အခန်း ၇၉၁
Vol. 53 Ch. 791
အခန်း (၇၉၁) - ကံဆိုးခြင်း အဆိပ်မြူများ၏ ဘေးဒုက္ခ
~“ကံဆိုးခြင်း အဆိပ်မြူတွေက အရမ်း အဆိပ်ပြင်းတယ်... ထျန်းကျီဘုံ ပညာရှင်တောင် မခံနိုင်ဘူး”
လုထျန်းချန်မှာ အလွန်အမင်း ထိတ်လန့်နေသည်။ အထူးသဖြင့် ထန်ယွင်ရှန်၏ မျက်လုံးနှစ်ဖက်စလုံး အဆိပ်သင့်သွားသောကြောင့် ပို၍ပင် စိုးရိမ်နေတော့၏။
“လန်ယွဲ့... မြန်မြန်လုပ်”
ဖုန်းဝူချန်က အလျင်အမြန် အော်ဟစ်လိုက်ပြီး သူတို့၏ ခန္ဓာကိုယ်အတွင်း အလျင်အမြန် ပျံ့နှံ့နေသော သေစေလောက်သည့် အဆိပ်များကို ထိန်းချုပ်ရန် သူ၏ ယွမ်စွမ်းအင်များကို ချက်ချင်း အသက်သွင်းလိုက်သည်။
လန်ယွဲ့က နတ်သူငယ်မျိုးနွယ်၏ စွမ်းအားများကို ကမန်းကတန်း အသက်သွင်းလိုက်ရာ အပြာနုရောင် အလင်းဝန်းတစ်ခုက ထိုသုံးဦးကို လွှမ်းခြုံသွားပြီး သူတို့၏ ဒဏ်ရာများကို ကုသပေးနေတော့၏။
“ချင်းချင်း... သူတို့ကို ကုသရေး ဆေးလုံး တိုက်လိုက်”
ဖုန်းဝူချန်က လေးနက်တည်ကြည်သော မျက်နှာထားဖြင့် ဆက်လက် အမိန့်ပေးလိုက်သည်။
ကံဆိုးခြင်း အဆိပ်မြူများမှာ အလွန်တရာ ဖြေရှင်းရ ခက်ခဲလှပေသည်။ ဖုန်းဝူချန်၏ ကျင့်ကြံခြင်းအဆင့်ဖြင့် သူသည် အဆိပ်များကို ယာယီ ထိန်းချုပ်ကာ ဆက်လက် မပျံ့နှံ့အောင်သာ မနည်း တားဆီးထားနိုင်သည်။
“ကံဆိုးခြင်း အဆိပ်မြူရဲ့ အဆိပ်က အရမ်း ပြင်းထန်ပြီး လွှမ်းမိုးဖိနှိပ်နိုင်တယ်... ငါက အဆိပ် မပျံ့သွားအောင် ယာယီပဲ ထိန်းချုပ်ထားနိုင်တယ်”
ဖုန်းဝူချန်က မျက်မှောင်ကြုတ်လျက် ဆိုလိုက်သည်။ ဤမျှ ကြောက်စရာကောင်းသော အဆိပ်မျိုးကို သူ တစ်ခါမှ မမြင်ဖူးခဲ့ပါချေ။
ထို့နောက် လန်ယွဲ့က ...
ပြောလိုက်သည်။
“ကျွန်မက သူတို့ရဲ့ ဒဏ်ရာတွေကိုပဲ ကုသပေးနိုင်တယ်၊ အဆိပ်ကိုတော့ ဘာမှလုပ်ပေးလို့ မရဘူး... ဒါက သာမန် အဆိပ်မျိုး မဟုတ်ဘူး”
“အစ်ကိုလု... ဒီကံဆိုးခြင်း အဆိပ်မြူဆိုတာ ဘာကြီးလဲ၊ တကယ် ကြောက်စရာကောင်းတာပဲနော်”
ဟု လျိုချင်းယန်က ထိတ်လန့်တကြား မေးလိုက်၏။
ထိုအခါ၊ လုထျန်းချန်က စိုးရိမ်တကြီးဖြင့် ... ရှင်းပြလိုက်သည်။
“ကံဆိုးခြင်း အဆိပ်မြူဆိုတာ သွေးမိစ္ဆာ ကြေးစားအဖွဲ့ရဲ့ ဒုတိယ ခေါင်းဆောင် ဖန်တီးထားတဲ့ သေစေနိုင်လောက်တဲ့ အဆိပ်ပဲ၊ သူကလွဲရင် ဘယ်သူမှ ဖြေရှင်းလို့ မရဘူး... သူတို့က ကာကွယ်ရေးအတွက် ကံဆိုးခြင်း အဆိပ်မြူတွေကို သုံးထားတာဆိုတော့ ငါတို့ အရင်ဆုံး ပြန်ဆုတ်မှ ရတော့မယ်”
“ငါ့ရဲ့ ဖြေဆေး မရှိရင် ဘယ်သူမှ ကံဆိုးခြင်း အဆိပ်မြူကို ဖြေရှင်းလို့ မရဘူး”
နန်းတော်အတွင်းမှ အိုမင်းသော အသံ တစ်သံ ထွက်ပေါ်လာသည်။
“ဟီးဟီး... စိတ်မပူပါနဲ့၊ သူတို့က မင်းတို့ကို ကယ်နိုင်မှာ မဟုတ်သလို မင်းတို့လည်း အသက်ရှင်မှာ မဟုတ်ဘူး... မင်းတို့ ထွက်ပြေးလို့လည်း မရဘူး၊ ငါ့ရဲ့ သွေးမိစ္ဆာ ကြေးစားအဖွဲ့ကို ဝင်ရောက် ကျူးကျော်ရဲတယ်ဆိုတော့ မင်းတို့ သေချင်နေတာပဲ”
ကျန်းလန်ယွဲ့က အေးစက်စွာ လှောင်ပြောင်လိုက်ခြင်းပင်။
ထိုအခါ၊
“ငါတို့ ထွက်သွားမှာကို မင်း တားနိုင်မှာ မဟုတ်ဘူး” ဟု ယဲ့ထျန်းဝေက အေးစက်စွာ ပြောလိုက်သည်။
ဤအချက်နှင့် ပတ်သက်၍ သူက အလွန် ယုံကြည်မှု ရှိနေပုံ ရ၏။
“အဲ့လိုလား”
ကျန်းလန်ယွဲ့က မထီမဲ့မြင် ဆိုလိုက်ပြီး လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ကောင်းကင်ဝံပုလွေ တောင်တန်း တစ်ဝိုက်တွင် ချုံခိုနေကြသော သွေးမိစ္ဆာ ကြေးစားအဖွဲ့မှ စစ်သည်များ ပေါ်ထွက်လာကြသည်။
ကျန်းလန်ယွဲ့က လှောင်ပြုံးပြုံးရင်း ...
မေးလိုက်၏။
“မြင်လား... ငါတို့ ပတ်ပတ်လည် အားလုံးမှာ သွေးမိစ္ဆာ ကြေးစားအဖွဲ့က လူတွေချည်းပဲ၊ ငါက အဲဒီကောင်လေးကို ဆွဲထားနိုင်သရွေ့ မင်းတို့ထဲက ဘယ်သူ ထွက်ပြေးနိုင်မှာလဲ”
“ယဲ့ထျန်းဝေ... ချင်းယန်၊ မင်းတို့ အရင်သွားကြ... သူ့ကို ငါ ဆွဲထားလိုက်မယ်၊ အစ်ကိုကြီးထန်နဲ့ ယွင်ယွင်တို့က အဆိပ်ကို အကြာကြီး ထိန်းထားနိုင်မှာ မဟုတ်ဘူး၊ ငါတို့ ဒီမှာ ဆက်နေလို့ မဖြစ်ဘူး”
ဖုန်းဝူချန်က လေးနက်စွာ အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့ပါ”
ယဲ့ထျန်းဝေက ရိုသေစွာ တုံ့ပြန်လိုက်၏။
“အစ်ကိုဖုန်း... ကျေးဇူးပြုပြီး အရမ်း သတိထားပါနော်”
လုထျန်းချန်က သတိပေးလိုက်သည်။
“စိတ်မပူပါနဲ့ အစ်ကိုလု... ကျွန်တော် အဆင်ပြေမှာပါ”
ဖုန်းဝူချန်က နှစ်သိမ့်သော အပြုံးဖြင့် ပြန်ဖြေလိုက်ပြီး လုထျန်းချန်အား စိတ်အေးသွားစေမည့် အကြည့်တစ်ချက် ပေးလိုက်၏။
“သွားကြစို့”
ယဲ့ထျန်းဝေက အော်ဟစ်လိုက်ပြီး လျှပ်တစ်ပြက် နေရာရွှေ့ပြောင်းခြင်းကို ချက်ချင်း အသုံးပြုကာ လုထျန်းချန်နှင့် အခြားသူများကို ခေါ်ဆောင်၍ ပျောက်ကွယ်သွားသည်။ လျိုချင်းယန်နှင့် သူ၏ အပေါင်းအပါများလည်း တစ်ယောက်ပြီး တစ်ယောက် ပျောက်ကွယ်သွားကြ၏။
“ထွက်ပြေးချင်နေတာလား... အဲဒီလောက် မလွယ်ဘူးနော်၊ ငါ့ရဲ့ သွေးမိစ္ဆာ ကြေးစားအဖွဲ့ကို ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်လို့ ရတယ်လို့ တကယ်ကြီး ထင်နေတာလား”
ကျန်းလန်ယွဲ့က ဟိန်းဟောက်လိုက်ရာ သူ၏ မျက်နှာထားမှာ ပုပ်သိုးသွားပြီး မှေးစင်းနေသော မျက်လုံးများထဲတွင် အေးစက်ပြီး ရက်စက်သော အကြည့်များ ဝင်းလက်သွားတော့၏။
“ဝှစ် ဝှစ် ဝှစ်”
ကောင်းကင်ဝံပုလွေ တောင်တန်း တစ်ဝိုက်ရှိ နေရာတိုင်းမှ ရာနှင့်ချီသော အစွမ်းထက် လေခွင်းသံများ နောက်တစ်ကြိမ် ပေါက်ကွဲထွက်လာပြီး ယဲ့ထျန်းဝေတို့အဖွဲ့ကို ပိတ်ဆို့ရန် ကြိုးစားကြသည်။
ထို့အပြင် ထျန်းကျီဘုံ အဆင့် (၇) အထက်ရှိ အစွမ်းထက် ပညာရှင် ဒါဇင်နှင့်ချီ၍လည်း လွှမ်းမိုးဖိနှိပ်နိုင်သော အရှိန်အဝါများဖြင့် ကောင်းကင်ယံသို့ ထိုးတက်လာကြသည်။
သူတို့သည် သွေးမိစ္ဆာ ကြေးစားအဖွဲ့၏ ကျောရိုး အင်အားစုများပင် ဖြစ်ပါ၏။
“ကျုပ်လူတွေက ထွက်သွားချင်တယ် ဆိုရင် ခင်ဗျား တားလို့ မရဘူး”
ဖုန်းဝူချန်က အေးစက်စွာ ပြောလိုက်ပြီး သူတို့ကို အနည်းငယ်မျှပင် မတားဆီးပါချေ။
လျှပ်တစ်ပြက် နေရာရွှေ့ပြောင်းခြင်း၏ ကြောက်မက်ဖွယ်ကောင်းပုံကို ဤလူများ လုံးဝ နားလည်နိုင်မည် မဟုတ်ပါချေ။
ထင်သည့်အတိုင်းပင် ဖြစ်သည်။
ကြောက်မက်ဖွယ် ရှေးဟောင်း နွယ်ပင်သစ်ပင် ရာနှင့်ချီ၍ ပေါက်ကွဲထွက်လာပြီး အစွမ်းထက် ပညာရှင် ဒါဇင်နှင့်ချီ၍ ကောင်းကင်ယံသို့ ထိုးတက်လာကြသော်လည်း သူတို့ အနီးသို့ မချဉ်းကပ်နိုင်မီမှာပင် ယဲ့ထျန်းဝေတို့အဖွဲ့မှာ အသံတိတ် လျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ကွယ်သွားခဲ့၏။
သွေးမိစ္ဆာ ကြေးစားအဖွဲ့၏ တင်းကျပ်လှသော ပိုက်ကွန်ကြီးမှာ ယဲ့ထျန်းဝေတို့ အဖွဲ့အတွက် လုံးဝ အရာမထင်ခဲ့ပါချေ။
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ကျန်းလန်ယွဲ့၏ အောင်ပွဲခံနေသော မျက်နှာထားမှာ ရုတ်တရက် တောင့်တင်းသွားရတော့သည်။
အစွမ်းထက် ပညာရှင် ဒါဇင်နှင့်ချီသော သူများမှာလည်း လုံးဝ ဆွံ့အသွားကြသည်။ သူတို့သည် အလွန်တရာ မြန်ဆန်လှသော်လည်း လူတိုင်းက မျက်တောင်တစ်ခတ်အတွင်း အရိပ်အယောင်မျှပင် မကျန်ရစ်ဘဲ ပျောက်ကွယ်သွားသည်ကို သူတို့ လုံးဝ မယုံကြည်နိုင်အောင် ဖြစ်နေရ၏။
“ကြောက်စရာကောင်းလိုက်တဲ့ ကိုယ်ဖော့ပညာပဲ... သူတို့ အကုန်လုံး ပျောက်သွားကြပြီ”
“ခုနက အံ့မခန်း ကိုယ်ဖော့ပညာကိုပဲ သုံးသွားကြတာပါလား”
“ဝူကျိ နယ်မြေက နဂါးနတ်ဘုရား နန်းတော်ဆိုတာ ဘယ်လို ဖြစ်တည်မှုမျိုးလဲ”
ယဲ့ထျန်းဝေနှင့် သူ၏ အပေါင်းအပါများက ကြောက်မက်ဖွယ် ကိုယ်ဖော့ပညာကို နောက်တစ်ကြိမ် အသုံးပြုသွားသည်ကို မြင်လိုက်ရသည့်အခါ အဝေးမှ စောင့်ကြည့်နေကြသော ကျင့်ကြံသူများစွာမှာ နောက်တစ်ဖန် အံ့အားသင့်သွားကြပြန်သည်။
“ဒီနေ့တော့ မင်းတို့ ကံကောင်းတယ်လို့ပဲ မှတ်လိုက်တော့... ဒါပေမဲ့ တစ်နေ့ကျရင် သွေးမိစ္ဆာ ကြေးစားအဖွဲ့ကို ငါ သေချာပေါက် ပြာချပစ်မယ်”
ဖုန်းဝူချန်က အေးစက်စွာ ပြောလိုက်ရာ သူ၏ မှောင်မိုက်နေသော မျက်လုံးများထဲတွင် ရက်စက်သော လူသတ်ချင်စိတ်များ ဝင်းလက်သွားတော့၏။
“ဟွန့်... မင်းက ထွက်ပြေးလွတ်မြောက်နိုင်မယ်လို့ ထင်နေတာလား”
ဟု ကျန်းလန်ယွဲ့က ခပ်မာမာ ဟိန်းဟောက်လိုက်သည်။ သူ၏ မျက်နှာမှာ ဒေါသကြောင့် ရှုံ့မဲ့နေပြီး သူ၏ အရှိန်အဝါများမှာ လူသတ်လိုသော ဆန္ဒများဖြင့် ပြည့်နှက်နေတော့၏။
“ခေါင်းဆောင်... ဒီကောင်လေးက အားမနည်းဘူးနော်၊ သူ့ကို အထင်မသေးနဲ့”
ချိုးယွမ်ရှန်က ကမန်းကတန်း သတိပေးလိုက်သည်။ ဖုန်းဝူချန်၏ အားပြင်းသည့် စွမ်းအားများက သူ့ကို ယခုထက်တိုင် ခြောက်လှန့်နေဆဲပင်။
“ဟွန့်”
ကျန်းလန်ယွဲ့က အနည်းငယ်မျှ မကြောက်ရွံ့သလို ဖုန်းဝူချန်ကို လုံးဝ အလေးအနက် မထားပါချေ။
ဖုန်းဝူချန် စောစောက ထုတ်ဖော်ပြသခဲ့သော ယွမ်စွမ်းအင်များအရ သူသည် အလွန်ဆုံး ထျန်းကျီဘုံ အဆင့် (၅) သာ ရှိသည်။ ကျန်းလန်ယွဲ့ ကိုယ်တိုင်က ထျန်းကျီဘုံ အဆင့် (၇) တွင် ရှိနေသည်ဖြစ်ရာ ဖုန်းဝူချန်ကို သူက မည်သည့်အတွက်ကြောင့် ကြောက်ရွံ့ရပါမည်နည်း။
“သူတို့ အကုန်လုံးတောင် ထွက်ပြေးသွားနိုင်သေးတာပဲ...ကျုပ်က ဘာလို့ မရရမှာလဲ”
ဖုန်းဝူချန်က ရယ်စရာတစ်ခုအလား ပြောလိုက်ပြီး သွေးမိစ္ဆာ ကြေးစားအဖွဲ့မှ လူများကို လုံးဝ ဂရုမစိုက်ချေ။
သို့သော် ယခုအချိန်တွင် ထန်ယွင်ရှန်၊ ယွင်ယွင်နှင့် ချန်းချန်းတို့မှာ အလွန်တရာ အန္တရာယ်ရှိသော အခြေအနေတွင် ရှိနေ၏။
သွေးမိစ္ဆာ ကြေးစားအဖွဲ့ကမူ သူတို့ကို အမြစ်ပြတ် သုတ်သင်ရန် အလျင်မလိုနေပါချေ။
ကံဆိုးခြင်း အဆိပ်မြူ၏ အဆိပ်ပြင်းမှုမှာ အလွန်တရာ ခြောက်ခြားဖွယ် ကောင်းလှရာ ထိုသုံးဦး ဆက်လက် တောင့်မခံနိုင်မှာ စိုးရိမ်သဖြင့် ဖုန်းဝူချန်အနေဖြင့် အမြန်ဆုံး နောက်ကြောင်းပြန်လှည့်ရန် လိုအပ်နေသည်။
“ဝုန်း”
“ဝီ... ဝီ...”
အလွန်တရာ ပြင်းထန်သော အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်လာပြီး ကျန်းလန်ယွဲ့က မြေပြင်ကို ရုတ်တရက် ဆောင့်နင်းလိုက်၏။
အားပြင်းသည့် စွမ်းအားများကြောင့် နန်းတော်ကြီးမှာ တုန်လှုပ်သွားပြီး ကျယ်လောင်သော အသံများ ထွက်ပေါ်လာတော့သည်။ နောက်တစ်စက္ကန့်တွင် ကျန်းလန်ယွဲ့သည် ဒုံးပျံတစ်ခုပမာ ကောင်းကင်ယံသို့ ထိုးတက်သွားရာ သူ၏ အမြန်နှုန်းမှာ အလွန်တရာ မြန်ဆန်လှ၏။
“ဂလု...”
ကျန်းလန်ယွဲ့၏ ကြောက်မက်ဖွယ် အရှိန်အဝါကို မြင်လိုက်ရသည့်အခါ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများမှာ ဝိညာဉ်ပင် လွင့်ထွက်မတတ် ကြောက်လန့်သွားကြရသည်။
သို့သော် သူတို့သည် ဖုန်းဝူချန်အတွက်မူ အနည်းငယ်မျှ မစိုးရိမ်ကြပါချေ။ အကြောင်းမူကား ဖုန်းဝူချန်၏ စွမ်းအား မည်မျှ ကြောက်စရာကောင်းကြောင်းကို သူတို့ အားလုံး သိရှိထားကြသောကြောင့်ပါ။
ယန်မိသားစု၏ တတိယ အကြီးအကဲကိုပင် အနိုင်ယူနိုင်စွမ်းရှိသူ တစ်ယောက်က ကျန်းလန်ယွဲ့ကို မည်သို့ ကြောက်ရွံ့ပါမည်နည်း။
သွေးမိစ္ဆာ ကြေးစားအဖွဲ့က အလွန်အမင်း မောက်မာလွန်းသဖြင့် သူတို့က ကျန်းလန်ယွဲ့ကို အသိပေးရန်ပင် စိတ်မဝင်စားကြခြင်း ဖြစ်ပါ၏။
“ဟွန့်...ကျုပ်.. ထွက်သွားချင်တယ်ဆိုရင် ခင်ဗျား တားလို့မရဘူး”
ဖုန်းဝူချန်က လှောင်ပြောင်သည့်ဟန်ဖြင့် အေးစက်စွာ ရယ်လိုက်သည်။
“ချင်းရွှမ် အကာအကွယ်”
ဖုန်းဝူချန်က အံ့မခန်း ကိုယ်ဖော့ပညာတစ်ခုခုကို အသုံးပြုကာ ထွက်ပြေးသွားမည်ကို စိုးရိမ်သဖြင့် ကျန်းလန်ယွဲ့က အလျင်အမြန် ဟိန်းဟောက်လိုက်သည်။ ထိုအခိုက်၊ ဧရာမ အစိမ်းရောင် အကာအကွယ်ကြီး တစ်ခုသည် ကောင်းကင်ဝံပုလွေ တောင်တန်း တစ်ခုလုံးအား မျက်တောင်တစ်ခတ်အတွင်း လွှမ်းခြုံသွား၏။
“မင်း ဘယ်ကို ပြေးနိုင်မလဲဆိုတာ ငါ ကြည့်ချင်သေးတယ်”
ကျန်းလန်ယွဲ့ မျက်တောင်တစ်ခတ်အတွင်း ရောက်ရှိလာကာ ဖုန်းဝူချန်ထံသို့ လက်ဝါးတစ်ချက် တိုက်ရိုက် ရိုက်ထုတ်လိုက်သည်။
“ဝုန်း”
“ဝီ... ဝီ...”
ကျန်းလန်ယွဲ့၏ လက်ဝါးရိုက်ချက်မှာ ဟင်းလင်းပြင်ကိုသာ ထိမှန်သွားပြီး ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာကာ သူ၏ အားပြင်းသည့် စွမ်းအားများက ဟင်းလင်းပြင်ကို ထိမှန်သွားသဖြင့် ဧရာမ အမည်းရောင် အပေါက်ကြီး တစ်ခု ဖြစ်ပေါ်လာတော့၏။
“ဘာ”
သူ၏ လက်ဝါးရိုက်ချက် လွဲချော်သွားသဖြင့် ကျန်းလန်ယွဲ့၏ မျက်နှာထားမှာ သိသိသာသာ ပြောင်းလဲသွားပြီး ဖုန်းဝူချန်က သူ၏ တိုက်ကွက်ကို ရှောင်တိမ်းသွားနိုင်သည်ကို လုံးဝ မယုံကြည်နိုင်အောင် ဖြစ်နေရသည်။
ကျန်းလန်ယွဲ့သည် စွမ်းအားကုန်ကို ထုတ်သုံးထားခြင်း ဖြစ်သည်။ သူ၏ အမြန်နှုန်းကို အလွန် ယုံကြည်မှု ရှိသော်လည်း ဖုန်းဝူချန်က မည်သို့ ရှောင်တိမ်းသွားသည်ကို သူ လုံးဝ နားမလည်နိုင်အောင် ဖြစ်နေရ၏။
“ခင်ဗျားရဲ့ အကာအကွယ်က ကျုပ်ကို ပိတ်လှောင်ထားဖို့ အရမ်း အားနည်းလွန်းတယ်”
အကာအကွယ်၏ အစွန်းတစ်နေရာမှ ဖုန်းဝူချန်၏ အေးစက်သော ရယ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။
ထိုအသံကို ကြားလိုက်ရသည့်အခါ ကျန်းလန်ယွဲ့၏ မျက်နှာမှာ ပြောင်းလဲသွားပြီး ဖုန်းဝူချန်က အကာအကွယ်၏ အစွန်းသို့ မည်သည့်အချိန်က ရောက်သွားသည်ကို မသိသဖြင့် အံ့အားသင့်သော အကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။
“ဘုန်း”
“ဂျွတ်”
ဖုန်းဝူချန်၏ ပေါ့ပါးသော လက်သီးချက် တစ်ချက်ကြောင့် ခပ်အုပ်အုပ် ပေါက်ကွဲသံ တစ်သံ ထွက်ပေါ်လာပြီး ကျန်းလန်ယွဲ့ ဖန်တီးထားသော အကာအကွယ်မှာ အက်ကွဲသွားကာ အပိုင်းပိုင်း အစစ ကွဲကြေသွားလေတော့သည်။
ဤမြင်ကွင်းကို ကြည့်ရင်း ကျန်းလန်ယွဲ့မှာ လုံးဝ မှင်သက်သွားလေတော့၏။
wunzinnosp