← Chapters

အခန်း ၇၈၆

Vol. 53 Ch. 786

အခန်း ၇၈၆

Vol. 53 Ch. 786

အခန်း (၇၈၆) - အခြေအနေများ ပြောင်းပြန်လှန်ပစ်ခြင်း

~“အစ်ကိုကြီးလု... ဘာတွေဖြစ်ခဲ့တာလဲ”

ကြောက်လန့်တကြားဖြစ်နေသော ကျိုးရီအား တစ်ချက်ကြည့်ကာ ဖုန်းဝူချန်သည် သူ့ကို သွေးမိစ္ဆာ ကြေးစားအဖွဲ့ဝင် တစ်ဦးအဖြစ် မှတ်မိသွားသော်လည်း မည်သို့မည်ပုံ ဖြစ်ပျက်ခဲ့ကြောင်းကိုမူ လုံးဝ မသိရှိပါချေ။ သူသည် မေးမြန်းနေရင်း လုထျန်းချန်နှင့် ထန်ယွင်ရှန်တို့အတွက် ရုံရွှယ် တာဟွမ် ဆေးလုံးတစ်လုံးစီကို ထုတ်ပေးလိုက်သည်။

လုထျန်းချန်က စကားပြောရန် ပြင်လိုက်စဉ်မှာပင် သူ၏ မျက်နှာထားမှာ သိသိသာသာ ပြောင်းလဲသွားပြီး အံ့အားသင့်စွာဖြင့် .. အော်ဟစ်လိုက်၏။

“အရမ်း အစွမ်းထက်တဲ့ ကုသရေး ဆေးလုံးပါလား... ဒါက အဆင့် (၇) ဆေးလုံးပဲ၊ မဟုတ်ဘူး... အဆင့် (၇) ဆေးလုံးတောင် ဒီလောက် အစွမ်းထက်တဲ့ ကုသရေး စွမ်းအင်တွေ မရှိနိုင်ဘူး၊ ဒါ ဘယ်လို ဆေးလုံးမျိုးလဲ”

ဆေးလုံးကို မျိုချလိုက်သည်နှင့် တစ်ပြိုင်နက် လုထျန်းချန်သည် သူ၏ ပြင်းထန်သော ဒဏ်ရာများမှာ အံ့ဩစရာ အမြန်နှုန်းဖြင့် ပြန်လည် ကောင်းမွန်လာနေကြောင်း အံ့ဩဖွယ်ရာ တွေ့ရှိလိုက်ရသည်။

ထန်ယွင်ရှန်မှာလည်း အလွန်အမင်း အံ့အားသင့်သွားပြီး ကုသရေး ဆေးလုံး၏ ကြောက်မက်ဖွယ် အာနိသင်က သူတို့ကို လုံးဝ မှင်သက်သွားစေတော့၏။

“ကျွန်တော် ဒီနားက ဖြတ်သွားရင်း အမှတ်မထင် တွေ့လိုက်တာပါ... ဘာတွေဖြစ်နေလဲဆိုတာ ကျွန်တော်လည်း မသိဘူးဗျ”

ပေတိုထျန်းယဲ့က ခေါင်းခါယမ်းလိုက်ပြီး သူ၏ အကြည့်များက လုထျန်းချန်ထံသို့ ရောက်ရှိသွားသည်။

လုထျန်းချန်က သတိပြန်ဝင်လာပြီးနောက် ဆက်လက်၍ ... ရှင်းပြလိုက်သည်။

“သွေးမိစ္ဆာ ကြေးစားအဖွဲ့က ကျုပ်တို့ရဲ့ မြင့်မြတ်သော လင်းယုန် ကြေးစားအဖွဲ့နဲ့ ရန်ငြိုးနည်းနည်း ရှိတယ်လေ၊ ကျုပ်တို့ ခေါင်းဆောင်က ပြင်းပြင်းထန်ထန် ဒဏ်ရာရနေတော့ သူတို့က ကျုပ်တို့ အဖွဲ့ကို ဝါးမြိုဖို့ အခွင့်အရေး ယူလိုက်တာပဲ”

“အော်... အဲ့လိုလား”

ဖုန်းဝူချန်က ခေါင်းညိတ်လိုက်ပြီးနောက် ...

“ဒါနဲ့ ယွင်ယွင်နဲ့ ချန်းချန်းတို့ရော ဘယ်မှာလဲ”

“သူတို့ကို သွေးမိစ္ဆာ ကြေးစားအဖွဲ့က လူတွေ ဖမ်းသွားကြပြီ”

ထန်ယွင်ရှန်က အလျင်အမြန်ပင် ...

ဆက်ပြောလိုက်သည်။

“အစ်ကိုဖုန်း... ကျေးဇူးပြုပြီး သူတို့ကို မြန်မြန် သွားကယ်ပေးပါဦး၊ နောက်ကျသွားရင် မီတော့မှာ မဟုတ်ဘူး၊ သွေးမိစ္ဆာ ကြေးစားအဖွဲ့က လူတိုင်းဟာ တိရစ္ဆာန်တွေချည်းပဲ”

ထိုစကားကို ကြားသောအခါ ဖုန်းဝူချန်က မဲ့ပြုံးလေး ပြုံးလိုက်ပြီး ...

“စိတ်မပူပါနဲ့၊ သူတို့က ကျွန်တော်တို့ လက်ထဲမှာ ရှိနေသေးတယ် မဟုတ်လား” ဟု ဆိုလိုက်သည်။

“ကျိုးရီ... ပြေး”

ချိုးယွမ်ရှန်က ဖုန်းဝူချန်ကို ကြောက်လန့်တကြား ကြည့်နေရင်း ဖုန်းဝူချန်၏ စကားကို ကြားလိုက်ရသောအခါ ချက်ချင်းပင် ထိတ်လန့်စွာ အော်ဟစ်လိုက်၏။

ချိုးယွမ်ရှန်သည် ဖုန်းဝူချန်၏ စွမ်းအား မည်မျှ ကြောက်စရာကောင်းကြောင်း အတိအကျ မသိသော်လည်း သူ့အား လက်ဝါးတစ်ချက်တည်းဖြင့် ပြင်းထန်စွာ ဒဏ်ရာရစေနိုင်ခြင်းက ထိုလူငယ်၏ စွမ်းအားမှာ သူ့ထက် သာလွန်နေကြောင်း သံသယဖြစ်ဖွယ် မရှိပါချေ။

သို့သော် သူတို့သည် ဖုန်းဝူချန်၏ ရှေ့မှောက်မှ ထွက်ပြေးနိုင်ပါမည်လော။

အဖြေကတော့ လုံးဝ မဖြစ်နိုင်ဘူး ဆိုတာပါပဲ။

ပြင်းထန်စွာ ဒဏ်ရာရထားသော ချိုးယွမ်ရှန်မှာ ကြောက်လန့်တကြား ပျံသန်းထွက်ပြေးသွားပြီး ကျိုးရီမှာလည်း သူ၏ ကိုယ်ဖော့ပညာကို အသုံးပြုကာ ကမန်းကတန်း ထွက်ပြေးလေတော့သည်။

“ဝှစ်”

ဖုန်းဝူချန်၏ ကိုယ်ဟန်မှာ လျှပ်တစ်ပြက်အတွင်း ကျိုးရီ၏ ရှေ့သို့ ရောက်ရှိသွားပြီး ပိတ်ဆို့လိုက်၏။ ရုတ်တရက် ပေါ်လာသော ဖုန်းဝူချန်ကြောင့် ကျိုးရီမှာ အလွန်အမင်း ထိတ်လန့်သွားပြီး ဟန်ချက်ပျက်ကာ ပြုတ်ကျလုမတတ် ဖြစ်သွားရသည်။

“မင်းက ပြေးလို့ လွတ်မယ် ထင်နေတာလား”

ဖုန်းဝူချန်က အေးစက်စွာ မေးလိုက်သည်။

“ကျေးဇူးပြုပြီး... ကျွန်တော့်ကို မသတ်ပါနဲ့...”

ကျိုးရီမှာ ကြောက်လန့်တကြား နောက်သို့ ဆုတ်သွားပြီး တစ်ကိုယ်လုံး တုန်ရီနေသည်။ သူ၏ မျက်နှာမှာ စက္ကူတစ်ရွက်ပမာ ဖြူဖျော့နေပြီး ဖုန်းဝူချန်ကို မိစ္ဆာတစ်ကောင်အား မြင်တွေ့လိုက်ရသည့်အလား ကြည့်နေမိတော့၏။

“ဝုန်း”

ဖုန်းဝူချန်က မည်သည့်စကားမျှ မဆိုဘဲ မည်သည့် သနားညှာတာမှုမျှ မရှိသော လက်ဝါးတစ်ချက်ဖြင့် ရိုက်ချလိုက်သည်။ မိုးချုန်းသံကဲ့သို့ ပေါက်ကွဲသံနှင့်အတူ အားပြင်းသည့် စွမ်းအားက ကျိုးရီအား မျက်တောင်တစ်ခတ်အတွင်း သွေးမြူများအဖြစ်သို့ ပြောင်းလဲသွားစေတော့၏။

ထျန်းကျီဘုံ အဆင့် (၂) ပညာရှင် တစ်ဦးမှာ ချက်ချင်း အသက်ပျောက်သွားခဲ့၏။

“ကျိုးရီ... သေသွားပြီလား...”

လုထျန်းချန်နှင့် ထန်ယွင်ရှန်တို့မှာ ဖုန်းဝူချန်၏ အားပြင်းသည့် စွမ်းအားကြောင့် နောက်တစ်ဖန် အံ့အားသင့်သွားကြပြီး နှစ်ယောက်စလုံး မှင်သက်နေကြတော့သည်။

ထွက်ပြေးရန် ကြိုးစားနေသော ချိုးယွမ်ရှန်မှာ ပို၍ပင် ထိတ်လန့်သွားပြီး အသက်လုကာ ပြေးနေတော့၏။

“ဝှစ်”

ဖုန်းဝူချန်၏ ကိုယ်ဟန် နောက်တစ်ကြိမ် ပျောက်ကွယ်သွားပြီး ထွက်ပြေးနေသော ချိုးယွမ်ရှန်၏ ရှေ့သို့ မျက်တောင်တစ်ခတ်အတွင်း ရောက်ရှိသွားပြန်သည်။

လျှို့ဝှက်ဆန်းကြယ်စွာ ပေါ်ထွက်လာသော ဖုန်းဝူချန်ကြောင့် ချိုးယွမ်ရှန်မှာ ရုတ်တရက် ရပ်တန့်သွားပြီး အသက်ချမ်းသာပေးရန် တောင်းပန်တော့၏။

“ညီလေး... ကျေးဇူးပြုပြီး ငါ့ကို မသတ်ပါနဲ့၊ မသတ်ပါနဲ့... မင်း ဘာလိုချင်လဲ၊ သွေးမိစ္ဆာ ကြေးစားအဖွဲ့က အကုန်ပေးပါ့မယ်”

ထိုစကားကို ကြားသောအခါ ဖုန်းဝူချန်က အေးစက်စွာ ...ဆိုလိုက်သည်။

“မင်းရဲ့ အသက်ကို လောလောဆယ် ချမ်းသာပေးထားမယ်၊ ဒါပေမဲ့ ယွင်ယွင်နဲ့ ချန်းချန်း တစ်ခုခု ဖြစ်လို့ကတော့ မင်းကို သတ်ရုံတင်မကဘူး၊ မင်းတို့ရဲ့ သွေးမိစ္ဆာ ကြေးစားအဖွဲ့ တစ်ခုလုံးကိုပါ အမြစ်ပြတ် သုတ်သင်ပစ်မယ်”

“ဟုတ်ကဲ့ပါ... ဟုတ်ကဲ့ပါ... စိတ်ချပါ၊ သူတို့ လုံးဝ အဆင်ပြေမှာပါ”

ချိုးယွမ်ရှန်က ကြောက်လန့်တကြား အလျင်အမြန် ခေါင်းညိတ်လိုက်၏။

ဤအခိုက်အတန့်တွင် သူက မည်သို့ ငြင်းဆန်ဝံ့ပါမည်နည်း။

ဖုန်းဝူချန်က အေးစက်စွာဖြင့် ... ဆက်ပြောလိုက်သည်။

“သူတို့ အဆင်ပြေမပြေ ဆိုတာက မင်း ပြဿနာ မရှာချင်ဘူးလား ဆိုတဲ့အပေါ်မှာ မူတည်တယ်”

“ဝုန်း”

စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် ဖုန်းဝူချန်က လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ဧရာမ ချီစွမ်းအားလှိုင်းကြီး တစ်ခုက ချိုးယွမ်ရှန်အား မျက်တောင်တစ်ခတ်အတွင်း နောက်သို့ လွင့်စင်သွားစေပြီး သစ်ပင်ကြီး တစ်ပင်နှင့် အပြင်းအထန် ဝင်ဆောင့်သွားကာ သွေးများပင် ထပ်မံ အန်ထွက်လာလုမတတ် ဖြစ်သွားရသည်။

“ချိုးယွမ်ရှန်... မင်း ဒီလိုနေ့မျိုး ရောက်လာမယ်လို့ တွေးဖူးရဲ့လား”

လုထျန်းချန်က ချိုးယွမ်ရှန်ကို ရက်စက်စွာ စိုက်ကြည့်ရင်း စောစောက စကားများကို တစ်လုံးမကျန် ပြန်လည် ပေးအပ်လိုက်၏။

“...”

ချိုးယွမ်ရှန်မှာ အလွန်အမင်း ကြောက်လန့်နေပြီး မည်သည့်အချိန်တွင်မဆို အသက်ဆုံးရှုံးသွားနိုင်သဖြင့် စကားတစ်ခွန်းမျှပင် မဟရဲတော့ပါချေ။

ဖုန်းဝူချန်သည် သူ့အား လက်ဝါးတစ်ချက်တည်းဖြင့် ပြင်းထန်စွာ ဒဏ်ရာရစေနိုင်လောက်အောင် ကြောက်စရာကောင်းသော ပြိုင်ဘက်တစ်ဦး ဖြစ်လိမ့်မည်ဟု ချိုးယွမ်ရှန် တစ်ခါမှ မတွေးမိခဲ့ပါချေ။

လုထျန်းချန်နှင့် ထန်ယွင်ရှန်တို့လည်း ဖုန်းဝူချန်သည် သူ၏ အသက်အရွယ်နှင့် လုံးဝ မလိုက်ဖက်သော ဤမျှ ကြောက်စရာကောင်းသည့် ခွန်အားများကို ပိုင်ဆိုင်ထားလိမ့်မည်ဟု တစ်ခါမှ မထင်မှတ်ထားခဲ့ကြပါချေ။ အကယ်၍သာ ထိုသို့ မဟုတ်ခဲ့ပါက သူတို့သည် ချိုးယွမ်ရှန်၏ လက်ချက်ဖြင့် သေဆုံးသွားရမည်ဖြစ်ပြီး မြင့်မြတ်သော လင်းယုန် ကြေးစားအဖွဲ့မှာလည်း ပျက်စီးသွားရမည် ဖြစ်သည်။

“သွေးမိစ္ဆာ ကြေးစားအဖွဲ့က ဘယ်မှာလဲ”

ဟု ဖုန်းဝူချန်က အေးစက်စွာ မေးလိုက်၏။

“သူတို့က ကောင်းကင်ဝံပုလွေ တောင်တန်းမှာပါ”

ချိုးယွမ်ရှန်က ကြောက်လန့်တကြား ပြန်ဖြေလိုက်သည်။

“နန်းတော်သခင်”

ဖုန်းဝူချန်သည် ကောင်းကင်ဝံပုလွေ တောင်တန်းသို့ သွားရန် ပြင်နေသည်ကို မြင်သောအခါ ပေတိုထျန်းယဲ့က အလျင်အမြန်ပင် ...ပြောလိုက်သည်။

“နန်းတော်သခင်... ကျွန်တော်တို့ ကောင်းကင်ဝံပုလွေ တောင်တန်းကို သွားဖို့ ခဏ ဆိုင်းထားရလိမ့်မယ် ထင်တယ်၊ ကျွန်တော်တို့ဘက်မှာ ပြဿနာ နည်းနည်း ရှိနေတယ်ဗျ”

“ဘာဖြစ်လို့လဲ”

ဖုန်းဝူချန်က ပြဿနာ တစ်ခုခု ရှိနေကြောင်း ရိပ်မိသွားသဖြင့် မေးလိုက်၏။

ပေတိုထျန်းယဲ့က အနည်းငယ် စိုးရိမ်သော လေသံဖြင့် ...

ရှင်းပြလိုက်သည်။

“ကျွန်တော်တို့က အစ်ကိုလု ပေးလိုက်တဲ့ မြေပုံပေါ်က ကျင့်ကြံဖို့ နေရာတစ်ခုဖြစ်တဲ့ တောင်ကြားလေးကို သွားရှာတာလေ... ကျင့်ကြံဖို့ စလုပ်မလို့ ရှိသေးတယ် သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်က ကျောင်းသားတွေနဲ့ သွားဆုံတာပဲ၊ ကျင့်ကြံဖို့ နေရာကို လုရင်းနဲ့ သူတို့နဲ့ တိုက်ပွဲဖြစ်တာပေါ့... အစ်ကိုယဲ့က သူတို့ကို မောင်းထုတ်လိုက်နိုင်ပေမဲ့ သူတို့ကို ပြစ်မှားမိသလို ဖြစ်သွားတယ်လေ၊ အစ်ကိုယဲ့က ပြဿနာတွေ ကြီးလာမှာ စိုးရိမ်လို့ ကျွန်တော့်ကို နန်းတော်သခင်ဆီ သွားရှာခိုင်းတာပါ”

“သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်က ကျောင်းသားတွေ ဟုတ်လား”

ဖုန်းဝူချန်၏ မျက်ခုံးများ အနည်းငယ် တွန့်ချိုးသွား၏။

“သူတို့က အရမ်း မောက်မာပြီး အကြောင်းပြချက် မရှိဘူးဗျာ... အဲဒီနေရာကို အရင်ဆုံး တွေ့တာ ကျွန်တော်တို့ပါ၊ ဒါပေမဲ့ သူတို့က အတင်းအဓမ္မ လုယူချင်နေတာလေ၊ သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်ရဲ့ နာမည်ကိုသာ မထောက်ရင် အစ်ကိုယဲ့က သူတို့ အကုန်လုံးကို သတ်ပစ်လောက်ပြီ”

ဟု ပေတိုထျန်းယဲ့က အံကြိတ်ကာ ဒေါသတကြီးဖြင့် ဆက်ပြောလိုက်သည်။

သူက ပြောလေလေ ပို၍ ဒေါသထွက်လာလေ ဖြစ်နေပုံ ရ၏။

ဖုန်းဝူချန်က မျက်မှောင်ကြုတ်လိုက်ပြီး ...

“ဒီကျောင်းသားတွေက သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်ကို အားကိုးပြီး တကယ့်ကို မောက်မာလွန်းတာပဲ၊ ကိုယ့်ကိုယ်ကိုယ် အရမ်း အထင်ကြီးနေကြတာ... သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်က သင်ပေးလိုက်တဲ့ ကျောင်းသားတိုင်းက ဒီလိုချည်းပဲလား”

“ရှုမီ ချောက်ကမ်းပါးမှာတော့ ဘယ်သူမှ သူတို့ကို သွားမရှုပ်ရဲကြဘူး”

ဟု လုထျန်းချန်က မျက်မှောင်ကြုတ်လျက် ဝင်ပြောလိုက်သည်။

“ဘာဖြစ်လို့လဲ”

ဖုန်းဝူချန်က မေးလိုက်၏။

“သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်က ကျောင်းသား အများစုဟာ မြောက်ဘက် ဆန်းကြယ် နယ်မြေက အင်အားကြီး အဖွဲ့အစည်းတွေဆီကနေ လာတဲ့ ပါရမီရှင်တွေလေ... သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်ကို ဖယ်ထားလိုက်ရင်တောင် သူတို့ရဲ့ နောက်ကွယ်က အင်အားစုတွေက ကြောက်စရာကောင်းနေပြီ၊ ပြီးတော့ သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်ရဲ့ ဆရာ ရှင်းယီကလည်း သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်က ကျောင်းသားတွေကို အနိုင်ကျင့်တဲ့သူတိုင်းဟာ ကျောင်းတော်ကို စစ်ကြေညာတာနဲ့ အတူတူပဲလို့ ပြောထားသေးတယ်”

လုထျန်းချန်က ရှင်းပြလိုက်သည်။

မြောက်ဘက် ဆန်းကြယ် နယ်မြေရှိ အင်အားကြီး အဖွဲ့အစည်း အားလုံးသည် သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်နှင့် ရှုပ်ထွေးသော ဆက်ဆံရေးများ ရှိကြသည်။ ဒါက အလွန်တရာ ကြီးမားကျယ်ပြန့်သော ကွန်ရက်တစ်ခု ဖြစ်ပြီး တကယ့် ဧရာမ အဖွဲ့အစည်းကြီး တစ်ခုလည်း ဖြစ်ပါ၏။

“အဲဒီလို လုပ်လိုက်တာက ရှင်းယီက ဒီပါရမီရှင် ကျောင်းသားတွေကို အလိုလိုက် အကြိုက်ဆောင်လွန်းနေတာပဲ... သူတို့က ဒီလောက် မောက်မာပြီး ကိုယ်ကျိုးရှာတာ မဆန်းပါဘူး”

ဖုန်းဝူချန်က မှတ်ချက်ချလိုက်သည်။

ထိုအချိန်တွင် ဖုန်းဝူချန်သည် သူ၏ လက်ညှိုးတွင် စွမ်းအားတစ်ခုကို စုစည်းလိုက်ပြီး ချိုးယွမ်ရှန်၏ နဖူးကို အသာအယာ ထိလိုက်သည်။

“သနားပါဗျာ... ကျေးဇူးပြုပြီး...”

ချိုးယွမ်ရှန်မှာ ကြောက်လန့်တကြား တောင်းပန်ရင်း ချက်ချင်းပင် ဒူးထောက်ကျသွားသည်။

“အစ်ကိုကြီးလု... ခင်ဗျားတို့ ဒီမှာပဲ ဆက်ပြီး ကုသနေကြပါ၊ သူက အစောင့်အဖြစ် ကူညီပေးဖို့ နေခဲ့လိမ့်မယ်၊ သူ ထွက်ပြေးလို့ မရပါဘူး... သူ ပြန်မလာမချင်း သွေးမိစ္ဆာ ကြေးစားအဖွဲ့ကလည်း ယွင်ယွင်နဲ့ ချန်းချန်းကို ဘာမှ မလုပ်ရဲပါဘူး”

ဖုန်းဝူချန်က တည်ငြိမ်စွာ နှစ်သိမ့်လိုက်၏။

“အစ်ကိုဖုန်း... ကျေးဇူးပြုပြီး အရမ်း သတိထားပါနော်”

လုထျန်းချန်က သတိပေးလိုက်သည်။

ဖုန်းဝူချန်သည် မြောင်ချင်းချင်းနှင့် လန်ယွဲ့ထံသို့ အသံလွှင့်ကာ သတင်းပေးပို့လိုက်ပြီးနောက် ပေတိုထျန်းယဲ့နှင့်အတူ ထွက်ခွာသွား

လေတော့၏။

ထိုအခါမှ၊ ထန်ယွင်ရှန်က တွေးတောကာ မေးလိုက်သည်။

“ဒုတိယ ခေါင်းဆောင်... အစ်ကိုဖုန်းက ဘယ်သူများလဲဗျာ၊ အစ်ကိုပေတိုက သူ့ကို ခေါ်တဲ့ပုံကို ကြည့်ရတာ သူက အင်အားစု တစ်ခုခုရဲ့ ခေါင်းဆောင် ဖြစ်ရမယ်”

“သူက ဝူကျိ နယ်မြေက အင်အားကြီး အဖွဲ့အစည်း တစ်ခုခုဆီက ဖြစ်ရမယ်”

လုထျန်းချန်က မှန်းဆလျက် ... ဖြေလိုက်လေတော့၏။

wunzinnosp

All Chapters