အခန်း ၁၃၃၄
Vol. 89 Ch. 1334
အခန်း (၁၃၃၄) မီးကို မီးဖြင့်သာ တိုက်ဖျက်ခြင်း
ဧကရီသည် ဒေါသတကြီး ပေါက်ကွဲသွားသည်။
"နင့်ကို ဘယ်တော့မှ ပြန်ဝင်စားလို့ မရတော့အောင် ငါ သတ်ပစ်မယ်..."
သူမ၏ ကြောက်မက်ဖွယ်ကောင်းသော ဟိန်းဟောက်သံတွင် ကျောချမ်းဖွယ် ကလဲ့စားချေလိုစိတ်များ ပြည့်နှက်နေလေသည်။ သို့သော် သူမ၏ စကားများ မဆုံးမီမှာပင် ဤမြင့်မြတ်လှပါသည်ဆိုသော ဧကရီသည် ရုတ်တရက် စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။
"အာ... ငါ့ကို အောက်ချပေးစမ်း"
လူအားလုံးသည် မရည်ရွယ်ဘဲ အသက်ပြင်းပြင်း ရှူသွင်းလိုက်မိကြသည်။ အဘယ်ကြောင့်ဆိုသော် ယခုလေးတင် မောက်မာဝင့်ကြွားစွာ အာဏာပြနေခဲ့သော တစ္ဆေဂိုဏ်းဧကရီသည် ယခုအခါ ရွှယ်အန်း၏ လက်ထဲတွင် ခြေထောက်မှ အကိုင်ခံထားရပြီး ကျာပွတ်တစ်ကောင်ပမာ လေထဲတွင် ရမ်းခါခံနေရသောကြောင့် ဖြစ်သည်။
ဧကရီသည် သနားစရာကောင်းလောက်အောင် စူးစူးဝါးဝါး အော်ဟစ်နေပြီး သူမ၏ ကျင့်ကြံခြင်းစွမ်းအင်များကို အရူးအမူး ထုတ်ဖော်ကာ ရွှယ်အန်းကို အသည်းအသန် ရုန်းကန်တိုက်ခိုက်သည်။ သို့သော် ဤအဖြူရောင်ဝတ် လူငယ်လေး၏ ထိန်းချုပ်မှုအောက်တွင် သူမ၏ ကြိုးပမ်းမှုအားလုံးသည် အချည်းနှီးသာ ဖြစ်နေကြောင်းကို ထိတ်လန့်တကြား တွေ့ရှိလိုက်ရလေသည်။
ယခင်က တစ်ခါမှ မကြုံဖူးသော အကြောက်တရား တစ်ခုသည် ဧကရီ၏ နှလုံးသားထဲသို့ လျှံတက်လာလေသည်။
ဘာတွေ ဖြစ်နေတာလဲ၊ ဘာလို့ ငါ့ရဲ့ ကျင့်ကြံခြင်းစွမ်းအင်တွေ အားလုံးက အသုံးမဝင် ဖြစ်သွားရတာလဲ၊ ဒီရွှယ်ဆိုတဲ့ မျိုးရိုးနာမည်နဲ့ ဒီလူရဲ့ နောက်ခံဇာတ်လမ်းက ဘာများလဲ...
သူမ၏ စိတ်ထဲတွင် သံသယများနှင့် မသေချာမှုများ ပြည့်နှက်နေစဉ် ရွှယ်အန်းက ဂရုမစိုက်သည့်ဟန်ဖြင့် ပြောလိုက်လေသည်။
"ဘေးဖယ်နေကြ"
မြေပြင်ပေါ်ရှိ လူအုပ်ကြီးသည် နေရာတစ်ခုကို အလျင်အမြန် ဖယ်ပေးလိုက်ကြလေသည်။ တစ်ချိန်တည်းမှာပင် ရွှယ်အန်းသည် ဧကရီ၏ ခြေထောက်တစ်ဖက်ကို ကိုင်ကာ အောက်သို့ ကြမ်းတမ်းရက်စက်စွာ ရိုက်ချလိုက်သည်ကို သူတို့ မြင်တွေ့လိုက်ရလေသည်။
"အားးးးး"
ဧကရီသည် နာကျင်စွာ အော်ဟစ်လိုက်ပြီး သူမ၏ ကိုယ်နေဟန်ထားကို တည်ငြိမ်အောင် ထိန်းရန် ကြိုးစားလိုက်သော်လည်း ရွှယ်အန်း၏ ရိုက်ချလိုက်သော အင်အားမှာ အလွန် ကြီးမားလွန်းလှသဖြင့် သူမ၏ ခန္ဓာကိုယ် တုံ့ပြန်ရန် အချိန်မရလိုက်မီမှာပင် မြေကြီးထဲသို့ တိုက်ရိုက် ရိုက်သွင်းခံလိုက်ရလေသည်။
ကျန်းပြည်နယ် တစ်ခုလုံးသည် သုံးကြိမ်တိုင်တိုင် တုန်ခါသွားသကဲ့သို့ ထင်ရကာ လွင့်စင်ထွက်လာသော ဖုန်တိမ်တိုက်များ ကြားတွင် လူတိုင်း၏ အကြည့်များသည် အနည်းငယ် ဝေဝါးသွားကြသည်။
ခဏအကြာမှသာ ဓားကိုင်ဆောင်ထားသူများ အပါအဝင် ဓားကျင့်ကြံသူ အားလုံးသည် တုန်လှုပ်စွာဖြင့် သတိဝင်လာကြပြီး မြေပြင်ပေါ်တွင် ဖြစ်ပေါ်လာသော ဧရာမ တွင်းကြီးကို ထိတ်လန့်တကြား ကြည့်လိုက်ကြလေသည်။
ဒါ... ဒါက တကယ့် တိုက်ခိုက်ရေး နည်းလမ်း ဟုတ်လို့လား၊ နတ်ဆိုး ဧကရီရဲ့ ခြေထောက်ကို ကိုင်ပြီး အောက်ကို ဆောင့်ရိုက်ချလိုက်တာလား၊ ဒါက တကယ်ကို စိတ်ကူးနဲ့တောင် မှန်းဆလို့ မရဘူးပဲ...
ယခုလေးတင် ကျန်းပြည်နယ်ရှိ ဓားကျင့်ကြံသူ အားလုံး၏ အင်အားများကို ပေါင်းစည်းလိုက်ချိန်၌ပင် ဤဧကရီကို သေးငယ်သော အစင်းရာလေး တစ်ခုသာ ရရှိစေခဲ့ကြောင်းကို မှတ်သားထားသင့်ပေသည်။ သို့သော် ရွှယ်အန်း၏ လက်ထဲသို့ ရောက်သွားချိန်တွင် ဧကရီသည် အဘယ်ကြောင့် ဤမျှ ဖျော့တော့ပြီး အလွယ်တကူ အနိုင်ကျင့်ခံနေရသကဲ့သို့ ဖြစ်နေရသနည်း။
ဤဓားကျင့်ကြံသူ တစ်သိုက်သည် ဆွံ့အ မင်သက်ကာ အတွေးပေါင်းများစွာထဲတွင် လမ်းပျောက်နေစဉ် မြေကြီးအောက်မှနေ၍ တောရိုင်းတိရစ္ဆာန် တစ်ကောင်ကဲ့သို့ ဟိန်းဟောက်သံကြီးတစ်ခု ထွက်ပေါ်လာလေသည်။
"နင့်ကို ငါ သတ်မယ်"
ထိုစကားနှင့်အတူ ဧရာမ တွင်းကြီးသည် နှစ်ခြမ်းကွဲကာ ရုတ်တရက် ပေါက်ကွဲထွက်လာပြီး ၎င်းအတွင်းမှ မရေမတွက်နိုင်သော အမည်းရောင် အလင်းတန်းများ ပစ်လွှတ်ထွက်ပေါ်လာကာ လေဟာပြင်ထဲရှိ ရွှယ်အန်းဆီသို့ တိုက်ရိုက် ချိန်ရွယ်လာကြသည်။
"သတိထား"
လူများစွာသည် မနေနိုင်တော့ဘဲ ထိတ်လန့်တကြား အော်ဟစ် သတိပေးလိုက်ကြသည်။ ရွှယ်အန်းသည် ချဉ်းကပ်လာသော ဤအမည်းရောင် အလင်းတန်းများကို တစ်ချက်မျှပင် လှည့်မကြည့်ဘဲ ဧရာမ တွင်းကြီးကိုသာ ငုံ့ကြည့်နေရာ သူ၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်တစ်ခု လျှပ်တစ်ပြက် ပေါ်လာသည်။
"ဒါမှ တော်သေးတယ်၊ မဟုတ်ရင် အရမ်းလွယ်လွန်းနေလို့ ငါတောင် ဘာမှ မစွမ်းဆောင်လိုက်ရဘူးလို့ ခံစားနေရတာ"
ရွှယ်အန်းသည် သူ့ဘာသာ တိုးတိုးလေး ရေရွတ်လိုက်သည်။ ထိုအမည်းရောင် အလင်းတန်းများမှာမူ သူ၏ အနီးသို့ပင် မကပ်နိုင်မီ တိုက်ရိုက် အငွေ့ပျံသွားကာ ဘာမျှမကျန်အောင် ပျောက်ကွယ်သွားကြလေသည်။
ထိုအချိန်မှာပင် ဧရာမ ပုံရိပ်ကြီးတစ်ခုသည် တွင်းထဲမှ ပေါက်ကွဲထွက်လာပြီး မိုးခြိမ်းသံကဲ့သို့သော အရှိန်အဟုန်ဖြင့် ရှရွှယ်အန်းထံသို့ ပြေးဝင်လာလေသည်။
၎င်း ဖြတ်သန်းသွားရာ လမ်းကြောင်းတစ်လျှောက်တွင် လေဟာပြင် ကိုယ်တိုင်သည်ပင် အပိုင်းပိုင်းအစစ ကွဲကြေသွားသကဲ့သို့ ထင်ရသည်။
ပေါ်ထွက်လာသော စွမ်းအား၏ ဖိအားအောက်တွင် ပတ်ဝန်းကျင် လောကကြီးသည် လျှပ်တစ်ပြက်အတွင်း အလွန် မှောင်မိုက်သွားသည်။ ကောင်းကင်နှင့် မြေကြီးကြားတွင် နတ်ဆိုးဘုရင်မ၏ ကြွေထည်ပမာ တောက်ပနေသော အရိုးဖြူ ကိုယ်ထည်၏ အလင်းရောင်သာ ကျန်ရစ်တော့သည်။ ဓားထိန်းအကြီးအကဲ၏ မျက်နှာအမူအရာသည် လျှပ်တစ်ပြက် ပြောင်းလဲသွားပြီး အလွန်လေးနက်တည်ကြည်သွားသည်။
"ဒုတိယ အသွင်ပြောင်းခြင်းပဲ၊ ဒါက ငါတို့ ဂိုဏ်းရဲ့ မှတ်တမ်းတွေထဲမှာ ရေးသားထားတဲ့ ဧကရီရဲ့ ဒုတိယအသွင်ပြောင်းခြင်း ကွ"
ဤစကားကို ကြားသောအခါ လူတိုင်းသည် သူတို့၏ နှလုံးသားများ ချောက်ကမ်းပါးထဲသို့ ကျဆင်းသွားသကဲ့သို့ ခံစားလိုက်ကြရသည်။
အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သော နှစ်ပေါင်းများစွာက ဖြစ်ပွားခဲ့သော ကမ္ဘာပျက်မတတ် တိုက်ပွဲကြီးအကြောင်းကို နည်းလမ်းပေါင်းစုံမှတစ်ဆင့် သူတို့ အနည်းနှင့်အများ ကြားဖူးခဲ့ကြသောကြောင့် ဖြစ်သည်။
ဤဧကရီသည် ထိုအချိန်က အဓိက လိုဏ်ဂူနတ်ဘုရားဘုံကြီး ခုနစ်ခုကို အကြီးအကျယ် ဆုံးရှုံးမှုများ ဖြစ်ပေါ်စေခဲ့သော အဓိက တရားခံပင်ဖြစ်သည်။
ဒဏ္ဍာရီများအရ ဤနတ်ဆိုးဧကရီသည် သူမ၏ ဒုတိယ အသွင်ပြောင်းခြင်းကို ထုတ်ဖော်လိုက်သည်နှင့် သူမ၏ ခွန်အားသည် အဆမတန် တိုးပွားလာမည် ဖြစ်သည်။
အတိတ်က အစွမ်းထက်လှသော ဂိုဏ်းချုပ် များစွာသည် သူမ၏ ဒုတိယ အသွင်ပြောင်းခြင်း အောက်တွင် ကျဆုံးခဲ့ရလေသည်။ ယခုလေးတင် မင်ရှင်းနန်းတော်သည် ဓားကျင့်ကြံသူ အားလုံး၏ ခွန်အားကို စုစည်းခဲ့သော်လည်း သူမကို ဤအသွင် ထုတ်ဖော်လာစေရန် ဖိအားမပေးနိုင်ခဲ့ချေ။
ယခု သူမကို တစ်ယောက်တည်း ရင်ဆိုင်နေရသော ဤလူငယ်လေးသည် ပို၍ ကြီးမားသော အန္တရာယ်နှင့် ရင်ဆိုင်နေရသည် မဟုတ်ပါလား။
ဤသို့ တွေးမိသည်နှင့် လူတိုင်း၏ နှလုံးသားများသည် လည်ချောင်းဝအထိ ချက်ချင်း ဆောင့်တက်လာကြသည်။
ဤအချိန်၌ နတ်ဆိုး ဧကရီသည် ကောင်းကင်ယံသို့ ပျံတက်သွားပြီဖြစ်ကာ ကြောက်မက်ဖွယ်ကောင်းစွာ ရယ်မောလာသည်။
"ကောင်လေး... ငါ့ကို ဒီအသွင်ပြောင်းအောင် လုပ်နိုင်ခဲ့တဲ့အတွက် မင်းကိုယ်မင်း ဂုဏ်ယူသင့်တယ်၊ ဒါပေမဲ့ မင်း သေရမယ်၊ မင်းရဲ့ ဝိညာဉ်ကို ဆွဲထုတ်ပြီး ငါ့ခြေအောက်မှာ ပိတ်လှောင်ထားမယ်၊ ဘယ်တော့မှ လွတ်မြောက်ခွင့် မရစေဘဲ ထာဝရနှိပ်စက်ပစ်မယ်"
ရွှယ်အန်းသည် မျက်ခုံးကို အနည်းငယ် ပင့်လိုက်သည်။
"အို... ဟုတ်လား၊ ခဏနေရင်လည်း မင်း အဲဒီလေသံနဲ့ ငါ့ကို ဆက်ပြောနိုင်ပါစေလို့ မျှော်လင့်ပါတယ်"
"ဟွန့်... သေရတော့မယ့် အချိန်ထိ မောက်မာနေတုန်းပဲ၊ ငရဲဘုံ သတ်ဖြတ်ခြင်း"
ဧကရီသည် ရွှယ်အန်းအပေါ် မုန်းတီးမှုများဖြင့် ပြည့်နှက်နေကြောင်း ရှင်းလင်းနေပြီး သူမ၏ ပထမဆုံး လှုပ်ရှားမှုမှာပင် ဖိနှိပ်လွှမ်းမိုးနိုင်လွန်းသော အစွမ်းထက် တိုက်ခိုက်မှုကြီးတစ်ခု ဖြစ်နေသည်။
သူမ၏ အမိန့်ပေးသံနှင့်အတူ အဆုံးအစမရှိသော အမှောင်ထုကြီးသည် လျှပ်တစ်ပြက်အတွင်း ကြောက်မက်ဖွယ် လက်နက်များအဖြစ် ပြောင်းလဲသွားပြီး ပတ်ဝန်းကျင် လောကကြီးမှာလည်း သွေးဆာနေသော လှောင်ချိုင့်ကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။
သူမ၏ ပစ်မှတ်မှာ ချွင်းချက်မရှိ ရွှယ်အန်းပင် ဖြစ်လေသည်။ ထို့ကြောင့် အဆုံးအစမရှိသော အမှောင်ပင်လယ်ကြီး၏ အရှိန်အဟုန်ပြင်းစွာ တိုက်ခိုက်မှုအောက်တွင် ရွှယ်အန်း၏ ပုံရိပ်မှာ အလွန် ဖျော့တော့နေပြီး မျက်တောင်တစ်ခတ်အတွင်း အမှောင်ထု၏ အပိုင်းပိုင်း ဆွဲဖြဲမျိုချခြင်းကို ခံရတော့မည့်အလား ထင်ရသည်။
ဤမြင်ကွင်းကို မြင်သောအခါ လူများစွာသည် မျှော်လင့်ချက် ကင်းမဲ့သွားကြပြီး ဆက်လက် မကြည့်ရက်တော့သဖြင့် သူတို့၏ ခေါင်းများကို လွှဲဖယ်လိုက်ကြလေသည်။
သူတို့အမြင်တွင် ဤအဖြူရောင်ဝတ် လူငယ်လေးသည် သူ၏ရှေ့မှ စမ်းသပ်မှုကြီးကို သေချာပေါက် အသက်ရှင် ကျော်ဖြတ်နိုင်မည် မဟုတ်ပေ။ သို့သော် ဤတိုက်ခိုက်မှုများသည် ရွှယ်အန်း၏ အနီးသို့ ရောက်ရှိလာပြီး သူ့ ဆံပင်များကိုပင် အရိုင်းဆန်စွာ လွင့်ခါသွားစေသည့် အချိန်လေးမှာပင် ရွှယ်အန်းသည် သူ၏ခေါင်းကို ဖြည်းညင်းစွာမော့လိုက်ရာ သူ့ မျက်လုံးများသည် ရေခဲတမျှ အေးစက်နေလေသည်။
"ဒီလောက် များပြားလှတဲ့ ကြမ်းတမ်းတဲ့ စွမ်းအင်တွေ၊ ပုံမှန်ဆိုရင် မင်း ဝိညာဉ်ဘယ်နှခုလောက်ကို သေတဲ့အထိ နှိပ်စက်ခဲ့ဖူးလဲ"
ဤမေးခွန်းနှင့်အတူ ရွှယ်အန်းအား တစ်လုတ်တည်း မျိုချရန် ပါးစပ်ကြီးကို ဟထားသော အမည်းရောင် ဒီရေလှိုင်းကြီးသည် ညည်းတွားသံ တစ်ချက်မျှပင် မထွက်နိုင်မီ ဘာမျှမကျန်အောင် အပိုင်းပိုင်း ကွဲကြေ ပျောက်ကွယ်သွားတော့သည်။
ဤတစ်ကြိမ်တွင် ရွှယ်အန်း သေချာပေါက် သေဆုံးသွားမည်ဟု ယုံကြည်ထားခဲ့သော ဧကရီသည် သူမ၏ ကိုယ်ပိုင် မျက်လုံးများကိုပင် မယုံနိုင်အောင် ဖြစ်သွားပြီး စူးစူးဝါးဝါး အော်ဟစ်သည်။
"မဖြစ်နိုင်ဘူး၊ ငါ့ရဲ့ တိုက်ခိုက်မှုကို နင် ဘယ်လိုလုပ် ချိုးဖျက်နိုင်တာလဲ"
သူမ စကားလုံးများ ဆုံးခန်းတိုင်ရန် အချိန်မရလိုက်မီမှာပင် ရွှယ်အန်းသည် ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီး သူမ၏ရှေ့တွင် လျှပ်တစ်ပြက် ပေါ်လာကာ အေးစက်စွာ ပြောလိုက်လေသည်။
"အခု ငါ့အလှည့်ပဲ"
ထိုသို့ပြောကာ ရွှယ်အန်းသည် လက်လှမ်းကာ သူမ၏ လက်မောင်းကို ဆုပ်ကိုင်လိုက်ပြီး အောက်ဘက်သို့ ပေါ့ပေါ့ပါးပါးပင် ဆွဲချလိုက်သည်။ သစ်ပင်တစ်ပင်မျှ တုတ်ခိုင်ပြီး ဆယ်မီတာခန့် ရှည်လျားကာ အရိုးဖြူများဖြင့် ဖွဲ့စည်းထားသော ထိုလက်မောင်းကြီးသည် ရွှယ်အန်း၏ အားပါးတရ ဆွဲဖြဲချိုးဖဲ့ခြင်းကိုခံရလေသည်။
ဧကရီသည် ကောင်းကင်ယံကိုပင် တုန်လှုပ်သွားစေမည့် နာကျင်စွာ အော်ဟစ်ငိုကြွေးသံကြီးကို ထုတ်လွှတ်လိုက်သည်။ ရွှယ်အန်းသည် အနည်းငယ်မျှပင် တုန်လှုပ်ခြင်း မရှိဘဲ လက်မောင်းကြီးအား အဝေးသို့ လွှင့်ပစ်လိုက်ရာ ၎င်းသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး မြေကြီးကိုပသ် အပိုင်းပိုင်း ကွဲကြေစေကာ နောက်ထပ် တွင်းကြီးတစ်ခုကို ဖန်တီးလိုက်သည်။
အကြောက်တရားများဖြင့် ပြည့်နှက်သွားသော ဧကရီသည် တိုက်ခိုက်လိုစိတ်များ လုံးဝ ပျောက်ဆုံးသွားခဲ့ပြီး ရွှယ်အန်းနှင့် ဝေးနိုင်သမျှ ဝေးရာသို့ ထွက်ပြေးရန်သာ ဆန္ဒရှိနေတော့သည်။ သို့သော် သူမ ထွက်ပြေးရန် တွေးလိုက်သည့် အချိန်လေးမှာပင် ရွှယ်အန်းသည် မည်သည့် အခွင့်အရေးမျှ မပေးဘဲ နောက်ထပ်လက်လှမ်းကာ အခြား လက်မောင်းတစ်ဖက်ကို ဆုပ်ကိုင်လိုက်လေသည်။
"ကဲ... ရှေ့ဆက်လာမယ့် အချိန်တွေကို ဖြည်းဖြည်းချင်း အရသာခံလိုက်ပါဦး"
ရွှယ်အန်းသည် တည်ငြိမ်စွာ ပြောပြီးနောက် ဆုပ်ကိုင်ထားသော လက်မောင်းကို ပြင်းထန်စွာ လိမ်ချိုးလိုက်သည်။
ဗြောက်အိုးများ ဖောက်လိုက်သကဲ့သို့ ဆက်တိုက် ထွက်ပေါ်လာသော အက်ကွဲသံများနှင့်အတူ ဧကရီ၏ အခြား လက်မောင်းတစ်ဖက်သည်လည်း ရွှယ်အန်း၏ လိမ်ချိုးဖြတ်တောက်ခြင်းကို ခံလိုက်ရသည်။ ပြင်းထန်လှသော နာကျင်မှုကြောင့် ဧကရီ၏ စူးစူးဝါးဝါး အော်ဟစ်သံများသည် ပို၍ပင် နားကွဲမတတ် ဖြစ်လာပြီး သူမ၏ ဧရာမ ခန္ဓာကိုယ်ကြီးသည် နာကျင်စွာ ရုန်းကန်လျက် ရှရွှယ်အန်း၏ ဆုပ်ကိုင်ထားမှုမှ လွတ်မြောက်ရန် ကြိုးစားလေသည်။
သို့သော် ရွှယ်အန်းက သူမအား မည်သည့် အခွင့်အရေးမျှ မပေးဘဲ မျက်လုံးများကို ကျဉ်းမြောင်းလိုက်ကာ ဂရုမစိုက်သည့်ဟန်ဖြင့် ပြောသည်။
"ပါးစပ်ပိတ်ထားစမ်း"
ထိုသို့ပြောပြီးနောက် ရွှယ်အန်းသည် ဧကရီ၏ မျက်နှာပေါ်သို့ လက်သီးတစ်ချက် ပစ်သွင်းလိုက်ရာ သူမ ပါးစပ်ကို ပေါက်ကွဲကြေမွသွားစေသည်။ စူးစူးဝါးဝါး အော်ဟစ်သံများ ချက်ချင်း ရပ်တန့်သွားကာ နေရာတစ်ခုလုံးသည် တိတ်ဆိတ်မှုကြီးထဲသို့ နစ်မြုပ်သွားတော့သည်။
--