← Chapters

အခန်း ၇၉၀

Vol. 53 Ch. 790

အခန်း ၇၉၀

Vol. 53 Ch. 790

အခန်း (၇၉၀) - ယုတ်မာပြီး ရက်စက်ကြမ်းကြုတ်သော

~သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်မှ ကျောင်းသားများနှင့် ပတ်သက်သော ကိစ္စကို ဖြေရှင်းပြီးနောက် ဖုန်းဝူချန်သည် ပြင်းထန်စွာ ဒဏ်ရာရထားသော ချိုးယွမ်ရှန်အား ခေါ်ဆောင်ကာ သွေးမိစ္ဆာ ကြေးစားအဖွဲ့ဆီသို့ ဦးတည်သွားသည်။

လုထျန်းချန်နှင့် ထန်ယွင်ရှန်တို့သည် ကုသရေး ဆေးလုံးများကို သောက်သုံးပြီးနောက် သူတို့၏ ဒဏ်ရာများမှာ အများကြီး သက်သာလာပြီဖြစ်ရာ အတူတူ လိုက်ပါလာကြသည်။

သူတို့အပြင် ဖုန်းဝူချန်တို့အဖွဲ့၏ အနောက်တွင် ကျင့်ကြံသူ တစ်အုပ်ကြီးလည်း လိုက်ပါလာကြသည်။

သူတို့၏ အဖွဲ့အစည်းကြီးမှာ အလွန်တရာ ကြီးမားလှပြီး ဤလူများမှာ ရှုမီ ချောက်ကမ်းပါးတွင် ကျင့်ကြံရန်နှင့် ရတနာရှာဖွေရန် ရောက်ရှိနေကြသူများ ဖြစ်သော်လည်း ယခုအခါ ပွဲကြည့်ရန်အတွက်သာ နောက်ကနေ တကောက်ကောက် လိုက်ပါနေကြတော့၏။

ကောင်းကင်ဝံပုလွေ တောင်တန်းမှာ ရှုမီ ချောက်ကမ်းပါး၏ အရှေ့ဘက်ခြမ်းတွင် တည်ရှိသည်။

ကောင်းကင်ဝံပုလွေ တောင်တန်းသည် သီးခြားဖြစ်နေသော တောင်ထွတ်တစ်ခု ဖြစ်ပြီး သွေးမိစ္ဆာ ကြေးစားအဖွဲ့သည် သူတို့၏ ဌာနချုပ်ကို ထိုတောင်ထွတ်ပေါ်တွင် တည်ဆောက်ထားခြင်း ဖြစ်ပါ၏။ သူတို့၏ နန်းတော်ကြီးမှာ ခမ်းနားထည်ဝါပြီး အင်အားကြီး အဖွဲ့အစည်းများ၏ နန်းတော်များနှင့်ပင် ရင်ပေါင်တန်းနိုင်လောက်ပေသည်။

သို့သော် ဖုန်းဝူချန်နှင့် သူ၏ အပေါင်းအပါများ ထိုနေရာသို့ အပြေးအလွှား ရောက်ရှိသွားသောအခါ ကောင်းကင်ဝံပုလွေ တောင်တန်းသို့ သွားရာ လမ်းတစ်လျှောက်လုံးတွင် သွေးမိစ္ဆာ ကြေးစားအဖွဲ့၏ အရိပ်အယောင်မျှပင် မတွေ့ရသည်ကို ထူးဆန်းစွာ သတိပြုမိလိုက်ကြသည်။

သူတို့ကို ပို၍ပင် ဇဝေဇဝါ ဖြစ်စေသည်မှာ သွေးမိစ္ဆာ ကြေးစားအဖွဲ့၏ နန်းတော်အတွင်း၌ ကြေးစားအဖွဲ့ဝင် အနည်းငယ်သာ ရှိနေပြီး ကျန်သူများမှာ အရိပ်အယောင်မျှပင် မတွေ့ရခြင်း ဖြစ်သည်။

“သွေးမိစ္ဆာ ကြေးစားအဖွဲ့မှာ အနည်းဆုံး အဖွဲ့ဝင် တစ်ထောင်လောက် ရှိရမှာလေ... ဘာလို့ ဒီလောက်တောင် ခြောက်ကပ်နေရတာလဲ၊ အစွမ်းထက် ပညာရှင်တွေရဲ့ အရှိန်အဝါကိုတောင် အာရုံခံလို့ မရဘူး... သူတို့တွေ အကုန်လုံး ဘယ်ရောက်သွားကြတာလဲ”

ထန်ယွင်ရှန်က မျက်မှောင်ကြုတ်လျက် ဇဝေဇဝါဖြင့် မေးလိုက်လေရာ အခြေအနေမှာ အလွန်တရာ ထူးဆန်းနေပုံရ၏။

“သွေးမိစ္ဆာ ကြေးစားအဖွဲ့က အင်အားအပြည့်နဲ့ လှုပ်ရှားနေတာပါလား... ဒါမှမဟုတ် မကောင်းတော့ဘူး”

လုထျန်းချန်မှာ မျက်မှောင်ကြုတ်ကာ စဉ်းစားနေရင်း ရုတ်တရက် အခြေအနေ တစ်ခုကို သဘောပေါက်သွားပြီး သူ၏ မျက်နှာထားမှာ သိသိသာသာ ပြောင်းလဲသွားသည်။

“ဒုတိယ ခေါင်းဆောင်... သူတို့က ကျုပ်တို့ရဲ့ မြင့်မြတ်သော လင်းယုန် ကြေးစားအဖွဲ့ဆီကို သွားကြတာများလား”

ထန်ယွင်ရှန်က အလန့်တကြား မေးလိုက်သည်။ ထိုဖြစ်နိုင်ခြေကို သူ လုံးဝ ဆက်မတွေးဝံ့အောင် ဖြစ်နေရ၏။

“သေချာတယ်... မြန်မြန် ပြန်သွားကြစို့”

လုထျန်းချန်မှာ စိုးရိမ်ပူပန်မှုများဖြင့် ပျာယာခတ်နေတော့၏။

“မသွားသေးနဲ့”

ဖုန်းဝူချန်က ခေါင်းခါယမ်းလိုက်ပြီး ...

“ကျင့်ကြံသူတွေရဲ့ အရှိန်အဝါကို ဖုံးကွယ်ပေးနိုင်တဲ့ ဒေါင်မင် မြက်ပင်ရဲ့ ရနံ့ကို ငါ ရနေတယ်” ဟု ဆိုလိုက်သည်။

“ဝှစ်”

ဖုန်းဝူချန်၏ စကားဆုံးသည်နှင့် တစ်ပြိုင်နက် ရုတ်တရက် အလွန်တရာ ပြင်းထန်သော ပေါက်ကွဲသံ ထွက်ပေါ်လာသည်။ သွေးမိစ္ဆာ ကြေးစားအဖွဲ့၏ နန်းတော်အတွင်းမှ ရေပုံးတစ်လုံးစာခန့် ကြီးမားလှသော အပြာရောင် စွမ်းအင်တိုင်ကြီး တစ်ခုမှာ ကောင်းကင်ယံသို့ ရုတ်တရက် ထိုးတက်လာပြီး ဖုန်းဝူချန်ထံသို့ တည့်တည့်မတ်မတ် ပြေးဝင်လာတော့၏။

“ဘုန်း”

သတိထားနေသော ဖုန်းဝူချန်က အားပြင်းသော လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်ရာ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ သူ၏ လွှမ်းမိုးဖိနှိပ်နိုင်သော စွမ်းအားက ထိုစွမ်းအင်တိုင်ကြီးကို ချက်ချင်း အမှုန့်ကြိတ်ပစ်လိုက်သည်။

“ရှေးဟောင်း နွယ်ပင်သစ်ပင်ပဲ... ထျန်းကျီဘုံ အဆင့် (၃) ရဲ့ စွမ်းအားရှိတယ်”

ဖုန်းဝူချန်က အနည်းငယ် အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်သည်။

ယဲ့ထျန်းဝေက မျက်မှောင်ကြုတ်လျက် ... သတိပေးလိုက်၏။

“အားလုံးပဲ သတိထားကြ... ဒါက အလစ်အငိုက် တိုက်ခိုက်မှုပဲ”

“ဝှစ် ဝှစ် ဝှစ်”

နောက်တစ်စက္ကန့်တွင် ကောင်းကင်ဝံပုလွေ တောင်တန်း တစ်ဝိုက်မှ ပြင်းထန်သော ပေါက်ကွဲသံ ရာနှင့်ချီ၍ ထွက်ပေါ်လာပြီး ထျန်းကျီဘုံ အဆင့် (၃) ၏ စွမ်းအားများ ပါဝင်သော အပြာရောင် စွမ်းအင်တိုင် ရာနှင့်ချီ၍ ပေါက်ကွဲထွက်လာတော့၏။ မြင်ကွင်းမှာ အလွန်တရာ ခမ်းနားကြီးကျယ်လှပြီး အဟုန်မှာလည်း လွှမ်းမိုးဖိနှိပ်နိုင်လွန်းလှပေသည်။

“သတိထားကြ... ဒါတွေက ရှေးဟောင်း နွယ်ပင်သစ်ပင်တွေပဲ၊ ကျောက်တုံးတွေထက်တောင် ပိုပြီး မာကျောသေးတယ်”

ဖုန်းဝူချန်က အလျင်အမြန် သတိပေးလိုက်ပြီး တစ်ချိန်တည်းမှာပင် သူ၏ ယွမ်စွမ်းအင်များကို လှုံ့ဆော်ကာ ခုခံရန် ပြင်ဆင်လိုက်သည်။

“ဟားဟား... မင်းတို့ ဘယ်လို သေမလဲဆိုတာ ငါ ကြည့်ချင်သေးတယ်”

ထိုအခိုက်အတန့်၌ ကောင်းကင်ဝံပုလွေ တောင်တန်း၏ နောက်ကွယ်မှ အလွန်တရာ မောက်မာလှသော ရယ်သံ တစ်သံ ထွက်ပေါ်လာပြီး လွှမ်းမိုးဖိနှိပ်နိုင်သော အရှိန်အဝါကြီး တစ်ခုလည်း သိပ်သည်းလာတော့၏။

“သွေးမိစ္ဆာ ကြေးစားအဖွဲ့ရဲ့ ခေါင်းဆောင် ကျန်းလန်ယွဲ့ပါလား”

မောက်မာသော ရယ်သံကို ကြားလိုက်ရသည့်အခါ ပွဲကြည့်ရန် လာရောက်ကြသော ကျင့်ကြံသူ များစွာ၏ မျက်နှာထားမှာ သိသိသာသာ ပြောင်းလဲသွားပြီး ကြောက်လန့်တကြား နောက်သို့ ဆုတ်ခွာသွားကြကာ သွေးမိစ္ဆာ ကြေးစားအဖွဲ့၏ နန်းတော်အနီးသို့ မချဉ်းကပ်ဝံ့ကြတော့ပါချေ။

“ကျန်းလန်ယွဲ့”

လုထျန်းချန်မှာ မျက်မှောင်ကို ပြင်းပြင်းထန်ထန် ကြုတ်လိုက်မိသည်။

“ခေါင်းဆောင်... ကျွန်တော့်ကို ကယ်ပါဦး”

ချိုးယွမ်ရှန်က ပျာယာခတ်စွာ အော်ဟစ်လိုက်၏။

“ဝုန်း ဝုန်း ဝုန်း”

“ဝီ... ဝီ...”

ဖုန်းဝူချန်က လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ဧရာမ ရွှေရောင် စွမ်းအင် အကာအကွယ်ကြီး တစ်ခု ပေါ်ထွက်လာပြီး သူ၏ အဖွဲ့သားများကို ကာကွယ်ပေးလိုက်သည်။ ရှေးဟောင်း နွယ်ပင်သစ်ပင် ရာနှင့်ချီ၍ အကာအကွယ်ကြီးကို ဝင်တိုက်ကြရာ ကောင်းကင်ဝံပုလွေ တောင်တန်း တစ်ခုလုံးကို ပဲ့တင်ထပ်သွားစေသော ပေါက်ကွဲသံများ ထွက်ပေါ်လာပြီး အားလှိုင်းများ အဆက်မပြတ် ရိုက်ခတ်လာတော့၏။

သို့သော် ကံဆိုးစွာဖြင့် ဒါက ထျန်းကျီဘုံ အဆင့် (၃) ၏ စွမ်းအားသာ ဖြစ်သဖြင့် ဖုန်းဝူချန် ဖန်တီးထားသော စွမ်းအင် အကာအကွယ်ကို ချိုးဖြတ်နိုင်စွမ်း မရှိခဲ့ပါချေ။

“ထျန်းကျီဘုံ အဆင့် (၇)... တကယ် အရည်အချင်း ရှိတာပဲ”

ကျန်းလန်ယွဲ့၏ ဩဇာပါသော အသံ နောက်တစ်ကြိမ် ထွက်ပေါ်လာပြန်သည်။

“တတိယတပ်မှူးက ထွက်သွားတာ အတော်ကြာနေပြီ... လုထျန်းချန်နဲ့ ထန်ယွင်ရှန်ကိုပဲ ရင်ဆိုင်ရတာတောင် ဒီလောက် ကြာနေတယ်ဆိုတော့ တစ်ခုခုတော့ မှားယွင်းနေပြီလို့ ငါ ခန့်မှန်းမိတယ်၊ ငါ့ခန့်မှန်းချက် မှန်တာပဲ”

စကားပြောနေစဉ်မှာပင် သက်လတ်ပိုင်း အမျိုးသား တစ်ဦးသည် နန်းတော်အထက် ကောင်းကင်ယံတွင် ပေါ်ထွက်လာပြီး သူ၏ လွှမ်းမိုးဖိနှိပ်နိုင်သော အရှိန်အဝါကြီးမှာ အရပ်မျက်နှာ အနှံ့အပြားသို့ ရိုက်ခတ်သွား၏။ ဤကြောက်မက်ဖွယ် အရှိန်အဝါကို ကြည့်ခြင်းအားဖြင့် ထိုအမျိုးသားမှာ ထျန်းကျီဘုံ အဆင့် (၇) သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိနိုင်သည်။

ထျန်းကျီဘုံ အဆင့် (၇) ပညာရှင် တစ်ဦးက ကြေးစားအဖွဲ့ တစ်ဖွဲ့၏ ခေါင်းဆောင် ဖြစ်နေခြင်းမှာ တကယ့်ကို မျှော်လင့်မထားသော အရာပင် ဖြစ်ပါ၏။

ရောက်လာသူမှာ အခြားသူ မဟုတ်၊ သွေးမိစ္ဆာ ကြေးစားအဖွဲ့၏ ခေါင်းဆောင် ကျန်းလန်ယွဲ့ပင် ဖြစ်တော့သည်။

“ခေါင်းဆောင်... ကျွန်တော့်ကို ကယ်ပါဦး”

မျှော်လင့်ချက် ရောင်ခြည်ကို မြင်လိုက်ရသည့်အခါ ချိုးယွမ်ရှန်က စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်သည်။

“တတိယ အကြီးအကဲ... စိတ်ပူစရာ မလိုဘူး၊ မင်း သေမှာ မဟုတ်ဘူး”

ဟု ကျန်းလန်ယွဲ့က ယုံကြည်ချက် အပြည့်ဖြင့် ဆိုလိုက်၏။

ကျန်းလန်ယွဲ့အနေဖြင့် ယုံကြည်ချက် ရှိနေခြင်းမှာ အကြောင်းပြချက် ကောင်းကောင်း ရှိပါ၏။

ခေါင်းဆောင် တစ်ဦးအနေဖြင့် အလွန်မြင့်မားသော ကျင့်ကြံခြင်းအဆင့်ကို ပိုင်ဆိုင်ထားသည့်အပြင် မိန်းကလေး နှစ်ဦးကိုလည်း ဓားစာခံအဖြစ် ဖမ်းဆီးထားသည် ဖြစ်ရာ ဖုန်းဝူချန်တို့အနေဖြင့် ချိုးယွမ်ရှန်အား အလွယ်တကူ မသတ်ဖြတ်ဝံ့ကြောင်းကို သူ ကောင်းစွာ သိရှိထားသောကြောင့်ပင်။

“ခွေးမသားလေး... ငါက ကောင်းကင်ဝံပုလွေ တောင်တန်း တစ်ဝိုက်မှာ ထျန်းလော့ ပိုက်ကွန်ကို ချထားပြီးပြီ၊ မင်း အကောင်းအဆိုးကို နားလည်တယ်ဆိုရင် တတိယတပ်မှူးကို လွှတ်ပေးလိုက်... မဟုတ်ရင် မင်းတို့ အသက်ရှင်လျက် ပြန်မထွက်သွားရဘူးလို့ ငါ အာမခံတယ်”

ကျန်းလန်ယွဲ့က ခြိမ်းခြောက်လိုက်ရာ သူ၏ အမူအရာမှာ အလွန်တရာ မောက်မာလှပေ၏။

“သူတို့က အရှိန်အဝါကို ဖုံးကွယ်ဖို့ ဒေါင်မင် မြက်ပင်ကို သုံးထားတာပဲ၊ သွေးမိစ္ဆာ ကြေးစားအဖွဲ့က လူတွေက ကောင်းကင်ဝံပုလွေ တောင်တန်း တစ်ဝိုက်မှာ အပြည့်ပဲ... အားလုံးပဲ သတိထားကြ၊ ခုနက ရှေးဟောင်း နွယ်ပင်သစ်ပင်တွေလိုမျိုး တခြား ထောင်ချောက်တွေလည်း အများကြီး ရှိနေနိုင်တယ်”

ဟု ယဲ့ထျန်းဝေက မျက်မှောင်ကြုတ်လျက် လေးနက်သော မျက်နှာထားဖြင့် သတိပေးလိုက်သည်။

“မျက်လုံးသုံးလုံး မိစ္ဆာမျောက်ဝံကြီးကို ခေါ်ပြီး သူတို့ အကုန်လုံးကို ကိုက်သတ်ခိုင်းလိုက်ချင်တာပဲ”

လျိုချင်းယန်က စိတ်တိုတိုဖြင့် ကြုံးဝါးလိုက်သော်လည်း ကံဆိုးစွာဖြင့် ထိုသို့ လုပ်၍ မရနိုင်ပါချေ။

ထိုစဉ်၊ ဖုန်းဝူချန်က ကျန်းလန်ယွဲ့ကို အေးစက်စွာ စိုက်ကြည့်ရင်း ...

မေးလိုက်သည်။

“ခင်ဗျားက လူကို လွှတ်ပေးစေချင်တယ်ဆိုရင် ခင်ဗျားတို့ဘက်ကလည်း ကျုပ်တို့လူတွေကို လွှတ်ပေးရမှာပေါ့... ဟုတ်တယ်မလား”

“အဲဒါက အရေးမကြီးပါဘူး... ငါက လူကို လွှတ်ပေးလိုက်ရင်တောင်မှ မင်းတို့က ထွက်ပြေးလွတ်မြောက်နိုင်မှာမှ မဟုတ်တာ”

ကျန်းလန်ယွဲ့က လှောင်ပြောင်လိုက်သည်။

ထို့နောက် သူက လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ တောင့်တင်းသန်မာသော ကြေးစား အစောင့်အချို့က ဒဏ်ရာရထားသော ယွင်ယွင်နှင့် ချန်းချန်းတို့ကို ခေါ်ဆောင်လာပြီး ကောင်းကင်ယံသို့ ပျံတက်လာကြ၏။

“ဒုတိယ ခေါင်းဆောင်... အစ်ကိုကြီးထန်”

ယွင်ယွင်နှင့် ချန်းချန်းတို့က စိတ်ပူစွာဖြင့် အော်ဟစ်လိုက်ကြသည်။

မိန်းကလေး နှစ်ဦးလုံး အသက်အန္တရာယ် မရှိသည်ကို မြင်လိုက်ရသည့်အခါ လုထျန်းချန်နှင့် ထန်ယွင်ရှန်တို့မှာ နောက်ဆုံးတော့ စိတ်အေးသွားရ၏။

“ကောင်လေး... မင်းက တော်တော် သတ္တိကောင်းတာပဲ၊ ငါ့ရဲ့ သွေးမိစ္ဆာ ကြေးစားအဖွဲ့ကို ဆန့်ကျင်ရဲတယ်ပေါ့လေ၊ မင်း နောင်တမရဘူးလို့ မျှော်လင့်ပါတယ်... အားလုံး အတူတူ လွှတ်ကြတာပေါ့”

ကျန်းလန်ယွဲ့က လှောင်ပြောင်လိုက်ပြီး သူ၏ လက်ကို ဝှေ့ယမ်းကာ ဓားစာခံများကို လွှတ်ပေးရန် ကြေးစား အစောင့်များအား အချက်ပြလိုက်သည်။

“အစ်ကိုကြီးထန်... သွားပြီး သူတို့ကို ခေါ်လာခဲ့ပါ”

ဖုန်းဝူချန်က ပြောလိုက်ပြီး သူ၏ ဖမ်းဆုပ်ထားမှုကို ဖြည်းညင်းစွာ လျှော့ချလိုက်သည်။ ယ

ချိုးယွမ်ရှန်မှာ ဖုန်းဝူချန်၏ တိုက်ခိုက်ခြင်းကို ခံရမည်စိုးသဖြင့် သတိကြီးစွာထားကာ ချက်ချင်းပင် ရှေ့သို့ ပြေးထွက်သွားလေတော့၏။

ထန်ယွင်ရှန်ကလည်း မိန်းကလေးများကို ခေါ်ရန် လျှပ်တစ်ပြက် ထွက်သွားသည်။ ချိုးယွမ်ရှန်မှာ ပြင်းထန်စွာ ဒဏ်ရာရထားသဖြင့် သူက လှည့်ကွက်တစ်ခုခု သုံးမည်ကို ထန်ယွင်ရှန်အနေဖြင့် စိုးရိမ်မနေပါချေ။

ချိုးယွမ်ရှန်မှာ ပြင်းထန်စွာ ဒဏ်ရာရထားပြီး ထန်ယွင်ရှန်ကို မယှဉ်နိုင်သည်မှာ အမှန်ပင် ဖြစ်သော်လည်း ရှေ့သို့ ပြေးထွက်သွားစဉ်မှာပင် ချိုးယွမ်ရှန်သည် ကျောက်စိမ်းပုလင်း တစ်လုံးကို ထုတ်ယူကာ ၎င်းအတွင်းမှ အရာများကို လေထဲသို့ ဖြန်းပက်လိုက်ရာ အရောင်အသွေး စုံလင်သော အလင်းစက်လေးများ လွင့်ပျံ့သွားတော့၏။

“သတိထား”

ဖုန်းဝူချန်က ကမန်းကတန်း သတိပေးလိုက်သည်။

ကံဆိုးစွာဖြင့် နောက်ကျသွားခဲ့လေပြီ။

ယွင်ယွင်နှင့် ချန်းချန်းတို့မှာ ပြင်းထန်စွာ ဒဏ်ရာရထားပြီး လေထဲတွင် မျောလွင့်နေနိုင်ခြင်းကပင် အလွန် ကောင်းမွန်နေပြီ ဖြစ်ရာ သူတို့အနေဖြင့် လုံးဝ မရှောင်တိမ်းနိုင်တော့ဘဲ အလင်းစက်လေးများ အားလုံးမှာ သူတို့၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားလေတော့၏။

“ကံဆိုးခြင်း အဆိပ်မြူတွေပါလား”

လုထျန်းချန်၏ မျက်နှာထားမှာ သိသိသာသာ ပြောင်းလဲသွားသည်။

“မကောင်းတော့ဘူး”

အရောင်အသွေး စုံလင်သော အလင်းစက်လေးများမှာ ထန်ယွင်ရှန်၏ မျက်လုံးများထဲသို့ လွင့်ဝင်သွားပြီး ထန်ယွင်ရှန်၏ မျက်နှာထားမှာလည်း သိသိသာသာ ပြောင်းလဲသွားကာ သူ၏ နှလုံးသားထဲတွင် အလွန်အမင်း ထိတ်လန့်သွားရ၏။ သို့သော် ထိုအခိုက်အတန့်တွင် သူက အခြားအရာများကို ဂရုမစိုက်နိုင်တော့ဘဲ မိန်းကလေး နှစ်ဦးကို ဆွဲယူကာ နောက်သို့ ချက်ချင်း ပြန်ဆုတ်လာခဲ့သည်။

“ဟွန့်... ကောင်းကောင်းကြီး ခံစားလိုက်ပါဦး”

ချိုးယွမ်ရှန်က ရက်စက်စွာ လှောင်ပြောင်လိုက်၏။

“ကံဆိုးခြင်း အဆိပ်မြူတွေတဲ့လား”

အဝေးတစ်နေရာမှ ကျင့်ကြံသူများစွာမှာ ကံဆိုးခြင်း အဆိပ်မြူများ၏ ကြောက်မက်ဖွယ်ကောင်းပုံကို ကောင်းစွာ သိရှိထားကြသဖြင့် မနေနိုင်တော့ဘဲ တစ်ကိုယ်လုံး တုန်ရီသွားကြရသည်။

“အား... ငါ့မျက်လုံးတွေ”

ထန်ယွင်ရှန်က မျက်လုံးများကို မှိတ်ထားရင်း သနားစရာကောင်းလောက်အောင် အော်ဟစ်လိုက်ပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် သူ၏ မျက်လုံးများမှ သွေးများ စီးကျလာတော့၏။

“အား...”

ယွင်ယွင်နှင့် ချန်းချန်းတို့လည်း ဆက်လက် သည်းမခံနိုင်တော့ဘဲ နာကျင်စွာ အော်ဟစ်လိုက်ကြသည်။ သူတို့၏ ခန္ဓာကိုယ်ပေါ်ရှိ အလင်းစက်လေးများက သူတို့၏ အသားများကို စတင် စားသုံးနေကြပြီပင်။

ဤအရာက ကံဆိုးခြင်း အဆိပ်မြူများမှာ မည်မျှ ယုတ်မာပြီး အဆိပ်ပြင်းကြောင်းကို ဖော်ပြနေခြင်းပင် ဖြစ်တော့၏။

wunzinnosp

All Chapters