← Chapters

အခန်း ၁၃၂၆

Vol. 89 Ch. 1326

အခန်း ၁၃၂၆

Vol. 89 Ch. 1326

အခန်း (၁၃၂၆) - နှင်းပွင့်ကဲ့သို့သော ဓားဆန္ဒ

သူမသည် စကားပြောနေလျက် တောင်စောင့်ကာကွယ်ရေး အစီအရင်ဆီသို့ မော့ကြည့်လိုက်သည်။ မြူခိုးအလွှာများကို ဖြတ်သန်း၍ လှိုင်းလုံးထနေသော အမည်းရောင် တိမ်တိုက်များအလယ်တွင် ပေတစ်ထောင်ခန့် မြင့်မားကာ လူ့မျက်နှာနှင့် အနာစိမ်းများပါရှိသော နတ်ဆိုးတစ္ဆေတစ်ကောင်က အချစ်ခြံဝင်းကို ငုံ့ကြည့်နေသည်ကို သူမ ရှင်းလင်းစွာ မြင်နေရသည်။

သူတို့၏ အကြည့်များ ဆုံတွေ့သွားသောအခါ နတ်ဆိုးတစ္ဆေသည် ကြောက်မက်ဖွယ်ကောင်းစွာ ရယ်မောလိုက်သော်လည်း ၎င်း၏ခေါင်းပေါ်ရှိ လှပသော အမျိုးသမီးမျက်နှာပါသည့် အနာစိမ်းက ပထမဆုံး စကားစပြောလာလေသည်။

"ကျွတ် ကျွတ်... မတွေ့ရတာ ရက်အနည်းငယ်ပဲ ရှိသေးတယ်၊ နင်က ဒီလောက်တောင် အိုစာသွားပြီလား၊ ပိုင်ဟန်... နာမည်ခံပဲ ကျန်တော့တဲ့ ဒီအချး်ခြံဝင်းအတွက် နင် ဒီလောက်တောင် ပေးဆပ်နေရတာ တန်ရဲ့လားလို့ ငါ တကယ်ပဲ သိချင်မိတယ်"

ပိုင်ဟန်သည် အေးစက်စွာ ရယ်မောလိုက်ပြီးနောက် သူမ၏လက်ကို မြှောက်ကာ နတ်ဆိုးတစ္ဆေကို ပလက်ခလယ် ထောင်ပြလိုက်သည်။

"ငါ့သဘောလေ၊ နင်နဲ့ ဘာဆိုင်လို့လဲ"

"ဟွန့်... တာအိုမျိုးဆက်ကို ဆက်ခံတဲ့ နင်တို့ကောင်တွေက တကယ်ကို အနံ့အသက်ဆိုးပြီး ခေါင်းမာတာပဲ၊ ကောင်းပြီ... နင် ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မလဲဆိုတာ ကြည့်ကြသေးတာပေါ့"

ထိုစကားပြောအပြီးတွင် နတ်ဆိုးတစ္ဆေသည် လက်သီးကို မြှောက်ကာ တောင်စောင့်ကာကွယ်ရေး အစီအရင်ပေါ်သို့ ပြင်းထန်စွာ ထုချလိုက်လေသည်။

တောင်စောင့်ကာကွယ်ရေး အစီအရင်၏ အလင်းရောင် အတားအဆီးသည် မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားပြီး အချစ်ခြံဝင်း တစ်ခုလုံးသည်လည်း ၎င်းနှင့်အတူ တုန်ခါသွားလေသည်။ မျှော်လင့်ထားသည့်အတိုင်း ပိုင်ဟန်သည် လတ်ဆတ်သော သွေးနှစ်လုတ်ကို အန်ထုတ်လိုက်ရပြီး သူမ၏ ရုပ်ရည်သွင်ပြင်မှာ ချက်ချင်းပင် အနည်းငယ် ထပ်မံ အိုမင်းသွားသော်လည်း သူမသည် ဇွဲလုံ့လကြီးမားစွာဖြင့် ဆက်လက် တောင့်ခံထားလေသည်။

သို့သော် နတ်ဆိုးတစ္ဆေသည် သိသိသာသာပင် စိတ်ရှည်သည်းခံနိုင်စွမ်း ကုန်ဆုံးသွားပြီဖြစ်ကာ ထပ်မံ စောင့်ဆိုင်းနေမည် မဟုတ်တော့ဘဲ ကြမ်းကြုတ်စွာ ရယ်မောသည်။

"အခုပဲ နင့်ကို သွားရမယ့်လမ်း ပို့ပေးလိုက်မယ်"

ထိုသို့ပြောပြီးနောက် အခြားလက်တစ်ဖက်ကိုလည်း မြှောက်လိုက်ကာ ထုချရန် ပြင်လိုက်လေသည်။ သို့သော် ထိုအချိန်လေးမှာပင် ကျယ်ပြန့်လှသော အမည်းရောင် တိမ်တိုက်များ အတွင်းမှ မိုးပြာရောင် ဓားရည်ရွယ်ချက် တစ်ခုသည် ရုတ်တရက် ပေါက်ကွဲထွက်လာပြီး နတ်ဆိုးတစ္ဆေ၏ လက်ကောက်ဝတ်ကို လျှပ်စီးလက်သည့် အလျင်ဖြင့် ခုတ်ပိုင်းချလာသည်။

ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာပြီးနောက် နတ်ဆိုးတစ္ဆေသည် နာကျင်စွာ အော်ဟစ်လိုက်ပြီး ၎င်း၏ လက်ကောက်ဝတ်သည် အပိုင်းပိုင်းအစစ ကွဲကြေသွားသည်။

"ဘယ်သူလဲ"

နတ်ဆိုးတစ္ဆေက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ သို့သော် တုံ့ပြန်မှုအနေဖြင့် ပြင်းထန်သောအသံ တစ်ခုကိုသာ ရရှိလိုက်လေသည်။

"နှင်းပွင့် ဓားဆန္ဒ"

သေးငယ်လှသော ဓားအလင်းတန်းများသည် မြင့်မားလှသော နတ်ဆိုးတစ္ဆေ၏ ခန္ဓာကိုယ်ကြီးကို လုံးဝ ဖုံးလွှမ်းသွားလေသည်။ နှင်းပွင့်များပမာ ဓားအလင်းတန်းများသည် အလျော့ပေးခြင်း မရှိဘဲ တားဆီး၍မရနိုင်အောင် ဖြစ်နေသည်။

နတ်ဆိုးတစ္ဆေသည် နာကျင်စွာ အော်ဟစ်နေသော်လည်း ထိုဝေဒနာသည် မပြီးဆုံးသေးဘဲ မရေမတွက်နိုင်သော အဆောင်လက်ဖွဲ့ မန္တန်များသည် ထိုသတ္တဝါ၏ ခန္ဓာကိုယ်ပေါ်သို့ ရေတံခွန်ပမာ ကျဆင်းလာကာ ငွေကြေးကို ဂရုမစိုက်သည့်အလား အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်လေသည်။

မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော ပေါက်ကွဲမှုများကြားတွင် နတ်ဆိုးတစ္ဆေ၏ ခန္ဓာကိုယ်သည် လုံးဝ အပိုင်းပိုင်းအစစ ကြေမွသွားလေသည်။ ၎င်း၏ ဧရာမ ဦးခေါင်းကြီးသည် ပို၍ပင် ဖြည်းညင်းစွာ လိမ့်ကျသွားသည်။

အချစ်ခြံဝင်း အတွင်းရှိ လူတိုင်းသည် မင်သက်သွားကြပြီး ပိုင်ဟန်ကိုယ်တိုင်လည်း အံ့အားသင့်သွားရသည်။ တစ်ချိန်တည်းမှာပင် လှိုင်းလုံးထနေသော အမည်းရောင် တိမ်တိုက်များကြားမှ လူတစ်စု ပျံသန်းထွက်ပေါ်လာသည်။ သူတို့ကို ဦးဆောင်လာသူမှာ ထျန်းယွမ်ချင် ပင် ဖြစ်သည်။

သူတို့သည် လမ်းခရီးတစ်လျှောက်တွင် လုံးဝနီးပါး ရပ်နားခဲ့ခြင်း မရှိသောကြောင့် ဤမျှလျင်မြန်စွာ ရောက်ရှိလာနိုင်ခြင်း ဖြစ်လေသည်။ မင်ရှင်းနန်းတော်နှင့် ရွှေရောင်ဆေးမီးဖိုရိပ်မြုံမှ လူများဖြစ်ကြောင်း မြင်တွေ့ရသောအခါ အချစ်ခြံဝင်းမှ အမျိုးသမီး တပည့်များသည် အလွန် သက်သာရာရသွားကာ ဝမ်းသာမျက်ရည်များနှင့်အတူ မနေနိုင်တော့ဘဲ အော်ဟစ်အားကြသည်။

ပိုင်ဟန်သည်လည်း သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက် ယိုင်နဲ့နဲ့ဖြင့် မတ်တတ်ရပ်ကာ ကောင်းကင်ယံသို့ ဦးညွှတ် ဂါရဝပြုလိုက်လေသည်။

"ကူညီပေးတဲ့အတွက် မဟာမိတ်တွေ အားလုံးကို အများကြီး ကျေးဇူးတင်ပါတယ်"

ထျန်းယွမ်ချင်သည် ပိုင်ဟန်ကို မမှတ်မိသော်လည်း သူမ ခန္ဓာကိုယ်ပေါ်ရှိ သွေးကွက်များနှင့် အိုမင်းနေသော ရုပ်ဆင်းသွင်ပြင်ကို မြင်သောအခါ ဖြစ်ပျက်ခဲ့သည်ကို သူ ခန့်မှန်းနိုင်ခဲ့ပြီး သူ၏ မျက်နှာအမူအရာမှာ အလွန် လေးနက်တည်ကြည်သွားသည်။

"တာအိုမိတ်ဆွေက အရမ်း ယဉ်ကျေးနေပါပြီ"

ဘေးမှ နျန်ရွှယ်ရှင်းသည် ဆက်၍ မထိန်းထားနိုင်တော့ဘဲ အလျင်စလို မေးလိုက်လေသည်။

"တာအိုမိတ်ဆွေ... ကျွန်မတို့ရဲ့ ဂိုဏ်းတူအစ်ကို ပြိုင်ပွဲကြီးထဲ ဝင်သွားတာ ဘယ်လောက်ကြာပြီလဲဟင်"

ပိုင်ဟန်က ခါးသီးသော အပြုံးဖြင့် ပြန်ဖြေသည်။

"အခုဆို... သုံးရက်လောက် ရှိသွားပြီ"

ဤအရေအတွက်က လူတိုင်း၏ နှလုံးခုန်နှုန်းကို တစ်ချက် ရပ်တန့်သွားစေလေသည်။ အဘယ်ကြောင့်ဆိုသော် တာအိုအမွေအနှစ် ပြိုင်ပွဲသည် ပုံမှန်အားဖြင့် တစ်ရက်အတွင်း ပြီးဆုံးလေ့ရှိပြီး တတိယမြောက်နေ့အထိ မည်သည့်အခါမျှ ကြန့်ကြာခဲ့ခြင်း မရှိသောကြောင့် ဖြစ်သည်။ ထျန်းယွမ်ချင် ၏ အမူအရာသည် လေးနက်တည်ကြည်သွားသည်။

"တာအိုအမွေအနှစ် ဆင့်ကဲပြောင်းလဲခြင်း မီးဖိုကြီးက အခု ဘယ်မှာရှိလဲဆိုတာ မေးလို့ရမလား"

ပိုင်ဟန်က ပြောလိုက်သည်။

"အဲဒါက အနီးအနားက ဧရာမမြို့ကြီးထဲမှာ ရှိတယ်၊ ငါ..."

သူမလည်းလိုက်မည်ဟု ပြောတော့မည့်ဆဲဆဲတွင် ရုတ်တရက်ပင် အမျိုးသမီးတစ်ဦး၏ ရယ်မောသံ ထွက်ပေါ်လာလေသည်။

ထိုရယ်မောသံသည် လှောင်ပြောင်သရော်မှုများဖြင့် ပြည့်နှက်နေသည်။

"ဘယ်သူလဲ"

ဓားဆန္ဒများ ဝန်းရံနေလျက် ထျန်းယွမ်ချင် က ခက်ထန်မာစွာ အော်မေးလိုက်သည်။ ကျန်လူများကလည်း သူတို့၏ ကြိုတင်ပြင်ဆင်မှုများကို ပြုလုပ်ကြသည်။

ကောင်းကင်ယံရှိ အမည်းရောင် တိမ်တိုက်များသည် လေတိုက်ခတ်ခံရသည့်အလား ရုတ်တရက် လှိုင်းလုံးထလာပြီး မျက်တောင်တစ်ခတ်အတွင်း တိမ်ပင်လယ်၏ အလယ်ဗဟိုတွင် ဧရာမ ဝဲကတော့ကြီးတစ်ခုပေါ်လာကာ ထိုဝဲကတော့ တိမ်တိုင်ကြီးအတွင်းမှ သွယ်လျသော အမျိုးသမီးတစ်ဦး၏ ပုံရိပ် ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။ထို့နောက် ထိုအမျိုးသမီးသည် ရယ်မောလိုက်လေသည်။

"စိတ်ဝင်စားစရာကောင်းတဲ့ ကောင်တွေပဲ၊ ဒီအချိန်ထိ လက်မလျှော့ကြသေးဘူးလား။ ကောင်းပါတယ်လေ၊ နင်တို့အားလုံးကို ငါတို့ရဲ့ ဧကရီသခင်မဆီ ယဇ်ပူဇော်ဖို့ အချိန်ကိုက်ပဲ"

သူမ အသံဆုံးသွားသည်နှင့် အမျိုးသမီးမှာ တိမ်တိုင်ကြီးထဲမှ ဖြည်းညင်းစွာ လျှောက်ထွက်လာပြီး သူမ၏ မျက်နှာကို မြင်လိုက်ရချိန် ပိုင်ဟန်သည် တစ်ကိုယ်လုံး တုန်ရီသွားပြီး အော်ဟစ်သည်။

"နင်က... ဟို နတ်ဆိုးတစ္ဆေရဲ့ ခေါင်းပေါ်က အနာစိမ်း မျက်နှာပိုင်ရှင်ပဲ"

အမျိုးသမီးက တခစ်ခစ် ရယ်မောသည်။

"မှန်တာပေါ့... နင် သိသွားပြီပဲ"

ထိုသို့ပြောရင်း သူမ၏ အကြည့်များသည် လွင့်မျောသွားကာ ရှိနေသူအားလုံးကို အလျင်အမြန် အကဲခတ်ကြည့်ရှုလိုက်ပြီးတိုးညင်းစွာ ရယ်မောလျက် ပြောသည်။

"စကားမစပ်... ငါ နင်တို့အားလုံးကို ကျေးဇူးတင်ရမယ်၊ ဒါမှမဟုတ်ရင် ငါ ဒီလောက်မြန်မြန် အသွင်ပြောင်းနိုင်ခဲ့မှာ မဟုတ်ဘူး"

ထျန်းယွမ်ချင်၏ မျက်နှာသည် လေးနက်တည်ကြည်နေဆဲဖြစ်ကာ မည်သည့်စကားကိုမျှ အချိန်ဖြုန်း မပြောနေတော့ဘဲ သူ၏ လက်ကို မြှောက်ကာ ဓားဖြင့် ခုတ်ပိုင်းချလိုက်လေသည်။

ဤအမျိုးသမီးထံမှ ထွက်ပေါ်နေသော တစ္ဆေအရှိန်အဝါသည် ယခင် နတ်ဆိုးတစ္ဆေထက်များစွာ ပိုမိုအစွမ်းထက်နေကြောင်းကို သူ ခံစားသိရှိသည်။ သူမ၏ ခွန်အားသည် အလွန် ကြီးမားလွန်းသဖြင့် ကောင်းကင်နှင့် မြေကြီးကိုပင် အနည်းငယ် တုန်လှုပ်သွားစေလေသည်။

ထို့ကြောင့် ထျန်းယွမ်ချင်သည် ပထမဆုံး စတင် တိုက်ခိုက်လိုခဲ့ခြင်း ဖြစ်သည်။

သို့သော် သူ အံ့အားသင့်သွားရသည်မှာ ဓားအလင်းတန်းသည် အမျိုးသမီးအနီးသို့ ရောက်ရှိသွားသည်နှင့် တိုက်ရိုက်ပင် ပျံ့နှံ့ လွင့်စင်သွားသောကြောင့် ဖြစ်သည်။

"အမျိုးသမီးတစ်ယောက်ကို ကြင်ကြင်နာနာ ဘယ်လို ဆက်ဆံရမလဲဆိုတာ တကယ်ကို နားမလည်တာပဲ၊ မြင်မြင်ချင်း ဘာလို့ အကြမ်းဖက်ရတာလဲ၊ ဒါက မိန်းကလေးတစ်ယောက်ရဲ့ နှလုံးသားကို တကယ် ကွဲကြေစေနိုင်တယ်နော်"

အမျိုးသမီးက နောက်ပြောင်လျက် အပြစ်တင်လိုက်လေသည်။ ထျန်းယွမ်ချင် ၏ နှလုံးသားသည် အောက်ခြေအထိ ကျဆင်းသွားရသည် အဘယ်ကြောင့်ဆိုသော် သူ၏ ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များသည် အရိုင်းဆန်စွာ အတက်အကျ ဖြစ်ပေါ်နေကြောင်း ရုတ်တရက် တွေ့ရှိလိုက်ရသောကြောင့် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် အမျိုးသမီး၏ မျက်လုံးများထဲတွင် ကြမ်းကြုတ်သော အလင်းရောင်တစ်ခု လျှပ်တစ်ပြက် ပေါ်လာသည်ကို သူ မြင်လိုက်ရသည်။

"နင်က ငါ့ကို သတ်ချင်နေမှတော့ နင့်ကို မျှော်လင့်ချက် ကင်းမဲ့ခြင်းဆိုတာ ဘာလဲ အရင် မြည်းစမ်းခိုင်းရတာပေါ့"

ထိုသို့ပြောပြီးနောက် အမျိုးသမီးသည် သူမ၏ ခေါင်းနောက်ဘက်မှ ဆံထိုးတစ်ခုကို ရုတ်တရက် ဆွဲထုတ်လိုက်ရာ သူမ၏ အမည်းရောင် ဆံပင်များ ဖရိုဖရဲ ကျဆင်းလာလေသည်။ မှောင်မိုက်နေသော တိမ်တိုက်များနှင့် အလင်းပြန်နေမှုကြောင့် ၎င်းသည် နတ်ဘုရားတစ်ပါးလှပမှုမျိုးကို ဖြာထွက်နေသည်။

အမျိုးသမီးသည် ဆံထိုးကို ကိုင်ထားပြီး သူမ၏ မျက်နှာပေါ်တွင် ရိုသေလေးစားသော အမူအရာတစ်ခုပေါ်လာကာ သူမ၏ လက်ကို မြှောက်၍ လေဟာပြင်ထဲတွင် စတင် ရေးဆွဲလေတော့သည်။

"သူမကို မြန်မြန် တားကြ"

ထျန်းယွမ်ချင် ကျယ်လောင်စွာ ဟစ်အော်လိုက်သည်။ အမှန်တွင် သူ၏ သတိပေးချက်ပင် မလိုအပ်ပေ။ အဘယ်ကြောင့်ဆိုသော် အမျိုးသမီး ရေးဆွဲပြီးသွားပါက ဘာတွေ ဖြစ်လာနိုင်မည်ကို မည်သူမျှ မသိကြသလို မည်သူကမျှလည်း အစမ်းသပ်မခံလိုကြသောကြောင့် ဖြစ်သည်။ ထပ်မံပေါ်ထွက်လာသည်များမှာ မရေမတွက်နိုင်သော ဓားအရိပ်များနှင့် စူးရှတောက်ပသော ရွှေရောင် အလင်းတန်းများပင် ဖြစ်သည်။

သို့သော် တိုက်ခိုက်မှု အားလုံးသည် အမျိုးသမီးအနီးသို့ ရောက်သောအခါ မီးဖိုထဲတွင် နှင်းပွင့်များ အရည်ပျော်သွားသကဲ့သို့ တိတ်ဆိတ်စွာ ပျောက်ကွယ်သွားကြသည်။

တစ်ချိန်တည်းမှာပင် အမျိုးသမီး၏ ဆံထိုးပေါ်တွင် အလွန် သန့်စင်သော အမည်းရောင် အလင်းတန်းတစ်ခု လျှပ်တစ်ပြက် တောက်ပသွားပြီး နောက်ဆုံးဆွဲချက်ကို ။ပြီးမြောက်သွားစေလေသည်။

ဤသည်မှာ အလွန် ဆိုးရွားကြမ်းကြုတ်သော စွမ်းအင်များကို ထုတ်လွှတ်နေသည့် အဆောင်လက်ဖွဲ့ မန္တန်တစ်ခု ဖြစ်လေသည်။ မန္တန်ပြီးစီးသွားသည့် ထိုအချိန်လေးမှာပင် လောကကြီး တစ်ခုလုံးသည် အောက်ဘက်သို့ ရုတ်ခြည်း နစ်မြုပ်သွားသကဲ့သို့ ခံစားလိုက်ရသည်။

ထိုအချိန်တွင် ထျန်းယွမ်ချင်၊ နျန်ရွှယ်ရှင်း နှင့် ရွှေရောင်ဆေးမီးဖိုရိပ်မြုံနှင့် အချစ်ခြံဝင်းမှ လူများအားလုံးသည် သူတို့၏ ခန္ဓာကိုယ်များ တုန်တက်သွားသည်ကို ခံစားလိုက်ရပြီးနောက် သူတို့၏ ကျင့်ကြံခြင်းအဆင့်နှင့် ဝိညာဉ်စွမ်းအင်များ အားလုံး ပိတ်လှောင်ခံလိုက်ရကာ လက်ချောင်းတစ်ချောင်းကိုပင် မလှုပ်ရှားနိုင်တော့ဘဲ လေဟာပြင်ထဲတွင်သာ အသက်မဲ့စွာ လွင့်မျောနေရကြောင်းကို ထိတ်လန့်တကြား တွေ့ရှိလိုက်ကြသည်။ အမျိုးသမီးသည် အောင်ပွဲခံသည့်ဟန်ဖြင့် အားရပါးရ ရယ်ချသည်။

"ငါ့ကို တိုက်ခိုက်ချင်တယ်ပေါ့လေ၊ ဒါက ဧကရီသခင်မ ကိုယ်တိုင် ချီးမြှင့်ထားတဲ့ တစ္ဆေလက်နက်ပဲ"

နျန်ရွှယ်ရှင်းသည် အကြိမ်အနည်းငယ် ရုန်းကန်ကြည့်လိုက်သော်လည်း လုံးဝ မလှုပ်ရှားနိုင်တော့ကြောင်း သိလိုက်ရသဖြင့် ဒေါသတကြီးဖြင့် မနေနိုင်ဘဲ အော်ဟစ်လိုက်လေသည်။

"နတ်ဆိုးတစ္ဆေ... နင့်မှာ သတ္တိရှိရင် ငါ့ကို အခု သတ်လိုက်စမ်း၊ ငါ သေရမှာ မကြောက်ဘူး"

"နင့်ကို သတ်ရမယ်၊ ခစ်ခစ်... စိတ်ချပါ၊ နင်တို့ တစ်ယောက်မှ အသက်ရှင်မှာ မဟုတ်ဘူး၊ ဒါပေမဲ့ ဒီနေရာမှာတော့ မဟုတ်ဘူး၊ ဘာပဲဖြစ်ဖြစ် နင်တို့ အားလုံးက အစွမ်းထက်တဲ့သူတွေဆိုတော့ အလဟဿ အဖြစ်မခံနိုင်ဘူးလေ”

--

All Chapters