← Chapters

အခန်း ၁၃၂၅

Vol. 89 Ch. 1325

အခန်း ၁၃၂၅

Vol. 89 Ch. 1325

အခန်း (၁၃၂၅) - တပည့်ဖြစ်သူ၏ ညံ့ဖျင်းမှု၊ ပန်းတိုင်အတွက် အသက်စွန့်ခြင်း

အကြီးအကဲချုပ်၏ ခန္ဓာကိုယ်ထဲမှ များပြားလှသော ကျင့်ကြံခြင်း စွမ်းအင်များ ပေါက်ကွဲထွက်လာသည်နှင့်အမျှ သူ၏ မျက်ခုံးမွေးများနှင့် ဆံပင်များပင်လျှင် ရွှေရောင်အလင်းတန်းများကြောင့် အနီရောင်အဖြစ် ပြောင်းလဲသွားလေသည်။

ထို့နောက် သူ၏ ပုံပန်းသဏ္ဌာန်သည် သာမန်မျက်စိဖြင့်ပင် မြင်တွေ့နိုင်သော အရှိန်အဟုန်ဖြင့် သိသိသာသာ အိုမင်းရင့်ရော်လာသည်။

တစ်နာရီ... နှစ်နာရီ...

၅ နာရီသို့ ရောက်ရှိလာချိန်တွင် အကြီးအကဲချုပ်။ခန္ဓာကိုယ်ကြီးသည် သစ်ရွက်ကြွေတစ်ခုပမာ တုန်ယင်နေပြီး သူ၏ မျက်နှာသည်လည်း အရိုးပေါ်အရေတင် ပိန်ချုံးနေသည်။

"အကြီးအကဲချုပ်... ကျေးဇူးပြုပြီး ဆင်းခဲ့ပါတော့၊ ကျွန်တော် ဆက်လုပ်ပါရစေ"

အခြား အကြီးအကဲတစ်ဦးက ဝမ်းနည်းပူဆွေးစွာဖြင့် အော်ဟစ်လိုက်လေသည်။

သို့သော် အကြီးအကဲချုပ်၏ မျက်နှာပေါ်တွင် သက်သာရာရသွားသော အပြုံးတစ်ခု ပေါ်လာလေသည်။ သူက ခေါင်းခါလိုက်ပြီးနောက် မှေးမှိန်နေသော မျက်လုံးများကို အားယူဖွင့်ကာ ကောင်းကင်ယံတွင် စုရုံးလာသော အမည်းရောင် တိမ်တိုက်များဆီသို့ လှမ်းကြည့်ရင်း တိုးတိုးလေး ရေရွတ်သည်။

"ငါ့ရဲ့ တပည့်တွေက အရည်အချင်းမမီကြဘူး၊ အခုအချိန်မှာ ဒါက ငါလုပ်ပေးနိုင်တဲ့ တစ်ခုတည်းသော အရာပဲ"

ထိုသို့ပြောပြီးနောက် သူသည် မျက်လုံးများကို ဖြည်းညင်းစွာ မှိတ်လိုက်လေရာ သူ၏ ဦးခေါင်းထိပ်မှနေ၍ ကြီးကျယ်ခမ်းနားသော ရွှေရောင်အလင်းတန်းကြီး တစ်ခုသည် ကောင်းကင်ဘုံဆီသို့ ပေါက်ကွဲထွက်ပေါ်သွားလေသည်။ ဤမြင်ကွင်းကြောင့်ရောက်လာသူ အားလုံးမှာ ပြင်းထန်စွာ တုန်လှုပ်သွားကြသည်။

အကြီးအကဲတစ်ဦးက မော့ကြည့်လိုက်ပြီး မင်သက်နေသော အသံဖြင့် ရေရွတ်လိုက်လေသည်။

"အကြီးအကဲချုပ်က... သူ့ရဲ့ ဝိညာဉ်ကို ဖောက်ခွဲပစ်တော့မလို့ပဲ"

ထိုအသံဆုံးသွားသည်နှင့် တစ်ပြိုင်နက်တည်းမှာပင် အကြီးအကဲချုပ်၏ ခန္ဓာကိုယ်သည် ရုတ်တရက် အပိုင်းပိုင်းအစစ ကြေမွသွားပြီး ကြီးမားကျယ်ပြန့်လှသော ရွှေရောင်အလင်းတန်းကြီးကို ထုတ်လွှတ်လိုက်လေရာ ၎င်းသည် ကောင်းကင်ယံတွင် ဧရာမအဆောင်လက်ဖွဲ့ မန္တန်ကြီးတစ်ခုအဖြစ် စုစည်းသွားပြီး မိုးကုတ်စက်ဝိုင်းရှိ မှောင်မိုက်နေသော တိမ်တိုက်များဆီသို့ တိုက်ရိုက် ဝင်တိုက်သွားလေသည်။

မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အသံကြီးနှင့်အတူ ကျယ်ပြန့်လှသော အမည်းရောင် တိမ်တိုက်ကြီးများသည် အဆောင်လက်ဖွဲ့ မန္တန်ကြောင့် အငွေ့ပျံသွားလေသည်။ ၎င်းအတွင်းမှ နတ်ဆိုးတစ္ဆေတစ်ကောင်၏ နာကျင်စွာ အော်ဟစ်လိုက်သော အသံကိုလည်း ကြားရသည်။

"သေစမ်း... တာအိုအမွေအနှစ်ကို ဆက်ခံတဲ့ မင်းတို့ကောင်တွေ အားလုံးက ရူးနေကြတာလား၊ ဘာဖြစ်လို့ ဘာမဟုတ်တာလေးနဲ့ အမြဲတမ်း ကိုယ့်ဝိညာဉ်ကို ဖောက်ခွဲပစ်နေကြတာလဲ"

ဤဒေါသတကြီး ဟိန်းဟောက်သံ ထွက်ပေါ်လာပြီးနောက် ရွှေရောင်ဆေးမီးဖိုရိပ်မြုံရှိ အထက်အောက် လူအားလုံးသည် ခေါင်းငုံ့ကာ မျက်ရည်လည်ရွှဲ အသံများဖြင့် အော်ဟစ်လိုက်ကြလေသည်။

"ကောင်းကောင်းသွားပါ အကြီးအကဲချုပ်"

မကြာမီမှာပင် အခြား အကြီးအကဲတစ်ဦးသည် ယခင်အကြီးအကဲချုပ်၏ နေရာတွင် မည်သည့် တုံ့ဆိုင်းမှုမျှ မရှိဘဲ ချက်ချင်း ဝင်ရောက်နေရာယူလိုက်လေသည်။

အကြိတ်အနယ် တိုက်ပွဲသည် ဆက်လက် ဖြစ်ပွားနေသည်။

အမည်းရောင် တိမ်တိုက်များသည် တစ်ဖန် ပြန်လည် စုရုံးလာပြီး နတ်ဆိုးတစ္ဆေ၏ ပုံရိပ်အား ဖော်ပြလိုက်လေရာ ၎င်းသည် ရွှေရောင်ဆေးမီးဖိုရိပ်မြုံ အတွင်းရှိ မြင်ကွင်းကို ကြည့်ပြီးနောက် အေးစက်စွာ ရယ်မောသည်။

"ကျွတ် ကျွတ်... လူ့အသက်တွေကို ရင်းပြီး တောင်စောင့်ကာကွယ်ရေး အစီအရင်ကို ထိန်းသိမ်းထားတာ တကယ်ကို လေးစားလောက်တဲ့ သတ္တိပဲ၊ ကောင်းပြီလေ... မင်းတို့ဆီမှာ ပေးဆပ်စရာ အသက်ဘယ်နှချောင်းများ ကျန်သေးလဲဆိုတာ ကြည့်ကြသေးတာပေါ့"

သူ၏ စကားလုံးများသည် မောက်မာမှုများနှင့် အောင်ပွဲခံမှုများဖြင့် ပြည့်နှက်နေလေသည်။ မည်သူကမျှ သူ့ ရန်စမှုများကို ဂရုမစိုက်ကြပေ။ ရွှေရောင်ဆေးမီးဖိုရိပ်မြုံ အတွင်းရှိ လူအားလုံးသည် တိတ်ဆိတ်လျက်သာ ရှိနေကြလေသည်။ နတ်ဆိုးတစ္ဆေသည် ရှက်ကိုးရှက်ကန်းဖြင့် အနည်းငယ် ရယ်မောလိုက်ပြီး ရန်စစကားများကို ထပ်မံ ပြောဆိုရန် ပြင်လိုက်စဉ် ရုတ်တရက် အဝေးရှိ မိုးကုတ်စက်ဝိုင်းမှ ဓားအလင်းတန်း အနည်းငယ် ပေါ်ထွက်လာသည်။

ဓားအလင်းတန်းများသည် အလွန် လျင်မြန်သော အရှိန်အဟုန်ဖြင့် ချဉ်းကပ်လာလေသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် သူတို့သည် အမည်းရောင် မြူခိုးအလွှာများကို ခုတ်ပိုင်းကာ အနီးကပ်သို့ ရောက်ရှိလာကြလေသည်။

နတ်ဆိုးတစ္ဆေသည် တုန်ရီသွားပြီး ထိတ်လန့်တကြား ရေရွတ်လာသည်။

"ဓားကျင့်ကြံသူ လား"

သူ လှည့်ပြေးရန် ပြင်လိုက်စဉ်မှာပင် ရှေ့ဆောင် ဓားအလင်းတန်းထံမှ အေးစက်သော ဟစ်အော်သံတစ်ခု ထွက်ပေါ်လာလေသည်။

"မကောင်းဆိုးဝါး... မင်း ဘယ်ကို ပြေးမလို့လဲ"

ထိုဟစ်အော်သံနှင့်အတူ စူးရှတောက်ပသော ဓားအလင်းတန်းတစ်ခု ဖြတ်သန်းသွားကာ နတ်ဆိုးတစ္ဆေ၏ ပုံရိပ်ကို လျှပ်တစ်ပြက်အတွင်း ထိုးဖောက်သွားလေသည်။ နတ်ဆိုးတစ္ဆေသည် ကောင်းကင်ယံကိုပင် တုန်လှုပ်သွားစေမည့် ငိုကြွေးသံကြီးကို ထုတ်လွှတ်လိုက်ပြီး တိုက်ခိုက်မှုကြောင့် ထက်ပိုင်း ပြတ်သွားသည်။ သို့သော် နတ်ဆိုးတစ္ဆေ၏ တစ်ဝက်စီဖြစ်သွားသော ခန္ဓာကိုယ်များသည် ဘယ်နှင့် ညာသို့ ထွက်ပြေးရန် ကြိုးစားကြသည်။

နျန်ရွှယ်ရှင်းက ပြောလာသည်။

"နှင်းပွင့် ဓားဆန္ဒ"

မရေမတွက်နိုင်သော သေးငယ်လှသည့် ဓားအလင်းတန်းများသည် နှင်းပွင့်များပမာ ပြန့်ကျဲသွားပြီး နတ်ဆိုးတစ္ဆေကို လုံးဝ ဖုံးလွှမ်းသွားလေသည်။

"မင်ရှင်းနန်းတော်... မင်းတို့ ဓားအရူးအမူး ကောင်တွေ၊ မင်းတို့ ကောင်းကင်သော့ခလောက် ထဲမှာ ပိတ်မိနေတာ မဟုတ်ဘူးလား၊ ဘယ်လိုလုပ် လွတ်လာတာလဲ"

နတ်ဆိုးတစ္ဆေသည် နာကြည်းစွာဖြင့် နာကျင်စွာ အော်ဟစ်သည်။

"ဟွန့်... သေးနုပ်တဲ့ လှည့်ကွက်လေးတွေနဲ့ နင်တို့ရဲ့ အဖွားကို ပိတ်လှောင်ထားနိုင်မယ် ထင်နေတာလား"

နျန်ရွှယ်ရှင်း မျက်ခုံးပင့်လိုက်ပြီး သူမ၏ လက်သီးကို ညင်သာစွာ ဆုပ်လိုက်လေသည်။ ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ နတ်ဆိုးတစ္ဆေသည် ထိုသို့ပင် သုတ်သင်ခံလိုက်ရတော့သည်။

နျန်ရွှယ်ရှင်းသည် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်လျှံနေမိသည်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ နတ်ဆိုးတစ္ဆေတစ်ကောင်အား သုတ်သင်ရန် သူမ ကိုယ်တိုင် ပထမဆုံးအကြိမ် လှုပ်ရှားခဲ့ခြင်းဖြစ်သဖြင့် အလွန် ဝမ်းသာပျော်ရွှင်နေလေသည်။

"အစ်ကိုကြီး... ခုနက ညီမလေးရဲ့ ဓားချက်က ဘယ်လောက်တောင် အစွမ်းထက်လဲဆိုတာ မြင်လိုက်တယ်မလား"

ထျန်းယွမ်ချင်က ချစ်ခင်ကြင်နာစွာဖြင့် ခေါင်းညိတ်ပြသည်။

"အစွမ်းထက်တာပေါ့"

သို့သော် လွန်ခဲ့သော စက္ကန့်အနည်းငယ်က သူ၏ ဓားဆန္ဒဖြင့် နတ်ဆိုးတစ္ဆေကို တိတ်တဆိတ် မည်သို့ ပိတ်လှောင်ထားခဲ့ကြောင်းကိုမူ သူ လုံးဝ ထည့်မပြောခဲ့ပေ။

ပျော်ရွှင်နေသော နျန်ရွှယ်ရှင်း သည် ဤနတ်ဆိုးတစ္ဆေများ၏ အကြွင်းအကျန်များကို စတင် ရှင်းလင်းပစ်တော့သည်။

ဤအချိန်၌ ရွှေရောင်ဆေးမီးဖိုရိပ်မြုံ တစ်ခုလုံးသည် ဖြစ်ပျက်နေသော မြင်ကွင်းကို စောင့်ကြည့်နေခဲ့ကြလေသည်။ မင်ရှင်းနန်းတော်မှ ရောက်ရှိလာသူများကို မြင်သောအခါ သူတို့သည် မနေနိုင်တော့ဘဲ အားရပါးရ အော်ဟစ် အားပေးကြသည်။

အကြီးအကဲချုပ် ကွယ်လွန်သွားပြီဖြစ်ရာ ဒုတိယ အကြီးအကဲသည် ကောင်းကင်သို့ ခုန်တက်လာပြီး တောင်စောင့်ကာကွယ်ရေး အစီအရင်၏ တစ်ဖက်မှနေ၍ ထျန်းယွမ်ချင်ကို ဦးညွှတ် နှုတ်ဆက်လိုက်လေသည်။

"ကျုပ်က ရွှေရောင်ဆေးမီးဖိုရိပ်မြုံ က ဒုတိယ အကြီးအကဲပါ၊ မင်ရှင်း အင်မော်တယ်နန်းတော်က တာအိုမိတ်ဆွေကို ဂါရဝပြုပါတယ်"

ထျန်းယွမ်ချင် အပြုံးဖြင့် ပြန်လည် နှုတ်ဆက်လိုက်ပြီး သူ၏ အကြည့်များသည် ရွှေရောင်ဆေးမီးဖိုရိပ်မြုံ တစ်ခုလုံးကို ဖြတ်ပြေးသွားလေသည်။ အနည်းငယ် ပျက်စီးယိုယွင်းနေသော်လည်း ဂိုဏ်းမှ တပည့်တစ်ဦးစီတွင် ပြတ်သားသော အရှိန်အဝါများ ရှိနေသည်ကို သူ မြင်တွေ့လိုက်ရပြီး ဤဘေးအန္တရာယ်တွင် မည်သူတစ်ဦးတစ်ယောက်မျှ သေဆုံးသွားခြင်း မရှိသည်မှာ ချီးကျူးထိုက်ပေရာ သူတို့ကို ပို၍ အထင်ကြီး လေးစားသွားစေလေသည်။

"မင်္ဂလာပါ ဒုတိယ အကြီးအကဲ၊ ကျွန်တော်က မင်ရှင်းနန်းတော်က ခေါင်းဆောင်တပည့် ထျန်းယွမ်ချင်ပါ၊ ဒီကပ်ဘေးကြီးရဲ့ အခြေအနေကို စုံစမ်းဖို့ ဆရာက ကျွန်တော့်ကို စေလွှတ်လိုက်တာပါ၊ ဒါပေမဲ့ ဒီကိုလာတဲ့ လမ်းမှာ အခြား ဂိုဏ်း တော်တော်များများက အကုန်လုံး ဖျက်ဆီးခံလိုက်ရပြီ၊ အခုလို ခင်ဗျားတို့ ဂိုဏ်း မားမားမတ်မတ် ရပ်တည်နေသေးတာ ကံကောင်းတာပါပဲ"

ဒုတိယ အကြီးအကဲက လေးနက်စွာ ခေါင်းညိတ်လိုက်သည်။

"ဒါပေမဲ့ တာအိုမိတ်ဆွေထျန်းက အချစ်ခြံဝင်းကိုရော သွားပြီးပြီလား၊ တာအိုအမွေအနှစ် ပြိုင်ပွဲမှာပါဝင်တဲ့ တာအိုမိတ်ဆွေတွေ အခု ဘယ်လိုနေကြလဲ မသိဘူး"

ထျန်းယွမ်ချင်က ခေါင်းခါသည်။

"အချစိခြံဝင်း က အဝေးဆုံးမှာ ရှိနေလို့ ကျွန်တော်တို့ မရောက်သေးဘူးဗျ၊ ဒါပေမဲ့ အခု ခင်ဗျားတို့ ဂိုဏ်းက ပြန်လည် အသက်ဝင်လာပြီဆိုတော့ အမှန်တရားကို ရှာဖွေဖို့ ကျွန်တော်တို့ အဲဒီကို သွားကြမှာပါ"

ထိုစကားကို ကြားသောအခါ ဒုတိယ အကြီးအကဲသည် လူတိုင်းအား စူးစမ်းသော အကြည့်ဖြင့် ကြည့်လိုက်လေသည်။

ရွှေရောင်ဆေးမီးဖိုရိပ်မြုံမှ အကြီးအကဲမြောက်မြားစွာသည် တိတ်တဆိတ် နားလည်သွားကြပြီး တစ်ယောက်ကိုတစ်ယောက် အကဲခတ်ကြည့်ရှုကာ သဘောတူညီစွာ ခေါင်းညိတ်လိုက်ကြသည်။

"ဒီဘေးအန္တရာယ်က သေးငယ်တဲ့ ကိစ္စမဟုတ်ဘူး၊ လက်ပိုက်ကြည့်ပြီး သေမယ့်အချိန်ကို စောင့်နေမယ့်အစား လှုပ်ရှားတာက ပိုကောင်းတယ်၊ မင်ရှင်း အင်မော်တယ်နန်းတော်က တာအိုမိတ်ဆွေတွေနဲ့ ပူးပေါင်းပြီး အမှန်တရားကို ရှာဖွေဖို့နဲ့ ငါတို့ရဲ့ ဂိုဏ်းချုပ်နဲ့ အခြားသူတွေကို ကယ်တင်ဖို့ အချစ်ခြံဝင်းဆီ သွားတာက ပညာရှိရာ ရောက်ပါတယ်"

အကြီးအကဲများသည် ချက်ချင်းပင် သဘောတူညီမှု ရရှိသွားကြသည်။

လူအုပ်ကြီး၏ ရည်ရွယ်ချက်များကို ကြားသောအခါ ထျန်းယွမ်ချင်သည် အစပိုင်းတွင် အံ့သြသွားသော်လည်း နောက်ပိုင်းတွင် လေးနက်စွာ ခေါင်းညိတ်လိုက်သည်။ သူနှင့် သူ၏ ဂိုဏ်းတူညီအစ်ကိုမောင်နှမများမှာ အစွမ်းထက်ကြသော်လည်း ရှေ့တွင် မည်သို့သော ရန်သူမျိုး ရှိနေမည်ကို လုံးဝ မသိရကြောင်း သူ အလွန် ကောင်းစွာ သိရှိထားသည်။

ဤ ရွှေရောင်ဆေးမီးဖိုရိပ်မြုံမှ အကြီးအကဲများ၏ ခွန်အားမှာ အမြင့်ဆုံး မဟုတ်သော်လည်း လူများလေ အင်အားကြီးလေပင် ဖြစ်သည် မဟုတ်ပါလား။ အထူးသဖြင့် ဤကဲ့သို့သော အကျပ်အတည်း ကာလမျိုးတွင် ရိုးသားပွင့်လင်းစွာ အတူတကွ ပူးပေါင်းလုပ်ဆောင်ခြင်းက အကောင်းဆုံးပင် ဖြစ်သည်။

"ဒါဆိုရင်လည်း အခုပဲ ချက်ချင်း ခရီးထွက်ကြတာပေါ့"

ထျန်းယွမ်ချင်သည် သြဇာပါသော အသံဖြင့် ကြေညာသည်။ အချိန်အတန်ကြာ ရွှေရောင်ဆေးမီးဖိုရိပ်မြုံသည် တောက်ပသော အလင်းရောင်များဖြင့် ဖုံးလွှမ်းသွားသည်။ ရွှေရောင်အလင်း နယ်ပယ်သည် ယာယီအားဖြင့် လုံခြုံသွားပြီဖြစ်ရာ နေရာကို စောင့်ရှောက်ရန် လူအနည်းငယ်ကိုသာ ချန်ထားခဲ့ပြီး ကျန်သူများသည် ကောင်းကင်သို့ ပျံတက်သွားကာ ထျန်းယွမ်ချင်နှင့် သူ၏ အဖွဲ့နောက်မှ လိုက်ပါလျက် အချစ်ခြံဝင်း ဆီသို့ တိုက်ရိုက် ဦးတည်သွားကြလေသည်။

ခရီးစဉ်မှာ ရှည်လျားပြီး ရွှေရောင်ဆေးမီးဖိုရိပ်မြုံ မှ လူများသည် တာအိုနည်းလမ်းများဖြင့် လျင်မြန်စွာ ခရီးသွားလာရာတွင် မကျွမ်းကျင်သောကြောင့် ထျန်းယွမ်ချင် သည် သူတို့၏ ခရီးစဉ်တွင် ကူညီရန် လူတစ်ဦးချင်းစီထံသို့ ဓားရည်ရွယ်ချက် တစ်ခုစီကိုလည်း ပူးတွဲပေးလိုက်လေသည်။

အချစ်ခြံဝင်း အတွင်း သိသိသာသာ အိုမင်းရင့်ရော်နေပြီဖြစ်သော ပိုင်ဟန်သည် လတ်ဆတ်သော သွေးတစ်လုတ်ကို ထပ်မံ အန်ထုတ်လိုက်သည်။ ဤသည်မှာ နတ်ဆိုးတစ္ဆေများက တောင်စောင့်ကာကွယ်ရေး အစီအရင်ကို ဖောက်ထွင်းဝင်ရောက်ရန် ကြိုးစားနေစဉ်အတွင်းဖြစ်ပြီး သူမ၏ ထိန်းချုပ်မှုအောက်တွင် ၎င်းသည် နောက်တစ်ကြိမ် ခေါင်းမာစွာဖြင့် တောင့်ခံထားနိုင်ခဲ့ခြင်း ဖြစ်သည်။

ဤကာလအတွင်း ပိုင်ဟန်သည် အချစ်ခြံဝင်း တစ်ခုလုံး၏ ကျောရိုး ဖြစ်လာခဲ့သည်။ သူမ၏ ပြင်းထန်သော ကြိုးပမ်းအားထုတ်မှုများသာ မရှိပါက ခြံဝင်းသည် နတ်ဆိုးတစ္ဆေများ၏ ဖောက်ထွင်းဝင်ရောက်ခြင်းကို ခံလိုက်ရပြီ ဖြစ်လောက်ပေသည်။ သို့သော် ဤအရာက ပိုင်ဟန် အတွက် ကြီးမားသော ပေးဆပ်မှုတစ်ခု ဖြစ်ခဲ့သည်။

ဥပမာအားဖြင့် အသက် လေးဆယ် သို့မဟုတ် ငါးဆယ်အရွယ် လူလတ်ပိုင်း အမျိုးသမီးတစ်ဦးကဲ့သို့ ဖြစ်နေသော သူမ၏ လက်ရှိ ရုပ်ရည်သွင်ပြင်မျိုး ဖြစ်သည်။ ဤသည်မှာ သူမကျင့်ကြံခြင်းအဆင့်ကို လွန်ကဲစွာ အသုံးပြုလိုက်ခြင်းကြောင့် သူမ၏ အသက်စွမ်းအင်ကို ထိခိုက်ပျက်စီးစေခဲ့ခြင်း၏ ရလဒ်ပင် ဖြစ်သည်။

သို့သော် ယခုအချိန်တွင် ပိုင်ဟန်သည် ထိုအရာကို ဂရုမစိုက်နိုင်လောက်အောင် ဖြစ်နေသည်။ သူမသည် ပါးစပ်ထောင့်မှ သွေးများအား သုတ်ပစ်လိုက်ပြီး သွေးစွန်းနေသော တံတွေးများကို ထွေးထုတ်လိုက်ကာ ကိုယိ့ကိုယ်ကို သရော်လှောင်ပြောင်လျက် ရယ်မောလိုက်လေသည်။

"တစ်နေ့ကျရင် ငါက သွေးအန်တာကိုတောင် ကျင့်သားရလာလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ”

--

All Chapters