← Chapters

အခန်း ၇၈၁

Vol. 53 Ch. 781

အခန်း ၇၈၁

Vol. 53 Ch. 781

အခန်း (၇၈၁) - သဘောထားကွဲလွဲမှုကြောင့် ဖြစ်ပွားသော တိုက်ပွဲ

~ထျန်းကျီဘုံ ပညာရှင်များ၏ ရတနာများကို သိမ်းဆည်းပြီးနောက် ဖုန်းဝူချန်နှင့် သူ၏အဖွဲ့သည် ရှုမီမြို့တော်မှ ထွက်ခွာကာ ရှုမီ ချောက်ကမ်းပါးသို့ ခရီးဆက်ခဲ့ကြသည်။

တိုက်ပွဲကြီး ပြီးဆုံးသွားပြီးနောက်မှသာ ရှုမီမြို့တော်ရှိ မိသားစုများမှ အဆင့်မြင့် ခေါင်းဆောင်များနှင့် ကျင့်ကြံသူများစွာသည် အပြင်သို့ ထွက်လာဝံ့ကြတော့၏။

မြို့တံခါးဝသို့ ရောက်ရှိသွားပြီး မရှုမလှ.. သေဆုံးနေကြသော ထျန်းကျီဘုံ ပညာရှင် ဆယ်ယောက်ကျော်၏ အလောင်းများကို မြင်လိုက်ရသည့်အခါ အားလုံးမှာ ထိတ်လန့်တကြား အသက်ရှူမှားသွားကြရသည်။

“သူတို့တွေ အကုန် သေကုန်ပြီပဲ... အားလုံးပဲ”

“တုန်းဖန်းမိသားစုက အကြီးအကဲ သုံးယောက်လည်း သေသွားပြီပါလား”

“ထျန်းယွင်ဇီလည်း ပါတာပဲ၊ စောစောက အော်သံက ထျန်းယွင်ဇီရဲ့ အော်သံပဲ ဖြစ်ရမယ်၊ သူလည်း သေသွားလောက်ပြီ”

ချင်မိသားစု ခေါင်းဆောင်နှင့် အခြားသူများမှာ အလွန်အမင်း ကြောက်လန့်နေကြသည်။ သူတို့၏ စိတ်ထဲတွင် ဖုန်းဝူချန်၏ ပုံရိပ်က ငရဲပြည်မှ မိစ္ဆာတစ်ကောင်ပမာ ထင်ဟပ်လာပြီး ကျောချမ်းသွားစေတော့၏။

မြောက်ဘက် ဆန်းကြယ် နယ်မြေတွင် လွှမ်းမိုးခဲ့သော အဆင့် (၇) အင်းကွက်ဆရာ ထျန်းယွင်ဇီ အသတ်ခံလိုက်ရသည့် သတင်းမှာ မြောက်ဘက် ဆန်းကြယ် နယ်မြေ တစ်ခုလုံးကို တုန်လှုပ်သွားစေရန် လုံလောက်သော သတင်းကြီးတစ်ခုပင် ဖြစ်ပါ၏။

---

ယခုအချိန်တွင် ဖုန်းဝူချန်နှင့် သူ၏အဖွဲ့သည် ရှုမီ ချောက်ကမ်းပါးသို့ ရောက်ရှိနေကြပြီ ဖြစ်သည်။

ရှုမီ ချောက်ကမ်းပါးသည် မြောက်ဘက် ဆန်းကြယ် နယ်မြေ၏ တားမြစ်နယ်မြေများထဲမှ တစ်ခုဖြစ်သော်လည်း ထိုတားမြစ်နယ်မြေသည် မြောက်ဘက် ဆန်းကြယ် နယ်မြေမှ ပါရမီရှင် လူငယ်များနှင့် အစွမ်းထက် ပညာရှင်များစွာ လေ့ကျင့်ရေးဆင်းရန်နှင့် ရတနာရှာဖွေရန် လာရောက်ရာ နေရာတစ်ခု ဖြစ်လာခဲ့သည်။

ဒါက အန္တရာယ်များသော်လည်း စမ်းသပ်မှုများ ခံယူရန် လာရောက်သူ များပြားလှသော မိစ္ဆာသားရဲ တောင်တန်းကြီးနှင့် အတော်လေး ဆင်တူပါ၏။

ရှုမီ ချောက်ကမ်းပါးတွင် ဝိညာဉ်စွမ်းအင်များ ပေါကြွယ်ဝလှသဖြင့် ကျင့်ကြံသူများစွာက ဤနေရာကို ကျင့်ကြံရန် ရွေးချယ်ခဲ့ကြသည်။

ရှုမီ ချောက်ကမ်းပါး၏ အစွန်အဖျားပိုင်းတွင်မူ ပြောပလောက်သော အန္တရာယ်မျိုး မရှိပါချေ။

ဝင်ပေါက်တွင် လူငယ် ကျင့်ကြံသူ အမျိုးသား၊ အမျိုးသမီး များစွာ စုဝေးနေကြပြီး သူတို့၏ ကျင့်ကြံခြင်း အဆင့်များမှာ ထျန်းယွမ်ဘုံမှ ထျန်းကျီဘုံအထိ အသီးသီး ရှိကြသည်။

ကျင့်ကြံသူများစွာ ရှိနေသော်လည်း သူတို့၏ အဓိက ရည်ရွယ်ချက်မှာ ကျင့်ကြံရန်နှင့် ရတနာရှာဖွေရန်သာ ဖြစ်ပါ၏။

“ရှုမီ ချောက်ကမ်းပါးမှာ လူတွေ တကယ် အများကြီးပဲနော်”

မြောင်ချင်းချင်းက အံ့ဩတကြီးဖြင့် ရေရွတ်လိုက်သည်။ ကောလာဟလအချို့ကို ကြားဖူးသော်လည်း ကိုယ်တိုင် မြင်တွေ့လိုက်ရသည့်အခါ သူမ အတော်လေး အံ့အားသင့်သွားရ၏။

“ဟုတ်တယ်... လူငယ် ကျင့်ကြံသူတွေ အများကြီးပဲ၊ ရှုမီ ချောက်ကမ်းပါးက တကယ်ပဲ အဲဒီလောက်တောင် အစွမ်းထက်တာလား၊ တားမြစ်နယ်မြေ တစ်ခုဖြစ်တာတောင်မှ လူတွေ ဒီလောက် အများကြီး လာကြတာပဲ”

လျိုချင်းယန်ကလည်း သူ၏ အံ့အားသင့်မှုကို ဖွင့်ဟလိုက်သည်။

ပိုင်မိက ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး ...

“သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်က ကျောင်းသားတွေတောင် ပါသေးတယ်” ဟု ဆိုလိုက်၏။

“သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်က ကျောင်းသားတွေ ဟုတ်လား”

ယီထျန်းချင်းနှင့် အခြားသူများ အနည်းငယ် အံ့အားသင့်သွားပြီး ပိုင်မိ ကြည့်နေသော နေရာသို့ လှမ်းကြည့်လိုက်ရာ သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်မှ ကျောင်းသားများကို အမှန်တကယ် မြင်တွေ့လိုက်ရသည်။

သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်မှ ကျောင်းသားများသည် ထူးခြားသော ဝတ်စုံများကို ဝတ်ဆင်ထားကြပြီး သူတို့၏ ကျောဘက်တွင် 'သန့်ရှင်းသော ဝိညာဉ်' ဟူသော စာလုံးများ ရိုက်နှိပ်ထားကာ ဒါက သူတို့၏ အဆင့်အတန်းကို ဖော်ပြနေရုံသာမက ပြဿနာများကို ရှောင်ရှားရန်အတွက်လည်း အထောက်အကူ ဖြစ်စေသည်။

ထိုစာလုံးများကို မြင်လိုက်သည်နှင့် အားလုံးက သူတို့ကို သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်မှ ကျောင်းသားများမှန်း သိရှိသွားကြပြီး မည်သူကများ သူတို့ကို သွားရောက် ပြဿနာရှာဝံ့ပါမည်နည်း။

ယဲ့ထျန်းဝေက ... မေးလိုက်သည်။

“သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်က ကျောင်းသားတွေတောင် ဒီမှာ လေ့ကျင့်ရေး လာဆင်းကြတာလား”

“အသက်ရှင်လျက် ဝင်သွားပြီး ရတနာတွေ ရှာဖွေချင်တဲ့သူတွေ၊ ကျင့်ကြံချင်တဲ့သူတွေ၊ ပြီးတော့ အသက်ရှင်လျက် ပြန်ထွက်လာချင်တဲ့သူတွေ... မြန်မြန်လုပ်ကြနော်၊ မဟုတ်ရင် အကြာကြီး စောင့်နေရလိမ့်မယ်”

ဝင်ပေါက်အနီးမှ တစ်စုံတစ်ယောက်က ရုတ်တရက် အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်ခြင်းပင်။

“ဒါ ဘာအဓိပ္ပာယ်လဲ၊ ဒီလောက် ကောင်းတဲ့ အစီအစဉ်မျိုး ရှိလို့လား”

ဟု လျိုချင်းယန်က ဇဝေဇဝါဖြင့် မေးလိုက်သည်။

“ဒါကို ကောင်းတဲ့ အစီအစဉ်လို့ မင်းက ထင်နေတာလား”

ဘေးနားရှိ လူတစ်ယောက်က မချိပြုံးလေး ပြုံးရင်း ပြန်ဖြေလိုက်၏။

“ညီလေး... အဲဒါက ရွှေဒင်္ဂါးပြားတွေ ပေးရတာကွ၊ သူတို့က ရှုမီ ချောက်ကမ်းပါး အကြောင်းကို ကောင်းကောင်း သိတယ်လေ၊ အဲဒီတော့ ရတနာ ရှာဖွေတဲ့နေရာမှာ လမ်းပြပေးနိုင်သလို အန္တရာယ်တွေကနေလည်း ရှောင်ရှားနိုင်အောင် ကူညီပေးနိုင်တယ်၊ ဒါပေမဲ့ တစ်လတည်းကို ရွှေဒင်္ဂါးပြား သန်း (၅၀) တောင် ပေးရတာနော်”

“ဘာ... သန်း (၅၀) တောင်လား၊ ငါ ကြားတာ မမှားဘူးမလား”

လင်းယို၏ မျက်လုံးများ ပြူးကျယ်သွားသည်။

ဖုန်းဝူချန်နှင့် အခြားသူများလည်း မှင်သက်သွားကြပြီး သူတို့ နားကြားမှားသွားသည်ဟုပင် ထင်မှတ်လိုက်ကြ၏။

“ဒါက နေ့ခင်းကြောင်တောင် ဓားပြတိုက်နေတာ မဟုတ်ဘူးလား၊ ငါ့ဆီမှာ ရွှေဒင်္ဂါးပြား သန်း (၁၀) တောင် တစ်ခါမှ မရှိဖူးဘူး”

ပေတိုယန်က မယုံကြည်နိုင်စွာဖြင့် မေးလိုက်သည်။

“ရွှေဒင်္ဂါးပြားတွေ ရှာရတာ ဒီလောက်တောင် လွယ်နေလို့လား”

ကျန်းကျွင့်လန်မှာလည်း အံ့အားသင့်နေတော့၏။

“အေးပေါ့... သန်း (၅၀) ဆိုတာ နည်းတဲ့ ပမာဏမှ မဟုတ်တာ၊ ဒါပေမဲ့ အဲဒီဈေးကို ပေးမယ့်သူတွေက အများကြီးပါကွာ၊ ဘယ်သူက အထဲမှာ အသေခံချင်မှာလဲ”

ဟု ထိုလူက ကူကယ်ရာမဲ့စွာ ဆိုလိုက်သည်။

အသက်ရှင်လျက် ဝင်သွားနိုင်ပြီး ရတနာရှာဖွေကာ ကျင့်ကြံနိုင်မည်၊ ထို့အပြင် အသက်ရှင်လျက် ပြန်ထွက်လာနိုင်မည် ဆိုပါက ချမ်းသာသော သူများအနေဖြင့် ထိုငွေကို သေချာပေါက် ပေးချင်ကြမည်သာ ဖြစ်ပါ၏။ မည်သို့ပင်ဆိုစေကာမူ အသက်က ပို၍ အရေးကြီးသည် မဟုတ်ပါလော။

သို့သော် ရွှေဒင်္ဂါးပြား သန်း (၅၀) ဆိုသည်မှာ အလွန် များပြားလှပေသည်။ ထိုငွေပမာဏကို တတ်နိုင်သူ သိပ်မရှိလှပါချေ။

ပိုင်မိက ခေါင်းခါယမ်းရင်း ...

“သူတို့က အသက်ရှင်ရက် ပြန်ထွက်လာနိုင်ဖို့ အာမခံတယ် ဟုတ်လား၊ ငါ မြင်သလောက်တော့ တကယ်လို့ ပြဿနာ တစ်ခုခုသာ ဖြစ်လာရင် ဒီလူတွေက အရင်ဆုံး ထွက်ပြေးမယ့်သူတွေပဲ” ဟု ဆိုလိုက်သည်။

ရှုမီ ချောက်ကမ်းပါးမှာ တားမြစ်နယ်မြေများထဲမှ တစ်ခုအဖြစ် လူသိများပြီး အလွန်တရာ အန္တရာယ်များသော နေရာတစ်ခု ဖြစ်လေရာ မည်သူကများ လုံးဝ အန္တရာယ်ကင်းမည်ဟု အာမခံနိုင်ပါမည်နည်း။

“ညီလေးတို့... ကြည့်ရတာ ဒီကို ပထမဆုံးအကြိမ် ရောက်လာတာ ထင်တယ်၊ လမ်းပြပေးမယ့်သူ လိုသလား၊ ရွှေဒင်္ဂါးပြား သန်း (၅၀) တည်းပါ”

ဖုန်းဝူချန်တို့၏ မျက်နှာစိမ်းများကို မြင်လိုက်သည်နှင့် လမ်းပြတစ်ဦးက အပြေးအလွှား ရောက်လာပြီး တက်ကြွစွာ မေးမြန်းလိုက်သည်။

လျိုချင်းယန်က တိုက်ရိုက်ပင် ငြင်းပယ်လိုက်၏။

“ရွှေဒင်္ဂါးပြား သန်း (၅၀) က ဈေးများလွန်းတယ်၊ မလိုပါဘူး၊ ကျေးဇူးပဲ”

“ညီလေးတို့... ကျုပ်လည်း မင်းတို့ကို အသက်ရှင်လျက် ထွက်လာနိုင်အောင် ကူညီပေးနိုင်တယ်နော်၊ ကျုပ်က သန်း (၄၀) ပဲ ယူမယ်... ဘယ်လိုလဲ၊ အထဲမှာ ရတနာတွေ အများကြီး ရှိတယ်ဗျ”

အခြား တစ်ယောက်ကလည်း အပြေးအလွှား ရောက်လာပြီး ဖောက်သည် လုလေတော့သည်။

“ခွေးသား... မင်းက ငါ့ဖောက်သည်ကို လာလုရဲတယ်ပေါ့လေ၊ မင်းက အသက်ရှင်ရတာ ငြီးငွေ့နေပြီလား”

ပထမလူမှာ ဒေါသထွက်သွားပြီး နောက်တစ်ယောက်ကို ဟိန်းဟောက်လိုက်သည်။

“ငါက သန်း (၄၀) တောင်းတာ ဘာမှားနေလို့လဲ၊ မင်းက အဲဒီလောက် ဈေးကြီးကြီး တောင်းနေမှတော့ ဘယ်သူက မင်းနောက် လိုက်မှာလဲ”

ဟု နောက်တစ်ယောက်ကလည်း အလျော့မပေးဘဲ ဒေါသတကြီး ပြန်လည် ချေပလိုက်၏။

“မင်း...”

ပထမလူမှာ ဒေါသကြောင့် ပျာယာခတ်သွားပြီးနောက် ...

“ကောင်းပြီလေ... ညီလေးတို့၊ ကျုပ်က သန်း (၃၅) ပဲ ယူမယ်ဗျာ၊ မင်းတို့ ရတနာတွေ ရပြီး အသက်ရှင်လျက် ပြန်ထွက်လာနိုင်ဖို့ အာမခံတယ်” ဟု ဆိုလိုက်၏။

“ညီလေးတို့... မင်းတို့က ပထမဆုံးအကြိမ် ရောက်လာတာဆိုတော့ ကျုပ်က သန်း (၃၀) ပဲ ယူပါ့မယ်၊ ဘယ်လိုလဲ”

နောက်တစ်ယောက်က ထပ်မံ၍ ဈေးချလိုက်ပြန်သည်။

“ဒါကတော့ လွန်လွန်းပြီ... မင်း သေတွင်းတူးနေတာပဲ”

သန်း (၅၀) ဖြင့် စတင်တောင်းခဲ့သောလူမှာ ဒေါသများ ပေါက်ကွဲထွက်လာပြီး ဆက်လက် သည်းမခံနိုင်တော့ဘဲ တုံ့ဆိုင်းခြင်းမရှိ လက်သီးဖြင့် ထိုးနှက်လိုက်လေတော့သည်။

“ငါက မင်းကို ကြောက်နေမယ် ထင်နေလား”

နောက်တစ်ယောက်ကလည်း အလျော့မပေးဘဲ ပြန်လည် ဟိန်းဟောက်လိုက်သည်။

သူတို့နှစ်ဦးမှာ တစ်ယောက်နှင့်တစ်ယောက် မကျေမလည် ဖြစ်ကာ တိုက်ပွဲ စတင်တော့ရာ ဖုန်းဝူချန်နှင့် သူ၏ အပေါင်းအပါများမှာ နေရာမှာတင် မှင်သက်သွားကြရသည်။

“သူတို့က အမြဲတမ်း ဒီလောက် ဒေါသကြီးနေတာလား”

လေ့ထျန်းကျွယ်က သူတို့နှစ်ဦး၏ တိုက်ပွဲ ကြီးထွားလာသည်ကို ကြည့်ရင်း အံ့ဩတကြီးဖြင့် ရယ်ကာ ပြောလိုက်သည်။

“ဒီရွှေဒင်္ဂါးပြားတွေက ရှာရတာ မလွယ်ဘူး ထင်တယ်၊ ရွှေဒင်္ဂါးပြား မရခင်မှာ အရင်ဆုံး အသက်ပေးရမယ့်ပုံပဲ၊ တကယ့် အရည်အချင်း မရှိရင် ဒီအလုပ်ကို လုပ်လို့ မရဘူးဗျ”

လျိုချင်းယန်က ကူကယ်ရာမဲ့စွာ ခေါင်းခါယမ်းရင်း ဆိုလိုက်သည်။

လမ်းပြနှစ်ဦး တိုက်ခိုက်နေသည်ကို ကြည့်ရင်း အားလုံးက ခေါင်းခါယမ်းလိုက်ကြသည်။ ဤကဲ့သို့သော မြင်ကွင်းမျိုးကို သူတို့ ကျင့်သားရနေပုံရပါ၏။

“ဟီးဟီး... ညီလေးတို့၊ သူတို့ကို တိုက်ခိုင်းထားလိုက်၊ မင်းတို့ကို သန်း (၂၀) နဲ့ ခေါ်သွားပေးမယ်၊ ဘယ်လိုလဲ၊ ဒါက အများကြီး လျှော့ပေးထားတာနော်”

ထိုနှစ်ဦး တိုက်ခိုက်နေစဉ် အခြား တစ်ယောက်က ချဉ်းကပ်လာပြီး မေးလိုက်ပြန်သည်။

“မလိုပါဘူးဗျာ၊ ကျွန်တော်တို့ဘာသာ သွားလို့ ရပါတယ်”

ဖုန်းဝူချန်က ယဉ်ကျေးစွာပင် ငြင်းပယ်လိုက်သည်။

“ညီလေးတို့... ကျုပ်တို့နဲ့ လိုက်ခဲ့ပါလား၊ ကျုပ်က ရှုမီ ချောက်ကမ်းပါး အကြောင်း ကောင်းကောင်း သိတယ်ဗျ၊ ကျုပ်က ဆေးဖက်ဝင် အပင်တချို့ ရှာဖို့ လိုနေတာ၊ မင်းတို့ရဲ့ မျက်နှာစိမ်းတွေကို ကြည့်ရတာ ဒီကို ပထမဆုံးအကြိမ် လာတာ ဖြစ်ရမယ်”

ဖုန်းဝူချန် ငြင်းပယ်နေစဉ်မှာပင် အမျိုးသား နှစ်ဦး၊ အမျိုးသမီး နှစ်ဦး ပါဝင်သော အုပ်စုတစ်စု ချဉ်းကပ်လာပြီး သူတို့ထဲမှ တစ်ဦးက ပြောလိုက်သည်။

“ဟုတ်တယ်ဗျ... ကျွန်တော်တို့ ဒီကို ပထမဆုံးအကြိမ် လာတာပါ၊ ခင်ဗျားတို့က ဘယ်သူတွေလဲ”

ဖုန်းဝူချန်က ထိုလေးဦးကို စပ်စုချင်စိတ်ဖြင့် ကြည့်ကာ မေးလိုက်သည်။

ထိုလေးဦးစလုံးမှာ အစွမ်းထက်သော ကျင့်ကြံသူများ ဖြစ်ကြပြီး အမျိုးသား နှစ်ဦးမှာ ထျန်းကျီဘုံသို့ ရောက်ရှိနေကြကာ အမျိုးသမီး နှစ်ဦးမှာမူ ကောင်းကင်ဘုံလူသားဘုံ အဆင့် (၉) တွင် ရှိကြသည်။

“ကျုပ်နာမည်က လုထျန်းချန်ပါ”

အရပ်ရှည်ရှည်နှင့် ထွားကျိုင်းသော အမျိုးသားက ရိုးသားသော အပြုံးဖြင့် မိတ်ဆက်လိုက်သည်။ သူသည် ကူညီလိုစိတ် ရှိပုံရပါ၏။

“ယွင်ယွင်”

“ချန်းချန်း”

“ထန်ယွင်ရှန်”

အခြား အမျိုးသမီး နှစ်ဦးနှင့် အမျိုးသား တစ်ဦးကလည်း အသီးသီး မိတ်ဆက်လိုက်ကြသည်။

“ကျွန်တော့်နာမည်က ဖုန်းဝူချန်ပါ၊ သူတို့ကတော့ ကျွန်တော့် သူငယ်ချင်းတွေလေ”

ဖုန်းဝူချန်က ယဉ်ကျေးစွာ ပြုံးလျက် ပြန်လည် မိတ်ဆက်လိုက်သည်။ ထိုလေးဦးမှာ ကူညီလိုစိတ် သက်သက်သာ ရှိပြီး မည်သည့် ရန်လိုစိတ်မျှ မရှိကြောင်း မြင်တွေ့ရသဖြင့် သူ အနည်းငယ် စိတ်အေးသွားရ၏။

“ဒါဆို ညီလေးဖုန်းပေါ့၊ အခုပဲ အထဲကို ဝင်သွားကြရအောင်၊ အခုအချိန်က ယင်ဝိညာဉ် မြက်ပင်ရဲ့ သေစေလောက်တဲ့ အဆိပ်ကို ရှောင်ရှားဖို့ အကောင်းဆုံး အချိန်ပဲဗျ”

လုထျန်းချန်က ခင်မင်ရင်းနှီးသော အပြုံးဖြင့် ယဉ်ကျေးစွာ ပြောလိုက်သည်။

ဖုန်းဝူချန်နှင့် သူ၏အဖွဲ့သည် လုထျန်းချန်တို့ အုပ်စုနှင့် ပူးပေါင်းလိုက်ကြ၏။ ပတ်ဝန်းကျင်ကို ရင်းနှီးကျွမ်းဝင်သော သူတစ်ဦး လမ်းပြအဖြစ် ပါဝင်လာခြင်းက သူတို့အတွက် အချိန်ကုန်သက်သာစေပြီး အန္တရာယ်များကို ရှောင်ရှားနိုင်ရန် များစွာ အထောက်အကူ ဖြစ်စေလေတော့သာ်။

wunzinnosp

All Chapters