အခန်း ၁၃၂၄
Vol. 89 Ch. 1324
အခန်း (၁၃၂၄) - တာအိုဆက်ခံသူဆိုသည်မှာ အဘယ်နည်း
ဓားအလင်းတန်း အနည်းငယ်သည် မှောင်မိုက်နေသော တိမ်တိုက်များကို ခုတ်ပိုင်းကာ ရှေ့သို့ အလျင်အမြန် ပြေးဝင်သွားသည်။
ဤလိုဏ်ဂူနတ်ဘုရားဘုံ၏ အလယ်ဗဟိုတည့်တည့်ရှိ ကောင်းချီးပေးခံရသော နေရာတစ်ခုသို့ ရောက်ရှိသောအခါ ဓားအလင်းတန်းများ ရပ်တန့်သွားပြီး မင်ရှင်းနန်းတော်မှ ထျန်းယွမ်ချင် နှင့် နျန်ရွှယ်ရှင်း အပါအဝင် အခြားသော စီနီယာတပည့်များ ပေါ်ထွက်လာသည်။
ယခုအချိန်တွင် သူတို့သည် ပဉ္စမအဆင့် လိုဏ်ဂူနတ်ဘုရားဘုံရှိ သဲဝါဂိုဏ်း၏ တည်နေရာတွင် ရှိနေသော်လည်း သဲဝါဂိုဏ်းသည် ယခင်နေ့ရက်များက ကြီးပွားချမ်းသာမှုနှင့် စည်ကားမှုတို့ကို ဆုံးရှုံးသွားခဲ့သည်မှာ ကြာမြင့်နေပြီဖြစ်သည်။
ရှေးယခင်က ခြံဝင်းများအားလုံးသည် ပြိုကျပျက်စီးနေပြီး လူရိပ်လူယောင်ကိုမျှ မမြင်ရစေရန် အမည်းရောင် မြူခိုးအလွှာများဖြင့် ဖုံးလွှမ်းနေလေသည်။ သဲဝါဂိုဏိးတစ်ခုလုံးအပြင် ပဉ္စမအဆင့် လိုဏ်ဂူနတ်ဘုရားဘုံ တစ်ခုလုံးသည် တစ္ဆေလောကတစ်ခုပမာ လူသူကင်းမဲ့ကာ ခြောက်ကပ်နေသည်။
ထျန်းယွမ်ချင်် မျက်နှာအမူအရာသည် လေးနက်တည်ကြည်နေ၏။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ သူတို့၏ ခရီးစဉ်တစ်လျှောက် တွေ့ကြုံခဲ့ရသော စတုတ္ထမြောက် ဖျက်ဆီးခံလိုက်ရသည့် လိုဏ်ဂူနတ်ဘုရားဘုံ ဖြစ်နေသောကြောင့်ဖြစ်သည်။ နေရာတိုင်း၏ အခြေအနေမှာ အခြေခံအားဖြင့် ဆင်တူနေကာ ဂိုဏ်းများ ဖျက်ဆီးခံထားရပြီး လိုဏ်ဂူနတ်ဘုရားဘုံ တစ်ခုလုံးတွင် လူသူကင်းမဲ့နေကာ နေရာအနှံ့ ပျံ့နှံ့နေသော အမည်းရောင် တိမ်တိုက်များမှလွဲ၍ နတ်ဆိုးတစ္ဆေ တစ်ကောင်မျှပင် မရှိပေ။
ဤအခြေအနေက ထျန်းယွမ်ချင် ၏ စိတ်နှလုံးကို ပို၍ လေးလံသွားစေလေသည်။ သူသည် နတ်ဆိုးတစ္ဆေများ သောင်းကျန်းခဲ့သော အချိန်ကာလကို မကြုံဖူးသော်လည်း သူ့ဆရာနှင့် အခြားသူများက တစ်ကြိမ်ထက်မက ပြောပြခဲ့သည်ကို ကြားဖူးခဲ့သည်။ သို့သော် နတ်ဆိုးတစ္ဆေများ၏ စွမ်းအား အထွတ်အထိပ်သို့ ရောက်နေချိန်၌ပင် သူတို့သည် အဓိက လိုဏ်ဂူနတ်ဘုရားဘုံကြီး ခုနစ်ခုကို အနည်းငယ်မျှပင် တုန်လှုပ်အောင် မလုပ်နိုင်ခဲ့ပေ။
သို့သော် ဤတစ်ကြိမ်တွင်မူ လိုဏ်ဂူနတ်ဘုရားဘုံ လေးခုတိတိ ဖျက်ဆီးခံလိုက်ရပြီ ဖြစ်သည်။ ပုံမှန်အားဖြင့် ပြုံးရွှင်နေတတ်သော နျန်ရွှယ်ရှင်း၏ မျက်နှာလေးပင်လျှင် အလွန်လေးနက်သွားပြီး သူမ၏ အသံမှာလည်း မှိုင်းညို့နေလေသည်။
"ဂိုဏ်းတူအစ်ကိုကြီး၊ ဒီနတ်ဆိုးတစ္ဆေ စွမ်းအင်တွေ အားလုံးကို ကျွနိမတို့ ရှင်းလင်းဖယ်ရှားပစ်လိုက်ရမလား"
ထျန်းယွမ်ချင် ခေါင်းခါသည်။
"မလိုပါဘူး၊ ဒီလိုဏ်ဂူနတ်ဘုံတွေက ဟာလာဟင်းလင်း ဖြစ်နေပြီ၊ ဒီမှာ နတ်ဆိုးတစ္ဆေ တစ်ကောင်မှ ရှာမတွေ့တော့ဘူး၊ ဒီတစ္ဆေစွမ်းအင်တွေကို ဖယ်ရှားပစ်တာက အချည်းနှီးပဲ၊ ငါတို့ရဲ့ ကျင့်ကြံခြင်းစွမ်းအင်တွေကို ဖြုန်းတီးရာပဲ ရောက်လိမ့်မယ်"
"ဒါဆို ကျွန်မတို့ရဲ့ နောက်တစ်ဆင့်က ဘာလဲ"
နျန်ရွှယ်ရှင်းက မေးသည်။ ထျန်းယွမ်ချင်သည် အဝေးရှိ ကောင်းကင်ယံသို့ လှမ်းကြည့်လိုက်ပြီး သက်ပြင်းအား ဖြည်းညင်းစွာ ချကာ ပြတ်သားစွာ ပြောသည်။
"အခြား လိုဏ်ဂူနတ်ဘုကားဘုံတွေကို ဆက်ပြီး စစ်ဆေးကြမယ်၊ ဒီနတ်ဆိုးတစ္ဆေတွေက ကောင်းကင်ကြီးကို တကယ် ပြောင်းပြန်လှန်ပစ်နိုင်မယ်ဆိုတာ ငါ လုံးဝ မယုံဘူး"
နျန်ရွှယ်ရှင်း ခေါင်းညိတ်လိုက်ပြီးနောက် တုံ့ဆိုင်းစွာဖြင့် မေးသည်။
"နောက်ထပ် ဘယ်လိုဏ်ဂူနတ်ဘုရားဘုံကို ဆက်သွားကြမလဲ"
ဘေးတွင် ရပ်နေသော အခြား ဂိုဏ်းတူအစ်ကို တစ်ဦးက လေးနက်စွာ ဝင်ပြောလိုက်သည်။
"ရွှေရောင်ဆေးမီးဖိုရိပ်မြုံကို သွားမယ်"
"ရွှေရောင်ဆေးမီးဖိုရိပ်မြုံလား၊ အားအနည်းဆုံးဖြစ်ပြီး အမြဲတမ်း အောက်ဆုံးမှာ ရပ်တည်နေတဲ့ ဂိုဏ်းလား"
နျန်ရွှယ်ရှင်းသည် အနည်းငယ် မင်သက်သွားပြီးနောက် ခေါင်းခါလိုက်သည်။
"ငါထင်တာတော့ သွားစရာ မလိုတော့ဘူး၊ ဘာပဲဖြစ်ဖြစ် ဒီကိုလာတဲ့ လမ်းမှာ ငါတို့ အကုန်လုံး မြင်ခဲ့ရပြီပဲ၊ ဒုတိယအဆင့် လိုဏ်ဂူနတ်ဘုရားဘုံဖြစ်တဲ့ ဝိညာဉ်ဖျက်ဆီးဆောင်တောင် မလွတ်ဘူးဆိုတော့ ရွှေရောင်ဆေးမီးဖိုရိပ်မြုံက အခုဆိုရင် မြေရိုင်းပြင်ကြီးပဲ ဖြစ်နေလောက်ပြီ"
အခြား တပည့်များကလည်း သဘောတူညီစွာ ခေါင်းညိတ်လိုက်ကြလေသည်။
သို့သော် ထျန်းယွမ်ချင် က ခေါင်းခါပြသည်။
"မျှော်လင့်ချက် အရိပ်အယောင်လေး ရှိနေရင်တောင် ငါတို့ လက်လျှော့လို့ မရဘူး၊ အကယ်လို့ ရွှေရောင်ဆေးမီးဖိုရိပ်မြုံကလည်း မြေရိုင်းပြင်ကြီး ဖြစ်နေပြီဆိုရင်တော့ တတိယအဆင့် လိုဏ်ဂူနတ်ဘုကားဘုံဖြစ်တဲ့ အချစခခြံဝင်းဆီကို တိုက်ရိုက် သွားကြမယ်"
အချစ်ခြံဝင်းဟူသော စကားလုံးကို ကြားသောအခါ လူတိုင်း၏ မျက်လုံးများထဲတွင် အလင်းရောင်တစ်ခု တောက်ပသွားသည်။ နျန်ရွှယ်ရှင်းကလည်း ခေါင်းညိတ်လိုက်သည်။
"မှန်တယ်၊ ဘာပဲဖြစ်ဖြစ် ဒီတစ်ခေါက် တာအိုအမွေအနှစ် ပြိုင်ပွဲကြီးကို အချစ်ခြံဝင်းမှာ ကျင်းပတာဆိုတော့ အဲဒီမှာ ဘာတွေဖြစ်နေလဲဆိုတာ ငါတို့ သွားကြည့်ရမယ်"
သူမမျက်နှာအမူအရာမှာ အနည်းငယ် ညှိုးနွမ်းသွားကာ ဆက်ပြောသည်။
"အစ်ကိုကြီးဖန်က ဒီလိုမျိုး အလွယ်တကူ သေသွားမယ်ဆိုတာ ကျွန်မ မယုံဘူး"
ထျန်းယွမ်ချင်သည် သက်ပြင်း တိုးတိုးလေး ချလိုက်သည်။ သူ၏ ဂိုဏ်းတူညီမလေးသည် ဖန်ရှင်းအန်းနှင့် အရင်းနှီးဆုံး ဆက်ဆံရေးရှိကြောင်းကို သိထားပြီး ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးအား လက်ခံရန် သဘာဝကျကျပင် ခက်ခဲနေမည်ကို နားလည်ထားလေသည်။
"ကောင်းပြီ၊ အခုပဲ ခရီးဆက်ကြရအောင်"
ထျန်းယွမ်ချင်သည် ရှေ့မှ ဦးဆောင်ကာ ဓားအလင်းတန်းအဖြစ် ပြောင်းလဲ၍ ရှေ့သို့ တိုးထွက်သွားလေရာ နျန်ရွှယ်ရှင်း နှင့် အခြား တပည့်များလည်း အနီးကပ် လိုက်ပါသွားကြလေသည်။ သူတို့သည် မှောင်မိုက်နေသော တိမ်တိုက်များကို ခုတ်ပိုင်းကာ ကျယ်ပြောလှသော အမှောင်ထုထဲသို့ ပျောက်ကွယ်သွားကြတော့သည်။
ရွှေရောင်ဆေးမီးဖိုရိပ်မြုံတွင် အကြီးအကဲများ အားလုံးနှင့် အတွင်းဆောင် တပည့်စစ်များ အားလုံးသည် ကောင်စီခန်းမဆောင် အတွင်း၌ စုရုံးနေကြပြီး ကျယ်ဝန်းသော ခန်းမကြီးထဲတွင် ကြောက်မက်ဖွယ်ကောင်းသော တိတ်ဆိတ်မှုကြီးက လွှမ်းမိုးနေကာ မည်သူတစ်ဦးတစ်ယောက်ကမျှ စကားတစ်ခွန်းမျှ မဟကြချေ။
ရွှေရောင်ဆေးမီးဖိုရိပ်မြုံ တစ်ခုလုံး၏ အထက်တွင် အလင်းရောင် အတားအဆီး အလွှာထူကြီး တစ်ခုရှိနေပြီး ၎င်းသည် အဆောက်အအုံကို လွှမ်းခြုံထားကာ ပတ်ဝန်းကျင်လောက၏ အမှောင်ထုကို ဖယ်ရှားပေးသည့် စူးရှတောက်ပသော ရွှေရောင်အလင်းတန်းများကို ဖြာထွက်နေလေသည်။
ဤသည်မှာ ရွှေရောင်ဆေးမီးဖိုရိပ်မြုံကို ကာကွယ်ပေးထားပြီး ယနေ့တိုင် မားမားမတ်မတ် ရပ်တည်နိုင်စေရန် စောင့်ရှောက်ပေးထားသည့် ရွှေရောင်အလင်း အစီအရင် ပင် ဖြစ်သည်။ သို့သော် ဤသို့ဖြစ်နေလင့်ကစား တက်ရောက်လာသူများ၏ မျက်နှာပေါ်တွင် ပျော်ရွှင်မှု အရိပ်အယောင် တစ်စက်မျှပင် မရှိပေ။
အချိန်အတန်ကြာပြီးနောက် ရွှေရောင်ဆေးမီးဖိုရိပ်မြုံတွင် ရာထူးအကြီးဆုံးဖြစ်သလို လက်ရှိအချိန်တွင် အင်အားအကြီးဆုံးလည်းဖြစ်သော အကြီးအကဲချုပ် တစ်ဦးတည်းကသာ သက်ပြင်းကို ဖြည်းညင်းစွာ ချလိုက်လေသည်။
"ဝိညာဉ်ကျောက်တုံးတွေက ဘယ်လောက်ကြာကြာ ခံနိုင်ဦးမလဲ"
"အကြီးအကဲချုပ်... လက်ရှိ ကုန်ခမ်းနေတဲ့ နှုန်းအရဆိုရင် အလွန်ဆုံးဆို နောက်ထပ် တစ်ရက်ပဲ ခံနိုင်ပါတော့မယ်"
ဝိညာဉ်ကျောက်တုံး သိုလှောင်ရုံကို တာဝန်ယူထားရသော အကြီးအကဲက ခါးသီးမှုများ စွက်ဖက်နေသော အသံဖြင့် ပြန်ဖြေသည်။ ဤသို့ဖြစ်မည်ကို ကြိုတင်မျှော်မှန်းထားသော်လည်း သူတို့၌ တစ်ရက်သာ အချိန်ကျန်တော့သည်ကို ကြားသောအခါ လူအုပ်ကြီးမှာ မရည်ရွယ်ဘဲ တုန်လှုပ်သွားကြလေသည်။
သူတို့ မျက်နှာတိုင်းတွင် စိုးရိမ်ပူပန်မှုများက အထင်းသား ပေါ်လွင်နေသည်။ ဝိညာဉ်ကျောက်တုံးများ ကုန်ခမ်းသွားသည်နှင့် ရွှေရောင်အလင်း အစီအရင်သည် ကွဲကြေသွားမည်ဖြစ်ပြီး ထိုအချိန်ရောက်လျှင် လက်ရှိလူများထဲမှ မည်သူမဆို အန္တရာယ်ကင်းစွာ လွတ်မြောက်နိုင်ရန် ခက်ခဲသွားမည်ကို လူတိုင်း နားလည်ထားကြသည်။ သေဆုံးရမည်ကို ကြောက်ရွံ့ခြင်းသည် လူတိုင်း၏ စိတ်နှလုံးထဲသို့ တိတ်ဆိတ်စွာ တွားသွား ဝင်ရောက်လာ၏။
ဤအချိန်၌ အကြီးအကဲချုပ်သည် စားပွဲကို ညင်သာစွာ ပုတ်လိုက်ပြီး ပင်ပန်းနွမ်းနယ်နေသောအသံဖြင့် ပြောသည်။
"ကဲ... တိတ်တိတ်နေကြစမ်း"
လူအုပ်ကြီးမှာ တဖြည်းဖြည်း တိတ်ဆိတ်သွားသည်။ အကြီးအကဲချုပ်သည် အခန်းတွင်းရှိ လူများကို အကဲခတ်ကြည့်လိုက်ပြီးနောက် တိုးညင်းစွာ ပြောသည်။
"ဝိညာဉ်ကျောက်တုံး တွေကို ဖယ်ရှားလိုက်ပြီး အရေးအကြီးဆုံး အချိန်အတွက် သိမ်းထားလိုက်ပါ၊ အခုတော့... ငါလို အရိုးဆွေးကြီးကပဲ ဦးဆောင်ရတော့မှာပေါ့"
ဤစကားများ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် အခန်းတွင်းရှိ လူတိုင်းသည် ပြင်းထန်စွာ တုန်လှုပ်သွားကြပြီး လူများစွာ၏ မျက်နှာများသည် အကြီးအကဲချုပ် ကို ကြည့်ရင်း အံ့သြထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားသည်။
ယခင်ခေတ်များက ဖူကွမ်း အာဏာရှိစဉ်
အချိန်က ဤ အကြီးအကဲချုပ်
သည် အမြဲတမ်း စကားနည်းတတ်သူ ဖြစ်သည်။ ရွှယ်အန်းက ရွှေရောင်ဆေးမီးဖိုရိပ်မြုံ ကို လွှဲပြောင်းရယူပြီးနောက်တွင်ပင် သူသည် သိပ်ပြီး ထင်ပေါ်ကျော်ကြားမှု မရှိခဲ့ပေ။ ထို့ကြောင့် သူ၏ နှုတ်မှ ထိုသို့သော စကားများ ထွက်ပေါ်လာသောအခါ လူအများစုအတွက် သဘာဝကျကျပင် အံ့သြစရာ ဖြစ်သွားခဲ့ရလေသည်။ အကြီးအကဲချုပ်က ရယ်မောလိုက်သည်
။ "ဒီ အဘိုးကြီးက အသက်ရှင်ဖို့ လောဘကြီးပြီး သေရမှာကို ကြောက်တယ် ဆိုပေမယ့်လည်း နှစ်ထောင်ချီတဲ့ အစဉ်အလာတွေ ရှိခဲ့တဲ့ ရွှေရောင်ဆေးမီးဖိုရိပ်မြုံ လို ခမ်းနားကြီးကျယ်တဲ့ အဆောက်အအုံကြီးကို ယုတ်မာတဲ့ သတ္တဝါတစ်သိုက်က ဖျက်ဆီးပစ်တာကိုတော့ခံမှာ မဟုတ်ဘူး၊ ငါ့ရဲ့ အသက်အရွယ်ကြောင့် အထင်မသေးကြနဲ့၊ ဒီအရိုးဆွေးကြီးက တောင်စောင့်ကာကွယ်ရေး အစီအရင် ကို ထောက်ပံ့ပေးမယ် ဆိုရင် အချိန်အတိုင်းအတာ တစ်ခုအထိတော့ တောင့်ခံထားနိုင်သေးတယ်ကွ"
ထိုသို့ပြောပြီးနောက် အကြီးအကဲချုပ် သည် ဖြည်းညင်းစွာ မတ်တတ်ရပ်လိုက်လေရာ သူ၏ အနည်းငယ် ပိန်ချုံးနေသော ခန္ဓာကိုယ်သည် ထိုအချိန်တွင် အလွန် မြင့်မားပြီး ခမ်းနားထည်ဝါနေသယောင် ထင်ရလေသည်။ သူတို့မျက်လုံးများသည် မျက်ရည်များဖြင့် ပြည့်လျှံလာကညတော့သည်။
"အကြီးအကဲချုပ်"
တစ်စုံတစ်ယောက်က ခပ်တိုးတိုးလေး ခေါ်လိုက်လေသည်။ အကြီးအကဲချုပ်၏ မျက်ခုံးများသည် ညင်သာစွာ နိမ့်ကျသွားပြီး သူသည် ရှေ့သို့ ခြေလှမ်းမှန်မှန်ဖြင့် လှမ်းလျှောက်သွားသည်။
တစ်ချိန်တည်းမှာပင် ပို၍ အံ့သြတုန်လှုပ်ဖွယ် ကောင်းသော မြင်ကွင်းတစ်ခု ထွက်ပေါ်လာသည်။ တက်ရောက်လာသော အကြီးအကဲများ အားလုံးသည် တစ်ယောက်ပြီးတစ်ယောက် မတ်တတ်ရပ်လိုက်ကြပြီး အကြီးအကဲချုပ် ၏ နောက်မှ လိုက်ပါသွားကြသည်။
"ငါ့ကိုလည်း ထည့်တွက်လိုက်ပါ"
အသေးအဖွဲ အကျိုးအမြတ်များအား မက်မောလွန်းသဖြင့် နာမည်ဆိုးဖြင့် ကျော်ကြားသော ခုံရုံးခန်းမဆောင် မှ အကြီးအကဲလျူပင် ပြောလိုက်လေသည်။ သို့သော် ယခုအချိန်တွင် သူ၏ထံ၌ ပုံမှန်အားဖြင့် ရှိနေတတ်သော ကောက်ကျစ်စဉ်းလဲမှုမျိုး လုံးဝမရှိတော့ဘဲ တည်ငြိမ်နေပုံရသည်။
"အဘိုးကြီးလျူ... ခင်ဗျားက တကယ်ကြီး ဒီကိစ္စအတွက် မတ်တတ်ရပ်ထွက်လာလိမ့်မယ်လို့ ကျုပ် မယုံနိုင်ဘူးဗျာ"
ဝဝဖြိုးဖြိုး အကြီးအကဲ တစ်ဦးက ရယ်မောလျက် နောက်ပြောင်သည်။
"အဘိုးကြီးကျူး... ခင်ဗျားလည်း အတူတူပဲ မဟုတ်ဘူးလား"
အကြီးအကဲလျူ၏ မျက်နှာပေါ်တွင်လည်း အပြုံးရိပ်တစ်ခု ပေါ်လာသည်။
ဤ ဝဝဖြိုးဖြိုး အဘိုးကြီးသည် ရွှေရောင်ဆေးမီးဖိုရိပ်မြုံ၏ မှော်ပညာသင်ကြားရေးများကို တာဝန်ယူရသူဖြစ်ပြီး သူ၏ အစားအသောက် အလွန်ကြိုက်နှစ်သက်မှုနှင့် ကျူးဟူသော မျိုးရိုးနာမည်ကြောင့် သူ့အား ဝက်ကြီးဟု နောက်ပြောင် ခေါ်ဝေါ်လေ့ ရှိကြသည်။
"ဟဲဟဲ... ဒီလို အခွင့်အရေးမျိုးကို ကျုပ်က ဘယ်လိုလုပ် လက်လွတ်ခံနိုင်ပါ့မလဲ"
ဝက်ကြီးက အားရပါးရ ရယ်မောသည်။
"အဘိုးကြီးရာ... ခင်ဗျားနဲ့ သူငယ်ချင်း ဖြစ်ခဲ့ရတာ အချည်းနှီး မဖြစ်ပါဘူးဗျာ"
အကြီးအကဲလျူသည် သူ၏ မျက်လုံးများ ပူနွေးလာသည်ကို ခံစားလိုက်ရလေသည်။ ထို့ကြောင့် ထိုအချိန်တွင် ရွှေရောင်ဆေးမီးဖိုရိပ်မြုံ ၏ အကြီးအကဲများ အားလုံးသည် မတ်တတ်ရပ်ကာ အကြီးအကဲချုပ် နောက်မှ လိုက်ပါသွားကြပြီး တံခါးဆီသို့ ဖြည်းညင်းစွာ လျှောက်သွားကြသည်။
တပည့်များသည် ရိုသေစွာဖြင့် လမ်းဖယ်ပေးလိုက်ကြသည်။ ပုံမှန်အချိန်များတွင်လည်း သူတို့ ဤသို့ ပြုလုပ်လေ့ရှိသော်လည်း ဤတစ်ကြိမ်တွင်မူ လုံးဝ ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ပြုလုပ်ပေးခြင်း ဖြစ်လေသည်။
ထို့နောက် တပည့်များအားလုံးသည် ဤအကြီးအကဲများကို လေးစားအားကျသော မျက်လုံးများဖြင့် ကြည့်နေကြလေသည်။
မည်သူမျှ အသက်မရှင်ချင်ဘဲ မနေကြပေ။ ဤအကြီးအကဲများသည် နေ့စဉ်ဘဝတွင် သူတို့၏ အားနည်းချက်များ ရှိကောင်းရှိနိုင်သော်လည်း သူတို့၏ လမ်းစဉ်နှင့် သွန်သင်ချက်များ၏ ရန်သူတော်များဖြစ်သော နတ်ဆိုးတစ္ဆေများနှင့် ရင်ဆိုင်ရချိန်တွင် သူတို့အထဲမှ အနိမ့်ကျဆုံးသူပင်လျှင် မတ်တတ်ရပ်ကာ တိုက်ပွဲဝင်ကြမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့အားလုံးသည် ဂိုဏ်း၏ အစဉ်အလာကို ဆက်ခံသူများ ဖြစ်နေသောကြောင့်ဖြစ်သည်။
--