← Chapters

အခန်း ၈၇၄

Vol. 84 Ch. 874

အခန်း ၈၇၄

Vol. 84 Ch. 874

အခန်း (၈၇၄) မင်း နေကို မြင်ဖူးလား

​ထန်ထျန်းကတော့ သေချာပေါက် သိနေသည်။ ဤမိန်းကလေးမှာ တစ်ခုခု အမှားလုပ်ထား၍သာ ဤကဲ့သို့ ပုံပြင်တစ်ပုဒ်ကို လုပ်ကြံဖန်တီးထားခြင်း ဖြစ်ပေမည်။

​ကျွင်းချန်ချင်းကလွဲလျှင် သူ၏ခန္ဓာကိုယ်မှ သွေးထွက်အောင် လုပ်နိုင်သည့်အရာ ဤလောက၌ မရှိသလောက်ပင်။

အကယ်၍ ကျွင်းချန်ချင်းသာ ဆိုပါကလည်း 'ရွှေအူတိုင်' အစောပိုင်းအဆင့်သာရှိသည့် ဤမိန်းကလေးက မောင်းထုတ်နိုင်ရန်မှာ မဖြစ်နိုင်ပေ။

​သို့သော် ထန်ထျန်းက သူမကို အရှက်မခွဲတော့ဘဲ ခေါင်းညိတ်ကာ "အော်... အဲ့ဒီလိုကိုး" ဟုသာ ပြောလိုက်သည်။

​မိန်းကလေးက ခေါင်းကို တရစပ်ညိတ်သည်။

"ဟုတ်တယ်"

" ဒါကြောင့် ရှင် ကျွန်မတို့နဲ့ တွေ့ရတာက ဘဝပေါင်းရာချီ ကုသိုလ်လုပ်ခဲ့လို့ပဲ"

" ရှင့်အနေနဲ့ ကျွန်မတို့ကို ကောင်းကောင်း ကျေးဇူးတင်သင့်တယ်"

​"ဒါပေမဲ့လည်း..."

"ကျွန်မတို့က မူလကတည်းက ကုသိုလ်လုပ်ရတာ ဝါသနာပါတဲ့သူတွေဆိုတော့ ကျေးဇူးတင်တာတွေ ဘာတွေကတော့ ထားလိုက်ပါတော့... အင်း..."

​သူမ၏ မသိစိတ်ထဲက အမှန်တရားကို သိနေ၍လားမသိ၊ မိန်းကလေးမှာ ထန်ထျန်းကို အတင်းအကျပ် ကျေးဇူးတင်ခိုင်းခြင်းမျိုး မလုပ်တော့ပေ။

သို့သော်လည်း ထန်ထျန်းက "ကျေးဇူးတင်ပါတယ်" ဟု ခပ်တိုးတိုး ပြောလိုက်မိသည်။

မည်သို့ပင်ဆိုစေကာမူ သူတို့က သူ့ကို ခေါ် လာခဲ့သည်မှာတော့ အမှန်ပင်။

​မိန်းကလေးမှာ အလွန်ဖော်ရွေပြီး စကားလည်း အလွန်များသူဖြစ်သည်။ သူမက ထန်ထျန်းဘေးတွင် တတွတ်တွတ်နှင့် မရပ်မနား ပြောနေတော့သည်။

သူမ ပြောသမျှမှာ များသောအားဖြင့် ကျင်းရှန် မြို့ ထဲမှ မြင်ကွင်းများဖြစ်ပြီး သူမကိုယ်တိုင်လည်း ဤမြို့ကြီးသို့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်း ဖြစ်ပုံရသည်။

​သူမတို့၏ မူလမြို့မှာ သိပ်မကြီးလှဘဲ ကြယ်တစ်လုံးသာ ရှိကာ အလင်းရောင်မှာလည်း အလွန်မှိန်ဖျော့သည်ဟု ဆိုသည်။

သူမ အများဆုံး ပြောဖြစ်သည့် အကြောင်းအရာမှာလည်း ထိုအလင်းရောင် အကြောင်းပင်။

​"မင်း နေကို မြင်ဖူးလား"

ထန်ထျန်းက ရုတ်တရက် မေးလိုက်သည်။

​မိန်းကလေးမှာ ကြောင်သွားပြီး ပြန်မေးသည်။ "နေ လား"

" အဲ့ဒါ ဘာကြီးလဲ"

​ထန်ထျန်းက ခဏစဉ်းစားပြီး "ကောင်းကင်ယံမှာ ချိတ်ဆွဲထားတဲ့ မီးလုံးကြီး တစ်လုံးပေါ့"

" အခု ငါတို့ ခေါင်းပေါ်က ကြယ်တွေနဲ့ ဆင်တူပေမဲ့ တစ်လုံးတည်းပဲ ရှိတယ်။ ဒါပေမဲ့ အဲ့ဒါက ဒီကြယ်တွေထက် အဆပေါင်း ထောင်ချီပြီး ပိုလင်းတယ်၊ တစ်ကမ္ဘာလုံးကို လင်းထိန်စေနိုင်တယ်"

" ပြီးတော့ တစ်ကမ္ဘာလုံးကိုလည်း နွေးထွေးစေနိုင်တယ်"

​မိန်းကလေးမှာ ခေတ္တမျှ မှင်တက်သွားပြီးနောက် ရယ်မောကာ ပြောလိုက်သည်။ "လျှောက်ပြောမနေပါနဲ့၊ အဲ့ဒီလိုမျိုး ဘယ်မှာရှိမှာလဲ"

သူမ၏ မျက်နှာတွင် မယုံကြည်သည့် အရိပ်အယောင်များ အထင်အသား ပေါ်လွင်နေသည်။

​"ဘယ်လို မီးလုံးမျိုးက တစ်ကမ္ဘာလုံးကို လင်းစေမှာလဲ"

" အရမ်း ချဲ့ကားလွန်းနေပြီ"

" ရှင့်ခေါင်းတစ်ခုခုနဲ့ တိုက်မိသွားတာလား..."

"မဟုတ်ဘူး၊ သားရဲရဲ့ အတိုက်ခံရလို့ ဒဏ်ရာပြင်းထန်ပြီး စိတ်ကူးယဉ်အာရုံတွေ ဖြစ်နေတာ ထင်တယ်"

​သူမ စကားပြောမှားတော့မည့်အရေးကို အမြန်ထိန်းလိုက်ရသည်။

ထန်ထျန်း၏ ပြောစကားကို သူမက လုံးဝမယုံကြည်ဘဲ လျှောက်ပြောနေသည်ဟုသာ မှတ်ယူထားသည်။

​ထန်ထျန်းမှာ တိတ်ဆိတ်သွားမိသည်။

ကြည့်ရသည်မှာ ထိုအချိန်မှစ၍ နှစ်ပေါင်းများစွာ ကြာမြင့်သွားခဲ့ပြီ ထင်သည်။

သို့မဟုတ်ပါက သူမသည် ကိုယ်တိုင်မမြင်ဖူးလျှင်တောင် ကြားဖူးရမည် မဟုတ်ပါလား။

​"ရှင် မှားပြီး မှတ်မိတာ ဖြစ်မှာပါ"

" ကောင်းကင်မှာ သွေးလ ပဲ ရှိတာ၊ နေဆိုတာ မရှိဘူး"

"အဲ့ဒါက မကောင်းဆိုးဝါးနဲ့ ကပ်ဘေး ရဲ့ ပြယုဂ်ပဲ"

​မိန်းကလေးက တတွတ်တွတ်နှင့် ဆက်ပြောနေပြီး ထန်ထျန်းကတော့ တစ်ခါတစ်ရံမှသာ ပြန်ဖြေ ရင်း နားထောင်နေလိုက်သည်။

မိန်းကလေး၏ ပြောပြချက်အရ လက်ရှိ အခြေအနေ အရပ်ရပ်ကို သူ နားလည်လာခဲ့သည်။

​မိန်းကလေး၏ အမည်မှာ ရှောင်ယင် ဖြစ်ပြီး သူမ ပြောပြောနေသည့် သခင်မလေးမှာ ကျူးကျစ်ယန် ဖြစ်သည်။

သူမတို့မှာ အခြားမြို့ငယ်လေးတစ်ခုမှ အထက်တန်းလွှာ မိသားစုဝင်များဖြစ်ပြီး ကျင်းရှန် မြို့သို့ လူတစ်ယောက် လာရှာခြင်း ဖြစ်သည်။

​ရှောင်ယင်၏ စကား အရ 'နေ့' နှင့် 'ည' ဆိုသည့် အယူအဆမှာ မရှိတော့ပေ။

'အမြဲတမ်း ည' သာ ရှိတော့သည်။

​သွေးလ တစ်စင်း ဝင်သွားပြီးနောက် ပိုကြီးသော အခြား သွေးလ တစ်စင်းက အခြားတစ်ဖက်မှ ပြန်ထွက်လာကာ သံသရာလည်နေခြင်း ဖြစ်သည်။

ထိုအရာမှာ နေ၏ အကြွင်းအကျန်များ ဖြစ်ကြောင်း ထန်ထျန်း သိလိုက်သည်။

သွေးလကြီး ထွက်လာသည့်အချိန်တွင် ကမ္ဘာကြီးမှာ အနည်းငယ် ပိုလင်းလာသော်လည်း တစ်ကမ္ဘာလုံးကို လင်းထိန်စေရန်မှာမူ ဝေးကွာလွန်းလှသေးသည်။

​အဆမှာင် ကာလတွင် အရာအားလုံးမှာ ကြီးမားစွာ ပြောင်းလဲသွားခဲ့သည်။

အသိသာဆုံးမှာ ကမ္ဘာတစ်ဝန်းရှိ တိရစ္ဆာန်များနှင့် အပင်များ ဖြစ်သည်။

အလင်းရောင် မရှိခြင်းမှာ အပင်များအတွက် အကြီးမားဆုံး ကပ်ဘေး ဖြစ်ရာ ၎င်းတို့မှာ လျင်မြန်စွာ သေဆုံးကုန်ကြပြီး အသက်ရှင်ကျန်ရစ်သည့် အပင်များမှာလည်း ပုံစံပျက်ယွင်းကာ ထူးဆန်းကြောက်မက်ဖွယ် ကောင်းလာသည်။

​တောရိုင်းတိရစ္ဆာန်များ များမှာလည်း သွေးလအောက်တွင် မျိုးဗီဇ ပြောင်းလဲသွားပြီး 'သားရဲ' ဟု ခေါ်တွင်လာကြသည်။

၎င်းတို့မှာ သွေးဆာပြီး ကြမ်းတမ်းလှကာ လူသားများကို ဦးတည် တိုက်ခိုက်တတ်ကြသည်။ အလင်းရောင်မရှိသော လွင်ပြင်များတွင် လူသားများမှာ ဘေးကင်းစွာ နေထိုင်နိုင်ရန် အလွန်ခက်ခဲလှသည်။

​ကံကောင်းသည်မှာ အစွမ်းထက်သော ပုဂ္ဂိုလ်ကြီးအချို့က မြို့အချို့တွင် အစီအရင်ကြီးများ ခင်းကျင်းကာ အလင်းရောင်ကို ဖန်တီးပေးထားသဖြင့် လူသားများမှာ နေထိုင်နိုင်ခြင်း ဖြစ်သည်။

ကျင်းရှန် မြို့မှာ မိုင်ပေါင်း သန်းနှင့်ချီသော ပတ်ဝန်းကျင်တွင် အကြီးဆုံးသော လူသား အခြေချရာ မြို့ကြီး ဖြစ်သည်။

​ဤအကြောင်းများကို ကြားရသောအခါ ထန်ထျန်းမှာ တိတ်ဆိတ်စွာသာ နေနိုင်တော့သည်။

ထိုစဉ်က အခြေအနေက မည်သို့ပင်ရှိစေကာမူ ဤကဲ့သို့ ဝမ်းနည်းဖွယ် ကောင်းလှသော အခြေအနေဆိုးကြီးမှာ သူကိုယ်တိုင် ဖန်တီးခဲ့ခြင်း ဖြစ်သည်။

​သူတို့နှစ်ဦး စကားပြောနေစဉ်မှာပင် ရှောင်ယင် ပြောသော သခင်မလေး ပြန်ရောက်လာသည်။

သူမမှာ အသက် ၂၀ ကျော်ခန့်ရှိသည့် အမျိုးသမီးဖြစ်ပြီး အဝတ်အစားမှာ ရှောင်ယင်နှင့် ဆင်တူသော်လည်း အရောင်အသွေး အနည်းငယ် ပိုစုံသည်။

သူမ၏ အသားအရေမှာလည်း အလွန်ပင် ဖြူဖျော့နေသည်။

​သူမမှာလည်း ကျင့်ကြံသူတစ်ဦးဖြစ်ပြီး ဝိညာဉ်အသွင်ပြောင်းခြင်း အထွတ်အထိပ် အဆင့်တွင် ရှိရာ ရှောင်ယင်ထက် ကျင့်ကြံခြင်း ပိုမြင့်မားသည်။

​ကျူးကျစ်ယန် ပြန်လာသည်ကို မြင်သောအခါ ရှောင်ယင်က အပြေးလေး ကြိုဆိုလိုက်သည်။

"သခင်မလေး၊ ဘယ်လိုလဲ"

သူမ မေးလိုက်သည်။

​ကျူးကျစ်ယန်က ခေါင်းခါပြကာ "ဘာသတင်းမှ မရသေးဘူး"

" မြင့်မြတ်နယ်မြေ ရဲ့ စည်းကမ်းတွေက အရမ်း တင်းကျပ်တာ၊ သာမန်လူတွေက အတွင်းရေးတွေကို စုံစမ်းဖို့ အရမ်းခက်တယ်"

"ကျစ်ယွီကို ခေါ်သွားတဲ့လူကိုတော့ ငါ တွေ့ခဲ့တယ်၊ သူက စုံစမ်းပေးမယ်လို့တော့ ပြောတယ်၊ ဒါပေမဲ့ အချိန်အနည်းငယ် စောင့်ရဦးမယ်"

​ပြောပြီးနောက် သူမက လှေကားထစ်တွင် ထိုင်နေသော ထန်ထျန်းကို ကြည့်လိုက်သည်။

"သူ နိုးပြီလား"

​ရှောင်ယင်က ခေါင်းညိတ်ကာ "သုံးရက်တိတိ မေ့နေတာ၊ ထပ်မနိုးရင်တော့ ကျွန်မ သူ့ကို ပြန်ပစ်ထားခဲ့မလို့ပဲ"

" ဒါပေမဲ့ သခင်မလေးရေ၊ သူက ကျွန်မတို့ မြင်းရထားလုံးနဲ့ တိုက်မိပြီး မှတ်ဉာဏ်တွေ ပျောက်သွားပုံရတယ်..."

​ကျူးကျစ်ယန်က အံ့သြသွားပြီး "မှတ်ဉာဏ် ပျောက်သွားတာလား"

​ရှောင်ယင်က "ဟုတ်တယ်"

"သူ့အိမ် ဘယ်မှာလဲဆိုတာလည်း သူ မသိတော့ဘူး၊ ကျွန်မတို့ အခု ကျင်းရှန် မြို့မှာ ရောက်နေတာကိုလည်း သူ မသိဘူး"

"အခြေခံအကျဆုံး အကြောင်းအရာတွေကိုတောင် သူ မေ့ကုန်ပြီ"

" ဘယ်လိုလုပ်မလဲ"

"ကျွန်မတို့ အကြောင်းပြချက် တစ်ခုခုပေးပြီး သူ့ကို ဒီအတိုင်းပဲ လွှတ်လိုက်ရင်ကော"

​ကျူးကျစ်ယန်က မျက်မှောင်ကြုတ်လိုက်သည်။

"မှတ်ဉာဏ်ပျောက်နေတဲ့ သာမန်လူတစ်ယောက်ကို ကျင်းရှန် မြို့မှာ ဘယ်လို အသက်ရှင်ခိုင်းမှာလဲ"

" ဒီကြားထဲမှာ ငါလည်း လေ့လာကြည့်ပြီးပြီ၊ ကျင်းရှန် မြို့မှာ ဥပဒေ တွေ ရှိတယ်ဆိုပေမဲ့ ရှင်သန်မှု အခြေအနေက ငါတို့ဘက်ထက်တောင် ပိုဆိုးသေးတယ်"

" သူ့ကို ဒီအတိုင်း လွှတ်လိုက်ရင် ဒီညတောင် သူ အသက်ရှင်နိုင်မှာ မဟုတ်ဘူး"

​ရှောင်ယင်က ပါးစပ်လေးဟလျက် "အာ..."

" ဒါဆို ဘယ်လိုလုပ်မလဲ"

" ကျွန်မတို့မှာလည်း ကိုယ့်ကိစ္စနဲ့ကိုယ် ရှိနေတာ၊ သူ့ကို တစ်သက်လုံး ကျွေးထားလို့တော့ မဖြစ်ဘူးလေ"

​ကျူးကျစ်ယန်က ခဏစဉ်းစားပြီး

"ဒီမှာပဲ ခဏ နေပါစေဦး၊ ငါတို့ကိစ္စကလည်း ချက်ချင်း ပြီးမှာ မဟုတ်ဘူး"

" နင် သူ့ကို နည်းနည်း ဂရုစိုက်ပေးလိုက်၊ မှတ်ဉာဏ်တွေ မကြာခင် ပြန်ရလာနိုင်တာပဲ"

" ငါလည်း အားရင် စုံစမ်းပေးပါ့မယ်၊ မိသားစုဝင် ပျောက်ဆုံးနေတဲ့သူတွေ ရှိလားလို့ပေါ့... ဒါပေမဲ့ ဖြစ်နိုင်ခြေကတော့ သိပ်မများဘူး..."

​"သူ့ရဲ့ အခု အခြေအနေက ငါတို့ကြောင့် ဖြစ်ခဲ့တာပဲ"

" လောကကြီးက ဘယ်လောက်ပဲ ရက်စက်ပါစေ၊ လူတစ်ယောက်ရဲ့ အခြေခံ အကျင့်စာရိတ္တကိုတော့ မစွန့်လွှတ်သင့်ဘူး၊ သိလား"

​ရှောင်ယင်က လိမ္မာပါးနပ်စွာ ခေါင်းညိတ်ပြလိုက်သည်။

​သူတို့နှစ်ဦးမှာ ထန်ထျန်းနှင့် အတန်ငယ် ဝေးရာတွင် တိုးတိုးလေး ပြောနေခြင်း ဖြစ်သော်လည်း သူတို့ ပြောသမျှ စကားလုံးတိုင်းကို ထန်ထျန်းကတော့ အကုန်လုံး ရှင်းရှင်းလင်းလင်း ကြားနေရသည်။

​ကြည့်ရသည်မှာ သူ ဤကမ္ဘာကြီးသို့ ပြန်ရောက်လာသည့်အချိန်တွင် သူတို့၏ မြင်းရထားလုံးနှင့် ကွက်တိ တိုက်မိသွားပုံရသည်။

ထိုအချိန်တွင် သူ သတိမရသေးသဖြင့် သူတို့က တိုက်မိလို့ မေ့လဲသွားသည်ဟု ထင်နေကြခြင်း ဖြစ်သည်။

​တကယ့်ကို စိတ်ဝင်စားစရာကောင်းသည့် တိုက်ဆိုင်မှုပင်။

​ဒီကောင်မလေး နှစ်ယောက်ကလည်း တော်တော် စိတ်ဝင်စားဖို့ ကောင်းသည်။

ဤကဲ့သို့ အလွန်ရက်စက်လှသော ကမ္ဘာကြီးထဲတွင် အခြေခံ ကိုယ်ကျင့်တရားကို ဆုပ်ကိုင်ထားနိုင်ခြင်းမှာ အမှန်တကယ်ပင် ခဲယဉ်းလှသော အရာဖြစ်သည်။

​သခင်မလေး နှင့် အစေခံနှစ်ဦး တိုင်ပင်ပြီးနောက် ကျူးကျစ်ယန်၏ ဦးဆောင်မှုဖြင့် ထန်ထျန်းရှိရာသို့ လျှောက်လာကြသည်

All Chapters