုန်ခါမှုတစ်ခု ထွက်ပေါ်လာသည်။ ထျန်းယွမ်ချင်၏ မျက်နှာ သိသိသာသာ ပြောင်းလဲသွားသည်။ တစ်ချိန်တည်းမှာပင် သူ၏ ဓားကိုင်ဆောင်ထားသော ပုံရိပ်သည် လျှပ်တစ်ပြက်အတွင်း စားပွဲမှ ပျောက်ကွယ်သွားပြီး အဝေးမှ ပဲ့တင်ထပ်နေသော အသံတစ်သံသာ ကျန်ရစ်ခဲ့သည်။
"ယွမ်ချင်း... ဓားကျင့်ကြံသူ တပည့်တွေအားလုံးကို သူတို့ရဲ့ဓားတွေ ချက်ချင်း အသင့်ပြင်ထားဖို့ အသိပေးလိုက်"
"ဟုတ်ကဲ့ပါ"
ထိုအသံဆုံးသွားသည်နှင့် ဓားကိုင်ဆောင်ထားသော ပုံရိပ်သည် အတားအဆီးများစွာကို ဖြတ်ကျော်ကာ မင်ရှင်းနန်းတော်၏ အပေါ်ဆုံးထပ်သို့ ပျံသန်းသွားပြီ ဖြစ်၏။ တစ်ချိန်တည်းမှာပင် ဓားအလင်းတန်း အနည်းငယ်သည် အလျင်အမြန် ထပ်ကြပ်မကွာလိုက်ပါလာပြီး သူတို့ ရပ်တန့်သွားသောအခါ ထင်ကျန်း၊ မော့ကျန်း၊ စစ်ကျန်း နှင့် ကျန်းစစ်ဟူသော အကြီးအကဲလေးပါး ဖြစ်နေကြောင်း တွေ့လိုက်ရ၏။
မင်ရှင်းနန်းတော်၏ အကြီးအကဲချုပ် ငါးယောက်စလုံး စုရုံးရောက်ရှိလာကြပြီး သူတို့၏ မျက်နှာအမူအရာများသည် အဝေးသို့ လှမ်းကြည့်နေစဉ် လေးနက်တည်ကြည်နေသည်။ မိုးကုတ်စက်ဝိုင်းတွင် အမည်းရောင် အမျှင်တန်းတစ်ခု ဖြည်းညင်းစွာ ပေါ်ထွက်လာသည်ကို မြင်တွေ့လိုက်ရပြီးနောက် ၎င်းသည် ဆူပွက်နေသော ဒီရေလှိုင်းများကဲ့သို့ လှိုင်းလုံးထလာကာ ၎င်းဖြတ်သန်းသွားရာ နေရာတိုင်းရှိ နေနှင့် လတို့ကို အမှောင်ချပစ်လေသည်။
"တကယ်ပဲ နတ်ဆိုးတစ္ဆေတွေ လူ့လောကထဲ ပြန်ပေါ်လာကြပြန်ပြီ"
ဓားကိုင်အကြီးအကဲသည် သူ၏ဓားကို ကိုင်ဆောင်လျက် သက်ပြင်းကို ဖွဖွလေးချကာ တည်ငြိမ်သော အသံဖြင့် ပြောလိုက်သည်။ အကြီးအကဲချုပ် ငါးယောက်အနက် အသက်အငယ်ဆုံးဖြစ်သော်လည်း ဒေါသအကြီးဆုံးနှင့် သတ်ဖြတ်လိုစိတ် အပြင်းထန်ဆုံးဖြစ်သည့် စစ်ကျန်းသည် ထိုစကားကို ကြားသောအခါ အေးစက်စွာ ရယ်မောလိုက်လေသည်။
"နတ်ဆိုးတစ္ဆေတွေက ဘာများ အရေးစိုက်စရာ ရှိလို့လဲ၊ သူတို့က မင်ရှင်းနန်းတော်ရှေ့မှာ ရမ်းကားရဲတယ်ပေါ့လေ၊ ငါတို့ရဲ့ ဓားတွေ ငြိမ်သက်နေတာ အရမ်း ကြာသွားလို့ ဒီမကောင်းဆိုးဝါးတွေ ကြောက်ရွံ့ရမှန်း မေ့သွားကြပြီထင်တယ်"
သူသည် မည်သူ့ကိုမျှ နှုတ်မဆက်တော့ဘဲ ရှေ့သို့ ခုန်ထွက်လိုက်ကာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး မျက်တောင်တစ်ခတ်အတွင်း ရှေ့သို့ ပျံသန်းသွားသည်။ ထို့နောက် ကြောက်မက်ဖွယ်ကောင်းပြီး အစွမ်းထက်လှသော အမည်းရောင် လှိုင်းတံပိုးကြီးကို လှောင်ပြောင်သော အပြုံးဖြင့် ရင်ဆိုင်လိုက်၏။
သူလက်ကို မြှောက်လိုက်သည်နှင့် ဓားအလင်းတန်းတစ်ခုသည် ချက်ချင်း ပုံပေါ်လာပြီးနောက် မျက်ခုံးကို ပင့်ကာ အေးစက်စွာ ဟစ်ကြွေးလိုက်သည်။
"မကောင်းဆိုးဝါးတွေ... ထွက်သွားစမ်း"
ထိုသို့ပြောပြီးနောက် ဓားအလင်းတန်းသည် လျှပ်တစ်ပြက် တောက်ပသွားပြီး ပျောက်ကွယ်သွားကာ အမည်းရောင် လှိုင်းတံပိုး၏ ရှေ့တွင် ပြန်လည်ပေါ်လာပြီး ၎င်း၏တောက်ပမှုမှာ ယခုအခါ မယုံနိုင်လောက်အောင် စူးရှတောက်ပနေသည်။
ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာပြီးနောက် တစ်ချိန်က ကြီးမားခမ်းနားလှသော အမည်းရောင် လှိုင်းတံပိုးကြီးသည် ဤဓားချက်ဖြင့် ထက်ပိုင်းပိုင်းခံလိုက်ရသည်။
ပေါက်ကွဲသွားသော အလင်းတန်းများသည် ဆက်တိုက်ဆိုသလို တောက်ပနေသော မီးရှူးမီးပန်းများကဲ့သို့ ဖြစ်နေပြီး စောင့်ကြည့်နေသူများ၏ မျက်စိများကို ကန်းလုမတတ်ဖြစ်စေသည်။
ဤမြင်ကွင်းကို ကျန်းပြည်နယ်ရှိ ကျင့်ကြံသူများစွာက စောင့်ကြည့်နေခဲ့ကြ၏။
ချက်ချင်းပင် ပတ်ဝန်းကျင် အရပ်ရပ်မှ အားပေးဟစ်ကြွေးသံများ ထွက်ပေါ်လာသည်။
"တောက်ပတဲ့ ဓားချက်ပဲ"
"ဒီဓားဆန္ဒကို ကြည့်ရတာ မင်ရှင်း အင်မော်တယ်နန်းတော်က အကြီးအကဲ စစ်ကျန်း ဖြစ်ရမယ်"
"အကြီးအကဲ စစ်ကျန်းရဲ့ လှုပ်ရှားမှုတွေက တကယ်ကို မြန်ဆန်လွန်းတယ်၊ ငါက ဒီနတ်ဆိုးတစ္ဆေချီကို အခုလေးတင် သတိထားမိပြီး ကောင်းကင်ပေါ်တက်ပြီး နတ်ဆိုးကို နှိမ်နင်းမလို့ပဲ ရှိသေးတယ်၊ သူက တစ်ယောက်တည်းနဲ့ ရှင်းလင်းပစ်လိုက်ပြီလို့ မထင်ထားမိဘူး"
ဓားကျင့်ကြံသူ တစ်ဦးက အနည်းငယ် နှမြောတသဖြစ်စွာဖြင့် ညည်းညူလာသည်။ မင်ရှင်းနန်းတော်၏ အကြီးအကဲလေးပါးသည် ဤမြင်ကွင်းကို ကြည့်ပြ အနည်းငယ် မဲ့ပြုံ ပြုံးလိုက်ကြလေသည်။
အထူးသဖြင့် ကျန်းစစ်က အကူအညီမဲ့စွာဖြင့် ပြောလာသည်။
"နံပါတ်ငါးက ဒီလောက် အသက်အရွယ် ရနေပြီကို အရင်ကလိုပဲ ဒေါသကြီးတုန်းပဲလား၊ သူက သတိပေးစကား တစ်ခွန်းတောင်မပြောဘဲ တိုက်ခိုက်လိုက်တာလား"
သူတို့အထဲတွင် သဘောထားအနူးညံ့ဆုံးဖြစ်သည့် ထင်ကျန်းက ထိုစကားများကို ပြုံးလျက် ပြောလာသည်။
"ငါတို့ရဲ့ ညီအစ်ကိုနံပါတ်ငါး က အမြဲတမ်း ဒီလိုပါပဲ၊ ဒါမှမဟုတ်ရင်လည်း သူက သူ့ရဲ့ သတ်ဖြတ်ခြင်းဓားသိုင်းကို ကျွမ်းကျင်နိုင်မှာ မဟုတ်ဘူးလေ"
ပုံမှန်အားဖြင့် တည်ငြိမ်ပြီး စကားနည်းသော မော့ကျန်းကလည်း ဝင်ပြောသည်။
"နံပါတ်ငါးရဲ့ လုပ်ရပ်က ကောင်းပါတယ်၊ နောက်ဆုံးတော့လည်း ဒီနတ်ဆိုးတစ္ဆေတွေ အားလုံးကို မျိုးဖြုတ်ပစ်ရမှာပဲလေ"
"ဟုတ်တယ်၊ ဒါပေမဲ့ အခုမေးစရာရှိတာက လောကကြီးမှာ မတွေ့ရတာ ကြာပြီဖြစ်တဲ့ ဒီနတ်ဆိုးတစ္ဆေတွေက ဘယ်လိုလုပ် ရုတ်တရက် ပေါ်လာပြီး မင်ရှင်းနန်းတော်ကို စိန်ခေါ်ရဲရတာလဲ"
အဖြူရောင် ဝတ်ဆင်ထားပြီး အသက်အရွယ် ရနေသော်လည်း ခန့်ညားနေဆဲဖြစ်သော အကြီးအကဲ ကျန်းစစ် က မျက်မှောင်ကြုတ်လျက် စဉ်းစားခန်း ဝင်နေသည်။
ဤအချိန်၌ သူ၏ ကိုယ်ပိုင် ဓားချက်အား အလွန်ကျေနပ်နေသော စစ်ကျန်းသည် အားရပါးရ ရယ်မောလိုက်သည်။
"ဒီလောက် အင်အားလေးနဲ့ မင်ရှင်းနန်းတော်ရှေ့မှာ ပြဿနာ လာရှာရဲတယ်ပေါ့၊ ရယ်စရာပဲ"
သို့သော် ထိုစကားများ သူ၏ နှုတ်ခမ်းမှ ထွက်သွားသည်နှင့် တစ်ပြိုင်နက် ကျန်းပြည်နယ်တစ်ခုလုံးသည် ရုတ်တရက် ပြင်းထန်စွာ တုန်ခါလာပြီးနောက် ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုသည် လူတိုင်း၏ မျက်စိရှေ့တွင် ပေါ်လာသည်။ ကျန်းပြည်နယ်၏ အစွန်အဖျား တစ်လျှောက်တွင် အမည်းရောင် ချီတိုင်ကြီးများသည် ကောင်းကင်သို့ ထိုးတက်လာပြီး ကောင်းကင်ကြီးကို ထောက်မထားသည့်အလား မြင့်မားလှသော တိုင်ကြီးများအဖြစ် ပြောင်းလဲသွားသည်။
မကြာမီတွင် ဤမြင့်မားလှသော တိုင်ကြီးများသည် တစ်ခုနှင့်တစ်ခု ဆက်သွယ်သွားသော အမည်းရောင် ချီအကိုင်းအခက်များအဖြစ် ဆန့်ထွက်လာသည်။ ၎င်းတို့ ပုံပေါ်လာသည်နှင့် တစ်ပြိုင်နက် ကျန်းပြည်နယ်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားပြီး လေထုထဲရှိ ဝိညာဉ်စွမ်းအင်များပင်လျှင် ပုံမှန်မဟုတ်ဘဲ အတက်အကျ ဖြစ်သွားသည်။
ထို့နောက် ထပ်မံ ကြည့်ရှုလိုက်သောအခါ သိပ်သည်းလှသော အမည်းရောင် ချီများသည် ကျန်းပြည်နယ် တစ်ခုလုံးကို ခိုင်မြဲစွာ ဖုံးအုပ်သွားကြောင်း တွေ့နိုင်သည်။ ၎င်းမှာ လှောင်ချိုင့်ကြီးတစ်ခုနှင့်ပင် တူနေသည်။ လူတိုင်း ထိတ်လန့်တကြား အသက်ရှူမှားသွားကြလေသည်။
အဘယ်ကြောင့်ဆိုသော် ထိုအရာအားလုံးသည် အလွန်လျင်မြန်စွာ ပြောင်းလဲသွားသဖြင့် လူများတုံ့ပြန်မှု မပြုနိုင်မီမှာပင် ၎င်းသည် ပုံသဏ္ဌာန် ပေါ်လာခဲ့ခြင်းကြောင့် ဖြစ်သည်။ သို့သော် ထိုအချိန်တွင် စစ်ကျန်းက ဒေါသတကြီး နှာမှုတ်လိုက်ပြီး ပြောသည်။
"ဆိုးညစ်တဲ့ မိစ္ဆာတွေ... မင်းတို့က ငါ့ဂိုဏ်းကို ပိတ်လှောင်ရဲတယ်ပေါ့လေ"
သူ ထိုသို့ပြောလိုက်စဉ် စစ်ကျန်း ရှေ့တွင် ဓားအလင်းတန်း အနည်းငယ် ရုတ်တရက် ပေါ်လာပြီးနောက် ၎င်းတို့ဖြင့် ခုတ်ပိုင်းချလိုက်လေသည်။
ဘုန်း ဘုန်း ဘုန်း
ဆက်တိုက် ပေါက်ကွဲမှုများ အကြိမ်ကြိမ် ဖြစ်ပေါ်ပြီးနောက် အမြဲတစေ အနိုင်မခံ အရှုံးမပေးဖြစ်ခဲ့သော ဓားအလင်းတန်းသည် ဤတစ်ကြိမ်တွင်မူ အချည်းနှီး ဖြစ်သွားကြောင်း သက်သေပြလာသည်။
ဓားအလင်းတန်းမှာ အမည်းရောင် လှောင်ချိုင့်နှင့် ထိတွေ့လိုက်သည်နှင့် ၎င်းအတွင်းရှိ ဓားရည်ရွယ်ချက်နှင့် စွမ်းအားများသည် ချက်ချင်း ပျံ့နှံ့လွင့်စင်သွားသောကြောင့်ဖြစ်သည်။
ထို့ကြောင့် လှောင်ချိုင့်သည် တုန်ခါသွားသော်လည်း ၎င်းကို အနည်းငယ်မျှပင် ထိခိုက်မှု မဖြစ်စေနိုင်ခဲ့ပေ။ စစ်ကျန်း ဒေါသထွက်သွားပြီး သူ၏ တိုက်ခိုက်မှုကို ဆက်လက် ပြုလုပ်တော့မည့်ဆဲဆဲတွင် သူဘရှေ့၌ အမည်းရောင် အလင်းတန်းမြောက်မြားစွာ ရုတ်တရက် ပေါ်လာပြီး သူ့အား တိုက်ရိုက် လွင့်စင်သွားစေလေသည်။
"နံပါတ်ငါး"
ဓားကိုင်ဆောင်ထားသူများသည် ထိတ်လန့်တကြား အော်ဟစ်လိုက်ကြပြီး သူ့ဘေးသို့ ချက်ချင်း ပြေးသွားကြသည်။
စစ်ကျန်းသည် သူ၏ ကိုယ်နေဟန်ထားကို တည်ငြိမ်အောင် ထိန်းလိုက်သည်။ သူ အနည်းငယ် ဖရိုဖရဲ ဖြစ်သွားသော်လည်း ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရခြင်း မရှိပေ။ သို့သော် အရှက်ရမှုမှာ သူ့အား မျက်နှာမပြရဲအောင် ဖြစ်စေသဖြင့် ဒေါသတကြီး အော်ဟစ်လိုက်သည်။
"အစ်ကိုတို့... ကျေးဇူးပြုပြီး ဘေးဖယ်နေပေးကြပါ၊ ဒီနေ့ ဒီဆိုးညစ်တဲ့ မှော်ပညာကို ငါ ဖျက်ဆီးပစ်ရမယ်"
သို့သော် ဓားကိုင်ဆောင်ထားသော ကျန်းစစ်က သူ့ကို တားဆီးလိုက်သည်။
"စိတ်လိုက်မာန်ပါ မလုပ်စမ်းနဲ့"
"ဂိုဏ်းတူအစ်ကိုကြီး၊ ဒီနတ်ဆိုးတစ္ဆေတွေက ငါတို့ရဲ့ အိမ်တံခါးဝအထိတောင် အနိုင်ကျင့်နေပြီကို ငါက ဘယ်လိုလုပ် စိတ်လိုက်မာန်ပါ မဖြစ်ဘဲနေနိုင်မှာလဲ"
စစ်ကျန်း စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် ပြောလာသည်။ ကျန်းစစ်က ခါးသီးစွာ ပြုံးသည်။
"အဓိကအချက်က မင်းရဲ့ စိတ်လိုက်မာန်ပါ လုပ်ရပ်က ဘာပြဿနာကိုမှ ဖြေရှင်းပေးနိုင်မှာ မဟုတ်ဘူးဆိုတာပဲ"
ထိုသို့ပြောကာ ကျန်းစစ်သည် အသက်ဝင်နေသကဲ့သို့ ဖြစ်နေပြီး တဖြည်းဖြည်း မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသော အမည်းရောင် လှောင်ချိုင့်ကြီးကို အကဲခတ်ရန် ခေါင်းမော့ကြည့်လိုက်ရာ သူ၏ မျက်လုံးများတွင် အလွန်လေးနက်တည်ကြည်သော အမူအရာတစ်ခု ပေါ်လွင်နေသည်။
"ငါ မှန်းတာ မမှားဘူးဆိုရင် ဒါက တစ္ဆေဂိုဏ်းရဲ့ လက်ချက်ပဲ ဖြစ်ရမယ်၊ ပြီးတော့ ဒီလှောင်ချိုင့်က ဖျက်ဆီးခြင်း သော့ခလောက်ပဲ"
တစ္ဆေဂိုဏ်း...
ဤအမည်နာမသည် အကြီးအကဲချုပ် အနည်းငယ်နှင့် နောက်မှရောက်လာသော ထျန်းယွမ်ချင်ကဲ့သို့သော တပည့်များကိုပါ ထိတ်လန့်သွားစေသည်။
"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ တစ္ဆေဂိုဏ်းက ဟိုးအရင်တုန်းက ငါတို့ရဲ့ ဆရာ့ဆရာ အပြတ်အသတ် ရှင်းလင်းပစ်ခဲ့တာ မဟုတ်ဘူးလား"
ဓားထိန်းအကြီးအကဲက တုန်လှုပ်စွာဖြင့် အံ့သြတကြီး ပြောလသည်။ ကျန်းစစ် က ခါးသီးသော အပြုံးတစ်ခုဖြင့် ပြောသည်။
"ညီလေးလေး... မင်းပြောတာ မှန်ပါတယ်၊ ငါတို့ရဲ့ ဆရာ့ဆရာ က တစ်ချိန်က မောက်မာခဲ့တဲ့ တစ္ဆေဂိုဏ်းကို ဒီလောကကြီးကနေ အပြီးတိုင် ရှင်းလင်းပစ်ခဲ့တာ အမှန်ပါပဲ၊ ဒါပေမဲ့ မမေ့နဲ့လေ၊ ငါတို့ရဲ့ နယ်ပယ်က ဘယ်နေရာနဲ့ အနီးဆုံးလဲ ဆိုတာကို"
ကျန်းစစ်၏ စကားကို ကြားသောအခါ လူတိုင်း အမူအရာမှာ အထူးပင် လေးနက်တည်ကြည်သွားသည်။ အဘယ်ကြောင့်ဆိုသော် အကယ်၍ ခန့်မှန်းချက်သာ မှန်ကန်နေပါက အကျိုးဆက်များကို စိတ်ကူးကြည့်၍ပင် ရမည်မဟုတ်သောကြောင့် ဖြစ်သည်။
ထိုအချိန်မှာပင် အမည်းရောင် လှောင်ချိုင့်၏ အထက်တွင် အကိုင်းအခက်တစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီးနောက် ထိုအကိုင်းအခက်ပေါ်တွင် အရွက်များ ဝေဆာစွာ ပွင့်လန်းလာကာ ချက်ချင်းပင် ပန်းငုံတစ်ခုအဖြစ် ပြောင်းလဲသွားပြီး တဖြည်းဖြည်း ပွင့်အာလာလေသည်။
ခဏအကြာတွင် ထိုပန်းပွင့်အတွင်း၌ မျက်နှာနှစ်ခုပါသော မျက်နှာနှစ်ဖက် နတ်ဆိုးတစ္ဆေ တစ်ကောင် ပေါ်လာသည်။
မျက်နှာနှစ်ခုစလုံးသည် အလွန်လှပပြီး ဆွဲဆောင်မှု ရှိသော်လည်း ကြည့်လိုက်ရုံဖြင့် လူများကို ကျောချမ်းသွားစေလေသည်။
အဘယ်ကြောင့်ဆိုသော် ထိုမျက်နှာနှစ်ခုသည် အလွန် ကြောက်မက်ဖွယ်ကောင်းသော ပုံစံဖြင့် ဆက်စပ်နေသောကြောင့် ဖြစ်သည်။ ထို့နောက် မျက်နှာနှစ်ဖက် နတ်ဆိုးတစ္ဆေ သည် ခရယ်မောလာသည်။
"ဒီလောကရဲ့ လက်ရှိ အစောင့်အရှောက်အင်မော််တယ်ဂိုဏ်းဖြစ်ရတာနဲ့ တကယ်ကို ထိုက်တန်ပါတယ်၊ ငါတို့ရဲ့ ဇာစ်မြစ်ကို ဒီလောက်မြန်မြန် ခန့်မှန်းနိုင်တယ်ပေါ့၊ ဟုတ်တယ်... ငါတို့က တစ္ဆေဂိုဏ်းကပဲ"
ကျန်းစစ် အမူအရာသည် မှောင်မိုက်သွားပြီး အေးစက်စွာ မေးခွန်းထုတ်လိုက်လေသည်။
"မင်းတို့ ဘာလုပ်ချင်တာလဲ"
"ငါတို့ ဘာလုပ်ချင်တာလဲ ဟုတ်လား၊ ဒီလောက်တောင် အားထုတ်ထားမှတော့ ဧကရီ ကြွလာမယ့်အချိန်ကို ကြိုဆိုဖို့ပေါ့"
မျက်နှာနှစ်ဖက် နတ်ဆိုးတစ္ဆေသည် မောက်မာစွာ ရယ်မောသည်။
ဧကရီဟူသော ဝေါဟာရသည် ကျန်းစစ် နှင့် အခြားသူများ၏ အမူအရာများကိုလည်း သိသိသာသာ ပြောင်းလဲသွားစေသည်။
--