← Chapters

အခန်း ၈၇၇

Vol. 84 Ch. 877

အခန်း ၈၇၇

Vol. 84 Ch. 877

အခန်း (၈၇၇) သွေးကြောကို နှိုးဆွခြင်း

​ရှောင်ယင်၏ ပြောပြချက်အရ ထန်ထျန်းက မြင့်မြတ်နန်းတော်၏ အခြေအနေကို အကြမ်းဖျင်း နားလည်သွားခဲ့သည်။

​အမှန်တကယ်ပင် အလွန် လျှို့ဝှက်ဆန်းကြယ် သော အဖွဲ့အစည်းတစ်ခု ဖြစ်ပေသည်။

နေနှင့် လ မပျောက်ကွယ်မီ အချိန်တုန်းကပင် သူက ဤကဲ့သို့သော တည်ရှိမှုကို မမြင်ဖူးခဲ့ချေ။

​"သူတို့က ကျင့်ကြံခြင်း အရင်းအမြစ်တွေကို လုံးဝ ဂရုမစိုက်ကြဘူး၊ ဒါကြောင့်လည်း အဲ့လောက် အဖိုးတန်တဲ့ အရင်းအမြစ်တွေကို အကုန်အကျခံပြီး သခင်လေး ကျိယွီ ကို ခေါ်သွားခဲ့တာပေါ့"

​ရှောင်ယင်က သက်ပြင်းချရင်း ပြောသည်။ "သခင်မလေးနဲ့ သခင်လေး ကျိယွီ က ငယ်ငယ်လေးကတည်းက တစ်ယောက်ကိုတစ်ယောက် မှီခိုပြီး ကြီးပြင်းလာကြတာ။ သူတို့က အချင်းချင်းအတွက် အရေးအကြီးဆုံးလူတွေပဲ"

​"ဒါပေမဲ့ သခင်မလေးက တကယ်ကို အစွမ်းကုန် ကြိုးစားခဲ့ပြီးပြီ။ စဉ်းစားလို့ရသမျှ နည်းလမ်းအားလုံးကိုလည်း စမ်းသပ်ခဲ့ပြီးပြီ"

"ဒါပေမဲ့ ဘာမှ ထူးမလာဘူး... အရာအားလုံးက အချည်းနှီးပဲ..."

​ပြောရင်းနှင့် သူမ၏ မျက်ဝန်းအစုံမှ မျက်ရည်နှစ်စက် ဝဲကျလာသည်။

​ဝမ်းနည်းနေသော ရှောင်ယင်ကို ကြည့်ပြီး ထန်ထျန်းက အေးဆေးတည်ငြိမ်စွာဖြင့် ပြောလိုက်၏။ "မငိုပါနဲ့၊ တောင်ရောက်ရင် လမ်းတွေ့မှာပါ"

" ဒီအခက်အခဲကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတစ်ခုခုတော့ ရှိမှာပါ"

​ရှောင်ယင်က ခေါင်းခါပြကာ "ကျွန်မက သခင်မလေးအတွက် စိတ်မကောင်းဖြစ်နေတာ... "

"သူမ တကယ်ကို အစွမ်းကုန် ကြိုးစားခဲ့ပေမဲ့ သတင်းလေး တစ်စွန်းတစ်စတောင် စုံစမ်းလို့မရဘူး။ စိတ်ပူနေရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူးလေ"

" သခင်လေး ကျိယွီ က အသက်ရှင်နေသလား သေသွားပြီလား ဆိုတာတောင် မသိရဘူး..."

​ထန်ထျန်းက ခပ်တိုးတိုး သက်ပြင်းချလိုက်မိသည်။ "မြင့်မြတ်နန်းတော်ရဲ့ အတွင်းပိုင်းကို ဆက်သွယ်နိုင်မယ့် တခြားနည်းလမ်းမျိုး လုံးဝမရှိတော့ဘူးလား"

​ရှောင်ယင်က မျက်ရည်တွေကို သုတ်ရင်း ပြော၏။ "ရှိတယ်"

" ဒါပေမဲ့ တစ်ခုတည်းပဲ"

​"အဲ့ဒါကတော့ မြင့်မြတ်နန်းတော်ရဲ့ အသိအမှတ်ပြုခြင်းကို ခံရဖို့ပဲ။ အဲ့ဒါဆိုရင်တော့ မြင့်မြတ်နန်းတော်ထဲကို အဆင်ပြေပြေ ဝင်သွားလို့ရမယ်"

" ဒါပေမဲ့ သူတို့က ပါရမီရှင်တွေကို ရွေးချယ်တဲ့ စံနှုန်းက အရမ်းကို မြင့်မားလွန်းတယ်"

​"သခင်လေး ကျိယွီ အသက် ၁၅ နှစ်မှာ သူ့ရဲ့ ကျင့်ကြံခြင်းက ဘယ်အဆင့်ထိ ရောက်နေပြီလဲဆိုတာ ရှင်သိလား"

​ထန်ထျန်းက ပြုံးပြီး မေးလိုက်သည်။ "ဘယ်အဆင့်လဲ"

​ရှောင်ယင်က မျက်လုံးလေးပြူးကာ အလွန် ချဲ့ကားသော အမူအရာဖြင့် ပြောလိုက်၏။ "အတိဒုက္ခဖြတ်ကျော် ခြင်းအဆင့်"

​"အဲ့ဒါ ဘာကို ဆိုလို လဲဆိုတာ ရှင်သိလား"

" အကယ်၍ သခင်မလေးရဲ့ ကျင့်ကြံခြင်း ပါရမီက လက်သီးဆုပ်လောက်ရှိတဲ့ ရွှေတုံးကြီးဆိုရင် ကျွန်မကတော့ လက်သန်းလောက်ပဲရှိတဲ့ ရွှေစလေးပဲ"

" သခင်လေး ကျိယွီ ကတော့... အင်း..."

​ပြောရင်းနှင့် သူမက ရှေ့ရှိ နှစ်ပေါင်းရာချီ သက်တမ်းရှိသော မိုးမခပင်ကြီးကို ညွှန်ပြကာ "ဒီမိုးမခပင်ကြီးထက်တောင် ပိုကြီးသေးတယ်"

"ဒါကြောင့် ကျွန်မနဲ့ သခင်မလေးက မြင့်မြတ်နန်းတော်ထဲ ရွေးချယ်ခံရဖို့ဆိုတာ မဖြစ်နိုင်ဘူးဆိုတာ ရှင်နားလည်ပြီလား"

​ထန်ထျန်း ခေါင်းညိတ်လိုက်သည်။

ဤနှိုင်းယှဉ်ချက်မှာ ရှင်းလင်းလွယ်ကူပြီး အလွန်ပင် ပုံဖော်ရလွယ်လှပေသည်။

​"ဟင်း..."

​ရှောင်ယင်က နောက်ထပ် သက်ပြင်းရှည်ကြီး တစ်ချက်ချကာ "ဒါကြောင့် ကျွန်မတို့မှာ တကယ်ကို ဘာနည်းလမ်းမှ မရှိတော့တာ"

" ရှင်လည်း ကျွန်မတို့ကို မကူညီနိုင်ပါဘူး"

​"ရှင်လည်း ရှင့်ရဲ့ မှတ်ဉာဏ်တွေ ပြန်ရအောင်၊ ရှင့်အိမ် ဘယ်မှာလဲဆိုတာ သိအောင်ပဲ မြန်မြန် ကြိုးစားတော့"

" မဟုတ်ရင် ကျွန်မတို့ ကျင်းရှန် မြို့ကနေ ထွက်သွားခဲ့ရင် ရှင်... "

"တကယ်ပဲ အသက်ရှင်ဖို့ ခက်ခဲလိမ့်မယ်"

​သက်ပြင်းတချချ ဖြစ်နေသော ရှောင်ယင်ကို ကြည့်ရင်း ထန်ထျန်းက သူ၏ မေးစေ့ကို ပွတ်သပ်လိုက်သည်။

​"အကယ်၍ ဒီလိုဆိုရင်တော့..."

" မင်းတို့ကို ကူညီနိုင်မယ့် နည်းလမ်း ငါ့မှာ တကယ်ရှိတယ်"

ထန်ထျန်းက အေးအေးဆေးဆေး ပြောလိုက်သည်။

​မြင့်မြတ်နန်းတော်က အရင်းအမြစ်ကို ဂရုမစိုက်ဘဲ ပါရမီရှင်ကိုပဲ ဂရုစိုက်သည်ဆိုလျှင် သူတို့အတွက် ပါရမီရှင် တစ်ယောက် ဖန်တီးပေးလိုက်ရုံသာ ရှိသည်။

​အမှန်တကယ်တော့ ဖန်တီးပေးခြင်းဟုလည်း မဆိုနိုင်ပေ။

ကျူးကျစ်ယန်၏ ကိုယ်ပိုင်ပါရမီမှာပင် အလွန် ထူးခြားလှသည်။

ထန်ထျန်းက ကျူးကျစ်ယန်ကို ပထမဆုံး မြင်လိုက်ကတည်းက သူမ၏ အထဲကော အပြင်ပါ အားလုံးကို ဖောက်ထွင်းမြင်ခဲ့ပြီးသား ဖြစ်သည်။

​သူမက ကျင့်ကြံခြင်း အဆင့်နိမ့် မဟုတ်ဘဲ ထိပ်တန်း ပါရမီရှင် ဖြစ်သည်။

သူမ၏ သွေးကြောမှာ 'သန့်စင် ယန် သွေးကြော' ဖြစ်သည်။

ဤသွေးကြောမျိုးသာ ယခင်ခေတ်တွင် ရှိခဲ့ပါက ဂိုဏ်းအသီးသီးက လုယူကြမည့်သူ ဖြစ်သလို မြင့်မြတ်နယ်မြေများကပင် ကမ်းလှမ်းကြမည့်သူ ဖြစ်သည်။

​'သန့်စင် ယန် သွေးကြော' က ကျင့်ကြံရာတွင် ရေစီးကြောင်းအတိုင်း လိုက်ပါရသလို အဟန့်အတား မရှိပေ။

လမ်းခုလတ်တွင် သေဆုံးမသွားခဲ့လျှင် အစွမ်းထက်သော ချန်ရှန်းတာအိုအရှင် ဖြစ်လာရန်မှာ လွယ်ကူလှသည်။

နောက်ထပ် အနည်းငယ် ကြိုးစားလျှင် ဝူကျိတာအို အရှင် ဖြစ်လာရန်မှာလည်း သိပ်မခက်ခဲလှပေ။

အကယ်၍ ကံကောင်းထောက်မပြီး ထူးခြားသော အဖိုးတန်နတ်ဘုရားရတနာများသာ ရခဲ့လျှင် ဤကမ္ဘာတွင် နောက်ထပ် 'ကျိကျွင်း' အဆင့် အစွမ်းထက်ပုဂ္ဂိုလ် တစ်ဦး တိုးလာမည် ဖြစ်သည်။

​ဒါပေမဲ့ ကံမကောင်းတာက နေမင်းက ကွယ်ပျောက်သွားခဲ့ပြီ။

တစ်ကမ္ဘာလုံးတွင် အေးစက်ခြင်းနှင့် ထူးဆန်းခြင်းများသာ ကျန်ရစ်တော့သည်။

မူလက အတားအဆီးမရှိ တိုးတက်သင့်သော 'သန့်စင် ယန် သွေးကြော' မှာ သူမအတွက် ထောင်ချောက်တစ်ခု ဖြစ်သွားခဲ့သည်။

ထို့ကြောင့်လည်း ကျူးကျစ်ယန်မှာ ယခုအချိန်အထိ 'ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်' မှာပဲ ရှိနေခြင်း ဖြစ်သည်။

​အကယ်၍ ထူးခြားသော အဖိုးတန်နတ်ဘုရားရတနာများကို အသုံးပြုပြီး ကျူးကျစ်ယန်၏ သွေးကြောကို နှိုးဆွလိုက်လျှင် သူမက လုံးဝ ပြောင်းလဲသွားလိမ့်မည်။

ထိတ်လန့်ဖွယ်ကောင်းသော ကျင့်ကြံခြင်း ပါရမီမှာ အားလုံး၏ ရှေ့မှောက်တွင် ပေါ်ပေါက်လာပြီး ထိုအခါ မြင့်မြတ်နန်းတော်ထဲသို့ အောင်မြင်စွာ ဝင်ရောက်နိုင်မည်မှာ သေချာသည်။

​ကွက်တိပင်၊ ထန်ထျန်း၏ စနစ်ထဲမှ နေရာလွတ်ထဲတွင် ထိုကဲ့သို့သော အဖိုးတန်နတ်ဘုရားရတနာမျိုး ရှိနေသည်။

​သို့သော် ထန်ထျန်း၏ စကားကို ကြားသောအခါ ရှောင်ယင်၏ မျက်နှာတွင် မယုံကြည်မှုများ ပြည့်နှက်နေသည်။

​"အစ်ကိုထန်... ရှင် ကျွန်မတို့ကို ကူညီချင်မှန်း ကျွန်မ သိပါတယ်"

"ဒါပေမဲ့ ဒါက ရှင် ဝင်ပါလို့ရတဲ့ ကိစ္စ မဟုတ်ဘူး"

​"ရှင်လည်း အားမစိုက်နေပါနဲ့တော့။ ကျင်းရှန် မြို့ထဲမှာ ရှင့်ရဲ့ နောင်ရေးအတွက်ပဲ ကောင်းကောင်း စဉ်းစားပါနော်..."

​ထန်ထျန်း စိတ်ထဲတွင် အားကိုးရာမဲ့သွားသည်။ ဒီကောင်မလေးက သူ့ကို ဘာမှမသိတဲ့ ကလေးတစ်ယောက်လို တကယ် မှတ်နေတာပဲ။

သူ ဆက်ပြီး ရှင်းမပြတော့ဘဲ လက်ကို မြှောက်လိုက်သည်။

​အနီရောင် အလင်းတန်းများ ထွက်ပေါ်နေသော ကျောက်တုံးတစ်တုံးမှာ သူ၏ လက်ဝါးထဲတွင် ပေါ်လာသည်။

ကျောက်တုံးထဲတွင် အဆုံးမဲ့ မီးလျှံများ တဟုန်းဟုန်း တောက်လောင်နေသကဲ့သို့ ရှိနေသည်။

​ဤသည်မှာ 'နေမူလ ကျောက်တုံး' ဖြစ်သည်။

ထိုစဉ်က နေနတ်ဘုရားနန်းတော်တွင် နေနတ်ဘုရားက သူ့ကို ဤကဲ့သို့သော ကျောက်တုံးများစွာ လက်ဆောင်ပေးခဲ့သဖြင့် သူ၏ နေရာလွတ်ထဲတွင် တောင်တစ်လုံးကဲ့သို့ ပုံနေခဲ့သည်။

​ဤအရာမှာ ကျူးကျစ်ယန်၏ ကိုယ်ထဲရှိ 'သန့်စင် ယန် သွေးကြော' ကို နှိုးဆွရန် လုံလောက်လှသည်။

၎င်းတွင် ပါဝင်သော စွမ်းအင်မှာ ကျူးကျစ်ယန်၏ ကျင့်ကြံခြင်းကို 'တာအို အဆင့်' ထက် ကျော်လွန်သည်အထိ တွန်းပို့ပေးရန် လုံလောက်သည်။

​'နေ မူလ ကျောက်တုံး' ပေါ်လာသောအခါ ကောင်းကင်ယံရှိ မှိန်ဖျော့သော အလင်းရောင်မှာ ပို၍ပင် မှောင်သွားသလို ခံစားရသည်။

အနီရောင် အလင်းတန်းများက ရှောင်ယင်၏ ဖြူလွှလွှ ပါးပြင်လေးကို နီမြန်းသွားစေသည်။

​"ဝါး!"

"ဒါက ဘာရတနာလဲ"

"ဘာလို့ အဲ့လောက်တောင် လင်းနေတာလဲ"

​သူမက အံ့သြတုန်လှုပ်စွာဖြင့် 'နေမူလ ကျောက်တုံး' ကို မထိတထိ ကိုင်ကြည့်ရန် လက်လှမ်းလိုက်သည်။

ဤကဲ့သို့ အလင်းထွက်သော အရာများမှာ သူမအတွက် မတွန်းလှန်နိုင်သော ဆွဲဆောင်မှု တစ်ခုပင်။

​သို့သော် သူမ မထိမီမှာပင် ထန်ထျန်းက လက်ကို ပြန်ပိတ်လိုက်သည်။

"ခရက်" ဆိုသော အသံနှင့်အတူ သူ လက်ကို ပြန်ဖွင့်လိုက်သောအခါ လှပလှသော 'နေမူလ ကျောက်တုံး' မှာ ပြာပုံတစ်ခု ဖြစ်သွားခဲ့ပြီ။

​"ရှင် ဘာလုပ်တာလဲ"

ရှောင်ယင် ချက်ချင်း ဒေါသထွက်သွားသည်။

​"ဒီလောက် လှတဲ့ ရတနာကို ဘာလို့ ဖျက်ဆီးပစ်တာလဲ"

"အခုခေတ်မှာ အလင်းထွက်တဲ့ ရတနာတွေက ဘယ်လောက် ရှားပါးလဲဆိုတာ ရှင်သိရဲ့လား"

"ကျွန်မ တကယ် ဒေါသထွက်တယ် "

​မျက်စိရှေ့တွင် ရတနာတစ်ခု ပျက်စီးသွားသည်ကို ကြည့်ပြီး သူမ အလွန် စိတ်တိုသွားသည်။

သို့သော် သူမက ၎င်းကို သာမန် အလင်းထွက်သော ကျောက်တုံးဟုသာ ထင်နေပုံရသည်။

​ထန်ထျန်းက ပြုံးပြီး ရှင်းမပြတော့ဘဲ သဘာဝ အကြွင်းအကျန် အစအနလေး တစ်ခုကို ထုတ်ယူကာ ရှောင်ယင် မမြင်ခင်မှာပဲ ကြိတ်ခြေပြီး 'နေမူလ ကျောက်တုံး' ပြာများထဲသို့ ရောထည့်လိုက်သည်။

၎င်းမှာ စွမ်းအားကို ညှိပေးရန် ဖြစ်သည်။ မဟုတ်ပါက ကျူးကျစ်ယန်က နေနတ်ဘုရား၏ ပေါက်ကွဲထွက်မတတ်သော စွမ်းအားကို တောင့်ခံနိုင်မည် မဟုတ်ပေ။

​"ဒါတွေကို မင်းတို့ သခင်မလေးရဲ့ လက်ဖက်ရည်ထဲမှာ ဖျော်ပြီး တိုက်လိုက်ပါ။ အဲ့ဒါဆိုရင် မင်းတို့ရဲ့ အခက်အခဲတွေ ပြေလည်သွားလိမ့်မယ်"

ထန်ထျန်းက ပြောသည်။

​ရှောင်ယင် ကြောင်သွားပြီး သံသယဖြင့် မေးသည်။ "ရှင် သေချာလား"

​ထန်ထျန်းက ပြုံးပြီး ခေါင်းညိတ်ပြကာ "ဟုတ်တယ်"

​"ဘာပဲဖြစ်ဖြစ် မင်းတို့မှာ တခြားနည်းလမ်း မရှိတော့ဘူး မဟုတ်လား"

"ငါက သာမန်လူတစ်ယောက်ပါ၊ မင်းတို့လို ကျင့်ကြံသူတွေကို ဒုက္ခပေးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး"

​ရှောင်ယင် ခေတ္တမျှ တိတ်ဆိတ်သွားသည်။

ရှေ့ရှိ ပြာပုံလေးကို ကြည့်ပြီး သူမ၏ မျက်ဝန်းများမှာ တုံ့ဆိုင်းနေသော်လည်း နောက်ဆုံးတွင် ၎င်းကို ယူရန် ဆုံးဖြတ်လိုက်သည်။

​"ကောင်းပြီလေ"

"ဒါဆိုရင် ရှင့်ကို တစ်ခါလောက် ယုံကြည်လိုက်မယ်"

ရှောင်ယင်က ပြောလိုက်သည်။

All Chapters